← Chapters

ကျားဂိုဏ်း

Vol. 1 Ch. 8

ကျားဂိုဏ်း

Vol. 1 Ch. 8

ဖင့်ယင်းရှောင်း၏အကျင့်စရိုက်မှာ သူ၏ လွန်စွာရှည်လျားသည့်အရပ်နှင့် သန်မာသည့်ခန္ဓာနှင့် လိုက်ဖက်လှသည်။ ဖင့်‌ယင်းရှောင်းမှာ ကြောက်ရွံ့စိတ်မရှိရုံမျှမက စိတ်နှလုံး၌ ဒေါသမီးလျှံများမြင့်တက်လာခဲ့လေသည်။

“ကျားဂိုဏ်းက အတော်လေး ဝါးမြိုလိုစိတ်သောင်းကျန်းနေတာများ ငါတို့ရှီးဖင့်ရဲ့ဦးခေါင်းကိုတောင် လာထိစပ်တယ်ပေါ့လေ။ အပြင်းအထန်ကို အားထုတ်နေတော့တာပဲ။ ရှီးဖင့်ရဲ့ပြည်သူတွေအနေနဲ့ ငါတို့အတူ ပူးပေါင်းလက်တွဲပြီးရင်ဆိုင်သင့်တယ်။ ဒီတစ်ကြိမ်တော့ သူတို့ကို ခေါက်တုံ့ခေါက်ပြန်ဖြစ်နေကြပါစေဦး”

ထိုအချိန်၌ ကျင့်ကြံသူလေးချင်းယန်သည် သူ၏သံသယကို တစ်ဖန်ထုတ်ဖော်လာခဲ့သည်။

“ဒီကိစ္စမှာ ပြဿနာတစ်ခုရှိနေသေးတယ်။ ကျားဂိုဏ်းက တကယ်ပဲ ကျွန်တော်တို့ ရှီးဖင့်ကို တိုက်ခိုက်ချင်နေတာဆိုရင် တစ်ယောက်ချင်းစီခွဲထုတ်ပြီး အနိုင်တိုက်လိုက်တာက ပိုမလွယ်ကူဘူးလား။ ဘာလို့ ကျွန်တော်တို့အားလုံးကို အတူစုဝေးရအောင် လုပ်နေမှာလဲ။ ကျွန်တော်တို့အားလုံး စုဝေးပေါင်းစည်းနေတာကမှ ပိုကြောက်ဖို့ကောင်းတာ မဟုတ်ဘူးလား”

“ဒါဆိုလည်း ဘယ်သူသိမှာလဲ.. ကျားဂိုဏ်းက ငါတို့တစ်ယောက်ချင်းစီနဲ့ ရင်ဆိုင်ရမှာက ဒုက္ခများလွန်းလို့ အိုးတစ်လုံးထဲ အတူပေါင်းထည့်ရင်ဆိုင်ပြီး ရှီးဖင့်ကို သူတို့နယ်မြေလုပ်လိုက်မလို့နေမှာပေါ့”

ဖင့်ယင်းရှောင်းမှ သာမန်ကာလျှံကာမျှ ပြောလာ၏။

ကျင့်ကြံသူလေးချင်းယန်၏အမေးကို ဖြေဆိုနိုင်သူမရှိချေ။ အဖြေထွက်ပေါ်မလာမီ၌ အားလုံးမှာ မှန်းဆချက်မျှသာဖြစ်သည်။ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်သည် လည်ချောင်းရှင်းလျက် ပြော၏။

“ကျားဂိုဏ်းရဲ့လက်ချက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရှီးဖင့်ရဲ့ပြည်သူတစ်ယောက်အနေနဲ့ ဒီအချိန်မှာ အားလုံး အခက်အခဲကို အတူတကွကျော်ဖြတ်သင့်တယ်။ သွေးရူးသွေးတန်းနဲ့ ‌လျှောက်ခန့်မှန်းနေမယ့်အစား ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဆွေးနွေးတာ ပိုကောင်းပါလိမ့်မယ်”

