← Chapters

ရှုထျန်းလင်.....

Vol. 45 Ch. 621

ရှုထျန်းလင်.....

Vol. 45 Ch. 621

ပြင်းထန်သောဖိအားများနှင့်အေးစက်သောအော်ရာများ.ထုတ်လွှတ်လျက် တလှမ်းချင်း လှမ်းလျှောက်လာသော ရှုထျန်လင်းကြောင့်အားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။

ရှုထျန်လင်းသည် ဘိုးဘေးသုံးပါး၏ခေါင်းဆောင်ဖြစ်သည်။

[TN/ လော့လန်အိမ်တော်တွင် ဘိုးဘေးသုံးပါး၊ အကြီးအကဲကိုးဉီးရှိသည်။အရင်ပိုင်းတွေမှာ ဘိုးဘေးထားသူအချို့က အကြီးအကဲဟုပြောင်းလဲသုံးနှုန်းပါမည်။]

ရှုထျန်းလင် သည် ဘိုးဘေးသုံးယောက်၏ ဦးခေါင်းဖြစ်သည်။

လွန်ခဲ့သောနှစ်အနည်းငယ်က ပျောက်ကွယ်သွားခဲ့သော ရှုထျန်းလင်းကို အခုလိုရုတ်တရက်ပေါ်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

ယွမ်ချင်းက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ ရှုထျန်လင်းသည် သူ့ထက်တစ်ဆင့်ပိုမြင့်သော အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ကိုရောက်ခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ထင်သာမြင်သာသော တိုးတက်မှုကို ရရှိခဲ့ပြီး ကံကောင်းခြင်းတစ်မျိုးမျိုး ကြုံတွေ့ခဲ့ရကြောင်း ထင်ရှားသည်။

ကျင့်ကြံခြင်းခရီးလမ်းတွင် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်မတိုင်မီ အဆင့်များသည် သိသိသာသာရိုးရှင်းလွန်းသည်ကိုသိနေသောကြောင့် ရှုထျန်လင်းအခုလိုအဆင့်တက်သွားခြင်းက ယွမ်ချင်း အတွက် အနည်းငယ်စိုးရိမ်မှုဖြစ်စေခဲ့သည်။ လ

ဥပမာအားဖြင့်၊ ကြယ်တာယာခရီးရှည်ကောလိပ်မှ ထူးချွန်သော ကျောင်းသားများသည် အချိန်တခုပေးလိုက်ရုံဖြင့် ကောင်းကင်ပုလဲအဆင့်သို့ အလွယ်တကူ ရောက်ရှိသွားကြသည်။ သို့ပေမယ့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ကို ရောက်ချင်တယ်ဆိုရင်တော့ ဒါဟာ ခက်ခဲကြမ်းတမ်းတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်နေပေလိမ့်မည်။ ကုန်းရှန်ကျွင်းနှင့် မင်းသမီးတို့သည် ကြယ်လေးပွင့်ခန်းမရှိ ထိပ်တန်း ပါရမီရှင်များဖြစ်ပြီး တော်ဝင်မျိုးနွယ်များဖြစ်သောကြောင့် အဆုံးမရှိသော အရင်းအမြစ်များ ရရှိကြသော်လည်း ကောလိပ်လေးနှစ်အတွင် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ မဝင်ရောက်နိုင်ကြသေးပေ။

ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့တက်လှမ်းရန် လိုအပ်သည့်အရာမှာ အရည်အချင်းမဟုတ်သော်လည်း စုဆောင်းခြင်းနှင့် နားလည်မှုသာဖြစ်သည်။အဆင့်နိမ့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်မှ အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ တက်လှမ်းရန် ပို၍ပင်ခက်ခဲပါသည်။ ထို့ကြောင့်၊ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သည် မြို့စာအဆင့်သို့ဝင်ရောက်ရန်တားဆီးထားသည့်အပြင်းထန်ဆုံးသောပိတ်ဆို့မှုဖြစ်သည်။

