← Chapters

လိုအပ်နေတဲ့ ကျောင်းသားလေးများကို လှူဒါန်းခြင်း

Vol. 23 Ch. 336

လိုအပ်နေတဲ့ ကျောင်းသားလေးများကို လှူဒါန်းခြင်း

Vol. 23 Ch. 336

လုကျစ်ယောင်လည်း ဇာတ်ညွှန်းကို ကြည့်ပြီး ကျန်းကျုထျင်ကို ကြည့်လိုက်သည်။ ထို့နောက် ဇာတ်ညွှန်းကို ပြန်ကြည့်ကာ ဘော့စ်ဖေးကို ထပ်ကြည့်လိုက်ပြန်သည်။

သူ့ပုံစံက တော်တော်ဝေခွဲရခက်နေမှန်း သိသာလှပါသည်။

ဒါရိုက်တာနာမည်ကိုလည်း သူတစ်ခါမှ မကြားဖူးပါ။ ရိုက်ကူးရေးအဖွဲ့သားတွေကလည်း လူသိရှင်ကြား မရှိသေးပါ။ ဇာတ်ညွှန်းက မမြင်စဖူး ဇာတ်ညွှန်းမျိုးဖြစ်ကာ သူ့ကိုလည်း ကပ်ဖားလျက်ဖား ဇာတ်လိုက်အဖြစ် သရုပ်ဆောင်ဖို့ တောင်းဆိုနေကြသည်။

ဘယ်ရှုထောင့်ကကြည့်ကြည့် ဒီ Role ကို လက်ခံလိုက်တာက အလွန် အန္တရာယ် များနိုင်ပါသည်။

သို့သော်လည်း ကျန်းကျုထျန်၏ အကြံဉာဏ်ကို နားထောင်ပြီးနောက် လုကျစ်ယောင်သိသိသာသာ တုန်လှုပ်သွားခဲ့ပါသည်။

ဒီရုပ်ရှင်က အရင်က ငါရိုက်ခဲ့တဲ့ Role တွေနဲ့ ငါ့ကိုယ်ငါ ပိတ်လှောင်ခဲ့မိတဲ့ ပုံသေကားချပ်ထဲကနေ ဖောက်ထွက်နိုင်အောင် တကယ်ပဲ ကူညီပေးနိုင်လောက်တယ်။ ဧကန္တ ငါ့ကိုလည်း 'ရုံတင်ဝင်ငွေ အဆိပ်အတောက်လေး' လို့ မခေါ်ကြလောက်တော့ဘူး...

ဒီရုပ်ရှင် အောင်မြင်သွားရင် ငါပိုက်ဆံ ဘယ်လောက်ရရ အရေးမကြီးဘူး။ ငါ့ရဲ့ 'ရုံတင်ဝင်ငွေ အဆိပ်အတောက်လေး'ဆိုတဲ့ ဘွဲ့ကို ဖယ်ရှားပြီး ငါ့ပရိတ်သတ်ရဲ့ အသိအမှတ်ပြုမှုကို ပြန်ရရင် အားထုတ်မှုတိုင်းက တန်လိမ့်မယ်။

ပြီးတော့ ကျန်းကျုထျင်နဲ့ အတူတူ ရိုက်ကူးရင်းလည်း သူ့ဆီက ပညာသင်လို့ ရနိုင်မယ်။ ဧကန္တ ငါ့သရုပ်ဆောင်စွမ်းရည်လည်း တိုးတက်လာနိုင်တယ်။

အများကြီး စဉ်းစားပြီးနောက် လုကျစ်ယောင် စိတ်ဆုံးဖြတ်ချက် ချလိုက်ပါသည်။ နောက်ဆုံးတော့ ခေါင်းငြိမ့်လိုက်၏။ "ဟုတ်ပြီ။ ဒီဇာတ်ညွှန်းကောင်းနဲ့ မစ္စတာကျန်းအတွက် ကျွန်တော် လောင်းကြေးထပ်လိုက်ပါ့မယ် ကျွန်တော်လည်း မစ္စတာကျန်းလိုပဲ အနုပညာကြေး နည်းနည်းနဲ့ သရုပ်ဆောင်ပေးမယ်"

ဖေးချမ့် ခပ်မြန်မြန်ပဲ လက်မြှောက်ကာ သူတို့ကို တိတ်ခိုင်းလိုက်သည်။ "အဲ့လို လုပ်ခွင့် မပြုနိုင်ဘူး"

