← Chapters

ဖေဟောင်၏ရည်ရွယ်ချက်.....

Vol. 45 Ch. 620

ဖေဟောင်၏ရည်ရွယ်ချက်.....

Vol. 45 Ch. 620

"မင်္ဂလာပါ သခင်လေး..."

ထိုအချိန်တွင် လုချင်းနှင့်လုကွမ်းတို့သည် မျက်နှာများပေါ်တွင် ရှက်ရွံ့သောအမူအရာဖြင့် မတ်တပ်ထရပ်ကာ သူတို့နှစ်ယောက်အား အရိုအသေပြုရန် ပြေးလာကြသည်။

"သခင်လေးတိို့ကိုလည်း ဖိတ်ကြားထားတာလား...ကျုပ်တို့လည်း ဖေဟောင်ဖိတ်ကြညးထားလို့ ဒီကိုလာခဲ့တာ....."

တစ်ချိန်တည်းမှာပင် အိုးမလုံအုံပွင့်သည့်နှယ် အလျင်စလိုရှင်းပြခဲ့ကြသည်။

လီလော့သည် အိမ်တော်၏တရားဝင်အမွေဆက်ခံသူဖြစ်နေဆဲဖြစ်သည်။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကသာ တွေ့ခဲ့မယ်ဆိုရင် သူတို့ရဲ့လေသံဟာ အခုလိုချိုသာနေမည်မဟုတ်ဘဲ ရိုင်းစိုင်းပြီး မယဉ်ကျေးတာမျိုးတောင် ဖြစ်နိုင်သည်။လီလော့ကို အရင်အးတိုင်းအမှိုက်ကောင်အဖြစ်သာသဘောထားခဲ့သည့်အတွက် ၎င်းတို့သည် နောက်ပြန်ဆုတ်ကာ ကြားနေရေး ရပ်တည်ချက်ကို ထိန်းသိမ်းရန် သဘာဝကျကျ ရွေးချယ်ခဲ့သည်။

သို့သော်၊ ယခုတော့ အခြေနေက အရင်ကနှင့်မတူတော့ချေ။ သခင်ငယ်လေးသည် အမှိုက်ကောင်အဖြစ်မှ တောက်ပနေသော နေမင်းကြီးအဖြစ်သို့ အသွင်ပြောင်းကာ ကြည့်နေသူတိုင်းကို မှင်တက်စေခဲ့သည်။

တစ်နှစ်တာကာလတိုအတွင်း လီလော့သည် လော့လန်အိမ်တော်အတွက် ကောင်းမွန်သော အပြောင်းအလဲများစွာကို ယူဆောင်လာခဲ့သည်။ ထို့ကြောင့် ဘိုးဘေးများ၏ လီလော့အပေါ် ရပ်တည်ချက်သည် ကျန်းချင်းအာ ထက်ပင် တဖြည်းဖြည်း ကျော်လွန်လာခဲ့သည်။

ထို့ကြောင့် ယနေ့ လီလော့နှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် ထိတ်လန့်သွားကြသည်။ ကောင်းကင်ကို အံတုနိုင်သော စွမ်းရည်နှင့် အလားအလာရှိသော ဤစုံတွဲသည် လက်ရှိအခြေအနေကို ဖြေရှင်းနိုင်လျှင် လော့လန်အိမ်တော်၏ ခမ်းနားမှုများစွာကို ပြန်လည်ရရှိပြီး တစ်ဖန်ပြန်လည် ပွင့်လန်းလာမည်မှာ မလွဲဧကန်ဖြစ်သည်။

သူတို့နှစ်ယောက်ရဲ့ ရှင်းပြချက်တွေကို နားထောင်ပြီးတဲ့အခါ လီလော့ ရဲ မျက်နှာမှာ နူးညံ့တဲ့အပြုံးတစ်ခု ပေါ်လာပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"စိတ်မပူပါနဲ့ လော့လန်အိမ်တော်အတွက်ဘိုးဘေးတို့ရဲ့ သစ္စာစောင့်သိမှုကို ကျွန်တော်ယုံပါတယ်....."

