← Chapters

တရားမျှတမှု ကာကွယ်စောင့်ရှောက်သူ : မော့ဒက်စ်

Vol. 23 Ch. 340

တရားမျှတမှု ကာကွယ်စောင့်ရှောက်သူ : မော့ဒက်စ်

Vol. 23 Ch. 340

ထိုနေရာတွင် လုမင်လျန် ယခင်က အလုပ်လုပ်ခဲ့သည့် ရုံးခန်းနေရာလွတ်တစ်ခု ရှိနေပါသည်။

ဖေးချမ့်က ထန်ယီရှုကို ထိုရုံးခန်းသို့ ခေါ်သွားလိုက်သည်။ "အခုချိန်ကစပြီး ဒါက နင့်အလုပ်နေရာပဲ။ ဒီမှာ ထိုင်ပြီး ဘာမှလုပ်စရာ မရှိရင် လုပ်ချင်တာလုပ်"

"ဟုတ်ပြီ။ အားပေးသူလေး ကိစ္စ အရင်သွားရှင်းလိုက်ဦး"

ထန်ယီရှုက ခေါင်းငြိမ့်လိုက်ပြီး ကြောက်စာနဲ့ ကြောင်သဲဗန်းထုပ်တို့ကို တိုးတိုးတိတ်တိတ် စတင် ဖောက်လေသည်။

လီယာ့တာနဲ တခြား ဝန်ထမ်းတွေလည်း မျက်ရိုးလေးကို သဘောကျပါသည်။ သို့သော်လည်း နယ်မြေအသစ်စက်စက်တစ်ခုဖြစ်နေသဖြင့် အသားမကျသေးပါ။ ခဏနေတော့ အပင်တစ်ပင်၏ နောက်တွင် ပုန်းနေပြီး ထွက်မလာတော့ပါ။ အားလုံးလည်း ခဏလောက် စောင့်ကြည့်နေလိုက်ကြပြီး ကိုယ့်အလုပ်နေရာကိုယ် ပြန်ကာ အလုပ်ဆက်လုပ်ကြပါသည်။

ဖေးချမ့်က ပေါင်ရှု အခြေအနေကို အထူးဂရုပြုထားသည်။ သူ့ဂိမ်းကိုသာ လေးလေးနက်နက် ကစားနေမှန်း တွေ့လိုက်ရ၏။ သူ့ပုံစံက အတော် အာရုံစိုက်ထားသည်။ သူ့ခြေထောက်နားက မျက်ရိုးလေး ဖြတ်သွားတာတောင် မသိခဲ့ပါ။

ဒါက ဖေးချမ့် သဘောကျတာမျိုးပဲ ဖြစ်ပါသည်။

ဖေးချမ့် သူ့ရုံးခန်းသူပြန်ဖို့ ပြင်နေစဉ် လီယာ့တာ ဖုန်းတစ်လုံးကို ဖြေရင်း အံ့သြတကြီး မေးလိုက်ပါသည်။ "ဟင် မူပိုင်ခွင့်ကို မရောင်းတော့ဘူး ဟုတ်လား"

ဖေးချမ့် ခြေလှမ်းရပ်တန့်သွားပြီး စိတ်ပူသယောင် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

လီယာ့တာက ဖုန်းချလိုက်ပြီး တီးတိုးရေရွတ်လိုက်ပါသည်။ "အမ်... ဘာမှ မဟုတ်ပါဘူးး"

"ကျွန်မ Animation ဟောင်း တစ်ကားထဲက ဇာတ်ကောင် IP ကို မူပိုင်ခွင့်ပိုင်ရှင်နဲ့ နည်းနည်း ညှိနှိုင်းထားတာ။ အရင်ကတော့ သဘောတူထားပေမယ့် အခုတော့ ဟိုဘက်လူက အခုလေးတင် ဖုန်းဆက်ပြီး.... မူပိုင်ခွင့် မရောင်းချတော့ဘူးလို့ ပြောတယ်"

ဖေးချမ့် "ဟမ် ဘာလို့ ရုတ်တရက်ကြီး မရောင်းတော့တာလဲ"

လီယာ့တာလည်း လမ်းပျောက်နေပါသည်။ "ကျွန်မလည်း မသိဘူး။ ကျွန်မတို့ ငွေထပ်ပေးရင်တောင် စာရေးဆရာက မရောင်းချင်ဘူးလို့ ပြောတယ်..."