ယွမ်ချင်းသည် အဆင့်နိမ့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင်သောင်တင်နေခဲ့ပြီး အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ပေ။

အခြားတစ်ဖက်တွင်၊ သူ၏ပြိုင်ဘက်ဟောင်း ရှုထျန်းလင်ကတော့ အဆင့်တက်နိုင်ခဲ့ချေပြီ။

ယွမ်ချင်း၏မေးခွန်းများကို ရင်ဆိုင်ရင်း၊ ရှုထျန်းလင်က ခပ်ချေချေပြုံးကာ သူ့အကြည့်များကို လီလော့နှင့်ကျန်းချင်းအာဆီသို့သာပို့လွှတ်လိုက်သည်။

"သခင်လေးနဲ့သခင်မလေး.... မတွေ့ဖြစ်တာအတော်ကြာနေပြီနော်......"

"ဖေဟောင် ဘာလို့ အဲ့လောက်သတ္တိကောင်းနေသလဲစဉ်းစားနေခဲ့တာ....လက်စသတ်တော့ အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ကျွမ်းကျင်သူရဲ့ ပံ့ပိုးမှုရှိနေတာကိုး....." ဟု ကျန်းချင်းအာက အေးစက်သောလေသံဖြင့် မှတ်ချက်ပေးခဲ့သည်။

လီလော့ကလည်း.... "ကြည့်ရတာ ဘိုးဘေးရှုက ဖေဟောင်နဲ့ပူးပေါင်းပြီး လော့လန်အိမ်တော်ကို ဖြိုခွဲဖို့ စီစဉ်နေပုံပဲ....."

ရှုထျန်းလင် ပြုံးလိုက်သည်။

"သခင်လေးရဲ့စကားတွေက နားဝင်ဆိုးလိုက်တာ.... လော့လန်အိမ်တော်ကိုသံယောဇဉ်ရှိတဲ့အတွက် ပြိုကွဲအောင်ဘယ်လုပ်ချင်ပါ့မလဲ.... ဒါပေမယ့် ဖေဟောင်က အိမ်တော်သခင်ရဲ့ တပည့်တစ်ဦးဖြစ်တယ်..... အကယ်၍ မှန်ကန်တဲ့ အထောက်အထားကို ပိုင်ဆိုင်ပြီး ဘိုးဘေးနှစ်ဦးရဲ့ထောက်ပံ့မှုကို ရယူနိုင်ခဲ့ရင် အိမ်တော်သခင်ဘွဲ့အတွက် ရုန်းကန်ပိုင်ခွင့်ရှိတယ်ဆိုတာ ထင်ရှားနေပြီပဲလေ....ဟုတ်တယ်မလား သခင်လေး.."

"ဒါဆို ကျူပ်က ခင်ဗျားပြောတဲ့ စံညွှန်းတွေနဲ့မကိုက်ညီဘူးလို့ ပြောချင်တာလား"

လီလော့ကလည်း ပြန်ပြောလိုက်သည်။

ရှုထျန်းလင်က လီလော့ကို တိတ်တဆိတ် အကဲခတ်နေပြီ.....

" သခင်လေးရဲ့ ဗလာနန်းတော်ပြသာနာကြောင့် အခုလိုတွေဖြစ်နေခဲ့ရတာ....ဒီအခေနေထိရောက်လာမှတော့ ဘက်ပြောင်းလို့လဲဘာထူးတော့မှာလဲ....ကံစီမံရာအတိုင်းပဲပေါ့....."

