နေကိုမျိုသော ရွှေကျီးကန်း(ခ)
Vol. 43 Ch. 647
ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအခွင့်အာဏာများ ထွက်ပေါ်လာကြသည်နှင့်တစ်ပြိုင်နက် သူ၏ ဘဝအဆင့်အတန်းသည် တိုးမြှင့်သွားပြီး သူ၏ စိတ်သည် အပြင်းအထန် လှုပ်ခါလာသည်။ နတ်ဘုရားလက်ချောင်းမှ နတ်ဘုရားအာရုံ ပေါ်ထွက်လာမှုအောက်မှာ သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မှုကင်းမဲ့သွားပြီး ဆွဲယူခံနေရသည်။
နတ်ဘုရားလက်ချောင်း၏ စွမ်းအားသည် ရွှီချင်း၏ လုပ်ဆောင်မှုမှန်သမျှကို လျစ်လျူရှုထားပြီး သူ၏ ခန္ဓာကိုယ်ကို နောက်ကျောပေါ်သို့ စုပ်ယူလိုက်လေရာ စိတ်ပျက်အားငယ်နေကြသော မျိုးနွယ်ခြားအုပ်စုတစ်စုနှင့် ဆောင့်မိသွားသည်။
ကျောက်တုံးခြင်္သေ့နှင့် ခေါင်းကြီးသည်လည်း စုပ်ယူခံလိုက်ရကြသည်။
ခေါင်းကြီးသည် ကြောက်လန့်တကြား အော်ပြောသည်။
“ ခေါင်းဆောင် ခေါင်းဆောင်… ငါပါ ငါလေ... ငါခေါင်းကြီးလေ… ငါတို့က အကျဉ်းဖော်တွေလေ ”
လက်ချောင်းသည် ခေါင်းကြီး၏ အော်သံကို မတုံ့ပြန်ပေ။ ထိုအခိုက်အတန့်မှာ သူသည် လက်ချောင်းထိပ်ကို မြှောက်တင်လိုက်ပြီး ကျောက်ရှာတောင်၏ ဦးတည်ရာသို့ ချီတုံချတုံ ကြည့်လိုက်သည်။
အဆုံးမှာတော့ သူသည် မသွားခဲ့ပေ။ နတ်ဘုရားလက်ချောင်းသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး အလွန်ဝေးကွာသော တည်နေရာတစ်ခုတွင် ပြန်ပေါ်လာသည်။ သူသည် နောက်တဖန် တည်နေရာမပြောင်းရွှေ့မီ တခြားသက်ရှိများ၏ အရှိန်အဝါဆီသို့ ရွေ့လျားသွားခဲ့သည်။
ကျင့်ကြံသူ အယောက်ငါးရာကျော်သည် ၎င်း၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ သူတို့ထဲမှ အများစုသည် မီးခိုးမျိုးနွယ်မှ ဖြစ်ကြသည်။
ရွှီချင်း၏ ရောက်ရှိမှုသည် မည်သည့်သက်ရောက်မှုမှ မဖြစ်စေခဲ့ပေ။ ကျင့်ကြံသူအားလုံး၏ အတွေးတွင် ခြောက်ခြားမှုနှင့် စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေကြသည်။
သူတို့၏ ခန္ဓာကိုယ်များသည်လည်း ထူးခြားကြသည်။
သူတို့ထဲမှ အားလုံးနီးပါးသည် ခြေလက်အင်္ဂါမပြည့်စုံကြချေ။
သူတို့အားလုံးသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ခွဲထုတ်ခံထားရကြသည်။ သူတို့၏ မျက်လုံးများ၊ နှာခေါင်း၊ ကိုယ်တွင်းအင်္ဂါများနှင့် ခြေလက်များသည် တသီးတခြားရှိနေကြသည်။
မီးခိုးမျိုးနွယ်သည်လည်း ထို့အတူပင်။ မြူခိုးသည် မရေမတွက်နိုင်သော အစုအဝေးများအဖြစ် ခွဲခြားခံထားရသည်။
သို့သော်လည်း နတ်ဘုရားလက်ချောင်း၏ စွမ်းအားအောက်မှာ သူတို့သည် စုပြုံရှိနေကြပြီး မထွက်သွားနိုင်ကြချေ။ သို့ဖြစ်၍ သူတို့၏ ခန္ဓာကိုယ်များမှ အစိတ်အပိုင်းအမျိုးမျိုးသည် အမှိုက်ပုံကြီးတစ်ခုနှယ် အတူတကွ သောင်တင်နေကြခြင်း ဖြစ်သည်။
