← Chapters

နတ်ဘုရားတစ်ပါးမှ ဝင်စီးခြင်း

Vol. 44 Ch. 655

နတ်ဘုရားတစ်ပါးမှ ဝင်စီးခြင်း

Vol. 44 Ch. 655

ဒေါသတကြီးဟိန်းသံသည် ချောက်နက်ပင်လယ်၏ အတွင်းပိုင်းထဲ၌ ပဲ့တင်ထပ်သွားသည်။

ခန္ဓာကိုယ်ပျက်စီးသွားသည်နှင့် နတ်ဘုရားလက်ချောင်းသည် မြန်ဆန်စွာ ယိုယွင်းပျောက်ကွယ်နေသော အသွေးအသားထဲမှ တစ်ဟုန်ထိုး ပြေးထွက်လာသည်။ သူထုတ်လွှတ်နေသော ဖိအားထဲတွင် ဖျက်ဆီးခြင်းစိတ်ဆန္ဒ ပါဝင်သည်။

ခေါင်းကြီးနှင့် ကျောက်တုံးခြင်္သေသည် အစောကြီးကတည်းက ပေါက်ကွဲထွက်သွားကြပြီး ဖြစ်သည်။ ပန်းချီကားမျိုးနွယ်အဖိုးအိုတွင် ထူးခြားသော နည်းလမ်းရှိသည်မှာ သေချာ၏။ သူက ပြိုလဲပျက်စီးသွားခြင်းမရှိဘဲ တောင့်ခံနိုင်သေး၏။ စောစောက သူပြောခဲ့သော စကားသည် အကျိုးသက်ရောက်မှုရှိသည်မှာ ရှင်းလင်း၏။

ချက်ချင်းဆိုသလို အဆုံးမဲ့ဒေါသဖြင့် ပေါက်ကွဲနေသော နတ်ဘုရားလက်ချောင်းသည် ရုတ်တရက် ရွှီချင်းနောက်သို့ လိုက်ဖမ်းသည်။

သူ၏ စိတ်သည် ဝေဝါးနေပြီး ဒဏ်ရာများကြောင့် အနည်းငယ် သတိမေ့လျော့တတ်သော်လည်း ရွှီချင်း၏ အသွင်အပြင်သည် စောစောက သူပေါင်းစပ်ခဲ့သော ခန္ဓာကိုယ်နှင့် အတိအကျ တူညီနေသည်ကိုတော့ မှတ်မိနေသေးပေသည်။

ထို့ကြောင့် သူက အဖိုးအိုကိုလိုက်ဖမ်းမည့် အစီအစဉ်ကို လက်လျော့လိုက်ပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

အကွာအဝေးတစ်ခုထိ လွတ်မြောက်သွားခဲ့ပြီဖြစ်သော ရွှီချင်းသည် သူ၏ အနောက်မှ အပြောင်းအလဲများကို အာရုံခံမိသည်။ သူ၏ အမူအရာသည် သုန်မှုန်သွားသည်။ အမှန်တော့ စောစောတုန်းက နတ်ဘုရားခန္ဓာကိုယ်ပေါ်တွင် သူ၏ မျက်နှာကို အဖိုးအို ပန်းချီဆွဲလိုက်ကတည်းက တစ်ဖက်လူ၏ အတွေးကို သူရိပ်စားမိခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း စုတ်တံသည် တစ်ဖက်လူ၏ လက်ထဲတွင်ရှိပြီး ယင်းက နတ်ဘုရားလက်ချောင်းနှင့် သက်ဆိုင်၏။ သို့ကြောင့် နတ်ဘုရား၏ အတွေးများကို အတင်းအကျပ်ပြောင်းလဲရန် ရွှီချင်းမှာ နည်းလမ်းမရှိပေ။ သို့သော်လည်း အဖိုးအို လွတ်မြောက်နိုင်မည် မလွတ်မြောက်နိုင်မည်ကိုတော့ သူက အဆုံးအဖြတ်ပေးနိုင်သေး၏။

ဤအခိုက်အတန့်မှာ နတ်ဘုရားလက်ချောင်းက ရွှီချင်းနောက်သို့ လိုက်ဖမ်းနေသည်ကို အဖိုးအိုမြင်သောအခါ သူ၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သို့သော်လည်း သူသည် အနည်းနှင့်အများ နောင်တရမိသေး၏။

“ နှမြောစရာပဲ… အဆုံးမှာတော့ နတ်ဘုရားလက်ချောင်းကို ငါမထိန်းချုပ်နိုင်ခဲ့ဘူး… အဲ့ဒါက နတ်ဘုရားကိုယ်ပွားရဲ့ လက်ချောင်းကလေးပဲဆိုရင်တောင် အဲ့ဒါရဲ့ ဘဝအဆင့်အတန်းက အရမ်းမြင့်တယ်… အဲ့ဒါက ငါထိပါးနိုင်တဲ့အရာ မဟုတ်ဘူး ”

