တည်ဆောက်မှုပုံသဏ္ဌာန် စုတ်ပြဲခြင်း
Vol. 29 Ch. 424
ချက်ချင်းပင် လိုဏ်ဂူခန်းဝါတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားပြီး အပ်ကျသံကိုပင် ကြားရနိုင်လေသည်။
များစွာသော ကျင့်ကြံသူများသည် မြေကြီးပေါ်မှာ ခွေးသေတစ်ကောင်လို ပစ်စလက်ခတ် လဲကျသေဆုံးသွားသော အလောင်းကို မယုံကြည်နိုင်စွာ ကြည့်ပြီး ဘာစကားမှ မပြောနိုင်ကြတော့ပေ။
အရမ်းရက်စက်လွန်းလေသည်။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းရဲ့ မိစ္ဆာအမွေခံသူက ဒီအတိုင်းပဲ အသတ်ခံလိုက်ရတာလား။
အင်မော်တယ်များနှင့် မိစ္ဆာများက ရှေးဟောင်းခေတ်ကတည်းက အစေးမကပ် မသင့်မြတ်ကြသော်လည်း ဖေးချွန်ယွီပင်လျှင် ဤကဲ့သို့ အညှာတာမဲ့စွာ သတ်ဖြတ်ရဲလိမ့်မည် မဟုတ်ပေ။ ချိတ်ပိတ်ထားသူများက ဘေးမှာ ရှိနေသောကြောင့် ဖြစ်လေသည်။
မိစ္ဆာအမွေခံသူက သေသွားပြီဆိုလျှင် ချိတ်ပိတ်ထားသူက လှုပ်ရှားမှု ပြုလုပ်ပေတော့မည်။
လူတိုင်းသည် ဆူဇီမိုကို သေလူတစ်ယောက်လို ဝိုင်းကြည့်လိုက်ကြ၏။
ချိတ်ပိတ်ထားသူများက ဘဝနေဝင်ခါနီးအချိန်ကို ရောက်နေကြပြီဖြစ်သော သက်ကြီးပိုင်းများ ဖြစ်ကြလေသည်။
သို့သော်လည်း မရီးဒါန်ရှစ်ခုအခြေတည်အဆင့်ကျင့်ကြံသူများပင်လျှင် ချိတ်ပိတ်ထားသူများ၏ စွမ်းအားကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ရွှေအမြုတေနှင့် အခြေတည်အဆင့်ဆိုသည်ကား လုံးဝခြားနားသော အတန်းအစားပင်။
ခွန်အားအရာမှာ.. ရွှေအမြုများက လုံးဝဖိနှိမ်ထားနိုင်လိမ့်ပေမည်။
ရွှေအမြုတေတစ်ယောက်၏ အမျက်ဒေါသက အခြေတည်အ ဆင့်ကျင့်ကြံသူတစ်ယောက် ကိုင်တွယ်နိုင်သော အရာမျိုး မဟုတ်ပေ။
များစွာသောကျင့်ကြံသူများသည် သူတို့ပါ ရောပါကြားညှပ်ကုန်မည်ကို စိုးရိမ်သောကြောင့် ဆူဇီမိုထံမှ တတ်နိုင်သမျှ ဝေးဝေး နောက်ဆုတ်လိုက်ကြလေသည်။
ဤသည်ကို ကြည့်ပြီး ဖေးချွန်ယွီနှင့် ဖန်သားနန်းတော်မှ ရွှေရောင်ဝတ်အဖိုးအိုက အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်သည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် ဝမ်းသာပီတိကို မြင်နေကြရလေသည်။
လက်ရှိအခြေအနေက သူတို့အတွက် ကောင်းဖို့ ဖြစ်လာတာပင်။
