← Chapters

ဒီဇာတ်ညွှန်းက တစ်ယောက်ယောက်အတွက် သီးသန့် ဖန်တီးထားတာလား

Vol. 23 Ch. 335

ဒီဇာတ်ညွှန်းက တစ်ယောက်ယောက်အတွက် သီးသန့် ဖန်တီးထားတာလား

Vol. 23 Ch. 335

နိုဝင်ဘာလ ၁၉ ရက်နေ့၊ သောကြာနေ့...

ကျန်းကျုထျင်နဲ့ လုကျစ်ယောင်တို့ နောက်နေ့ ကျင်းကျိုးမြို့ကိုရောက်လာကြတော့မည်။

တိုက်ဆိုင်စွာဖြင့် စနေနေ့ဖြစ်ကာ လုကျစ်ယောင်ကို မင်ယွမ်စားဖိုဆောင်၌ ဧည်ခံကြိုဆိုပွဲ ကျင်းပပေးလို့ ရနိုင်ပါသည်။

ဖေးချမ့် တောင်ပိုင်းရှိ ကျင်းကျိုးဘူတာကို သွားရောက်ခဲ့ပြီး အိမ်တချို့ကို စစ်ဆေးကြည့်ခဲ့သေးသည်။ ထိုနေရာတွင် အနည်းငယ်ကို ရွေးထုတ်ခဲ့၏။ နောက်ဆုံးတော့ ၁၄၀ စတုရန်းမီတာ ကျယ်သည့် လှလှပပ ပြုပြင်ထားသော အိမ်လေး တစ်လုံးကို ရွေးချယ်လိုက်ပါသည်။ စျေးနှုန်းက ဖေးချမ့် မျှော်လင့်ထားတာတနဲ့ သိပ်ပြီး မကွာလှပါ။ ထို့အပြင် ဖေးချမ့်က ငွေအပြည့် ကြိုချေထားသည်။ ထို့ကြောင့် ၅ ရာခိုင်နှုန်း လျှော့စျေးလေး ရနိုင်ခဲ့ပါသည်။ အဆုံးသတ်စျေးနှုန်းက ၁.၆၃ သန်း ယွမ် ဖြစ်သည်။

အိမ်က မပြီးမြောက်သေးသဖြင့် လက်ခံယူဖို့ လာမည့် မတ်လအထိ စောင့်ရပါဦးမည်။

နောက် ၂ နှစ် ၃ နှစ်အတွင် အိမ်ခြံမြေစျေးတွေက မိုးထိုးတက်သွားတော့မည်။ အိမ်ကောင်းအများစုကို ကြိုတင်ငွေချေပေးထားရပြီး အချိန်အကန့်အသတ် တစ်ခုအတွင်း အပြီးသပ်ရသည်။ ဖေးချမ့် ဝယ်ယူပြီးပြီးချင်း ပြောင်းနေချင်ပါက အိမ်အဟောင်းများသာ ရနိုင်ပါလိမ့်မည်။

သူ့မျာ ရွေးချယ်စရာမရှိပါ။ ထို့အကြောင့် အချက်အလက်အားလုံးကို စဉ်းစားပြီးနောက် ဒီအိမ်က အသင့်တော်ဆုံးဟု ဆုံးဖြတ်လိုက်သည်။ ကြိုတင်ငွေချေထားရတာ ဖြစ်သော်လည်း ဝယ်ရတာ တန်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဖေးချမ့်ကလည်း အလျင်မလိုသေးပါ။ သူ့မိဘတွေအိမ်က အနည်းငယ် သေးငယ်သည်။ သို့သော်လည်း သူတို့ နေလာတာ နှစ်ပေါင်းများစွာ ကြာပပြီ။ လနည်းနည်းလောက် ထပ်နေလိုက်ရရင်လည်း ဘာမှ ကွာခြားမှုရှိသွားမှာ မဟုတ်ပါ။

ထို့အပြင် အိမ်တွေကို ချက်ချင်း ယူမည်ဆိုရင်တောင် စစ်ဆေး၊ ဒီဇိုင်းပြန်ဆွဲကာ ပရိဘောဂများ ဝယ်ယူရမည်။ ဒါတွေအားလုံးလုပ်ဖို့ သူကိုယ်တိုင်လည်း လပိုင်းလောက် ကြာနိုင်သည်။ လုပ်ငန်းစဉ်ကို လောလို့ မဖြစ်ပါ။

ယခု အိမ်ကို ဝယ်လိုက်ပြီဖြစ်တာကြောင့် တာဝန်ကြီးတစ်ခု ဖေးချမ့်ရဲ့ ရင်ထဲက ကျသွားလေပြီ။ အများကြီး စိတ်အေးသွားရပါသည်။

သူ မပျော်မရွှင်ဖြစ်ရသည့် တစ်ခုတည်းသောအရာက သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ၂၀၀,၀၀၀ ယွမ်သာ ကျန်တော့တာကို မြင်နေရခြင်းကြောင့် ဖြစ်သည်။ ဖေးချမ့် ဝမ်းနည်းသွားရ၏။ သူ့ရဲ့ ကြိုးစားပမ်းစား ရှာထားရသည့် ငွေတွေ ဒီလိုနဲ့ ပျောက်ကွယ်သွားပြန်ပါပြီ။

သို့သော်လည်း ကိစ္စတော့မရှိပါ။ လာမယ့် ငွေစာရင်း ရှင်းချိန်မတိုင်ခင် အရှုံးနည်းနည်းလောက် ပေါ်နိုင်ပါက အိမ်ဝယ်ထားသည့် ငွေအားလုံးကို ပြန်ရနိုင်ပါလိမ့်မည်။

သောကြာနေ့တစ်နေ့လုံး သူအလုပ်များခဲ့၏။ အိမ်အတွက် အရောင်းအဝယ်စာချုပ်ကို လက်မှတ် ထိုးပြီးနောက် အိမ်ပြန်ပြီး နားခဲ့ပါတော့သည်။

စနေနေ့ နေ့လည်ခင်းတွင် ကုမ္ပဏီရဲ့ ယာဉ်မောင်းဖြစ်သူ စွန်းလေးကို သူ့အား မင်ယွမ်စားဖိုဆောင်ဆီ လိုက်ပို့ခိုင်းလိုက်ပါသည်။ ထိုနေရာတွင် ကျန်းကျုထျင်နဲ့ လုကျစ်ယောင်တို့ကို စောင့်နေလိုက်သည်။

နှစ်ယောက်စလုံးက မနက်လေယာဉ်နဲ့ လာကြခြင်း ဖြစ်သည်။ ကျန်းကျုထျင်က စောစောရောက်လာသဖြင့် ဟိုတယ်သွားပြီး အရင်ဆုံး အနားယူလိုက်ပါသည်။ လုကျစ်ယောင်က အနည်းငယ် နောက်ကျပြီးမှ ရောက်လာသည်။ သို့သော်လည်း သူ့ကိုသွားကြိုပြီး ဟိုတယ် ပို့ပေးဖို့ ဖေးချမ့် တစ်ယောက်ယောက်ကို စီစဉ်ပေးလိုက်ပါသည်။ အနားယူခိုင်းပြီးမှ မင်ယွမ်စားဖိုဆောင်ဆီ ခေါ်လာစေခဲဲ့သည်။ အမှန်ပင်၊ ရုပ်ရှင်၏ ဒါရိုက်တာဖြစ်သူ ကျူးရှောင်စဲလည်း သူတို့နဲ့ အတူ ရှိနေပါသည်။ သူက အားလုံးထက် စောပြီး ကြိုရောက်နေသည်။