ဖေးချမ့် အံ့အားသင့်သွားရသည်။

အာနိသင်က တန်းကို ပြသတာပါလား။

ထန်ယီရှုကို ခေါ်လာပြီးနောက် ကံတရားက ချက်ချင်း ပြောင်းလဲသွားသည်။

ဖေးချမ့် ပျော်နေတာကို မနည်းဖိနှိပ်ဖို့ ကြိုးစားလိုက်ပြီး နှစ်သိမ့်သည့် လေသံဖြင့် ပြောလိုက်ပါသည်။ "ဘာမှမဖြစ်ပါဘူး။ IP ဝယ်တယ်ဆိုတာ ကံအပေါ်မှာလည်း မူတည်တယ်။ ငါတို့ ဇာတ်ကောင် IP လုံလုံလောက်လောက် မဝယ်နိုင်ဘူးဆိုရင် ကိုယ်ပိုင် ဇာတ်ကောင်တွေ ဖန်တီးလို့လည်း ရတာပဲ"

"ငါတို့ ကုမ္ပဏီမှာ ဝန်ထမ်းတွေ အများကြီး ရှိတယ်မလား။ ကျပန်း တချို့ ရွေးချယ်ပြီး ဂိမ်းထဲက ဟီးရိုးတွေအတွက် မူရင်း Prototype ကို ဖန်တီးလို့ ရတယ်"

ဒီဂိမ်းက ဖေးချမ့်အတွက် အမြောက်စာသက်သက်သာ ဖြစ်သည်။ ဖေးချမ့် တစ်ယောက်တည်း စဉ်းစားမိသည်။ ဘာပဲဖြစ်ဖြစ် အရှုံးပေါ်မှာဆိုရင် သူ့ဝန်ထမ်းတွေကို ကိုယ့်ကိုယ်ကို ဖျော်ဖြေခွင့်ပေးပြီး သူတို့ကိုယ်သူတို့ ဂိမ်းထဲက ဟီးရီုးတွေအဖြစ် လုပ်ခွင့်ပေးလိုက်တာ မကောင်းဘူးလား"

လီယာ့တာ စဉ်းစားကြည့်လိုက်သည်။ "ဒါဆို ဘော့စ်ဖေးကိုကော ဂိမ်းထဲထည့်လို့ရမလားဟင်"

ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။ "ဒါပေါ့ ရတာပေါ့"

လီယာ့တာ ဆက်ပြော၏။ "ကျွန်မတို့ ဓာတ်ပုံကို 2D ဖန်တီးပြီး အနုပညာဆန်ဆန် ပြောင်းလဲမှုလေးတွေ လုပ်ရလောက်တယ်။ အဆင်ပြေမလား"

ဖေးချမ့် လက်ရမ်းပြလိုက်ပါသည်။ "ဘာမှ မဖြစ်ဘူး။ လုံးဝ ကိစ္စမရှိဘူး လုပ်ချင်တာသာ လုပ်"

"ဟုတ်ကဲ့" လီယာ့တာလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ကိုယ့်အလုပ်နေရာကိုယ် ပြန်သွားခဲ့ပါသည်။ မျက်ရိုးလေးကို အစာကျွေးနေသည့် ထန်ယီရှုအား လှမ်းကြည့်ပြီး ကျေနပ်စွာဖြင့် ရုံးခန်းထဲ ပြန်ဝင်လာတော့သည်။

လီယာ့တာလည်း ဖိုင်သစ်တစ်ခုကို ဖွင့်ကာ ချက်ချင်း ဘော့စ်ဖေးအတွက် သီးသန့်ဟီးရိုးတစ်ကောင်ကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါသည်။ ပထမဆုံး ဒီဟီးရိုးအတွက် ဆက်တင်က Tank တစ်ကောင် ဖြစ်ရမည်။

