← Chapters

(ခြေချော်ခြင်း)

Vol. 9 Ch. 92

(ခြေချော်ခြင်း)

Vol. 9 Ch. 92

ရှေ့က တိုက်ခိုက်လာမှာကို မကြောက်ပေမယ့် နောက်ကျောကနေ ဓားနဲ့ထိုးမှာကို ကြောက်တယ်လို့ ရှေးစကားရှိသည်။

ကြယ်ကိုးပွင့်လူသားစားသတ္တဝါများတွင် ကြယ်ခုနစ်ပွင့်နတ်ဆိုးသားရဲဖြစ်သော ဘီလူးတို့၏ ဗီဇသွေး ရှိသော်လည်း ၎င်း၏ ရှေ့မှ တိုက်ခိုက်မှုကို လင်းချီ မကြောက်ပေ။ အနည်းဆုံး မဟူရာဘုရင်သည် ဧရာမ

နဂါးမျိုးရိုးနှင့်ပင် တိုက်ခိုက်နိုင်စွမ်းရှိသည်မဟုတ်လား?

သို့သော် ကြယ်ကိုးပွင့် လူသားစားများသည် ပါးနပ်လွန်းသည်။ သူတို့သည် အုပ်စုနှင့်ကွဲနေသော အော့ခ်များကို ဖမ်းယူ၍ ထောင်ချောက်များ ချထားကာ အန္တရာယ်ကို ခံစားမိသည်နှင့် ဆုတ်ခွာသွားမည်ဖြစ်သည်။

အဲ့ဒီလို ပြိုင်ဘက်ကို တတ်နိုင်သမျှ အမြန်ဆုံး မဖယ်ရှားရင် အနှေးနဲ့အမြန်ဆိုသလို ပြဿနာကြီးကြီးမားမား ရှိလာလိမ့်မည်။

နောက်ပိုင်း အော့ခ်များသည် အနာဂတ်တွင် ဤနေရာ၌ အခြေချရတော့မည်ဖြစ်၏။ သူတို့ချည်း သီးသန့်နေရမယ့်အချိန်တွေ ရှိလာတော့မည်။

လင်းချီနှင့် အခြားသူများသည် မျိုးနွယ်စုသို့ ပြန်ရောက်သောအခါ သူတို့ မြင်ခဲ့ရသမျှ ကြားဖူးသမျှကို ဘုန်းတော်ကြီးအား ပြောပြသည်။ ဘုန်းတော်ကြီးသည် ထိုစကားကိုကြားပြီးနောက် သက်ပြင်းချလိုက်သည်။

"အခု ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ"

လင်းချီ ခဏလောက် စဉ်းစားလိုက်သည်။ “အခု အရေးကြီးဆုံးက တစ်ဖက်က အင်အားနဲ့ သူတို့ အခြေချနေထိုင်ရာနေရာကို တွက်ချက်ဖို့ပဲ။ မဟုတ်ရင် တခြားဘက်က ကျုပ်တို့အတွက် ထောင်ချောက်တွေ အချိန်မရွေး ချထားနိုင်တယ်။”

အော့ခ်များသည် အလင်းထဲတွင်ရှိနေပြီးလူသားစားများကမူ အမှောင်ထဲတွင် ရှိနေကြသောကြောင့် ၎င်းတို့ အမှန်တကယ် တိုက်ပွဲဝင်ကြလျှင် ပြဿနာများ အလွယ်တူ ပေါ်ပေါက်လာနိုင်သည်။

လင်းချီက ဆက်လက်ပြီး “ကောင်းတာက ဒီမျိုးနွယ်မှာ လူများများစားစား မရှိတာပဲ။ မဟုတ်ရင် တကယ်ပဲ ဒုက္ခများလိမ့်မယ်။"

"ဆိုးတာက ရန်သူကို ငါတို့သတိပေးထားသလိုဖြစ်ပြီးသားဆိုတော့ သူတို့ကို ရှာတွေ့ဖို့ ပိုခက်လိမ့်မယ်။"

