← Chapters

အလုပ်ရှာ အတွေ့အကြုံ မျှဝေပါဦး

Vol. 23 Ch. 337

အလုပ်ရှာ အတွေ့အကြုံ မျှဝေပါဦး

Vol. 23 Ch. 337

ဖုန်းချပြီးနောက် ကျန်းဝေအနည်းငယ် ကြည်နူးသွားရသည်။

သူ တက္ကသိုလ်မှာ ဆရာဖြစ်တာ မကြာသေးပါ။ သို့သော် ထူးချွန်သည့် ကျောင်းသားများစွာ အကြောင်း ကြားဖူးပါသည်။

တချို့က တက္ကသိုလ်သင်ရိုးတစ်ခုလုံးကို ၂ နှစ် ၃ နှစ်အတွင်း ပြိးမြောက်အောင် သင်ယူနိုင်ခဲ့ကြသည်။ ကျောင်း၏ သင်ရိုးတွင် ပါဝင်ခဲ့သည့် ပရိုဂရမ်များကို ပိုင်ဆိုင်ကြပြီး ကုမ္ပဏီအကြီးစားများတွင် အချက်အချာကျသည့် ကဏ္ဍများကို ပိုင်ဆိုင်သွားကြကာ ဧရာမ ပရောဂျက်ကြီးများကို တာဝန်ယူကြရသည်။

တချို့ကတော့ နိုင်ငံတော်ကိုယ်စားပြု စစ်တုရင် ချန်ပီယံလုပြိုင်ပွဲကြီးများတွင် ပါဝင်ကြပြီး ပထမဆုကို ရရှိသွားကြသည်။ တချို့ကတော့ သိပ္ပံနဲ့ သုတေသနအတွက် အားစိုက်ထုတ်ထားကြပြီး ပညာရေးသုတေသနစာတမ်းများစွာ ထုတ်နိုင်ခဲ့ကာ ဆန်းကြယ်သည့် မူပိုင်ခွင့်များစွာကိုပါ ရရှိခဲ့ကြသည်။

၎င်းတို့တွင် လိုအပ်နေပြီး လူနေမှုအသိုင်းအဝိုင်းကို စိတ်အားထက်သန်မှုများဖြင့် ကူညီပေးခဲ့ကြသည့် လူများရှိသည်။ အင်တာနေရှင်နယ် ဒီဇိုင်းဆုများကို ပိုင်ဆိုင်ခဲ့ကြပြီး အကြီးစား ကုမ္ပဏီများမှာ ကြိုတင် ကမ်းလှမ်းမှုများကို ရရှိထားကြသူများ၊ သူများတွေ အန္တရာယ်ကြုံနေချိန်မှာ ကယ်တင်ခဲ့ကြသူများ ဖြစ်သည်။

တက္ကသိုလ်တစ်ခုဆိုတာ ပါရမီရှင်များနဲ့ ပြည့်နှက်နေသည့် နေရာတစ်ခုပဲဖြစ်သည်. ဟန်တုန်းတက္ကသိုလ်ကလည်း နိုင်ငံတော်၏ အချက်အချာကျသော တက္ကသိုလ်များထဲက တစ်ခု ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ပါရမီရှင်တွေ တက္ကသိုလ်ကို ပိုပိုပြီး ဝင်ရောက်လာကြတာ မဆန်းပါ။

ဒီလို ပတ်ဝန်းကျင်မျိုးမှာ သာမန်ကျောင်းသားများစွာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ အလွယ်တကူ ဖြစ်လာနိုင်ကြသည်။

၎င်းတို့ရဲ့ အထက်တန်းကျောင်းတုန်းက အားလုံးနီးပါးက ပါရမီရှင်များဟု သတ်မှတ်ခံထားခဲ့ရသည်။ သို့သော် တက္ကသိုလ်ကို ရောက်လာချိန်မှာတော့ သူတို့နားက လူအားလုံးကလည်း တန်းတူညီမျှ ပါရမီရှိနေတာကို တွေ့လိုက်ရပါမည်။ တချို့ စိတ်ပိုင်းဆိုင်ရာ အားနည်းသည့် ကျောင်းသားတချို့က ဒါကို လက်ခံနိုင်ဖို့ ခက်ခဲလိမ့်မည်။

ထို့ကြောင့် သူ့လက်အောက်မှာ ထူးချွန်သည့် ကျောင်းသားအများကြီး ရှိနေတာကို ကျန်းဝေ မအံ့သြပါ။

သို့သော်လည်း ဖေးချမ့်ကတော့ တက္ကသိုလ် ပထမနှစ်မှာတင် တိုးတိုးတိတ်တိတ်နဲ့ ကိုယ်ပိုင်ကုမ္ပဏီ တစ်ခုကို တည်ထောင်ခဲ့ပါသည်။ ထို့နောက်တွင်တော့ သူ့လုပ်ငန်းကို ဒီနေ့ဒီလို အခြေအနေထိရောက်လာအောင် လူမသိသူမသိ ဆောင်ရွက်ခဲ့သည်။