ဘော့စ်ဖေးက ဧရာမ သစ်ပင်ကြီးတစ်ပင်လိုပင်။ သူ့ရဲ့ သန်စွမ်းတဲ့ ကိုယ်ထည်က ထန်းတာ့ရဲ့ ဝန်ထမ်းတွေကို ဘေးဒုက္ခများမှ ကာကွယ်ပေးသည်။ ထို့ကြောင့် ဒီဟီးရီုးအတွက် ဆက်တင်က အရပ်ရှည်ရှည်၊ ခပ်တောင့်တောင်၊ အားကိုးရသည့်ပုံ ဖြစ်ရမည်။ ဘော့စ်ဖေးက အရည်အသွေးပြည့်မှီဖို့ အတွက် ငွေသုံးစွဲရမှာ မကြောက်သူ ဖြစ်သည်။ ထို့ကြောင့် သူ့ Passive စကေးများက ငွေပိုငွေလျှံကို သုံးပြီး ပိုအားကောင်းသည့် လက်နက်ကိရိယာများ တည်ဆောက်တာမျိုး ဖြစ်သင့်သည်။

ဘော့စ်ဖေးက အိပ်မက်များစွာနဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်၏။ အမြဲတမ်း သူများတွေ အထင်မကြီးထားသည့် နေရာတွေကိုသာ လျှောက်လှမ်းလေ့ ရှိသည်။ ထိုနယ်ပယ်တွေမှာ အလုပ်ကြိုးစားပြီး သူ့ပါရမီနဲ့ အသီးအပွင့်များကို ရိတ်သိမ်းရလေ့ ရှိတတ်သည်။

ဘော့စ်ဖေးက ပြိုင်ဘက်တွေ၊ Review သမား အတုတွေ သူ့ကို နာမည်ဖျက်တာနဲ့ ပိုပြီးတောင် အောင်မြင်လာသေးသည်။ ထို့ကြောင့် သူ့ ပထမ စကေးက Active ကော Passive စကေးကော ပါလိမ့်မည်။ Passive စကေးက နောက်ဆုံး ထိချက်ကို ရလျှင် ဆုလာဘ်များ စုဆောင်းနိုင်ဖို့ ဖြစ်သည်။ ဒါက နယ်ပယ်တွေမှာ သူ့ရဲ့ လုံ့လဝီရိယ ရှိမှုကို ကိုယ်စားပြုသည်။

တိုက်ခိုက်မှု အတိုင်းအတာတစ်ခုအထိ ပြုလုပ်နိုင်ပြီး သတ်ဖြတ်ခြင်း သို့မဟုတ် ထောက်ကူခြင်း ရရှိသွားပါက စုဆောင်းထားသည့် ဆုလာဘ်များကို ငွေပိုများအဖြစ် ပြောင်းလဲခံရမည်ဖြစ်သည်။

တိုက်ခိုက်မှုစိတ်ဓာတ်၊ ကာကွယ်မှု တိုးမြှင့်ခြင်း၊ ဘေးမှာ ရွှေရောင်တိုက်ကွက် အထူး Effect များကိုပါ လှုံ့ဆောင်ဖို့ အခွင့်အရေး ရှိလိမ့်မည်။ ရန်သူတွေကို ထိခိုက်စေပြီး အနည်းငယ် နှေးသွားစေပါလိမ့်မည်။

Active စကေးများကလည်း ထိုအာနိသင်ကို ဖန်တီးနိုင်ပါသည်။

ဘော့စ်ဖေးက သူတို့ရဲ့ အချိန်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပြီး သူ့ဝန်ထမ်းတွေကို ဘယ်တော့မှ အချိန်ပို လုပ်ခွင့်မပေးပါ။ အချိန်ပို ခိုးလုပ်သည့် လူတွေကိုလည်း ရုံးမှ အတင်း နှင်လွှတ်သည်။ ထို့ကြောင့် ဘော့စ်ဖေးရဲ့ ဒုတိယ စကေးက ရန်သူတွေကို ယပ်တောင် သဏ္ဌာန် အကွာအဝေးဖြင့် အနောက်ကို ပြန်ဆုတ်သွားစေမည့် တိုက်ကွက် ဖြစ်သင့်သည်။ အချိန်တစ်ခုအထိ ထိုအကွာအဝေးအတွင်း ရန်သူတွေ ပြန်ဝင်မလာအောင်လည်း တားနိုင်လိမ့်မည်။

