← Chapters

နေကိုမျိုသော ရွှေကျီးကန်း(ဃ)

Vol. 43 Ch. 649

နေကိုမျိုသော ရွှေကျီးကန်း(ဃ)

Vol. 43 Ch. 649

နေအကြွင်းအကျန်သည် အသက်ရှိနေသည့်အလား တသိမ့်သိမ့်တုန်လာသည်။

ဆူညံသံများသည် ဘေးပတ်ဝန်းကျင်တွင် ထွက်ပေါ်လာကြသည်။ ဝေဝါးမှုနှင့် ပုံပျက်တွန့်လိမ်မှုက ပို၍ဆိုးဝါးလာသောအခါ ကမ္ဘာတုန်ဟီးစေမည့် အပူလှိုင်းတစ်ခုသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ယင်းက တလိမ့်လိမ့်မြှောက်တတ်သွားပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသောအခါ ပန်းချီကားမျိုးနွယ်အဖိုးအို၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားပြီး အလျှင်အမြန် အနောက်ဆုတ်သွားသည်။ ရွှီချင်းကိုကြည့်သော သူ၏ မျက်လုံးထဲတွင် အံ့ဩမှုဖြင့် ပြည့်နှက်နေသည်။

ရွှီချင်း၏ အမူအရာသည် လုံးဝမပြောင်းလဲသွားပေ။ သို့သော် အရေအတွက်များပြားသော ရွှေအစင်းကြောင်းများသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာကြသည်။

ထိုအစင်းကြောင်းများသည် သူ၏ နောက်ကျောပေါ်ရှိ တိုတမ်ဆေးမင်ကြောင်မှ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့ပွားထွက်လာခြင်း ဖြစ်သည်။

ရွှေကျီးကန်းက အရူးအမူး စုပ်ယူသောအခါ နေအကြွင်းအကျန်မှ အံ့မခန်းအစွမ်းသည် ရွှီချင်းထံသို့ ဒလဟော စုစည်းသွားသည်။

ဟင်းလင်းပြင်သည် တုန်ခါလာပြီး မြေကြီးသည် အလိပ်လိပ်ထကြွတော့မည့် လက္ခဏာများ ပြလာသည်။ အပေါ်မှ မြူခိုးသည်လည်း ထိတ်လန့်ဖွယ်အရှိန်အဝါပါသော ဝဲကတော့တစ်ခုသို့ အသွင်ပြောင်းလဲသွားသည်။

ရွှီချင်း၏ နှလုံးခုန်သံသည် မြန်လာသည်။ ရွှေကျီးကန်းပို့လွှတ်ခဲ့သော စိတ်လှုပ်ရှားမှုနှင့် လိုချင်တောင့်တစိတ်မှတဆင့် ဤအရာသည် သူ့အတွက် အခွင့်အရေးကြီးတစ်ခုဖြစ်ကြောင်း နားလည်သည်။

သို့သော် သူ့အတွက် အချိန်လိုအပ်သည်။ ယင်းသည် ရွှေကျီးကန်းအတွက် အလွန်ကြီးမားသော စားတော်ပွဲကြီးဖြစ်သည်။ ၎င်းအတွက် သူရိန်နေမင်း၏ ဧရာမအသွေးအသားတုံးကို စားသုံးရန် အချိန်အများကြီးလိုလိမ့်မည်။

ထိုမြင်ကွင်းသည် ပန်းချီကားအဖိုးအိုကိုသာမက နောက်ဆုံးမှာတော့ ကျောက်တုံးခြင်္သေ့ကို အပြင်ဆွဲထုတ်နိုင်ခဲ့သော ခေါင်းကြီးကိုပါ ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သို့သော် ဒုတိယတစ်ယောက်၏ အံ့အားသင့်သော အမူအရာသည် အနည်းငယ် အတုအယောင်ဆန်သည်။

“ သူရိန်နေမင်းရဲ့ အသွေးအသားကို စုပ်ယူတယ်… ”

ပန်းချီကားအဖိုးအို တီးတိုးရေရွတ်လိုက်သည်နှင့် သူ၏ မျက်လုံးထဲတွင် ထူးဆန်းသောအလင်း ထွက်ပေါ်လာသည်။

“ အတိတ်တုန်းက (ဃ၁၃၂)မှာ အရှင်အစောင့်အကြပ်ရဲ့ကိုယ်ပေါ်က စွမ်းအင်အတတ်အကျတွေက ထူးဆန်းတယ်လို့ ငါခံစားမိခဲ့တယ်… အဲ့ဒါက နေနဲ့ပတ်သက်နေမယ်လို့ မမျှော်လင့်ထားဘူး ”