ပုရောဟိတ်ကြီးက ခဏလောက်စဉ်းစားပြီး

ပြောသည်။ “သူတို့က တခြားအစားအစာတွေစားတယ်လို့ မင်းပြောတယ်နော်"

"မှန်တယ်။" လင်းချီက ခဏလောက်စဉ်းစားပြီး ပြန်ပြောသည်။ "အမှောင်ဘုရင်နဲ့ ကျွန်တော် ဒီကျွန်းကို စရောက်တုန်းကတော့ ကြီးမားတဲ့ အရိုးစုတစ်ခုကို တွေ့ခဲ့တယ်။ အဲဒီတုန်းကတော့ တခြားသားရဲတွေက ကိုက်စားတယ်လို့ ထင်ခဲ့ကြတာ။ အခုတော့ လူသားစားတွေ အမဲလိုက်ခံရပုံရတယ်။”

"ပြီးတော့" လင်းချီ ဆက်ပြောသည်။ "အဲ့မတိုင်ခင်က ဒီကျွန်းပေါ်မှာ တခြားလူသားမျိုးသတ္တဝါတွေ မရှိဘူး"

“ဒီလိုဆိုရင်ရော" ဘုန်းတော်ကြီးက အကြံပြုသည်။

"လင်းချီ မင်းက သူတို့တွေကို ဆွဲဆောင်ဖို့ အရသာရှိတဲ့ ဟင်းပွဲတွေကို ဘာလို့ မသုံးတာလဲ။ မက်မွန်ပွင့်ကျွန်းရှိ ပတ်ဝန်းကျင်က အသက်ရှင်နေထိုင်ဖို့ သင့်လျော်ပြီး အစားအစာတွေ ပေါပေမဲ့ မင်းလုပ်တဲ့ အစားအစာတွေလို အရသာမရှိတာ သေချာတယ်။"

“အချို့ အစားအစာတွေကို ငါးစာထားပြီး ဆွဲဆောင်လို့ ရမလား စမ်းကြည့်လိုက်။ သူက ငါတို့ မျိုးနွယ်စု တော်တော်များများကို ဖမ်းခဲ့တယ် ဒီလိုဆိုမှတော့ ငါတို့ကလည်း သူတို့အတွက် အလဲအလှယ် တစ်ခုခု ပြန်ပေးရမှာပေါ့”

ဒါဟာ မိုက်မဲတဲ့ အကြံတစ်ခုပဲ။ ထို့အပြင် အော့ခ်များသည် သူတို့၏ စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေကြောင့် စမ်းသပ်မှုတွင် ပါဝင်သူ အများအပြားကို ဖမ်းဆီးခဲ့သည်။ အကယ်၍ သူတို့သည် လူသားစားများနှင့် ပြဿနာကို အစားအစာပေးခြင်းဖြင့် ဖြေရှင်းနိုင်လျှင် အော့ခ်များသည် လူသားစားများနှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည်လား။

သေချာပေါက် ကြိုတင်လိုအပ်ချက်ကတော့ အော့ခ်တွေ သဘောတူဖို့သာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့၏ မျိုးနွယ်စုဝင်ရှစ်ဦးသည် အသက်ရှင်လျက် ရှိဆဲဖြစ်ပြီး အဘာလူသည်လည်း မေ့မြောနေဆဲဖြစ်၏။

လင်းချီ ပိုမိုစဉ်းစားရန် ဆုံးဖြတ်ခဲ့သည်။ ပရောဟိတ်ကြီးကို နှုတ်ဆက်ပြီး အိမ်ထဲက ထွက်လာခဲ့သည်။ သူထွက်သွားပြီးတာနဲ့ ယွီမုန့်ကိုတွေ့လိုက်ရသည်။

သူက ယွီမုန့်ကို ဝမ်းသာအားရ ဝှေ့ယမ်းပြလိုက်သော်လည်း သူမက သူ့ကို မမြင်သလိုပဲ လှည့်ထွက်သွားသည်။

လင်းချီ ယွီမုန့်ကြောင့် စိတ်ရှုပ်ထွေးသွားသည်။

'အခု ဘာဖြစ်နေတာလဲ။'

'မနေ့က အကောင်းကြီးရှိသေးတာကို ဒါပေမယ့် ဒီနေ့ ဘာဖြစ်သွားတာလဲ။'

'ဒါက ထူးဆန်းတယ်!'