ဘော့စ်ဖေးက နယ်ပယ်သစ်များထဲ ခြေချဖို့အတွက် စိတ်အားထက်သန်သူဖြစ်သည်။ ထူးချွန်တဲ့ဝန်ထမ်းတွေကို လုပ်ငန်းသစ်နယ်ပယ်တွေမှာ ဦးဆောင်ခိုင်းပြီး ဆန်းပြားသည့် ရလဒ်များကို ရရှိစေခဲ့သည်။ ထို့ကြောင့် ဘော့စ်ဖေးရဲ့ တတိယ စကေးက ကိုယ့်ဘက်တော်သား ဟီးရိုးတစ်ကောင်ကို အကွာအဝေးတစ်ခုအတွင်း ကိုင်ပေါက်ဖို့ဖြစ်ပြီး ထိုအကွာအဝေးအတွင်း ကျရောက်သောအခါ ရန်သူတွေကို Damage ထိကာ နှေးလည်း နှေးကွေးသွားစေမည်။

နောက်ဆုံးတော့ ဘော့စ်ဖေးက ကိုယ့်ကိုယ်ကို မနားတမ်း စေ့ဆော်မှု ရှိသဖြင့် ဆက်တိုက် ပိုမို သန်မာလာနေပြီး အဆင့်မြင့်တက်လာသည်။

ဘော့စ်ဖေး၏ Ultimate စကေးက ကိုယ့်ကိုယ်ကို စေ့ဆော်ဖို့ဖြစ်သည်။ မြန်နှုန်း အများကြီး တက်သွားမည်ဖြစ်ပြီး သူ့အသက်နဲ့ ခုခံစွမ်းတို့လည်း တိုးမြှင့်သွားမည်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကို Damage အနည်းငယ် ထိခိုက်စေပြီး မကြာခဏ Passive စကေးတစ်ခုကို ဖွင့်နိုင်လိမ့်မည်။

ထို့နောက် ဘော့စ်ဖေးအတွက် ပြိုင်ဘက်ကင်း ပုံတစ်ပုံကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါသည်။

သူက Tank ဟီးရိုးဖြစ်သည့်အတွက် အရပ်ရှည်ပြီး သန်စွမ်းရမည်။ ပခုံးကျယ်ကျယ်၊ အားကောင်းသည့် လက်မောင်းများဖြင့် လူသန်ကြီး ဖြစ်သင့်သည်။ တစ်ချိန်တည်းမှာပဲ ရန်သူတွေရဲ့ အလစ်ဝင်တိုက်မှုကို မကြာခဏ ခံရတတ်သဖြင့် သူ့နောက်ကျောမှာ ဓားတို၊ ဓားရှည်၊ ဓားမြှောင်၊ လှံစသည့် လက်နက်ပေါင်းစုံ ရှိရမည်။

ဗုဒ္ဓဘုရား၏ အလင်းရောင်ကို ပေးစွမ်းသော ညှာတာခြင်းနတ်သမီးလို ဖြစ်ကာ နတ်ခန္ဓာကိုယ်၊ မိစ္ဆာခန္ဓာကိုယ်နှစ်ခုစလုံးဖြင့် ပေါင်းစပ်ထားသည့် ခန္ဓာကိုယ်ရှိသော မဟာဒေါင်းကြီး Mahamayuri ကဲ့သို့ ဖြစ်သည်။

ဒီဟီးရိုးက အလစ်ဝင်တိုက်ခံရပါက ရွှေရောင် အထူး Effect များတနဲ့ တိုက်ကွက်များကို ဆက်တိုက် ထုတ်လွှင့်လိမ့်မည်။

နောက်ဆုံးတော့ ဒီဟီးရိုးအတွက် နာမည်က...