ဖန်သားနန်းတော်သည် ဘေးကနေ ဒီအတိုင်း ထိုင်ကြည့်နေရုံနှင့် အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်ပေတော့မည်။
ဘယ်ဘက်ကပဲနိုင်နိုင် ကိစ္စမရှိ၊ ဖန်သားနန်းတော်ကသာ အကြီးမားဆုံး အောင်နိုင်သူ ဖြစ်လိမ့်ပေမည်။
“ကောင်းတယ်.. သိပ်ကောင်းတယ်ကွာ”
ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ပိန်ပိန်ပါးပါး အဖိုးကြီးက ညိုပုပ်နေသော မျက်နှာနှင့် ဆူဇီမိုကို မလိုမုန်းထားအေးစက်စွာ စိုက်ကြည့်လိုက်၏။ ဖြာထွက်လာသော သူ့အော်ရာက ကြောက်စရာကောင်းထိုးတက်လာပြီး ဘေးကကြည့်နေသူများကို ကျောချမ်းလာစေလေသည်။
ဆူဇီမိုက မျက်လုံးကိုမှေးကျဉ်း၍ သွေးသောက်သူကို ကိုင်စွဲထားပြီး ပိန်ပိန်းပါးပါးအဖိုးကြီးကို အော်ရာအရ အရေးနိမ့်ခြင်းမရှိ ရင်ဆိုင်ထားလေသည်။
သူသည် သည့်အရင်ကလည်း ရွှေအမြုတေတစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးပြီး သူ့ကို သတ်တောင်သတ်နိုင်ခဲ့သေး၏။
တစ်ကယ့်ခွန်အားအရာမှာ ဆူဇီမိုသည် ရွှေအမြုတေတစ်ယောက်ကို ယှဉ်နိုင်စရာအကြောင်းမရှိပေ။
သို့သော်လည်း သူ့မှာ နိုင်ဖို့အခွင့်အရေး ရှိနေ၏။
ဤနေရာက ရှေးဟောင်းတိုက်ပွဲမြေ ဖြစ်နေသောကြောင့်ပင်။ မည်သူမဆို ရွှေအမြုတေတစ်ယောက်၏ ခွန်အားကို ထုတ်ဖော်လိုက်သည်နှင့် တည်ဆောက်မှုပုံသဏ္ဌာန်က စုတ်ပြဲအက်ကွဲသွားမည်ဖြစ်ပြီး သူ့ကို ထိုအက်ကွဲကြောင်းက ဝါးမျိုဖျက်ဆီးပစ်ပေလိမ့်မည်။
ပြောရမည်ဆိုလျှင် ချိတ်ပိတ်ထားသူများက သူတို့၏ ရွှေအမြုတေအဆင့်ခွန်အားနှင့် တစ်ကြိမ်သာ တိုက်ခိုက်ဖို့ အခွင့်အရေး ရှိလေသည်။
ဆူဇီမိုသည် ထိုတိုက်ခိုက်မှုတစ်ကြိမ်ကိုသာ ရအောင် တောင့်ခံနိုင်ခဲ့လျှင် သေရမည့်သူက ချိတ်ပိတ်ထားသူများသာ ဖြစ်ပေလိမ့်မည်။
“သေစမ်းကွာ”
ပိန်ပိန်ပါးပါးအဖိုးအိုက သူ့ခြေထောက်ကို မြှောက်၍ ပေါ့ပါးစွာ နင်းချလိုက်၏။
ချက်ချင်းပင် ကမ္ဘာမြေနှင့် တောင်တန်းများက တုန်ခါသွားလေသည်။
အားလုံး၏ အကြည့်အောက်မှာပင် မြေပြင်ပေါ်၌ ကြီးမားသည့် အက်ကွဲကြောင်းကြီးက ဖြစ်ပေါ်လာပြီး အလွန်တရာ လျှင်မြန်စွာ ရွေ့လျားသွားကာ ဆူဇီမို၏ ခြေထောက်အောက်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။
ရွှစ်..
