(ကလေးဘယ်နှစ်ယောက်လဲ)
Vol. 9 Ch. 95
[ဇာတ်သိမ်းပိုင်း]
သူ့ပတ်ဝန်းကျင်ရှိ ပေါင်းပင်များနှင့် သစ်ပင်များကို ကြည့်လိုက်ပြီး လင်းချီသည် ထိတ်လန့်တကြား ခံစားလိုက်ရသည်။
သူ အဘာလူကို မေးသည်။ "မင်းဘယ်လိုထင်လဲ"
တောတွင်းနှင့် မရင်းနှီးသော လင်းချီအတွက် ထိုအခြေအနေသည် လှောင်အိမ်ထဲတွင် ရှိနေသည်နှင့် မခြားပေ။
သူအဲ့ဒီမှာ ဆက်နေနေမယ်ဆိုရင် လူသားစားတဲ့ကောင်တွေက သူ့ကို တစ်နေရာရာကနေ
အဆိပ်သင့်အောင် လုပ်နိုင်ချေရှိသည်။
“မဟုတ်ဘူး”
အဘာလူက ရှင်းပြသည်။ “ကျုပ်နိုးလာတုန်းကလည်း ကောင်းကင်ကြီးက ဒီလိုပဲ။ သူတို့အိပ်နေလောက်တယ်။ ကျုပ် သူတို့ အိပ်နေတုန်း သတ်ခဲ့သင့်တာ"
အဘာလူ၏ လေသံမှတဆင့် လင်းချီနှင့် မဟူရာဘုရင်တို့သည် ဘရူမျိုးနွယ်စု၏ ထိပ်တန်းစစ်သည်တော်မှာ အလွန်ဒေါသထွက်နေကြောင်း သိလိုက်ရသည်။
မဟူရာဘုရင်၏ ဝှက်ဖဲကို တွေးတောရင်း လင်းချီက ခေါင်းညိတ်လိုက်သည်။
ထိုလူသားစားကောင်များကို လုံးလုံးသုတ်သင်နိုင်လျှင် ထိုကျွန်းပေါ်တွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြလိမ့်မည်။
ရုတ်တရက် အဘာလူက မာန်သည်။ "ဟိုမှာ တစ်ယောက်ယောက်ရှိတယ်!"
လင်းချီနှင့် မဟူရာဘုရင်တို့ရဲ့ တုံ့ပြန်မှုကို မစောင့်ဘဲ အဘာလူ ထိုသူ့နောက်သို့ လိုက်သွားခဲ့သည်။
လင်းချီသည် အံ့အားသင့်သွားပြီး အဘာလူနောက်သို့ လိုက်သွားခဲ့သည်။ မဟူရာဘုရင်သည်လည်း ခွေးမိသားစုမှ ပေါက်ဖွားလာပြီး ကြောင်မိသားစု၏ စစ်မှန်သော ဓလေ့ထုံးစံများကို သင်ယူထားသူပီပီ တောထဲသို့ လွှားကနဲ ခုန်သွားလိုက်သည်။
အိုး!
လင်းချီက သူ့ဘေးက သစ်ပင်ကြီးတစ်ပင်ကို မော့ကြည့်လိုက်သည်။ အနက်ရောင်ဆူးတစ်ခုသည် သစ်ပင်တွင် ခပ်နက်နက် နစ်မြုပ်နေပြီး ခရမ်းရောင်အရည်များ စီးကျနေ၏။
သူနှင့် တစ်လက်မမှ နှစ်လက်မသာ ကွာဝေးလေသည်။ ထိမိသွားလျှင် အဆိပ်ခတ်ခံရဖို့ နေနေသာသာ အသက်မရှင်နိုင်တော့ပေ။
"ဇွား ဝါး ဝါး!"
သူပြေးပြီး သိပ်မကြာခင်မှာပဲ အဘာလူဟာ တစ်ယောက်ယောက်ကို အနိုင်ယူပြီးနေပြီဆိုတာကို လင်းချီ မြင်လိုက်ရသည်။
လင်းချီနှင့် မဟူရာဘုရင်တို့ လိုက်မှီသွားသောအခါ အဘာလူသည် မြေပြင်ပေါ်တွင် ထိန်းချုပ်ခံထားရသူကို လက်ညှိုးထိုးပြလိုက်သည်။ "ဒါက ကလေးတစ်ယောက်ပဲ!"
ကလေးလား?
