← Chapters

ခြင်္သေ့ဟိန်းသံ

Vol. 1 Ch. 6

ခြင်္သေ့ဟိန်းသံ

Vol. 1 Ch. 6

အချိန်ခဏကြာ ရုန်းရင်းဆန်ခတ်ဖြစ်နေပြီးနောက်တွင် ချန်ပန့်ရှန်း၏အခြေအနေမှာ အနည်းငယ်ကောင်းမွန်လာခဲ့သည်။ သူသည် သုချန်းကျင်လက်ထဲရှိ တူရွင်း၌သာ အာရုံရောက်နေ၏။ တစ်ဖက်လူမှ အသက်သေစေနိုင်သည့်လှုပ်ရှားမှုကို ပြုလုပ်လာခဲ့သည်နှင့်တစ်ပြိုင်နက် ချန်ပန့်ရှန်းသည် လျင်မြန်စွာရှောင်ရှား၍ တစ်ဖက်သို့ အမြန်ပြေးသွားတော့သည်။

သုချန်းကျင်မှာ လှုပ်ရှားမှုမှားယွင်းသွားခဲ့ခြင်း‌လား မသိချေ။ လွှဲရိုက်လိုက်သည့်တူရွင်းပြားသည် နောက်ပြန်မလွှဲဘဲ ရှေ့သို့သာဆက်လွှဲသွားခဲ့ပြီး ချန်ပန့်ရှန်း၏နောက်ကျောသို့ ဦးတည်သွား၏။

တူရွင်းပြား၏ လက်ကိုင်သည် ရှည်လျားသည်မဟုတ်ပေ။ ချန်ပန့်ရှန်းသည် သုချန်းကျင်နှင့် ၁၀ပေနီးပါးခန့်အကွာအဝေးတွင်ရှိနေပြီး သူ၏ခန္ဓာကိုယ်အား‌ မျှော်မှန်းထားသည်ထက် ပိုစောစီးစွာ လှုပ်ရှားခဲ့သည်။ ပုံမှန်အခြေအနေအောက်တွင် တူရွင်းပြားသည် ချန်ပန့်ရှန်းအား ထိနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော် ဤတစ်ကြိမ်၌ သုချန်းကျင်၏လက်ငါးချောင်းမှာ လျော့ရဲသွား၍ လက်ထဲမှ တူရွင်းပြားမှာ လွတ်ထွက်သွားပြီး ချန်ပန့်ရှန်း၏နောက်ကျောတည့်တည့်သို့ ဦးတည်လွင့်ထွက်သွားလေသည်။

တူရွင်းပြားသည် သုချန်းကျင်၏ အသက်မွေးဝမ်းကြောင်းကိရိယာဖြစ်ရုံမျှမက လက်နက်လည်းဖြစ်သည်။ တူရွင်းပြား၏ရှေ့ထိပ်တွင် ဓားသွားတစ်ခုရှိနေပြီး ထိုဓားသွားမှာ အလွန်ထက်၏။ ချန်ပန့်ရှန်းသည် သုချန်းကျင်မှ ဤကဲ့သို့တူရွင်းဖြင့်ပစ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သည်ဖြစ်ရာ ပြေးရုံသာတတ်နိုင်ပြီး ပြန်လည်ခုခံနိုင်ခြင်း မရှိချေ။ ထိုတူရွင်းပြားဖြင့် ထိမှန်သွားပါက အသက်မသေလျှင်သော်မှ ဒဏ်ရာပြင်းထန်စွာရရှိသွားရပေလိမ့်မည်။

ကျန်းဟူလောက၌ တိုက်ခိုက်ရာတွင် လူအနည်းငယ်သည်သာ သူတို့၏လက်နက်ကို အဝေးသို့ပစ်လွှတ်တတ်ကြသည်။ လက်နက်ဆုံးရှုံးသွားခြင်းသည် မိမိ၏အသက်အား တစ်ဖက်လူသို့ အညံ့ခံပေးအပ်လိုက်ခြင်းနှင့်တူညီပေသည်။ အထူးသဖြင့် တိုက်ခိုက်နေသည့်နေရာ၌ အပြင်လူများရှိနေချိန်တွင်ဖြစ်သည်။ သို့ဖြစ်လျှင်သော်လည်း သုချန်းကျင်သည် တူရွင်းကို ချန်ပန့်ရှန်းရှိရာသို့ ပစ်လွှတ်ရန်ဆန္ဒရှိနေခဲ့သည်ဖြစ်ရာ ၎င်းသည် သုချန်းကျင်မှာ ချန်ပန့်ရှန်းအား မည်မျှမုန်းတီးနေကြောင်းကို ပြသနေပေသည်။

