← Chapters

နတ်ဘုရားကို ချော့မြူခြင်း… အကျဉ်းထောင်ဌာန၏ ဓလေ့

Vol. 44 Ch. 657

နတ်ဘုရားကို ချော့မြူခြင်း… အကျဉ်းထောင်ဌာန၏ ဓလေ့

Vol. 44 Ch. 657

“ ချိပ်ပိတ်တာက တစ်ဝက်ပဲ ပြီးသေးတယ် ”

အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲ၌ ဖြတ်ပြေးသွားပြီးနောက် သူက နှုတ်ဆိတ်သွားသည်။

အသိစိတ်မဝေဝါးတော့သည့် နတ်ဘုရားလက်ချောင်းနှင့် ရင်ဆိုင်ရသည့်အခါ အလွန်ပင် ခက်ခဲ၏။ နတ်ဘုရားလက်ချောင်းသည် ရုန်းကန်နေရင်း ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ခရမ်းသလင်းကျောက်က သူ့အား ချိပ်ပိတ်ရန် စွမ်းအားထပ်မတိုးမြှင့်နိုင်တော့ကြောင်း အာရုံခံမိသွားသည်။

သူက အလျှင်အမြန် တုံ့ပြန်သည်။

“ မင်းရဲ့စွမ်းရည်က ဒီရတနာကို ကိုင်တွယ်ဖို့ မလုံလောက်ဘူး ”

နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် အံ့အားသင့်သော ခံစားမှုကို ထုတ်ဖော်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ ရုန်းကန်မှုသည် ပိုပြီးအားကောင်းလာသည်။ သူက လွတ်မြောက်ရန် အကောင်းဆုံး ကြိုးစားသည်။ သူသည် အကြိမ်ပေါင်းများစွာ ဒဏ်ရာအပြင်းအထန် ရခဲ့သောကြောင့် အသိစိတ်ကို ကြာကြာမနိုးထကြောင်း အာရုံခံနိုင်သည်။

ထို့ကြောင့် သူက ဤထူးဆန်းပြီး ကြောက်စရာကောင်းသော ခန္ဓာကိုယ်ထဲမှ ဖြစ်နိုင်သမျှမြန်မြန် ထွက်ပြေးချင်သည်။

ခရမ်းသလင်းကျောက်သည် ရွှီချင်း၏ အားနည်းမှုကြောင့် ၎င်း၏ အစစ်အမှန်စွမ်းအားကို မထုတ်လွှတ်နိုင်သော်လည်း ၎င်းထုတ်လွှတ်သော ခရမ်းအလင်းပင်လယ်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းဆဲပင်။ နတ်ဘုရားလက်ချောင်း မည်မျှရုန်းထွက်ပါစေ သူက မလွတ်မြောက်နိုင်ပေ။

ထိုအခါ နတ်ဘုရားလက်ချောင်းသည် အလွန်အမင်း စိုးရိမ်ကြောင့်ကြလာသည်။ နတ်ဘုရားအသိစိတ်၏ ပြင်းထန်သော လှိုင်းအတတ်အကျအောက်တွင် သူက ပိုပြီးမတည်မငြိမ်ဖြစ်လာပြီး ရူးသွပ်လာသည်။ သူက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှာ အထိန်းအကွပ်မဲ့စွာ ဆက်လက်ရုန်းကန်သည်။

သူက ရွှီချင်း၏ နတ်နန်းတော်များနည်းတူ လူရမ်းကားနှင့် ရင်ဆိုင်နေရသော မိန်းမငယ်လေးတစ်ဦးသဖွယ်ပင်။ သို့သော် နတ်နန်းတော်များနှင့်မတူသည်မှာ ဤနတ်ဘုရားလက်ချောင်းကတော့ အညံ့ခံရန် ငြင်းဆန်ပြီး လုံးဝအလျော့ပေးမည့်ဆန္ဒ မရှိပေ။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူက ရုန်းကန်သည်နှင့် သူ၏ ဝိညာဉ်က ခြောက်သွေ့တော့မည့် လက္ခဏာများ ပြလာကြောင်း အာရုံခံနိုင်သည်။ အကယ်၍ ထိုအတိုင်းဆက်သွားနေပြီး သူက တစ်ဖက်လူကို ထွက်ခွာခွင့်မပြုလျှင် ခရမ်းသလင်းကျောက်က မည်သို့မှမဖြစ်သည့်တိုင် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ဖျက်ဆီးခံရလိမ့်မည်။