ထိုစကားက လီလော့၏အတွေးနှင့် ဆန့်ကျင်ပုံပေါက်သော်လည်း၊ ဉာဏ်ရည်ထက်မြက်ပြီး ရင့်ကျက်သူတစ်ဦးအနေဖြင့် ၎င်းတို့နှစ်ဦးအပေါ် စိတ်ပျက်အားငယ်မှုများကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။ ဤအရာက သူတို့ကို ဖေဟောင်ဆီသို့သာ ရွေ့လျားစေမည်ဖြစ်သည်။ ထို့ကြောင့် အခုချိန်တွင် သဘောထားကြီးပြရန် လိုအပ်သည်။ ကျန်းချင်းအာကတော့ သူတို့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

"ဒါဆိုလည်း ထိုင်နေကြပါ...ကျွန်မတို့က ဖေဟောင်နဲ့တွေ့ဖို့လာကြတာ....."

"ဟုတ်ကဲ့ပါ သခင်မလေး......"

နှစ်ယောက်သား ကမန်းကတန်း သဘောတူလိုက်ကြသည်။ အိမ်အတွင်းရှိ ကျန်းချင်းအာ ၏ လွှမ်းမိုးမှုသည် သေးငယ်သည့်အရာမဟုတ်ပေ။ရန်သူများ အိမ်တော်၏အုတ်မြစ်ကို လှုပ်ခတ်သွားစေသော်လည်း သူမတစ်ယောက်တည်းနှင့် အခုလိုအခြေနေထိရောက်အောင် ထိန်းထားနိုင်သူဖြစ်သည်။ ထို့အပြင်၊ သူမသည် ဘိုးဘေးများအားလုံးကို ကြောက်ရွံ့ထိတ်လန့်စေသည့် စွမ်းရည်နှင့် ခွန်အားကို ပိုင်ဆိုင်ထားသည်။

"နင်တို့နှစ်ယောက် ဒီကိုရောက်လာပြီဆိုမှတော့ ငါနဲ့ဆွေးနွေးဖို့ဆုံးဖြတ်လိုက်ပြီပေါ့...."

ဖေဟောင်က သူ့ရင်ထဲက မကျေနပ်မှုတွေကို ဖြေဖျောက်ပြီး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်သည်။

"ထင်ချင်သလိုထင်...."

"သခင်လေး..... ငါ့ကို ငြင်းပယ်နေစရာ မလိုပါဘူး.....ငါတို့မှာ လော့လန်အိမ်တော်ကို ကာကွယ်ဖို့တူညီတဲ့ရည်ရွယ်ချက်တွေ အများကြီးရှိတယ်မဟုတ်လား.....မကြာခင်အိမ်တော်စုဝေးပွဲကျင်းပတော့မှာမို့ ငါတို့ရဲ့အတွင်းရေးပဋိပက္ခတွေက အပြင်လူတွေကိုသာ အကျိုးရှိစေလိမ့်မယ်...."

"စိတ်မရှိနဲ့... မင်းက အပြင်လူပဲ..." ဟု လီလော့က ခွန်းတုံ့ပြန်လိုက်သည်။

" ဘာပဲဖြစ်ဖြစ် ရောက်လက်စနဲ့ မင်းဘက်ကအဆိုပြုချက်ကိုနားထောင်ပေးမယ်....ပြောစရာရှိတာ ပြောပါ.... "