ထိုအချက် တစ်ခုတည်းနဲ့တင် အလွန်မယုံနိုင်စရာ ကောင်းလွန်းနေပါပြီ။ ကျန်းဝေ စိတ်ကူးနဲ့ မမှန်းဆနိုင်လောက်အောင်ဖြစ်သည်။ ကျန်းဝေရဲ့ မှန်ကန်သည်ဟူသော ယူဆချက် အားလုံးကို ပျောက်ကွယ်သွားစေသည်။

သို့သော် အရှားပါးဆုံးနဲ့ တန်ဖိုးအရှိဆုံးအချက်ကတော့ သူ့ကျောင်းသားမှာ သူ့အောင်မြင်မှုများကို ကြွားလည်းမကြွားသလို ဖြီးလုံးလည်း မထုတ်ခဲ့ပါ။ ထို့အစား သူ့စီးပွားရေး စတင် အဆင်ပြေလာတာနဲ့ ဘဝမှာ ပိုခက်ခဲသည့် အချိန်များကို ကျော်ဖြတ်နေရသည့် ကျောင်းက လိုအပ်နေသည့် ကျောင်းသားများအတွက် ယွမ် ၅ သန်းကို လှူဒါန်းခဲ့သည်။

တကယ့်ကို လေးစားထိုက်ပါပေသည်။

မဟာဌာနခေါင်းဆောင်နဲဲ့ ကျောင်းအုပ်ကြီးတို့အတွက် ကျန်းဝေ အစီရင်ခံစာ စတင်ရိုက်နှိပ်လိုက်လေသည်။ အမှန်ပင်။ လိုအပ်နေသည့် ကျောင်းသားများကို ဒီလို ပံ့ပိုးကူညီပေးဖို့ ကြိုးစားမှုအား ကျောင်းကလည်း အစွမ်းကုန် ထောက်ပံ့ပေးသွားပါမည်။

ယခု ယွမ် ၅ သန်းကို သုံးစွဲလိုက်ပြီ ဖြစ်တာကြောင့် ဖေးချမ့် ဒီတစ်သုတ်အတွက် ဘာမှ စိုးရိမ်စရာ မကျန်တော့ပါ။

တကယ်တော့ ဒီတစ်သုတ်၏ နောက်ဆုံးအချိန်လောက်မှ ငွေ ၅ သန်းကို သုံးဖို့ စောင့်လို့လည်း ရပါသသည်။ ဧကန္တ သူ့သုံးစွဲမှု၏ အာနိသင် အများဆုံး ဖြစ်သွားနိုင်၏။

သို့သော် အနည်းငယ် စဉ်းစားပြီးနောက် ဒီ ယွမ် ၅ သန်းက လိုအပ်နေသည့် ကျောင်းသားများ၏ နေထိုင်မှု စံနှုန်းအတွက် လက်တွေ့ကျကျ ပြောင်းလဲမှု ဖြစ်သွားစေနိုင်သည်ဟု ဖေးချမ့် တွေးလိုက်မိသည်။ သူစောစော လှူဒါန်းလေလေ လိုအပ်နေသည့် ကျောင်းသားများ နေ့စဉ် များများ ပိုစားသောက်နိုင်လေ ဖြစ်လောက်သည်။

ထို့ကြောင့် ငွေကို သုံးလို့ ရတာနဲ့ ကောင်းကောင်း အသုံးချခဲ့ပါသည်။ ဒီတစ်သုတ်စတင်ပြီး ချက်ချင်း ငွေကို သုံးစွဲလိုက်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါသည်။

နေ့လည်စာ စားပြီးနောက် ဖေးချမ့် ရုံးလာခဲ့သည်။

သူ ပထမဆုံးလုပ်တာက လက်ထောက်ရှင်းကို ကျောင်းနဲ့ အတူ ပူးပေါင်းကာ လှူဒါန်းမှုအတွက် အချက်အလက်များ လိုအပ်ခဲ့သည်ရှိသော် ကူညီပေးဖို့ တာဝန်ပေးလိုက်သည်။ လက်ထောက်ရှင်းလည်း အလွန်ဆုံး ကျောင်းက သက်ဆိုင်ရာဌာနများနဲ့ သွားရောက် ဆွေးနွေးရနိုင်ပါသည်။

ငွေများက လိုအပ်နေသည့် ကျောင်းသားများ၏ Campus ကတ်များထဲသို့ တိုးတိုးတိတ်တိတ် ဝင်သွားဖို့သာ ဖေးချမ့် သေချာလုပ်ဖို့လိုသည်။ ဆူဆူညံညံသံတွေ မထွက်စေချင်တာကြောင့် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များကို ကျော်ပစ်လိုက်ပြီး ဒီကိစ္စရှင်းဖို့ လက်ထောက်ရှင်းကိုသာ ကိုယ်တိုင် သွားရောက်ခိုင်းလိုက်မည်။

ထို့နောက် ထန်းတာ့၏ ဝန်ထမ်းခန့်အပ်မှု စာမေးပွဲများအကြောင်း မေးမြန်းဖို့ ဖေးချမ့် HR ဌာနကို သွားခဲ့ပါသည်။

