← Chapters

(နိုးထလာခြင်း)

Vol. 9 Ch. 93

(နိုးထလာခြင်း)

Vol. 9 Ch. 93

အော့ခ်များသည် မက်မွန်ပွင့်ကျွန်းတစ်ခုလုံးကို စူးစမ်းလေ့လာခြင်းမပြုရသေးသောကြောင့် သူတို့သည် ဤဒေသက လူသားစားများနှင့် သေချာပေါက်မသိခဲ့ကြပေ။

မက်မွန်ပွင့်သစ်တောထဲတွင် လူသားစားများကို တိုက်ခိုက်ရန်မှာ သူတို့အတွက် အလွန်အန္တရာယ်များသည်။

ဂရုမစိုက်ရင် အသက်အန္တရာယ် ကျရောက်နိုင်သည်။

ထို့အပြင် လင်းချီသည် မနေ့ညကတွေ့ခဲ့သော လူသားစားသတ္တဝါများမှာ အော့ခ်များထက် အားကောင်းပုံရသောကြောင့် သူတို့သည် အကောင်း

ဆုံးကို ရွေးချယ်ရမည်ဖြစ်သည်။

အော့ခ်တပ်မှူးများကြားသောအခါ၊ သူတို့သည် ထိုမစ်ရှင်ကို ထမ်းဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုကြပြီး လက်ရွေးစင်အသင်း၏ အစိတ်အပိုင်းဖြစ်ရန် အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေခဲ့သည်။

အော့ခ်တပ်မှူးတစ်ယောက်က လင်းချီကို ဆွဲခေါ်ပြီး ပြောသည်။ "မင်းငါ့ကို သွားခွင့်မပြုရင် မင်းက ငါ့ကို အထင်သေးလို့ပဲ အဘာဒါ!"

“…”

မင်းကို ဘယ်သူက အထင်သေးနေလို့လဲ

လင်းချီသည် အော့ခ်တပ်မှူးများကို စိတ်တည်ငြိမ်စေရန် လက်ခုပ်တီးကာ ကူကယ်ရာမဲ့စွာ အချက်ပြလိုက်သည်။ “အခုအချိန်က သူရဲကောင်းလုပ်နေရမယ့် အချိန်မဟုတ်ဘူး။ မင်းတို့အားလုံး ငါ့နောက်ကို လိုက်ခဲ့မယ်ဆိုရင် တခြားမျိုးနွယ်စုတွေ ဘာဖြစ်သွားမလဲ။"

ထိုမှသာ အော့ခ်တပ်မှူးများ ငြိမ်သက်သွားကြသည်။ "သူရဲကောင်းပြောတာမှန်တယ်!"

လင်းချီ ခဏလောက်စဉ်းစားပြီး သူတို့ကိုကြည့်သည်။ "မင်းတို့ထဲက တစ်ယောက်ယောက် တောထဲမှာ ကောင်းကောင်းတိုက်ခိုက်နိုင်လား။ ခြေရာခံနည်းကို သိထားရမည်၊ ထောင်ချောက်တွေကို ဘယ်လိုဆင်ရမလဲကို သိထားဖို့ လိုအပ်ပြီး အရေးကြီးဆုံးကတော့ မင်းတို့ ပုန်းအောင်းပုံကို သိထားရမယ်။"

တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

“ဟုတ်ကဲ့။”

"ဘယ်သူလဲ? ရှေ့ကိုလာ။" လင်းချီ ပဟေဠိဖြစ်သွားသည်။ ဒီလိုကိစ္စမျိုးကို စဉ်းစားဖို့ တော်တော်ကြာဖို့ လိုလို့လား။

"အဘာလူက ဒီအရာတွေမှာ အကောင်းဆုံးပဲ"

"...

"မင်းတို့ကော...?"

"ကျုပ်တို့? ကျုပ်တို့အားလုံးက တိုက်စစ်မှာ ကောင်းတယ်!” အဘာဒါသည် သူ့ဝတ်ချပ်များကို လှန်လိုက်ပြီး လင်းချီအား ထူထဲသော ကြွက်သားများကို ပြသလိုက်သည်။

လင်းချီက သူ့နဖူးကို ကူကယ်ရာမဲ့ ကိုင်လိုက်မိသည်။ သူ့အနားရှိ မြင့်မြတ်သောအပျိုစင်ကလည်း “အမှန်ပဲ အဘာဒါက ကျွန်မတို့မျိုးနွယ်စုထဲမှာ အကောင်းဆုံးမုဆိုးပဲ။ ရှင်ပြောသမျှထဲမှာ သူက အကောင်းဆုံးပဲ”