တရားမျှတမှု ကာကွယ်စောင့်ရှောက်သူ : မော့ဒက်စ်

'မော့ဒက်စ်' ဟူသည့် ကျိုးနွံခြင်းဟူသည့် အဓိပ္ပာယ်ရှိသည့် စကားလုံးက ဘော့စ်ဖေးရဲ့ မြင့်မြင်တဲ့ စရိုက်ကဖို ဖော်ပြဖို့ အသင့်တော်ဆုံးဟု လီယာ့တာ ယုံကြည်ထားပါသည်။

လီယာ့တာက ပြီးပြည့်စုံသွားသော ဒီဇိုင်းမူကြမ်းကို အလွန်အားရသွားသည်။ "အင်း။ တတ်နိုင်သမျှ အမြန်ဆုံး Concept ပန်းချီကို ဆွဲရအောင်။ GOG ထဲမှာ သူ့ကိုယ်ပိုင် ဇာတ်ကောင်ပေါ်လာတာကို ဘော့စ်ဖေး အရမ်းပျော်မှာပါ ဟုတ်တယ်မလား"

ဘယ်လိုပဲဖြစ်ဖြစ် ကစားသမားတွေက ဒီဟီးရီုးကို 'တရားမျှတမှု ကာကွယ်စောင့်ရှောက်သူ' သို့မဟုတ် 'မော့ဒက်စ်' ဟုတော့ ခေါ်မှာ မဟုတ်မှန်း လီယာ့တာ သိပါသည်။။ သူတို့ နာမည်ပြောင် အသစ် တစ်ခုခု ပေးလိုက်ကြလိမ့်မည်။

"ဒီဟီးရိုးကို... ကစားသမားတွေ ဘယ်လိုခေါ်ကြမလဲ မသိဘူးနော်"

"GOG ကို ထုတ်နိုင်မယ့်အချိန်ကို မစောင့်နိုင်တော့ဘူး"

ဖေးချမ့်က ရုံးခန်းထဲမှာ ဒရမ်မာထိုင်ကြည့်နေပြီး ရုံးပြင်က လှုပ်ရှားမှုတွေကို နားစွင့်နေပါသည်။

"မျက်ရိုးလေး ဒီကိုလာဦး။ ဒီမှာ ငါးခြောက်လာစား"

"အမ်။ ဝါတာကူလာကြီး ဘာလို့ စိမ့်နေတာလဲဟ မြန်မြန် စက်ပြင်ဆရာ ခေါ်ကြပါဦး'

"ငါ့လခွီး ဒီ Bug ကို ခုနလေးတင် ပြင်ထားတာ မဟုတ်ဘူးလား။ ဘာလို့ ထပ်ပေါ်လာပြန်တာလဲ..."

"ပန်းချီရင်းမြစ်ကို တင်လိုက်ပြီလား...။ ငါ ထပ်ပြုပြင်ချင်သေးလို့..."

သာမန် အလုပ်စကားဝိုင်းများမှ မကြာခဏဆိုသလို ထူးထူးဆန်းဆန်း စကားဝိုင်းများ ကြားနေရသည်။

ဖေးချမ့် ပြောလိုက်မိ၏။ ထန်ယီရှုရဲ့ ကူးစက်မှု အာနိသင်က တော်တော် မြန်ဆန်တာပါလား။

ဟုတ်တယ်။ ကုမ္ပဏီထဲမှာ သူ့အလုပ်သူ လုပ်ပါစေ။ ကူးစက်အာနိသင်တွေ စုစည်းသွားရင် တခြား ဘယ်လို ပြောင်းလဲမှုတွေကော ဖြစ်လာဦးမလဲ မသိဘူး။

ထန်ယီရှုက ကြောင်သဲဗန်း၊ အစာခွက်၊ ရေခွက် စသည်တို့ကို ပြင်ဆင်ပေးပြီး မျက်ရိုးလေး ကြောင်သဲဗန်းထဲမှာ သေးပေါက်တာကို အတော်ကြာ စောင့်ကြည့်နေပြီးမှ သူမ အလုပ်နေရာ သူမ ပြန်သွားခဲ့ပါသည်။ ထန်ယီရှုက ဘေးကဖြတ်သွားရင်း သူမ လုပ်ဖော်ကိုင်ဖက်များရဲ့ အလုပ်နေရာများကို ဂရုတစိုက် ရှောင်ရှားသွားသည်။ သူမ အရမ်းကြီး နီးကပ်နေပါက တခြားသူတွေ အတွက်ပါ ကံဆိုးခြင်းတွေ ယူဆောင်လာပေးမိမှာ စိုးရိမ်သောကြောင့် ဖြစ်ပါသည်။