စိတ်ဝိညာဉ်တောင်ပံတစ်စုံက ပေါ်လာပြီး ဆူဇီမိုသည် လေထဲသို့ ပျံတက်ကာ လက်ဟန်ချိတ်စည်းသဏ္ဌာန် စိတ်ဝိညာဉ်တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။ သူသည် သူ၏ လက်ခလယ်နှင့် လယ်မကိုထိ၍ အဆုံးမဲ့စွမ်းအားများ ပိုင်ဆိုင်သော ချိတ်စည်းတစ်ခုကို ဖန်တီးလိုက်လေသည်။
မိစ္ဆာနှိမ်နင်းချိတ်စည်း..
မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းကြီး နက်ရှို်ငးမည်းမှောင်နေပြီး ထိုအထဲမှ မင်ကဲ့သို့ နက်မှောင်နေသော ဆိုးယုတ်အော်ရာများက ထိုးထွက်လာလေသည်။ တဝုန်းဝုန်းနှင့် တလိပ်လိပ်တက်၍ အဲ့ဒါက ဧရာမလက်ဝါးပုံစံကြီး ဖြစ်လာကာ လေထဲရှိ ဆူဇီမိုကို ဖမ်းဆုပ်ဖို့ တက်လာလေသည်။
ဆိုးယုတ်အော်ရာများက တလိပ်လိပ်တက်လာပြီး လေထဲတွင် အနက်ရောင်မြူခိုးများနှင့် ပြည့်နှက်သွားကာ လေထုနှင့် တိမ်စိုင်များကိုပါ ပြောင်းလဲသွားစေလေသည်။
ထိုနက်မှောင်နေသော လက်ဝါးကြီးက ငရဲမှ စေလွှတ်လိုက်သော သေမင်းတစ္ဆေလက်သည်းကြီးလို စွမ်းအားကြီးမားစွာနှင့် သက်ရှိများအားလုံးကို အသူရာချောက်ကြီးထဲသို့ ဆွဲချတော့မည်ကဲ့သို့ပင်။
တိုက်ပွဲမြေမှာ အလယ်မှာ မတ်တပ်ရပ်နေသော ဆူဇီမိုကိုထား.. ခပ်လှမ်းလှမ်းကို နောက်ဆုတ်ထားပြီးဖြစ်သော ကျင့်ကြံသူများပင်လျှင် ကြက်သီးမွေးညင်းများထ၍ ချမ်းတုန်လာလေသည်။
အဲ့ဒါက ရွှေအမြုတေတစ်ယောက်၏ ဖိနှိမ်ခြယ်လှယ်နိုင်သော စွမ်းအားပင်။
ဝုန်း..
တစ်ချိန်တည်းမှာပင် အထက်ကောင်းကင်မှ ကျယ်လောင်သည့်အသံကြီးက မြည်ဟည်းလာလေသည်။
ရွှေရောင်ခြည်များ စူးစူးရှရှလင်းလက်၍ ဧရာမရွှေရောင်လက်ဝါးကြီးတစ်ဖက်က ကောင်းကင်ထက်ကနေ ဆင်းသက်လာလေသည်။ လက်ဝါးကြီးပေါ်ရှိ အရေးအကြောင်းများကို ရှင်းလင်းစွာ မြင်နေရပြီး အဲ့ဒါက မည်သည့် မကောင်းဆိုးဝါးမှ မချဉ်းကပ်နို်ငမည့် မြင့်မြတ်သောအော်ရာကို ပိုင်ဆိုင်ထားလေသည်။ ထိုအော်ရာက အလွန်တရာ ကြောက်ဖို့ကောင်းပြီး နတ်ဆိုးများအားလုံးကို သုတ်သင်ဖယ်ရှားတော့မည်ကဲ့သို့ပင်။
