← Chapters

ရွှေကျီးကန်းတာအိုနတ်သူငယ်နှင့် ကျောက်ရှာအလင်း(ဃ)

Vol. 43 Ch. 653

ရွှေကျီးကန်းတာအိုနတ်သူငယ်နှင့် ကျောက်ရှာအလင်း(ဃ)

Vol. 43 Ch. 653

သူသည် ပန်းချီကားမျိုးနွယ်အဖိုးအို၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဝါကိုလည်း အာရုံခံနိုင်လာသည်။ ယင်းထဲမှာ ဘဝအသစ်တစ်ခု ရှိသည်။

ယခင်တုန်းက ရွှီချင်းသည် သူ၏ စိတ်အာရုံကို အသေးစိတ်ချဲ့ထွင်နိုင်သော အဆင့်ထိ အသုံးမပြုနိုင်ပေ။ ယခုတော့ သူ၏ အကြည့် ဖြတ်ကျော်သွားသည့်နေရာတိုင်း အလွန်အမင်း ရှင်းလင်းပြတ်သားလာသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်အာရုံမှ အဆီအနှစ်သည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပြီး နတ်ဘုရားအသိစိတ်ကို မွေးဖွားစေခဲ့သောကြောင့် ဖြစ်သည်။

နတ်ဘုရားအသိစိတ်သည် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်သောအရာ ဖြစ်၏။ ယင်းသည် တာအိုနတ်သူငယ်နှင့် ဝိညာဉ်ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာသော စွမ်းအားဖြစ်သည်။ ယင်းသည် နတ်ဘုရားအစွမ်းများကို အသုံးပြုရန် အခြေခံအုတ်မြစ်ဖြစ်သည်။

ဝိညာဉ်နတ်သူငယ်အဆင့်သို့မရောက်မီ မန္တန်များသည် မန္တန်သက်သက်သာ ဖြစ်လိမ့်မည်။

ဝိညာဉ်နတ်သူငယ်အဆင့်သို့ ရောက်ရှိသွားပြီးနောက် ယင်းတို့သည် မန္တန်များထက် ပိုပြီးအဆင့်မြင့်သော နတ်ဘုရားအစွမ်းများ ဖြစ်လာကြလိမ့်မည်။

ထိုမျှတင်မကသေးပေ။ ရွှေကျီးကန်း တတိယအဆင့်သို့ အောင်မြင်စွာ တတ်လှမ်းပြီးသောအခါ မြင့်မြတ်ထည်ဝါသော အာဟာရဖြည့်စွမ်းအားသည်လည်း ပဉ္စမနတ်နန်းတော်ထဲမှ ပေါက်ကွဲထွက်လာပြီး ရွှီချင်းကို အားဖြည့်ပေးနေသည်။

ယင်းသည် ရွှေကျီးကန်းအသက်ဓာတ်သန့်စင်ခြင်းအတတ်၏ အကျိုးသက်ရောက်မှုဖြစ်သည်။ ၎င်းက တစ်စုံတစ်ခုကို ဝါးမျိုပြီးသည့်အခါတိုင်း ရွှီချင်းကို အားဖြည့်ပေးလိမ့်မည်။

သို့သော်လည်း ဤတစ်ကြိမ် အာဟာရဖြည့်စွမ်းအားသည် တစ်ခါမှမကြုံစဖူး အလွန်အမင်း ပေါကြွယ်ဝသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် ထုဆစ်မွမ်းမံခြင်းခံလိုက်ရသည်။ ဤတစ်ကြိမ် အာဟာရဖြည့်စွမ်းအားသည် အလွန်ပေါများ‌သောကြောင့် ယင်းက သူ၏ ခန္ဓာကိုယ်ထဲမှ တခြားနတ်နန်းတော်များနှင့်ပါ ပေါင်းစပ်သွားသည်။ နဝမနတ်နန်းတော်သည်ပင် အလျှင်အမြန် ဒြပ်ထည်ဖြစ်တည်လာသည်။

ရွှီချင်း၏ ပထမနတ်နန်းတော်သည် ထီးနက်သက်စောင့်မီးအိမ်ဖြစ်သည်။ ဒုတိယနတ်နန်းတော်သည် သက်တံ့လေသံစဉ် သက်စောင့်မီးအိမ်ဖြစ်ပြီး တတိယနတ်နန်းတော်သည် တားမြစ်အဆိပ်ဆေးလုံးဖြစ်သည်။ စတုတ္ထနတ်နန်းတော်သည် ခရမ်းလ၊ ပဉ္စမနတ်နန်းတော်သည် ရွှေကျီးကန်းအင်ပါယာအဆင့်ကျင့်စဉ်၊ စတုတ္ထနတ်နန်းတော်သည် ကောင်းကင်ဘုံတာအိုမိုဆာဆော၊ သတ္တမနတ်နန်းတော်သည် တစ္ဆေအင်ပါယာတောင်ကုန်းနှင့် အဌမနတ်နန်းတော်သည် ငရဲဝိညာဉ်သွေးအတောင်ပံ သက်စောင့်မီးအိမ် ဖြစ်သည်။