ဖေးချမ့်နှင့် ကျူးရှောင်စဲတို့ သီးသန့်ခန်းထဲတွင် ထိုင်နေကြပြီး မုန့်စားကာ စောင့်နေကြသည်။ ကျူးရှောင်စဲ၏ လက်ကိုင်အိတ်ထဲတွင် ပရင့်ထုတ် ဇာတ်ညွှန်း ၂ စောင် ရှိနေတာကို ဖေးချမ့် သတိထားမိ၏။ ထိုနှစ်စောင်က ကျန်းကျုထျင်နဲ့ လုကျစ်ယောင်တို့အတွက် ဖြစ်နိုင်ပါသည်။

ဇာတ်ညွှန်းအကြောင်း တွေးမိရုံနဲ့ ဖေးချမ့် ခေါင်းကိုက်မိသည်။ အရင်တစ်ခေါက်က ကျန်းကျုထျင် ဖတ်ဖို့ လာတောင်းတုန်းက ဖေးချမ့် ရှောင်နိုင်ခဲ့သည်။ အခု လုကျစ်ယောင် ရောက်လာလျှင်လည်း ထိုနည်းလည်းကောင်း တောင်းဆိုဦးမည်ဟု ခန့်မှန်းမိပါသည်။

နှစ်ယောက်စလုံးက ဇာတ်ညွှန်းနဲ့ ပတ်သတ်ပြီး အလွန် ကြေးများကြမှန်းလည်း ဖေးချမ့် သိသည်။ သူတို့က ပိုက်ဆံရရုံနဲ့ သရုပ်ဆောင်ခိုင်းတဲ့ Role မှာ သရုပ်ဆောင်ကြမည့် သရုပ်ဆောင်တွေမျိုး မဟုတ်ပါ။ ထို့ကြောင့် ဖေးချမမ့် ဇာတ်ညွှန်းကို ဆက်ပြီး ရှောင်ဖယ်နေနိုင်တော့မှာ မဟုတ်ပါ။

အစ်ကိုကြီးကျန်းကတော့ ရှင်းဖို့ လွယ်သည်။ သူတို့ အရင်က အလုပ်လုပ်ဖူးကာ သူကလည်း အလုပ် ပူးပေါင်းချင်စိတ်ရှိသောကြောင့် ဖြစ်သည်။ လုကျစ်ယောင်က ဖေးချမ့်နဲ့ ရင်းနှီးမှု မရှိသေးပါ။ လူမသိသူမသိ ဒါရိုက်တာတစ်ယောက်က ရိုက်ကူးမယ့် ရုပ်ရှင်တစ်ကားမှာ သူပါဝင်ဖို့ ဖေးချမ့် ဘယ်လို မျှော်လင့်ထားရမည်နည်း။ သူ့ကို ငွေတွေ အများကြီး ပေးလိုက်ရင်တောင် ဇာတ်ညွှန်းကို မြင်တာနဲ့ သရုပ်ဆောင်ဖို့ သဘောတူမှာ မဟုတ်လောက်ပါ။ တစ်ဖက်မှာတော့ ကျူးရှောင်စဲရဲ့ မျက်နှာပေါ်မှာ ဘာစိုးရိမ်ပူပန်မှုမှ ရှိမနေပေ။ ထို့အစား ယုံကြည်ချက် ပြည့်ဝပြီး ပြင်ဆင်ထားသည့်ပုံစံပေါက်ပါသည်။

တော်တော်လေး အဓိပ္ပာယ်မဲ့သည်ဟု ဖေးချမ့် ထင်သွား၏။ ဇာတ်ညွှန်းက ဒီလောက် စုတ်ပဲ့တာတောင် ကျူးရှောင်စဲမျက်နှာက စာပေ နိုဘယ်ဆု ရထားသည့် လက်ရာများကို ကိုင်ဆောင်ထားရသလိုမျိုး ဖြစ်နေပါသည်။

ဖေးချမ့် မေးကြည့်လိုက်၏။ "ဒါရိုက်တာကျူး။ လုကျစ်ယောင် ရောက်လာရင် ရုပ်ရှင်ဇာတ်ညွှန်း အကြောင်း သေချာပေါက် မေးလောက်တယ်။ သူ ဘယ်တော့--"

"စိတ်မပူပါနဲ့ ဘော့စ်ဖေး ဘာမှ စိုးရိမ်ဖို့ မလိုဘူး" ဖေးချမ့် ပြောလို့တောင် မဆုံးသေး၊ ကျူးရှောင်စဲက ရင်ဘတ်ကို ပုတ်ပြလိုက်ပါသည်။

"ဘော့စ်ဖေးရဲ့ ဇာတ်ညွှန်းက အရမ်းကောင်းတယ်။ ကျွန်တော်တို့ သိသလောက်တော့ လုကျစ်ယောင် ဖတ်မိလေလေ ပိုကြိုက်လေလေ ဖြစ်သွားမှာပဲ။ အနုပညာကြေးတောင် နှိမ်ပြီး ပါဝင်သရုပ်ဆောင်နိုင်ခွင့် တောင်းသွားလောက်တယ်"

ဖေးချမ့် ဆွံ့အသွားသည်။ "..."

တော်တော် အကောင်းမြင်တတ်တဲ့ ကောင်ပါလား။

သို့သော်လည်း ဖေးချမ့် မေးခွန်းတွေ ထပ်မေးစရာ လိုတော့မည် မထင်ပါ။ သူတို့အားလုံး တွေ့ကျမှ ဘယ်လိုအခြေအနေဖြစ်သွားမလဲ ကြည့်ကြရုံသာ ရှိသည်။

ခဏလောက်ကြာတော့ ကုမ္ပဏီ၏ ၇ ယောက်ထိုင် ကားကြီး ရောက်လာခဲ့၏။ ကျန်းကျုထျင်နဲ့ လုကျစ်ယောင်တို့ ကားပေါ်က ဆင်းလိုက်ကြပြီး စားပွဲထိုးတစ်ယောက်က မင်ယွမ်စားဖိုဆောင်ထဲ ခေါ်လာခဲ့ပါသည်။ သူတို့နှစ်ယောက်စလုံးနောက်မှာ လိုက်လာသည့် လက်ထောက် တစ်ယောက်စီ ရှိပါသည်။

ဆယ်လီတွေ လက်ထောက် ခေါ်လာကြတာက မထူးဆန်းပါ။ ဘာပဲဖြစ်ဖြစ် ဆယ်လီအများစုက အလွန်အလုပ်များကြ၏။ သူတို့ကို ကူညီပေးဖို့ ဘေးမှာ တစ်ယောက်ယောက်ကို လိုအပ်သည်။ မဟုတ်ပါက သူတို့ အလုပ်ပိသွားနိုင်ပါသည်။

ဒီလူနှစ်ယောက် လက်ထောက် တစ်ယောက်စီပဲ ခေါ်လာတာာကို ကြည့်ခြင်းအားဖြင့် သူတို့ ဘယ်လောက် နှိမ့်ချနေတတ်သလဲ မြင်နိုင်ပါသည်။ တခြား နာမည်ကျော်ဆယ်လီတွေသာဆို အိမ်က ထွက်လာတိုင်း လက်ထောက် ၈ ယောက် မှ ၁၀ ယောက်အထိ ခေါ်လာတတ်ကြသည်။ ဘေးပတ်လည်က ကြယ်များ ဝန်းရံထားသည့် လမင်းကြီးတွေလို ဖြစ်နေပါသည်။

