← Chapters

ချိတ်ပိတ်ထားသူနှင့် တိုက်ခိုက်ခြင်း

Vol. 29 Ch. 426

ချိတ်ပိတ်ထားသူနှင့် တိုက်ခိုက်ခြင်း

Vol. 29 Ch. 426

ဖေးချွန်ယွီသည် ဆေးလုံးလက်တစ်ဆုပ်စာကို မျိုချ၍ လောလောဆယ် သူ့ခန္ဓာကိုယ်၏ ဒဏ်ရာများကို ဖိနှိမ်ထားလိုက်ရ၏။ ယခုအခါမှာတော့ သူသည် ပြုံးမနေနိုင်တော့ဘဲ ကြောက်လန့်တကြား အမူအယာနှင့် နည်းနည်းလေးတောင် မနားရဲဘဲ ခြေကုန်သုတ်ကာ ပြေးနေရလေသည်။

ထိုတိုက်ခိုက်မှုအပြီး၌ သူသည် အမှန်တစ်ကယ်ကို သွေးပျက်သွားခဲ့လေပြီ။

ထိုအချိန်တွင် ရွှယ်ယန်နှင့် ပိန်ပိန်ပါးပါးအဖိုးအို၏ သေဆုံးမှုကသာ သူ့ခေါင်းထဲမှာ စွဲထင်နေပြီး သူ့ခြေလက်များက အေးစက်လာလေသည်။

“သူက လုံးဝအကြောက်အလန့် မရှိတဲ့ တဇောက်ကန်းပဲ.. မင်း သူ့လက်ထဲကို ရောက်သွားလို့ မဖြစ်ဘူးနော်”

ဖေးချွန်ယွီသည် အံကိုကြိတ်ကာ စိတ်ထဲက‌နေ အော်ဟစ်နေခြင်း ဖြစ်လေသည်။

လူအုပ်ကြီးသည် လုံးဝအံ့သြတုန်လှုပ်မှင်တက်သွားကြ၏။

ဖန်သားနန်းတော်မှ အရိုက်အရာဆက်ခံသူနှင့် ချိတ်ပိတ်ထားသူတစ်ယောက်က ရှေးဟောင်းတိုက်ပွဲမြေထဲမှာ မရီးဒါန်ခြောက်ခုအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ကြောက်လို့ ထွက်ပြေးနေရ၏။ သူတို့ကိုယ်တိုင် မြင်တွေ့ရခြင်းသာ မဟုတ်လျှင် ဘယ်သူပြော‌ပြော ယုံချင်စရာ လုံးဝမရှိပေ။

“ဒီလူက တော်တော်ရဲတဲ့သူကွာ”

“ချိတ်ပိတ်ထားသူက သူ့အသက်နဲ့လဲပြီး မတိုက်ခိုက်ချင်သေးလို့ပါ.. ထွက်ပေါက်မပေးဘဲ ချောင်ပိတ်ရိုက်လို့ ဟိုလူက ပြန်ခုခံတိုက်ခိုက်ရင်တော့ ဆူဇီမိုလဲ သေမှာပဲ”

“အဲ့လိုတော့ တပ်အပ်ပြောလို့ မရဘူးနော့.. စောစောက ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ချိတ်ပိတ်ထားသူလဲ သူသာသေသွားရတယ်.. ဆူဇီမိုကို မသတ်နိုင်လိုက်ဘူးမလား”

များစွာသော ကျင့်ကြံသူများသည် ဆေးရေကန်ထဲရှိ အဆင့် ၂ ဆေးလုံးများကို လုယူကြရင်း ဆွေးနွေးငြင်းခုန်ကာ လိုဏ်ဂူထဲကနေ ပြန်ပြေးထွက်လာကြ၏။ ဟိုသုံးယောက်ဘာဆက်ဖြစ်ကြမည်ကို သူတို့အားလုံး စူးစမ်းချင်ကြသေးလေသည်။

. . .

ဆေးဖော်စပ်ခန်းမ၏ ရှေ့တွင်..