လင်းချီက သူ့လက်ကို ဖြန့်လိုက်သည်။ "ဒါဆို ငါတို့ အခု ဘာလုပ်သင့်လဲ။ အဘာလူ နိုးလာမဲ့အချိန်ကို ငါတို့မသိဘူး။ မင်းလည်း မနေ့ကအဖြစ်အပျက်ကို မြင်ခဲ့တာပဲ ပုန်းအောင်းရာမှာ တော်တဲ့ မုဆိုးတစ်ယောက်မဟုတ်တာက လူသားစားတွေ အဲဒီအားနည်းချက်ကို အခွင့်ကောင်းဖို့ လွယ်ကူစေတယ်။"

နောက်ဆုံးတွင် အဘာလူကို အာရုံစိုက်နေရဆဲဖြစ်သည်။ လင်းချီသည် လူများကို မေ့မြောခြင်းမှ နိုးထစေမည့် အစားအစာများ ရှိမရှိကို တိတ်တဆိတ် ကြည့်ရန် စနစ်ကို ဖွင့်ကြည့်လိုက်သည်။

နိုးထခြင်း ရုံးပတီသီးစွပ်ပြုတ် ဟုခေါ်သော ဟင်းတစ်မျိုးကို သူ ရုတ်တရက် တွေ့လိုက်ရသည်။

[နိုးထခြင်း ရုံးပတီသီးစွပ်ပြုတ် − ၎င်းကိုသောက်ပြီးနောက်၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောလူကို အမြန်နှိုးနိုင်မည်ဖြစ်သည်။ နိုးနေသောသူက စားလျှင် စားသုံးသူကို တက်ကြွစေနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးများ-မရှိပါ ]

[အကြိမ်များစွာသောက်ပါက၊ စားသုံးသူသည် ထာဝစဉ် တက်ကြွနေသော အခြေအနေသို့ ကျရောက်သွားနိုင်ခြေရှိသည်။]

စနစ်၏ဖော်ပြချက်အရ၊ ၎င်းသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောလူကို နှိုးပေးနိုင်သည်။ သို့သော် ပြင်းထန်စွာ ဒဏ်ရာရပြီး သတိလစ်သွားသော အဘာ

လူကဲ့သို့ လူတစ်ဦးအတွက် ၎င်းသည် အသုံးဝင်မည်လား မသိပါ။

ဘာပဲဖြစ်ဖြစ် သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ပေ။

[အသုံးပြုသောပစ္စည်း- ငါး (x၂)၊ တို့ဟူး (x၁) ၊ ဂျင်း (x၂) ]

[ဟင်းချက်နေပါသည်။... ချက်ပြုတ်မှုပြီးစီးသွားပါပြီ။]

[ဒင်! သင်ရရှိသွားပါသည်- နိုးထခြင်း ရုံးပတီသီးစွပ်ပြုတ်]

လင်းချီသည် ပြင်ဆင်ထားသည့် နိုးထခြင်း ရုံးပတီသီးစွပ်ပြုတ်ကို အဘာလူ၏ အိမ်သို့ ယူသွားသည်။ သူ့ဇနီးက သူ့ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ပေးနေသည်။

အမျိုးသမီးသည် လင်းချီရဲ့လက်ထဲက စွပ်ပြုတ်ကိုကြည့်လိုက်ပြီး သူမလက်ထဲက အဝတ်ကို အမြန်ချ

လိုက်သည်။ "အိုး၊ ရှင်ကိုယ်တိုင် ဟင်းချိုချက်ဖို့ နှောင့်ယှက်မိလိုက်တာလား သူရဲကောင်း"

လင်းချီက ပြောသည်။ “ဒီဟင်းရည်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသူတွေကို နှိုးဆွပေးနိုင်တယ်။ အဘာလူကို နှိုးဖို့အတွက် ဒီဟာကို သုံးကြည့်ချင်တယ်။”

အမျိုးသမီးက စွပ်ပြုတ်ခွက်ကို အမြန်ယူလိုက်သည်။ "တကယ်လား? ရှင်က အံ့သြစရာပဲ။”

“အလုပ်ဖြစ်ပါ့မလားတော့ မသိဘူး။ အရင်စမ်းကြည့်ရအောင်။"

အမျိုးသမီးသည် အဘာလူအား ဟင်းချိုကို ဂရုတစိုက်ကျွေးပြီး ပါးစပ်ကို သေချာသုတ်လိုက်သည်။ သို့သော် ဟင်းချိုသောက်ပြီးနောက် ဘာတုံ့ပြန်မှု လုံးဝမရှိပေ။

လင်းချီ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါရုံမှ မတတ်နိုင်။ အခြားနည်းလမ်းများကို တွေးတောနေပုံရသည်။ ထိုအမျိုးသမီးသည် အစပိုင်းတွင်