ကျင့်ကြံသူအိုကြီးစုန့်ဟယ့်၏ စကားများမှာ ကျိုးကြောင်းဆီလျော်လှသည်။ သူ၏ဆရာသခင်ဟူသောဂုဏ်ပုဒ်နှင့် ပေါင်းလိုက်သောအခါ ဘုန်းတော်ကြီးခုန်းကျိနှင့် ဖင့်မျိုးနွယ်သားအဖတို့မှာ စုန့်ဟယ့်၏ဖျောင်းဖြစကားကို ငြင်းဆန်ခြင်းမရှိချေ။ သူတို့‌သည် နောက်ဆက်၍လုပ်မည့်အရာကို ဆွေးနွေးကြတော့မည်တွင် နားဝင်မချိုလှသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ချန်ပန့်ရှန်းမှာ တုန်ရီလျက်ဖြင့်

“ဒီကိစ္စက ကောက်ကျစ်လွန်းပါတယ်။ ကျွန်တော့်ခန္ဓာက အားနည်းပြီး ကျွန်တော်ချန်ပန့်ရှန်းက လူကြီးမင်းတို့ကြားမှာ မရောနှောနိုင်ပါဘူး။ ဆိုတော့ သွားလိုက်ပါဦးမယ်”

ချန်ပန့်ရှန်းသည် ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။ သူ့ဘေးရှိ ဒေါသထွက်သွားသည့် ဖင့်ယင်းရှောင်းမှ အော်ပြော၏။

“ချန်ပန့်ရှန်း မင်းက ရှီးဖင့်ရဲ့လူ ဟုတ်သေးရဲ့လား။ မင်းမှာ ဒီလောကကြီးရဲ့လူလုပ်ဖို့ ကျောရိုးမရှိဘူးလား။ အခု ရှီးဖင့်က သေရေးရှင်ရေးကြားမှာ ရောက်နေတာကို မင်းက တစ်ကိုယ်တည်းလွတ်လမ်းရှာမလို့လား”

ချန်ပန့်ရှန်းက ပြန်ပြော၏။

“ဇာတိအားမာန်ဆိုတာ ဘာများလဲ။ ငါချန်ပန့်ရှန်းက ရှေ့ဖြစ်ဟောဆရာတစ်‌ယောက်ပါပဲ။ ငါ့ရဲ့သဘာဝကိုက မင်းတို့လောကထဲကလို အားမာန်တွေရှိ‌မနေပါဘူး။ ဒီလိုအချိန်မှာ အသက်သည်သာ အရေးအကြီးဆုံးပဲ”

ချန်ပန့်ရှန်းသည် ကျင့်ကြံသူအိုကြီးစုန့်ဟယ့်နှင့် ဘုန်းတော်ကြီးခုန်းကျိတို့၏ အသက်ကယ်တင်ခြင်းသောအသရေကို လျစ်လျူရှုလျက် သစ္စာတရားအလျဉ်းမထားရှိဘဲနှင့် ထွက်ခွာသွားတော့သည်။ ချန်ပန့်ရှန်းမှာ သုချန်းကျင်ကဲ့သို့ ဂူသင်္ချိုင်းသူခိုးတစ်ယောက်နှင့် ရောယှက်မိ၍ တစ်ဖက်စောင်းနင်းသတင်းများ ပျံ့နှံ့ရခြင်းမှာ အံ့ဩဖွယ်မဟုတ်ချေ။ ဤချန့်ပန်ရှန်းမှာ အမှန်တကယ်ပင် ကိုယ်ကျင့်တရားမကောင်းမွန်သူတစ်ယောက်ဖြစ်ပါ၏။

ချန်ပန့်ရှန်း၏ဆုတ်ခွာသွားမှုသည် နောက်ဆက်တွဲ တုံ့ပြန်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ သုချန်းကျင်သည် ချန်ပန့်ရှန်း၏ ဆုတ်ခွာမှုပြီးနောက်တွင် မိမိကိုယ်တိုင်သည်လည်း ယုံကြည်မှုများစွာ မရှိသည်ဖြစ်ရာ နောက်လှည့်၍ပြောလာခဲ့၏။