ချန်ပန့်ရှန်းသည် နေရာ၌ပင် အသက်သေလုနီးသည်ကိုမြင်သည်နှင့် ဘေးဘက်မှ ကျောက်ခဲတစ်လုံးသည် တူရွင်းပြားအား သွားရောက်ထိမှန်လာခဲ့သည်။ ကျောက်ခဲ၏ပစ်အားမှာ မပြင်းထန်လှသော်ငြား ၎င်းသည် တူရွင်းပြားကို ပွတ်ခါသီခါ ထိမှန်သွားပြီး ချန်ပန့်ရှန်း၏အသက်ဘေးအတွက် စိုးရိမ်ပူပန်မှုကို လျော့ကျစေခဲ့၏။

ထိုကျောက်ခဲကို ပစ်လွှတ်လိုက်သူမှာ စုန့်ဟယ့်ဖြစ်သည်။ ထိုကျောက်ခဲမှာ စုန့်ဟယ့်သည် မြွေနက်လေးအားတိုက်ခိုက်ရန် လက်ထဲတွင်ကိုင်ထားခဲ့ခြင်းဖြစ်ပြီး ဤနေရာအထိ ကိုင်လာမိခဲ့လေသည်။ နေရာရှိနှစ်ယောက်သားမှာ အံ့ဩမင်သက်သွားကြ၏။ ဤနယ်မြေ၏ အရှင်သခင်တစ်ယောက်အနေဖြင့် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်မှာ ချန်ပန့်ရှန်းကို ယခုနေရာ၌ သေခွင့်မပြုနိုင်ချေ။

ကျင့်ကြံသူအိုကြီးစုန့်ဟယ့်မှာ တူရွင်းပြားသည် ကျောက်ခဲဖြင့်ထိမှန်ပြီးနောက်တွင် မြေပြင်သို့ပြုတ်ကျလိမ့်မည်ဟု ‌တွေးထားခဲ့သည်။ သုချန်းကျင်မှ နောက်တစ်ကြိမ်တိုက်ခိုက်လျှင်သော်မှ ချန်ပန့်ရှန်းအား အမီလိုက်နိုင်တော့မည်မဟုတ်‌ချေ။ မမျှော်လင့်စွာဖြင့် သုချန်းကျင်သည် ခေါင်းကိုခါယမ်းလိုက်ရာ တူရွင်းပြားသည် ပြုတ်ကျမသွားခဲ့ဘဲ လေထဲ၌တစ်ပတ်လည်ပြီး ချန်ပန့်ရှန်း၏နောက်ကျောသို့ ထပ်မံဦးတည်လာခဲ့ပြန်သည်။

ကျင့်ကြံသူအိုကြီးစုန့်ဟယ့်သည် ‌တူရွင်းနောက်ဘက်၌ ချည်နှောင်ထားသည့် ပိုးချည်ကြိုးမျှင်လေးကို တွေ့ရှိသွားခဲ့သည်။ သုချန်းကျင်သည် ထိုပိုးကြိုးမျှင်ဖြင့် တူရွင်းပြား၏ ဦးတည်ရာအရပ်ကို လေထဲတွင် ထိန်းချုပ်နေခြင်းဖြစ်၏။။ ပိုးကြိုးဖြင့်အရာဝတ္ထုများကို ထိန်းချုပ်နိုင်ခြင်းသည် အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှပါ၏။ စုန့်ဟယ်မှာ ဤလောကကြီး၏သူရဲကောင်းများကို အထင်သေးခဲ့မိလေပြီ။

တူရွင်းပြားမှာ ချန်ပန့်ရှန်း၏နောက်ကျောနှင့် လက်မအနည်းငယ်မျှသာ ကွာဝေးတော့သည်။ ထို့ပြင် အဖြစ်အပျက်မှာ ရုတ်တရက်ဆန်လှရာ သုချန်းကျင်၌ ထိုကဲ့သို့‌သော စွမ်းရည်ရှိလိမ့်မည်ဟုလည်း မည်သူမျှမျှော်လင့်မထားခဲ့သည်ဖြစ်ရာ ဤတစ်ကြိမ်တွင်တော့ ချန်ပန့်ရှန်းအား ကယ်ပေးရန် အချိန်မမီနိုင်တော့ချေ။ စုန့်ဟယ့်သည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ချန်ပန့်ရှန်း တကယ်သေရတော့မည်ထင်ပါ၏။

ထိုအချိန်တိုလေးအတွင်း၌ ရုတ်တရက်ဆန်လှစွာ ရှေးဗုဒ္ဓဘုရားသခင်အား တမ်းတသည်ကို ကြားလိုက်ရ၏။