ထိုမြင်ကွင်းသည် ထူးဆန်းပြီး ဆန်းကြယ်မှုဖြင့် ပြည့်နှက်နေသည်။
ရွှီချင်း၏ အမူအရာသည် အကျည်းတန်သွားသည်။ ထိုအခိုက်အတန့်မှာ သူ၏ စိတ်သည် ဆက်လက်လှုပ်ခါနေသော်လည်း သူသည် လက်မလျော့ချေ။ သူက ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအခွင့်အာဏာနှစ်မျိုးကို အမြန်လှည့်ပတ်လိုက်ပြီး အပိုင်းပိုင်းခွဲထွက်တော့မည့် သူ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းများကို ဖိနှိပ်ရန် စွမ်းအားအပြည့်ကို အသုံးပြုလိုက်သည်။
သူ၏ ဖိနှိပ်မှုအောက်တွင် ခန္ဓာကိုယ်အပြည့်ပုံစံကို ထိန်းထားနိုင်ရုံမျှသာ လုပ်ဆောင်နိုင်သည်။ သူသည် ကျားကုတ်ကျားခဲ ခေါင်းမော့လိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်သောအခါ ရီဝေဝေမြင်ကွင်းတစ်ခုကို မြင်သွားသည်။ ဘေးတွင် အကန့်အသတ်မဲ့ မြူခိုးသည် အလျှင်အမြန် စီးဆင်းနေကြောင်း သူခံစားမိသည်။
သူက နတ်ဘုရားလက်ချောင်း၏ မြန်ဆန်သောအလျင်ဖြင့် အတင်းဆွဲခေါ်ခံနေရကြောင်း ရွှီချင်း သိလိုက်သည်။
“ ဒီနတ်ဘုရားလက်ချောင်းက ဘာလုပ်ဖို့ကြိုးစားနေတာလဲ ”
ရွှီချင်းသည် စိတ်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုကို အမြန်စဉ်းစားလိုက်သည်။
“ အကျဉ်းထောင်ဌာနက အဲ့ဒါကိုဖိနှိပ်ဖို့ ကမ္မအပေါ် မှီခိုခဲ့တယ်… ”
အတွေးများစွာသည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်နှင့် ဆူဆူညံညံ ပေါက်ကွဲသံများသည် နေရာတိုင်းလိုလိုမှ ရုတ်တရက် မြည်ဟိန်းထွက်လာကြသည်။ နောက်အခိုက်အတန့်မှာ နတ်ဘုရားလက်ချောင်းသည် ရပ်တန့်သွားသည်။
သူသည် အလွန်မြန်ဆန်စွာ ပြေးနေရင်းမှ ရုတ်ချည်း ရပ်လိုက်သောကြောင့် ကျင့်ကြံသူများ၏ အင်္ဂါအစိတ်အပိုင်းများသည် ပြိုလဲပျက်စီးသွားကြပြီး ပေါက်ကွဲထွက်သွားကြသည်။ ရွှီချင်းသည်လည်း သွေးတစ်ပွက် အန်လိုက်ရသည်။
ကံကောင်းစွာဖြင့် သူ့မှာ နတ်ဘုရားအရင်းအမြစ်နှင့် အလွန်အမင်း သန်မာသော ရုပ်ခန္ဓာကိုယ်ရှိပေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် များစွာသော အက်ကွဲရာများ ပေါ်ထွက်လာသော်လည်း ယင်းက ဆိုးဝါးသောအခြေအနေ မဟုတ်သေးပေ။
ယခု သူသည် ဘေးပတ်ဝန်းကျင်ကို မသဲမကွဲ မြင်နိုင်လာသည်။
ပေတစ်သောင်းခန့်ရှည်လျားသော ပုပ်သိုးဆွေးမြေ့နေသည့် အသားအစိုင်အခဲတစ်ခုသည် ရွှီချင်း၏ မျက်လုံးထဲသို့ ထင်ဟပ်လာသည်။
ရွှီချင်း ဆက်လက်မစစ်ဆေးနိုင်ခင် သူ၏ ခန္ဓာကိုယ်နှင့် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံး၏ အရေအတွက်များပြားလှသော အင်္ဂါအစိတ်အပိုင်းများသည် ဧရာမအသားအစိုင်အခဲဆီသို့ ပစ်လွှတ်ခံလိုက်ရကြသည်။