လင်းချီနှင့် အခြားသူများက သုံးလေးရက်ကြာပြီးမှ ပြန်ရောက်လာလျှင် ယွီမုန့်မှာ လင်းချီကို စိတ်ပူပြီး အရေးကြီးသည့် တစ်ခုခုလုပ်ရန် သွားကြသည်ဟု ထင်ကောင်းထင်နိုင်သည်။

ဒါပေမယ့် မနက်မိုးလင်း အပြင်ထွက်ပြီး ချက်ချင်းပြန်လာသည်။ အဲဒါက ဘာလုပ်နိုင်မှာလဲ?

ထိုအချိန်တွင် လင်းချီသည် ယွီမုန့်၏ စိတ်ထဲတွင် လူရှုပ်တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။

လင်းချီသည် သူမနောက်သို့ လိုက်သွားရမည်လားဟု ချီတုံချတုံ ဖြစ်နေသေးသည်။ ထို့နောက် မြင့်မြတ်သောအပျိုစင်က အခန်းထဲမှ ထွက်လာခဲ့သည်။ "လင်းချီ?"

"အာ?" လင်းချီ အံ့အားသင့်သွားသည်။ "ဘာဖြစ်လို့လဲ?"

“အခြား အော့ခ်တပ်မှူးတွေကို သွားရှာပြီး စခန်းရဲ့ ကာကွယ်ရေးအကြောင်း ဆွေးနွေးကြရအောင်။ သေခြင်းတရားကို ထိုင်စောင့်နေလို့ မရဘူး။ ငါတို့ တိုက်ခိုက်ဖို့ အစပြုရမယ်!"

“ကောင်းပြီ!” လင်းချီလည်း အော့ခ်များကိုယ်တိုင် ပါဝင်ရမည်ဟု တွေးထားခြင်းဖြစ်သည်။

သူသည် ခုနကကိစ္စကို အနောက်သို့ ထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် ယွီမုန့်က အမြဲဒီလိုပဲကို။ သူမက နဂိုကတည်းက အေးစက်စက်ဆိုတော့ သူ ထို

အကြောင်းကို နောက်မှ ပြောလိုက်တော့မည်။

ယွီမုန့်သည် ထိုမြင်ကွင်းကို အဝေးမှမြင်သောအခါ ဒေါသပေါက်ကွဲတော့မည်ကို သူအနည်းငယ်မျှပင် မသိခဲ့ပေ။

သူမ၏အမြင်အရ လင်းချီသည် သူမအား နှစ်သိမ့်ရန် အမီလိုက်ချင်သော်လည်း မြင့်မြတ်သောအပျိုစင်မှ ရပ်တန့်လိုက်သည်နှင့် လင်းချီက သူမကို ထားခဲ့လေသည်။ ဘေးချင်းကပ်? ထို့အပြင် သူတို့သည် ရယ်ရယ်မောမောပင် ပြောဆိုနေကြသေးသည်။

သာမာန်အမျိုးသမီးများဆိုလျှင် ထိုအချိန်အတိအကျတွင် ရှေ့သို့ အမြန်သွားကာ ထိုလူရှုပ်ကို အလျင်စလိုမေးခွန်းထုတ်မှာဖြစ်ပြီး ပင်မဇနီးသည်က အိမ်ထောင်ဦးစီးပျက်၏ စရိုက်မှန်ကို လမ်းပေါ်တွင် ချပြမှာမျိုးဖြစ်လိမ့်မည်။

သို့သော် ယွီမုန့်သည် သာမန်အမျိုးသမီးတစ်ဦးဖြစ်ပါသလား။ လုံးဝ မဟုတ်ပေ!