ပထမတော့ နှစ်စဉ်မေလနဲ့ နိုဝင်ဘာလတွေတိုင်းမှာ ဝန်ထမ်းသစ်များကို ခန့်အပ်ဖို့ ဆုံးဖြတ်ထားသည်။ သို့သော်လည်း ဒါက သူတို့ရဲ့ ပထမဆုံး ဝန်ထမ်းခန့်အပ်မှု ဖြစ်သဖြင့် အချိန်ကလည်း အနည်းငယ် ကြပ်တည်းလာသည်။ အခုက နိုဝင်ဘာလ ၂၂ ရက်နေ့တောင် ရောက်နေပြီဖြစ်ပြီး ဝန်ထမ်းခန့်အပ်မှု လုပ်ငန်းစဉ်များက မပြီးဆုံးသေးပါ။

ဘယ်လိုပဲဖြစ်ဖြစ် ၁ ပတ် ကျန်ပါသေးသည်။ သူတို့ အနည်းနဲ့ အများလည်း ပြီးမြောက်နေကြပြီဖြစ်သည်။ နောက်တစ်ပတ်ထဲ ပထမဆုံး ဝန်ထမ်းခန့်အပ်မှုကို တရားဝင် ကျင်းပနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

ဝန်ထမ်းခန့်အပ်မှုစာမေးပွဲများအတွက် ဖိုင်နယ် ပြင်ဆင်မှုများကို ဟောက်ယွင်နဲ့ အတည်ပြုလိုက်ပြီး အချက် ၂ ချက်ကို ထပ်မံ ထည့်သွင်းလိုက်ပါသည်။

ပထမ ၁ ချက်က အဖြေလွှာများ စစ်ဖို့ဖြစ်သည်။ ဒါနဲ့ ပတ်သတ်ပြီး ကူညီပေးဖို့အတွက် ဟန်တုန်းတက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသားများကို ငှားရမ်းမည်။ အဖြေလွှာစစ်ဖို့ လူအမြောက်အများ ဖွဲ့စည်းမည်ဆိုသော်လည်း စာစစ်အုပ်စုတစ်စုစီ၏ ခေါင်းဆောင်တိုင်းက ထန်းတာ့ဝန်ထမ်း ဖြစ်ရမည်။ ဒါမှ လူတွေ စနစ်ကို လူလည်မကျမှာ ဖြစ်ပါသည်။

HR ဌာနက ကျိန်းသေ ဒါကို ဆောင်ရွက်ရမည်။

ဒုတိယ အခချက်က အာဏာနဲ့ ပတ်သတ်သည်။ ထန်းတာ့တွင် အလုပ်လျှောက်ခဲ့သူတိုင်း အခု စာမေးပွဲ ထိုင်ဖြေရတော့မှာ မှန်သော်လည်း စာမေးပွဲ လုပ်ငန်းစဉ် တစ်ခုလုံးကို ကျော်ဖြတ်စရာမလိုဘဲ တစ်ယောက်ယောက်ကို ချက်ချင်း ထပ်ခန့်အပ်ခွင့် ဖေးချမ့်မှာ ရှိရမည်။ ကုမ္ပဏီရဲ့ ဘော့စ်တစ်ယောက် အနေနဲ့ သူ့ရဲ့ အကြွင်းမဲ့အာဏာကို ထိန်းသိမ်းထားရမည်။ သူပြောပြီးသွားသောအခါ ပရောဂျက်အဖွဲ့ အခြေအနေ ဘယ်လိုရှိသလဲ စစ်ဆေးဖို့အတွက် ရုံးကို တစ်ပတ် ပတ်လိုက်ပါသည်။

လောလောဆယ် GOG က ဖန်တီးသုတေသန အစောပိုင်း အဆင့်များမှာသာ ရှိသေးသည်။ ဒီဇိုင်းအများစုက ဒီဇိုင်းမူကြမ်းအဆင့်မှာသာ ရှိသေးပြီး ထုတ်ပြစရာ များများစားစား မရှိသေးပါ။

ဇာတ်ကောင် IP များကို ဝယ်ယူခြင်း၊ ဇာတ်ကောင်များ၏ Animations များနဲ့ ပတ်သတ်သည့် Concept ဒီဇိုင်းများကို အကြံထုတ်ခြင်း စသည့် လုပ်ငန်းစဉ်တွေမှာလည်း သတိပြုမိစရာ ခရီးပေါက်မှု မရှိသေးပါ။ ဖေးချမ့် ကြည့်စရာ တကယ် ဘာမှ မရှိသေးပါ။