နဝမနတ်နန်းတော်သည် အင်မော်တယ်အူခွေသစ်ပင်များမှာကတည်းက တစ်ဝက်ခန့်နီးပါး ဒြပ်ထည်ဖြစ်တည်ခဲ့ပြီး ဖြစ်သည်။ ယခု အာဟာရဖြည့်စွမ်းအား၏ အားဖြည့်ပေးမှုအောက်တွင် ယင်းသည် အလျှင်အမြန် ဒြပ်ထည်ဖြစ်တည်လာသည်။

၇၀ရာခိုင်နှုန်း… ၈၀ရာခိုင်နှုန်း… ၉၀ရာခိုင်နှုန်း…

အမွှေးတိုင်တစ်တိုင်စာ မီးလောင်ကျွမ်းချိန်ကုန်ပြီးနောက် နဝမနတ်နန်းတော်သည် (၉၉)ရာခိုင်နှုန်းထိ ဒြပ်ထည်ဖြစ်တည်လာသည်။ ယင်းသည် နန်းတော်အမြူတေဖြစ်လာမည့် ပစ္စည်းတစ်ခုသာ လိုအပ်တော့သည်။

“ အမြူတေပစ္စည်းလား… ရွှေကျီးကန်း အလင်းကို ထွေးထုတ်လိုက် ”

ရွှီချင်း၏ စိတ်သည် အပြင်းအထန် လှုပ်ခါလာပြီး သူ၏ နတ်ဘုရားအသိစိတ်က ပဉ္စမနတ်နန်းတော်ပေါ်သို့ ချက်ချင်း ဆင်းသက်သွားသည်။ နန်းတော်အတွင်းမှ ရွှေကျီးကန်းတာအိုနတ်သူငယ်၏ မျက်လုံးသည် ပွင့်သွားပြီး သက်တံ့အလင်းရောင် ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ သူက ပါးစပ်ဟလိုက်ပြီး ရောင်ခြည်တန်းတစ်ခုကို ထွေးထုတ်လိုက်သည်။

ယင်းသည် ကျောက်ရှာအလင်းဖြစ်သည်။

ထိုအလင်းသည် တဖျပ်ဖျပ် လင်းလက်သွားပြီး နဝမနတ်နန်းတော်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ယင်းက နဝမနတ်နန်းတော်အတွင်းသို့ ရောက်ရှိသွားသောအခါ နန်းတော်သည် ချက်ချင်းဆိုသလို သက်တံ့နန်းတော်ဖြစ်လာသည်။ နန်းတော်၏ ကိုယ်ထည်တစ်ခုလုံးသည် သလင်းကျောက်ပမာ ကြည်လင်တောက်ပပြီး အကန့်အသတ်မဲ့သော ရောင်ခြည်တန်းများကို ထုတ်လွှတ်နေသည်။ ကျောက်ရှာအလင်းနှင့် ပေါင်းစပ်ပြီးသောအခါ ယင်းသည် အလင်းဘောလုံးတစ်လုံးသို့ ပြောင်းလဲသွားသည်။ ရွှီချင်းသည် ထိုအလင်းဘောလုံးအတွင်းတွင် အိပ်ပျော်နေသော ဖီးနစ်နှင့်ဆင်တူသည့် ဧရာမသက်ရှိတစ်ကောင်ရှိနေကြောင်း မသဲမကွဲ မြင်နေရသည်။

ဤနေရာတွင် ကြွေကျသွားသော သူရိန်နေမင်းသည် ရွှေကျီးကန်းမဟုတ်ပေ။ တခြားသက်ရှိတစ်ကောင်ဖြစ်သည်။ အဘယ်ကြောင့် ရွှီချင်း၏ ရွှေကျီးကန်းက ယင်းကို ဝါးမျိုနိုင်ရခြင်းမှာ ၎င်းတို့နှစ်ကောင်သည် အခြေခံအားဖြင့် တူညီသောဇစ်မြစ်မှ ဆင်းသက်လာသောကြောင့် ဖြစ်သည်။