ကံကောင်းစွာဖြင့် ထန်းတာ့ရဲ့ စားပွဲတွေက အလွန် ကြီးမားသည်။ အလုပ်နေရာတွေကြားမှာလည်း ကွာဟချက်က အကြီးကြီး ဖြစ်ပါသည်။ ထို့ကြောင့် ထန်ယီရှု အရမ်းကြီးတော့ နေရမခက်လှပါ။

သူမ ရုံးထိုင်ခုံမှာ ဂရုတစိုက်ထိုင်လိုက်ပြီး ထိုင်ခုံရဲ့ ဇိမ်ကျမှုကြောင့် အံ့အားသင့်သွားရသည်။ သူမ ဂရုတစိုက် နောက်ကို မှီထိုင်ပြီး ရှက်ရွံ့စွာဖြင့် ဘောလုံးလေးလို ကျုံ့နေလိုက်ပါသည်။

သူမ ကျောင်းက ကွန်ပြူတာ အတန်းမှာလည်း ကွန်ပြူတာ သုံးဖူးပါသည်။ သို့သော် ဒီလောက် ခမ်းနားတဲ့ မော်နီတာ ၂ လုံးနဲ့ ကွန်ပြူတာကိုတော့ သူမ တစ်ခါမှ မမြင်ဖူးခဲ့ပါ။ ဒီဧရာမ Desktop ကြီးက သူမကို ဆွဲဆောင်နေသလိုပဲ။

သူမ ကီးများကို ဂရုတစိုက် နှိပ်ကြည့်လိုက်သောအခါ 'ကလစ်' သူသည့် အသံထွက်လာသဖြင့် သူမ လန့်သွားပြီး လက်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်မိပါသည်။

အသံက ကွန်ပြူတာ အတန်းထဲက ကီးဘုတ်တွေထက် အများကြီး ပိုကျယ်ပါသည်။

သို့သော်လည်း ထန်ယီရှုတစ်ယောက် သူမဘေးက လူတိုင်း အားရပါးရ ကီးဘုတ်ရိုက်နေကြတာကို မြင်ပြီး ကီးဘုတ်နဲ့ မောက်စ်ဆီ လက်ထပ်လှမ်းလိုက်ပါသည်။ သူမ ကွန်ပြူတာ အတန်းဆရာမှ ပေးထားသည့် အိမ်စာကို စစ်ဆေးဖို့ ဝက်ဘ်ဆိုက်စာမျက်နှာကို ဖွင့်ကြည့်လိုက်ပါသည်။

ကွန်ပြူတာပေါ်မှာ ဂိမ်းပေါင်းများစွာကို သွင်းထားသည်။ သို့သော်လည်း ဒီရောင်စုံ Desktop Icon များက ဘာတွေလဲ ထန်ယီရှု မသိပါ။ ထို့ကြောင့် တိတ်ဆိတ်စွာ အင်တာနက်သာ သုံးနေလိုက်ပါသည်။

သူမ မျက်ရိုးလေးကို လှည့်ကြည့်လိုက်၏။ ကြောက်နက်လေးက ရုံးထဲက အပင်တွေနဲ့ ကစားနေတာကို မြင်လိုက်ရပါသည်။ ထို့နောက် စိတ်အေးစွာဖြင့် ကွန်ပြူတာဘက်ကို ပြန်လှည့်လိုက်ပါသည်။ ရုတ်တရက် မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးကျယ်ကျယ်နဲ့ ကောင်မလေးတစ်ယောက်က သူမဆီ ရောက်လာ၏။

"ဟယ်လို ထန်ယီရှု ဟုတ်တယ်မလားဟင်"

ထန်ယီရှု အမြန် မတ်တပ်ရပ်လိုက်ပါသည်။ "ဟယ်လို"

ဟောက်ယွင် ပြုံးလိုက်သည်။ "မတ်တပ်ရပ်ဖို့ မလိုပါဘူး။ ကျွန်မက HR ဌာနက ဟောက်ယွင်ပါ။ ဒါက ရှင့်ရဲ့ အလုပ်သင် စာချုပ်ပါ"