ရွှီချင်းသည် သက်ပြင်းချလိုက်သည်။ ခရမ်းသလင်းကျောက်က အနည်းငယ် အသုံးမဝင်ကြောင်း သူခံစားမိသည်။

သို့သော်လည်း ယင်းကို သူနားလည်ပေးနိုင်သည်။ အမှန်တော့ အသုံးမဝင်သည့်သူက သူသာဖြစ်သင့်ပေသည်။ မည်သို့ဖြစ်စေ ယခု ချိပ်ပိတ်နေသောအရာသည် အရိပ်လေးမဟုတ်ပေ။ နတ်ဘုရားတစ်ပါးကို ချိပ်ပိတ်နေခြင်း ဖြစ်သည်။ ထို့အတွက် လိုအပ်သော စွမ်းအင်ပမာဏနှင့် ခက်ခဲမှုသည် ယခင်တစ်ခေါက်ကနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးပမာ အလွန်တရာ ခြားနားပေသည်။

သို့သော် ရွှီချင်းသည် နတ်ဘုရားလက်ချောင်းကို ထိုသို့ထွက်ခွာခွင့်ပြုရန် ဆန္ဒမရှိပေ။

ထို့ကြောင့် သူ၏ ဝိညာဉ်ဆီမှ နက်ရှိုင်းသောအော်သံ မြည်ဟိန်းထွက်လာသည်။

“ ငါ့စွမ်းရည်က တကယ်ပဲ ကောင်ကင်ကံကြမ္မာနတ်ဘုရားသလင်းကျောက်ကို ထောက်ပံ့ပေးဖို့ ထိန်းချုပ်နိုင်ဖို့ မလုံလောက်ဘူး… ဒါပေမဲ့ အဲ့ဒါက အရေးမကြီးဘူး… အရေးကြီးတာက မင်းကို ငါချိပ်ပိတ်နိုင်မယ်ဆိုရင် အရာအားလုံးကို ငါစတေးပစ်မယ်… ငါ့အသက်ကို စတေးရမယ်ဆိုရင်တောင်မှပေါ့ ”

“ ဒါကြောင့် ငါ့ကိုတွန်းအားမပေးနဲ့ ”

ရွှီချင်း၏ အသံထဲတွင် စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။

“ ကောင်းကင်ကံကြမ္မာနတ်ဘုရားသလင်းကျောက် ”

အပြင်းအထန် ရုန်းကန်နေသော နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် ရုတ်တရက် ရပ်တန့်သွားသည်။

ရွှီချင်း၏ စကားက အလိမ်အညာမဟုတ်ကြောင်း သူအာရုံခံနိုင်သည်။ အကယ်၍ သူသာ အသက်စတေးမည်ဆိုလျှင် သူ့ကို တကယ်ချိပ်ပိတ်နိုင်လိမ့်မည်။

“ ဟုတ်တယ်… ငါမွေးဖွားလာတုန်းက ဝမ်ကူးကုန်းမြေက ကံမ္မစွမ်းအားက ငါ့ခန္ဓာကိုယ်ထဲမှာ စုစည်းသွားပြီး ဒီကောင်းကင်ကံကြမ္မာရတနာကို ဖန်တီးပေးခဲ့တယ် ”

ရွှီချင်းသည် အလေးအနက်ထား၍ ရှင်းပြသည်။

နတ်ဘုရားလက်ချောင်း၏ အသိစိတ်ထဲတွင် မသေချာမရေရာမှုဖြင့် ပြည့်နှက်သွားသည်။ အကယ်၍ တခြားအချိန်အခါမှာသာဆိုလျှင် သဘာဝအားဖြင့် ယင်းကို သူယုံကြည်လိမ့်မည်မဟုတ်ပေ။ သို့သော် ယခုအခါမှာတော့ ယင်းက အမှန်မဟုတ်ကြောင်း သူသေချာမပြောနိုင်ပေ။

“ ငါ့ကို ထွက်သွားခွင့်ပေး… သိမ်းပိုက်တာကို ငါလက်လျော့လိုက်မယ်… မဟုတ်ရင် တကယ်လို့ မင်းငါ့ကို ချိပ်ပိတ်နိုင်မယ်ဆိုရင်တောင် မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ဖျက်ဆီးခံရလိမ့်မယ်… ငါကတော့ ချိပ်ပိတ်ခံရပြီးရင် လွတ်လပ်မှုကို ဆုံးရှုံးသွားလိမ့်မယ်ဆိုပေမဲ့ အသက်ရှင်နေဦးမှာပဲ ”