ဆူရှောင်းနင်က မျက်လုံးနှစ်ဖက်ကို မှိတ်ထားဆဲဖြစ်ပြီး ဆေးရေအိုင်ဂိုဏ်း၏ အမွေအနှစ်ကို လက်ခံရယူနေ၏။

အမွေအနှစ်လက်ခံယူနေသည့် အချိန်က ကြာမြင့်လေလေ.. ဆေးရေအိုင်ဂိုဏ်းက ချန်ထားရစ်ခဲ့သော ပညာရပ်များက ပိုများလေဖြစ်လေသည်။ အဲ့ဒါက ဆူရှောင်းနင်အတွက်ရော၊ ယန်ဆေးဂိုဏ်းအတွက်ပါ အကျိုးများလေသည်။

ယန်ဆေးဂိုဏ်းသားရာချီက ဆူရှောင်းနင်ကို အလယ်မှာထားပြီး တစ်လွှာပြီးတစ်လွှာ ဝိုင်းပတ်ကာ ကာကွယ်စောင့်ရှောက်နေကြ၏။ အမွေအနှစ်လက်ခံရယူနေခြင်းက နှောင့်ယှက်ခံရမှာကို စိုးရိမ်နေကြသောကြောင့် သူတို့သည် လေတိုက်တာကိုတောင် အဝင်မခံနိုင်ကြပေ။

ထန်ယုသည် ရံဖန်ရံခါဆိုသလို အပျက်အစီးနယ်မြေ၏ အနက်ပို်ငးထဲသို့ လှမ်းမျှော်ကြည့်ပြီး စိုးရိမ်ပူပန်နေသော အမူအယာနှင့် မျက်မှောင်စကြုတ်လာ၏။

ဦးလေးလျန့်က ညင်သာစွာ ပြုံး၍ မေးလိုက်၏။

“သခင်လေးဆူကို စိတ်ပူနေတာ ဟုတ်တယ်မလား”

“ဆေးရေအိုင်ဂိုဏ်းမှာ ပကတိမရီးဒါန်ဖွင့်ဆေးလုံး တစ်လုံးမှ မရှိပါစေနဲ့လို့ ကျုပ်ဆုတောင်းနေရတယ်”

ထန်ယုက သက်ပြင်းချပြီး ဆက်ပြောလိုက်၏။

“သူ့အမူအကျင့်နဲ့ဆို ပကတိမရီးဒါန်ဖွင့်ဆေးလုံးသာ ပေါ်လာရင် သူက ဘယ်သူဖြစ်ဖြစ် အလျှော့ပေးမှာ မဟုတ်ဘူး.. ဖန်သားနန်းတော်တို့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့က အမွေဆက်ခံသူတွေနဲ့ တိုက်ခိုက်ရရင် သူက ရှုံးမှာပဲ”

“မပူပါနဲ့”

ဦးလေးလျန့်က ချင့်ချိန်ပြီး ပြောလိုက်၏။

“ငါ အခု သေချာစဉ်းစားကြည့်တော့ အဲ့ကောင်လေးရဲ့ ဆေဘာနည်းစနစ်က တည်ငြိမ်ပင်လယ်ငါးကွက်ထဲက ဖြစ်လိမ့်မယ်.. ပြောရမယ်ဆိုရင် ကောလာဟလတွေက မှန်နေပုံပဲ.. ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရခဲ့တဲ့သူက သူပဲဖြစ်ရမယ်”

ထန်ယုသည်လည်း အဲ့ဒါကို ရိုးတိုးရိပ်တိတ် ခန့်မှန်းထားမိသော်လည်း ဦးလေးလျန့်ပြောတာကို ကြားရချိန်တွင် သူမက တုန်လှုပ်သွားရဆဲ ဖြစ်လေသည်။

ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်က ရှေးဟောင်းခေတ်ကတည်းက ဖွဲ့တည်ခဲ့တာဖြစ်ပြီး သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ပါရမီရှင်များသည် ထိုအထဲတွင် ကျဆုံးခဲ့ရ၏။

ယခုအခါ ဘယ်ကမှန်းမသိရသော အဲ့ဒါကို ရယူနိုင်ခဲ့လေသည်။

ဒါ့အပြင် ထိုပုဂ္ဂိုလ်က ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ဆိုတာကို သည့်အရင်က ကြားတောင်မကြားဖူးခဲ့ပေ။

အရာရာတိုင်းက ရယ်စရာကောင်းလေသည်။ ကံကြမ္မာက ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားသည့်အလား ဖြစ်ရပ်များက လွန်စွာ ဆန်းကြယ်မှန်းဆရခက်ပြီး ဒဏ္ဍာရီဆန်လွန်းလေသည်။