"ရှင့်ရဲ့ လစာက ယွမ် ၃,၀၀၀။ ပုံသေ အလုပ်ချိန် မရှိဘူး။ စာချုပ်ကို စစ်ကြည့်ပြီး ပြဿနာ မရှိဘူး ဆိုရင် လက်မှတ်ထိုးပေးပါဦး"

ထန်ယီရှုက အလုပ်သင်စာချုပ်ကို လက်ခံပြီး အစမှ အဆုံးအထိ ဖတ်ကြည့်လိုက်ပါသည်။

စာချုပ်ပါ အကြောင်းအရာများက အလွန် ရိုးရှင်းသည်။ ဟာကွက်များ၊ ထောင်ချောက်များ မပါပေ။ လစာမြင့်နေတာကလွဲပြီး တခြား ပြဿနာ ဘာမှ မရှိပါ။

ထန်ယီရှုက ဟောက်ယွင်ကို မော့ကြည့်လိုက်သည်။ "လစာက... နည်းနည်း... များလွန်းနေသလားလို့"

ဟောက်ယွင် ပြုံးပြလိုက်သည်။ "မများပါဘူး။ ဒါက ထန်းတာ့ရဲ့ ပုံမှန် လစာနှုန်းပဲ"

ထန်ယီရှု စာချုပ် လက်မှတ်ထိုးပြီးတာကို မြင်သောအခါ သူမ အိတ်ကပ်ထဲမှ ငွေတချို့ ထုတ်လိုက်သည်။ ယွမ် ၁၀၀ တန် ၁၀ ရွက် ဖြစ်ပါသည်။

"ရှင် နွေးနွေးထွေးထွေး အဝတ်အစားတချို့ ဝယ်ထားလို့ ရအောင် ဘော့စ်ဖေးက ဒီလစာ ကြိုပေးခိုင်းထားတာပါ။ ရာသီဥတုက အေးလာပြီ။ ကုမ္ပဏီရဲ့ အပူပေးစနစ်က နွေးပေမယ့် ကုမ္ပဏီတွင်းနဲ့ ကုမ္ပဏီပြင် အပူချိန် ခြားနားချက်က များလွန်းတယ်။ အအေးမိဖို့ အရမ်းလွယ်တယ်"

"ခဏနေရင် ကျွန်မတို့နဲ့ နေ့လည်စာ လာစားလေ။ ယွီသရေစာဆိုင်က အရမ်းအရသာရှိတယ်"

"ဟုတ်-ဟုတ်ကဲ့ပါ" ထန်ယီရှု ဘာမှန်း မသိဘဲ ခပ်မြန်မြန် ခေါင်းငြိမ့်လိုက်ပါသည်။

သူမ အဝတ်အစားများက ပါးလွှာသော်လည်း သူမ ရင်ထဲမှာတော့ နွေးထွေး နေပါသည်။ ရုံးထဲက အပူပေးစနစ်ကြောင့်တော့ မဟုတ်လောက်ပေ။

နိုဝင်ဘာလ ၂၆ ရက်၊ သောကြာနေ့...

ဖေးချမ့် ကားထဲမှာ ထိုင်နေပြီး 'လှပတဲ့ မနက်ဖြန်' ရိုက်ကွင်းကို သွားနေပါသည်။

ရိုက်ကွင်းက ကျင်းကျိုးမြို့တွင်း စတူဒီယိုတစ်ခု ဖြစ်သည်။ ရုပ်ရှင်တစ်ကားလုံးမှာ ကြီးကြီးမားမား ဇာတ်ဝင်ခန်းတွေလည်း မပါပေ။ သေချာ ဆန်းစစ်ကြည့်ရလျှင် ရိုးရိုးရှင်းရှင်း ဇာတ်ဝင်ခန်းတွေသာ ပါပါသည်။

ခေါင်းဆောင်မင်းသားနေထိုင်ရသည့် အာဏာသ ယာဉ်လုံးအခန်း၊ အာကာသထဲက ဧရာမ မြင်ကွင်းကြီး၊ အနာဂတ်ဆန်သည့် မြို့ပြ ရှုခင်း၊ တဲလန့်ရှိုးပွဲ တည်နေရာနဲ့ ခေါင်းဆောင်မင်းသားရဲ့ စံအိမ် စသည်တို့သာ ပါဝင်သည်။