အနည်းငယ်စိတ်ပျက်သွားသော်လည်း သူမသည် အမူအရာကို လျင်မြန်စွာ ပြောင်းလဲခဲ့သည်။ သူမက ပြုံးပြီး လင်းချီကို ပြောသည်။ "အဆင်ပြေပါတယ်။ မနိုးတော့လည်း မနိုးဘူးပေါ့ရှင်။ အများဆုံး သူ့ကို တစ်သက်လုံး ပြုစုစောင့်ရှောက်ပေးရရုံပဲလေ”

လင်းချီသည် အမျိုးသမီး၏ အကောင်းမြင်မှုကို ကြည့်ပြီး ခါးသီးစွာ ပြုံးပြသည်။ သူ ပြန်သွားရန်ပြင်လိုက်သည်။

အမျိုးသမီးက မတ်တပ်ရပ်ပြီး သူ့ကိုလိုက်ပို့သည်။ တံခါးဝကို ရောက်ရုံရှိသေး သူမနောက်က အသံတစ်သံ ထွက်လာသည်။ "အချစ်?"

တံခါးပေါက်မှ လူနှစ်ယောက်သည် ပထမတော့ အံ့အားသင့်သွားသည်။ လှည့်ကြည့်လိုက်တော့ အဘာလူ နိုးနေပြီကို တွေ့လိုက်ရသည်။ ကုတင်ပေါ်ထိုင်ပြီး နှစ်ယောက်သားကို ဇဝေဇဝါဖြင့် ကြည့်နေသည်။

ထိုအမျိုးသမီးသည် ရုတ်တရက် ခုန်အုပ်ကာ အဘာလူကို ပွေ့ဖက်လိုက်ပြီး စတင်၍ငိုယိုတော့သည်။

လင်းချီသည် တံခါးဝတွင် သေလုမတတ် ရှက်ရွံ့နေခဲ့သော်လည်း သူနိုးလာသည်မှာ ကောင်းပါသည်။ ထိုအချိန်တွင် သူသည် မနှောင့်ယှက်လိုသောကြောင့် စောင့်ဆိုင်းရန် အပြင်ဘက်သို့ ထွက်လာခဲ့သည်။

အနီးနားရှိ အော့ခ်များက အမျိုးသမီး၏ ငိုသံကိုကြားပြီး တစ်ခုခုဖြစ်သွားပြီဟု တွေးကာ သူတို့အားလုံး ရောက်လာကြသည်။

လင်းချီက တံခါးဝတွင် ရပ်နေသည်။ “အဆင်ပြေပါတယ်။ အားလုံးပဲ စိတ်ပူစရာမလိုပါဘူး။ အဘာလူ နိုးလာပြီ။ အခု သူတို့လင်မယားပြန်ဆုံနေတာဆိုတော့ မနှောင့်ယှက်ကြရအောင်”

အဘာလူနိုးလာသည်ကို အော့ခ်များ ကြားသောအခါ သက်ပြင်းချလိုက်ကြသည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ရပ်ပြီး စကားပြောရင်း ပြန်သွားကြသည်။

"ငါ မင်းကို သူနှိုးလာမယ်လို့ ပြောခဲ့သားပဲ"

“ဟားဟား၊ အခု မင်း စိတ်ပူစရာ မလိုတော့ဘူး။ ဒီအမျိုးသမီးလည်း တစ်ချိန်လုံး ငိုနေစရာ မလိုတော့

ဘူး”

"သူမက ငိုတယ်? သူမငိုနိုင်တယ် ဟုတ်လား?"

“သူမ အကြိမ်ပေါင်းများစွာ ငိုခဲ့ပြီးပြီ။ မင်းမျှော်လင့်ထားမှာ မဟုတ်ဘူး။ သူမလို ကြံ့ခိုင်တဲ့သူတောင် တစ်ခါတလေ ငိုတတ်တယ်”

“ဟားဟား၊ အဲ့ဒါကို ပြောပြပါဦး။ နောင်ကျ သူမဆူပူကြိမ်းမောင်းရင် ငါအဲ့တာကို ဖော်ရမယ်...”