သို့သော် ပေါင်ရှုကိုတော့ သေချာလေး အကဲခတ်ခဲ့ပါသေးသည်။

ပေါင်ရှု ခေါင်းပေါ်မှာ ဆံပင်တွေ ပိုပိုပြီး ပေါက်လာသည့် ပုံစံပင်။ သို့သော် အလုပ်အတွက် သူ့စိတ်အားထက်သန်မှုကတော့ ပိုပိုပြီး လျော့နည်းလာခဲ့ပါသည်။ ဖေးချမ့်သူ့ကို ခဏခဏ လှမ်းကြည့်ခဲ့သည်။ ကြည့်မိချိန်တိုင်းမှာလည်း သူက ဂိမ်းတွေသာ ကစားနေခဲ့သည်။ ဖိုင်တစ်ခု သို့မဟုတ် ဂိမ်းအယ်ဒီတာမှာ သူအလုပ်လုပ်နေတာမျိုးကို ဖေးချမ့် တစ်ကြိမ်တစ်ခါတောင် မတွေ့ဖူးပါ။ ဒါက သံသယဖြစ်ဖွယ် မရှိအောင် ကောင်းမွန်သည့် လက္ခဏာ ဖြစ်သည်။

"အင်း ကြည့်ရတာ ပေါင်ရှုတော့ လုံးဝ လူသစ် တစ်ယောက်လို ပြောင်းလဲသွားပြီထင်တယ်။ ခရီးသွားကုထုံးက တော်တော်လေး အာနိသင် ရှိနေတာပဲ"

ဖေးချမ့် ဒီရလဒ်ကို ကျေနပ်အားရမှု ရှိပါသည်။

နောက်ထပ် ထူးချွန်ဝန်ထမ်း ရွေးချယ်ပွဲက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်း အခမဲ့ခရီးသွားခွင့်ကို ပေါင်ရှုကိုယ်စား ဘယ်သူရသွားမလဲဆိုတာ ဖေးချမ့် တွေးမိပါသည်။

ထူးချွန်ဝန်ထမ်းရွေးချယ်ပွဲရဲ့ ပထမဆုရသူအစား ဒုတိယဆုရသူကိုသာ ပိုပိုပြီး အာရုံစိုက်လာမိတာကို ဖေးချမ့် သတိထားမိသွားသည်။

စဉ်းစားကြည့်မှ နောက်တစ်ခေါက် ထူးချွန်ဝန်ထမ်း ရွေးချယ်ပွဲမှာ ဖေးချမ့် ပြောင်းလဲမှု တချို့ ဆောင်ရွက်ရပါလိမ့်မည်။

အရင်တုန်းက ထူးချွန်ဝန်ထမ်းများကို ထန်းတာ့ဂိမ်းထဲကပဲ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဆိုလိုတာက ပထမဆုကို ရရှိသွားပြီး အထုတ်ခံလိုက်ရသည့် လူများက အမြဲတမ်း ထန်းတာ့၏ အစီစဉ်ဆွဲသူချုပ်များသာ ဖြစ်နေတတ်သည်။

ဒါလည်း ဖြစ်သင့်ပါသည်။ ဘာပဲဖြစ်ဖြစ် အစီစဉ်ဆွဲသူချုပ်များက ဂိမ်းဌာနထဲမှာ အမြဲလိုလို အလုပ် အများဆုံး ဦးဆောင်ရပြီး အလေးလံဆုံး တာဝန်များကို သယ်ဆောင်ထားရသည်။ ထို့ကြောင့် တခြားဝန်ထမ်းတွေရဲ့ အမြင်မှာတော့ သူက အလုပ်အကြိုးစားဆုံးလူ ဖြစ်လိမ့်မည်။ ထို့ကြောင့် ထိုရာထူးက အလုပ်လုပ်ဖို့ အန္တရာယ် အရှိဆုံး ရာထူး ဖြစ်ပါသည်။

အနည်းငယ် တွေးတောပြီးနောက် ဒီလို ဆက်လုပ်လို့ အဆင်မပြေမှန်း ဖေးချမ့် တွေးလိုက်ပါသည်။

သူ့အစီစဉ်ဆွဲသူချုပ်များကို မစွန့်လွှတ်နိုင်လို့ မဟုတ်ပါ။ သို့သော်လည်း ပြဿနာက ယခင်တုန်းက သူတို့အများစုကို ရှင်းထုတ်ပြီးသား ဖြစ်သည်။ သို့သော်လည်း ကိစ္စတွေ ပြောင်းလဲသွားသည့် အရိပ်အယောင် နည်းနည်းလေးတောင် မတွေ့ရသေးပါ။

အခုချိန်မှာ ထန်းတာ့က နယ်ပယ်ပေါင်းစုံကို ခြေချခဲ့ပြီ ဖြစ်သည််။ ကုမ္ပဏီက အရင်တုန်းကလိုမျိုးပဲ ဂိမ်းဌာန တစ်ခုတည်းပေါ်မှာ မူတည်မနေတော့ပါ။ ဖေးချမ့်အတွက်တော့ ဒါက ဦးတည်ဘက် အရပ်ရပ်သို့ အချက်ပြမီးများ ပစ်လွှတ်ရသလိုပင်။ ဒီလိုဆိုမှတော့ ထူးချွန်ဝန်ထမ်း ရွေးချယ်မှုကို ထန်းတာ့ ကော်ပိုရေးရှင်းအားလုံးအထိ တိုးချဲ့ရမည်။ လုပ်ငန်းခွဲများ အပါအဝင် ဖြစ်သည်။ ထိုကုမ္ပဏီအားလုံး၏ ထူးချွန်ဝန်ထမ်းများကို ရွေးချယ်ရမည်။

