← Chapters

ဟန့်တားခြင်း....

Vol. 45 Ch. 622

ဟန့်တားခြင်း....

Vol. 45 Ch. 622

သတ်ဖြတ်လိုစိတ်များ လှိုင်းထလာသောအခါ အပေါ်ထပ်တစ်ခုလုံး သုသာန်တစပြင်လို တိတ်ဆိတ်သွားခဲ့သည်။ လီလော့နှင့်ကျန်းချင်းအာမှလွဲ၍ ကျန်သည့်သူများအားလုံးသည် ထိုဓား၏ တည်ရှိမှုကြောင့် ဆုတ်ဖြဲခံထားရသော နေရာကိုကြည့်ကာ ထိတ်လန့်တကြား တုန်လှုပ်နေကြသည်။ တစ်ချက်တည်းသောထိုးနှက်ချက်က အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်မှ ရှုထျန်လင်းကို လက်တွေ့ကျကျ ထိခိုက်နာကျင်စေခဲ့သည်။

မြို့စားအဆင့်တစ်ယောက်က အခုလို ဝင်ရောက်စွက်ဖက်ရန် ရွေးချယ်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

ထို့အပြင် ဤမြို့စားသည် လီလော့ဘက်တော်သားဖြစ်နေသည်။

လော့လန်အိမ်တော်က မြို့စားအဆင့်တစ်ယောက်ကို ဘယ်တုန်းကများစောင့်ရှောက်သူအဖြစ်ခန့်အပ်လိုက်တာလဲ.....

ယွမ်ချင်း၊လုချင်း၊လုကွမ်းနှင့်အကြီးအကဲ များအားလုံးလည်း တုန်လှုပ်သွားကြသည်။ လော့လန်အိမ်တော်၌ အခြားသော မြို့စားအဆင့်များရှိနေကြောင်းကို ၎င်းတို့ လုံးဝ မသိခဲ့ကြပေ။

လူတိုင်းရဲ့စိတ်ထဲတွင်.....

ဒီမြို့စားအဆင့်က အိမ်တော်ကို မျက်စိကျနေတဲ့ ကြွက်တွေ၊ဝံပုလွေတွေအားလုံးကို ခြောက်လန့်ဖို့ ဘာလို့ထွက်မလာခဲ့တာလဲ.... အကယ်၍ အရင်တုန်းကတည်းက ကမောက်ကမေအခြေနေတွေကို ဒီမြို့စားအဆင့်သာ.ဖြေရှင်းပေးခဲ့မယ်ဆို အခုလိုတွေတောင်ဖြစ်လာစရာမလိုဘူး......

ဒီအခြေနေကို ဘယ်သူမှ နားမလည်နိုင်ကြတော့ပေ။

သို့သော် ယွမ်ချင်းကတော့ အလွန်ပင် ကြည်နူးနေလေ၏။ ဤမြို့စားအဆင့် အဘယ်ကြောင့် ပေါ်ထွက်လာသည်ကို သူနားမလည်နိုင်သော်လည်း သူသည် သခင်လေးကို ကာကွယ်နေသောကြောင့် မဟာမိတ်ဖြစ်သည်ဟုယူဆနိုင်သည်။

ဖေဟောင်၊မိုချန်းနှင့်အခြားသောအကြီးအကဲများကတော့ ထိတ်လန့်စွာဖြင့်ခြေလှမ်းများစွာနောက်ဆုတ်လိုက်ကြသည်။

မြို့စားအဆင့်ပညာရှင်တစ်ယောက်၏အတွေးသက်သက်ဖြင့် ၎င်းတို့ကို အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်မဟုတ်လော.....

လခွမ်းလိုပဲ....အဆင်ပြေနေပြီထင်ကာမှ ဘယ်ကနေမြို့စားအဆင့်တစ်ယောက်ပေါ်လာတာလဲ.......အခုတော့ ငါတို့တွေအားလုံး ခွေးလေခွေးလွင့်တွေဖြစ်ကုန်ပြီ.....

ရှုထျန်လင်း လက်ဖဝါးမှအဏ်ရာကို သွေးတိတ်အောင် ရေခဲစွမ်းအားဖြင့်ကုသနေသော်လည်း တဖက်လူ၏ပြင်းထန်သောစွမ်းအားများကြောင့် ကုသလို့မဘဲ နာကျင်မှုကိုသာကြိတ်မှိတ်သည်းခံနေရသည်။

၎င်းသည် မြို့စားအဆင့်၏ ပဲ့တင်ထပ်သံ စွမ်းအားနှစ်ခုဖြစ်ကြောင်း သူနားလည်ခဲ့သည်။ သူသည် အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ ဝင်ရောက်ခဲ့သော်လည်း သူနှင့် မြို့စားအဆင့်ကြားရှိ ကွာခြားချက်က ကောင်းကင်နှင့်မြေကြီးကြား ပိုင်းခြားမှုကဲ့သို့ ကျယ်ပြန့်သည်။

