← Chapters

သားရဲထိန်းကျောင်းသည့်ရွာ

Vol. 1 Ch. 4

သားရဲထိန်းကျောင်းသည့်ရွာ

Vol. 1 Ch. 4

စုန့်ဟယ့်သည် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ စုန့်ဟယ့်သည် ထိုအညိရောင်လူသားကို သိပါ၏။ သူ၏နာမည်မှာ ဖင့်ယင်းရှောင်းဖြစ်သည်။ ဖင့်ယင်းရှောင်းသည် ရှီးဖင့်စီရင်စုအပြင်ဘက် အနောက်တောင်ဒေသရှိ တိရစ္ဆာန်လေ့ကျင့်မွေးမြူရေးခြံတွင် နေထိုင်သူဖြစ်သည်။

သားရဲတိရစ္ဆာန်များနှင့်ယဉ်ပါးသည့် ဝက်ဝံမျိုးနွယ်တွင် လွန်စွာမှော်ဆန်လှသည့် သားရဲများအား ယဉ်ပါးစေနိုင်သည့် မျိုးရိုးဗီဇစွမ်းရည်ရှိသည်။ ဝက်ဝံမျိုးနွယ်သည် သားရဲများနှင့် ဆက်ဆံပြောဆိုနိုင်ပြီး ကြက်၊ ငှက်များကို ထိန်းချုပ်နိုင်၍ တိရစ္ဆာများကို မိမိအလိုကျ ခိုင်းစေနိုင်သည်ဟု ပြောစမှတ်ပြုကြ၏။ ထို့အပြင် ဝက်ဝံမျိုးနွယ်မှ ယဉ်ပါးခြင်းခံရသည့်ငှက်နှင့်သားရဲများသည် ဝိဉာဉ်စွမ်းအင်ရှိကြပြီး ရှီးဖင့်စံအိမ်တော်ရှိ အထက်တန်းလွှာများ၊ အရာရှိများ၏ အထူးချစ်ခင်နှစ်သက်ခြင်းကို ခံယူရပေသည်။ ထို့ကြောင့် ဝက်ဝံမျိုးနွယ်၏ကိုယ်ခံပညာသည် ‌အလွန်အမင်း မကောင်းမွန်‌လှသော်ငြား နယ်ပယ်တစ်ဝှမ်းတွင် ကျော်ကြားမှုရှိသည့်မျိုးနွယ်ဖြစ်သည်။

ခဏအကြာတွင် ထိုလူသန်ကြီးသည် စုန့်ဟယ့်‌၏ရှေ့သို့ရောက်လာခဲ့ပြီး သံတိုင်ကြီးကဲ့သို့ရပ်နေခဲ့သည်။ သို့သော် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်သည် ကြောက်ရွံ့သွားခြင်းမရှိဘဲ နှာမှုတ်လျက် ပြောလာ၏။

“ဖင့်ယင်းရှောင်း မင်းက မင်းရဲ့တိရစ္ဆာန်လေ့ကျင့်မွေးမြူရေးခြံမှာနေတယ်။ ငါက ငါ့ရဲ့ရှီးဖင့်ဘုရားကျောင်းမှာနေတယ်။ ငါတို့မျိုးနွယ်နှစ်စုက မြစ်ထဲကရေကို မြစ်ထဲမှာပဲ အမြဲထိန်းသိမ်းထားခဲ့တာကို မင်းက ဒီနေ့ လူတွေခေါ်ပြီး ငါ့တံခါးဝကိုရောက်လာတယ်။ ဘာအကြောင်းကြောင့်များလဲ”

အညိုရောင်လူသား ဖင့်ယင်းရှောင်းမှာ အလျင်လိုရမည်လား သို့မဟုတ် မိမိမှာ စုန့်ဟယ့်၏ အပြစ်စစ်မေးခံနေရသည်လားကို မသိတော့ချေ။ အနည်းငယ်ရှက်ရွံ့စွာဖြင့်သာ ပြောခဲ့၏။