ဇာတ်ကောင်တိုင်းရဲ့ ဝတ်စုံများ၊ မိတ်ကပ်များ၊ ပစ္စည်းပစ္စယများကို ထပ်မံ ပြင်ဆင်လိုက်ပါက ဒီ ဇာတ်ဝင်ခန်းတွေမှာ ရိုက်ကူးဖို့ မခက်ခဲနိုင်ပါ။ ဇာတ်ဝင်ခန်းက အနည်းငယ် ပိုမို အနာဂတ်ဆန်သည့် ပုံပေါက်ဖို့သာ လိုအပ်သည်။ တချို့ ပိုမို ရှုပ်ထွေးသည့် ဇာတ်ဝင်ခန်းများကိုတော့ အစိမ်းရောင် ပိတ်ကား အသုံးပြုကာ ရိုက်ကူးပြီး နောက်မှ ကွန်ပြူတာ အထူးပြုလုပ်ချက်များ ထည့်ရသည်။ ဘာပဲဖြစ်ဖြစ် ကွန်ပြူတာ အထူးပြုလုပ်ချက် လိုအပ်သည့် ဇာတ်ဝင်ခန်း များများစားစားလည်း မရှိပါ။

ခေါင်းဆောင်မင်းသားနေထိုင်သည့် အာကာသ ယာဉ်လုံးကို အချိန်တိုအတွင်း ဖန်တီးလိုက်နိုင်သည်။ ဇာတ်ဝင်ခန်းအများစုက ထိုအခန်းထဲမှာသာ ဖြစ်ပျက်သည်။ အများစုက တစ်ယောက်တည်း သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းများဖြစ်သည်။ ဇာတ်ဝင်ခန်းများက ရိုးရှင်းပြီး ရိုက်ကူးရ လွယ်ကူသည်။ ထို့ကြောင့် ၎င်းတို့ကို ပိုပြီး ဦးစားပေး ရိုက်ကူးရပါသည်။

ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးရင်း တခြား ဇာတ်ဝင်ခန်းများအတွက် ဆက်တင်ကို ဆက်လက် တည်ဆောက်နေနိုင်ပါသည်။

ဖေးချမ့် ရောက်လာတော့ ကျူးရှောင်စဲကို ရှာလိုက်ပြီး ရိုက်ကွင်းကို ရောက်လာခဲ့ပါသည်။

ဝန်ထမ်းများက အလုပ်ရှုပ်နေကြ၏။ သူတို့ဘာတွေ လုပ်နေသလဲ ဖေးချမ့် မသိဘဲ မေးလည်း မမေးချင်သဖြင့် ကျူးရှောင်စဲ နောက်ကနေသာ လိုက်လာခဲ့ပါသည်။

ဘော့စ်ဖေးက လာရောက်စစ်ဆေးတာဟုသာ ထင်သဖြင့် ကျူးရှောင်စဲ အကောင်းဆုံးကြိုးစားပြီး သူ့ဝန်ထမ်းတွေကိုပါ ကြိုးစားခိုင်းထားပါသည်။

ဖေးချမ့်ကတော့ ဒီတိုင်း လာကြည့်ရုံဖြစ်သည်။ အရင်က ရုပ်ရှင်တစ်ကား မရိုက်ဖူးသဖြင့် သူ့အတွက် အလွန်စိတ်လှုပ်ရှားဖို့ ကောင်းပါသည်။ ရိုက်ကူးရေး အဖွဲ့သားများ ရိုက်ကူးရေးမလုပ်ခင် အမွှေးတိုင်များ ထွန်းရပြီး ကောင်းချီးအတွက် ဆုတောင်းရသည်ဟု ဆိုသည်။ သို့သော်လည်း ဒီလိုအရာမျိုးကို ဖေးချမ့် မမြင်ရပါ။ ဘာပဲဖြစ်ဖြစ် သူ ဂရုလည်း မစိုက်ပါ။

ဒီတိုင်း ပျော်ပွဲရွှင်ပွဲထဲ ဝင်ပါချင်ပြီး ဒီရုပ်ရှင် ရိုက်ကူးရေးမှာ သူ ပြဿနာ ရှာလို့ ရမလားဟု လာကြည့်ခြင်းသာ ဖြစ်သည်။

All Chapters