လီလော့သည် အိမ်တော်သခင်ရာထူးကို အမွေဆက်ခံရန် အသင့်တော်ဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ထင်ရှားသည်။ ထိုရာထူးအတွက် ကျန်းချင်းအာထက်ပင် ပို၍သင့်တော်သူဆိုလည်းမမှားနိုင်ပေ။ အကယ်၍ သူသည် ဗလာနန်းတော်ဖြင့် မွေးဖွားလာခြင်းမရှိပါက၊ လော့လန်အိမ်တော်တစ်ခုလုံးက သူ့ကို ကာကွယ်ရန် ဝိုင်းဖွဲ့ကြပေမည်။ ကံမကောင်းစွာပဲ၊ တစ်ချိန်က သစ္စာစောင့်သိသူများ လှည့်စားခံရပြီး ယနေ့လိုအဖြစ်မျိုးဖြစ်လာခဲ့ရသည်။

သူ၏နန်းတော်ဗလာပြဿနာကို ဖြေရှင်းခဲ့ပြီး စွမ်းရည်နှင့်အလားအလာများကို ပြသခဲ့သည်မှာ အနည်းငယ်နောက်ကျသွားပြီဖြစ်သည်။ထို့ကြောင့် ဖေဟောင့်ဘက်တော်သားများအနေဖြင့် နောက်ပြန်လှည့်ရန် ရိုးရှင်းစွာ မရွေးချယ်နိုင်ပေ။

သစ္စာဖောက်တဲ့လမ်းကို သူတို့ရွေးချယ်ပြီးကတည်းက အဆုံးထိလျှောက်လှမ်းရပေတော့မည်။

သူတို့ စိတ်ပြောင်းသွားရင်တောင် လီလော့ က သူတို့ကို ခွင့်လွှတ်မှာလား ? သူတို့အပေါ် ယုံကြည်မှုမျိုး ဘယ်တော့မှရှိလာနိုင်မှာမဟုတ်ဘူး.... ဘယ်သူကမှ ဒီလို နုံအတဲ့ရွေးချယ်မှုမျိုးကိုလုပ်မှာမဟုတ်ဘူး....ကိုယ်ရွေးချယ်လိုက်တဲ့လမ်းကိုသာအဆုံးထိလျှောက်လှမ်းရတော့မယ်.......

လီလော့သည် အဓိပ္ပါယ်မဲ့သော စကားများကို ငြီးငွေ့လွန်းသဖြင့် ခေါင်းယမ်းလိုက်သည်။ ပုန်ကန်တတ်တဲ့ နှလုံးသားရှိသူတွေဟာ အကြောင်းပြချက်တစ်ခုခုကို အမြဲရှာတွေ့တတ်ကြစမြဲပင်......

"ကျူပ်မိဘတွေအတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်.... "

လီလော့သည် ဝမ်းနည်းမှုဖြင့် သက်ပြင်းချကာ သူ့ရှေ့မှ လူတစ်စုကို ငေးကြည့်နေသည်။

"သူတို့က အင်မတန်ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေပဲာ.... ဒါပေမယ့် လူကဲခတ်တာတော့အတော်ညံ့တယ်.... လော့လန်အိမ်တော်ရဲ့ အထက်ပိုင်းမှာရှိတဲ့ လူတွေရဲ့ တစ်ဝက်လောက်က အမှိုက်တွေလူစားတွေ ဖြစ်နေကြတယ်..ဒွလူကျေးဇူးကန်းတဲ့လူစားမျိုးတွေကို ဘယ်လိုများရွေးချယ်ခဲ့တာပါလိမ့်...."

လီလော့၏ စကားလုံးများက အင်မတန် ကြမ်းတမ်းပြီး ရှုထျန်းလင်၏ အပြုံးကိုပင် ပျောက်ကွယ်သွားစေခဲ့သည်။

"ဆရာကြီးနဲ့ သခင်မကို အပြစ်တင်လို့ မရဘူး...." ကျန်းချင်းအာက ခေါင်းယမ်းလိုက်ပြီး...