ရှုထျန်လင်းက ခေါင်းကိုမော့ပြီး လီလော့ ရှေ့မှာ မျောနေတဲ့ ဝက်ခုတ်ဓားကို စိုက်ကြည့်ရင်း..... "ဒါဆို လော့လန်အိမ်တော်မှာ မြို့စားအဆင့်တစ်ယောက်ရှိနေပြီ" ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကျန်တဲ့ အကြီးအကဲတွေက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ မသိကြပေမယ့် ရှုထျန်လင်းကတော့ အရင်ကတည်းက လျှို့ဝှက်ထားတဲ့ မြို့စားအဆင့်အကြောင်း ကြားခဲ့ဖူးသည်။ သို့သော်ငြားလည်း အိမ်တော်သခင်နှစ်ယောက်ကလွဲလို့ တခြားဘယ်သူမှ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့မြို့စားအဆင့်ကျွမ်းကျင်သူကို မတွေ့ဖူးကြပေ။

ကံမကောင်းစွာပဲ၊ သူသည် ယနေ့ အမှန်တရားကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရသည်။

လီလော့သည် လေထဲတွင် လွင့်မြောနေသော

ဝက်ခုတ်ဓားကို ကြည့်ကာ လှမ်းကိုင်လိုက်သည်။ ဓားသည် သူ့လက်ထဲသို့ အလိုက်တသိ ကျဆင်းလာသည်။

" ကျုပ်ကို ကျုပ်မိဘတွေအစားဆုံးမဖို့ ခင်ဗျားကိုယ်ခင်ဗျား အရည်အချင်းသိပ်ရှိနေတယ်လို့ထင်နေလား......"

ရှုထျန်လင်း၏ အမူအရာ ပျက်ယွင်းသွားသည်။

" လော့လန်အိမ်တော်ရဲ့ ဌာနချုပ်ကနေ မထွက်ခွာနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မြို့စားအဆင့်အကြောင်း ကြားဖူးပါတယ်... လက်နက်ပဲ ရှိတဲ့အတွက် ကန့်သတ်ချက်က အစစ်အမှန်ဆိုတာ ရှင်းနေပြီပဲ....."

"ဒါဆိုရင် ခင်ဗျားဘာလို့ထပ်ပြီးမကြိုးစားကြည့်တာလဲ..."

ဝက်ခုတ်ဓားကိုဝှေ့ယမ်းလိုက်သည့်အခါ

အနီရောင်၊အနက်ရောင် သဲလွန်စများ ထွက်ပေါ်လာပြီး အနီးရှိ မည်သူမဆို နှလုံးသားကိုတုန်လှုပ်စေမည့် ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်လာသည်။ ဤလက်နက်သည် သွေးပင်လယ်များကြားတွင် ဖိုသွင်းထုဆစ်ထားသည့်နှယ် ကြီးမားလေးနက်သော ဖိနှိပ်မှုအော်ရာကို ထုတ်လွှတ်နိုင်ပေသည်။

ဝက်ခုတ်ဓားကို အရုပ်တစ်ခုလို သူ့ရှေ့တွင် ဝှေ့ယမ်းနေသည်ကို မြင်လိုက်ရသဖြင့် ရှုထျန်လင်း အလိုလို တုန်လှုပ်နေမိသည်။

"သခင်လေးက အိမ်တော်စုဝေးပွဲမှာ သွေးချောင်းစီးစေချင်နေတာလား...."

ရှုထျန်လင်းက အေးစက်စွာ အော်ဟစ်လိုက်သည်။

"ခင်ဗျားတို့ဘက်က အရင်ရန်စပြီးမှ ကျူပ်တို့ကို အပြစ်ပုံချဖို့ မကြိုးစားနဲ့..."

လီလော့က ခေါင်းခါလိုက်သည်။

"ခင်ဗျားတို့ ဘာတွေပဲကြံစည်ထားပါစေ အိမ်တော်စုဝေးပွဲကို မဖြစ် ဖြစ်အောင်ကျင်းပမယ်....လော့လန်အိမ်တော်ပျက်စီးသွားလဲ ကျူပ်အတွက်မမှုဘူး.....ကျူပ်မပိုင်ဆိုင်ရရင်တောင် ခင်ဗျားတို့လို အမှိုက်တွေကောင်းစားဖို့ ချန်ထားမပေးဘဲ ကျူပ်ကိုယ်တိုင်ဖျက်စီးပစ်လိုက်မယ်....."