ထို့ကြောင့် ယွီမုန့်သည် သူမ၏ မှော်တုတ်တံကို ထုတ်ကာ လင်းချီကို ညွှန်ပြပြီး အနည်းငယ် လှည့်လိုက်ကာ တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ "အခြေခံ ဟော်ကီဒိုးပြား!"

မယုံနိုင်လောက်အောင် သေးငယ်တဲ့ ဟော်ကီဒိုးပြားလေးဟာ မှော်တုတ်တံရှေ့မှာ ရုတ်တရက် ပေါ်လာပြီး ၎င်းညွှန်တဲ့ ဦးတည်ရာဆီကို အလျင်အမြန် ပျံသန်းသွားခဲ့သည်။

၎င်းသည် လင်းချီ၏ ခြေလှမ်းအောက်သို့ ကျသွားပြီး သူ့ခြေဖဝါးအောက်က လမ်းကို ချက်ချင်း ရေခဲတွေနဲ့ ဖုံးလွှမ်းသွားစေသည်။

လင်းချီသည် စကားစမြည်ပြောလမ်းလျှောက်ရင်း ရုတ်တရက် ချော်လဲပြီး ဖင်ထိုင်လျက်လဲကျသွားသည်။

သူ အံ့အားသင့်သွား၏။

သူ့ဘေးနားရှိ မြင့်မြတ်သောအပျိုစင်လည်း အံ့အားသင့်သွားသည်။ လမ်းလျှောက်ရင်း သူမဘေး

နားကလူက ရုတ်တရက် ပျောက်သွားသောကြောင့် သူမ လှည့်ကြည့်လိုက်တော့ မြေပြင်ပေါ်မှာ ထိုင်နေတဲ့ လင်းချီကို တွေ့လိုက်ရသည်။

လင်းချီက သူ့ခြေဖဝါးအောက်က ရေခဲတွေကို ကြည့်လိုက်သည်။ "ဆောင်းဦးပဲရှိသေးတာကို အေးခဲနေပြီလား?"

ယွီမုန့်ကို ရုတ်တရက် တွေးလိုက်မိသည်။ မျိုးနွယ်စုတစ်ခုလုံးတွင် လေထဲမှ ရေခဲထုတ်နိုင်သည့် တစ်ဦးတည်းသော သူမှာ ယွီမုန့်ဖြစ်သော်လည်း သူ့ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ယွီမုန့်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

သူ ခေါင်းကုတ်လိုက်သည်။ အပူချိန် တကယ်ပဲ ကျသွားတာလား။

အကြောင်းပြချက်ကို မစဉ်းစားနိုင်သောကြောင့် ဒေါသကို မြေပြင်ပေါ်ရှိ ရေခဲပြင်ပေါ်တွင်သာ ပုံချနိုင်ခဲ့သည်။ သူသည် ရေခဲများကို အပိုင်းပိုင်းခွဲရန် ခြေထောက်ကို သုံးလိုက်သည်။ တင်ပါးကို ကိုင်ကာ ထော့နဲ့ထော့နဲ့ဖြင့် သွားလိုက်သည်။

..

လင်းချီနှင့် မြင့်မြတ်သောအပျိုစင်တို့သည် အော့ခ်တပ်မှူးများအားလုံးကို တွေ့ပြီး စခန်းကို စောင့်ရှောက်ရမည့်အပြင် တိုက်ခိုက်ရန် အစပြုသည့် ကိစ္စကိုလည်း ဆွေးနွေးခဲ့သည်။

အားလုံးက မြေပြင်ပေါ်တွင် ထိုင်နေကြပြီး လင်းချီကသာ ရပ်နေသည်။ ဘေးနားမှာရှိတဲ့ အော့ခ်က လင်းချီအား သေးငယ်တဲ့ ခွေးခြေလေးတစ်လုံးတောင် ယဉ်ကျေးစွာ ပေးခဲ့သေးသည်။ "သူရဲကောင်း ထိုင်ပါ!"