ဆူဇီမိုသည် မိစ္ဆာနှိမ်နင်းချိတ်စည်းကို ထုတ်ဖော်ဖို့အတွက် သူ့ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို နောက်ဆုံးအကန့်အသတ်ထိ ထုတ်သုံးလိုက်လေသည်။ စိတ်ဝိညာဉ်စွမ်းအင်များက အရူးအမူး တိုးဝင်လာပြီး သူ၏ စိတ်ဝိညာဉ်မရီးဒါန်ခြောက်ခုက တဝုန်းဝုန်းမြည်လာလေသည်။
သူသည် မိစ္ဆာနှိမ်နင်းချိတ်စည်းကို အသုံးပြုဖို့ ရွေးချယ်ရခြင်းမှာ အဲ့ဒါက မြင့်မြတ်သောအော်ရာကို ပိုင်ဆိုင်ထားပြီး မကောင်းဆိုးဝါးများကို တွန်းထုတ်ဖယ်ရှားနိုင်လေသည်။ အဲ့ဒါက ဆိုးယုတ်အော်ရာအတွက် ဆန့်ကျင်ဘက်ရန်သူပင် ဖြစ်လေသည်။
ထိုသို့ဆိုလျှင်တောင် ရွှေအမြုတေတစ်ယောက် ထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ်တိုက်ကွက်ကို ခုခံတိုက်ခိုက်ဖို့အတွက် မိစ္ဆာနှိမ်နင်းချိတ်စည်းတစ်ခုတည်းက မလုံလောက်ပေ။
ဝုန်း..
လက်ဝါးကြီးနှစ်ဖက်က ထိတွေ့ရိုက်ခတ်သွားပြီး ကျယ်လောင်သည့်အသံကြီးက ထွက်လာလေသည်။
မတူညီသော အရောင်နှစ်ရောင်၊ ရွှေရောင်နှင့် အနက်ရောင်က ထိတွေ့ပွတ်တိုက်၍ ကူးလူးယှက်ဖြာသွား၏။ လိုဏ်ဂူကြီးတစ်ခုလုံးက ပြိုကျပျက်စီးတော့မည်ကဲ့သို့ တုန်ခါသွားလေသည်။
လူတိုင်း၏ ရှေ့မှောက်မှာပင် ရွှေရောင်လက်ဝါးကြီးက ခဏမျှ ရပ်တန့်သွားပြီးနောက် ပျက်ပြယ်လာလေသည်။
ဆိုးယုတ်အော်ရာနှင့် လွှမ်းခြုံထားသော အနက်ရောင် လက်ဝါးကြီးကလည်း သိသိသာသာ အားနည်းသွားလေသည်။
ထိုသည်ကိုကြည့်ပြီး များစွာသော ကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။
သူတို့နှစ်ယောက်ကသာ တူညီသော ကျင့်ကြံမှုအဆင့်မှာ ရှိကြမည်ဆိုလျှင် ရွှေရောင်လက်ဝါးကြီးအတွင်းရှိ နတ်ဘုရားစွမ်းအားက ပိန်ပိန်ပါးပါးအဖိုးအို၏ စိတ်ဝိညာဉ်တိုက်ကွက်ကို အပြတ်အသတ် ဖိနှိမ်နိုင်ပေလိမ့်မည်။
ချွင်.. ချွင်..