“ ငါအခုနားလည်ပြီ… ဆရာ မင်းက နတ်ဘုရားလက်ချောင်းက ဒီကိုလာပြီး နေအကြွင်းအကျန်တွေ လိုက်ရှာနေတယ်သတင်းကြားလို့ နတ်ဘုရားလက်ချောင်းက မင်းကိုအရင်ခေါ်သွားအောင်လို့ ဒီကို တမင်လာခဲ့တာဟုတ်တယ်မလား ”

“ ဒါပေမဲ့ ငါက နတ်ဘုရားလက်ချောင်းကို လှည့်စားပြီး လူတွေဖမ်းခိုင်းမယ်ဆိုတာ မင်းဘယ်လိုလုပ်သိလဲ… ငါသိပြီ အဲဒါက ရှင်းပြဖို့ အရမ်းလွယ်ကူတယ်… နှစ်တွေမရေမတွက်နိုင်အောင် ကြာခဲ့ပြီဆိုတော့ သူရိန်နေမင်းရဲ့ အလောင်းက အသက်ဓာတ်အများကြီး ဆုံးရှုံးသွားခဲ့ပြီ… ပြီးတော့ သူ့ရဲ့အသက်ဓာတ်ကို ပြန်ဖြည့်တင်းနိုင်မယ့် နည်းလမ်းက သေချာပေါက် အသက်စွမ်းအင်ပဲပေါ့ ”

“ ဟုတ်တယ်… အဲ့ဒါ ဟုတ်တယ် ”

“ ပြောင်မြောက်ပေတယ်… တကယ် ပြောင်မြောက်ပေတယ် ”

“ ဆရာ… မင်းရဲ့ နတ်ဘုရားကို လှည့်စားနိုင်စွမ်းကတော့ တကယ်လက်ဖျားခါလောက်ပေတယ်… မင်းရဲ့စွမ်းရည်ကို ငါမချီးကျူးဘဲ မနေနိုင်ဘူး… ဒါကြောင့် စောစောတုန်းက ငါအကျိုးဆောင်ခဲ့တယ်လို့ မင်းပြောခဲ့တာမလား… ဟုတ်တယ်… ငါတကယ် အကျိုးဆောင်ခဲ့တယ် ”

“ ဆရာ မင်းက ဒီလောက်အထိ တွေးတောကြံစည်ထားမှတော့ မင်းမှာ လွတ်မြောက်ဖို့နည်းလမ်း သေချာပေါက် ရှိရမယ်… လုံးဝမမှားနိုင်ဘူး ”

ပန်းချီကားအဖိုးအိုသည် စကားပိုပြောလာလေ ပိုပြီးစိတ်လှုပ်ရှားလာလေ ဖြစ်သည်။

ခေါင်းကြီးသည် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ထွက်ပေါ်လာသည်။

ကျောက်ရှာတောင်ပေါ်သို့ ရွှီချင်းတတ်သွားပြီးသည့်အချိန်မှစ၍ သူနှင့် ကျောက်တုံးခြင်္သေ့သည် အရိပ်လေး၏ လွှမ်းခြုံခြင်းခံခဲ့ရသည်။ နောက်ပိုင်း သူတို့ပြန်ပေါ်လာသည့်အခါ တောင်ကြားဆီသို့ အဆိပ်ဖြန့်နေသော ရွှီချင်းကို မြင်ခဲ့ရသည်။ ထို့နောက် နတ်ဘုရားလက်ချောင်းသည် ရောက်ချလာသည်။ သို့ဖြစ်၍ ဤအတောအတွင်း မည်သို့ဖြစ်ပျက်ခဲ့ကြောင်း သူတို့မသိချေ။

ဤအခိုက်အတန့်မှာ ပန်းချီကားအဖိုးအို၏ စကားကို သူကြားသောအခါ ခေါင်းကြီးသည် တုန်လှုပ်သွားသည်။ အဖိုးအို၏ စကားက အဓိပ္ပာယ်ရှိသည်ဟု ရုတ်တရက် သူခံစားမိသည်။ သို့မဟုတ်လျှင် ရွှီချင်းက အဘယ်ကြောင့် စစ်ပွဲအတွင်းမှာ စစ်မြေပြင်ဆီသို့ မသွားရောက်ဘဲ ဤကျောက်ရှာပြည်နယ်သို့ ရောက်လာခဲ့သနည်း။

သို့သော်လည်း သူသည် တစ်စုံတစ်ရာ လွဲမှားနေသည်ဟု မသဲမကွဲ ခံစားနေမိသည်။

ရွှီချင်းသည် ခေါင်းကြီးကို အလိုအလျောက် လျစ်လျူရှုထားသည်။ သို့သော်လည်း ပန်းချီကားအဖိုးအို၏ စကားက သူ့ကို အနည်းငယ် ဇေဝေဇဝါဖြစ်စေသည်။ တစ်ဖက်လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်တရာပြည့်စုံပြီး အစမှအဆုံးအထိ သူ့ဘာသာ တစ်ကိုယ်တည်း ကောက်ချက်ချ ပြောဆိုနေခြင်းဖြစ်သည်။