လုကျစ်ယောင်ကို အပြင်မှာ ဖေးချမ့် ပထမဆုံး အကြိမ်အဖြစ် တွေ့ဖူးတာာလည်းဖြစ်သည်။ ဒီ့မတိုင်ခင်က သူ့ဓာတ်ပုံတွေနဲ့ အွန်လိုင်းပေါ်က သူ့ရုပ်ရှင် ဇာတ်ဝင်ခန်းတွေကိုသာ မြင်ဖူးပါသည်။

လုကျစ်ယောင်အပေါ် ပထမဆုံး အထင်အမြင်က အလွန်ချောမောသည်ဆိုတာပင်။

ဓာတ်ပုံ စားသော ဆယ်လီနဲ့ ဓာတ်ပုံ မစားသော ဆယ်လီ ဟူ၍ ရှိကြသည်။ တချို့ဆယ်လီတွေက ကင်မရာပေါ်မှာ ကြည့်ကောင်းကြသော်လည်း လက်တွေ့ဘဝမှာတော့ အတော့်ကို တောက်ပြောင်နေကြပါသည်။ သူတို့က သာမန် ချောမောသည့် ယောက်ျားများ၊ လှပသည့် မိန်းကလေးများထက် အများကြီး ပိုသာလွန်ကြသည်။ တခြားသူတွေကတော့ လက်တွေ့ ဘဝမှာ သိပ်ပြီး မျက်စိကျဖို့ မကောင်းသော်လည်း မိတ်ကပ်ဖုံးပြီး ကင်မရာပေါ်မှာ အများကြီး ပိုကြည့်ကောင်းပါသည်။

လုကျစ်ယောင်က ထူးခြားသည့် ဆယ်လီမျိုး ဖြစ်သည်။ သူ့ပုံစံက လက်တွေ့ဘဝမှာ အလွန် ရုပ်ချောမောလွန်းသည်။ သို့သော်လည်း ဖန်သားပြင်ပေါ်မှာတော့ သိပ်ပြီး မချောလှပါ။ ဆယ်လီတွေက တကယ်ပဲ ပရိတ်သတ်နဲ့ နှီးနွယ်နိုင်စွမ်းအပေါ် လေးလေးနက်နက် မှီခိုထားမှန်း ဖေးချမ့် ဝန်ခံရပါမည်။ ဆယ်လီတချို့ ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ ပရိတ်သတ်က မကြိုက်တာနဲ့ အရေးမကြီးတော့ပါ။

"ဘော့စ်ဖေး မတွေ့တာ ကြာပြီဗျာ" ကျန်းကျုထျင်က ဖေးချမ့်ဆီ ခပ်သုတ်သုတ် လျှောက်လာပြီး လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

"ဘော့စ်ဖေး တွေ့ရတာ ဝမ်းသာပါတယ်"

လုကျစ်ယောင်က ကျန်းကျုထျင်နောက် အနီးကပ် လိုက်လာခဲ့သည်။ ယဉ်ကျေးမှုအရ စကားဖလှယ်ပြီးနောက် သူတို့အားလုံးကို သီးသန့်ခန်းထဲသို့ ဖေးချမ့်ခေါ်လာခဲ့သည်။ ထို့နောက် ကိုယ်စီ ထိုင်ခုံမှာ ထိုင်လိုက်ကြပါသည်။

ဗီလာ၏ တတိယထပ်ရှိ အကြီးဆုံးအခန်းဖြစ်သော အရင် သီးသန့်အခန်းပဲ ဖြစ်သည်။ ပြတင်းပေါက်မှ တဆင့် ရွှေရောင် နေဝင်ဆည်းဆာကို မြင်နိုင်ပြီး အဆုံးမဲ့ရေကန်ကို တောက်ပစေနေသည်။ ဒီကို သူ ပထမဆုံး လာခဲ့သည့် အချိန်ကို ပြန်သတိရသွားစေပါသည်။

သူ့ပတ်ဝန်းကျင်နဲ့ ရှုခင်းတို့ကြောင့် သူမထိန်းနိုင် မသိမ်းနိုင် သွားရည် ကျလာရပါသည်။ အရင် တစ်ခေါက်က ဒီမှာ သုံးဆောင်ခဲ့သည့် ဟင်းလျာများအကြောင်းကို ပြန်စဉ်းစားကြည့်ရုံနဲ့ ကျန်းကျုထျင် ထပ်ပြီး စားကြည့်ချင်လာသည်။

သူ အပီဆွဲဖို့ မစောင့်နိုင်တော့ပေ။ သို့သော်လည်း လောလောဆယ် ဖေးချမ့်က ကျန်းကျုထျင်ကိုကော လုကျစ်ယောင်ကိုကော အာရုံစိုက်မနေပါ။ ထို့အစား ကျန်းကျုထျင်၏ လက်ထောက်ကိုသာ စိုက်ကြည့်နေသည်။

အရင်တစ်ခေါက်တုန်းက မင်ယွမ်စားဖိုဆောင် တည်နေရာကို ရေးချသွားပြီး ကျင်းကျိုးမြို့က သူဌေးတွေ အကုန်လုံးကို ရောက်လာအောင် ခေါ်ခဲ့တဲ့ မြေနိုးလေး။

ဘော့စ်ဖေး ဒေါသထွက်သော်လည်း သူလုပ်နိုင်တာ ဘာမှ မရှိပါ။ ကျားကျုထျစ်၏ ကျေးဇူးမျက်နှာနဲ့ ရန်ငြှိုးချေပေးရပါတော့မည်။

ဖေးချမ့်က ဒါရိုက်တာကျူးရှောင်စဲကို ကျန်းကျုထျင်၊ လုကျစ်ယောင်တို့နဲ့ မိတ်ဆက်ပေးလိုက်သည်။ အေးအေးဆေးဆေး စကားပြောကြရင်း ဟင်းလျာများကလည်း တစ်ပွဲပြီး တစ်ပွဲ တည်ခင်းလာခဲ့သည်။ လုကျစ်ယောင်က သူ့ဘဝမှာ စားကောင်းသောက်ဖွယ် အများကြီးကို စားဖူးသော်လည်း သူ့ရှေ့မှာ ဟင်းလျာများကို လာတည်ခင်းသောခါ အံ့အားသင့်သွားရပါသည်။

သူရောက်မလာခင်တုန်းက ကျင်းကျိုးမြို့မှာ အတော်လေး ကောင်းမွန်သည့် အမည်မဲ့စားသောက်ဆိုင်တစ်ဆိုင်ရှိသည်ဟု သူ့ကို ပြောခဲ့ကြသည်။ သို့သော်လည်း အများကြီးတော့ မျှော်လင့်ချက် မထားခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ရိုက်ကူးရေး လုပ်ဖို့အတွက် သူ တစ်ကမ္ဘာလုံးကို ပတ်ဖူးပါသည်။ ဘယ်လိုစားသောက်ဆိုင်မျိုးမှာ သူမစားဖူးဘဲ နေမှာလဲ။