“အဆုံးမဲ့အလင်းသုရှစ်ကျုအရှင် သနားညှာတာပေးပါ”

ထိုအသံမှာ မကျယ်သော်ငြား လူနားကပ်၍ အော်ပြောလိုက်သကဲ့သို့ အားလုံးမှာ ရှင်းလင်းပြတ်သားစွာကြားလိုက်ရပေသည်။ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်မှလွဲ၍ အားလုံးသည် မထိန်းချုပ်နိုင်တော့ဘဲ သွေးကြောနှင့်စိတ်စွမ်းအင်များ လှိုက်တက်လာခဲ့၍ စိတ်နှလုံးမတည်မငြိမ်ဖြစ်လာခဲ့ကြသည်။ ချင်းယန်နှင့် ဖင့်ယုံဖန်းတို့မှာ ခြေလှမ်း တစ်လှမ်းနှစ်လှမ်းမျှ နောက်ဆုတ်သွားရ၏။ သုချန်းကျင်လက်ထဲရှိ ပိုးကြိုးသည်လည်း တုန်ခါသွားခဲ့ပြီး တူရွင်းပြားသည်လည်း မြေပြင်သို့ကျသွားခဲ့လေသည်။

အားလုံးမှာ အသက်ပြင်းပြင်းရှုရှိုက်လျက်

‘'ဒါ… ဒါက အသံလှိုင်းတိုက်ကွက်ပဲ"

ဘုရားရှင်၏ စကားလုံးတစ်လုံးသည်ပင် ထိုမျှသော စွမ်းအင်ရှိလှသည်ဖြစ်ရာ ဤသည်မှာ နာမည်ကျော်ကြားသည့် ဗုဒ္ဓဘုရား၏‌ ခြင်္သေ့ဟိန်းဟောက်ခြင်းပေလော။ ရှီးဖင့်တစ်ခွင်ရှာကြည့်လျှင်သော်မှ ချင်းလုံဘုရားကျောင်း၏ ကင်းမဲ့ခြင်းတရားတော်ဖြင့် ဆိတ်ငြိမ်သည့်ဘုန်းတော်ကြီးများသာလျှင် ထိုတိုက်ကွက်အား အသက်သွင်းနိုင်လိမ့်မည်ကို စိုးရွံ့မိပါ၏။

သေချာပေါက်ပင် အသံနိမ့်ပါးပျောက်ကွယ်သွားခဲ့ပြီးနောက် မဝေးလှသည့်နေရာမှ ဘုန်းတော်ကြီးနှစ်ပါး လျှောက်လာခဲ့သည်။ ရှေ့ဆုံးရှိဘုန်းတော်ကြီးမှာ ကြင်နာနွေးထွေးသည့် မျက်လုံးများရှိပြီး ပိန်သွယ်သွယ်ခန္ဓာနှင့် သက်တော်၇၀၊၈၀ဝန်းကျင်ရှိ၍ မုတ်ဆိတ်မွေးဖြူဖြူတို့မှာ ရင်ဝနားထိ ရှည်လျားသည်။ စင်ကြယ်သည့် မီးခိုးဖျော့ရောင်ဘုန်းတော်ကြီးဝတ်ရုံမှာ လွန်စွာရိုးရှင်း၏။

ထိုဘုန်းတော်ကြီး၏နောက်တွင် ရှိနေသည်မှာ ချင်းယန်ထက် ငယ်ရွယ်ပုံပေါ်သော်ငြား ချင်းယန်ထက် များစွာသန်မာသည့် ဘုန်းကြီးကိုရင်လေးတစ်ပါးဖြစ်သည်။ ကျက်သရေတင့်တယ်သည့် ထိုဘုန်းကြီးငယ်လေးသည်လည်း မီးခိုးဖျော့ရောင်ဘုန်းတော်ကြီးဝတ်ရုံကို ဝတ်ဆင်ထားသည်။

ဘုန်းတော်ကြီးမှာ ချင်းလုံဘုရားကျောင်း၏ ကင်းမဲ့ခြင်းတရားနှင့်ဆိတ်ငြိမ်သည့် ဘုန်းတော်အိုကြီးတစ်ပါးဖြစ်ပြီး ကိုရင်လေးသည်တော့ ဘုန်းတော်အိုကြီး၏တပည့် ရွှမ့်ကျုဖြစ်သည်။ ဘုန်းတော်အိုကြီးသည် ရှီးဖင့်စံအိမ်တော်တစ်ခွင်တွင် ကျော်ကြားသူဖြစ်ပြီး အရည်အချင်းသည် စုန့်ဟယ့်ထက်ပင် မြင့်မားလေသည်။ ဘုန်းတော်အိုကြီးသည် ချင်းလုံဘုရားကျောင်း၌သာ တရားကျင့်ကြံနေလေ့ရှိပြီး လောကတစ်ခွင်လှည့်လည်သွားလာခြင်းမှာ ရှားပါး၏။ ယခုမှာ အဘယ်အကြောင်းကြောင့် မသိချေ.. တပည့်ဖြစ်သူနှင့်အတူ ရှီးဖင့်ကွမ်သို့ ရောက်လာခဲ့လေသည်။