. "သူတို့ရဲ့ ခွန်အားနဲ့ ပုရွက်ဆိတ်လိုလူစားမျိုးတွေနဲ့အကြံအစည်တွေကိုဂရုစိုက်နေစရာလား... တစ်ခုခု ဖြစ်သွားရင် တစ်ချက်တည်းနဲ့ရိုက်သတ်လို့ရတဲ့ပမွှားလေးတွေကိုဘာများအကဲခတ်စရာလိုသေးလိုလဲ....ဆရာတို့လင်မယားက ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာရင် ခွန်အားနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြတယ်...ဒါ့ကြောင့် ဒီလူတွေရဲ့ အတွင်းစိတ်ကို ဘယ်သောအခါမှ မစိုးရိမ်ခဲ့ကြဘူး... ဆရာကြီးနဲ့ သခင်မတို့သာ အခုနေဒီမှာရှိနေရင် ဒီလူတွေအားလုံးနင့်အပေါ် အသက်ပေးပြီး သစ္စာရှိပြနေကြမှာ...."

ကျန်းချင်းအာ၏ ဘွင်းဘွင်းရှင်းရှင်း သုံးသပ်ချက်ကြောင့် အားလုံးမျက်စိပျက်မျက်နှာပျက်ဖြစ်ကုန်ကြသည်။သူတို့အားလုံးသည် အရင်အိမ်တော်သခင်နှစ်ပါးအတွက် ပမွှားအဆင့်သာရှိသည်ကိုတွေးမိသောအခါ ကြောက်ရွံ့ခြင်းနှင့်ထိတ်လန့်ခြင်းကို တပြိုက်နက်ခံစားနေကြရသည်။

ကျန်းချင်းအာရဲ့ သုံးသပ်ချက်ကနေ အိမ်သခင်တွေက သူတို့ကို ဘယ်လိုရှုမြင်သလဲဆိုတာကိုလည်း သူတို့ နားလည်နိုင်ကြသည်။ ဖေဟောင့်ဘက်တော်သားများ၏အတွေးထံတွင်မူ.....

အိမ်တော်သခင်နှစ်ပါး ပြန်ရောက်လာရင် ဘယ်လိုလုပ်မလဲ ....ကေသရာဇာ ခြသေ့များက သူ့နယ်မြေထဲမှာ လာရှုပ်နေတဲ့ခွေးအတွေကို ဒီအတိုင်းကြည့်နေမှာလား......

"အိမ်သခင်နှစ်ယောက်က တကယ်ကိုအင်အားရှိတဲ့သူတွေပါ... သူတို့သာအနားမှာရှိနေရင် ဒီလိုအတွေးမျိုး ငါဘယ်လိုတွေးဝံ့မှာလဲ...." ရှုထျန်းလင်က တည်ငြိမ်စွာ ရှင်းပြပြီး သူ့နှလုံးသားထဲက ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် ခံစားချက်အားလုံးကို ဖြိုခွင်းလိုက်သည်။

"ဒါပေမယ့် အတိတ်ကအကြောင်းတွေကိုတွေးနေလို့မဖြစ်ဘူး.... အိမ်တော်သခင်နှစ်ပါးရဲ့ အကာအကွယ်အောက်မှာ အေးအေးဆေးဆေးနေခဲ့ရတာမို့ လက်တွေ့ဘဝရဲ့ခက်ခဲမှုတွေကိုဘယ်နားလည်ပါ့မလဲ..... ဘယ်လိုပဲဖြစ်ဖြစ် အခြေနေတွေပြောင်းလဲနေပြီဆိုကိုတော့ အသိအမှတ်ပြုဖို့လိုတယ်. သခင်လေးအနေနဲ့ ဖေဟောင် ရဲ့ အကြံပြုချက်ကို သေသေချာချာ ပြန်စဉ်းစားဖို့ မျှော်လင့်ပါတယ်” ဟု ရှုထျန်လင်းက စူးရှသော မျက်လုံးများဖြင့် ယဉ်ယဉ်ကျေးကျေး ခြိမ်းခြောက်ခဲ့သည်။