အနည်းငယ်စဉ်းစားကြည့်ပြီးနောက် TPDb မှာ ကုမ္ပဏီတွင်း မဲပေးမှုတစ်ခု ဖန်တီးလိုက်ပါက ပိုပြီး ရိုးရှင်းသွားမည်ဟု ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သူလုပ်ဖို့လိုတာဆိုလို့ ဝန်ထမ်းအားလုံးထံသို့ မက်ဆေ့တစ်စောင် ပို့ပေးဖို့ ဖြစ်သည်။ ၎င်းတို့ကို မဲပေးခိုင်းမည်။ ထို့နောက် စနစ်က ရလဒ်များကို အလိုလျောက် ထုတ်ပေးပါလိမ့်မည်။

သူထိုအကြောင်း စဉ်းစားနေစဉ် ကျူးရှောင်စဲထံမှ မက်ဆေ့တစ်စောင် ဝင်လာခဲ့၏။

"ဘော့စ်ဖေး ပါဝင်သရုပ်ဆောင်တွေ ပရိုမိုးရှင်း ဓာတ်ပုံ ရိုက်ပြီးကြပါပြီ။ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး"

"လုကျစ်ယောင်က အရမ်းကြီး တောက်ပနေရာ မကျဘူးလား။ သရုပ်ဆောင်တွေကြားထဲမှာ သူ ထင်းထင်းကြီး ဖြစ်နေမလား။ သူ့ကို ပိုရုပ်ဆိုးပြီး စုတ်ပြတ်အောင် လုပ်ပေးလိုက်သင့်လား"

မက်ဆေ့တွင် ဓာတ်ပုံတချို့လည်း တပါတည်း ပါလာာပါသည်။

ပထမဆုံးပုံက ကျန်းကျုထျင်ဖြစ်သည်။

သူက အနည်းငယ် တောက်ပကာ အနာဂတ်ဆန်သည့် ဝတ်စုံတစ်ခုကို ဝတ်ထားသည်။ သူ့မျက်နှာပေါ်မှာ ယုံကြည်ချက် ပြည့်ဝသော သွားပေါ်အပြုံးတစ်ခု ရှိနေသည်။ ထိုအပြုံးက 'အောင်မြင်သောလူ' ဟု ထုတ်ပြောနေသယောင်ပင်။ သို့သော်လည်း သူ့မျက်နှာထားမှာ ဉာဏ်နီဉာဏ်နက်များသည့် အရိပ်အယောင် တစ်ခု ရှိပါသည်။

ဒုတိယပုံက လုကျစ်ယောင် ဖြစ်သည်။

သူ့ဝတ်စုံက အများကြီး ပိုရိုးရှင်းပါသည်။ သူက မီးခိုးရောင် သန်းပြီး ဖော်မပြနိုင်လောက်သည့်အထိ အလွန်အမင်း ရိုးရှင်းသော စတိုင်တစ်ခုကို ဝတ်ဆင်ထားသည်။

နှစ်ယောက်စလုံးက အနာဂတ်က လူတွေအဖြစ် သရုပ်ဆောာင်ရမှာ ဖြစ်သည်။ သို့သော်လည်း ကျန်းကျုထျင်က အကဲဖြတ်ဒိုင်အဖြစ် သိသိသာသာ ချမ်းသာသည့် လူတစ်ယောက်အဖြစ် သရုပ်ဆောင်ရမည်။ ထို့ကြောင့် သူ့အဝတ်အစားများက ပိုပြီး ဝံ့ကြွားနေရပါမည်။ တစ်ဖက်မှာတော့ လုကျစ်ယောင်က ဆင်းရဲသည့် ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ရမှာ ဖြစ်သည်။ ဆိုလိုတာက သူ ရိုးရိုးရှင်းရှင်း အဝတ်အစားများကိုသာ ဝတ်နိုင်ပါသည်။

သို့သော်လည်း လုကျစ်ယောင်၏ ရိုးရှင်းပြီး စုတ်ချာသော အဝတ်အစားများကတောင် သူ့ရဲ့ ကြည့်ကောင်းသည့် ရုပ်ရည်ကို မဖုံးကွယ်နိုင်ပါ။ မိတ်ကပ်ပညာရှင်ကလည်း လုကျစ်ယောင်ကို အများကြီး ခြယ်သမထားမှန်း သိသာပါသည်။ သို့သော် လုကျစ်ယောင်က နကိုကတည်းက အလွန် ချောမောနေလွန်းတာ ဖြစ်သည်။ မိတ်ကပ်ပညာရှင်က ရည်ရွယ်ချက်ရှိရှိ လက်စွမ်းလျှော့ခဲ့ရကာ လုကျစ်ယောင် ဝတ်ဆင်ထားသည့် အဝတ်အစားများက ကြည့်မကောင်းသော်လည်း သူ့ရဲ့ ရုပ်ရည်ကြောင့် တောက်ပနေဆဲ ဖြစ်ပါသည်။

