← Chapters

နေကိုမျိုသော ရွှေကျီးကန်း(က)

Vol. 43 Ch. 646

နေကိုမျိုသော ရွှေကျီးကန်း(က)

Vol. 43 Ch. 646

ကျောက်ရှာတောင်အပြင်ဘက် တောင်ကြားဘေးတွင် ရွှီချင်းသည် ဆောင့်ကြောင့်ထိုင်နေပြီး ထွက်မသွားမီ တစ်ချက်ကြည့်သွားသည်။

သူ၏ အနောက်တွင် အော်ဟစ်ညည်းညူသံများနှင့် ဒေါသတကြီး ဟိန်းသံများသည် မိုးထစ်ချုန်းသံအလား ထွက်ပေါ်လာကြပြီး ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်သွားလေသည်။

သိပ်မကြာမီ မီးခိုးမျိုးနွယ်ရုပ်သေးရုပ်များသည် တောင်ကြားထဲမှ အပြေးအလွှား ထွက်လာကြသည်။  သူတို့၏ နတ်ဘုရားအာရုံသည် စွမ်းအားအပြည့် ထွက်ပေါ်လာကြပြီး ပူဆွေးသောက၊ နာကြည်းမှု၊ ဒေါသတို့ဖြင့် ဘေးပတ်ဝန်းကျင်တစ်လျှောက် ဖုံးလွှမ်းသွားသည်။

တောင်ကြားသည် ဖရိုဖရဲဖြစ်နေပြီး မီးခိုးမျိုးနွယ်ဝင် ရာပေါင်းများစွာထဲမှ လက်တစ်ဆုပ်စာလူသာလျှင် အသက်ရှင်ခဲ့ကြသည်။ မျိုးနွယ်ဝင်အများစုသည် ရွှီချင်း၏ တားမြစ်အဆိပ်ကြောင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ဖျက်ဆီးခံလိုက်ရပြီး သေဆုံးသွားခဲ့ကြသည်။

ရွှီချင်း၏ အဆိပ်သည် လွန်စွာကြောက်မက်ဖွယ်ကောင်း၏။

အသက်မသေခဲ့ကြသည့်သူများပင် နာကျင်စွာ အော်ဟစ်ညည်းညူနေကြရသည်။ မည်သည့်နည်းလမ်းကို သူတို့ကြိုးစားပါစေ ခန္ဓာကိုယ်ယိုယွင်းပျက်စီးနေခြင်းကို မရပ်တန့်နိုင်ကြပေ။ သူတို့၏ မြူခိုးခန္ဓာကိုယ်က ယိုယွင်းပျက်စီးနေပြီး တဖြည်းဖြည်း ဖုန်မှုန့်သို့ ပြောင်းသွားနေသည်ကို ကူကယ်ရာမဲ့ ကြည့်နေရုံသာ တတ်နိုင်၏။

တောင်ကြားထဲတွင် တပ်ဆင်နေသော ဓမ္မရတနာသည်လည်း မမျှော်လင့်ထားသော အဖြစ်အပျက်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည်။ အဆိပ်မြူခိုး၏ ဖုံးလွှမ်းမှုသည် ဓမ္မရတနာထဲမှ ဒြပ်နှောများကို မြန်ဆန်စွာ ပိုမိုဆိုးဝါးလာစေပြီး ယင်း၏ ခံနိုင်ရည်ကို လျော့ကျစေသည်။

“ ဘယ်သူလဲ ”

အော်သံသည် တောင်ကြားအပြင်ဘက်မှ မြည်ဟိန်းထွက်လာသည်။ မီးခိုးမျိုးနွယ်မှ ဝိညာဉ်နတ်သူငယ်အဆင့်  ကျင့်ကြံသူခုနစ်ယောက် ရှစ်ယောက်ခန့်သည် သူတို့၏ ရုပ်သေးရုပ်များကို ထိန်းချုပ်လျှက် တရားခံကို အပူတပြင်း လိုက်ရှာဖွေကြသည်။

တားမြစ်အဆိပ်၏ သက်ရောက်မှုအောက်မှာ သူတို့၏ ရုပ်သေးရုပ်များသည်လည်း အလျှင်အမြန် ယိုယွင်းပျက်စီးလာနေသည်။ ပုန်းကွယ်နေကြသော သူတို့၏ ခန္ဓာကိုယ်အစစ်များသည်ပင် တားမြစ်အဆိပ်ထံမှ မလွတ်မြောက်နိုင်ကြချေ။