“ ဒါပေမဲ့ ဒီအတွေ့အကြုံနဲ့ဆိုရင် အနာဂတ်မှာ ငါ့အစီအစဉ်တွေက ပိုပြီးသေချာလာတော့မယ်… အောင်မြင်ဖို့တောင် အခွင့်အရေးရှိသေးတယ်… ဒီပန်းချီကားထဲက လောကကြီးက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ… တကယ်လို့ ငါသာ ဒီထဲက နတ်ဘုရားကို ထိန်းချုပ်နိုင်မယ်ဆိုရင်… ”

( ဘာသာပြန်သူ၏ မှတ်စု: ပန်းချီကားမျိုးနွယ်အဖိုးအိုက အပြင်လောကကို ပန်းချီကားတစ်ချပ်ဟု ထင်မှတ်နေခြင်း ဖြစ်သည် )

ထိုသို့တွေးမိသောအခါ သူ၏ နှလုံးသားသည် ပြင်းပြသောဆန္ဒဖြင့် လောင်မြိုက်လာသည်။

“ ဒီနတ်ဘုရားလက်ချောင်းကတော့ မရလိုက်တာ နှမြောစရာပဲ… ”

အဖိုးအိုသည် သက်ပြင်းချလိုက်ပြီး ရွှီချင်းထွက်ပြေးသွားသော ဦးတည်ရာသို့ အမြန်ကြည့်လိုက်သည်။

“ ဒါပေမဲ့ ဒီအစောင့်အကြပ်က အချိန်ကောင်းရောက်လာတာပဲ… ငါလွတ်မြောက်နိုင်အောင် သူက အကူအညီတချို့ ပေးသွားခဲ့တယ်လို့တောင် ပြောနိုင်တယ်… သူက ဒီပန်းချီကားလောကထဲက ကောင်းတဲ့လူနည်းစုထဲက တစ်ယောက်ပါ… ငါသူ့ကို တကယ်မခွဲနိုင်ဘူး… သူ အေးအေးချမ်းချမ်း အနားယူနိုင်ပါစေလို့ ဆုတောင်းတယ် ”

ထို့နောက် အဖိုးအိုသည် ပြုံးလိုက်ပြီး အရှိန်တင်ရန်ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒတစ်ခုသည် သူ၏ အနောက်တွင် ရုတ်တရက် ပေါ်ထွက်လာပြီး သူ့အပေါ်ကို ချုပ်နှောင်လိုက်သည်။

ထိုရက်စက်ကြမ်းကြုတ်မှုကို အာရုံခံမိသွားသည်နှင့်ချက်ချင်း အဖိုးအို၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက အနောက်လှည့်လိုက်သောအခါ သူ၏ မျက်လုံးသည် ပြူးကျယ်သွားပြီး သူငယ်အိမ်သည် ကျုံ့သွားသည်။

အလွန်ကြီးမားသော မိုဆာဆောသည် သူ၏ အနောက်တွင် မည်သည့်အချိန်ကမှန်းမသိ ထွက်ပေါ်လာခဲ့သည်။

၎င်း၏ မီးခိုးရောင်ခန္ဓာကိုယ်ကို ထက်ရှသော အကြေးခွံများဖြင့် အပြည့်ဖုံးလွှမ်းထားသည်။ ၎င်း၏ နဂါးမျက်လုံးကြီးထဲမှ အေးစက်စက်အလင်း ထုတ်လွှတ်နေပြီး အဖိုးအိုကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ မိုဆာဆော၏ ခန္ဓာကိုယ်သည် ပေထောင်ပေါင်းများစွာ ရှည်လျားသည်။ ၎င်း၏ အရှေ့တွင် အဖိုးအိုသည် ပုရွက်ဆိတ်တစ်ကောင်မျှသာ ရှိ၏။

ထိုမြင်ကွင်းသည် အဖိုးအိုကို ကြောက်ဒူးတုန်စေသည်။ သူ၏ နှလုံးသည် အပြင်းအထန် တုန်လှုပ်လာပြီး ပါးစပ်မှလွှတ်ခနဲ အော်လိုက်မိသည်။

“ ကောင်းကင်ဘုံတာအို ”