“အစ်ကိုကြီးစုန့်ဟယ့် အထင်လွဲနေပါပြီ။ ကျွန်တော်တို့က ဒီကို ပြဿနာရှာဖို့လာခဲ့တာ မဟုတ်ပါဘူး”

စုန့်ဟယ့်သည် သူ့ရှေ့ရှိ အညိုရောင်လူသားအားကြည့်လျက် လက်မြှောက်၍ ငှက်နီလေးကိုထုတ်ပြ၏။

“မင်းရောက်လာတာနဲ့ ဒီငှက်ကိုသုံးပြီး ငါ့ကိုပြုတ်ကျအောင်လုပ်ပြီး ဟိုမြွေနက်ကိုသုံးပြီးတော့လည်း တိုက်ခိုက်ခဲ့တယ်လေ။ အဲဒါကပဲ မူမမှန်တဲ့လုပ်ရပ်ဖြစ်နေပြီကို ပြဿနာရှာဖို့လာတာမဟုတ်ပါဘူးလို့ ပြောရဲသေးတယ်လား”

အညိုရောင်လူသား ဖင့်‌ယင်းရှောင်းသည် တစ်နည်းတစ်ဖုံ ဝမ်းနည်းသွားပုံရ၏။ ထို့နောက် ရှက်ရွံ့စွာဖြင့် ပြောလာခဲ့သည်။

“အစ်ကိုကြီးစုန့်ဟယ့်ကို ပြစ်မှားမိတာက ကျွန်တော့်ရဲ့ငယ်ရွယ်ပြီး‌မသိတတ်တဲ့ သမီးလေးပါ။ အစ်ကိုကြီးက တကယ်ကျူးလွန်တဲ့သူကို မမှတ်မိနိုင်ဘူးဆိုမှတော့ ကျွန်တော့်မျက်နှာကိုထောက်ထားပြီး နောက်မျိုးဆက်ကို ဒီအကြောင်း မပြောပြပါနဲ့ဗျာ။ ဒီကလေးမှာ ထိုးထွင်းအမြင်တချို့ရှိနေလို့ပါ”

စုန့်ဟယ့်မှ ဘာမျှတုံ့ပြန်မပြော‌ရသေးသော်ငြား တစ်ယောက်ယောက်မှ ဆန္ဒမရှိစွာဖြင့် ကြည်လင်သည့်အသံဖြင့် ပြောလာခဲ့‌သည်။

“ဖေဖေ ဖေဖေက ဘာလို့ သူ့ကိုတောင်းပန်ရတာလဲ။ သူအရင်မှားတာ သိသာနေတာပဲကို.. သူအရင် ရှောင်ဟုန်ကို ဖိနပ်နဲ့ပေါက်လို့ ရှောင်ဟေးကို ခြောက်လှန့်ခိုင်းလိုက်တာလေ။ ခြောက်လှန့်ခိုင်းရုံပဲဟာ”

ထိုစကားများနှင့်အတူ မဝေးလှသည့် သစ်ပင်ကြီးတစ်ပင်နောက်မှ ပုံရိပ်သေးသေးလေးတစ်ခု ထွက်ပေါ်လာကာ ထိုပုံရိပ်လေးသည် မကျေနပ်မှုများ ပြည့်နှက်နေသည့်မျက်နှာဖြင့် အညိုရောင်လူသားဖင့်‌ယင်းရှောင်းဘေးသို့ လျှောက်လာခဲ့‌လေသည်။

ထိုပုံရိပ်လေးမှာ ၁၇၊ ၁၈နှစ် အရွယ်ခန့်ရှိ လှပချောမောသည့် ရုပ်ရည်ဖြင့် မိန်းမငယ်လေးတစ်ဦးဖြစ်ပါ၏။ သူမသည် ခါးတစ်ဝိုက်၌ အရောင်အသွေးစုံသည့် တိရစ္ဆာန်သားရေတစ်စကို တန်ဆာဆင်ထားသည့် ကျော့ရှင်းသည့် ရိုးရာဝတ်စုံတိုလေးကို ဝတ်ဆင်ထားသည်။ သူမ၏ပုံစံမှာ သပ်ရပ်ကျော့ရှင်း၏။