သို့ကြောင့်ပင် သူတို့သည် အစိုးရိမ်လွန်နေကြခြင်း ဖြစ်သည်။ သူတို့သည် ဖြေဆေးရရန် တရားခံအစစ်ကို ရှာတွေ့ချင်ကြသည်။ သူတို့သည် အစီအစဉ်အရ ပုန်းကွယ်နေရမည်ဖြစ်သော်လည်း ယခုကဲသို့အချိန်မျိုးမှာ ယင်းကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့သည် စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်ပြီး လိုက်လံရှာဖွေသည်။

သို့သော်လည်း ရွှီချင်း၏ ဖုန်းကွယ်ကျောက်စိမ်းပြားကို နတ်မိမယ်ကျစ်ရွှမ်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းက ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများ ထွင်းဖောက်မြင်နိုင်သောအရာ မဟုတ်ချေ။ ထို့အပြင် သူသည် စောစောတုန်းက အဆိပ်ထုတ်လွှတ်ပြီးသည်နှင့် တစ်ချက်လေးသာကြည့်ပြီး ထွက်သွားခဲ့ပြီ ဖြစ်သည်။ ယခု သူသည် ကျောက်ရှာတောင်နှင့် နီးကပ်နေပြီ ဖြစ်သည်။

တောင်ကြားဘက်မှ စွမ်းအင်အတတ်အကျကို အာရုံခံမိပြီးနောက် ရွှီချင်းသည် အမူအရာကင်းမဲ့လျက် ရှိသည်။ သူသည် ထိုနေရာသို့ သွားရောက်မစစ်ဆေးမီ မီးခိုးမျိုးနွယ်ဝင်အားလုံး သေဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းနေတော့မည် ဖြစ်သည်။

“ ပုံမှန်အခြေအနေမှာဆိုရင် သူတို့က နှစ်နာရီအတွင်း သေချာပေါက် သေကြလိမ့်မယ်… ဒီလိုဆို ပိုပြီးစိတ်ချရအောင် ခြောက်နာရီစောင့်လိုက်မယ် ”

ရွှီချင်းသည် တွေးတောစဉ်းစားလိုက်ပြီး အရှေ့သို့ အလျှင်အမြန် ရွေ့လျားသွားသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် ရင်တဒိတ်ဒိတ်ခုန်လာပြီး သူ၏ စိတ်ထဲတွင် အချက်ပေးသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ရွှီချင်းသည် ဆတ်ခနဲ ခေါင်းလှည့်လိုက်သည်။ တောင်ကြား၏ ဦးတည်ရာထံမှ ထိတ်လန့်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာနေသည်ကို အာရုံခံမိသောအခါ သူ၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။ ထိုအရှိန်အဝါတွင် အကြောက်တရားဖြင့် ပြည့်နှက်နေသော်လည်း ရင်းနှီးသော အငွေ့အသက်တချို့ကို သူခံစားမိသည်။

အရှိန်အဝါထွက်ပေါ်လာသည်နှင့် ချောက်နက်ပင်လယ်အောက်မှ လောကသည်လည်း သက်ရောက်ခံလာရသည်။ ဒြပ်နှောများသည် သိသိသာသာ ပိုမိုအသက်ဝင်လာကြသည်။

ရွှီချင်းကို ပို၍ထိတ်လန့်သွားစေသည်မှာ ဤနေရာပတ်ဝန်းကျင်တွင် အရာအားလုံးသည် စတင်ပုံပျက်တွန့်လိမ်လာပြီး ဝေဝါးလာနေခြင်း ဖြစ်သည်။

“ နတ်ဘုရား ”

ရွှီချင်းသည် ပန်းချီကားမျိုးနွယ်အဖိုးအိုကို တွေးမိသွားပြီး ထိုအရှိန်အဝါ၏ အရင်းအမြစ်ကို ချက်ချင်း ခန့်မှန်းမိသွားသည်။ သူ၏ အမူအရာသည် မည်းမှောင်သွားသည်နှင့် အရှိန်မြှင့်တင်လိုက်သည်။