"နှစ်ယောက်စလုံးကို ထိုက်သင့်တဲ့ ပမာဏအတိုင်းပဲ ပေးသွားမယ်။ ခင်ဗျားတို့ကို စျေးမနှိမ်နိုင်ဘူး။ တကယ်တော့ ပိုပြီးတော့တောင် တိုးပေးဦးမှာပါဗျာ"

"မရှက်ပါနဲ့။ ရိုက်ကူးရေးအတွင်းမှာ ခင်ဗျားတို့ အကောင်းဆုံး သရုပ်ဆောင်ကြပြီး ကျွန်တော့်ကို ကျေးဇူးပြန်ဆပ်လို့ရပါတယ်"

ကျန်းကျုထျင်နဲ့ လုကျစ်ယာင်တို့ သိသိသာသာ စိတ်အေးသွားပြီး ပြုံးလိုက်ပါသည်။ အမှန်ပင်။ ဘော့စ်ဖေးလို ထက်မြက်တဲ့လူတွေနဲ့ အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းပါသည်။

ဖေးချမ့်လည်း ပီတိဖြာသွား၏။ 'ရုံတင်ဝင်ငွေ အဆိပ်အတောက်လေး'ကို သိမ်းသွင်းလိုက်ပါပြီ။ သူ့အလုပ် ကောင်းမွန်စွာ ပြီးမြောက်သွားခဲ့ပြီ။

"ဆုံးဖြတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ ပြင်ဆင်မှုတွေ အမြန်လုပ်ပြီး တတ်နိုင်သမျှ အမြန်ဆုံး ရိုက်ကူးရေးစကြတာပေါ့"

တစ်ပြိုင်တည်းနဲ့ ယွမ် သန်း ၃၀ ဖြုန်းတီးဖို့ ဖေးချမ့် မစောင့်နိုင်တော့ပါ။

လောလောဆယ်တော့ ရုပ်ရှင်အတွက် ပြင်ဆင်မှု လုပ်ငန်းအားလုံး ပြီးဆုံးသွားပါပြီ။

ဇာတ်ညွှန်းလည်း အချောသပ်နိုင်ခဲ့ပြီဖြစ်ကာ စဦး ပြင်ဆင်မှုများ ပြီးဆုံးလုနီးပါး ဖြစ်နေပါပြီ။ အဓိက သရုပ်ဆောင် ၂ ယောက်ကို ရှာတွေ့ခဲ့ပြီ။ ၂ ယောက်စလုံးက နာမည်လည်း အတော်ကြီးပြီး သရုပ်ဆောင်လည်း ကောင်းသည်။ အပေါ်ယံကကြည့်ရင်တော့ ရုပ်ရှင်က အောင်မြင်မည့် ပုံစံပေါက်ပါသည်။ စတင် ရုံတင်သည့်နေ့မှာပဲ ကျရှုံးသွားမည့် ရုပ်ရှင်တစ်ကားနဲ့ လုံးဝ မတူပါ။

ဖေးချမ့်က သူ့ရည်ရွယ်ချက်အစစ်အမှန်များကို ဖုံးကွယ်ပြီး အားလုံးကို လိမ်ညာရာတွင် အတော်လေး အောင်မြင်မှု ရရှိနေခဲ့ပါသည်။

ခေါင်းဆောင်မင်းသမီးနဲ့ အရံသရုပ်ဆောင်များကို ရှာဖွေရာမှာတော့ သူဝင်ပါတော့မှာ မဟုတ်ပေ။ ထိုကိစ္စများကို ကျူးရှောင်စဲလက်ထဲသာ အပ်ထားလိုက်ပါမည်။

ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်မင်းသမီးကလည်း ရုပ်ရှင်ထဲမှာ သေးငယ်သည့် ကဏ္ဍတစ်ခုကသာ ပါဝင်ရမည်။ စကားပြော အများကြီးလည်း မရှိလောက်ဘဲ ထင်သလောက်လည်း ပြောင်မြောက်မှာ မဟုတ်ပါ။ ယခု ခေါင်းဆောင် မင်းသားနဲ့ အကဲဖြတ်ဒိုင်တို့နေရာတွင် သရုပ်ဆောင်မည့် သရုပ်ဆောင်များကို အတည်ပြုပြီးပြီ ဖြစ်သဖြင့် တခြား ဘယ် မင်းသား၊ မင်းသမီးမှ ဘယ်လောက်ပဲ ကြိုးစားကြပါစေ အခြေအနေတွေကို ပြောင်းပြန်ဖြစ်အောင် မလုပ်နိုင်တော့ဘူးဟု ဖေးချမ့် ယုံကြည်ချက်ရှိပါသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့။ တနင်္လာနေ့...