အဖိုးအို၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ပြင်းထန်သော ဆူနာမီလှိုင်းလုံးသည် သူ၏ နှလုံးသားထဲမှာ မြင့်တတ်လာပြီး သူ၏ စိတ်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများဖြင့် ဆူညံသွားသည်။ ပထမ သူအကြောက်ဆုံးအရာသည် နတ်ဘုရားလက်ချောင်းဖြစ်ပြီး ဒုတိယ သူအကြောက်ဆုံးအရာသည် ကမ္မဖြစ်သည်။

အတိတ်တုန်းက (ဃ၁၃၂)သည် ထိုစွမ်းအားနှစ်မျိုး ဆုံစည်းရာနေရာဖြစ်သည်။ ကမ္မသည် နတ်ဘုရားကို ဖိနှိပ်ပြီး အကြောင်းနှင့် အကျိုးတရားအားလုံးကို ဖြည့်ဆည်းပေးသည်။ တစ်ချိန်တည်းမှာ ယင်းက နတ်ဘုရားလက်ချောင်းကြောင့် အနည်းငယ် ထူးဆန်းလာကြသော အကျဉ်းသားများကိုလည်း ဖိနှိပ်ခဲ့သည်။

ကမ္မသည် နတ်ဘုရားလက်ချောင်းကို ဖိနှိပ်နိုင်သည်။ သို့ဖြစ်၍ နတ်ဘုရားလက်ချောင်း၏ အခန်းဖော်ဖြစ်သော သူကဲ့သို့ အကျဉ်းသားအတွက် ကမ္မသည် သဘာဝရန်သူ ဖြစ်သည်။

ကောင်းကင်ဘုံတာအိုသည် ကမ္မစွမ်းအား၏ အရင်းအမြစ်ဖြစ်သည်။

အဖိုးအိုသည် သွေးပျက်ဖွယ်အော်သံကို မသိစိတ်မှ ထုတ်ဖော်လိုက်သည်။ သူက အလွန်ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်ကို တွေ့လိုက်ရသည့်နှယ် အမြန်အနောက်ဆုတ်သွားသည်။ သူသည် သူ့အနောက်မှ မိုဆာဆောနှင့် ဝေးနိုင်သမျှအဝေးသို့ ထွက်ပြေးချင်သည်။

“ ချီးပဲ ချီးပဲ ချီးပဲ… ”

“ ဒီ… ဒီနေရာမှာ ဘာလို့ ကောင်းကင်ဘုံတာအိုက ရှိနေတာလဲ… ဒီမိုဆာဆောက ဘာလိုဖြစ်တာလဲ… အဲ့ဒါက ချောက်နက်ပင်လယ်ထဲက နေအကြွင်းအကျန်ကနေ မွေးဖွားလာတဲ့ ရှေးဟောင်းတည်ရှိမှုကြီးလား ”

ပန်းချီကားမျိုးနွယ်အဖိုးအိုသည် ဦးရေပြားထုံကျင်မှုကို ခံစားရလိုက်သည်။ အနောက်သို့ သူအမြန်ဆုတ်သွားသည်နှင့် မိုဆာဆောက ပါးစပ်ကြီးဟလိုက်ကြောင်း မြင်သွားသည်။ ကြီးမားသော တုန်လှုပ်မှုသည် သူ၏ စိတ်ထဲတွင် ချက်ချင်း ဖြစ်ပေါ်လာသည်။

“ ဘာလို့ အဲ့ဒါက ငါ့ကိုပစ်မှတ်ထားနေတာလဲ ”

အဖိုးအိုသည် ငိုကြွေးလိုက်သည်။ သူ၏ နည်းလမ်းမှန်သမျှသည် ကောင်းကင်ဘုံတာအို၏ ရှေ့တော်တွင် မည်သို့မှအသုံးမဝင်ချေ။ သူက စိုးရိမ်ကြောင့်ကြလာပြီး ပန်းချီကားထဲမှ လောကထဲသို့ တိုက်ရိုက် ပျံသန်းသွားသည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် မိုဆာဆောသည် အရှေ့သို့ ပြေးသွားပြီး ပန်းချီကားထဲသို့ လိုက်ဝင်သွားသည်။ ၎င်းက သူ့ကို လုံးဝအလွတ်မပေးချေ။

အဖိုးအိုဝင်ရောက်သွားသော ပန်းချီကားသည် မြေပေါ်တွင် မျောလွင့်နေသည်။ ပန်းချီကားထဲမှ မျိုးဆက်လေးဆက်၏ ပုံရိပ်များသည် အလွန်ခြောက်ခြားသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ သူတို့သည် တစ်စုံတစ်ခု၏ ဝါးမျိုခံလိုက်ရသည့်အလား တစ်ဦးပြီးတစ်ဦး ပျောက်ကွယ်သွားကြသည်။