သို့သော် ဒီက ဟင်းလျာများကို စားသောက်လိုက်သောအခါ သူလည်ပတ်ဖူးသည့် အကောင်းဆုံး စားသောက်ဆိုင်ရှိ စားစရာများထက် လက်ရာမညံ့တာကို သိလိုက်ရပါသည်။ တကယ်တော့ ဒီက ပတ်ဝန်းကျင်အနေအထားနဲ့ ဝန်ဆောင်မှုများက ထိုစားသောက်ဆိုင်များကိုပင် ကျော်လွန်နေပါသည်။

ဒီဟင်းလျာတွေကို မြည်းစမ်းလိုက်တဲ့ အခိုက်အတန့်မှာပဲ လုကျစ်ယောင်၏ ဒုက္ခများ၊ စိုးရိမ်ပူပန်မှုများ အတော်လေး ပျောက်ကွယ်သွားရသည်။ သူ့ရုပ်ရှင်သစ် ကျရှုံးပြီးနောက် လုကျစ်ယောင် အိမ်မှာပဲ ကွေးနေခဲ့သည်။ အခုလည်း ရုပ်ရှင်တွေမှာ ထပ်ပြီး သရုပ်မဆောင်တော့ဖို့ ဆုံးဖြတ်ထား၏။

အရင် ရုပ်ရှင်ရဲ့ ပါဝင်သရုပ်ဆောင်တွေက အလွန် ကောင်းမွန်နေတာတောင် ရုပ်ရှင်က ကျရှုံးခဲ့သေးသည်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ နောက်တစ်ကားပါ မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ။

သူ ခံနိုင်ရည် မရှိတော့ပါ။

တကယ်တော့ ဒီရုပ်ရှင်ထဲက Role ကိုလက်ခံသင့် လက်မခံသင့် လုကျစ်ယောင် မစဉ်းစားရသေးပါ။ ကျင်းကျိုးမြို့ကို လာဖို့ ဆုံးဖြတ်ခဲ့ရခြင်းက သူ့စိတ်ကို အပန်းဖြေဖို့သာဖြစ်ပြီး အလုပ်လုပ်ဖို့ မဟုတ်ပါ။

သိုသော်လည်း အခုတော့ ဟင်းလျာများကို တည်ခင်းပေးကာ သဘောကောင်းသည့် စားပွဲထိုးများ၏ ဂရုစိုက်မှုကို ခံရပြီးနောက် ဘော့စ်ဖေး သူ့ကို ဘယ်လောက်တောင် အလေးထားတယ်ဆိုတာကို လုကျစ်ယောင် ခံစားနိုင်ပါပြီ။

ပထမတော့ ကျင်းကျိုးမြို့ကို လည်ပတ်ကြည့်ချင်ရုံသာဖြစ်သည်။ ထို့ကြောင့် ဒီစားသောက်ပွဲကို ထပ်စားဖို့တောင် ရှက်ရွံ့မိသည်။ လက်ဆောင်များက လူကို မျက်ကန်းဖြစ်စေသည်ဟူသည့် ဆိုရိုးစကားအတိုင်းပင်။ လုကျစ်ယောင်က ရုပ်ရှင်ထဲ ပါဝင်သရုပ်ဆောင်ဖို့ မဆုံးဖြတ်ရသေးသော်လည်း ကောင်းကောင်း နားလည်ဖို့ ထိုရုပ်ရှင်အကြောင်း မေးခွန်း ပိုမေးကြည့်ဖို့ လိုအပ်သည်ဟု ခံစားလာရပါသည်။

ထိုအတွေးဖြင့် လုကျစ်ယောင် မေးလိုက်သည်။ "ဘော့စ်ဖေးနဲ့ ဒါရိုက်တာကျူးတို့။ ဒီရုပ်ရှင်အကြောင်း အကြမ်းဖျင်း ဆွေးနွေးကြရအောင်ပါ"

"အမှန်တိုင်းပြောရရင် အခုတလော ကျွန်တော် စိတ်ဓာတ်ကျနေတာဗျ။ အခြေအနေတွေက အကောင်းဆုံး မဟုတ်ဘူးပေါ့။ မစ္စတာကျန်းလည်း နားလည်မှာပါ။ သရုပ်ဆောင်တစ်ယောက်ရဲ့ စွမ်းရည် ထုတ်ပြနိုင်စွမ်းက သူ့ရဲ့ စိတ်အခြေအနေအပေါ်မှာ အရမ်းမူတည်တယ်။ အရင်က ကမ်းလှမ်းချက်ကို ငြင်းခဲ့တာက ဒီရုပ်ရှင်မှာ ကျွန်တော်ကောင်းကောင်း သရုပ်မဆောင်နိုင်ဘဲ အားလုံးကိုပါ ဆွဲချမိသလို ဖြစ်သွားမှာ စိုးလို့ပါ။”

"ပြီးတော့ ကျွန်တော့်ကို ရုံတင်ဝင်ငွေ အဆိပ်အတောက်လို့ လူသိများကြတယ်လေ။ အားလုံးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို မဖြစ်စေချင်လို့ပါ"

ကမ်းလှမ်းချက်ကို မငြင်းဆန်ခင် လုကျစ်ယောင် ကိုယ့်ကိုယ်ကို အလွန်နှိမ့်ချကာ ပြောလိုက်ပါသည်။

ဒီလိုမှ နောက်ဆုံးမှာ ငြင်းလိုက်ရင်တောင် နှစ်ဖက်စလုံးရဲ့ ဆက်ဆံရေး မထိခိုက်မှာ ဖြစ်သည်။

သူကမ်းလှမ်းချက်ကို ငြင်းမိမလား မငြင်းမိဘူးလား ဆိုတာကတော့ ဇာတ်ညွှန်းက ဘယ်ပုံဘယ်ဝါဖြစ်ပြီး ဘော့စ်ဖေး ဘယ်လောက် စစ်မှန်သလဲဆိုသည့်အပေါ် မူတည်ပါသည်.

ဇာတ်ညွှန်းက ဆိုးဆိုးရွားရွား စုတ်ပြတ်နေပါက သူ Role ကို ငြင်းဆန်ပါမည်။ ရုပ်ရှင်က အလားအလာ ရှိသည့်ပုံစံဖြစ်ပါက သူကြိုးစားကြည့်မည်။ ဖေးချမ့် ပြုံးလိုက်၏။ "အဲ့လို မပြောပါနဲ့ မစ္စတာလုရာ။ ခင်ဗျားရဲ့ ပါရမီတွေက တော်တော် ဖုံးကွယ်ခံထားရတယ်လို့ပဲ ကျွန်တော်တော့ ထင်တယ်"

"ခင်ဗျားက ရုံတင်ဝင်ငွေ အဆိပ်အတောက်လို့ သူများတွေ ထင်ချင်ထင်လိမ့်မယ်။ ကျွန်တော့်မျက်လုံးထဲမှာတော့ ခင်ဗျားက ဒီရုပ်ရှင်အတွက် ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်ဖို့ အသင့်တော်ဆုံး သရုပ်ဆောင်တစ်ယောက်ပဲ"

"ကျွန်တော် အများကြီး မျှော်လင့်ထားပါတယ်"