လက်ဝါးနှစ်ဖက်က ထိတွေ့သွားပြီးနောက် ထက်ရှသည့် ဓါးသံများက ထွက်ပေါ်လာလေသည်။
ဆူဇီမို၏ ရှေ့တွင် ထိပ်တန်းအဆင့် ဓါးပျံ ၁၈လက်က လွင့်မျောနေပြီး စိတ်ဝိညာဉ်အလင်းများနှင့် တောက်ပနေ၏။
သူတို့က လေထဲမှာ ကူးလူးယှက်ဖြာသွားကြပြီး ဓါးလမ်းကြောင်းများကို ချန်ထားခဲ့ကြ၏။ သူတို့က အဆုံးမဲ့ဓါးချီများကို ထုတ်လွှတ်၍ ထက်ရှသော ဓါးဝင်္ကပါတစ်ခုပုံစံ စုဖွဲ့လာကြလေသည်။
ဖယောင်းမီးဓါးဝင်္ကပါပင် ဖြစ်လေသည်။
“သွား”
ကြီးမားသည့် ဓါးစက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး တဝီဝီအော်မြည်တုန်ခါလှည့်ပတ်၍ ဧရာမအနက်ရောင်လက်ဝါးကြီးဆီသို့ ပစ်ဝင်သွားလေသည်။
အနက်ရောင်လက်ဝါးကြီးက သူ့လက်ချောင်းများကို ဖြန့်၍ ဖယောင်းမီးဓါးဝင်္ကပါကို ဖမ်းဆုပ်လိုက်လေသည်။
ဖျောက်.. ဖျောက်.. ဖျောက်..
အစတုန်းကတော့ ဓါးစက်ကြီးသည် ဆက်တိုက်လည်ပတ်နေသေး၏။ သို့သော်လည်း အနက်ရောင်လက်ဝါးကြီး၏ ဖမ်းဆုပ်ခြင်းကို ခံရပြီးနောက် အဲ့ဒါက ဝမ်းနည်းဖွယ်ရာ မြည်ကြွေးကာ ရပ်တန့်သွားလေသည်။
ဝုန်း..
ဓါးဝင်္ကပါက ပျက်ပြယ်သွားပြီး ဓါးပျံ ၁၈လက်က အဘက်ဘက်သို့ ပြန့်ကျဲထွက်သွားလေသည်။
အနက်ရောင်လက်ဝါးကြီးကို လွှမ်းခြုံထားသည့် ဆိုးယုတ်အော်ရာကလည်း ထပ်မံဖျော့တော့သွားပြန်လေသည်။
ဖယောင်းမီးဓါးဝင်္ကပါက ပျက်ပြယ်သွားသော်လည်း သူ့စွမ်းအားက အရမ်းကြောက်စရာကောင်းခဲ့ပြီး အနက်ရောင်လက်ဝါးကြီးပေါ်တွင် ဇကာပေါက်များက ဖြစ်ပေါ်လာလေသည်။
မိစ္ဆာနှိမ်နင်းချိတ်စည်းနှင့် ဖယောင်းမီးဓါးဝင်္ကပါတို့က ဆူဇီမို၏ ဝှက်ဖဲများဖြစ်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင် အမြောက်အများကို သုံးစွဲခဲ့ရလေသည်။
ဆူဇီမို၏ ဝှက်ဖဲနှစ်ခုနှင့် တောင့်ခံပြီးတာတောင် ချိတ်ပိတ်ထားသူ၏ စိတ်ဝိညာဉ်တိုက်ကွက်မှ ကျန်ရစ်နေသေးသော စွမ်းအားများက ကြောက်စရာကောင်းနေဆဲဖြစ်ပြီး မည်သူကိုမဆို ဖျက်ဆီးချေမှုန်းနိုင်စွမ်း ရှိလေသည်။
ရွှစ်..