" အိမ်တော်စုဝေးပွဲမကျင်းပခင် တလအတွင်း မကျေလည်မှုအားလုံးကိုဖြေရှင်းဖို့အကြံပေးချင်တယ်.... ဒါမှသာ အတွင်းရေးအဆင်မပြေမှုတွေကို အခြားသူတွေအခွင့်ကောင်းယူလို့မရမှာ.... လော့လန်အိမ်တော်ကို အရင်တိုင်း အိမ်တော်သခင်နှစ်ပါးအုပ်ချုပ်တဲ့အစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားကြပြီး မင်းနဲ့ငါ အတူတကွ အုပ်ချုပ်သွားကြမယ်.... လော့လန်အိမ်တော်အရင်လို တိုးတက်လာဖို့ ပုဂ္ဂိုလ်ရေးမကျေလည်မှုတွေကိုဘေးဖယ်ထားပြီး အမျှော်မြင်ရှိရှိ စဉ်းစားပေးဖို့မျှော်လင့်ပါတယ်....."

လီလော့ ချက်ခြင်းပင် သက်ပြင်းတစ်ချက် ချလိုက်သည်။

"မင်းပြောတာမှန်တယ်.သခင်နှစ်ယောက်ရှိတယ်ဆိုတဲ့ အယူအဆက မဆိုးဘူးပဲ...."

ထိုစကားများကိုကြားသောအခါ ဖေဟောင် ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ မိုချန်းပင်လျှင် ကျေနပ်နေပုံရသည်။

တစ်ဖက်တွင် ယွမ်ချင်းနှင့်လဲ့ကျန်း တို့သည် လီလော့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။ ဖေဟောင်ကို အိမ်တော်သခင်အဖြစ် တရားဝင်အသိအမှတ်လိုက်လျှင် သူသည် လော့လန်အိမ်တော်၏ကိစ္စရပ်များတွင် တရားမျှတစွာ ဝင်ရောက်စွက်ဖက်နိုင်သည်ဟု ဆိုလိုသည်။ ၎င်းသည် လက်ငင်းပဋိပက္ခကို ရှောင်ရှားနိုင်သော်လည်း၊ လျှို့ဝှက်သောအန္တရာယ်များစွာကို ချန်ထားခဲ့မည်ဖြစ်သည်။

သို့သော် သူတို့၏စိတ်ထဲတွင် သံသယများပေါ်လာသည်နှင့်အမျှ လီလော့က....

" ဒါပေမယ့် အိမ်တော်သခင်နှစ်ယောက်က ငါနဲ့ချင်းအာပဲဖြစ်သင့်တယ်လို့ထင်တယ်.... မင်းလို ကျွေးတဲ့လက်ပြန်ကိုက်တတ်တဲ့ ကျေးဇူးကောင်တဲ့ကောင်ကများ ရာရာစစအိမ်တော်သခင်ဖြစ်ဖို့မှန်းရဲတယ်....."

လီလော့၏ ခက်ထန်သောစကားများကြောင့် ဖေဟောင်၏အပြုံးများပျောက်ကွယ်သွားပြီး နှုတ်ခမ်းထောင့်တွေ တဆတ်ဆတ်တုန်ရီလာသည်။

ထုံးစံအတိုင်း၊ လီလော့က သူ့အား စူးစူးစိုက်စိုက်ကြည့်ကာ အထင်အမြင်သေးစွာဖြင့်.....

" ဖေဟောင် ... မင်းကိုယ်မင်း ဘာကောင်ထင်နေလို့လဲ... လော့လန်အိမ်တော်ကို ထိန်းချင်နေတာလား ၊ ငါ့ကို ခြိမ်းခြောက်ဖို့ ဒီစကားလုံးလှလှလေးတွေသုံးပြီး မကြိုးစားနဲ့....ငါ့မိဘတွေ တည်ထောင်ထားတာမို့သာ ဒီအိမ်တော်ကို ကာကွယ်ဖို့ကြိုးစားနေတာ....မတတ်နိုင်တဲ့အဆုံးပျက်စီးသွားရင်တောင် အနာဂတ်မှာ ပြန်တည်ဆောက်မယ်....... မင်း လော့လန်အိမ်တော်ကို ဂရုစိုက်တယ်ဆိုတာ ငါသိပါတယ်.... ဒါပေမယ့် ငါ့အတွက်က သိပ်အရေးမကြီးဘူး....မင်းကစားချင်ရင် ငါလိုက်ကစားပေးမယ်....... ခါးသီးတဲ့အဆုံးသတ်အထိ အတူတူကစားပေးမယ်....."