ကြောက်ရွံ့သော ခံစားမှုသည် ပန်းချီကားထဲသို့ စိမ့်ဝင်သွားပြီး အလျှင်အမြန် ကြီးထွားလာသည်။

သို့သော်လည်း ဤအဖိုးအိုထံမှာ စွမ်းရည်တချို့ရှိကြောင်း ရှင်းလင်း၏။ သူက ကောင်းကင်ဘုံတာအိုကို ထိပ်တိုက်မရင်ဆိုင်နိုင်သော်လည်း သူ့မှာ အချိန်ကြန့်ကြာစေရန် နည်းလမ်းတစ်ချို့ ရှိသေးပေသည်။

ယင်းသည် နေအကြွင်းအကျန်ကို ရွှီချင်းစုပ်ယူပြီးနောက် မိုဆာဆောကို အဘယ့်ကြောင့် ချက်ချင်း သူအသုံးမပြုခဲ့ရလဲဟူသော အကြောင်းအရင်းများအနက် တစ်ခုဖြစ်သည်။ ထိုအချိန်တုန်းက အဖိုးအိုသည် ပန်းချီဆွဲနေပြီး နတ်ဘုရားလက်ချောင်းသည် သူ၏ ဘေးတွင် ရှိနေသည်။ အကယ်၍ သူသာ မိုဆာဆောကို အသုံးပြုခဲ့မည်ဆိုလျှင် ဆိုးဝါးသော အကျိုးဆက်ကို ဖြစ်ပေါ်စေလိမ့်မည်။

ယခု နတ်ဘုရားလက်ချောင်းက ရွှီချင်းကို လိုက်ဖမ်းနေစဉ် အဖိုးအိုသည် ရွှီချင်းကို သူလှည့်စားနိုင်ခဲ့ပြီဟု ထင်ခဲ့သည်။ သို့သော် အမှန်မှာတော့ သူသည်လည်း ရွှီချင်း၏ အကြံအစည်ထဲ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။

သေချာတွေးကြည့်မည်ဆိုလျှင် သူတို့နှစ်ယောက်ထဲမှာ မည်သူမှ အနိုင်မရပေ။

အဖိုးအိုသည် အန္တရာယ်ထဲ ကျရောက်နေ၏။ ရွှီချင်းလည်း ထို့အတူပင် မဟုတ်ပါလော။

ရွှီချင်းသည် အလျှင်အမြန် ထွက်ပြေးနေသည်။ သို့သော်လည်း နတ်ဘုရားလက်ချောင်းထံမှ နတ်ဘုရားအစွမ်းသည် ပင်လယ်ကျယ်ကြီးတစ်ခုပမာ ကြီးမားသည်။ အသက်သုံးခါငါးခါရှူချိန်အတွင်း သူ၏ ဘေးပတ်ဝန်းကျင်သည် ဝေဝါးလာပြီး ပုံပျက်တွန့်လိမ်လာသည်။

နတ်ဘုရားလက်ချောင်းသည် မြူခိုးထဲမှ ရူးသွပ်စွာ ပြေးထွက်လာသည်။

ရွှီချင်းသည် ရုတ်ချည်း ခေါင်းလှည့်လိုက်သည်။ တားမြစ်အဆိပ်အစွမ်းသည် ပေါ်လျှိုးထွက်လာပြီး ခရမ်းလနတ်ဘုရားအရင်းအမြစ်သည် သူ၏ ခန္ဓာကိုယ်ထဲ၌ ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာ တစ္ဆေအင်ပါယာတောင်ကုန်း၏ ပုံရိပ်သည် သူ၏ ကျောနောက်တွင် ထွက်ပေါ်လာပြီး ရွှေကျီးကန်းသည် သူ၏ ဦးခေါင်းထက်တွင် ကိုယ်ထည်ပြလာသည်။ တာအိုနတ်သူငယ်သည် ရွှေကျီးကန်၏ ကိုယ်အတွင်းတွင် မတ်မတ်ထိုင်နေပြီး စူးရှသော အလင်းရောင်ကို သူ၏ မျက်လုံးထဲမှ ထုတ်လွှတ်နေသည်။

သက်တံ့အလင်းတန်းသည် ရွှီချင်းကို ဗဟိုပြု၍ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားလေရာ ရွှီချင်း၏ တစ်ကိုယ်လုံးကို မွန်မြတ်သန့်စင်မှုဖြင့် ပြည့်နှက်သွားစေသည်။