အသားအစိုင်အခဲပေါ်သို့ သူတို့ကျဆင်းသွားသောအခါ အသွေးအသားတုံးသည် လူးလွန့်သွားပြီး အက်ကွဲသွားကာ ဝင်ရောက်လာနေကြသော အင်္ဂါအစိတ်အပိုင်းအားလုံးကို လွှမ်းခြုံသွားသည်။ တချို့အင်္ဂါများမှ အစိတ်အပိုင်းတချို့သည် အသွေးအသားတုံးပေါ်မှာ ပေါလောပေါ်နေပြီး ကျန်အစိတ်အပိုင်းတချို့သည် လုံးဝဝါးမျိုခံလိုက်ရသည်။
သူတို့သည် အသွေးအသားတုံးနှင့် အလျှင်အမြန် ပေါင်းစပ်သွားကြသည်။
ကျောက်တုံးခြင်္သေ့နှင့် ခေါင်းကြီးသည်လည်း စုပ်ယူခံလိုက်ရကြသည်။
ဝမ်းနည်းဖွယ်ငိုသံများနှင့် သွေးပျက်ဖွယ်အော်သံများသည် လွှမ်းခြုံခံလိုက်ရသော ကျင့်ကြံသူများထံမှ ထွက်ပေါ်လာကြသည်။ တချို့သည် အော်သံများဖြစ်ကြပြီး တချို့သည် နတ်ဘုရားအာရုံများ ဖြစ်ကြသည်။ ယင်းတို့ထဲမှာ အဆုံးမဲ့နာကျင်မှုတို့ ပါဝင်နေသည်။
ရွှီချင်း၏ ခန္ဓာကိုယ်တစ်ဝက်ကျော်သည် ထိုအသွေးအသားတုံး၏ လွှမ်းခြုံခံလိုက်ရသည်။ ဘေးပတ်ဝန်းကျင်တစ်လျှောက် အော်ဟစ်ငိုကြွေးသံများဖြင့် ပြည့်နှက်သွားသောအခါ ကြီးမားသော ခံစားချက်လှိုင်းများသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
အဘယ့်ကြောင့်ဆိုသော် သူသည် ယိုယွင်းတိုက်စားခြင်းမှ မည်သည့်နာကျင်မှုမှ မခံစားရသောကြောင့် ဖြစ်သည်။ ယင်းအစား သူ၏ ခန္ဓာကိုယ်က ထိုဧရာမအသွေးအသားတုံး၏ လွှမ်းခြုံခံလိုက်ရသည်နှင့်ချက်ချင်း ရွှေကျီးကန်းထံမှ အံ့အားသင့်မှုနှင့် အလွန်အမင်း လိုချင်တောင့်တစိတ်ကို ခံစားမိခဲ့သည်။
“ ဒါက နေအကြွင်းအကျန်လား ”
ရွှီချင်းသည် မျက်လုံးပြူးကျယ်သွားသည်။ သူ၏ စိတ်ထဲတွင် လှိုင်းထသွားသည်နှင့် သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး အဝေးမှ ပန်းချီကားမျိုးနွယ်အဖိုးအိုကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်မှာ ပန်းချီကားမျိုးနွယ်အဖိုးအိုသည် ခေါင်းကြီးနှင့် ကျောက်တုံးခြင်္သေ့ကို သတိထားမိသွားသည်။ ထို့အတူ ရွှီချင်းကိုလည်း သူသတိပြုမိသည်။
သူတို့သည် အကြည့်ချင်းဆုံသွားကြသည်။
“ ဟားဟား… ငါတို့ပြန်ဆုံကြပြီနော်… ”
ခေါင်းကြီးသည် မျက်နှာတစ်ခုသည်သာ ပေါလောပေါ်နေသည်။ ထိုအခိုက်အတန့်မှာ ၎င်း၏ အကြည့်က အဖိုးအိုထံသို့ ကျရောက်သွားသည်။
အဖိုးအိုသည် ခေါင်းကြီးကို ဂရုမစိုက်ပေ။ ရွှီချင်းကို သူကြည့်လိုက်သည့်အခါ ထူးဆန်းသောအလင်းရောင်က သူ၏ မျက်လုံးထဲ၌ ဖြတ်ပြေးသွားသည်။ သူက အနားသို့ တိုးသွားသည်။
“ အရှင်အစောင့်အကြပ် ”
“ မင်းက အကျိုးဆောင်ခဲ့တာပဲ ”
ရွှီချင်းသည် ရုတ်တရက် ပြောသည်။
အဖိုးအို၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။