လင်းချီ သူ့ကို ကြည့်လိုက်သည်။ ထိုသူ၌ မျက်နှာစိမ်းနှင့် အစွယ်များရှိသည်။ သူကြည့်ရတာ တစ္ဆေ ဒါမှမဟုတ် အရုပ်လိုပါပဲ။
သို့သော်လည်း လင်းချီသည် ထိုလူပြောနေသည့်အရာကို အဘာလူသိနေခြင်းကို ပဟေဠိဖြစ်နေသည်။
"သူပြောတာ မင်းနားလည်တယ်လား?"
အဘာလူ ခေါင်းယမ်းလိုက်သည်။ "သူက တခြားသူတွေထက် အများကြီးပိုငယ်တယ်။"
လင်းချီနှင့် မဟူရာဘုရင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြသည်။
ထိုကလေးသည် လင်းချီနှင့် အရွယ်အစားတူသည်။ အရွယ်ရောက်ပြီးသား ကြယ်ကိုးပွင့် လူသားစားကောင် တစ်ကောင်သည် ဘယ်လောက်ပင်ကြီးမည်နည်း။
လင်းချီသည် လူသားစားကောင်လေး၏ ပါးစပ်ထဲသို့ ရွှံ့လက်တစ်ဆုပ်ကို သာမန်ကာလျံကာ ထိုးထည့်ကာ အဘာလူကို ကြည့်လိုက်သည်။ "အဘာလူ မင်း တခြားလူသားစားတွေကို ဒီရောက်လာအောင် ဆွဲဆောင်နိုင်လား"
အဘာလူ၏ အဖြေကို စောင့်မနေဘဲ မဟူရာဘုရင်က မေးငေါ့ပြလိုက်ပြီး
"အဲ့ကောင်တွေကို ဆွဲဆောင်ဖို့ သူ့ကို သုံးဖို့ စိတ်ကူး
ထားတာလား"
"ပါးနပ်တယ်"
လင်းချီ သက်ပြင်းချလိုက်သည်။ "ရှင်သန်ခြင်းဆိုတာ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းတွေ မဟုတ်ဘူး၊ ဒါဟာ ကမ္ဘာကြီးရဲ့လမ်းစဉ်တစ်ခုပဲ"
မဟူရာဘုရင်သည် လင်းချီအား အထင်အမြင်သေးစွာဖြင့် ကြည့်နေခဲ့သည်။ 'မင်းအရမ်းတော်ရင် မင်းဘာလို့မသွားလိုက်တာလဲ။'
လင်းချီက သူ့ကို မျက်လုံးမှေးကျဥ်းပြီး ကြည့်သည်။
ထို့နောက် အဘာလူက "ဟုတ်ကဲ့" ဟုပြန်ဖြေကာ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
လင်းချီသည် သူ့ပတ်ဝန်းကျင်ရှိ ရှိပြီးသား အပင်များကို အသုံးပြု၍ ပိုက်ကွန်ကြီးတစ်ခုကို ယက်လုပ်သည်။ ထို့နောက် အလယ်ကိုမြက်ခြောက်များဖြင့် ဖြည့်လိုက်သည်။
ဖမ်းမိထားသော လူသားစားကောင်ကို မြက်များဖြင့် ထိုးထည့်ကာ ကောက်ရိုးမြက်ခြောက်များအလယ်တွင် ထားလိုက်သည်။
အချိန်အတော်ကြာ အလုပ်လုပ်ပြီးနောက် လင်းချီမှာ အနည်းငယ် ပင်ပန်းလာသည်။ အနည်းငယ်ချောင်ကျသော သစ်ပင်ကြီးတစ်ပင်၏ နောက်တွင် သူထိုင်ချလိုက်သည်။
ထိုအချိန်တွင် လူသားစားကောင်လေးသည် မြက်များကို ပါးစပ်ထဲ မျိုချကာ မျိုချလို့ မရသည်များကို ထွေးထုတ်သည်။ သူဘာလုပ်နေလဲ သူတို့မသေချာပေမယ့် ဘာပဲဖြစ်ဖြစ် သူတို့လည်း သူ့ကို ငိုစေချင်တာပဲ တစ်ခါတည်း အဆင်ပြေသွားတာပေါ့။ သူ၏ ကျယ်လောင်သော အသံသည် နောက်ဆုံးတွင် တောထဲ၌ ပဲ့တင်ထပ်သွားသည်။
မဟူရာဘုရင်က မြက်ခြောက်ပုံကြီးကို လှမ်းကြည့်သည်။ "ဒါက သစ်တောကို ဖျက်ဆီးပစ်မှာလား။"
"အဲဒါအတွက် ငါပြင်ဆင်ထားတယ်။"