ဘော့စ်ဖေး အားနာပါးနာနဲ့ ပြောနေမှန်း လုကျစ်ယောင် သိပါသည်။

သို့သော်လည်း သူ့ရဲ့ စိတ်ရင်းမှန်သည့် အကြည့်က လုကျစ်ယောင်ကို ခံစားသွားစေသည်။

ဘော့စ်ဖေးပုံစံက အလွန် စစ်မှန်သည့်ပုံစံပင်။

ဒီလိုလူမျိုးနဲ့ ဆုံတွေ့ဖို့ဆိုတာ ရှားပါးပါသည်။

"ဘော့စ်ဖေး ကျွန်တော့်ကို ဒီလောက်ယုံကြည်ထားတာကို မြင်ရတာ ကျွန်တော် ရှက်ရွံ့မိပါတယ်။ ဘော့စ်ဖေးနဲ့ ဒါရိုက်တာကျူးတို့ရဲ့ စိတ်ရင်းကို ကျွန်တော် မြင်နိုင်ပေမယ့် ကျွန်တော် ဇာတ်ညွှန်းကို အရင် ဖတ်ကြည့်လို့ ရမလား"

ထင်ထားသည့်အတိုင်း ဇာတ်ညွှန်းတောင်းပါပြီ။ သူတို့ ဇာတ်ညွှန်းအရင်ပြဖို့ သဘောမတူပါက လုကျစ်ယောင် ဒီရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ လက်မခံလောက်မှန်း ဖေးချမ့် သိနေပါသည်။ ရွေးချယ်စရာ မရှိတော့ဘဲ ကျူးရှောင်စဲ ဇာတ်ညွှန်းများကို ကျန်းကျုထျင်နဲ့ လုကျစ်ယောင်တို့ဆီ အသီးသီး ပေးလိုက်ကြတာကိုပဲ ဘေးက ကြည့်နေနိုင်ပါတော့သည်။ လုကျစ်ယောင်က စားပွဲထိုး ကမ်းပေးသည့် ပဝါအနွေးဖြင့် လက်တွေကို သုတ်လိုက်သည်။ တည်တံ့သည့် မျက်နှာထားဖြင့် ဇာတ်ညွှန်းကို လက်ခံလိုက်၏ ထို့နောက် လှန်ကာ ကြည့်လိုက်ပါသည်။ လုကျစ်ယောင်ရဲ့ မျက်နှာထား မျှော်လင့်ထားသည့်ပုံစံမှ စိတ်ရှုပ်သွားသည့်ပုံစံ၊ ထို့နောက် တုန်လှုပ်သွားသည့်ပုံစံ၊ ထို့နောက် ဟာလာ ဟင်းလင်း အဆင့်ဆင့် ဖြစ်သွားပုံများကို ဖေးချမ့် ကြည့်နေပါသည်။ ရုတ်တရက်ကြီး ခံစားချက်တွေ မကောင်းတော့ပါ။

ထိုအချိန်တွင် ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီးနောက် လုကျစ်ယောင် ပြောစရာ စကားမဲ့သွားခဲ့ပါသည်။ ဒီလို ဇာတ်ညွှန်းတွေက ရှာမှ ရှားပဲ အမှန်ပင်။ အရင်ကလည်း ဒီလိုဇာတ်ညွှန်းတွေကို လုကျစ်ယောင် မမြင်ဖူးတာတော့ မဟုတ်ပါ။ အနောက်တိုင်းလက်ရာ ရုပ်ရှင်တွေမှာလည်း အလွန် နားလည်မှုလွဲစရာ ဇာတ်လမ်းများ ရှိတတ်ကြသည်။ သို့သော်လည်း ပြည်တွင်း စျေးကွက်မှာတော့ ဒီလို ရုပ်ရှင်မျိုးကို လုကျစ်ယောင် တစ်ခါမှ မမြင်ဖူးပါ။

လုကျစ်ယောင်က သူ့သရုပ်ဆောင်ဘဝတစ်လျှောက်လုံး ဒီလို အမျိုးသား ဇာတ်လိုက်ပုံစံကို တစ်ခါမှ သရုပ်မဆောင်ဖူးပါ။

အရမ်းကြီး ဇာတ်နာလွန်းတယ်မဟုတ်လား။ အလုပ်တွေ အရမ်းကြီး ကြိုးစားတာတောင် အိမ်သစ် မဝယ်နိုင်ခဲ့တဲ့ ကပ်ဖားလျက်ဖားကောင်။ ထပ်ကြိုးစားပြီးတဲ့နောက် နောက်ဆုံးတော့ လမ်းလယ်မှာ ပွပေါက်တိုးခဲ့သည်။ သူ့ချစ်သူဟောင်းကို ဘေးဖယ်ပြီး ကြံစည်ခံရပြီးနောက် ဘာမှ မရှိတဲ့ကောင် ပြန်ဖြစ်သွားခဲ့ရပါသည်။ ဒီလို ဒုက္ခမျိုးကို လုကျစ်ယောင် မခံစားဖူးပါ။

အရင်က သူ သရုပ်ဆောင်ခဲ့သည့် ဇာတ်လိုက်မင်းသားတိုင်းက ဘဝမှာ အောင်နိုင်သူတွေသာ ဖြစ်သည်။ လှပသည့် မိန်းကလေးများ ဝန်းရံထားတာကို ခံရပြီး အမြဲတမ်း အောင်မြင်သည့် လုပ်ငန်းခွင်တစ်ခု ရှိခဲ့သည်။

အခုချိန်ထိ သူ့လုပ်ငန်းတစ်လျှောက်လုံးမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည့် ဇာတ်အနာဆုံး ရုပ်ရှင်မှာတောင် သူက စိတ်ဓာတ်တက်ကြွပြီး ခံ့ညားသည့် လူတစ်ယောက်အဖြစ် သရုပ်ဆောင်ရပြီး ခမ်းခမ်းနားနား သေခြင်းတရားနဲ့ သေသွားရသည်။

ဇာတ်ပို့သရုပ်ဆောင်အဖြစ် သရုပ်ဆောင်ရရင်တောင် ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိသည့် ဗီလိန်အဖြစ်သာ သရုပ်ဆောင်ရပါသည်။ ဒီရုပ်ရှင်က ကောင်းတဲ့ဘက်က ခြားနားနေခြင်း ဖြစ်သည်။ ဘဝဆိုးလှသည့် ဇာတ်လိုက်မင်းသား နေရာက ပါဝင် သရုပ်ဆောင်ရမှာ ဖြစ်သည်။ သူက ချစ်ဖို့လည်း မကောင်း၊ သနားဖို့လည်း မကောင်းပါ။ ရုပ်ရှင် အဆုံးတွင် ပရိတ်သတ်က သူ့ကို ရွံတောင် ရွံရှာ သွားနိုင်ပါသည်။

လုကျစ်ယောင်က ဖေးချမ့်ကို မော့ကြည့်လိုက်၏။ "ဘော့စ်ဖေး... ဒီဇာတ်ညွှန်းက..."