ဦးလေးလျန့်က ဆက်ပြောလိုက်၏။

“အဲ့ကောင်လေးရဲ့ လက်ရှိတိုက်ခိုက်ရည်အရဆို သူက ဖေးချွန်ယွီနဲ့ ရွှယ်ယန်တို့ကို ရှုံးစရာအကြောင်းမရှိဘူး.. သူက မနိုင်ရင်တောင် မထိမခိုက် ကိုယ်လွတ်ရုန်းပြေးနိုင်တယ်..သခင်လေး ဘာမှ ပူမနေနဲ့”

“အင်း”

ထန်ယု၏ စိုးရိမ်ပူပန်မှုများက လျော့ကျသွားပြီး ခေါင်းညိတ်ပြလိုက်၏။

ရုတ်တရက် အဝတ်စလေတိုးသံများက တဖျပ်ဖျပ်ထွက်ပေါ်လာ၏။ အဲ့ဒါက အရမ်းမြန်လွန်းလေသည်။

ထိုလူ၏ အသက်ရှူခြင်းက လေးလံနေပြီး မောဟိုက်နေသည်မှာ သိသာလေသည်။

ယန်ဆေးဂိုဏ်းမှလူများ လှမ်းကြည့်လိုက်သောအခါ သူတို့သည် မျက်နှာတစ်ခုကို မြင်လိုက်ရပြီး မှင်တက်ကြောင်အသွားကြလေသည်။

ဖန်သားနန်းတော်မှ ဖေးချွန်ယွီ..

သူ့ပုံစံက စုတ်ပြတ်သတ်နေပြီး သူ့လက်နှစ်ဖက်က သွေးများဖြင့် ရဲနေလေသည်။ သူ့အသားများက စုတ်ပြဲနေပြီး သွေးများက စီးကျနေဆဲဖြစ်၏။ ဖြူဖတ်ဖြူရော်မျက်နှာနှင့် သူ့မျက်လုံးများက နီရဲနေကာ အရင်ကလို ကြည်လင်တောက်ပမှု မရှိတော့ပေ။

သူသည် ယန်ဆေးဂိုဏ်းဘက်သို့ တစ်ချက်လှမ်းကြည့်ပြီး နည်းနည်းလေးမှ အရှိန်ကို လျှော့ချခြင်း မရှိဘဲ မြူခိုးတောင်ကြားထဲသို့ ဒုန်းစိုင်းပြေးဝင်သွားလေသည်။

သိပ်မကြာမီ သူသည် လူတိုင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။

အလွန်တရာ ပါးနပ်သော ထန်ယုပင်လျှင် ထိုအချိန်၌ ကြောင်အနေ၏။ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ ဘယ်လိုမှကို တွေးကြည့်လို့မရတော့ပေ။

ဘယ်လိုများ ဖြစ်ရတာလဲ..

ဖန်သားနန်းတော်က ပကတိမရီးဒါန်ဖွင့်ဆေးလုံး ရှာဖို့အတွက် အပျက်အစီးနယ်မြေရဲ့ အနက်ပိုင်းထဲကို ဝင်သွားတာ မဟုတ်ဘူးလား..

ဘာလို့ ဖေးချွန်ယွီတစ်ယောက်ပဲ ပြန်ထွက်လာရတာလဲ.. သူ့ရဲ့ ချိတ်ပိတ်ထားသူကရော..

တစ်နည်းအားဖြင့် .. ဘယ်အဖွဲ့အစည်းကများ ဖေးချွန်ယွီကို သည်အခြေအနေထိရောက်အောင် တွန်းပို့ခဲ့တာလဲ..