“ကျားဂိုဏ်းက ရက်စက်ကြမ်းကြုတ်တယ်လို့ ကျွန်တော်ကြားဖူးတယ်။ သူတို့လက်ထဲကိုသာရောက်သွားခဲ့ရင် သေရေးရှင်ရေးကို မှန်းဆဖို့ခက်ခဲသွားလိမ့်မယ်။ ထားလိုက်တော့ ကျွန်တော်လည်း သွားပုန်းနေလိုက်တော့မယ်”

ကနဦး၌ ဤနေရာတွင် လူအုပ်စုငါးစုရှိနေခဲ့ပြီး နှစ်အုပ်စုမှာ ပြဿနာကိုမဆွေးနွေးရသေးမီ၌ပင် ကြောက်ရွံ့သွားခဲ့လေသည်။ ဤလောကကြီးရှိလူများမှာ အမှန်တကယ်ကို မှီခို၍မရပါချေ။ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်သည် ဘုန်းတော်ကြီးခုန်းကျိအား ကြည့်လျက်‌ ပြောခဲ့၏။

“ဘုန်းတော်အိုကြီး အခုဘာလုပ်ကြမလဲ”

ဘုန်းတော်ကြီးခုန်းကျိမှ ပြော၏။

“ရှီးဖင့်ရဲ့ရဲဘော်ရဲဘက်တွေက ကိစ္စကိုဂရုစိုက်ဖို့ဆန္ဒမရှိမှတော့ အပြင်လူဖြစ်တဲ့ ငါဘုန်းတော်ကြီးက ဘာလို့ဂရုစိုက်နေရမှာလဲ။ ထားလိုက်ပါတော့.. ငါလည်း ချင်းလုံဘုရားကျောင်းကိုပြန်ပြီး တရားကျင့်ကြံတော့မယ်”

အားလုံး၏သဘောထားမှာ စုန့်ဟယ့်အား ကူကယ်ရာမဲ့စေ၏။ ထို့ကြောင့် စုန့်ဟယ့်သည် ခေါင်းကိုခါယမ်းလျက်ဖြင့် ပြော၏။

“ဘုန်းတော်ကြီးပြောတဲ့အတိုင်းဆို ကျွန်တော်တို့နှစ်‌ယောက်လုံးက ဘုန်းတော်ကြီးတွေပဲလေ။ အဲ့တော့ ဘယ်လိုလုပ်ကြမတုန်း.. ကျားဂိုဏ်းပဲဖြစ်ဖြစ်၊ ဓားပြပဲဖြစ်ဖြစ် သူတို့က စိုးမိုးခြယ်လှယ်ချင်နေကြတာ။ ငါက ကျန်းဟူတစ်ခွင်မှာ စန်းချင်းဂိုဏ်းအုပ်ဘုန်းတော်ကြီးကို ကြည်ညို‌လေးစားတာမို့ ဘယ်သူက ဘယ်သူ့ကိုမှ ထိန်းချုပ်ခြယ်လှယ်တာမျိုး မရှိရဘူး”

ချန်ပန့်ရှန်းနှင့်သုချန်းကျင်တို့သည် ထွက်သွားခဲ့ကြပြီး ဘုန်းတော်ကြီးခုန်းကျိနှင့် ကျင့်ကြံသူကြီးစုန့်ဟယ့်တို့သည်လည်း ကိစ္စရပ်များကို ဂရုစိုက်လိုခြင်းမရှိချေ။ ကျန်ရှိသည့် ဖင့်ယင်းရှောင်းသည်လည်း မေးခွန်းထုတ်ရန်ပင် မလိုအပ်သည်ဖြစ်ရာ ဤစုဝေးခြင်းသည်လည်း မကြာခင် ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