ရှုထျန်းလင်၏ စူးရှသောအကြည့်ကို ရင်ဆိုင်ရင်း လီလော့က စကားလုံးတစ်လုံးစီကို အားလုံးကြားစေရန် ဖြည်းညှင်းစွာ အသံထွက်ရင်း ပြောင်ပြောင်တင်းတင်း ပြုံးလိုက်သည်။

"ခင်ဗျားတို့လို နားပင်းကိုးကန်းတွေကိုနောက်တစ်ကြိမ်ထပ်ပြောလိုက်မယ်....လုပ်ချင်သလိုလုပ်ကြ.....လော့လန်အိမ်တော်ပျက်စီးသွားလည်း ကျူပ်အတွက်ကိစ္စမရှိဘူး...."

ရှုထျန်လင်းသည် နှလုံးသားထဲတွင် ဆူပွက်နေသော ဒေါသကို ထိန်းချုပ်ရန် ကြိုးပမ်းရင်း....

“သခင်လေးက အိမ်တော်ရဲ့အနာဂတ်လုံးဝမစိုးရိမ်ဘူးလား....တကယ့်ကို မိဘကျေးဇူးမသိတတ်တဲ့ အမှိုက်လိုသားမျိုးပဲ....အဓိကနဲ့သာမညကိုမခွဲခြားတတ်မှာတော့......"

ရှုထျန်းလင်က ရှေ့သို့ ခြေတစ်လှမ်းတိုးရင်း အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သဲ ခွန်အားသည် လမ်းကြောင်းအရပ်ရပ်မှ အပြင်ဘက်သို့ တိုက်ရိုက်လွှမ်းမိုးသွားပြီး လီလော့ဆီသို့ တိုးဝင်လာသည်။

ရှုထျန်လင်း၏ ရေခဲစွမ်းအားများသည် ဒီရေကဲ့သို့ လွှမ်းသွားကာ နွေဉီးရေကန်စံအိမ်တစ်ခုလုံးကို ဆောင်းရာသီ အံ့သြဖွယ်နယ်မြေအဖြစ် ပြောင်းလဲသွားခဲ့သည်။

"ဒီလိုဆိုရင် အိမ်အတော်သခင်နှစ်ပါး ကိုယ်စားကျူပ်ကပဲ သခင်လေးကို သင်ပြပေးရမှာပေါ့...."

ရှုထျန်းလင်၏ လက်ငါးချောင်းသည် ခြေသည်းများထဲသို့ ကွေးသွားကာ ၎င်း၏ ပဲ့တင်ထပ်သံစွမ်းအားများက ပတ်ပတ်လည်တွင် ရေခဲလွှာများအဖြစ် ချွန်ထက်အေးခဲနေသော ကျောက်စိမ်းလက်တံများ ဖြစ်ပေါ်လာသည်။

ယွမ်ချင်းကလည်း လက်တုံ့ပြန်ရန် စီစဉ်ခဲ့သော်လည်း လီလော့က သူ့ကို နောက်ဆုတ်ခိုင်းခဲ့သည်။

လီလော့သည် အပြုံးမမည်သောအပြုံးမျိုးကိုပြုံးကာ....

"အဆင့်မြင့်ကောင်းကင်ပဲ့တင်ထပ်သံ အဆင့်က ဒီလောက်လေးပဲလား......"

ရှုထျန်းလင်သည် ထိုရှုတ်ချသောစကားများကိုကြားသောအခါ သူ့အမူအရာက ချက်ချင်းပြောင်းသွားသည်။ ထိုအချိန်တွင်၊နွေဉီးရေကန်စံအိမ်၏ခေါင်မိုးသည် လေဟာနယ်ကိုဖြတ်သန်းလာပုံရသည့် အလင်းတန်းတစ်ခုကြောင့် ပွင့်ထွက်သွားခဲ့သည်။

တကယ်တော့၊ အလင်းတန်းဖြတ်သန်းသွားသောနေရာသည် သူ့အလိုလို အမြန်ပြုပြင်နိုင်ခြင်း မရှိသောကြောင့် အနက်ရောင်အစအနများ ချန်ထားခဲ့ပုံရသည်။

ဤအလင်းတန်း၏မျက်မှောက်တွင် သဘာဝစွမ်းအင်များပင် ပျောက်ကွယ်သွားပုံရသည်။

"မြို့စားအဆင့် ကျွမ်းကျင်သူလား?!"