သူ၏ အရှေ့တွင် ဝါးခြမ်းပြားတစ်ခုသည် မျောလွင့်နေသည်။ ယင်းထံမှ နတ်ဘုရားလက်ချောင်းနှင့် ဆင်တူသော စွမ်းအင်အတတ်အကျကို ထုတ်လွှတ်နေသည်။ ထိုထဲမှာ ဖိနှိပ်သော သက်ရောက်မှုတစ်ခုလည်း ရှိ၏။

ထို့အပြင် ရွှီချင်းသည် တုံကင်တစ်ခုကို ကိုင်ထား၍ မြင့်မြင့်မြှောက်လိုက်သည်။ သူသည် အနောက်သို့လှည့်လိုက်သည့်အခိုက် ကျယ်လောင်စွာ အော်လိုက်သည်။

“ တားမြစ် ”

ချက်ချင်းဆိုသလို ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ပိုက်ကွန်ကြီးသည် ရုတ်တရက် လင်းထိန်လာသည်။ မရေမတွက်နိုင်သော အလင်းစီးကြောင်းများသည် အရပ်မျက်နှာပေါင်းစုံမှ စီးဆင်းလာပြီး ရွှီချင်း၏ ဦးခေါင်းထက်တွင် စုဝေးသွားသည်။

တားမြစ်ဓမ္မရတနာများသည် မည်သူမဆို အသုံးပြုနိုင်သောအရာ မဟုတ်ချေ။ အသုံးပြုသူသည် ယင်းတို့အပေါ် လုံလောက်သော နားလည်မှု ရှိထားရမည်။ သို့ကြောင့် အကယ်၍ တစ်စုံတစ်ယောက်မှာ ယင်းတို့ကို အတင်းအကျပ်အသုံးပြုရန် အခွင့်အာဏာရှိလျှင်ပင် ရတနာ၏ အစွမ်းကို အများကြီး ထုတ်လွှတ်နိုင်လိမ့်မည် မဟုတ်ချေ။

အဘယ့်ကြောင့်ဆိုသော် သူတို့သည် တားမြစ်ဓမ္မရတနာများ၏ လုပ်ဆောင်ပုံကို မရင်းနှီးသောကြောင့် ဖြစ်သည်။

မည်သို့ဖြစ်စေ တားမြစ်ဓမ္မရတနာများသည် မည်သည့်အဖွဲ့အစည်းအတွက်မဆို အသက်သွေးကြောဖြစ်ပေသည်။ သဘာဝအားဖြင့် သူတို့သည် အပြင်လူများအား အလွယ်တကူ လေ့လာခွင့် အသုံးပြုခွင့်ပေးလိမ့်မည် မဟုတ်ကြချေ။

သို့သော်လည်း ရွှီချင်း၏ အခြေအနေသည် အနည်းငယ် ကောင်းမွန်၏။ သူ့အပေါ် သတ္တမသခင်ကြီး၏ နက်ရှိုင်းသော မေတ္တာကြောင့် အတိတ်တုန်းက သူသည် ချီယွဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာကို တာဝန်ယူရသည့် ရတနာထိန်းသိမ်းသူတစ်ဦး ဖြစ်လာခဲ့သည်။ ယခင်က သူ၏ လေ့လာမှုကြောင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် ကြီးမားသော အကူအညီရလာသည်။

သို့ဖြစ်၍ ကောင်းကင်ပေါ်တွင် စုဝေးသွားသော အလင်းလုံးသည် အလွန်အမင်း ထွန်းလင်းတောက်ပသည်။

စွမ်းရည်အကုန်ကို ရွှီချင်းထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုက်နက် နတ်ဘုရားလက်ချောင်းသည် ရွှီချင်း၏ အရှေ့ ပေတစ်ရာအကွာတွင် ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏ ကြမ်းကြုတ်သော နတ်ဘုရားအာရုံဖြင့် ရွှီချင်းကို ချုပ်နှောင်လိုက်ပြီးနောက် ကျယ်လောင်သော မသဲမကွဲစကားသံသည် ရွှီချင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

“ မင်း… ငါ့ခန္ဓာကိုယ်ကို… ခိုးသွားတယ်… ငါ့ကိုပြန်ပေး ”

ရွှီချင်း၏ အမူအရာသည် သုန်မှုန်သွားသည်။ သူက အနောက်သို့ ဂရုတစိုက်ဆုတ်သွားပြီး ဝှက်ဖဲအားလုံးကို ထုတ်သုံးလိုက်သည်။ သူက စိတ်ထဲမှ ပြင်းထန်သော လှိုင်းအတတ်အကျများကို တောင့်ခံရင်း တိုးညင်းစွာ ပြောသည်။