ဘုန်းတော်အိုကြီးခုန်းကျိသည် လူအုပ်ရှိရာသို့ ဖြေးညင်းစွာလျှောက်လှမ်းလာခဲ့၏။

“အဆုံးမဲ့အလင်းတော်အရှင်.. ရန်ငြိုးဟာ နှောင်ဖွဲ့ရမှာမဟုတ်ဘဲ ဖြေရှင်းရမှာပါ။ ဒီသနားချင့်ဖွယ်ဘုန်းကြီးက ‌ပေးအပ်ခဲ့သူရဲ့ ပုံပန်းသွင်ပြင်ကို မြင်တွေ့ခဲ့ပြီး အကျိုးအမြတ်ရရှိသူရဲ့ မျက်နှာအမူအရာကိုလည်း မြင်တွေ့ပြီးပါပြီ။ အဲ့တော့ ဘာကြောင့်များ ပေးအပ်ခဲ့သူကို သတ်ဖို့ဒုက္ခခံနေဦးမှာပါလဲ"

သုချန်းကျင်သည် အံ့အားသင့်နေခဲ့၍ အချိန်အတော်ကြာ စကားမပြောနိုင်ရှိနေရသည်။ ဘုန်းတော်ကြီးခုန်းကျိ၏ ခြင်္သေ့ဟိန်းဟောက်ခြင်းကို ကြောက်ရွံ့သွားခဲ့သည့်အပြင် မိမိမှာ ချန်ပန့်ရှန်းကို ထပ်ခါထပ်ခါတိုက်ခိုက်ခဲ့သော်ငြား အကြိမ်တိုင်း တားဆီးခံခဲ့ရသောကြောင့် အနည်းငယ် မချင့်မရဲဖြစ်နေခဲ့သည်။

ယခုတွင် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်သည် လှုပ်ရှားလာခဲ့၏။ သို့သော် သုချန်းကျင်သည် သူ၏လှုပ်ရှားမှုကို လျစ်လျူရှုနေခဲ့သည်။ သုချန်းကျင်သည် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်အား မျက်နှာသာ မပေးချေ။ သုချန်းကျင်၏မူလအစီအစဉ်မှာ လက်လွန်ပြီးကိစ္စဖြစ်သည့် ချန်ပန့်ရှန်းကို ရှင်းလင်းပြီးနောက် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်အား တောင်းပန်ရန်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းသည် စုန့်ဟယ့်၏မျက်နှာကို ပစ်မှားကျူးလွန်မိခဲ့ပြီး တဖန်ဘုန်း‌တော်ကြီးခုန်းကျိ၏ ဟန့်တားခြင်းကို ခံခဲ့ရပြန်သည်။ ယခု ဘုန်းတော်ကြီးခုန်းကျိ၏ အကြံပေးခြင်းကို လက်မခံပါက သုချန်းကျင်မှာ ရှီးဖင့်စံအိမ်တော်၏ အရှင်သခင်နှစ်ပါးအား အပြစ်ပြုလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ နောင်အနာဂတ်တွင် ဤ‌ဒေသ၌ နေထိုင်နိုင်တော့မည်မဟုတ်ချေ။

သုချန်းကျင်မှ မှင်တက်၍ စကားမပြောနိုင်သည်ကိုမြင်သောအခါ အားလုံးက ချန်ပန့်ရှန်းအား လှည့်ကြည့်လိုက်ကြသည်။ ချန်ပန့်ရှန်းသည် အသက်ဘေးမှ နှစ်ကြိမ်တိုင်တိုင် ကပ်သီးလေး လွတ်မြောက်ခဲ့ရသည်ဖြစ်သောကြောင့် ချွေးစေးများပြန်၍ ထိတ်လန့်နေပေသည်။ ယခု၌ သူ့အား ဆရာသခင်ကြီးများမှ ဝိုင်းကြည့်နေကြလေရာ ခြေထောက်များမှာ ရုတ်တရက်အားနည်းပျော့ခွေကုန်တော့သည်။ ထို့ကြောင့် မြေပြင်ပေါ်၌ ထိုင်ချလိုက်၏။