ထိုအချိန်၌ တောင်ခြေမှ လူ‌တစ်ယောက် အော်ဟစ်လာခဲ့၏။

“ကျားဂိုဏ်းသားတွေက ဒီကိုရောက်နေပြီ။ ရှီးဖင့်ပြည်သူတွေက ကျားဂိုဏ်းနဲ့‌တွေ့ရဖို့ အလျင်လိုမနေဘူးလား”

ကျားဂိုဏ်း! သေချာပေါက် ကျားဂိုဏ်းဖြစ်ပါ၏။

ကျားဂိုဏ်း၏ပိတ်ဆို့ခြင်းကို ခံလိုက်ရပါက အားလုံး၏အသက်သည် ဤနေရာ၌ ပျက်စီးသွားရလိမ့်မည်မဟုတ်ပါလော။

နေရာရှိလူအားလုံး၏ မျက်နှာအမူအရာတို့မှာ ပြင်းပြင်းထန်ထန်‌ ပြောင်းလဲသွားခဲ့ကြပြီး ချန်ပန့်ရှန်းနှင့် သုချန်းကျင်တို့၏ပုံရိပ်မှာ ဘယ်နှင့်ညာသို့ အသီးသီး လျင်မြန်စွာ ဖြတ်ပြေးသွားကြ၏။

သူတို့နှစ်ဦးမှာ ပေအနည်းငယ်မျှ ထွက်ပြေးခဲ့ပြီးနောက်တွင် ပို၍လျင်မြန်လှစွာဖြင့် နေရာသို့ပြန်ရောက်လာခဲ့လေသည်။ အကြောင်းမှာ သူတို့ထွက်ပြေးရာဘက်ခြမ်း၌ သန်မာသည့်အမျိုးသားများ ဖြေးညင်းစွာ လျှောက်လှမ်းလာနေခြင်းကြောင့်ဖြစ်ပါ၏။ ဘယ်ညာအရပ်များတွင်သာမက အရှေ့နှင့်အနောက်မှလည်း အားကောင်းမောင်းသန်အမျိုးသားများ လျှောက်လှမ်းလာနေကြရာ ရှေ့တွင်တော့ နှစ်ယောက်လျှောက်လာနေခြင်းဖြစ်သည်။

အရပ်လေးမျက်နှာလုံး၌ လူများဝန်းရံနေပေပြီ။ ကျားဂိုဏ်းသည် သူတို့မှာ အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးလွတ်မြောက်ခြင်းမရှိစေရန် သေချာပြင်ဆင်ထားသည်မှာ သိသာလှပါ၏။ ဤတစ်ကြိမ်၌ ကျားဂိုဏ်းမှာ ကျိန်းသေပေါက် အနိုင်ရရန် ဆုံးဖြတ်ချက်ချထားပုံရသည်။ ယခု၌ သူတို့အားလုံးမှာ ကျားဂိုဏ်း၏ဝန်းရံခံထားရပြီး လွတ်မြောက်ရာလမ်းမရှိချေ။ ထို့ကြောင့် ကျားဂိုဏ်း၏ရည်ရွယ်ချက်ကို သိရှိနိုင်ရန် နေရာ၌သာ စောင့်ကြည့်နေခဲ့တော့သည်။

ကျားဂိုဏ်းသားငါးယောက်မှာ ညီအစ်ကိုငါးဦး ဖြစ်ပုံရ၏။ ငါးဦးလုံးမှာ ပုံပန်းသဏ္ဍာန်ဆင်တူကြပြီး အသက်အရွယ်သည် အနည်းငယ်ကွာခြား၏။ ထိုငါးဦးလုံးမှာ ငါးဆယ်ပတ်လည် အသက်အရွယ်များဖြစ်ကြပြီး အင်အားသည်တော့ အတူတူခန့်ပင်ဖြစ်သည်။ ၄ဦးမှာ အနက်ရောင်များ ဝတ်ဆင်ထားကြပြီး‌ ရှေ့ဆုံးရှိအသက်အကြီးဆုံးလူကြီးသည် ချိတ်ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုလူမှာ ကျားဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ပေလိမ့်မည်။