အနည်းငယ် တွေးတောပြီးနောက် ဖေးချမ့် ပြောလိုက်သည်။ "ဒီတိုင်းပဲ ထားလိုက်ပါ"

လုကျစ်ယောင်ကို အလွန်အကျည်းတန်အောင် လုပ်လိုက်ပါက သူ့ရဲ့ အဆိပ်အတောက်ဆန်မှုကို ထိခိုက်သွားမှာ ဖေးချမ့် စိုးရိမ်ပါသည်။ အောက်ကို ဆက်ဆွဲကြည့်သောအခါ ခေါင်းဆောင်မင်းသမီးရဲ့ ဓာတ်ပုံကို မြင်လိုက်ရပါသည်။

ဖေးချမ့် သူမကို တစ်ခါမှ မမြင်ဖူးပါ။ သူမမှာ မျက်နှာဝိုင်းဝိုင်း မျက်လုံးကျယ်ကျယ်၊ ပြုံးလိုက်လျှင် ပါးချိုင့်ပါးပါးလေး ၂ ခု ရှိသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူမရဲ့ ရုပ်ရည်က ယောက်ျားတိုင်း၏ ပထမဆုံး Crush ဖြစ်မည့် ရုပ်ရည်လေးပင်။

ဖေးချမ့် သူမ နာမည်ဖြစ်သည့် လင်းရုယီ ဆိုတာကို ရှာဖွေကြည့်သောအခါ ဘာရလဒ်မှ မတွေ့ခဲ့ပါ။ ကြည့်ရတာ သူမက တကယ် ဘယ်သူမှ မသိတဲ့ သရုပ်ဆောင် မင်းသမီးသစ် ဖြစ်နိုင်ပါသည်။ သူမ အရင်တုန်းက ရုပ်ရှင်တစ်ကားမှ မရိုက်ဖူးတာတောင် ဖြစ်နိုင်ပါသည်။

ဓာတ်ပုံများကို ကြည့်ပြီးနောက် ရုပ်ရှင်၏ မိတ်ကပ်များ၊ ဝတ်စုံများ၊ ပစ္စည်းပစ္စယများ အားလုံးက အတော်လေး ကောင်းမွန်နေကြောင်း ဖေးချမ့် သတိထားမိသည်။ ဒါရိုက်တာကျူး ဒီလို အရာတွေထဲ အားအများကြီးစိုက်ထုတ်ထားမှန်း သိသာပါသည်။

ပထမတော့ ဖေးချမ့် အနည်းငယ် စိုးရိမ်မိသွားသည်။

သို့သော်လည်း ထပ်စဉ်းစားကြည့်မှ ဒီရုပ်ရှင်က ဇာတ်လမ်းတစ်ခုတည်းနဲ့ 'အောင်မြင်'မှာကို ဖေးချမ့် ပြန်သတိရသွားပါသည်။ မိတ်ကပ်၊ ဝတ်စုံ၊ ပစ္စည်းများက ကောင်းမွန်သော်လည်း ၎င်းတို့က ရုပ်ရှင်အတွင်းရှိ အဆိပ်အတောက်ဆန်မှုများ၏ အပေါ်ယံ ထုပ်ပိုးမှု လှလှပပလေးတွေသာ ဖြစ်လိမ့်မည်။ သေချာပေါက် သူ့အစီအစဉ်တွေကို အဟန့်အတား ဖြစ်စေမှာ မဟုတ်ပါ။

နိုဝင်ဘာလ ၂၅ ရက်နေ့။ ကြာသပတေးနေ့...

ဒီနေ့က ကျေးဇူးတော်နေ့ဖြစ်သည်။ လိုအပ်နေသည့် ကျောင်းသားများကို ဖေးချမ့် လှူဒါန်းဖို့ သတ်မှတ်ထားသည့် နေ့လည်း ဖြစ်သည်။

ကျောင်းရဲ့ Campus ကတ်စနစ်ရှိ ဒေတာများအပေါ် အခြေခံပြီး ကျောင်းသားများကို ရွေးထုတ်လိုက်သည်။ ထို့နောက် ကျောင်း၏ စုံစမ်း စစ်ဆေးမှုများအရ ဒီကျောင်းသား အားလုံးက လိုအပ်နေသူများ ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါသည်။

ယွမ် ၅၀၀ ကို သူတို့ Campus ကတ်များအတွင်းသို့ တိုက်ရိုက်လွှဲပေးမှာ ဖြစ်သည်။ ကြီးကြီးကျယ်ကျယ် ထုတ်ကြေညာစရာ မလိုပါ။ ကိုယ့်ကတ်ထဲက လက်ကျန်ငွေတွေ ထူးဆန်းနေသဖြင့် ကျောင်းက ငွေဖြည့်သွင်းရုံးများရှိ ဆရာများကို သွားရောက် မေးမြန်းသူများသာ ရှင်းပြချက် ရပါလိမ့်မည်။