အလင်းတန်းမှ ကြီးမားသော ဖိနှိပ်မှုကို ခံစားလိုက်ရသော ရှုထျန်းလင်သည် စကားလုံးများပင် ပျောက်ဆုံးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အလင်းတန်းအတွင်း၌ တောက်ပြောင်နေသော ဝက်ခုတ်ဓားတစ်လက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

လက်နက်က ရယ်စရာဖြစ်လုနီးပါးဖြစ်နေသော်လည်း ၎င်းသည် အေးစက်နေပြီဖြစ်သော ခန္ဓာကိုယ်ကို အေးခဲသွားစေသည့် အသိပေးချက်များကို လှုပ်နိုးနိုင်စွမ်းရှိသည်။

"ဘာလို့ မြို့စား ကျွမ်းကျင်သူတစ်ယောက်ရှိနေရတာလဲ....."

စဉ်းစားနေဖို့အချိန်မရှိပေ။ ဝက်ခုတ်ဓားကြီးက သူ့ဆီသို့ တိုက်ရိုက် ပျံသန်းလာပြီး သေမင်းကိုယ်တိုင်က သူ့အတွက် ဆင်းသက်လာသလို ခံစားရစေသည့် နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသည်။ ရှုထျန်းလင် မာန်သွင်းလိုက်ပြီး အေးခဲနေသော ခြေသည်းအောက်မှ သွေးနီရောင် လက်သီးချက် ထွက်လာသည်။ လက်သီးဆုပ်ထိပ်တွင် ရွှေမျက်လုံးတစ်ခုရှိပြီး ၎င်းသည် ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်းဖြစ်ကြောင်း ညွှန်ပြနေသည်။

လက်ထဲတွင် ရွှေမျက်လုံးအဆင့် အဖိုးတန် ပစ္စည်းတစ်ခုကို ကိုင်ထားပြီး ရှုထျန်းလင် သည် ထိုကြောက်မက်ဖွယ်ကောင်းသော ဝက်ခုတ်ဓားနှင့် ထိပ်တိုက်တွေ့ရန် ပြင်ဆင်နေသည်။

ဖူးးးးး

လက်နက်နှစ်ခု ထိပ်တိုက်တွေ့ကြသောအခါတွင် မြေကြီးတုန်ခါမှုမှာ အံ့သြဖွယ်ကောင်းလှသည်။ တောက်ပြောင်နေသော ဝက်ခုတ်ဓားသည် ရှုထျန်လင်း၏ ရွှေမျက်လုံးအဆင့် ရတနာကိုတို့ဖူးကဲ့သို့ အသာအယာပိုင်းဖြတ်သွားပြီး လက်ဖဝါးကိုပါလှီးဖြတ်နိုင်ခဲ့သည်။

ရှုထျန်လင်း၏လက်ဖဝါးမှသွေးများ အဆက်မပြတ် စီးကျလာသည်။

ရှုထျန်းလင်သည် မရေမတွက်နိုင်သော စားပွဲများနှင့် ကုလားထိုင်များကို တွန်းတိုက်ကာတလစပ်နောက်ဆုတ်လိုက်ရပြီး ဖြူဖျော့နေသော သူ့မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အကြည့်များဖြင့် ပြည့်နေသည်။

သူ့လက်ဖဝါးကို ဓားနဲ့ခွဲလိုက်ပြီးနောက် အေးစက်တဲ့ရယ်မောသံက စံအိမ်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

"ဘယ်ခွေးလေခွေးလွင့်ကများ ငါတို့သခင်လေးကို ဆုံးမချင်နေတာလဲ......"

All Chapters