ဤအခိုက်အတန့်မှာ နတ်ဘုရားလက်ချောင်းသည် ရွှီချင်း၏ စကားက အမှန်ဟုတ်မဟုတ် မစဉ်းစားချင်ပေ။ သူ၏ အသိစိတ်က ဝေဝါးတော့မည့် လက္ခဏာများ စတင်ပြလာနေကြောင်း အာရုံခံမိသည်။ ထို့ကြောင့် သူက အော်ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ရွှီချင်းသည် နတ်ဘုရားလက်ချောင်း၏ အလိုဆန္ဒကို မလိုက်လျောနိုင်ပေ။

ပထမအနေဖြင့် သူ၏ လက်စားချေတတ်သော အကျင့်စရိုက်အရ တစ်ဖက်လူကို မည်သို့ကြောင့် အလွယ်တကူ လွှတ်ပေးနိုင်မည်နည်း။ အထူးသဖြင့် ယင်းက နတ်ဘုရားလက်ချောင်း ဖြစ်သည်။ မည်သို့သူတွေးကြည့်ပါစေ ဤသည်မှာ အခွင့်အရေးနှင့် အန္တရာယ်တို့ အတူရောထွေးနေသော ကံကြမ္မာကောင်းတစ်ခုဖြစ်ပေသည်။

ဒုတိယအနေဖြင့် တစ်ဖက်လူကို သူမလွှတ်ပေးဝံ့ခြင်း ဖြစ်သည်။ အကယ်၍ တစ်ဖက်လူသာ လွတ်မြောက်သွားပြီးနောက် သူ့ကို ခြေမွဖျက်ဆီးပစ်မည်ဆိုလျှင် သေချာပေါက် သူသေရလိမ့်မည်ဖြစ်ကြောင်း ရွှီချင်း သိသည်။

ထို့အပြင် နတ်ဘုရားလက်ချောင်းက သူ့အား သေဆုံးအောင် ချက်ချင်း ခြေမွမဖျက်ဆီးပစ်လျှင်ပင် နောင်အနာဂတ်မှာ အခွင့်အရေးရှာပြီး သူ့ကို လာရောက်သတ်နိုင်ပေသည်။

ထိုသို့တွေးမိသောကြောင့် ရွှီချင်းသည် တစ်ဖက်လူကို ထွက်ခွာခွင့်မပြုနိုင်ပေ။

ခရမ်းသလင်းကျောက်သည် သူ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ဖြစ်၍ ထိုလျှို့ဝှက်ချက်ပေါက်ကြားရန် မည်သည့်နည်းနှင့်မှ သူခွင့်မပြုနိုင်ပေ။

ထပ်ပေါင်းဆိုရသော် နတ်ဘုရားလက်ချောင်းသည် တစ်ဝက်ချိပ်ပိတ်ခံထားရသောကြောင့် အကျောက်အကန် ရုန်းကန်ရုံသာတတ်နိုင်ပြီး သူ့ကို ထိခိုက်နာကျင်အောင် လုပ်ဆောင်ရန် တခြားနည်းလမ်းမရှိပုံပေါ်သည်။

အကြိမ်ရေအနည်းငယ် အသက်ရှူချိန်ကြာပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။

“ ငါမင်းကိုပြောပြီးပါပေါ့… ငါ့စွမ်းရည်က ဒီကောင်းကင်ကံကြမ္မာနတ်ဘုရားသလင်းကျောက်ကို ထောက်ပံ့ပေးဖို့ ထိန်းချုပ်နိုင်ဖို့ မလုံလောက်ပါဘူးဆို… မင်းငါ့ကို မသိမ်းပိုက်ခင်ကတည်းက ငါ့ကိုယ်ထဲမှာ ရှုပ်ထွေးတဲ့အရာတွေရှိတယ်လို့ မင်းကိုငါမပြောခဲ့ဘူးလား ”

“ အဲ့ဒါတွေကို ငါမထိန်းချုပ်နိုင်လို့ မင်းကို မလာစေချင်တာ ”

“ ငါ့ကိုလွှတ်ပေးစမ်း ”

နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် ရွှီချင်း၏ စကားကို ကြားဖြတ်ပြောသည်။ သူ၏ ဒေါသတကြီး ဟိန်းသံသည် ပို၍ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူက အပြင်းအထန် ရုန်းကန်သည်နှင့် ရွှီချင်း၏ ဝိညာဉ်သည် အလျှင်အမြန် ခြောက်သွေ့လာသည်။

သူအန္တရာယ်ထဲ ကျရောက်နေသည်ကို မြင်သောအခါ ရွှီချင်းသည် ဆုံးဖြတ်ချက်လုံးလုံးချလိုက်သည်။