ထိုအချိန်တွင် သူ ဘယ်လိုခံစားနေရမှန်း ထုတ်ပြောဖို့ စကားလုံး မရှိတော့ပါ။

ဖေးချမ့် စိတ်ကိုခိုင်ခိုင်ထားပြီး လုကျစ်ယောင်၏ မျက်နှာထားကို ကြည့်လိုက်သည်။ အမှန်ပင်။ အဆိပ်အတောက်အဖြစ်ဆုံး ဇာတ်ညွှန်းက ရုံတင်ဝင်ငွေ အဆိပ်အတောက်အဖြစ်ဆုံးလူကိုတောင် တွန်းလှန်နိုင်ခဲ့သည်။

ဖေးချမ့် အနည်းငယ် တွေးကြည့်ပြီးနောက် ဖြစ်လည်း ဖြစ်သင့်ပါသည်။ လုကျစ်ယောင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်တိုင်းက တစ်ကားပြီး တစ်ကား ကျရှုံးခဲ့သည်။ သို့သော်လည်း သူက သူရဲကောင်းသို့မဟုတ် လူကောင်းအဖြစ်သာ အမြဲတမ်း သရုပ်ဆောင်ခဲ့ရသည်။ အကောင်းဆုံးက အရှိန်အဝါကြီးသည့် စီအီးအိုတစ်ယောက်ဖြစ်က အဆိုးဆုံးက စားစရာ ဝတ်စရာ စိတ်ပူဖို့မလိုသည့် ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရသည်။ ဘဝမှာ အောင်မြင်နေသည့် လူတွေအဖြစ်သာ သရုပ်ဆောင်ခဲ့ရပါသည်။

လူဆင်းရဲ၊ ကပ်ဖားလျက်ဖား၊ ကျေးဇူးကန်းသူ၊ သူများတွေကို မှီခိုပြီး အဆင့်တက်ခဲ့တာတောင် နောက်ဆုံး ဘာမှမကျန်ခဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ရတာ သူပျော်လိမ့်မည်ဟု ဖေးချမ့် မျှော်လင့်ထားလို့ ဖြစ်ပါ့မလား။

ဖေးချမ့် ကျူးရှောင်စဲကို လှမ်းကြည့်ကာ စကားဝင်ပြောဖို့ လက်ဟန်ပြလိုက်ပါသည်။

ပြောချင်တာပြော၊ ဒီဇာတ်ညွှန်းကို အခုထက် ပိုကောင်းတဲ့ပုံပေါက်အောင်သာ ပြောလိုက်စမ်းပါ လုကျစ်ယောင် အတွေးလွန်နေတာကို ရပ်စမ်းပါ

သို့သော်လည်း ကျူးရှောင်စဲ စကားမပြောနိုင်ခင်မှာပဲ ကျန်းကျုထျင်က သူ့ပေါင်သူ ထောင်းလိုက်ပါသည်။ "ကောင်းလိုက်တဲ့ ဇာတ်ညွှန်းကွာ ဒီဇာတ်ညွှန်းက တကယ်ကောင်းတာပဲ ကျွန်တော့်ရဲ့ သရုပ်ဆောင်လာတဲ့ နှစ်ပေါင်းများစွာအတွင်း ဒီလောက် အဓိပ္ပာယ်ရှိပြီး လေးနက်တဲ့ ဇာတ်ညွှန်းမျိုး တစ်ခါမှ မဖတ်ခဲ့ဖူးဘူး"

"ဒါက သရော်မှုတစ်ခုပဲ။ အကောင်းကြိုက်လွန်းတဲ့ လူတွေ၊ ပြောင်းလဲလွယ်ပြီး သည်းခံမှု မရှိတဲ့ လူ့ပတ်ဝန်းကျင် အဖွဲ့အစည်း၊ ငွေက လူတစ်ယောက်ကို ပြောင်းလဲသွားစေတဲ့ပုံစံတို့ကို ဝေဖန်ထားတာ။ ဒီဇာတ်ညွှန်းက တကယ်ပဲ အဓိပ္ပာယ် ပြည့်ဝပါတယ်။ ဒီ့ထက် ပိုပြီးတောင် အသိအမှတ် ပြုသင့်တယ်။" ဘော့စ်ဖေး ဒီဇာတ်ညွှန်းဆရာကို ဘယ်က ရှာထားတာလဲ။ စံနှုန်းက မြင့်လိုက်တာ"

ကျူးရှောင်စဲ ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။ "အဲ့ဇာတ်ညွှန်းကို ဘော့စ်ဖေးကိုယ်တိုင် ရေးထားတာပါ"

ကျန်းကျုထျင် ချက်ချင်းပဲ သူ့ကို တလေးတစားဖြင့် ကြည့်လိုက်ပါသည်။ "ဘော့စ်ဖေး ဒီလောက်ထိ ပါရမီ ရှိလိမ့်မယ်လို့ ထင်မထားဘူး အစွမ်းအစရှိတဲ့ လူတွေက အလုပ်များများ ပိုလုပ်တတ်တယ်ဆိုတာ တကယ်ပဲ"

"တစ်ခုခုတော့ မဟုတ်သေးဘူး... ဘော့စ်ဖေး။ အရင်တစ်ခေါက် ကျွန်တော်တို့ ဖုန်းပြောတုန်းက ဇာတ်ညွှန်း ပြီးသွားပြီ မဟုတ်လား။ ဘာလို့ စကားလမ်းကြောင်း လွှဲခဲ့တာလဲ။ သြော်... ကျွန်တော် နားလည်ပြီ။ ဘော့စ်ဖေးက ကျိုးနွံပြီး ဇာတ်နိမ့်နေချင်တာကြောင့်ကိုး"

"ဘော့စ်ဖေး။ နှိမ့်ချတတ်တာ ကောင်းပါတယ်။ ဒါပေမယ့် အရမ်းကြီး နှိမ့်ချလွန်းရင်လည်း မကောင်းပြန်ဘူး။ ကျွန်တော်တို့ ခင်မင်မှုကြောင့် ရုပ်ရှင်မှာ ပါဝင်ဖို့ ကျွန်တော် သဘောတူပေးခဲ့တာ။ တခြားသရုပ်ဆောင်တွေသာဆို ဇာတ်ညွှန်း မပြီးသေးဘူးလို့ ပြောရင် ဒီကိုလာဖို့ သဘောတူမှာ မဟုတ်ဘူး။ အဲ့တာဆို ဘယ်လောက်တောင် နှမြောဖို့ ကောင်းလိုက်မလဲဗျာ"

"ဒီဇာတ်ညွှန်းတစ်ခုတည်းကို ကြည့်ပြီး ကျွန်တော် ရုပ်ရှင်မှာ အခမဲ့တောင် သရုပ်ဆောင်ပေးဖို့ သဘောတူနိုင်တယ်။ စျေးနှိမ်မယ်ဆိုလည်း ပိုတောင် ဆိုးသေး"

ဖေးချမ့်က ကျူးရှောင်စဲကို ကြည့်လိုက်သည်။ ထို့နောက် ကျန်းကျုထျင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။ ကိစ္စတွေက သူမျှော်မှန်းထားတာနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါလား။ ဘာတွေ ဖြစ်နေတာလဲ...။

ကျူးရှောင်စဲထံမှ အကူအညီရဖို့သာ ဖေးချမ့် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။ ကျန်းကျုထျင်နဲ့ လုကျစ်ယောင်တို့ ပရောဂျက်ကို လက်ခံလာအောင် ကျူးရှောင်စဲကို ဖြီးလုံး ထုတ်ခိုင်းမလို့ ဖြစ်သည်။

သို့သော် ဖြစ်ချင်တော့ ကျန်းကျုထျင်တောင် ယုံကြည်သွားပါပြီ။ ဖေးချမ့်ကို ကိုယ့်သဘောနဲ့ ကိုယ် အားပေးကာ သုံးယောက်သား လုကျစ်ယောင်ကိုပါ ပါဝင်ဖို့ ပူးပေါင်းတောင်းဆိုနေကြသည်။

လုကျစ်ယောင်က အတော်လေး ဇဝေဇဝါ ဖြစ်နေဆဲပင်။ ဇာတ်ညွှန်ကို အကြမ်းဖျင်းသာ စစ်ဆေးပြီးတာဖြစ်ပြီး အဓိက ဇာတ်လမ်း ဇာတ်ကွက် အချက်များကို နားမလည်သေးပါ။ ကျန်းကျုထျင်က ဇာတ်ညွှန်းကို ကြည်နူးစွာဖြင့် လှန်ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဘော့စ်ဖေး။ ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ဒီဇာတ်ညွှန်းက ညီလေးလုအတွက် သီးသန့်ဖန်တီးထားတာ မဟုတ်လား"

ဖေးချမ့် "?"