အနက်ရောင်လက်ဝါးကြီးက ဆူဇီမိုအပေါ် ကျဆင်းကာ လွှမ်းခြုံသွားပြီး တင်းကျပ်စွာ ဖမ်းဆုပ်ပစ်လိုက်လေသည်။
ဆူဇီမိုသည် လက်ဝါးကြီးထဲသို့ ပါသွားပြီး ဆိုးယုတ်အော်ရာက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။
သွားလေပြီ။
မိစ္ဆာနှိမ်နင်းချိတ်စည်းနှင့် ဖယောင်းမီးဓါးဝင်္ကပါက ပိတ်ပင်ဟန့်တားခဲ့သော်လည်း ရွှေအမြုတေတစ်ယောက်၏ စွမ်းအားက ကျန်ရှိနေဆဲ ဖြစ်လေသည်။
ဆူဇီမို၏ ကိုယ်ကာယက အနက်ရောင်လက်ဝါးကြီး၏ ဖျစ်ညှစ်သည့်ဒဏ်ကို ခံနိုင်ရည်ရှိသည်ဆိုလျှင်တောင် ရွှေအမြုတေတစ်ယောက်၏ ဆိုးယုတ်အော်ရာက သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်နှင့် သူ့ခန္ဓာကိုယ်က ဆွေးမြည့်တိုက်စားပျက်စီးသွားရပေမည်။
တစ်ဖက်မှာတော့ ပိန်ပိန်ပါးပါးအဖိုးအို၏ နောက်တွင် လေထုက အက်ကွဲလာ၏။ အဲ့ဒါက ကြောက်စရာကောင်းသည့်အော်ရာကို ထုတ်ပေးနေပြီး သူ့ကို အက်ကွဲကြောင်းထဲသို့ ဆွဲယူသွင်းသွားလေသည်။
တည်ဆောက်မှုပုံသဏ္ဌာန် စုတ်ပြဲခြင်း။
ရှေးဟောင်းတိုက်ပွဲမြေ၏ လောကစည်းမျဉ်းကို မည်သူမှ ဖီဆန်လို့ မရချေ။
ပိန်ပိန်ပါးပါးနှင့်လူသည် ဒုတိယအကြိမ်တိုက်ခိုက်ဖို့ အခွင့်အရေး မရှိတော့ပေ။
တည်ဆောက်မှုပုံသဏ္ဌာန် စုတ်ပြဲခြင်းက ပြန်မပိတ်သေးခင်မှာပင် ပိန်ပိန်ပါးပါးလူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်း စုတ်ပြတ်သတ်ထွက်သွားပြီး သွေးများက ဖြာထွက်ကာ ဘာတစ်ခုမှ မကျန်ရစ်ခဲ့တော့ပေ။
နောက်ခဏ၌ တည်ဆောက်မှုပုံသဏ္ဌာန်စုတ်ပြဲခြင်းက ဖြည်းဖြည်းချင်း ပြန်ပိတ်သွား၏။
ဤသည်ကိုကြည့်ပြီး များစွာသောလူများ၏ အမူအယာက ရှုပ်ထွေးသွားကြလေသည်။
“ချိတ်ပိတ်ထားသူတစ်ယောက်နဲ့သာ ရင်မဆိုင်ခဲ့ရဘူးဆို သူ့လိုမျိုးလူက ဂိုဏ်းကြီးတွေက ကြိုက်တဲ့လူငယ်ပါရမီရှင်နဲ့ ရင်ဘောင်တန်းလို့ရတယ်”
“သူကိုကလဲ မောက်မာဝင့်ကြွားလွန်းပါတယ်ကွာ”
“ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကိုတောင် ရအောင်ယူနိုင်ခဲ့တာဆိုတော့ သူက တစ်ကယ့်ကို ရှားရှားပါးပါး ပါရမီရှင်ပဲ။ နှမြောဖို့ ကောင်းလိုက်တာကွာ..”
“ဘာမှ သနားနေစရာ မရှိဘူး.. ရှင်သန်ကျန်ရစ်တဲ့သူကသာ ပါရမီရှင်ပဲ.. သေတဲ့သူတွေကို အချိန်တန်ရင် လောကကြီးက မေ့သွားလိမ့်မယ်”
“ချိတ်ပိတ်ထားသူတစ်ယောက်တောင် အသက်နဲ့ရင်းပြီး တိုက်ခိုက်ခဲ့ရတာဆိုတော့ သူက ဂုဏ်ယူသင့်ပါတယ်လေ”
တချို့က ယူကျုံးမရ၊ တချို့က အားရဝမ်းသာ၊ တချို့က ခေါင်းခါ၊ တချို့သက်ပြင်းချလိုက်ကြ၏။