“ ငါ မင်းရဲ့ခန္ဓာကိုယ်ကို မခိုးဘူး… ပန်းချီကားတစ္ဆေအိုကြီးက သူထွက်ပြေးလို့ရအောင် ငါ့မျက်နှာကို ခန္ဓာကိုယ်ပေါ်မှာ တမင်သက်သက်ဆွဲသွားတာ… မင်း သူ့ဆီသွားရှာသင့်တယ် ”

“ ငါ့ဆီ… ပြန်ပေး ”

ရွှီချင်းအနောက်ဆုတ်သွားသည်နှင့် နတ်ဘုရားလက်ချောင်းသည် ပေသုံးဆယ်ထိ နီးကပ်လာသည်။ သူထုတ်လွှတ်နေသော နတ်ဘုရားအာရုံသည်လည်း ပိုအားကောင်းလာပြီး ကြမ်းကြုတ်လာသည်။

“ ငါ့ခန္ဓာကိုယ်ထဲမှာ ရှုပ်ထွေးတဲ့အရာတွေ အများကြီးရှိတယ်… အဲ့ဒါက မင်းအတွက် တကယ်မသင့်လျော်ဘူး… မင်းရဲ့ စိတ်အာရုံနဲ့ အဲ့ဒါကို အာရုံခံနိုင်တယ်မလား ”

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာပြီး ဘေးပတ်ဝန်းကျင်မှ သူ၏ အရိပ်လေးကို ခေါ်ထုတ်လိုက်သည်။

တုန်ယင်နေသော အရိပ်လေးသည် ရွှီချင်း၏ ခြေဖဝါးအောက်တွင် တွန့်ဆုတ်တွန့်ဆုတ် ထွက်ပေါ်လာသည်။

“ ငါ့ဆီ… ပြန်ပေး ”

နတ်ဘုရားလက်ချောင်းသည် ရွှီချင်း၏ စကားကို လုံးဝနားမဝင်ပေ။ သူ၏ နတ်ဘုရားအာရုံထဲမှ ရူးသွပ်မှုသည် ပို၍ပြင်းထန်လာပြီး ရွှီချင်း၏ အနားသို့ ထပ်မံတိုးသွားသည်။

ယင်းကိုမြင်သောအခါ ရွှီချင်း၏ မျက်လုံးထဲတွင် ရူးသွပ်မှု ထွက်ပေါ်လာသည်။

သူ၏ ညာလက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သောအခါ ခန္ဓာကိုယ်ထဲမှ တားမြစ်အဆိပ်သည် လုံးလုံးလျားလျား ပေါက်ကွဲထွက်လာသည်။ ခရမ်းလပုံရိပ်သည် အမြန်တိုးထွက်လာပြီး သူ၏ အရှေ့မှ နတ်ဘုရားလက်ချောင်းထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ကျောက်ရှာအလင်းသည် စူရှတောက်ပလာပြီး အလင်းပင်လယ်ကြီးတစ်ခုကို ဖြစ်ပေါ်စေကာ နတ်ဘုရားလက်ချောင်းကို လွှမ်းခြုံသွားသည်။

သူ၏ ဦးခေါင်းထက်မှ ရွှေကျီးကန်းသည် ပျံသန်းသွားသည်။ ၎င်း၏ အမြှီးတစ်ရာက လှုပ်ယမ်းသွားသည်နှင့် တာအိုနတ်သူငယ်၏ အစွမ်းသည် ပေါ်လျှိုးထွက်လာပြီး နတ်ဘုရားလက်ချောင်းထံသို့ ဟိန်းဟောက်လိုက်သည်။

ထိုမျှနှင့်မပြီးသေးပေ။ ရွှီချင်းသည် မိစ္ဆာအသွင်ပြောင်းစာလုံးများကို ထုတ်လိုက်ပြီး တစ္ဆေအင်ပါယာတောင်ကုန်းကို အသက်သွင်းလိုက်သည်။

နောက်အခိုက်အတန့်မှာ တစ္ဆေအင်ပါယာတောင်ကုန်းသည် တိုက်ရိုက် ဒြပ်ထည်ဖြစ်ပေါ်လာသည်။ ရွှီချင်း၏ အမိန့်အောက်မှာ တောင်ကုန်းသည် နတ်ဘုရားလက်ချောင်းဆီသို့ တစ်ဟုန်းထိုး ပျံသန်းသွားသည်။

ထို့နောက် ရွှီချင်းသည် ရုံးတော်သခင်၏ တုံကင်ကို အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည်။