ဖေးချမ့် နိုးတစ်ဝက်မနိုးတစ်ဝက်နဲ့ သူ့ မနက် ၁၀ နာရီ နှိုးစက်ကို ပိတ်ကာ နောက်ထပ် မိနစ် ၃၀ လောက် ထပ်အိပ်ပြီးမှ ပုံမှန်အတိုင်း အိပ်ယာထခဲ့သည်။

သူထထိုင်လိုက်တော့ နေ့လည်စာစားချိန်တောင် ရောက်တော့မှာကို မြင်လိုက်ရပါသည်။ ထို့ကြောင့် ယွီသရေစာ အစားအသောက်များကို မှာယူလိုက်၏။ ခဏလောက် ရှိုးများကို ကြည့်ရှုပြီးနောက် သူ့အစားအသောက်များ ရောက်ရှိလာသည်။ ဖေးချမ့် အစားစားရင်း လာမယ့် အပတ်တွေထဲ လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်း စဉ်းစားလိုက်ပါသည်။

ဒီတစ်သုတ်အတွက် တာဝန်တွေ ခွဲဝေပေးတာ အနည်းနဲ့ အများပြီးဆုံးသွားပါပြီ။ နောက်လာမည့် ၅ ရက် ၆ ရက်အတွင်း သူအလုပ်ရှုပ်စရာ ကိစ္စ ရှိလောက်မှာ မဟုတ်တော့ပါ။

သို့သော်လည်း အလှူအတန်းအတွက် ယွမ် ၅ သန်းအား ဘယ်လိုသုံးရမလဲဆိုတာကို မစဉ်းစားရသေးပေ။

အလှူအတန်းလုပ်ဖို့ နည်းလမ်းများစွာ ရှိသည်။

နိုင်ငံခြား ကုမ္ပဏီ အကြီးစားများက အခွန်ရှောင်နိုင်အောင် အလှူအတန်းလုပ်ကြသည်။ တချို့က အလှူအတန်းကို စီးပွားရေးပုံစံတစ်ခုလိုတောင် သဘောထားကြသည်။ သူတို့ အရှုံးမပေါ်သည့်အပြင် အကျိုးအမြတ်တချို့တောင် ရနိုင်ကြပါသည်။

တစ်ဖက်မှာတော့ ဖေးချမ့် အလှူအတန်းလုပ်ရသည့် ရည်ရွယ်ချက်က သန့်စင်သည်။ ငွေဖြုန်းတီးချင်တာကြောင့်သာ ဖြစ်သည်။

အရိုးရှင်းဆုံး နည်းလမ်းကတော့ ယွမ် ၅ သန်းစလုံးကို လှူဒါန်းပစ်လိုက်ဖို့ ဖြစ်သည်။ သို့သော်လည်း ဒီငွေတွေကို ဘယ်သူ့ သွားလှူရမှာလဲ။ ဒါက စဉ်းစားရမည့် နောက်ပြဿနာ တစ်ခု ဖြစ်သည်။

ဆင်းရဲတဲ့ ကလေးတွေဖြစ်ဖြစ်၊ ဖွံ့ဖြိုးတိုးတက်မှု နည်းတဲ့ ဒေသတွေကိုပဲ ဖြစ်ဖြစ် လှူဒါန်းဖို့ ရွေးချယ်လျှင် အလှူအတန်း အဖွဲ့အစည်းတချို့နဲ့ ပတ်သတ်ရလိမ့်မည်။ အလှူအတန်း အဖွဲ့အစည်းများကို လေ့လာပြီး စိတ်ချရတဲ့အဖွဲ့အစည်းနဲ့ စိတ်မချရတဲ့ အဖွဲ့အစည်းများကို ခွဲခြားဖို့ အချိန်ကော အင်အားကော မရှိပါ။

ဘာပဲဖြစ်ဖြစ် အပေါ်ယံမှာ စိတ်ချရသည့်ပုံပေါ်သည့် အလှူအတန်းနဲ့ ပရဟိတ အဖွဲ့အစည်းများက တချို့ အကျင့်ပျက် ခြစားမှုများတွင် ပါဝင်နေကြတာပဲ မဟုတ်ပါလား။

ဒီငွေတွေကို ဖြုန်းရမှာ မှန်သော်လည်း သူ့ကြောင့် ဂုတ်သွေးစုပ်သူများ အကျိုးအမြတ်ရရှိသွားလျှင် ဖေးချမ့် အလွန် မကျေမနပ် ဖြစ်ရပါလိမ့်မည်။