ထိုသူတို့၏အသက်ကို ထည့်မတွက်ဘဲနှင့် ထိုသူတို့၏အင်အားမှာ အနည်းငယ်သော်မျှ အားမနည်းပါချေ။ သူတို့လမ်းလျှောက်သည့် ခြေလှမ်းအကွာအဝေးနှင့် အသက်ရှုနှုန်းကို အကဲဖြတ်ခြင်းအားဖြင့် ထိုသူအားလုံးတို့မှာ တစ်ယောက်သော်မျှ ကျင့်ကြံသူအိုကြီးစုန့်ဟယ့်နှင့် ဘုန်းတော်ကြီးခုန်းကျိထက် အင်အားနည်းသူ မရှိချေ။ ဆိုလိုသည်မှာ နှစ်ဘက်လူများ တိုက်ခိုက်ကြပါက ကျင့်ကြံသူအိုကြီးစုန့်ဟယ့်နှင့် ဘုန်းတော်ကြီးခုန်းကျိတို့သည် တစ်ယောက်စီကို ရင်ဆိုင်တိုက်ခိုက်နိုင်ပြီး ဖင့်ယင်းရှောင်း၊ ချန်ပန့်ရှန်း၊ သုချန်းကျင်တို့သည် တစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်နိုင်မည်ဖြစ်ကာ ချင်းယန်၊ ကိုရင်လေးရွှမ့်ကျုနှင့် ဖင့်ယုံဖန်းတို့သည် ပရမ်းပတာအခြေအနေ၌ ဝင်ရောက်ပူးပေါင်းပေးရုံသာ တတ်နိုင်၏။ အားလုံးပေါင်းစည်း၍တိုက်ခိုက်မည်ဆိုသော်မျှ သူတို့မှာ ကျားဂိုဏ်း၏ပြိုင်ဘက်မဟုတ်ချေ။ ဤတစ်ကြိမ်သည်တော့ အမှန်တကယ်ပင် ဘေးအန္တရာယ်ကြီးဖြစ်ပုံရ၏။

ရှေ့ရှိကျားဂိုဏ်းသားသည် တဖြေးဖြေး ရှေ့သို့လျှောက်လှမ်းလာနေလျက် ကျန်‌လေးဦးသည်တော့ သူတို့၏ကိုယ်ပိုင်နေရာ၌ပင် အလယ်ရှိရှီးဖင့်သားအုပ်စုမှ ထွက်ပြေးမသွားနိုင်စေရန် စောင့်ကြည့်နေခဲ့သည်။ ကျင့်ဖောက်နှင့်လူကြီးသည် ရှေ့သို့နှစ်လှမ်းမျှ ဖြေးညင်းစွာတိုးလာခဲ့၍ပြော၏။

“ကျုပ်က ကျားဂိုဏ်းရဲ့ဂိုဏ်းချုပ်ဟူကျန်းစုန့်ပဲ။ ကျုပ်က ကျား‌မြို့တော်ရဲ့ပင်မခန်းမကြီးလေးခုဖြစ်တဲ့ ထိုက်၊ ဟူကျန်းဟွား၊ ဟူကျန်းဟန်၊ ဟူကျန်းဟန့်ကိုဦးဆောင်ပြီး ရှီးဖင့်စံအိမ်တော်ကို ရှုစားဖို့လာခဲ့တာ‌လေ။ ခင်ဗျားတို့လည်း အတူတူပဲလားဗျ”