လင်းချီ သူ့ကို ယဉ်ယဉ်ကျေးကျေး ပြန်ငြင်းလိုက်သည်။ "မလိုပါဘူး မလိုပါဘူး!"

"မင်းက သူရဲကောင်းပါ၊ ကျုပ်တို့နဲ့ ယဉ်ကျေးနေဖို့ မလိုဘူး" အော့ခ်က လင်းချီကို ခွေးခြေပေါ် တွန်းတင်လိုက်ပြီး သူ့ပခုံးကို ပုတ်လိုက်သည်။

“အာ့…”

လင်းချီ၏ မျက်နှာသည် နီရဲလာသည်။

သို့သော် လင်းချီ အသံကျယ်ကျယ် မပြောနိုင်ပေ။ လူကြီးတစ်ယောက်က လမ်းလျှောက်ရင်း ဘယ်လို လဲနိုင်မှာလဲ?

သူသည် သူ့တင်ပါးပေါ်မှ နာကျင်မှုကို တောင့်ခံပြီး အော့ခ်တပ်မှူးအား အတင်းပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ်!"

အော့ခ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး... မြင့်မြတ်သောအပျိုစင်၊ မင်း ဘာဖြစ်နေတာလဲ။ ရယ်စရာတွေရှိရင် အားလုံးသိအောင် မျှဝေပေးပါဦး။”

သူ့ဘေးနားရှိ မြင့်မြတ်သောအပျိုစင်သည် ရယ်မောသံတွေကို မြိုသိပ်ထားရလွန်းလို့ နင်တော့မတတ်ပင်။ လင်းချီ ဘာလို့ မထိုင်ချင်တာလဲ သူမသိသည်။

လင်းချီ၏ မျက်နှာသည် မည်းမှောင်သွား၏။ "အဲ့လောက်လည်းမဆိုးပါဘူး။"

နောက်ဆုံး လင်းချီ ဒေါသပေါက်ကွဲတော့မည့်ဆဲဆဲတွင် အဖွဲ့သည် အဓိကအကြောင်းအရာကို စတင်ပြောဆိုလာသည်။

“ကြယ်ကိုးပွင့် လူသားစားသတ္တဝါတွေဟာ အလွန်ရက်စက်တယ်၊ ပါးနပ်တယ်၊ လူသားစားတယ်။ ဒါ့ကြောင့် ရန်သူတွေ ရုတ်တရက် တိုက်ခိုက်တာကနေ ကာကွယ်ဖို့ ယခုအချိန်ကစပြီး စခန်းပတ်လည် ခြံစည်းရိုး ခတ်ထားရမယ်။

“ဒုတိယအချက်နေနဲ့ကတော့ စခန်းပတ်လည်မှာ ပေ ၆၀ တိုင်း ကင်းစခန်းတစ်ခု ဆောက်ရမယ်။ ကင်းစခန်းတစ်ခုစီမှာ အနည်းဆုံး အော့ခ်နှစ်ယောက်ရှိသင့်တယ်။

“ဒါ့အပြင် အော့ခ် အယောက်နှစ်ဆယ်တိုင်းဟာ ကင်းလှည့်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး အချိန်မှန် ကင်းလှည့်သင့်တယ်။ စုစုပေါင်းအသင်းအရေအတွက်နဲ့ ကင်းအဖွဲ့ အလှည့်အပြောင်းကို မင်းတို့ကိုယ်တိုင် ဆွေးနွေးလိုက်ပါ။ မင်းတို့က ကျုပ်ထက် ပိုသိလိမ့်မယ်လို့ ယုံကြည်တယ်။

"နောက်ဆုံးအနေနဲ့ကတော့ လူသားစားတွေကို ထောက်လှမ်းစုံစမ်းဖို့အတွက် တောထဲကို ကျုပ်နဲ့လိုက်ဖို့ လူတော်တွေချည်း စုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ ရွေးရမယ်။ ဒါက အရေးကြီးဆုံးနဲ့ အန္တရာယ်အရှိဆုံး အလုပ်ပဲ"

••••••••

All Chapters