ထို့ကြောင့် သူ့ဘေးပတ်ဝန်းကျင်မှ အစပြုဖို့ ဖေးချမ့် စီစဉ်လိုက်သည်။ ပိုက်ဆံကို တကယ် လိုအပ်နေသည့် လူတွေ လက်ထဲ ရောက်အောင် သေချာ လုပ်ပေးပြီးမှ နယ်ပယ် ထပ်ချဲ့ထွင်မည်ဖြစ်သည်။

ယွမ် ၅ သန်း အသုံးပြုရခြင်းက အများကြီးဟု မထင်ရပေ။ နိုင်ငံခြားကက ပိုင်ဆိုင်မှု ၉၀ ရာခိုင်နှုန်းလောက်ကို ပုံအော လှူဒါန်းကြသည့် သူဌေးကြီးများနဲ့ ယှဉ်ပါက ဒီပမာဏမှာ မပြောပလောက်ပါ။

သို့သော်လည်း နိုင်ငံခြားက သူဌေးများစွာက အခွန်ရှောင်နိုင်ဖို့ ပုံအောလှူဒါန်းကြတာသာ ဖြစ်သည်။ သူတို့ရဲ့ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းလေးလောက်ကိုပဲ တကယ့် ပရဟိတအတွက် အသုံးပြုချင်ရင်တောင် ကံကောင်းလှပါပြီ။

ဆန့်ကျင်ဘက်အနေဖြင့် ဖေးချမ့် လှူဒါန်းဖို့ သုံးစွဲမည့် ယွမ် ၅ သန်းစလုံးက ကောင်းမွန်စွာ အသုံးချနိုင်ဖို့သာ ရည်ရွယ်သည်။ ဘယ်လိုနည်းလမ်းနဲ့မှ ဒီပမာဏ လျော့နည်းမသွားအောင် သေချာလုပ်ပါမည်။ စနစ် ရန်ပုံငွေထဲက စဦးပမာဏ တိုးလာလေလေ ဖေးချမ့် အလှူအတန်းပိုလုပ်နိုင်လေလေ ဖြစ်သည်။ အနာဂတ်တွင် အလှူအတန်းအတွက် ယွမ် ၈ သန်း ၁၀ သန်း သို့မဟုတ် ထို့ထက်ပိုပြီးတောင် သုံးလာရနိုင်ပါသည်။

နောက်ပိုင်း တဖြည်းဖြည်းနဲ့ ဖေးချမ့် ပရဟိတ ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ပြီး ငွေတွေကို စီမံခိုင်းကာ တကယ်လိုအပ်နေတဲ့ လူတွေ လက်ထဲ ရောက်အောင် သေချာ ဖန်တီးပေးသွားပါမည်။

သို့သော်လည်း လောလောဆယ်တော့ ထိုကဲ့သို့ ဖော်ဒေးရှင်းမျိုး မလိုအပ်သေးပါ။

ထို့ကြောင့် ဖေးချမ့် ဘေးပတ်ဝန်းကျင်မှ စတင်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ အနည်းဆုံးတော့ လိုအပ်နေသူတွေ လက်ထဲ ငွေတကယ်ရောက်ကြောင်း သူကိုယ်တိုင် အတည်ပြုနိုင်ပါလိမ့်မည်။

ဘယ်သူ့ကို ငွေပေးရမလဲ ဆိုတာကိုတော့... ဖေးချမ့် မစဉ်းစားရသေးပါ။

သူ့အတွေး နက်နဲနေစဉ် ဖုန်းသံမြည်လာ၏။ ဖေးချမ့် ကိုင်ထားသည့် တူကို ချလိုက်ပြီး ဖန်သားပြင်ကို လှမ်းကြည့်လို်ကသည်။ သူ့တက္ကသိုလ်ဆရာကြီး ကျန်းဝေ ဖြစ်နေပါသည်။

"အမ်" ဖေးချမ့် အနည်းငယ် အံ့အားသင့်သွားသည်။

အရင်တစ်ခေါက် ကျန်းဝေ ဖုန်းဆက်တုန်းက ဖေးချမ့်ကို အတန်းဖော်တချို့အား ဖေးဟွမ်လုပ်ငန်းရဲ့ ခေါင်းဆောင်နဲ့ မိတ်ဆက်ပေးဖို့ အကူအညီတောင်းခြင်း ဖြစ်သည်။ သူ့ရည်ရွယ်ချက်က ဖေးချမ့်ရဲ့ စီနီယာများကို အလုပ် တစ်ခုခု ရစေဖို့ ဖြစ်သည်။