လင်းချီက သူတို့အနောက် ခြောက်ပေအကွာကို ညွှန်ပြသည်။ သူသည် အကိုင်းအခတ်ရှိသော သစ်ပင်များ၏ အမြစ်များကို ချိုးပြီး အရွက်အားလုံးကို ဖယ်ရှားထားခဲ့သည်။
ထိုနည်းအားဖြင့် မြေဆီလွှာသာရှိပြီး အရွက်မရှိပေ။ ထိုကဲ့သို့ဖြင့် မြက်ခြောက်ပုံတစ်ဝိုက်တွင် စက်ဝိုင်းတစ်ခု ဖွဲ့ထားပြီးသားဖြစ်နေသည်။ တောထဲမှာ ရုတ်တရက် လေပြင်းတွေ မရှိသရွေ့ အဲဒီအပင်တွေက တခြားနေရာတွေကို လွင့်ပြီး မီးကူးစက်မှာ မဟုတ်ပေ။
"ဒါဘာလဲ?" မဟူရာဘုရင် အနည်းငယ် စိတ်ရှုပ်သွားသည်။
လင်းချီက ဂုဏ်ယူစွာပြောသည်။ "ဒါကို ခွဲခြားဇုန် လို့ခေါ်တယ်"
ထိုအချိန်တွင် အဝေးမှ ဆူညံသော အသံကို ကြားလိုက်ရသည်။ လူတစ်ဦး သစ်ပင်ပေါ်မှ ခုန်ဆင်းလာသည်။
၎င်းကား အဘာလူပင်။
ထိုအချိန်တွင် အဘာလူသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာများစွာ ရှိနေပြီး ချွေးများ အလျှံပယ်ထွက်နေသည်။
မဟူရာဘုရင်က အဘာလူကို အော်ပြောလိုက်သည်။“အဘာလူ ဒီကိုလာ!”
အဘာလူက သူ့ကို လျစ်လျူရှုထားသည်။
“မအော်နဲ့တော့ ဆက်အော်ရင် ဒါ ထောင်ချောက်ဆိုတာ သူတို့ သိသွားလိမ့်မယ်။” မဟူရာဘုရင်က ဆက်အော်ချင်သေးတာကို မြင်တော့ လင်းချီက လှမ်းဆွဲလိုက်သည်။
ရုတ်တရက် မြေပြင်က လှုပ်ခါလာသည်။
ကိုးပေမှ ဆယ်ပေခန့် မြင့်သော ပုံရိပ်များ တစ်ယောက်ပြီးတစ်ယောက် စိမ်းလန်းနေသော သစ်ရွက်များကြားမှ ထွက်လာကြသည်။ ရှေ့ဆုံးက လူသားစားကောင်ကြီးက ခြောက်သွေ့သောမြက်ခင်းပြင်ပေါ်
တွင် ရုန်းကန်လှုပ်ရှားနေသည့် လူသားစားကောင်လေးကို မြင်သောအခါ ချက်ချင်းပင် အော်ဟစ်လာကြသည်။
တစ်ယောက်ပြီး နောက်တစ်ယောက် လမ်းကြောင်းများစွာမှ ပြေးထွက်လာသည်။ သူတို့က အချုပ်ခံထားရသော လူသားစားကကောင်လေးရှိနေသော နေရာကို လျှောက်သွားပြီး သူ့ဒဏ်ရာများကို စစ်ဆေးသည်။
သူတို့ထဲမှ တစ်ကောင်က လင်းချီနှင့် ပေ ၃၀ မျှသာ ဝေးသည်။ ထိုလူသားစားကောင်သာ လှည့်ကြည့်လာလျှင် လင်းချီ ထပြေးရပေလိမ့်မည်။
သို့သော် ထိုအချိန်တွင် သူတို့အားလုံးသည် ငယ်ရွယ်သော လူသားစားကောင်လေး၏ ဒဏ်ရာများအတွက် စိတ်ပူနေကြပြီး ထောင်ချောက်ထဲသို့ ကျဆင်းသွားခဲ့ကြသည်။
ကံမကောင်းစွာပဲ၊ မြက်ပင်အပြင်ဘက်မှာ ရပ်နေတဲ့ လူသားစားတစ်ကောင်၊ နှစ်
ကောင်လည်း ရှိနေသေးသည်။
"မဟူရာဘုရင် အသင့်ပြင်ထား။"
မဟူရာဘုရင် ခေါင်းညိတ်တာကို မြင်တော့ လင်းချီ စိတ်သက်သာရာ ရသွားသည်။
လင်းချီသည် ခွဲခြားဇုန်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ လက်တစ်ဖက်ဖြင့် ထောင်ချောက်တစ်ခုကို ဆွဲချလိုက်သည်။ သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "မင်းတို့ လူသားစားကောင်တွေက ငရဲကို သွားကြ!"