လင်းချီသည် ရယ်ရအခက် ငိုရအခက်ဖြင့် ထိုနေရာတွင် ရပ်နေခဲ့သည်။ သိပ်မကြာခင်မှာပဲ အဘာလူရဲ့ဇနီးက တံခါးကိုတွန်းဖွင့်ပြီး ထွက်လာခဲ့သည်။ သူမသည် ငိုထားပုံမပေါ်သော်လည်း သူမ၏မျက်လုံးများမှာ အနည်းငယ်နီနေသည်။

သူမသည် လင်းချီအား ပြောသည် “သူအိပ်ပျော်နေစဉ်မှာ ဖြစ်ပျက်ခဲ့တာတွေအကြောင်း အဘာလူကို ကျွန်မပြောပြပြီးပါပြီ။ ပြောစရာရှိတာ သူ့ကို ပြောလိုက်ပါ။ ကျွန်မ မနှောက်ယှက်တော့ပါဘူး။”

လင်းချီသည် သူမအား ကြည့်ပြီး ရုတ်တရက် အနည်းငယ် အားနာသလို ခံစားလိုက်ရသည်။

သူ အမျိုးသမီးကို မဝံ့မရဲနဲ့ တွန့်ဆုတ်စွာ ကြည့်သည်။ “တကယ်တော့… ငါ…”

သူ့စကားမဆုံးခင်မှာ သူမ ဖြတ်ပြောခဲ့သည်။ "အဘာလူက အရင်ဆုံး ဘရူမျိုးနွယ်ရဲ့ အော့ခ်တပ်မှူးဖြစ်ပြီး အဲ့နောက်မှာမှ ကျွန်မရဲ့ ခင်ပွန်းဖြစ်လာတာပါ ပြောစရာရှိရင် သူ့ကိုသာ ပြောလိုက်ပါ ကျွန်မအရင်သွားတော့မယ်။"

ထိုအမျိုးသမီး၏ ကျောကို ကြည့်လိုက်ရာ လင်းချီသည် သူ့နှလုံးသားထဲတွင် လေးစားမှုအချို့ကို ခံစားလိုက်ရသည်။

သူ့စိတ်ခံစားချက်တွေကို ရှင်းထုတ်ပြီး တံခါးကိုဖွင့်၍ ဝင်လာခဲ့သည်။

အဘာလူဟာ ကုတင်ပေါ်မှာ တစ်ဝက် လဲလျောင်းနေပြီး အခြေအနေမှာ အဆင်ပြေနေပုံပင်။ သူ ပြုံးပြပြီး လင်းချီကို ထိုင်ခိုင်းသည်။

“လူသားစားတွေအကြောင်း ငါကြားတယ်။ သူတို့ အရမ်းရက်စက်တာ အံ့သြစရာ မဟုတ်ဘူး”

"မှန်တယ်။ မင်း ဘယ်လို ဖမ်းခံရတယ်၊ တခြားသူတွေရော ဘယ်လိုနေလဲဆိုတာ ကျုပ်သိချင်တယ်။"

“ဘယ်လို အဖမ်းခံရလဲတော့ ကျုပ်လည်း မသိဘူး” အဘာလူက သူ့ခေါင်းကို ကုတ်လိုက်ပြီး “လမ်းလျှောက်နေတုန်း အရမ်းအိပ်ငိုက်လာတာ နိုးလာတော့ ဂူထဲမှာ ရောက်နေတယ်။ ဂူထဲမှာ လှောင်အိမ်တွေလည်း အများကြီးပဲ။ အဲ့လှောင်အိမ်တွေက ဘာပစ္စည်းနဲ့လုပ်ထားလဲ မသိပေမယ့် အရမ်းမာတယ်။

“ဂူထဲမှာ တိရစ္ဆာန်မျိုးစုံရဲ့ အရိုးတွေနဲ့ ပြည့်နေပြီး အဲဒီရုပ်ဆိုးတဲ့ကောင်တွေ… လူသားစားတွေက မြေကြီးပေါ်မှာ လဲလျောင်းပြီး အိပ်နေကြတာ”

"ဒါဆို မင်းဘယ်လိုလွတ်လာတာလဲ" လင်းချီ အံ့ဩသွားသည်။

"အဲဒါက အဲဒီလှောင်အိမ်တွေကို သော့မခတ်ထားလို့ပဲ!" အဘာလူက ရယ်စရာကောင်းတယ်လို့ တွေးပြီး "သူတို့ အိပ်ပျော်နေတုန်း ကျွန်တော် ပြေးထွက်လာခဲ့တာ"

"အဲဒီမှာ လူသားစားကောင်တွေ ဘယ်လောက်ရှိလဲ" လင်းချီက ရုတ်တရက် မေးလိုက်သည်။

အဘာလူက ပြန်တွေးကြည့်ဖို့ကြိုးစားရင်း "လှိုဏ်ဂူက အရမ်းမှောင်နေတယ်၊ ရှင်းရှင်းလင်းလင်း မမြင်ရဘူး၊ ဆယ်ယောက်လောက်တော့ ရှိတယ်!"

လင်းချီက ခေါင်းညိတ်ပြသည်.. 'အင်း၊ အရမ်းအများကြီးတော့ မဟုတ်ဘူးပဲ'

••••••••

All Chapters