ထိုအချိန်တုန်းက ဖေးချမ့် ပွပေါက်တိုးပြီဟု ထင်ခဲ့သည်။ အလွန်ပျော်ရွှင်စွာဖြင့် အားလုံးကို တရုတ်ကျုံးထျန်နက်ဝေါ့ခ်ထံ ပို့ဆောင်ပြီး အလုပ် ပေးလိုက်ပါသည်။

ထို့နောက်... ဘာမှ ဆက်မဖြစ်တော့ပါ။

အခုချိန်မှ ကျန်းဝေ ဘာကြောင့် ဖုန်းဆက်လာရတာလဲ။

ဖေးချမ့်က တက္ကသိုလ် ဒုတိယနှစ်ရောက်နေပြီ ဖြစ်သည်။ ကျောင်းမှာလည်း ဘာတာဝန်မှ မယူထားသလို အဆင့်တွေကလည်း အလွန်ဆုံး အရင်နှစ်ကနဲ့ အတူတူလောက်ပဲ ဖြစ်သည်။ သေချာပေါက် ပညာသင်ဆုတွေ ဘာဆု ညာဆုတွေတော့ ရမှာ မဟုတ်ပါ။ တခြား အရာတွေဆို... ပို၍ပင် မဖြစ်နိုင်ပါသေးသည်။

စီနီယာတွေရဲ့ အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းဖို့ ကျန်းဝေ ဖုန်းထပ်ဆက်လာပြန်တာလား။

မဖြစ်နိုင်ပါ။ နိုဝင်ဘာလသာ ရှိသေးသည်။ သူ့စီနီယာတွေ ဘွဲ့မရသေးပါ။

ဇဝေဇဝါဖြစ်စွာဖြင့် ဖေးချမ့် ဖုန်းကိုင်လိုက်၏။ "ဟယ်လို ဆရာကျန်းလား"

ကျန်းဝေ ၂ စက္ကန့်လောက် တိတ်ဆိတ်သွားပြီး လေးပင်နေသော လေသံကြီးဖြင့် ပြောလိုက်ပါသည်။ "ဖေးချမ့်... အဲ အခု ဘော့စ်ဖေးလို့ ခေါ်ရမလား"

ဖေးချမ့်၏ စိတ်ထဲ မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားသည်။ တစ်ခုခုလွဲနေမှန်း သူ သိလိုက်ရသည်။

သူ့သရုပ်မှန် ပေါ်သွားပြီလား။

ကျန်းဝေက ဘွဲ့ရပြီးနောက် ထိုတက္ကသိုလ်မှာပဲ ဆရာအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။ ဖေးချမ့်ထက် ၅ နှစ် ၆ နှစ်လောက်သာ ပိုကြီးသည်။ ဂျန်နရေးရှင်းတစ်ခုတည်းကဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် အများကြီး မပတ်သက်သော်လည်း မိတ်ဆွေတွေလောက်တော့ ရင်းနှီးပါသည်။

ကျန်းဝေက မကြာခဏ သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ယောက်ျားလေး ကျောင်းသားတချို့ကို အစားအသောက်များ ဒကာခံလေ့ ရှိပါသည်။ ထို့ကြောင့် ဖေးချမ့်က ယေဘုယျအားဖြင့် သူ့ကို အထင်ကြီးမိခြင်း ဖြစ်သည်။။

သို့သော်လည်း ဒီဖုန်းဆက်မှုက ဖေးချမ့်အတွက် ပြဿနာ ဖြစ်လာနိုင်သည်။

အရင်တုန်းက ဖေးဟွမ်လုပ်ငန်းမှာ သူ အချိန်ပိုင်းအလုပ် လုပ်နေသည်ဟုသာ ဖေးချမ့် ကျန်းဝေကို ပြောထားခြင်း ဖြစ်သည်။ ထိုအချိန်တုန်းက ကျန်းဝေ ဘာမှ သံသယ မဖြစ်ခဲ့ပါ။

သို့သော်လည်း ဒီတစ်ခေါက်တော့ ကျန်းဝေက ဖေးချမ့်ကို 'ဘော့စ်ဖေး'ဟုပင် ခေါ်လိုက်သည်။ ဒါ အလွန် ပြဿနာကြီးပါသည်။

ဖေးချမ့်က ခပ်ကြောက်ကြောက်နဲ့ ရယ်ပြလိုက်သည်။ "ဆရာကျန်းကလည်း ဘာတွေ လာနောက်နေတာလဲ။ ကျွန်တော် ဘယ်တုန်းက ဘော့စ်ဖေး ဖြစ်သွားတာလဲ"