ဦးလေးလျန့်၏ မျက်လုံးများက ဖျတ်ကနဲလက်သွားပြီး သူက ခန့်မှန်းကြည့်လိုက်၏။

“ပကတိမရီးဒါန်ဖွင့်ဆေးလုံးက ပေါ်လာပြီးတဲ့နောက် ဖန်သားနန်းတော်နဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက အကြီးအကျယ် တိုက်ခိုက်ခဲ့ကြလိမ့်မယ်.. အဲ့အချိန်မှာ အခြေအနေက ထိန်းချုပ်လို့မရတော့ဘဲ ချိတ်ပိတ်ထားသူတွေပါ တိုက်ပွဲထဲ ဝင်ပါလာပြီး သူတို့နှစ်ယောက်က အပြန်အလှန်တိုက်ခိုက်ပြီး နှစ်ယောက်စလုံး သေသွားလိမ့်မယ်.. အဲ့ဒီနောက် ဖေးချွန်ယွီက ရွှယ်ယန်ကို ရှုံးပြီး ထွက်ပြေးလာရတာ ဖြစ်ရမယ်”

ယန်ဆေးဂိုဏ်းမှ ကျင်ကြံသူများသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။

ထန်ယုက မျက်မှောင်ကြုတ်သွားလေသည်။

ဦးလေးလျန့်၏ ကောက်ချက်က အကျိုးအကြောင်းသင့်သည်ဟု ထင်ရသော်လည်း သူမသည် တစ်ခုခု လွဲနေသည်ဟု ခံစားနေရ၏။

ဖေးချွန်ယွီ၏ ထွက်ပြေးလာပုံက အရမ်းကြောက်စရာကောင်းသည့် အရာနှင့် ကြုံတွေ့ခဲ့ရသလို အထိတ်ထိတ်အလန့်လန့် ဖြစ်နေ၏။

ရွှယ်ယန်မှာ အဲ့လောက်ကြောက်စရာကောင်းတဲ့ခွန်အားမျိုး ရှိလို့လား..

ဒါမှမဟုတ်.. အပျက်အစီးနယ်မြေရဲ့ အနက်ပိုင်းထဲမှာ စဉ်းစားကြည့်လို့တောင် မရသော အဖြစ်အပျက်ကြီးများက ဖြစ်ပျက်ခဲ့လေသလား..

ထိုအချိန်မှာပင် ခပ်လှမ်းလှမ်း လေထဲမှ ထိတွေ့ရိုက်ခတ်သံကြီးက မြည်ဟည်းလာ၏။ အဲ့ဒါက အရမ်းကျယ်လောင်လွန်းပြီး တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်နေသည်မှာ သိသာလေသည်။

ယန်ဆေးဂိုဏ်းမှ လူတိုင်းသည် လှမ်းကြည့်လိုက်ကြပြီး သူတို့၏ ပါးစပ်အဟောင်းသားနှင့် အမူအယာများက အေးစက်တောင့်ခဲသွားကြ၏။

ခပ်လှမ်းလှမ်းတွင် ပုံရိပ်နှစ်ခုက အသည်းအသန်ကို တိုက်ခိုက်နေကြ၏။

စိတ်ဝိညာဉ်အလင်းများက တောက်ပလာပြီး သွေးအလင်းရောင်က ကောင်းကင်တစ်ခွင် ပြည့်နေလေသည်။

ဘန်း.. ဘုန်း.. ဘုန်း..

သူတို့နှစ်ယောက် ထိတွေ့ရိုက်ခတ်လိုက်တိုင်း အလွန်တရာကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျများက ဖြစ်ပေါ်လာပြီး လူတိုင်းကို တသိမ့်သိမ့်တုန်ရီသွားစေ၏။

တစ်ယောက်မှာ ရွှေရောင်ဝတ်အဖိုးအိုတစ်ယောက်.. ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူ ဖြစ်လေသည်။

အခြားတစ်ယောက်ကတော့ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သွေးနီရောင်ဆေဘာတစ်လက်ကို ကိုင်ထား၏။ သူကတော့ အပျက်အစီးနယ်မြေ၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားခဲ့သော ဆူဇီမိုပင် ဖြစ်လေသည်။

“အဲ့ဒါ...”

ဦးလေးလျန့်သည် လုံးဝ ကြောင်အမှင်တက်သွား၏။

ထန်ယုသည် ပါးစပ်အနည်းငယ်ဟ၍ ခပ်လှမ်းလှမ်းမှ အစိမ်းရောင်ဝတ်ကျင့်ကြံသူကို မျက်တောင်မခတ်တမ်း ကြည့်နေမိ၏။