မြက်ခြောက်ပေါ်ရှိ လူသားစားသတ္တဝါများကို ပိုက်ကွန်ကြီးတစ်ခုက ဖုံးအုပ်လိုက်သည်။ နွယ်ပင်များဖြင့် ယက်ထားသော ပိုက်ကွန်ကြီးကို လူသားစားများက အလွယ်တကူ ဆုတ်ဖြဲလိုက်ကြသည်။
ခေါင်းဆောင်လို့ထင်ရသည့် လူသားစားတွေထဲက တစ်ယောက်က လင်းချီကို ဖမ်းဖို့ သူ့လူသုံးယောက်ကို စေလွှတ်လိုက်သည်။ တခြားသူတွေကတော့ မြက်ခြောက်များပေါ်တွင် ရပ်နေကြသည်။
မြက်ခြောက်ဧရိယာထဲသို့ မဝင်ဝံ့သော လူသားစားနှစ်ယောက်က ထိုအချိန်တွင် သက်ပြင်းချလိုက်သည်။ သူတို့လည်း ကလေးကို ကြည့်ရန် ဝင်သွားကြသည်။
လူသားစားသုံးကောင်သည် သရေများယိုလျက် လင်းချီဆီသို့ ပြေးလာကြသည်။
လင်းချီကို ဖမ်းမိခါနီးမှာ မဟူရာဘုရင်က ပြေးထွက်လာသည်။ နေလုံးကဲ့သို့ ပူပြင်းသော မီးလုံးကြီးကို ပစ်လွှတ်ပြီး သူတို့ သုံးယောက်ကို အရှင်လတ်လတ်အကင်ခံရသကဲ့သို့ ဖြစ်စေကာ သေသွားစေခဲ့သည်။
မီးသည် မရပ်သွားခဲ့ချေ။ ပြန့်နှံ့သွားပြီး ပတ်ဝန်းကျင်ကို လောင်ကျွမ်းစေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မီးသည် သစ်ပင်များပေါ်သို့ တက်ကာ မြက်ခြောက်များအားလုံးကို ဖုံးလွှမ်းသွားစေခဲ့သည်။ ခွဲခြားဇုန်အတွင်းရှိ မီးမှာ တဟုန်းဟုန်းတောက်လောင်လျက်ရှိသည်။
လင်းချီသည် ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး
လူသားစားကောင်များ ပြေးထွက်လာမည်ကို စောင့်ဆိုင်းနေစဉ် အဘာလူမှာ ဘရူမျိုးနွယ်စုများနှင့်အတူ ရောက်ရှိလာခဲ့သည်။
သူတွေးထားသကဲ့သို့ပင် မကြာခင်မှာပဲ လူသားစားတစ်ကောင် မီးထဲကနေ ပြေးထွက်လာပြီး ဘရူမျိုးနွယ်စုဝင်များစွာက သူ့ကို သတ်ရန် ဝိုင်းရံလိုက်ကြသည်။
နေဝင်ခါနီးအချိန်တွင် ခွဲခြားဇုန်တွင်းရှိ နောက်ဆုံးမီးများ ငြိမ်းသွားကာ အတွင်းမှ လူစားကောင်များမှာ မီးလောင်ကျွမ်းသွားပြီး အချို့မှာမှ မျိုးနွယ်စုဝင်များလက်ချက်ဖြင့် ကိစ္စချောသွားသည်။
အဘာလူ သွားရှာဖွေပြီးနောက် လိုဏ်ဂူထဲမှာ လူသားစားကောင်များ ထပ်မတွေ့တော့ပေ။
အဘာလူသည် အလွန်ခံစားခဲ့ရသောကြောင့် လူသားစားကောင်များ ပြန်လာမည်ကို ကြောက်ရွံ့နေခဲ့သည်။
ထို့ကြောင့် ဘရုမျိုးနွယ်စုသည် လူသားစားများကို ရှာဖွေရန် သူတို့လူများကို တောထဲသို့ စေလွှတ်ခဲ့
သည်။