“ သောက်ပါးစပ်ပိတ်… မင်းကိုလွှတ်ပေးဖို့ ငါ့မှာနည်းလမ်းရှိရင် အစောကြီးကတည်းက မင်းကို လွှတ်ပေးလိုက်ပြီပေါ့ ”

ရွှီချင်းသည် သူ၏ နတ်ဘုရားအသိစိတ်ကို နက်ရှိုင်းသော ဟိန်းသံအဖြစ် ပြောင်းလဲစေပြီး အသိစိတ်ပင်လယ်အတွင်း၌ ပဲ့တင်ထပ်သွားစေသည်။ ထိုအခါ နတ်ဘုရားလက်ချောင်း၏ ဒေါသတကြီး ဟိန်းသံသည် ခဏမျှ ရပ်တန့်သွားသည်။

“ တကယ်လို့ မင်းငါ့ကို မလွှတ်ပေးဘူးဆိုရင် မင်းသေသွားအောင် ငါလုပ်ပစ်မယ်… မင်းသေသွားရင် ငါချိပ်ပိတ်ခံရလိမ့်မယ်… တစ်နေ့နေ့တော့ ချိပ်ပိတ်ခံရတာကနေ လွတ်မြောက်ဖို့ ငါ့မှာ အခွင့်အရေးရှိလာလိမ့်မယ် ”

ထို့နောက် နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် နောက်တဖန် ရုန်းကန်လာသည်။

“ တစ်နေ့နေ့တော့ လွတ်မြောက်လိမ့်မယ်ဟုတ်လား ”

ရွှီချင်းသည် နှာခေါင်းရှုံ့လိုက်သည်။

“ မင်း အဲ့ဒါကို စောစောကတည်းက အာရုံခံမိခဲ့သင့်တယ်… အဲ့ဒါကို မင်းသတိမေ့နေတာလား ဒါမှမဟုတ် တမင်ထုတ်မပြောတာလား… ဘာပဲဖြစ်ဖြစ်ကိစ္စမရှိဘူး… သူတို့က ဘာတွေလဲ မင်းသေချာအာရုံခံနိုင်အောင် ငါထုတ်ပြမယ် ”

ရွှီချင်း၏ ခရမ်းလနတ်နန်းတော်ထဲမှ နတ်ဘုရားအရင်းအမြစ်သည် အသက်ဝင်လာသည်။ ယင်းက သူ၏ အသိစိတ်ပင်လယ်တစ်ခုလုံး၌ ပျံ့နှံ့သွားသောအခါ အားကောင်းသော အချက်ပြအမှတ်အသားတစ်ခုကို ဖြစ်ပေါ်စေသည်။

ယင်းသည် ရွှီချင်းအတွက် ရင်းနှီးသော လုပ်ဆောင်မှုဖြစ်သည်။ ဤသည်မှာ ခြိမ်းခြောက်ရန် ခရမ်းလကို သူအသုံးပြုသည့် ပထမဆုံးအကြိမ် မဟုတ်ပေ။

ယခု သူလုပ်ရမည်မှာ မဟာလောကထဲတွင် ဝိညာဉ်အင်ပါယာကို ပြုလုပ်ခဲ့သည့်အတိုင်း ဖြစ်သည်။

သို့သော်လည်း ဤနေရာသည် ဝမ်ကူးကုန်းမြေဖြစ်၍ ရွှီချင်းသည် အချက်ပြအမှတ်အသားကို လုံးလုံးမထုတ်လွှတ်ခဲ့ချေ။ ယင်းအစား အချက်ပြမှုကို သူ၏ ခန္ဓာကိုယ်ပေါ်တွင် လွှမ်းခြုံသွားစေသည်။ သို့သော် အကယ်၍ သူသေဆုံးသွားမည်ဆိုလျှင် ခရမ်းလသည် အားကောင်းသော စွမ်းအင်အတတ်အကျလှိုင်းကို အလိုအလျောက် ထုတ်လွှတ်လိမ့်မည်။ ထိုအခါ အနီရောင်လသည် ယင်းကို ချက်ချင်း အာရုံခံမိလိမ့်မည်။

နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် တုန်ယင်သွားသည်။ အချိန်တစ်ခဏအကြာမှာ သူက အံတင်းတင်းကြိတ်ပြီး ပြောသည်။

“ နီလာနတ်သမီးရဲ့ မူလစွမ်းအား ”