လီလော့က ဖေဟောင်ကို သနားညှာတာစွာဖြင့် စူးစူးစိုက်စိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

အပေါ်ထပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ အချိန်တွေ ရပ်တန့်သွားပုံရသည်။ ဘိုးဘေးများအားလုံးသည်လည်း လီလော့ ရဲ့ပြတ်သားသောစကားကြောင့် အားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။ သူ့ဆီကနေ ဒီလိုစကားမျိုးကြားရဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

စကားလုံးတိုင်းက ဖေဟောင်၏ အနက်ရှိုင်းဆုံး၊ အမှောင်မိုက်ဆုံးသော မလုံခြုံမှုများကို ထွင်းဖောက်ရန် ရည်ရွယ်ထားကြောင်း သူတို့သိသည်။

လူတိုင်းက ဖေဟောင်၏ တုံ့ပြန်မှုကို စောင့်ကြည့်နေကြသည်။ ဖေဟောင်က လီလော့ကို အေးစက်စွာ စိုက်ကြည့်နေသည်မှာ အဆိပ်ရှိသော မြွေတစ်ကောင်လိုပင်....

ဖေဟောင်၏လက်ရှိအသွင်အပြင်က အချိန်မရွေးပေါက်ကွဲတော့မည့်နှယ် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ လှိုင်လှိုင်ထွက်ပေါ်နေသည်။

လွန်စွာတန်ဖိုးခါးရသော အရာတစ်ခုအပေါ် မထီမဲ့မြင်ပြုခြင်းထက် ပိုဆိုးသောအရာမရှိတော့ပေ။

တဖက်တွင်မူ... လီလော့သည် သူ၏ပြောင်းလဲမှုကြောင့် လုံးလုံးလျားလျား အပြုံးမပျက် ပြုံးနေခဲ့သည်။

"ဘာလဲ..မင်းရဲ့ သနားစရာကောင်းတဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှုကို ရိုက်ချိုးလိုက်လို့ဒေါသထွက်နေတာလား....."

ဘန်းးးးးး

ဖေဟောင်က သူ့ရှေ့က စားပွဲကို ရိုက်ချလိုက်သဖြင့် တစစီကျေမွသွားပြီး ပဲ့တင်ထပ်သ့စွမ်းအားများ ထွက်ပေါ်လာသဖြင့် အပျက်အစီးများကို ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

သူစကားမပြောမီတွင်၊ ကျန်းချင်းအာက ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး သူမ၏ရွှေရောင်မျက်လုံးများဖြင့် ဖေဟောင် ကို အေးခဲစွာစိုက်ကြည့်နေသည်။

"ဖေဟောင် ...ငါက မလိုအပ်ဘဲ စကားမပြောရတာ မကြိုက်ဘူး။ ဒါပေမယ့် ငါတစ်ခုတော့ ပြောလိုက်မယ်... အိမ်တော်စုဝေးပွဲမှာ နင့်ကို မမြင်ချင်ဘူး မြင်တာနဲ့ နင်အသေပဲ....."

ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းစွမ်းအင်များက သူမ၏ခန္ဓာကိုယ်မှ ဒီရေကဲ့သို့ ထွက်လာပြီး ဧရိယာတစ်ခုလုံးကို ပြင်းထန်စွာ ဖြိုခွင်းလိုက်သည်။

သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ အလင်းစွမ်းအားများက ဓားတလက်အဖြစ်ပြောင်းလဲသွားပြီ ဖေဟောင့်ဆီသို့ တည့်တည့်တိုးဝင်သွားသည်။

ကျန်းချင်းအာ၏ရုတ်တရက်ဆန်သော

တိုက်ခိုက်မှုကြောင့် အခြားမည်သူမျှ မတုံ့ပြန်နိုင်မီတွင် ရက်စက်ကြမ်းကြုတ်သော အလင်းဓားက ရှေ့သို့ တိုးလာသည်။

သို့သော်လည်း ဖေဟောင်ကတော့ မတုန်လှုပ်ဘဲ ခပ်ပြုံးပြုံးပင်......

ဝုန်းးးး

နေကဲ့သို့ တောက်လောင်နေသော အလင်းဓားသည် ရုတ်တရက် ခိုင်မာလာပြီး ဖေဟောင်၏ မျက်နှာရှေ့ တစ်လက်မခန့်အကွာတွင် ရပ်တန့်သွားသည်။ ဖေဟောင်၏နောက်ကျောဘက်ကနေ ရေခဲစွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာပြီး ကျန်းချင်းအာ၏ အလင်းစွမ်းအင် ဓားသွားပေါ်က မီးတောက်များကိုငြိမ်းသတ်လိုက်လေသည်။

ထို့နောက် အလင်းစွမ်းအင်ဖြင့်ဖန်တီးထားသောဓားက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ ရေခဲအပိုင်းအစများအဖြစ် ကွဲကျေသွားခဲ့သည်။

ဤအချင်းအရာကြောင့် ကျန်းချင်းအာ မျက်မှောင်ကြုံ့လိုက်ပြီး ဖေဟောင် ၏နောက်ကွယ်ရှိ လိုက်ကာကို တစ်ချက်ကြည့်လိုက်သည်။

"ဟာဟား....နှစ်အနည်းငယ်ကြာခဲ့ပြီးနောက် သခင်မလေးချင်းအာရဲ့ ပဲ့တင်ထပ်သံ စွမ်းအားက ပိုလို့တောင် ရက်စက်လာပုံရတယ်....."

ထိုအချိန်တွင် လိုက်ကာနောက်ကွယ်မှ ရယ်မောသံများကြားရပြီး လူတစ်ယောက် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

လူတိုင်းက ထိုလူကို လှည့်ကြည့်နေကြသည်။

ထိုသူ ဆံသားများဖြူဖွေးနေသော ခပ်ပိန်ပိန်လူတစ်ယောက်ဖြစ်သည်။ ထိုသူ ရှေ့သို့ လျှောက်လာနေစဉ် ပတ်ဝန်းကျင်လေထုပင် အေးခဲသွားသလို အေးစိမ့်သောလေကို ထုတ်လွှတ်နေသည်။ တစ်ချိန်တည်းမှာပင် သူ့ထံမှ ကြောက်မက်ဖွယ်ရာ ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်လာပြီး နေရာအနှံ့ ပျံ့နှံ့သွားသည်။

ဘိုးဘေးများအားလုံးထိတ်လန့်သွားကြသည်။

"အဆင့်မြင့် ကောင်းကင် ပဲ့တင်ထပ်သံ အဆင့်?" ယွမ်ချင်းက ထိုသူကိုကြည့်လိုက်ပြီး လွတ်ကနဲရေရွတ်လိုက်သည်။

"ရှုထျန်းလင်၊ မင်းတကယ်ပဲ အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သ့အဆင့်ကို ရောက်သွားပြီလား....."

လီလော့ ဤအမည်ကိုကြားသောအခါ မိုးကြိုးပစ်ချခံရသလို ခံစားရလေသည်။

ရှုထျန်းလင်သည် လော့လန်အိမ်တော်၏ ဘိုးဘေးသုံးယောက်၏ အကြီးအကဲမှလွဲ၍ အခြားသူမဖြစ်နိုင်ပေ။

All Chapters