အားလုံးမှာ ကျားဂိုဏ်းသားများ၏ဝန်းရံခံထားရပြီး ထိုကျားဂိုဏ်းသားများမှာ မိမိတို့မှ ဆန့်ကျင့်သည့်အပြုအမူကို ပြုလုပ်ပါက တစ်ခုခုပြုလုပ်မည့်အနေအထားမျိုးဖြင့် ရှိနေကြသည်။ ဟူကျန်းစုန့်သည် ယဉ်ကျေးမှုဖြင့်စကားပြောဆိုနေသော်ငြား ထိုပုဂ္ဂိုလ်မှာ ဤနေရာသို့ ရိုးရိုးစင်းစင်းလာရောက်ခြင်းဖြစ်သည်ဟု မည်သူမှတွေးတောလိမ့်မည်မဟုတ်ချေ။ အေးစက်စက်မျက်နှာအနေအထားများဖြင့် ရပ်နေကြလျက် မည်သူမျှ ဟူကျန်းစုန့်အား ပြန်‌မဖြေခဲ့ချေ။

ဟူကျန်းစုန့်သည် မည်သူမျှမတုံ့ပြန်သောအခါ အေးစက်သွား၍ ကသိကအောက်ဖြစ်စွာ ရယ်မောလေသည်။

“ဘာလဲ..ခင်ဗျားတို့က ဒီလိုပုံစံကြီးလုပ်နေကြတော့ ကျုပ်တို့ကျားဂိုဏ်းကို ဒီနေရာက အရမ်းမကြိုဆိုတဲ့ပုံပေါက်နေပြီလေ”

‘အဓိပ္ပာယ်မရှိတာတွေ..သူဒီကိုရောက်လာကိုတောင် ကြိုဆိုဖို့မျှော်လင့်နေသေးတယ်။ ဒီလူက တကယ့်ကို အရှက်မရှိဘူးပဲ!’

ကျင့်ကြံသူအိုကြီးစုန့်ဟယ့်မှာ ‌ဤဟန်များလှသည့် ဟူကျန်းစုန့်အား အရေးမလုပ်လိုပေ။ သို့သော် မိမိမှာ ရှီးဖင့်၏ဆရာသခင်တစ်ယောက်ဖြစ်ပြီး ဤနေရာမှာ ရှီးဖင့်ကွမ်လည်းဖြစ်နေသောကြောင့် စကားမဆိုလိုသော်ငြား အတင်းအကျပ်လုပ်ယူ၍ ပြောခဲ့ရ၏။

“ကျားဂိုဏ်းချုပ်အရှင် ခင်ဗျားက ကျားဂိုဏ်းချုပ်ဆိုတာ ကျုပ် မသိလိုက်လို့ဗျာ။ ဒါနဲ့ ကျုပ်တို့ရဲ့ရှီးဖင့်ကို ဘာများထွက်လာကြည့်တာပါလဲ”

ကျင့်ကြံသူအိုကြီးစုန့်ဟယ့်မှ စကားလမ်းကြောင်းလာသောအခါ ဟူကျန်းစုန့်သည် ပြုံးလိုက်၏။

“ကျင့်ကြံသူကြီးစုန့်ဟယ်ပါလား။ ကျုပ် ခင်ဗျားကို အနှောင့်အယှက်ပြုဖို့ခွင့်တောင်းပါရစေ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ကျင့်ကြံသူအိုကြီးစုန့်ဟယ့်၏ မျက်နှာထက်တွင် လှောင်ရယ်သည့် အပြုံးတစ်ခုဖြစ်ထွန်းသွားလျက်

“ခင်ဗျားက ကျုပ်တို့ကို ဝိုင်းထားဖို့လူတွေတောင် လွှတ်ခဲ့ပြီးပြီးပဲ။ ခင်‌ဗျားရဲ့လူတွေ့ခွင့်တောင်းမှုက ဘာများ အသုံးဝင်သေးလို့လဲ။ ကျုပ်ရဲ့စုန့်ဟယ့်ဆိုတဲ့အမည်ကို အသုံးချပြီး သူတို့ကို ရှီးဖင့်ကွမ်ကိုလှည့်စားခေါ်ဆောင်ခဲ့တာလည်း ခင်ဗျားတို့ကျားဂိုဏ်းရဲ့ အကြံအစည်ပဲဖြစ်နေမှာကို စိုးရွံ့မိပါတယ်။ ဟုတ်တယ်မလား”

All Chapters