ဖေးချွန်ယွီ ကြောက်လန့်လာခဲ့သူမှာ ရွှယ်ယန်မဟုတ်.. ဆူဇီမိုသာ ဖြစ်လေသည်။

တိုက်ပွဲအခြေအနေက လွန်စွာ ပြင်းထန်လွန်းလှ၏။

ချိတ်ပိတ်ထားသူ ရွှေရောင်ဝတ်လူက ရွှေအမြုတေစွမ်းအားကို ထုတ်မသုံးသေးသော်လည်း သူ၏ တိုက်ခိုက်မှုအားလုံးက အလွန်တရာ အားပါပြင်းထန်ပြီး မရီးဒါန်ရှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို ထုတ်ဖော်ပြသနေ၏။

တစ်ဖက်မှာတော့ ဆူဇီမိုက ပိုလို့တောင် ကြမ်းတမ်းနေသေး၏။ သူက တောက်လောင်ပြင်းပြသောအကြည့်နှင့်အတူ ထက်ရှစွာ ခုတ်ပိုင်းဖြတ်နေ၏။

သွေးသောက်သူ၏ အလေးချိန်ကို တည်ငြိမ်ပင်လယ်နှင့် ပေါင်းစပ်လိုက်သောအခါ ဆူဇီမိုသည် ရွှေရောင်ဝတ်လူနှင့်ယှဉ်၍ အရေးနိမ့်မနေပေ။

အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမို၏ သွေးက ဆူနာမီအသံများနှင့် ရုန်းကြွသောင်းကျန်းလာပြီး သူ၏ တိုက်ခိုက်ခြင်းမာန်အဟုန်က ထိန်းမနိုင်သိမ်းမနိုင် ပြင်းထန်အားကောင်းလာလေသည်။

ရွှေရောင်ဝတ်အဖိုးအိုကတော့ စောစောကကဲ့သို့ ဆက်လက်ပေါ့ပါးဖျတ်လတ်မနေတော့ဘဲ သူ့သွေးချီကလည်း တဖြည်းဖြည်းကလည်း လျော့ကျလာလေသည်။

ဤတိုက်ပွဲက သူ့ကို ကြီးမားစွာ ပင်ပန်းနွမ်းနယ်လာစေလေသည်။

နောက်ထပ်အသက်ရှူချိန်အနည်းငယ် ကြာအပြီးမှာတော့ ရွှေရောင်ဝတ်လူ၏ အသားအရေက တောက်ပြောင်စိုပြေမှု မရှိတော့ဘဲ အရေးအကြောင်း အတွန့်အတွများနှင့် ညိုးခြောက်လာလေသည်။

ထန်ယုက လေးနက်စွာ ပြောလိုက်၏။

“ဖန်သားနန်းတော်ရဲ့ ချိတ်ပိတ်ထားသူက သူ့ဘဝနေဝင်ချိန်ကို ရောက်နေပြီ၊ သူ့သက်လုံက မဟန်နိုင်တော့ဘူး.. ဒီတိုင်းသာ ဆက်တိုက်နေရင် သူက သေချာပေါက် ရှုံးတော့မှာပဲ”

“မဟုတ်သေးဘူး”

ဦးလေးလျန့်က တည့်တံ့သောမျက်နှာထားနှင့် ပြောလိုက်၏။

“အခုချိန်မှာ စိုးရိမ်ရမယ့်သူက ဆူဇီမိုပဲ.. ချိတ်ပိတ်ထားသူတစ်ယောက်ရဲ့ တစ်ကယ့်စွမ်းအားက ရွှေအမြုတေအားကိုသုံးပြီး တိုက်မယ့် နောက်ဆုံး သတ်ဖြတ်ကွက်ပဲ”

“ဆူဇီမိုသာ အခုနေ ရပ်လိုက်မယ်ဆို.. သူက အသက်ရှင်နိုင်သေးတယ်.. သူသာ ချိတ်ပိတ်ထားသူတစ်ယောက်ကို ပြန်လမ်းမရှိအောင် ချောင်ပိတ်ရိုက်မယ်ဆို သူလဲပဲ သေရလိမ့်မယ်”

လက်ရှိအခြေအနေကို မည်သူကမှ ဝင်ရောက်မစွက်ဖက်ရဲပေ။

ချိတ်ပိတ်ထားသူက သူ့အသက်ကို ပဓာနမထားတော့ဘဲ ဘယ်အချိန်မှာ ရွှေအမြုတေစွမ်းအားကို ထုတ်ဖော်လိုက်မလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရပေ။

All Chapters