ရွှီချင်း၏ စကားက အဖိုးအို၏ မျက်လုံးထဲတွင် အလင်းနက်တစ်ခု ဖြစ်ပေါ်စေသည်။
အဖိုးအိုသည် ရွှီချင်းကို အကြိမ်ရေအနည်းငယ် စုန်ချည်ဆန်ချည် စစ်ဆေးကြည့်ရှုလိုက်သည်။ သူ၏ အမြင်တွင် ဤအစောင့်အကြပ်၏ မျက်နှာပေါ်မှာ ကြောက်ရွံ့မှုအရိပ်အယောင် စိုးစဉ်းမှမရှိပေ။ သူ၏ တည်ငြိမ်သော အမူအရာသည် သူက အချုပ်အနှောင်ခံထားရခြင်းမဟုတ်ဘဲ (ဃ၁၃၂)တွင် ရှိနေသယောင်ယောင်။
ထိုမြင်ကွင်းက သံသယကြီးသော အဖိုးအိုကို သူ၏ စိတ်ထဲမှ အတွေးများအား ယာယီဖိနှိပ်စေခဲ့သည်။ အဖိုးအိုသည် တစ်စုံတစ်ခုလွဲမှားနေသည်ဟု ခံစားမိသောအခါ သူ၏ အကြည့်က ခေါင်းကြီးထံသို့ ကျရောက်သွားသည်။
သို့သော်လည်း သူစကားမပြောနိုင်ခင် အော်ဟစ်ငိုကြွေးသံများဖြင့် ဆူညံပွက်လောရိုက်နေသည့်ကြားမှ လေထဲရှိ နတ်ဘုရားလက်ချောင်းသည် လှုပ်ရှားလိုက်သည်။ သူသည် အဖိုးအို၏ အရှေ့တွင် တိုက်ရိုက် ပေါ်ထွက်လာသည်။ သူ၏ မြင့်မြတ်ထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအာရုံက အဖိုးအိုအပေါ် ချုပ်နှောင်လိုက်သည်။
အဖိုးအိုသည် ခန္ဓာကိုယ်မတုန်စေရန် အကောင်းဆုံး ချုပ်ထိန်းလိုက်ပြီး မျက်နှာလိုမျက်နှာရ ဖျစ်ညှစ်ပြုံးလိုက်သည်။
“ ကြီးမြတ်တဲ့ ရွေးချယ်ခံနတ်ဘုရား… အရှင်ဟာ သူရိန်နေမင်းရဲ့ အလောင်းပေါ်မှာ ပြန်လည်ရှင်သန်လာမယ့် ကောင်းကင်နတ်ဘုရားပါ… အရှင်ဟာ ဝမ်ကူးကုန်းမြေကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် စွမ်းဆောင်ဖို့ ကံတရားပါရှိသူပါ… အရှင်ဟာ အထွတ်အထိပ်အဆင့်ကို တတ်လှမ်းနိုင်မယ့်သူပါ ”
နတ်ဘုရားလက်ချောင်းထံမှ ဖိအားသည် သိသာစွာ အနည်းငယ် လျော့ကျသွားသည်။ သူသည် ကျင့်ကြံသူအားလုံး၏ အသိစိတ်ပင်လယ်ထဲတွင် ပဲ့တင်ထပ်သွားမည့် ကျယ်လောင်သော ဟိန်းသံတစ်ခုကို ထုတ်ဖော်လိုက်သည်။
အဖိုးအိုသည် သူ၏ ခန္ဓာကိုယ်ကို ကောင်းစွာမထိန်းချုပ်နိုင်တော့ဘဲ တုန်ရီလာသည်။ သို့သော် သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သော အရိပ်အယောင် လုံးဝပေါ်ထွက်မလာခဲ့ပေ။ သူက ကြည်ညိုလေးစားသော အမူအရာကို ဆက်လက်ထုတ်ဖော်ထားပြီး ချီးမွမ်းစကားကို ဆိုသည်။
“ ရွေးချယ်ခံနတ်ဘုရား… အရှင့်ရဲ့ ပြန်လည်ရှင်သန်တော့မယ့်နေ့က တဖြည်းဖြည်း နီးကပ်လာနေပါပြီ… အရှင့်ခန္ဓာကိုယ်အတွက် ပန်းချီဆေးရည်က တစ်ဝက်လောက် ပြီးသွားပါပြီ… တကယ်လို့ အဲ့ဒါက အဆင့်နိမ့် နတ်ဘုရားတစ်ပါးအတွက်ဆိုရင် ဒီပန်းချီဆေးရည်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကို ပန်းချီဆွဲဖို့ လုံလောက်နေပါပြီ… ဒါပေမဲ့ ငါ့အရှင်က ရွေးချယ်ခံနတ်ဘုရားဆိုတော့ ငါက အရှင့်အတွက် ဒီကမ္ဘာပေါ်မှာ ပြီးပြည့်စုံဆုံး ခန္ဓာကိုယ်ကို ပန်းချီဆွဲပေးချင်ပါတယ် ”