ကျန်းဝေက ဒေါသလည်းထွက် အူလည်းမြူးသည့် လေသံဖြင့် ပြောလိုက်သည်။ "ဟန်ဆောင်နေတာ ရပ်စမ်းပါ။ မကြာသေးခင်က ကျူးရှင်းအန်သာ ငါ့ဆီ အလည်ပြန်လာပြီး မင်းအကြောင်း မပြောပြရင် ငါ ဘာမှ မသိရဘဲ နေဦးမှာကွ။"

"ဒီတစ်ချိန်လုံး မင်းက ထန်းတာ့ရဲ့ ဘော့စ်ဖြစ်နေတာပေါ့။ ဒါဆို ဖေးဟွမ်လုပ်ငန်းနဲ့ တခြား ကုမ္ပဏီတွေက မင်းအပိုင်တွေချည်းပဲလား"

"မင်းကတစ်ခုခုတော့ တစ်ခုခုပဲ။ လွန်ခဲ့တဲ့ တစ်နှစ်တာအတွင်း မင်းဆီက ဘာသတင်းမှတောင် မကြားခဲ့ဘူး။ မင်းကတော့ ထန်းတာ့လို လုပ်ငန်းကြီး တစ်ခုကိုတောင် တည်ထောင်နိုင်ခဲ့ပြီ။ တစ်ချိန်လုံး လူမသိသူမသိနေခဲ့တာကိုး။ မင်းရဲ့ အောင်မြင်မှုအကြောင်း သိတဲ့လူ များများစားစား မင်းဘေးမှာတောင် မရှိဘူး"

"တခြားသူတွေသာဆို အကျိုးအမြတ်လေးနည်းနည်းရတာနဲ့ ကျောင်းတစ်ကျောင်းလုံးကို ပတ်ကြွားလို့ ဆုံးမှာ မဟုတ်ဘူး။ မင်းက အများကြီး ပိုတော်တယ်။ ဒီလို အကြီးစား ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ပြီးတာတောင် မင်းရဲ့ လုပ်ငန်းတွေကို လျှို့ဝှက်လုပ်ဆောင်ခဲ့သေးတယ်။ သူခိုးကျနေတာပဲ"

ဖေးချမ့် ဆွံ့အသွားသည်။ "..."

သွားပြီ။ ငါ့သရုပ်မှန် ပေါ်သွားပြီ။

ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှာ သူ့မျက်နှာကြီး သွားမပြဖို့ ဖေးချမ့် အများကြီး ကြိုးစားခဲ့သည်။ သို့သော်လည်း ဒါကို တစ်သက်လုံး ဖုံးကွယ်ထားဖို့ နည်းလမ်းတော့ မရှိပါ။

ဖေးချမ့် စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ "ဆရာကျန်း။ ကျွန်တော်က အမြဲတမ်း လူမသိသူမသိပဲ နေတတ်တာ သိတယ် မဟုတ်လား။ ကျွန်တော်ဒီတိုင်း ကျောင်းမှာ သာမန်ဘဝနဲ့ပဲ နေချင်တာပါ။ ကျွန်တော် စာသင်ဖို့ လုပ်နေတုန်း အတန်းထဲ စီနီယာတွေ သူငယ်ချင်းတွေ အပြေးရောက်လာပြီး အလုပ်တောင်းတာမျိုး မဖြစ်ချင်ဘူးလေ။ အဲ့တာဆို တော်တော် ကြည့်ရဆိုးမှာ..."

ကျန်းဝေ ဆွံ့အသွားရသည်။ "ငါအခု ကြည့်နေတာ စီးပွားရေးပါရမီရှင်ကြီးရဲ့ စိတ်နေစိတ်ထားမျိုးလား။ မင်းက တခြားသူတွေနဲ့ တကယ် ခြားနားတာပဲ။ အေးပါ။ မင်းက အဲ့လိုပြောမှတော့ မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့ လျှို့ဝှက်ထားပေးပါ့မယ်။ မင်းရဲ့ သာမန်ဘဝကို ထိခိုက်စေမှာ စိုးရိမ်ဖို့ မလိုဘူး"

"ဒါပေမယ့်..."