ထိုအရှိန်အဝါသည် တောင်ကြားထဲမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ အခြားဦးတည်ရာတစ်ခုမှ တောင်ကြားဆီသို့ တစ်ဟုန်ထိုး ပြေးသွားနေခြင်းဖြစ်ကြောင်း သူအာရုံခံမိသည်။

“ ဒီက စွမ်းအင်လှိုင်းတွေက အဲ့ဒါကို ဆွဲဆောင်သွားခဲ့တာဖြစ်မယ် ”

“ နတ်ဘုရားလက်ချောင်းက နေအကြွင်းအကျန်တွေကိုရှာဖို့ ပန်းချီကားအဖိုးအိုကိုခေါ်သွားခဲ့တာ မဟုတ်ဘူးလား… ဒီကို သူဘာလို့ရောက်လာတာလဲ… တောင်ကြားထဲမှာ နေအကြွင်းအကျန်တွေ ရှိနေလို့များလား ”

သူသည် ဤကိစ္စကို တာဝန်ပြီးဆုံးအောင် ဆောင်ရွက်ပြီးနောက်မှ ဓားကိုင်ရုံးတော်ကို တင်ပြရန် စီစဉ်ထားခဲ့သည်။

ထို့အပြင် ကျောက်ရှာပြည်နယ်သည် အလွန်ကျယ်ပြောသည်။ သို့ဖြစ်၍ သူတို့ချင်းတွေ့ဆုံလိမ့်မည်ဟု အတပ်မပြောနိုင်ပေ။

မည်သို့ဖြစ်စေ နေအကြွင်းအကျန်များသည် လူသားမျိုးနွယ်နှင့် အင်အားစုအမျိုးမျိုး၏ ရှာဖွေယူဆောင်သွားခြင်းခံခဲ့ရသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ချေပြီ မဟုတ်ပါလော။

ကျောက်ရှာတောင်အနီးတစ်ဝိုက်တွင် စေ့စေ့စပ်စပ် ရှာဖွေခဲ့ပြီးဖြစ်၍ ဤနေရာတွင် နေအကြွင်းအကျန်ရှိရန် မဖြစ်နိုင်ပေ။

သို့ကြောင့် ကျယ်ပြောသော ကျောက်ရှာပြည်နယ်အတွင်း သူနှင့် နတ်ဘုရားလက်ချောင်း၏ တွေ့ဆုံနိုင်ခြေသည် လွန်စွာနည်းပါး၏။

“ ခေါင်းကြီးနဲ့ ကျောက်တုံးခြင်္သေ့ကများ အဲ့ဒါကို ဆွဲဆောင်ခဲ့တာလား ”

ရွှီချင်းသည် ကျောက်တုံးခြင်္သေ့ကို သုန်မှုန်စွာ ကြည့်လိုက်သည်။

ကျောက်တုံးခြင်္သေ့သည် ချက်ချင်း တုန်ယင်လာပြီး ၎င်းက ဤကိစ္စနှင့်ဘာမှမသက်ဆိုင်ကြောင်း ရွှီချင်းကို ပြောပြချင်သည့်အလား ခန္ဓာကိုယ်ကို အကြမ်းပတမ်း ခါယမ်းသည်။ ခေါင်းကြီးသည်လည်း အလျှင်စလို ပြောသည်။

“ အရှင်… အဲ့ဒါငါမဟုတ်ဘူး… တကယ် ငါမဟုတ်ဘူး… ငါ့မှာ နတ်ဘုရားလက်ချောင်းကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်း မရှိပါဘူး ”

ခေါင်းကြီးသည် ငိုချင်လာသည်။ သူသည် အမှန်တကယ် အပြစ်ကင်းစင်သည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ရွှီချင်း၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ သူ ဘေးကင်းလုံခြုံကြောင်း သေချာသွားတော့မှ ကျောက်တုံးခြင်္သေ့နှင့် ခေါင်းကြီးကို သင်ခန်းစာပေးပစ်မည်ဟု စိတ်ဆုံးဖြတ်လိုက်သည်။ သူက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အရှေ့သို့ဆက်သွားရန် အရှိန်မြှင့်တင်လိုက်သည်။