စောစောတုန်းက ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲသို့ တစ်ဟုန်ထိုး ဝင်ရောက်ခဲ့စဉ်အခါမှာ သူ၏ စိတ်သည် ဝေဝါးနေဆဲအခြေအနေမှာ ဖြစ်သည်။ သူက ယင်းကို အာရုံခံမိသော်လည်း ရွှီချင်း၏ ဝိညာဉ်ကို သိမ်းပိုက်ရန်သာ စိတ်လောနေခဲ့သည်။

ထို့နောက် သူသည် ခရမ်းသလင်းကျောက်ကို လှုံ့ဆော်မိသွားသဖြင့် အသိစိတ်ပြန်နိုးထလာခဲ့သည်။ သူသည် ခရမ်းသလင်းကျောက်၏ ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် လွတ်မြောက်ရန် နည်းလမ်းကိုသာ စဉ်းစားနေခဲ့သည်။

“ ငါက မင်းကိုချိပ်ပိတ်ဖို့ ဘဝချုပ်နှောင် ကောင်းကင်ကံကြမ္မာနတ်ဘုရားသလင်းကျောက်ကို အသုံးပြုနိုင်ရုံတင်မကဘူး မင်းကို သတ်ပစ်ဖို့ တခြားနည်းလမ်းတွေလည်း ငါ့မှာရှိသေးတယ်… နီလာနတ်သမီးဆင်းသက်လာတာနဲ့ သူက သေချာပေါက် မင်းကို ဝါးမျိုလိမ့်မယ်… တကယ်လို့ ငါသေသွားမယ်ဆိုရင် မင်းလည်း အသက်ရှင်နိုင်မှာမဟုတ်ဘူး ”

နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် အလွန်အမင်း စိုးရိမ်ကြောင့်ကြလာသည်။ အသိစိတ်ဝေဝါးမည့် လက္ခဏာများသည် ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။

သူ၏ နည်းလမ်းက အလုပ်ဖြစ်ကြောင်းမြင်သောအခါ ရွှီချင်းသည် ထပ်မံအော်ပြောလိုက်သည်။

“ ဒီဟာလည်း ရှိသေးတယ် ”

ရွှီချင်းသည် ဆဌမနတ်နန်းတော်ထဲမှ စွမ်းအားကို အသက်သွင်းလိုက်သည်။ မိုဆာဆောသည် အပြင်ရောက်နေသော်လည်း ကောင်းကင်ဘုံတာအို၏ အရှိန်အဝါသည် ဆဌမနတ်နန်းတော်ထဲတွင် တည်ရှိနေဆဲပင်။

“ ကောင်းကင်ဘုံတာအို ”

နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် ထပ်မံတုန်လှုပ်သွားသည်။

“ ငါ့မှာ နတ်ဘုရားကျိန်စာလည်း ရှိသေးတယ် ”

ရွှီချင်း၏ တတိယနတ်နန်းတော်သည် လှုပ်ယမ်းသွားပြီး တားမြစ်အဆိပ်သည် အပြင်သို့ ပျံ့လွင့်ထွက်လာကာ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် မည်သို့ပြန်ပြောရမည်မှန်း မသိတော့ချေ။ ဤအခိုက်အတန့်မှာ သူ၏ ကြည်လင်ပြတ်သားသော အသိစိတ်သည် အလျှင်အမြန် လွင့်ပြယ်လာနေပြီး ဖရိုဖရဲအာရုံသည် ယင်းနေရာတွင် တဖြည်းဖြည်း အစားထိုးဝင်လာနေသည်။

“ ဒါကြောင့် မင်းဒေါသထွက်စရာမလိုပါဘူး… ငါလည်း မင်းကို ဒီမှာဘယ်နေခိုင်းချင်ပါ့မလဲ… ဒါပေမဲ့ အခု မင်းကိုလွှတ်ပေးဖို့ ငါ့မှာ တကယ်အစွမ်းအစမရှိဘူး… ဒါပေမဲ့ အဲ့ဒါက အနာဂတ်မှာ ငါမလုပ်နိုင်ဘူးလို့ မဆိုလိုဘူး ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။

“ ငါ… မင်းကို… မယုံဘူး ”

ဤတစ်ကြိမ်တွင် နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် တိုးညင်းစွာ ပြောသည်။

တစ်ဖက်လူ၏ အသိစိတ်သည် စတင်ဝေဝါးလာနေပြီဖြစ်ကြောင်း ရွှီချင်း အာရုံခံမိသည်။ သို့ကြောင့် သူ၏ အသံသည် အနည်းငယ် သိမ်မွေ့လာသည်။

“ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံ တိုးမြှင့်သွားပြီးတဲ့နောက် မင်းကို သေချာပေါက် ပြန်လွှတ်မယ်လို့ ကတိပေးတယ်… တကယ်တော့ ငါတို့ချင်း အဆင်ပြေမယ်ဆိုရင် မင်းအတွက် ခန္ဓာကိုယ်တစ်ခုကိုတောင် ငါက ပုံသွင်းပေးနိုင်တယ်… ”

“ မင်းသိတယ်မလား… ငါမွေးဖွားတုန်းက ဝမ်ကူးကုန်းမြေရဲ့ ကမ္မက ငါ့ကိုယ်ထဲမှာ စုဝေးသွားပြီး ကောင်းကင်ကံကြမ္မာက ငါ့နောက်လိုက်ဖို့ နတ်ဘုရားသလင်းကျောက်အဖြစ် ပြောင်းလဲသွားခဲ့တာ… ဒါကြောင့် ငါနဲ့အတူရှိတာက မင်းရဲ့အဆင့်အတန်းကို စော်ကားသလိုမဖြစ်စေပါဘူး… ဒါ့အပြင် အနာဂတ်မှာ မင်းအတွက် ခန္ဓာကိုယ်တစ်ခု ပုံသွင်းပေးဖို့ ငါက တကယ်ပဲ အရည်အချင်းပြည့်မီပါတယ် ”

“ ငါ… ငါ… မဟုတ်ဘူး… ”

နတ်ဘုရားအသိစိတ်သည် ပိုပြီးဝေဝါးလာသည်။

ရွှီချင်း၏ အသံသည် ပိုပြီးသိမ်မွေ့လာသည်။

“ ရုန်းကန်နေတာ ရပ်လိုက်တော့… တကယ်လို့ မင်းဆက်ရုန်းနေမယ်ဆိုရင် ငါသေသွားရင်တောင် မင်းက ဝါးမျိုခံရလိမ့်မယ်... နတ်ဘုရားတစ်ပါးအနေနဲ့ တခြားနတ်ဘုရားရဲ့ ဝါးမျိုခံရတာ ဘယ်လောက်နာကျင်ရလဲ မင်းသိမှာပါ… မင်း အစားအစာ ဖြစ်ချင်လား ”

“ မဖြစ်ချင်ဘူး… ငါ… ”

“ ဟုတ်တယ်… မင်း အစားအစာမဖြစ်ချင်တာ ငါသိတယ်… ဒါကြောင့် ဆက်မရုန်းနဲ့တော့… ငါနဲ့အတူ ဒီမှာ အေးအေးချမ်းချမ်းနေပါ… အနာဂတ်မှာ ငါတို့ကို အဆုံးမဲ့အလားအလာတွေက စောင့်ကြိုနေတယ် ”

“ မင်းအသက်ရှင်ချင်လား သေချင်လား ”

ရွှီချင်းသည် နောက်ဆုံးမှာ‌ မေးသည်။

“ အသက်ရှင်ချင်တယ်… ငါ… ”

နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် ဆုံးရှုံးသောခံစားမှုကို ထုတ်ဖော်လိုက်သည်။

“ ငါမင်းကိုကတိပေးတယ် ”

ရွှီချင်း၏ အသံထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။

“ မြန်မြန်အနားယူလိုက်တော့… ကျန်တာအားလုံး ငါနဲ့လွှဲထားခဲ့ပါ… ငါမင်းကို ကူညီပေးမယ် ”

ရွှီချင်း၏ နတ်ဘုရားအသိစိတ်က ညင်သာစွာ ပျံ့လွင့်သွားသည်နှင့် အက်ကွဲရာတစ်ခုသည် သူ၏ အသိစိတ်ပင်လယ်ထဲတွင် ထွက်ပေါ်လာပြီး (ဃ၁၃၂)အဖြစ် ပြောင်းလဲသွားသော ဒသမနတ်နန်းတော်ဆီသို့သွားနိုင်ရန် လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်သည်။

“ အဲ့ဒီကိုသွားပါ… အဲ့ဒီနေရာက မင်းနဲ့ အရမ်းရင်းနှီးတယ်… အဲ့ဒီကိုသွားပြီး အနားယူပါ ”

နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် ပို၍စိတ်ရှုပ်ထွေးလာသည်။ သူက မသိလိုက်မသိဘာသာ (ဃ၁၃၂)ကို ကြည့်လိုက်သည်။ ထိုနေရာသည် အမှန်တကယ်ပဲ သူနှင့်ရင်းနှီးသည်။ ထို့နောက် သူသည် ခဏမျှတုံ့ဆိုင်းနေပြီးလျှင် တရွေ့ရွေ့လျှောက်သွားပြီး (ဃ၁၃၂)၏ အရှေ့တွင် ရပ်လိုက်သည်။