မိန်းမငယ်လေးသည် တစ်ယောက်တည်းရင်ဆိုင်နေထိုင်ရခြင်း၌ အခက်ခဲရှိပုံမရချေ။ သန်မာသည့်‌ယောက်ျားတစ်ယောက်နှင့် တိုက်ခိုက်ခြင်းသည် အစွန်းရောက်၏။ သံတိုင်ကဲ့သို့သော ထိုလူသန်ကြီးသည် ဤမျှလှပသည့်သမီးမိန်းကလေးကို မည်သို့မွေးထွက်လာခဲ့သည်ကို နားမလည်နိုင်ပါချေ။

သမီးဖြစ်သူမှ ထွက်လာသည်ကိုမြင်သောအခါ ဖင့်ယင်းရှောင်းက အော်‌ပြောလေသည်။

“သမီး ဘာတွေပြောနေတာလဲ။ အစ်ကိုကြီးစုန့်ဟယ့်က ဘယ်လိုလူမျိုးမလို့လဲ။ အရင်ပြစ်မှားတာ သမီးရဲ့ငှက်နီလေးပဲဖြစ်လိမ့်မှာပေါ့။ အဲဒါကြောင့် အလျင်စလိုနဲ့ အစ်ကိုကြီးစုန့်ဟယ့်ကို မပြောနဲ့ဦးလေ။ အစ်ကိုကြီးစုန့်ဟယ့်ကို တောင်းပန်လိုက်”

“ရှောင်ဟုန်က အရင်ပြစ်မှားမိခဲ့တယ်ဆိုရင်တောင် သူက ရှောင်ဟုန်ကို ဖိနပ်နဲ့ပစ်ပေါက်လိုက်ပြီး ရှောင်ဟုန်လေးကို အမွေးတစ်ချောင်း ကျွတ်သွားစေခဲ့တယ်လေ။ အဲ့နောက်မှ ရှောင်းဟေး ခြောက်လှန့်တာခံရတာ။ အဲဒါဆို တစ်ယောက်နဲ့တစ်ယောက် ကျေပြီလို့သတ်မှတ်လို့ရတယ်မဟုတ်လား။ ဘာလဲ.. သမီးကို တောင်းပန်စေချင်တာလား”

မိန်းမငယ်လေးက ဒေါသတကြီးဖြင့်ပြော၏။

ဖင့်ယင်းရှောင်းသည် သမီးဖြစ်သူအား စိုက်ကြည့်၍ ဒေါသဖြင့်ပြောတော့သည်။

“အရမ်းမာနကြီးနေတယ်ပေါ့လေ။ အစ်ကိုကြီးစုန့်ဟယ့်က မင်းကို စနောက်နေရုံပဲ.. အစ်ကိုကြီးစုန့်ဟယ့်သာ တကယ်လက်ပါချင်ရင် မင်းအခုချိန်ထိ အသက်ရှင်နေဦးမယ်ထင်နေလား”

မိန်းမငယ်လေးသည် စိတ်တွင်း၌ နာခံလိုခြင်းမရှိသော်‌ငြား ဖခင်ဖြစ်သူ၏ ရှားပါးလှသည့် ဒေါသကို မြင်လိုက်ရသောအခါ သူမ၏မကျေနပ်ချက်များကို ဝမ်းတွင်းသို့ မြိုချသိမ်းဆည်းလိုက်ပြီး‌ ဒေါသကိုဖုံးကွယ်ရန် တစ်ဖက်သို့ခေါင်းလှည့်လိုက်သည်။

ဖင့်ယင်းရှောင်းသည် မိမိ၏သမီးဖြစ်သူမှ တောင်းပန်ရန်မှာ မဖြစ်နိုင်သည်ကိုသိသောကြောင့် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်အား လေးနက်စွာအရိုအသေပြုလျက်ဖြင့် ပြောခဲ့၏။