လင်းချီ စခန်းသို့ ပြန်လာခဲ့သည်။ မြင့်မြတ်သော အပျိုစင်က သူလာနေတာကိုမြင်ပြီး ကမ်းခြေကို ညွှန်ပြသည်။ "သူမ ဟိုကို သွားတယ်"
“မင်း…”
“သူ့ကို အရင်သွားချော့လိုက်ပါ။ ရှင်တစ်ခုခုလိုအပ်ရင် ကျွန်မကိုလာရှာလို့ ရပါတယ်” မြင့်မြတ်အပျိုစင်က ပြုံးပြုံးလေးပြောသည်။
လင်းချီသည် မည်သို့ဖြေရမည်ကို မသိသောကြောင့် ယွီမုန့်ကို ရှာဖွေရန် ကမ်းခြေသို့ သွားခဲ့သည်။
လင်းချီ၏ ကျောပြင်ကို ကြည့်ရင်း မြင့်မြတ်အပျိုစင်မှာ ခါးသီးစွာပြုံးလိုက်မိ၏။
ယွီမုန့်သည် ကမ်းခြေမှာ တစ်ယောက်တည်း လမ်းလျှောက်နေသည်။ ကမ်းခြေက ဒီရေလှိုင်းများသည်ကား တက်လာလိုက် ပြန်ဆင်းသွားလိုက်နှင့်... လှိုင်းတစ်လုံးပြန်ဆင်းသွားတိုင်း နောက်ထပ်
လှိုင်းက ပြန်တက်လာပြန်သည်။
"ဘာတွေတွေးနေတာလဲ?"
လင်းချီသည် ယွီမုန့်ဘက်သို့ လျှောက်သွားသည်။
ယွီမုန့်သည် လင်းချီကို မျက်စောင်းထိုးလိုက်၏။ "ရှင် မြင့်မြတ်အပျိုစင်ကို သွားမရှာဘူးလား?"
"ကောင်းပြီလေ သွားရှာလိုက်မယ်။"
လင်းချီ လှည့်လိုက်သည်။
ယွီမုန့် ဒေါသထွက်လွန်းလို့ မထိန်းချုပ်နိုင်ဖြစ်တော့မည့်အချိန်တွင် လင်းချီ ရုတ်တရက် ခေါင်းမော့ပြီး ကောင်းကင်ကို ညွှန်ပြလိုက်သည်။
ယွီမုန့်သည်လည်း ယောင်ယမ်းပြီး ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။
"ဘာကြည့်နေတာလဲ" ယွီမုန့်က ကြည့်သာ ကြည့်နေရသော်လည်း အနည်းငယ် ပဟေဠိဖြစ်နေပုံရသည်။
"ကိုယ် မင်းကို ကြည့်နေတာ။"
ယွီမုန့် လှည့်ကြည့်လိုက်တော့ လင်းချီ ပြုံးနေတာကို မြင်လိုက်ရသည်။
"မင်း ကိုယ့်ကိုစိတ်ဆိုးနေသေးလား"
“မဆိုးတော့ပါဘူး”
ယွီမုန့် ခေါင်းယမ်းလိုက်သည်။
လင်းချီက 'အိုး' လို့ပြောပြီး ထပ်မေးသည်။ "အနာဂတ်ကျရင် ငါတို့ ကလေးဘယ်နှစ်ယောက်လောက် ယူသင့်တယ်ထင်လဲ"
ယွီမုန့်မှာ ခဏလောက် ကြောင်သွားပြီး ပါးပြင်တို့ နီရဲသွားရသည်။ "ဘယ်သူက ရှင်နဲ့ ကလေးလိုချင်နေလို့လဲ?"
“ငါးယောက် ယူရအောင်။ ငါးယောက်ထဲက တစ်ယောက်က သူတို့ရန်ဖြစ်တဲ့အခါ ဒိုင်လူကြီး လုပ်ပေး
လိမ့်မယ်။"
“မဟုတ်ဘူး!”
“ဒါဆို မင်း သူတို့ကို လိုချင်တာပဲ မင်းဘယ်နှစ်ယောက် လိုချင်လဲ?"
"နှစ်ယောက်ပဲ လိုချင်တာ!"
"ကောင်းပြီ၊ ဒါဆို ငါတို့ နှစ်ယောက် ယူကြရအောင်"
~ပြီးပါပြီ~