သူက တားမြစ်အစွမ်းကို ဆင့်ခေါ်လိုက်သည်။

ကောင်းကင်ပေါ်ရှိ ပိုက်ကွန်ကြီးထဲမှ စုဝေးသွားကြသော ရွှန်းလဲ့တောက်ပသည့် အလင်းဘောလုံးသည် တုန်ယင်သွားပြီး မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ဆင်းသက်လာသည်။ မကြာမီ ယင်းက ပေတစ်သောင်းခန့် ရှည်လျားသော ဧရာမလက်တစ်ဖက်သို့ ပြောင်းလဲသွားသည်။

မိုးထစ်ချုန်းသံများကြားတွင် ဧရာမအလင်းလက်တစ်ဖက်သည် မြေပြငါပေါ်သို့ သက်ဆင်းလာသည်။ နတ်ဘုရားလက်ချောင်းထံသို့ ထိုဧရာမလက်ကြီး ဆင်းသက်သွားသောအခါ ထိုဧရိယာတစ်ဝိုက်မှ ချောက်နက်ပင်လယ်သည် ပြိုလဲပျက်စီးသွားသည်။

ဤအခိုက်အတန့်မှာ ရွှီချင်းသည် သူ၏ တိုက်ပွဲစွမ်းအားအကုန်ကို ထုတ်လွှတ်လိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံများသည် တရစပ် ထွက်ပေါ်လာသည်။ သို့သော်လည်း သူ၏ ရန်သူသည် ကျင့်ကြံသူမဟုတ်ပေ။ နတ်ဘုရား ဖြစ်၏။

ယင်းက နတ်ဘုရားကိုယ်ပွား၏ လက်သန်းတစ်ခုမျှသာဆိုလျှင်ပင် သူပိုင်ဆိုင်ထားသော ကြောက်မက်ဖွယ်အစွမ်းသည် ကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်ပေသည်။

ရွှီချင်း၏ အဆိပ်မြူသည် နတ်ဘုရားလက်ချောင်းအပေါ် ကြီးမားသော သက်ရောက်မှုမရှိပေ။ ဤသို့သွေးရူးသွေးတန်းဖြစ်နေသည့် အခြေအနေမျိုးတွင် သူက ယိုယွင်းတိုက်စားမှုလောက်ကို မမှုပေ။ ထို့အပြင် သူ၏ နတ်ဘုရားခန္ဓာကိုယ်က ယိုယွင်းတိုက်စားမှုဒဏ်ကို လုံးဝခုခံနိုင်သည်။

ခရမ်းလအရင်းအမြစ်သည်မူ ရွှီချင်းထံတွင် အနည်းငယ်သာ ရှိသည်။ ကျင့်ကြံသူများကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ထိုအရင်းအမြစ်သည် ခန့်မှန်းမရအောင် အလွန်သန်မာသည်။ သို့သော် နတ်ဘုရားလက်ချောင်းကို တိုက်ခိုက်ရာတွင် ၎င်း၏ အရေမတွက်မလောက်ငှမှုကြောင့် အများကြီး ထိရောက်မှုမရှိပေ။

ထို့အပြင် နတ်ဘုရားလက်ချောင်းသည် ပုံမှန်စိတ်အခြေအနေတွင် ရှိမနေပေ။ သူ၏ စိတ်ထဲတွင် ပြင်းပြသော စိတ်ဆန္ဒနှင့် ကြမ်းကြုတ်မှုသာ ရှိ၏။

စက္ကန့်ပိုင်းအတွင်း နတ်ဘုရားလက်ချောင်းသည် တားမြစ်အဆိပ်မြူခိုးနှင့် ခရမ်းလကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး ရွှီချင်းနားသို့ ချဉ်းကပ်လာသည်။ သို့သော်လည်း သူက ကျောက်ရှာအလင်း၏ တားဆီးခြင်းခံလိုက်ရသည်။

ကျောက်ရှာအလင်းတွင် နတ်ဘုရားကို ခုခံတားဆီးနိုင်သော သက်ရောက်မှုရှိသော်လည်း ယင်းက ကြာကြာမတောင့်ခံနိုင်ပေ။

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ရွှေကျီးကန်းသည် ကြမ်းကြုတ်စွာ တိုက်ခိုက်သည်။ တစ်ချိန်တည်းမှာ တစ္ဆေအင်ပါယာတောင်ကုန်းသည် ကျယ်လောင်သော လေခွင်းသံနှင့်အတူ အောက်သို့သက်ဆင်းလာသည်။ ထိုအခိုက်အတန့်မှာ အလင်းလက်ကြီးသည်လည်း နတ်ဘုရားလက်ချောင်းနားသို့ ရောက်ရှိလာသည်။