"လာမယ့် ဘွဲ့ရာသီမှာ မင်း ဆရာကျန်းကို နည်းနည်းလောက် ကူညီပေးမလား"

"ကျူးရှင်းအန်က သူတို့အကုန်လုံးကို ကျုံးထျန်တရုတ်နက်ဝေါ့ခ်ဆီ မင်းပို့ပေးလိုက်ပြီး အခု ဝက်ဘ်ဆိုက်က တော်တော် အဆင်ပြေနေတယ်လို့ ပြောသွားတယ်။ ကြည့်ပါဦး။ နှစ်ဦးနှစ်ဖက် အဆင်ပြေနေတဲ့ အခြေအနေပဲ မဟုတ်လား။ ကျောင်းက မင်းကို ပါရမီရှင်လေးတွေ ထောက်ပံ့ပေးတယ်။ မင်းက မင်းစီနီယာတွေကို အလုပ်ထောက်ပံ့ပေးတယ်။ ငါ့ရဲ့ အလုပ်ရှာဖွေနှုန်းလည်း တက်သွားပြီး မင်း ကုမ္ပဏီရဲ့ အဆင်ပြေချောမွေ့မှုလည်း ပိုတိုးတက်သွားပြီ။ ဘယ်လောက်တာင် ကောင်းလိုက်သလဲ"

ဖေးချမ့် ဆွံ့အသွား၏။ "..."

အပေါ်ယံက ကြည့်ရင်တော့ ကောင်းသလို ထင်ရပေမယ့်... ထားလိုက်ပါတော့ ရှင်းပြရတာ ခက်တယ်။

ဖေးချမ့် စီနီယာတွေ ထပ်ပြီး မခေါ်ချင်တော့ပါ။ သူသည်းခံနိုင်မှာ မဟုတ်တော့ပေ။ နောက်ထပ် ကျုံးထျန်တရုတ်နက်ဝေါ့ခ် နောက်တစ်ခုသာ ဘယ်ကမှန်းမသိ ပေါ်လာခဲ့ပါက ကိုယ့်ကိုယ်ကို သတ်သေဖို့တောင် စဉ်းစားမိလောက်ပါသည်။

လောလောဆယ် ကျုံးထျန်တရုတ်နက်ဝေါ့ခ်က ဝင်ငွေ အများကြီး မရသေးသော်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ ဘော့စ်ဖေးက သူ့ဝန်ထုပ်ဝန်ပိုးတွေကို ထပ်ပြီး မတိုးမြင့်လာစေချင်တော့ပါ။

သို့သော် ဆရာကျန်းကိုလည်း ငြင်းလိုက်လို့ မရပါ။ ဘာပဲဖြစ်ဖြစ် သူပြောတာလည်း မှန်ပါသည်။ ဘယ်ရှုထောင့်ကကြည့်ကြည့် ကျောင်းအတွက်ကော၊ သူ့အတွက်ကော၊ သူ့လုပ်ငန်းအတွက်ကော နှစ်ဦးနှစ်ဖက် အဆင်ပြေသော အခြေအနေဖြစ်သည်။ ဖေးချမ့် သူ့ကို ဘယ်လို ငြင်းနိုင်မည်နည်း။

ရုတ်တရက်ကြီး မကြာသေးခင်က သူစီစဉ်ထားသည့် ဝန်ထမ်းခေါ်ယူမှု စာမေးပွဲများအကြောင်းကို တွေးမိသွားသည်။ သူ့ခေါင်းထဲ အိုင်ဒီယာတစ်ခု ပေါ်လာခဲ့၏။

"ဆရာကျန်း လက်ရှိအခြေအနေက ဒီလိုတော့ ရှိတယ်"

"ကြိုမမြင်နိုင်တဲ့ အခြေအနေတွေအများကြီးကြောင့် လတ်တလောမှာ ထန်းတာ့က လူတိုင်းရဲ့ အာရုံစိုက်ရာ ဖြစ်လာတာကို သိတယ်မလား။ ကုမ္ပဏီက ဝန်ထမ်း ခေါ်ယူမှုအတွက် နည်းလမ်းကျတဲ့ စနစ်တစ်ခုကို သတ်မှတ်ထားတယ်။ အခု လျှောက်ထားသူ အားလုံးကို စာမေးပွဲတွေ အများကြီး ဖြေခိုင်းပြီးမှ သူတို့ရဲ့ ရလဒ်အပေါ် မူတည်ပြီး ရွေးထုတ်တယ်"

"ဒီစနစ်ကို ဖန်တီးပြီးမှ ကျွန်တော့်အတွက် ကျွန်တော် ခြွင်းချက်ဆိုပြီး လုပ်လိုက်လို့တော့ မရဘူးလေ။ ဟုတ်တယ်မလား"

"... အေးပါကွာ။ အဲ့တာဆိုလည်း နှမြောစရာကြီးပေါ့" ကျန်းဝေက ဖြေလိုက်သည်။

"အေးပါ။ စနစ်တစ်ခု သတ်မှတ်ထားပြီးသားဆိုတော့ မင်းကို အတင်းအကြပ် မခိုင်းတော့ပါဘူး။ နောက်ဆုံးနှစ်ရောက်နေတဲ့ ကျောင်းသားတွေကို မင်းရဲ့ ကုမ္ပဏီဝင်ခွင့်စာမေးပွဲအတွက် ကြိုတင် ပြင်ဆင်ခိုင်းထားလိုက်ပါ့မယ်"