ချန်ပန့်ရှန်းသည် အသိစိတ်ကပ်နိုင်ရန် အချိန်အတော်ကြာယူပြီးနောက်တွင် ပြောလာခဲ့သည်။

“သုချန်းကျင် ငါတကယ် အဲ့ဒီ့ပစ္စည်းတွေကို မယူခဲ့ဘူး။ ဒါပေမဲ့ ပြဿနာက ဒီအခြေအနေအထိတောင် ရောက်လာခဲ့ပြီ။ မင်းကလည်း ငါဘာပဲပြောပြော ယုံကြည်မှာ မဟုတ်လောက်ဘူးပဲ။ အဲ့တော့ ဒီငွေမက်မောတဲ့လူအိုကြီးငါက သက်တမ်းတစ်ဝက်လောက်မှာ ငွေအချို့စုဆောင်းထားခဲ့ပါတယ်။ အဲဒီ့ငွေတွေကို ငါမင်းကိုပေးမယ်။ အဲဒါဆို ရမလား”

ချန်ပန့်ရှန်း၏အသိစိတ်သည် မိမိမှာ သုချန်းကျင်အား ထိခိုက်နာကျင်‌စေခဲ့မိသည်ကို သိရှိလိုက်ရချိန်၌ အမှန်တကယ်ပင် ကြောက်ရွံ့ထိတ်လန့်သွားခဲ့၏။ သုချန်းကျင်ကို ရှောင်ရှားနေထိုင်ရန်အတွက် ဤသည်မှာ ပြဿနာ၏အဆုံးသတ်ဖြစ်ပါ၏။

“ငါတို့ ဒီပြဿနာကို အားလုံးရဲ့ရှေ့မှာပဲ အဆုံးသတ်လိုက်ကြရအောင်.. အနာဂတ်မှာ ငါတို့နှစ်ယောက်ကြား ဘာပြဿနာမှ မရှိတော့ဘူး”

“ဟမ့်…”

သုချန်းကျင်သည် အေးစက်စွာ နှာမှုတ်လျက် ဒေါသထွက်နေဆဲဖြစ်ပြီး ဘာမျှပြန်ဖြေမလာခဲ့ချေ။

ချန်ပန့်ရှန်းသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီးနောက် ဆက်ပြော၏။

“ငွေတုံး၁၈တုံး.. အဲဒါ ငါပိုင်ဆိုင်သမျှ အကုန်ပဲ။ သေချာပေါက် ငါအခုပေးတဲ့ပမာဏလေးက အဲ့ဒီ့ပစ္စည်းတွေနဲ့ မယှဉ်နိုင်ပါဘူး. ဂူသင်္ချိုင်းထဲက ပစ္စည်းတွေက သာမန်တန်ဖိုးအဖြစ်နဲ့တိုင်းတာလို့မရနိုင်ဘူးလေ။ ဒါကို မင်းမကျေနပ်သေးရင်တော့ ငါလည်း မတတ်နိုင်တော့ဘူး”

ငွေတုံး၁၈တုံးမှာ သုချန်းကျင်၏မျှော်လင့်ထားသည့်ပမာဏကို မယှဉ်နိုင်သည်မှာ သိသာလှပါ၏။ သို့သော် သုချန်းကျင်သည် သူ၏ဘေး၌ ဤပြဿနာအား လွန်စွာအလေးထားနေသည့် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်နှင့် ဘုန်းတော်အိုကြီးခုန်းကျိတို့အား ကြည့်လျက်၊ မိမိကိုယ်ကို ရေနွေးပူမကြောက်သည့် ဝက်တစ်ကောင်အလား သဘောထားဖြင့်ရှိနေသည့် ချန်ပန့်ရှန်းအားလည်း တစ်ချက်ကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။

နောက်ဆုံးတွင်တော့ ပဋိပက္ခမှာပြီးဆုံးသွားခဲ့လေပြီ။ ထိုမှသာ အားလုံးမှာ စိတ်သက်ရာရစွာ သက်ပြင်းချမိကြတော့သည်။ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်မှ ရှေ့သို့ထွက်လာခဲ့၍ပြော၏။

“ဘုန်းကြီးရေ နောက်ကကိုရင်ငယ်လေးရွှမ့်ကျုက ဘုန်းကြီးရဲ့တပည့်လား။ ဘုန်းကြီးက အပြင်ထွက်တာနဲ့ အတူခေါ်လာခဲ့တယ်ဆိုတော့ ဘုန်းကြီးရဲ့အမွေဆက်ခံသူထင်တယ်”

All Chapters