သီးသန့်ဖန်တီးထားတာ ဟုတ်လား။ ခင်ဗျား အတွေးလွန်နေပြီ။ ဒီဇာတ်ညွှန်းကို ရေးတုန်းက လုကျစ်ယောင် ဘာကောင်မှန်းတောင် ကျွန်တော် မသိသေးဘူး။

သို့သော်လည်း လောလောဆယ်တော့ အမှန်တရားကို ထုတ်ပြောလို့ မရသေးဘူး မဟုတ်လား။ ကျန်းကျုထျင်၏ ခန့်မှန်းချက်ကို အတည်လည်း မပြု၊ ငြင်းလည်း မငြင်းဘဲ ခပ်ပါးပါးသာ ပြုံးလိုက်ပါသည်။ ထိုအပြုံးကို မြင်သောအခါ ကျန်းကျုထျင်က ပို၍ပင် သေချာသွားသည်။ လုကျစ်ယောင်ဘက်ကို လှည့်ကာ ပြောလိုက်သည်။ "ညီလေးလု မင်းလည်း သိတယ် မဟုတ်လား"

လုကျစ်ယောင် ခေါင်းမူးသွားသည်။

ဘာကို သိရမှာလဲ ကျွန်တော့်အတွက် သီးသန့် ရေးပေးထားတာ ဟုတ်လား။ ကျွန်တော့်ပုံစံက ခင်ဗျားအမြင်မှာ ကပ်ဖားလျက်ဖားကောင်ပုံစံ ပေါက်နေလို့လား။

လုကျစ်ယောင်၏ မျက်နှာထားကို မြင်သောအခါ ကျန်းကျုထျင် ရှင်းပြလိုက်၏။

"ညီလေးလု။ မင်း အခု လိုအပ်နေတာ ဘာလဲ သိလား။ မင်းက သရုပ်ဆောင်ဖို့အတွက် ဇာတ်ညွှန်းကောင်းတစ်ခု Role ကောင်းတစ်ခုပဲ လိုအပ်နေတာ မဟုတ်ဘူး။ မင်း လိုအပ်နေတဲ့ အရေးအကြီးဆုံးအရာက ပုံရိပ်ကောင်းတစ်ခုပဲ"

လုကျစ်ယောင်၏ မျက်နှာထားက ဇဝေဇဝါ ဆက်ဖြစ်နေဆဲပင်။

ကျန်းကျုထျင် ဆက်ပြောလိုက်သည်။ "ပုံရိပ်ကောင်းလို့ ငါပြောတာက အာဏာကြီးပြီး စွမ်းအားကြီးတဲ့ Role တွေကို ပြောတာ မဟုတ်ဘူး။ အရင်က ရုပ်ရှင်တွေ အများကြီးမှာ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် မင်း သရုပ်ဆောင်ဖူးတယ်လေ။ ဒါပေမယ့် သာမန်ဆန်တဲ့ တုန့်ပြန်မှုတွေကိုပဲ ရခဲ့တယ်။ အဲ့တာ ဘာကြောင့်လဲလို့ မင်းစဉ်းစားဖူးလား"

"ပုံရိပ်ကောင်းတစ်ခုဆိုတာ မင်း ပြစ်မျိုးမှဲ့မထင်တဲ့ ဇာတ်ကောင်တွေကို သရုပ်ဆောင်ပြတိုင်း ဖြစ်လာတဲ့ အရာ မဟုတ်ဘူး။ မင်းရဲ့ ထူးခြားတဲ့အချက်တွေကို အသုံးချပြီး တခြားသရုပ်ဆောင်တွေထဲကနေ မင်းကိုယ်မင်း ခွဲထုတ်ပြီးတော့ မင်းကိုပရိတ်သက်က ဆက်နွယ်လာအောင် လုပ်ပြီး မင်းရဲ့ ဇာတ်ကောင်ကို အမှတ်ရနေမှ ပုံရိပ်ကောင်းတစ်ခုဆိုတာ ဖြစ်လာလိမ့်မယ်"

"ငါ ငယ်ငယ်တုန်းကလည်း အရူးတစ်ယောက်နေရာက သရုပ်ဆောင်ပြီး 'ရုပ်ရှင်ဘုရင်' ဆိုတဲ့ ဘွဲ့ကို ရခဲ့ဖူးတာပဲ။”

"ဒီဇာတ်ညွှန်းထဲက ဇာတ်လိုက်မင်းသားက ဆန်ကုန်မြေလေးနဲ့ တူပေမယ့် အရမ်းကို ကောင်းတဲ့ ဇာတ်ကောင်တစ်ကောင်ဆိုတာ သံသယ ဖြစ်စရာ မရှိဘူး။ သူက ရှုပ်ထွေးပြီး တဏှာကြီးတယ်"

"အဲ့လို Role မျိုးကမှ မင်းရဲ့ သရုပ်ဆောင်စွမ်းရည် ရှုထောင့်တိုင်းကို အံဝင်ခွင်ကျဖြစ်စေမှာ။ ပြီးတော့ ပရိတ်သတ်တွေ မင်းကို သတ်မှတ်ထားတဲ့ ပုံသေကားချပ်ကြီးကိုလည်း ဖယ်ရှားနိုင်လိမ့်မယ်"

"မင်း အရင်က သရုပ်ဆောင်ခဲ့တဲ့ Role တွေက ဘာလို့ ပရိတ်သတ်အကြိုက် မဖြစ်ခဲ့တာလဲ။ ငါထင်တာတော့ မင်းက အရမ်းချောလွန်းလို့ပဲ"

"မင်းရဲ့ ရုပ်ရည်ကြောင့် ပရိတ်သတ်က မင်းရဲ့ Role ကို ခံစားလို့ မရတော့ဘူး။ မင်းပုံစံက ဟန်ချက် မညီဘဲ ဘဝင်ကျလောက်စရာ မရှိဘူး။ အဲ့တာကြောင့် ရုပ်ရှင်ထဲ နှစ်မျောဖို့ သူတို့အတွက် အရမ်း ခက်ခဲလွန်းတယ်"

"မင်းရဲ့ ဆွဲဆောင်မှုက မင်းအတွက် အတိုင်းအတာတစ်ခုအထိ ဝန်တစ်ခုလို ဖြစ်လာခဲ့ပြီ ထင်တယ်။ မင်းသာ အဲ့ဒီဝန်ကို ဖယ်ရှားပြီး ဒီလို Roleတွေကို လက်မခံဘူးဆိုရင် ဒီအခြေအနေကနေ မင်း ရှောင်ဖယ်ဖို့ အရမ်းခက်ခဲလိမ့်မယ်"

"မင်းက အမြဲတမ်း ပြစ်မျိုးမှဲ့မထင်တဲ့ ဇာတ်ကောင်တွေကိုပဲ သရုပ်ဆောင်ခဲ့တာ။ ပရိတ်သတ်ရဲ့ စိတ်ထဲမှာ ဘယ်လိုလုပ် နက်ရှိုင်းတဲ့ အထင်အမြင်တစ်ခု ကျန်ရစ်စေမှာလဲ။ အဲ့ဒါကြောင့် ဒီ Role က မင်းအတွက် သီးသန့်ဖန်တီးပေးထားတာလို့ ငါထင်တာပေါ့။ မင်းနဲ့ အရမ်းလိုက်ဖက်တယ်"