နဝမနတ်နန်းတော်သည် အပြည့်အစုံ ဒြပ်ထည်ဖြစ်တည်လာပြီး ကျောက်ရှာအလင်းကို နန်းတော်အတွင်းသို့ ပေါင်းစပ်စေပြီးသော ဤအခိုက်အတန့်တွင် ရွှီချင်း၏ ကျင့်ကြံခြင်းသည် နောက်တစ်ဆင့်သို့ အဆင့်ချိုးဖြတ်သွားသည်။

ရွှီချင်းသည် သူ၏ တိုက်ပွဲစွမ်းအားက ရူးသွပ်စွာ မြှင့်တတ်သွားသည်နှင့် ရွှေကျီးကန်း၏ အာဟာရဖြည့်စွမ်းအားက မကုန်သေးမှန်း ရှာတွေ့သွားသည်။ သူ၏ ဒသမနတ်နန်းတော်သည် အမှန်တကယ် ဒြပ်ထည်ဖြစ်တည်လာနေ၏။

ရွှီချင်း၏ စိတ်သည် လှုပ်ခါလာပြီး သူ၏ နှလုံးသားထဲမှာ အဆုံးမဲ့လိုအင်ဆန္ဒ ထွက်ပေါ်လာသည်။ သူက မျက်လုံးဖွင့်လိုက်ပြီး ပန်းချီကားမျိုးနွယ်အဖိုးအိုနှင့် နတ်ဘုရားလက်ချောင်းကို ကြည့်လိုက်သည်။

ပန်းချီကားမျိုးနွယ်အဖိုးအိုသည် ရွှီချင်း၏ အပြောင်းအလဲများကို သတိပြုမိသည်။ သူ၏ အကြည့်သည် မသိမသာ လှုပ်ရှားသွားသည်။ သို့သော်လည်း သူက ယင်းကို မမြင်ချင်ယောင်ဆောင်ပြီး ဆက်လက် ပန်းချီဆွဲနေသည်။

ယခု သူပန်းချီဆွဲနေသော ခန္ဓာကိုယ်သည် တစ်ဝက်ခန့်ပြီးဆုံးနေပြီ ဖြစ်သည်။ ၎င်း၏ နတ်ဘုရားအစွမ်းသည် ပို၍အံ့ဩဖွယ်ကောင်းပြီး အရပ်မျက်နှာပေါင်းစုံသို့ ဆက်လက် ပျံ့လွင့်သွားနေသည်။ ဘေးပတ်ဝန်းကျင်မှ ပုံပျက်တွန့်လိမ်မှုနှင့် ဝေဝါးမှုသည် ပို၍ဆိုးဝါးလာသည်။ ယင်းက ကြီးမားသော မုန်တိုင်းတစ်ခုကိုပင် ဖြစ်ပေါ်စေသည်။

ထိုမြင်ကွင်းကိုမြင်သောအခါ ရွှီချင်းသည် ဆုံးဖြတ်ချက်ချလိုက်သည်။

“ တကယ်လို့ ငါသာ အခုလွတ်မြောက်သွားရင် အဲ့ဒီအဖိုးကြီးက ပန်းချီဆွဲတာကိုရပ်ပြီး သူ့မှာ အသုံးပြုဖို့ ဆေးရည်မလုံလောက်တော့ဘူးလို့ အကြောင်းပြလိမ့်မယ်… အဲ့ဒါဆို နတ်ဘုရားလက်ချောင်းက ငါ့ဆီလာဖို့ ရာခိုင်နှုန်းများတယ်… ”

“ အခုချိန်က လွတ်မြောက်ဖို့အချိန် မဟုတ်သေးဘူး… လက်ချောင်းက ခန္ဓာကိုယ်ထဲ ပေါင်းစပ်သွားတဲ့အချိန်ကို ငါစောင့်ရမယ် ”

ရွှီချင်းသည် သူ့ကိုယ်သူ စိတ်အေးအေးထားလိုက်သည်။ သူသည် အခွင့်အခါကောင်းကို စောင့်ဆိုင်းနေလျက် ခန္ဓာကိုယ်ထဲမှ ရွှေကျီးကန်း၏ အာဟာရဖြည့်စွမ်းအားကို ဆက်လက်လှည့်ပတ်လိုက်ပြီး ဒသမနတ်နန်းတော်ထဲသို့ ဒလဟော အကုန်စီးဆင်းစေသည်။

သူ၏ ဒသမနတ်နန်းတော် အပြည့်အစုံ ဒြပ်ထည်ဖြစ်တည်လာသည်နှင့် နန်းတော်ထဲသို့ ထည့်သွင်းမည့်ပစ္စည်းကို ရွှီချင်းသည် ကြိုတင်တွေးထားပြီး ဖြစ်သည်။

“ ဒီတစ်ခေါက်… ခရမ်းသလင်းကျောက်နဲ့ ငါပေါင်းစပ်မယ် ”

All Chapters