“ အများကြီး စဉ်းစားမနေပါနဲ့… တကယ်လို့ မင်းအများကြီး စဉ်းစားရင် မချင့်မရဲဖြစ်လာလိမ့်မယ်… ငါ့ကို ယုံကြည်ပါ… မင်းအတွက် ခန္ဓာကိုယ်တစ်ခု ငါပုံသွင်းပေးမယ်… ပြီးရင် မင်းကို ပြန်လွှတ်ပေးမယ် ”

ရွှီချင်းသည် တည်ကြည်ပြတ်သားစွာ ပြောသည်။

နတ်ဘုရားလက်ချောင်း၏ အသိစိတ်သည် အကြိမ်ရေအနည်းငယ် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီးလျှင် (ဃ၁၃၂)ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။ သူက လှောင်အိမ်များစွာ ထိုးဖောက်ခံထားရသည့် နေရာဆီသို့ သွားရောက်လိုက်ပြီး သွေးနီရောင် ဧရာမလက်ချောင်းတစ်ချောင်းသို့ ပြောင်းလဲသွားကာ တဖြည်းဖြည်း အိပ်မောကျသွားလေသည်။

ရွှီချင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချတော့မည့်အချိန်မှာပဲ (ဃ၁၃၂)သည် ရုတ်တရက် တုန်ခါလာသည်။

နတ်ဘုရားလက်ချောင်းသည် နတ်ဘုရားအာရုံတစ်ခုကို ပို့လွှတ်လိုက်သည်။

“ လူတွေ… နည်းနေတယ်… ”

“ မင်းကိုအဖော်ပြုပေးဖို့ သူတို့မကြာခင် ရောက်လာကြလိမ့်မယ် ”

ရွှီချင်းသည် တည်ကြည်စွာ ကတိပေးသည်။

အပြင်လောကတွင် မှောင်ရီစအချိန်သို့ ကျရောက်နေပြီဖြစ်သည်။ ကောင်းကင်နီနီအောက်တွင် ရွှီချင်း၏ ပေသုံးထောင်ကျော်ရှည်လျားသော ခန္ဓာကိုယ်နှင့် အကွာအဝေးတစ်ခု ဝေးကွာနေသည့် ကျောက်ရှာတောင်သည် ယခု ကဒ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည်။

ကျောက်ရှာတောင်၏ အတွင်းပိုင်းထဲတွင် ဖိနှိပ်ခြင်းဖြင့် ပြည့်နှက်နေ၏။ စည်းချအစီအရင်သည် အပြင်းအထန် ပုံပျက်တွန့်လိမ်နေပြီး အပြင်ဘက်မှ ဆူးချွန်နက်များ၏ ထိုးဖောက်မှုကြောင့် အက်ကွဲနေသော အမှတ်များသည် ဆယ်ခုကျော်လာပြီ ဖြစ်သည်။

မရေမတွက်နိုင်သော မျိုးနွယ်ခြားများသည် စည်းချအစီအရင်၏ အပြင်ဘက်တွင် စုဝေးရောက်ရှိနေကြသည်။ သူတို့အားလုံးထံတွင် ရက်စက်ကြမ်းကြုတ်ပြီး လောဘကြီးသော အမူအရာရှိကြသည်။ သူတို့ထဲမှ အများစုသည် အကျဉ်းထောင်ဌာနမှ အကျဉ်းသားများ ဖြစ်ကြသည်။

ဤကာလအတောအတွင်း သူတို့အားလုံးသည် ဆင့်ခေါ်ခံထားရကြပြီး ကျောက်ရှာတောင်အား တိုက်ခိုက်ရန် ဤနေရာသို့ စုဝေးရောက်ရှိလာကြခြင်း ဖြစ်သည်။

“ ကျောက်ရှာတောင်ပေါ်မှာ ရတနာတွေအများကြီး ရှိရမယ်… အခု ဓားကိုင်အများစုက စစ်မြေပြင်ဆီ သွားရောက်ကြပြီ… ဒီမှာ အစောင့်အကြပ်တွေအများကြီး မကျန်ခဲ့လောက်ဘူး… တာအိုရောင်းရင်းတို့ ဒါက ငါတို့လက်စားပြန်ချေနိုင်မယ့် အခွင့်အရေးပဲ ”