သူသည် ခရမ်းလစွမ်းအားကို အသုံးမပြုဝံ့ပေ။ ယင်းကို လုံးဝချုပ်ထိန်းထားသည်။ တားမြစ်အဆိပ်တွင် ဖုံးကွယ်ခြင်းသက်ရောက်မှုရှိပြီး ယင်းက ခရမ်းလအရှိန်အဝါကို ဖုံးကွယ်နိုင်ခြင်းကပင် မည်မျှအားကောင်းကြောင်း ထင်ရှားပေသည်။ သို့သော်လည်း ယင်းက အနီရောင်လ အနီးနားတွင် မရှိသောကြောင့် တားမြစ်အဆိပ်က အချက်ပြမှုကို တားဆီးပိတ်ဆို့နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု ယင်းကို အသုံးပြုမည်ဆိုလျှင် ဆန့်ကျင်ဘက် သက်ရောက်မှုရှိမရှိ သူမသေချာပေ။

ရွှီချင်းသည် စိုးရိမ်လာပြီး ဖုန်းကွယ်ကျောက်စိမ်းပြားကို အသက်သွင်းရန် သူ၏ စွမ်းအားအကုန်ကို အသုံးပြုလိုက်သည်။ သို့သော် အသက်ဆယ်ခါရှူချိန်အတွင်း သူ၏ အနောက်မှ စွမ်းအင်အတတ်အကျသည် ရုတ်တရက် ပိုမိုပြင်းထန်လာသည်။ ဘေးပတ်ဝန်းကျင်မှ ဝေဝါးမှုနှင့် ပုံပျက်တွန့်လိမ်မှုသည်လည်း ယခင်ထက် ပို၍ဆိုးဝါးလာသည်။

ရင်တဒိတ်ဒိတ်ခုန်သံသည် အထွတ်အထိပ်သို့ ရောက်သွားသောအခါ ကြောက်မက်ဖွယ် နတ်ဘုရားအာရုံသည် ရွှီချင်းအနောက်ရှိ မြူခိုးထဲမှ ပျံ့လွင့်ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ယင်းက ရွှီချင်းကိုလည်း လွှမ်းခြုံသွားသည်။

ချက်ချင်းဆိုသလို ကျယ်လောင်သော ဆူဆူညံညံအသံများသည် နေရာတိုင်းမှ မြည်ဟိန်းထွက်လာကြသည်။ ပြင်းထန်သော ဝေဝါးမှုကြားတွင် ပေတစ်ထောင်ရှည်လျားသော အံ့ဖွယ်လက်ချောင်းတစ်ချောင်းသည် ရုတ်ချည်း ရွှီချင်း၏ အရှေ့တွင် ထွက်ပေါ်လာသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းအားလုံးသည် အပြင်းအထန် တုန်ရီလာပြီး သူ၏ စိတ်ထဲသို့ ပြင်းထန်သော အန္တရာယ်အသိကို ပို့လွှတ်နေကြသည်။

သူတို့သည် ခန္ဓာကိုယ်ထဲမှ ခွဲထွက်ပြီး သီးခြားသက်ရှိဖြစ်လာတော့မည့် လက္ခဏာများပင် ပြလာကြသည်။ သူ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ကွဲထွက်တော့မည့်အလား ဆက်လက် ပိန်လိမ်ရှုံ့တွလာသည်။

ရွှီချင်းသည် လုံးဝမတုံ့ဆိုင်းပေ။ တားမြစ်အဆိပ်နှင့် ခရမ်းလစွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ တစ်ချိန်တည်း ပေါ်လျှိုးလာပြီး သူ့တစ်ကိုယ်လုံးကို အလျှင်အမြန် လွှမ်းခြုံသွားသည်။

သို့သော်လည်း ယင်းက အချည်းနှီးသာဖြစ်၏။

ဤတစ်ကြိမ်သည် အကျဉ်းထောင်ဌာနမှာတုန်းကနှင့် ကွာခြားပေသည်။ အကျဉ်းထောင်ဌာနတွင် ဤလက်ချောင်းသည် ဖိနှိပ်ခံထားရသော အခြေအနေမှာရှိသည်။ သို့သော်လည်း ယခု သူက ဖိနှိပ်မခံရတော့ဘဲ လွတ်လပ်သွားပြီ ဖြစ်သည်။ သူက အကျဉ်းထောင်မှ ထွက်ပြေးရန် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သော်လည်း သူမည်မျှဒဏ်ရာပြင်းထန်ပါစေ ၎င်းက ရွှီချင်းခုခံနိုင်သောအရာ မဟုတ်ချေ။

All Chapters