“ဒါက ကျွန်တော့်ရဲ့သမီး ဖင့်ယုံဖန်းပါ။ သမီးလေးက ငယ်ငယ်လေးတည်းက အလိုလိုက်ခံထားရလို့ မာနကြီးပြီး ကျွန်တော့်အကြောင်းတောင် ဘာမှပြောလေ့မရှိပါဘူး။ အစက ကျွန်တော်နဲ့သမီးနဲ့ အတူတူရှိနေတာပါ။ လမ်းမှာ နှောင့်နှေးမှုလေးတစ်ခုရှိသွားလို့ သမီးက အရင်သွားနှင့်လိုက်တာ။ သမီးက ငယ်ရွယ်ပြီးမသိတတ်ဘဲ အစ်ကိုကြီးစုန့်ဟယ့်ကို ပြစ်မှားမိလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိပါဘူး။ ကျွန်တော်က သမီးဖြစ်သူအစား ဒီနေရာမှာ အစ်ကိုကြီးကို ပြန်လည်ပေးဆပ်ဖို့ ရောက်‌လာရတာပါ”

ဤဖင့်ယုံဖန်း၏ဖခင်ဖြစ်သူ ဖင့်ယင်းရှောင်းသည် ပြောသင့်သည်များကို အကုန်အစင်ပြောခဲ့ပြီးဖြစ်သည်။ မိမိမှာ ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခများစွာကိုဖြတ်ကျော်ခဲ့ဖူးပြီး ဤဖခင်ဖြစ်သူဖင့်ယင်းရှောင်းထက်ပင် ဝါကြီးရင့်လေရာ မိမိမှ အလျှော့မပေးပါက နောင်လာနောက်သားများအတွက် ပြောစရာဖြစ်သွားလိမ့်မည်မဟုတ်ပါလား။ ဖင့်ယင်းရှောင်းမှ တည်ကြည်လေးနက်စွာ တစ်ဖန်တောင်းပန်လာသည်ကိုကြည့်ရင်းဖြင့် စုန့်ဟယ့်သည်လည်း ဒေါသကိုလျှော့ချ၍ ငှက်‌နီလေးအား လွှတ်ပေးရန် လက်မြှောက်လိုက်သည်။

အညိုရောင်လူသားကြီး၏နောက်ရှိ မိန်းမငယ်လေးဖင့်ယုံဖန်းမှ အချက်ပြလိုက်ရာ ငှက်နီလေးသည် မိန်းမငယ်လေး၏ပခုံးနောက်သို့ ပျံသန်းသွားခဲ့ပြီး ထပ်မံခေါင်းဖော်မလာတော့ချေ။ တစ်ချိန်တည်းမှာပင် ချင်းယန်အား စိုက်ကြည့်နေသည့်မြွေနက်သည်လည်း မြက်ခင်းများထဲသို့ လျှောဝင်သွားခဲ့ရာ မည်သည့်အရပ်၌ သွားပုန်းလေသည် မသိရပေ။

ရှေ့ရှိသားအဖနှစ်ယောက်ကိုကြည့်ရင်းဖြင့် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်မှာ အနည်းငယ်ရှုပ်ထွေးနေရပေသည်။ ဤရှီးဖင့်ဘုရားကျောင်းသည် ရှီးဖင့်ဖုချန်နှင့် နီးကပ်သည်ဖြစ်သော်ငြား ခြုံငုံကြည့်ရပါလျှင် အပြင်ဘက်မြို့ဆင်ခြဖုံးများရှိတောင်များ၊ ကျက်တီးမြေတောင်များ၊ တောင်ရိုးများတွင် ဆယ်လကျော်ကြာမြင့်သည်အထိ အပြင်လူမရှိခဲ့ချေ။ ဤဖင့်ယင်းရှောင်းတို့သားအဖသည် တစ်စုံတစ်ရာကို လာရောက်ရှာဖွေခြင်းသည်လော။

ကျင့်ကြံသူအိုကြီးစုန့်ဟယ့်မှ အဖြစ်အပျက်များကို မေးမြန်းတော့မည်တွင် တောင်ခြေမှ လူတစ်ယောက်မှ အော်ဟစ်သံကိုကြားလိုက်ရလေသည်။

“ကယ်ကြပါ။ တစ်ယောက်ယောက် မရှိကြဘူးလား.. မြန်မြန် လာကယ်ပေးကြပါ..”