“ စည်းချအစီအရင်ကို ချိုးဖြတ်ပြီး ဓားကိုင်ရုံးတော်ထဲက မြင်မြင်သမျှ ဓားကိုင်တွေကို သတ်ပစ်ကြမယ်… ပြီးတော့ ဒီနေရာကို အဝေးကို လုယက်သွားမယ်… ငါလည်းပဲ ဒီတောင်ကြီးကို စိတ်ဝင်စားတယ်… အားလုံးပဲ ဒီစည်းချအစီအရင်ကို မင်းတို့ချိုးဖြတ်နိုင်မလား လာစမ်းကြည့်ကြ ”

“ ဟုတ်တယ်… ကျောက်ရှာပြည်နယ်မှာ ကျောက်ရှာတောင်က ဆက်ရှိမနေသင့်တော့ဘူး… ဒါမှပဲ ငါတို့ရဲ့ လုပ်ဆောင်မှုက သမိုင်းမှာ ပြောစမှတ်တွင်လိမ့်မယ် ”

“ လက်တုံ့ပြန်ခံရမှာကို ဘာမှမစိုးရိမ်ကြနဲ့… ဖုန်းဟိုင်ဒေသငယ်က လူသားမျိုးနွယ်က ဒီတစ်ကြိမ် ဖျက်ဆီးခံရဖို့ သေချာသလောက်ရှိနေပြီ ”

“ အခု တခြားပြည်နယ်တွေက ဓားကိုင်ရုံးတော်ခွဲတွေလည်း တိုက်ခိုက်ခံနေကြရတယ်… ပြီးတော့ ငါ့မှာ အားလုံးအတွက် သတင်းကောင်းရှိတယ်… ဖုန်းဟိုင်ဒေသငယ်က အဓိကစစ်မြေပြင်တွေဖြစ်တဲ့ အနောက်ဘက်နဲ့မြောက်ဘက်မှာ အရေးကြီးအခြေအနေကို ကျရောက်နေပြီး အချိန်မရွေး ပြိုလဲပျက်စီးသွားနိုင်တယ်ဆိုတဲ့ သတင်းကို ငါရထားတယ် ”

“ စည်းချအစီအရင်ကို ချိုးဖြတ်ကြ… ဓားကိုင်တွေကို သတ်ပစ်ကြ… ကျောက်ရှာတောင်ကို ဖျက်ဆီးပစ်ကြ ”

မိစ္ဆာသဖွယ် ဟိန်းသံများသည် စည်းချအစီအရင်၏ အပြင်ဘက်တွင် အစဉ်မပြတ် ပဲ့တင်ထပ်သွား၏။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် မရေမတွက်နိုင်အောင် များပြားသော ထိုမျိုးနွယ်ခြားများထံမှ တစ်ဟုန်ထိုး ပေါ်လျှိုးလာသည်။

မန္တန်အလင်းစီးကြောင်းများနှင့် ကြီးမားသော ဓမ္မလက်နက်များမှ စွမ်းအားများသည် ကျောက်ရှာတောင်ပေါ်မှ စည်းချအစီအရင်ပေါ်သို့ တရစပ်ကျဆင်းသွားနေလေရာ ကျယ်လောင်သော ပေါက်ကွဲသံများသည် မရပ်မနား ထွက်ပေါ်လာကြသည်။ ထိုအခါ စည်းချအစီအရင်သည် ပိုပြီးပုံပျက်တွန့်လိမ်လာကာ အပြင်းအထန် လှုပ်ခါလာသည်။

ကျောက်ရှာတောင်ပေါ်မှ အရေအတွက် ဆယ်ဂဏန်းမျှသာရှိသော ဓားကိုင်များ၏ အမူအရာတွင် ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်နေကြသည်။ သူတို့အားလုံး၏ အကြည့်သည် သူတို့၏ အရှေ့မှ ဝိညာဉ်နတ်သူငယ်အဆင့် ဓားကိုင်အပေါ်သို့ ကျရောက်နေကြသည်။

“ ငါတို့တွေ ဒီနေရာကို အသက်ပေးပြီး ကာကွယ်ကြမယ် ”

ဝိညာဉ်နတ်သူငယ်အဆင့် ဓားကိုင်သည် အဝေးမှ စစ်မြေပြင်ရှိရာ ဦးတည်ရာသို့ လှမ်းမျှော်ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

သူ၏ အသံသည် တိုးညင်းသော်လည်း ဆုံးဖြတ်ချက်ပြတ်သားမှု ပါရှိ၏။

All Chapters