ရေနစ်နေသည့်လူပင် အသက်ရှင်ရန် မည်မျှဆန္ဒစောနေပါစေ သူတို့သည် ထိုသို့လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။

ရွှီချင်းတွေးတောစဉ်းစားနေစဉ် အဖိုးအိုသည် ဒူးထောက်ချလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

“ အရှင်အစောင့်အကြပ်… (ဃ၁၃၂)မှာတုန်းက ငါ မင်းကို တာဝန်သိတတ်စွာ သတိပေးခဲ့ဖူးတာရယ် ဒီတစ်ကြိမ် ငါ့ရဲ့အကျိုးဆောင်မှုရယ်ကို ထောက်ထားပြီး ငါ့ကို ကယ်တင်ပေးပါ ”

“ အဲ့ဒီမကောင်းဆိုးဝါးလက်ချောင်းက သူ့အတွက် ခန္ဓာကိုယ်တစ်ခု ပန်းချီဆွဲပေးဖို့ ငါ့ကိုခိုင်းတယ်… ငါမငြင်းရဲဘူး… ဒါပေမဲ့ ငါပန်းချီဆွဲပေးပြီးတာနဲ့ သူငါ့ကို သေချာပေါက် စားလိမ့်မယ်… သူ့ရဲ့ ဆာလောင်စိတ်ကို ငါခံစားမိတယ်… ဒါကြောင့် အလောင်းက အသက်ဓာတ် အားနည်းနေတယ် ပန်းချီဆွဲဖို့ မဖြစ်နိုင်သေးဘူးလို့ အကြောင်းပြပြီး ငါ အချိန်ကြာကြာ ဆွဲထားခဲ့ပါတယ် ”

ရွှီချင်းသည် အဖိုးအိုကို အေးစက်စွာ ကြည့်လိုက်သည်။ သို့သော် သူ၏ အမူအရာပေါ်တွင် မည်သည့်သဲလွန်စမှ ရှာမတွေ့ချေ။ သူ၏ အမူအရာ သူ၏ စကားနှင့်ပတ်သက်ပြီး မည်သည့်အမှားအယွင်းမှ မရှိပေ။

သို့သော်လည်း ဤကိစ္စက ထိုမျှရိုးရှင်းလိမ့်မည်ဟု ရွှီချင်း လုံးဝမယုံပေ။

အထူးသဖြင့် သူ၏ အကြည့်က သူရိန်နေမင်း၏ အသွေးအသားတုံးဆီသို့ ကျရောက်သွားသောအခါတွင် ဖြစ်သည်။ အရေအတွက်များပြားလှသော မျိုးနွယ်ခြားများသည် ဆက်လက် အော်ဟစ်မညည်းညူနိုင်ကြတော့ဘဲ သူရိန်နေမင်းအလောင်း၏ အပြည့်အဝ စုပ်ယူခြင်းခံလိုက်ရကြသည်။

ပန်းချီကားအဖိုးအိုသည် သူအသက်ရှင်ရန် ထိုအဖြစ်အပျက်အားလုံးကို ကလိမ်ဉာဏ်ဆင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်လူက လွန်စွာမှ ပူးပေါင်းဆောင်ရွက်နေမှတော့ ရွှီချင်းသည် သူ့ကို အကြောင်းမရှိဘဲ ဖော်ထုတ်လိမ့်မည်မဟုတ်။ သူ့အတွက် အချိန်လိုသည်။ တစ်ဖက်တွင် သူသည် နေအကြွင်းအကျန်ကို စုပ်ယူချင်သည်။ အခြားတစ်ဖက်တွင် နတ်ဘုရားလက်ချောင်း နောက်တဖန် ပြန်ရောက်လာမည်ကို သူစောင့်ဆိုင်းချင်သည်။

အဖိုးအိုနှင့်ပတ်သက်ပြီး ပြဿနာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တစ်ဖက်လူကို ဤနေရာတွင် လက်ဦးမှုယူရန် သူခွင့်မပြုနိုင်ပေ။ လက်ဦးမှုယူရန် အခွင့်အရေးသည် နတ်ဘုရားလက်ချောင်း ပြန်ရောက်လာမည့် အချိန်အခါဖြစ်သည်။

ထိုသို့တွေးမိသည့်အခါ ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။

“ ငါအချိန်လိုတယ် ”

All Chapters