စုန့်ဟယ့်သာမက ဖင့်ယင်းရှောင်းသည်လည်း ထိုအသံကို ကြားလိုက်ပေသည်။ အသံမှာ ဤနေရာနှင့် မဝေးလှသည်ဖြစ်ရာ တစ်ယောက်ယောက်မှ ဤအနီးအနား၌ ဒုစရိုက်ပြုလုပ်နေခြင်းပေလော။ သူတို့၏အမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားရ၍ အသံလာရာသို့ဦးတည်ရန်အပြုတွင် နောက်ထပ်အသံတစ်ခုမှ ဒေါသတကြီးဖြင့်ပြောသည်ကို ကြားလိုက်ရ၏။

“ချန်မျိုးရိုးကောင် မင်းကျောက်စိမ်းတိုင်းပြည်ကို ပြောင်းရွှေ့‌သွားရင်တောင်မှ ငါမင်းကို သက်ညှာပေးမှာမဟုတ်ဘူးကွ”

အသံမှာ လွန်စွာတမူထူးခြားသည့်အသံဖြစ်ရာ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်နှင့် ချင်းယန်တို့မှာ အလွယ်တကူပင် သိနိုင်လေသည်။ ထိုအသံမှာ ရှီးဖင့်ပြည်နယ်၏ နာမည်ကျော်ကြားလှသည့် ကျောင်းတော်အရာရှိကျင်မဟုတ်ပါလား။ ဒုကျောင်းတော်အရာရှိကျင်ဟု ခေါ်တွင်ကြပြီး ထိုလူမှာ အရာရှိကျင်အဖြစ်နေထိုင်ရခြင်း၌ မကောင်းမွန်လှပေ။ ထို့နောက်တွင် သုချန်းကျင်သည် အုတ်ဂူတူးရင်းဖြင့်နေထိုင်သည့် သင်္ချိုင်းအုတ်ဂူသူခိုးတစ်ယောက် ဖြစ်လာခဲ့သည်။

သင်္ချိုင်းအုတ်ဂူတူးဖော်၍ ခိုးယူခြင်းသည် ပို၍ပင် ထိခိုက်နစ်နာစေသည့် ညှာတာမှုကင်းမဲ့သည့်လုပ်ရပ်ဖြစ်သည်။ ထို့ကြောင့် အားလုံးမှာ သုချန်းကျင်နှင့်ပတ်သက်၍ ကောင်းမွန်သည့်စိတ်မရှိကြဘဲ ဆက်သွယ်ပြောဆိုကြသည်မှာလည်း ရှားပါး၏။ အဘယ်ကြောင့် သုချန်းကျင်မှာ ဤနေရာ၌ပေါ်လာခဲ့သည်မသိချေ။

ဤတစ်ကြိမ်တွင် စုန့်ဟယ့်နှင့်ဖင့်ယင်းရှောင်းတို့ သေချာကြားလိုက်ရပါ၏။ အကူအညီတောင်းခံနေသူမှာ ချန်မျိုးရိုးဖြစ်ပုံရသည်။

‘အဲဒါက ရှီးဖင့်မှာ ဖုန်းရွှေကြည့်ဖို့ဆိုင်ဖွင့်ထားတဲ့ နတ်ဘုရားတစ်ပိုင်းချန် မဟုတ်လား’

ချန်ပန့်ရှန်းနှင့် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်သည် နတ်ဘုရားတစ်ပိုင်းအဖြစ် သတ်မှတ်ခံထားရပေသည်။ ကျင့်ကြံသူအိုကြီးစုန်ဟယ့်၏ အဓိကအလုပ်အကိုင်မှာ တစ္ဆေမိစ္ဆာဖမ်းခြင်းနှင့် အဆောင်လက်ဖွဲ့များရေးဆွဲခြင်း၊ မကောင်းဆိုးဝါးများကိုနှင်ထုတ်ခြင်းနှင့် မိစ္ဆာစွမ်းအင်များကို တားဆီးကာကွယ်ပေးခြင်း၊ ပူဇော်ပွဲများဖွင့်လှစ်ကျင်းပခြင်းနှင့် စီမံကိန်းမြို့နေအိမ်များဖွင့်လှစ်ပေးခြင်း… စသည်တို့ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် စုန့်ဟယ့်သည်လည်း ရှေ့ဖြစ်ဟောတတ်၏။