တက္ကသိုလ်နည်းပြဆရာ ကျန်းဝေလည်း သူ့ရုံးခန်းထဲမှာ ရှိနေသည်။ နာမည်စာရင်းတစ်ခုကို ဖေးချမ့်အား ပေးလိုက်ပြီး ပြောလိုက်၏။

"သူတို့တွေက စာမေးပွဲအဖြေလွှာစစ်တဲ့ အတွေ့အကြုံရှိတဲ့ ဘွဲ့လွန်ကျောင်းသားတွေပါ။ ဌာနတိုင်းက နည်းနည်းစီ ပါဝင်ပြီး ဒီပရိုဂရမ်အကြောင်း သူတို့ကို ကြိုတင် သတိပေးထားပြီးသား။ မင်းလိုချင်တဲ့လူကို ရွေးထုတ်ပြီး တိုက်ရိုက် ဆက်သွယ်လို့ရတယ်"

"အဖိုးအခကတော့... သူတို့ကို တစ်ရက် ယွမ် ၃၀၀ လောက် ပေးဖို့ တကယ် မလိုပါဘူးကွာ။ အဲ့တာ အရမ်း စံနှုန်းမြင့်လွန်းနေတယ်"

"မင်းက ကျောင်းကို ယွမ် ၅ သန်းတောင် လှူဒါန်းပြီးသားလေ။ ပြီးတော့ ဒီဘွဲ့လွန်ကျောင်းသားတွေ အကုန်လုံးက မင်းရဲ့ စီနီယာတွေချည်းပဲ။ အားလုံး အဲ့ဒီသတင်းကို ကြားတော့ အရမ်း ကြည်နူးသွားကြတာ။ တချို့ဆို အဖိုးအခ မယူဘဲနဲ့တောင် မင်းကို စာကူစစ်ပေးဖို့ သဘောတူကြတယ်"

ဖေးချမ့် ခပ်မြန်မြန်ပဲ ခေါင်းခါလိုက်ပါသည်။ "ဘယ်ဟုတ်မလဲ။ ဘယ်လောက်ပဲကုန်ကုန် ကျွန်တော် သူတို့ကို စာစစ်ခ ပေးရမှာပေါ့။ အဲ့လို လုပ်ရပ်မျိုး ကျွန်တော် လုပ်လို့ ဖြစ်ပါ့မလား။ စာစစ်ရတယ်ဆိုတာ အရမ်းပင်ပန်းပြီး ဖိအားများတဲ့ လုပ်ငန်းတစ်ခုပဲ။ ကျွန်တော့် စီနီယာာတွေကို ကျွန်တော် အခွင့်အရေး ယူလို့ ဖြစ်ပါ့မလား"

"ဟုတ်ပြီ ဆရာကျန်း။ တခြား ဘာမှ မရှိတော့ရင် ကျွန်တော် လှုပ်ရှားတော့မယ်"

ကျန််းဝေက လက်မြှောက်ကာ ပြောလိုက်သည်။ "နေပါဦး မလောပါနဲ့။ ဘော့စ်ဖေး တခြား မင်းမှာ ဘာမှ လုပ်စရာမရှိရင် ကျေးဇူးပြုပြီး ခဏထိုင်ပါဦး။ ငါတို့ စကားပြောရအောင်"

ဖေးချမ့် ခေတ္တ ဆွံ့အသွား၏။

"ဆရာကျန်း ကျွန်တော့်ကို ဘော့စ်ဖေးလို မခေါ်ပါနဲ့လား။ တစ်မျိုးကြီးပဲ"

ကျန်းဝေ ပြုံးလိုက်သည်။ "အေးပါ။ အခုချိန်ကစပြီး မင်းကို ဖေးချမ့်လို့ပဲ ခေါ်တော့မယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာ မင်းနဲ့ အထူးစကားဝိုင်းလေးတစ်ခု ဖန်တီးဖို့ စဉ်းစားနေတာ"

ချက်ချင်းဆိုသလိုပဲ ဖေးချမ့် နဖူးပေါ် ချွေးသီးများ စိမ့်ထွက်လာသည်။ "အထူးစကားဝိုင်း ဟုတ်လား"

"ဆရာကျန်း လာနောက်နေတာလား။ ကျွန်တော်က ဘာပြောတတ်မှာလဲ။ ဒီစာသင်နှစ်ဝက်မှာ ဘာသာတိုင်း အောင်နိုင်ရင်တောင် ကံကောင်းလှပြီ"

ကျန်းဝေက လှောင်ရယ်လိုက်၏။ "ကျိုးနွံလိုက်တာ၊ ဖေးချမ့် ကျိုးနွံတယ်ဆိုတာ ကိုယ်ကျင့်တရားကောင်း တစ်ခုပါ။ ဒါပေမယ့် အလွန်အမင်း ကျိုးနွံလွန်းတာတော့ မကောင်းဘူးကွ။ မင်းက ၁ နှစ်ကျော်ကျော်လေးနဲ့ ဒီလောက် ကြီးမားတဲ့ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့တာ။ မင်းက အရမ်းကို ရှားပါးတဲ့ စီးပွားရေး ပါရမီရှင် တစ်ယောက်ပဲလေ။"