ထိုတားမြစ်လက်ကြီးသည် မြေပေါ်သို့ ဆင်းသက်လာနေသည်နှင့်အမျှ တဖြည်းဖြည်း ကြီးမားလာပြီး အဖျက်စွမ်းအားတစ်မျိုးကို ဖြစ်ပေါ်စေသည်။ ရွှီချင်း၏ တခြားတိုက်ခိုက်မှုများနှင့်အတူ လက်ကြီးသည် နတ်ဘုရားလက်ချောင်းအပေါ်သို့ ခပ်ပြင်းပြင်း ရိုက်ချသွားသည်။

ထိုလျှပ်တစ်ပြက်အတွင်း ရွှီချင်းသည် သူ့မှာရှိသည့် နည်းလမ်းဟူသမျှကို အသုံးပြုလိုက်သည်။

ရွှီချင်းသည် ထွက်ပြေးရန် စွမ်းအားအကုန်ကို ချက်ချင်း အသုံးပြုလိုက်လေရာ သူ့အနောက်တွင် ကြွင်းကျန်ပုံရိပ်များ ထွက်ပေါ်လာသည်။

သူ၏ အနောက်တွင် ကောင်းကင်နှင့် မြေကြီး၏ အရောင်ကို ပြောင်းလဲသွားစေမည့် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာကြသည်။

ချောက်နက်ပင်လယ်အောက်မှ ထိုနယ်မြေသည် လုံးဝပေါက်ကွဲသွားပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ မရေမတွက်နိုင်သော ကျောက်ဆောင်ကျောက်တုံးများသည် အရပ်ရှစ်မျက်နှာသို့ လွင့်စင်သွားကြသည်။ ပြင်းထန်သော အားလှိုင်းအတတ်အကျများသည် နေရာတိုင်းကို ရိုက်ခတ်သွားသည်။

ရွှီချင်းသည် ထိုအားလှိုင်းဖြင့် ထိမှန်သွားပြီး လေထဲမှာ သွေးတစ်ပွက် အန်လိုက်ရသည်။ သူ၏ မျက်နှာသည် အလွန်ဖြူဖျော့လာသည်။ သူက ယိမ်းယိုင်နေသည့်တိုင် အရှေ့သို့ ဆက်လက်ပြေးသည်။

သို့သော်လည်း အသက်ဆယ်ခါရှူချိန်အတွင်း ကမ္ဘာတုန်ဟီးစေမည့် ဟိန်းသံသည် စောစောက ရွှီချင်းတိုက်ခိုက်ခဲ့သော နေရာဆီမှ ပေါက်ကွဲထွက်လာသည်။ ထို့နောက် ရှည်လျားသော အသွေးအသားမြစ်တစ်စင်းသည် အပျက်အစီးများကြားထဲမှ မယုံနိုင်စရာကောင်းသော အလျင်ဖြင့် တိုးထွက်လာသည်။

သူ၏ အလျင်သည် အလွန်အမင်း မြန်ဆန်သောကြောင့် ရွှီချင်းနောက်သို့ စက္ကန့်ပိုင်းအတွင်း လိုက်မီသွားသည်။ ရွှီချင်းသည် ဆက်လက် တိုက်ခိုက်ရန် သူမစွမ်းတော့ကြောင်း သိသည်။ ဤသို့သေခြင်းရှင်ခြင်းကဒ်ဘေးတွင် ရူးသွပ်မှုသည် သူ၏ မျက်လုံးထဲ၌ ထွက်ပေါ်လာသည်။ သူက ခန္ဓာကိုယ်ထဲမှ ခရမ်းသလင်းကျောက်ကို အသက်သွင်းရန် စွမ်းအားအကုန်ကို အသုံးပြုလိုက်သည်။

နောက်အခိုက်အတန့်မှာ အစွန်းရောက် ရူးသွပ်မှုပါဝင်သော အသွေးအသားမြစ်ကြီးသည် ရွှီချင်းကို ချက်ချင်း လွှမ်းခြုံသွားသည်။

“ ငါ့… ငါ့… ”

“ ငါ့ဆီ… ပြန်ပေး ”

ဖရိုဖရဲ ရေရွတ်သံသည် နတ်ဘုရားလက်ချောင်းထံမှ ပျံ့လွင့်လာသည်။ ချောက်နက်ပင်လယ်ထဲတွင် ရွှီချင်း၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။ စောစောက သူရှိနေခဲ့သော နေရာသည် တအိအိလှုပ်ရှားနေသော အသွေးအသားတောင်ကုန်းတစ်ခုသို့ လုံးဝပြောင်းလဲသွားသည်။

မကောင်းဆိုးဝါးစိတ်ဆန္ဒသည် ပေရာပေါင်းများစွာ ရှည်လျားသော အသွေးအသားတောင်ကုန်းထံမှ ပျံ့လွင့်ထွက်လာသည်။

All Chapters