စုန့်ဟယ့်၏ရှေ့ဖြစ်ဟောခြင်းသည် လျှောက်လှမ်းသည့် လမ်းသွယ်လမ်းမများပေါ်တွင် မူတည်ပြီး ရှေ့ဖြစ်ဟောရန် နေရာသတ်မှတ်ထားခြင်းမျိုး မရှိပေ။ ထို့ပြင် လိမ်လည်လှည့်ဖျားခံရနိုင်၏။ ချန်ပန့်ရှန်းသည်တော့ ကျွမ်းကျင်ရှေ့ဖြစ်ဟောသူဖြစ်ပြီး ဆိုင်ခန်းဖွင့်ထားသည်။ လူများသည် စားသောက်နေထိုင်ရန် ချန်ပန့်ရှန်းအား မှီခိုကြပြီး သူ၏ရှေ့ဖြစ်‌ဟောအဆင့်သည် စုန့်ဟယ့်ထက် မြင့်သည်။

ချန်ပန့်ရှန်းသည် လေပြည်ကိုရှာဖွေ၍ မြှုပ်နှံခြင်းကိုပြင်ဆင်ရန် ဖုန်းရွှေကိုကြည့်ပေးသည်။ သုချန်းကျင်သည် သင်္ချိုင်းမြေတူး၍ အုတ်ဂူတူးသည်။ အထူးသဖြင့် တခြားလူများ၏ ဈာပနပစ္စည်းများကို ခိုးယူ၏။ သူတို့သည် ကူညီလုပ်ဆောင်သူနှင့် ပျက်စီးစေသူတို့ဖြစ်ကြသော်ငြား မညှာတမ်းပြောရပါက ထို‌နှစ်ယောက်အား ရဲဘော်ရဲဘက်များဟု သတ်မှတ်နိုင်ပေသည်။

‘ဘာလို့များ ဒီနေ့မှ တိုက်ခိုက်ကုန်ကြပါလိမ့်'

ထို့ပြင် ဤသည်မှာ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်၏နယ်မြေဖြစ်သည်။ ဆရာသခင်တစ်ယောက်အနေဖြင့် သူ၏နယ်မြေတွင် တိုက်ခိုက်သတ်ပုတ်ကြရန် ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် စုန့်ဟယ့်သည် ခန္ဓကိုယ်ကိုပေါ့ပါးစွာဖြင့် ချန်ပန့်ရှန်းနှင့် သုချန်းကျင်တို့ဆီသို့ ပျံသန်းသွားလိုက်သည်။ ချင်းယန်နှင့် ဖင့်မျိုးရိုးသားအဖသည်လည်း နောက်မှအမြန်လိုက်သွားခဲ့ကြသည်။

သူတို့သည် တောင်ဆီသို့ ဦး‌တည်ပြေးလွှားနေကြကာ တစ်ယောက်နောက်မှ တစ်ယောက်လိုက်နေသည့် လူနှစ်ဦးကိုမြင်တွေ့ရရန် အချိန်သိပ်မကြာလိုက်ပါချေ။ ရှေ့မှပြေးနေသောလူကြီးမှာ မုတ်ဆိတ်မွေးခပ်ပါးပါးနှင့် ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး လက်ထဲတွင် အိတ်တစ်အိတ်နှင့် ရှေ့ဖြစ်ဟောအမှတ်သင်္ကေတကို ကိုင်ဆောင်ထားသည်မှာ သူတို့ခန့်မှန်းခဲ့သည်နှင့် တူညီပါ၏။ ထိုသူမှာ မြို့ထဲရှိနာမည်ကျော်ရှေ့ဖြစ်ဟောသူ ငွေမက်မောသည့် ချန်ပန့်ရှန်းဖြစ်ပေသည်။

All Chapters