"ရိုးရိုးသားသားပြောရရင် ငါသာ ၁၀ နှစ်လောက် ပိုငယ်မယ်ဆို သေချာပေါက် ဒီ Role ကိုလက်ခံမှာပဲ။ အခု ငါကအရမ်း အသက်ကြီးနေပြီဆိုတော့ အခွင့်အရေးကို မင်း ပိုင်ဆိုင်သွားပြီ"

ကျန်းကျုထျင်၏ စကားလုံးများကို နားထောင်ပြီးနောက် လုကျစ်ယောင် တိတ်ဆိတ် သွားခဲ့ရပါသည်။

ဖေးချမ့်နဲ့ ကျူးရှောင်စဲတို့လည်း တိတ်ဆိတ်သွားသည်။ သို့သော်လည်း သုံးယောက်စလုံးက မတူညီသည့် အကြောင်းအရင်းများကြောင့် တိတ်ဆိတ်သွားကြခြင်း ဖြစ်သည်။

လုကျစ်ယောင် တိတ်ဆိတ်သွားတာက ရုပ်ရှင် ဘုရင်ကြီးတစ်ယောက်ရဲ့ ရင်ထဲကလာတဲ့ အကြံဉာဏ်ထံမှ အကျိုးကျေးဇူးများကို ရနိုင်သမျှ ယူဆောင်ဖို့ ကြိုးစားနေတာကြောင့် ဖြစ်သည်။ ကျန်းကျုထျင် အခု ဘယ်လောက်သာ ရေပန်းစားနေပါစေ စီနီယာတစ်ယောက်ဖြစ်ကာ လုကျစ်ယောင်ထက် လုပ်ငန်းမှာ အများကြီး အောင်မြင်မှု ရရှိခဲ့သည့် သရုပ်ဆောင်တစ်ယောက် ဖြစ်ပါသည်။

ကျန်းကျုထျင်တောင် ဒီ Role ကလက်ခံသင့်သည့် Role ကောင်းဖြစ်သည်ဟု ထင်နေခြင်းက ဒီ Role တကယ် ဘယ်လောက်တောင် ကောင်းသလဲဆိုတာကို ပြသနေခြင်းပင်။

ကျူးရှောင်စဲ တိတ်ဆိတ်သွားရတာက ကြည်နူးသွားခြင်းကြောင့် ဖြစ်ပါသည်။ အမှန်ပင်။ ကျန်းကျုထျင်က ရုပ်ရှင်တွေအကြောင်း လေးလေးနက်နက် နားလည်မှုရှိသည့် ဝါရင့် သရုပ်ဆောင်ကြီးတစ်ယောက် ပီသပါသည်။ ဇာတ်ညွှန်းအပေါ် သရုပ်ဆောင်နှစ်ယောက်ရဲ့ တုန့်ပြန်ချက်တွေကို ကြည့်လိုက်ရုံနဲ့ ကျန်းကျုထျင်က လုကျစ်ယောင်ထက် စံနှုန်း အများကြီး ပိုမြင့်မှန်း သိသာပါသည်။

တစ်ဖက်မှာတော့ ဖေးချမ့်က ဇဝေဇဝါ ဖြစ်နေခြင်း ဖြစ်သည်။ ကျန်းကျုထျင်လည်း လုကျစ်ယောင်လိုပဲ တုန့်ပြန်လိမ့်မည်ဟု သူထင်ထားခဲ့၏။ သရုပ်ဆောင် နှစ်ယောက်လုံး အများကြီး ဝေဖန်ကြလိမ့်မည် ဖြစ်ကာ ကျူးရှောင်စဲနဲ့ ဖေးချမ့်တို့ သူတို့ကို စိတ်ပါလာအောင် အများကြီး အားထုတ်ရလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော်လည်း ဖြစ်ချင်တော့ ကျန်းကျုထျင်က ဇာတ်ညွှန်းကို သဘောကျနေပါသည်။

သဘောကျရုံတင်မကဘဲ လုကျစ်ယောင်ကိုပါ ကူညီပြီး စိတ်ပြောင်းအောင် လုပ်ပေးနေသည်။ သူ့အတွက် သီးသန့်ထုတ်လုပ်ပေးထားသည့် ဇာတ်ညွှန်းဟု အဓိပ္ပာယ်မရှိသည့် စကားများ ပြောလာရတဲ့အထိ ဖြစ်နေပါသည်။

အစ်ကိုကြီးကျန်း ရင်ထဲကအတိုင်း ပြောနေတာလား လုကျစ်ယောင်ကို ဖြီးလုံးထုတ်ဖို့ ကြိုးစားနေရုံပဲလား ဆိုတာ ဖေးချမ့် တကယ် ဝေခွဲမရပါ။

တကယ် ရင်ထဲက အတိုင်းပြောနေတာလား။

မဖြစ်နိုင်ဘူး။ ငါဒီဇာတ်ညွှန်းကို အဆိပ်အတောက် ဖြစ်စေတဲ့အချက်တွေ တတ်နိုင်သမျှ အများဆုံး ထည့်ပြီး ရေးထားတာ။ ဘယ်လိုလုပ်ပြီး ရုပ်ရှင်အများကြီးမှာ သရုပ်ဆောင်ဖူးတဲ့ ဝါရင့် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အစ်ကိုကြီးကျန့်ကတောင် ဘာလို့ ကြိုက်သွားတာလဲ။

ဟုတ်တယ်။ ငါက ကျူးရှောင်စဲရဲ့ ဘော့စ်ဖြစ်ပြီး ကျန်းကျုထျင်အတွက် ငွေကြေးထောက်ပံ့မယ့်သူ ဖြစ်တာကြောင့်ပဲ နေမှာ။ နှစ်ယောက်စလုံးက ဇာတ်ညွှန်းကို အရှိကိုအရှိတိုင်း ဝေဖန်ရခက်နေတာ ဖြစ်မယ်။ အဲ့တာကြောင့် ဒီလောက် မြင့်မြင့်မားမား ချီူးကျူးနေကြတာပဲ ဖြစ်လိမ့်မယ်။

ကြည့်လိုက်။ ငါနဲ့ ရင်းနှီးမှု မရှိသေးတဲ့ လုကျစ်ယောင်က ဇာတ်ညွှန်းအပေါ် တုန့်ပြန်ချက် လုံးဝ ခြားနားတယ်။

ဆိုလိုတာက အစ်ကိုကြီးကျန်းနဲ့ ကျူးရှောင်စဲတို့ ငါ့ကိုယ်စား သူ့ကို ဖြီးလုံးထုတ်ပေးနေတာပဲ ဖြစ်မှာ။

တော်ပါပေတယ်။

နှစ်ယောက်စလုံး ဒီနေ့ တော်ခဲ့ကြပါတယ်။ 'ရုံတင်ဝင်ငွေ အဆိပ်အတောက်လေး'ကို ဒီပရောဂျက်ထဲ ခေါ်နိုင်ပြီဆိုတာနဲ့ နှစ်ယောက်စလုံးရဲ့ လစာကို သေချာပေါက် တိုးပေးဦးမှာ။

All Chapters