"ဘွဲ့ကြို၊ ဘွဲ့လွန် ပညာသင်နေကြတဲ့ မင်းရဲ့ နောက်ဆုံးနှစ် စီနီယာအများစုက အလုပ်ရှာဖို့ စိုးရိမ်နေကြတုန်းပဲဆိုတာ မင်းလည်း နားလည်မှာပါ"

"ဟုတ်ပါတယ်။ မင်းရဲ့ ကုမ္ပဏီမှာလည်း မင်းက ဝန်ထမ်းခန့်အပ်မှုအတွက် အထူးလုပ်ငန်းစဉ်တစ်ခု ဖန်တီးပြီးပြီ။ မင်းရဲ့ စီနီယာတွေအတွက် အလုပ်ရှာပေးဖို့ မင်းကို တွန်းအားပေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် မင်းရဲ့ အလုပ်များနေတဲ့ အချိန်ဇယားထဲက အချိန်နည်းနည်းလောက်ပေးပြီး အလုပ်ရှာဖွေတဲ့နေရာမှာ မင်းရဲ့ အတွေ့အကြုံအကြောင်း ဆွေးနွေးဖို့ တောင်းဆိုတာတော့ အပန်းမကြီးဘူး မဟုတ်လား"

ဖေးချမ့် ဆွံ့အသွားသည်။ "အလုပ်ရှာဖွေတဲ့ အတွေ့အကြုံ ဟုတ်လား။ ဆရာကျန်း ကျွန်တော် တစ်ခါမှ အလုပ်မရှာဖူးဘူးလေ။ ဘယ်လိုလုပ် အတွေ့အကြုံ မျှဝေပေးလို့ ရမှာလဲ"

ကျန်းဝေ ခေတ္တစဉ်းစားလိုက်၏။ "သြော် ဟုတ်သားပဲ။ မင်းက ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်ခဲ့တာကိုး။ အလုပ်ရှာခဲ့တာမှ မဟုတ်တာ။ အဲ... အနည်းဆုံးတော့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ မင်းရဲ့ အတွေ့အကြုံကို မျှဝေပေးလို့တော့ ရမယ် မဟုတ်လား"

နောက်တစ်ဖန် ဖေးချမ့် စကားလုံး ပျောက်ဆုံးသွားရပြန်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်ကြသည်။ ဖေးချမ့် ဘာပြန်ပြောရမှန်း မသိတော့ပါ။

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဘာအတွေ့အကြုံလဲ။

အချိန်တန်လျှင် ဖေးချမ့် စင်မြင့်ပေါ်တက်ပြီး ဒီလိုသာ ပြောနိုင်လိမ့်မည်။ "ဒီနေ့ အားလုံးကို ကျွန်တော့်ရဲ့ လုပ်ငန်းရှင်တစ်ယောက် အဖြစ် အတွေ့အကြုံလေး မျှဝေချင်ပါတယ်။ ပထမဆုံးအချက်က စနစ်တစ်ခု ပိုင်ဆိုင်ဖို့ပါ..."

သူ ဘယ်လိုလုပ် ဒီလို ပြောလို့ရမှာလဲ။

သို့သော်လည်း ထပ်စဉ်းစားကြည့်မှ ဒီတောင်းဆိုချက်ကို ငြင်းဆန်ဖို့ ဖေးချမ့်မှာ အကြောင်းအရင်း ကောင်းကောင်းလည်း မရှိပါ။ အလုပ်တွေ ကြိုးစားနေလွန်းလို့ အချိန် တစ်နာရီ နှစ်နာရီတောင် မပေးနိုင်ဘူးဟု ပြောလို့တော့ မရဘူး မဟုတ်လား။

ထို့ကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ လေးလေးနက်နက် တွေးပေးလိုက်ရတော့သည်။

"ကျွန်တော်ပြန်သွားရင် လေးလေးနက်နက် တွေးပေးပါ့မယ်။ အဓိက ပြဿနာက ကျွန်တော်က စကားပြောမကောင်းဘူးဗျ။ ကျွန်တော် မလုပ်နိုင်ဘူးလို့ ဆုံးဖြတ်လိုက်ရင် ကျွန်တော့် ကုမ္ပဏီထဲက အချက်အချာကျတဲ့ ဝန်ထမ်းတစ်ယောက်ကို လာဟောပြောခိုင်းလိုက်ပါ့မယ်။ အာနိသင်က အတူတူပဲ ဖြစ်မှာပါ"

ကျန်းဝေ ခေါင်ငြိမ့်လိုက်သည်။ "အဲ့တာလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် မင်းကိုယ်တိုင် လာဟောပြောပေးမယ်ဆိုရင်တော့ ပရိတ်သတ်က ပိုပြီး ယုံကြည်ချက်ရှိတာပေါ့"

ဖေးချမ့် စိတ်ထဲမှ အရွဲ့တိုက်လိုက်ပါသည်။

ခင်ဗျားမေကြီးတော်ကို ယုံကြည်ချက်ရှိရမှာလား...

All Chapters