ထိုအချိန်တွင် ဖေးချမ့် တစ်ခုခုကို တွေးမိသွားသည်။

"သြော် ဟုတ်သားပဲ ဆရာကျန်း။ ကျွန်တော်သူတို့ကို တိုက်ရိုက် ခန့်အပ်လို့ မရတော့ဘူးဆိုပေမယ့် ကျောင်းကို တခြားနည်းလမ်းနဲ့ ကူညီပေးလို့ ရပါသေးတယ်။ ပထမဆုံး ဘွဲ့လွန်ဒီဂရီအတွက် ပညာသင်နေတဲ့ စီနီယာတချို့ လာမယ့် ဝန်ထမ်းခေါ်ယူ စာမေးပွဲတွေမှာ ကျွန်တော့်ကို ကူပြီး အဖြေလွှာ စစ်ပေးရင် အသိအမှတ်ပြုမိမှာပါ။ သူတို့ကို ကျိန်းသေ ထောက်ပံ့ကြေးပေးမှာပါ"

ကျန်းဝေက ဖြေလိုက်သည်။ "အဲ့ဒါ စီစဉ်ဖို့ လွယ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ကျောင်းကလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲတွေကော၊ အစိုးရဝန်ထမ်း စာမေးပွဲတွေကော အဖြေလွှာစစ်ဖို့အတွက် ဘွဲ့လွန်ပညာသင်ကျောင်းသားတွေကို တာဝန်ပေးထားတာပဲလေ"

"ကျောင်းနားထားတဲ့အချိန်တွေမှာ မင်းကုမ္ပဏီ စာမေးပွဲအတွက် အဖြေလွှာတွေ ကူစစ်ပေးနိုင်မှာပါ။ အဲ့အတွက် စီစဉ်ဖို့ ကျောင်းအုပ်ကြီးနဲ့ ငါစကားပြောလိုက်မယ်။ ပြဿနာ မရှိလောက်ပါဘူး"

ဖေးချမ့်က ထပ်ပြောလိုက်သည်။ "ကျောင်းမှာ လိုအပ်နေတဲ့ ကျောင်းသားလေးတွေကို ငွေနည်းနည်းလည်း လှူချင်သေးတယ်"

ကျန်းဝေ ပြန်ပြောလိုက်၏။ "ရတာပေါ့။ အဲ့တာ ကောင်းတာပေါ့။ အဲ့တာ ဘယ်လိုလုပ်မယ်လို့ စီစဉ်ထားလဲ။ ကျောင်းရဲ့ လိုအပ်ချက်ရှိတဲ့ ကျောင်းသား စာရင်းကို ကြည့်ချင်လား"

ဖေးချမ့် ခေါင်းခါလိုက်သည်။ "ကျောင်းရဲ့ ကမ်းပတ်စ်ကတ်စနစ်ကို သုံးချင်တယ်။ တစ်လကို ကန်တင်း အများကြီး သွားပေမယ့် သွားတိုင်း ငွေ သိပ်မသုံးတဲ့ လူတွေကို ရွေးလိုက်မယ်။ အဲ့တာပြီးမှ ကျောင်းက အဲ့ဒီကျောင်းသားတွေရဲ့ ငွေကြေးနောက်ခံ အခြေအနေကို စစ်ဆေးကြည့်လိုက်ပေါ့"

"သူတို့ထဲက တကယ် လိုအပ်တဲ့ ကျောင်းသားလေးတွေကို တစ်လ ယွမ် ၅၀၀ နဲ့ နောက်ထပ် ၅ လတိတိ ထောက်ပံ့ပေးသွားမယ်။ ဒီလောက်ဆို သူတို့ရဲ့ အခြေခံ လိုအပ်ချက်တွေ ပြေလည်သွားမှာပါ"

"ကျွန်တော် စုစုပေါင်း ကျောင်းသား ၂,၀၀၀ ကို ထောက်ပံ့ပေးမယ်"

ကျန်းဝေ ခေတ္တ တိတ်ဆိတ်သွားပြီး ပြန်ပြောလိုက်ပါသည်။ "ကောင်းပါပြီ။ အဲ့ဒီက ကျောင်းသားတွေကိုယ်စား မင်းကိုယ်ကျေးဇူးတင်ပါတယ်"

All Chapters