ထိုသို့ ကြေငြာပြီးသည်နှင့် လီလော့နှင့်ကျန်းချင်းအာတို့သည် ယွမ်ချင်းနှင့် ကျန်သော သက်တော်စောင့်များနှင့်အတူ လှည့်ထွက်လာခဲ့သည်။

လုချင်းနှင့်လုကွမ်းတို့သည် သဘောတူညီချက်တစ်ခုရသည့်အနေဖြင့် တစ်ယောက်ကိုတစ်ယောက် အသံတိတ်အချက်ပြနေကြသည်။ ဇဝေဇဝါဖြစ်ချင်စိတ်မရှိတော့ဘဲ ထွက်ခွာရန်ရွေးချယ်ခဲ့သော လီလော့တို့နောက်သို့ ပြေးလိုက်သွားခဲ့ကြသည်။ ယနေ့

ပြသခဲ့သော ခွန်အားသည် ၎င်းတို့၏တွေဝေမှုများကို လုံး၀တုန်လှုပ်စေခဲ့သည်။

ဒီလိုခွန်အားမျိုးကိုမြင်နေမှတော့ ဖေဟောင် နောက်ကိုလိုက်ဖို့ ဘယ်လို သတ္တိရှိနိုင်မှာလဲ..... တနေ့နေ့ တချိန်ချိန် သခင်လေးသာမြို့စားအဆင့်ထိတက်လှမ်းနိုင်ခဲ့ရင် သူတို့တွေလည်းကောင်းကောင်းရှင်သန်နိုင်ကြလိမ့်မယ်......

ဖေဟောင်သည် လီလော့နောက်သို့ပြေးလိုက်သွားသော နှစ်ယောက်ကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း ဒေါသတွေတဟုန်ထိုးလှိုက်တက်လာသလို ခံစားလိုက်ရသည်။ ဒီနေ့ သူ့ရဲ့အစီအစဉ်တွေ လုံး၀ပျက်စီးခဲ့ရပြန်ပြီ.....

လီလော့နှင့်ကျန်းချင်းအာတို့ကို သင်ခန်းစာကောင်းတစ်ခုသင်ပေးရန် ရှုထျန်လင်း၏ စွမ်းအားကိုချေးယူရန် မျှော်လင့်ခဲ့သော်လည်း မှန်းချက်နှင့်နှမ်းထွက်မကိုက်ညီခဲ့ပေ။ တစ်ချိန်တည်းမှာပင်၊ ကြားနေ အကြီးအကဲ နှစ်ယောက်ကလည်း ပေါ်ပေါ်တင်တင် လီလော့ဘက်ပါသွားခဲ့ပြီ။ ပို၍ကံဆိုးသည်က အိမ်တော်အတွင်းရှိ မြို့စားအဆင့်သည် သူ၏ဓားကိုပြသရန်ရွေးချယ်ခဲ့ပြီး အရာအားလုံးကို ဝရုန်းသုန်းကားဖြစ်စေခဲ့သည်။

လီလော့တို့ကို ခြောက်လှန့်ချင်ခဲ့သော်လည်း တကယ်တမ်းကြောက်လန့်ခဲ့သူကတော့ သူကိုယ်တိုင်ပင်.....

ဖေဟောင်သည် ထိတ်လန့်တုန်လှုပ်နေသော အကြီးအကဲသုံးဉီးကို တစ်ချက်ကြည့်လိုက်ပြီး.....

"စိတ်ပူစရာ မလိုပါဘူး....လော့လန်အိမ်တော် ရဲ့ မြို့စားအဆင့်က ဌာနချုပ်ကနေ မထွက်ခွာနိုင်တော့တဲ့အတွက် အခြေအနေက ထင်သလောက်မရိုးရှင်းနိုင်ဘူး.... နောက်ပြီး အိမ်တော်စုဝေးပွဲ အတွင်းမှတစ်ယောက်ယောက်က သူ့ကိုရင်ဆိုင်လိမ့်မယ်....."

"ဒါက ကျုပ်ထင်ထားတာထက် ကျော်လွန်နေတာကိုတော့ ဝန်ခံပါတယ်.... လီလော့တို့ဘက်က မြို့စားအဆင့်က ဌာနချုပ်ကနေ ထွက်သွားလို့မရတဲ့အတွက် သူတို့ ဘာမှလုပ်လို့မရတော့ဘူးလို့ ထင်ခဲ့မိတယ်.... မြို့စားအဆင့်ရဲ့နည်းလမ်းတွေကို လျှော့တွက်လိုက်မိတယ်..."

ဟု ရှုထျန်လင်း က စိတ်ပျက်စွာ ရှင်းပြခဲ့သည်။

" အိမ်တော်အပြင်ဘက်မှာ သူ့ခွန်အားကိုထင်သလောက်ထုတ်မသုံးနိုင်တဲ့ပုံပဲ...မဟုတ်ရင် ကျူပ် လက်မောင်းတစ်ဖက်လုံးဆုံးရှုံးလိုက်ရလိမ့်မယ်...."

ထိုတိုက်ခိုက်မှုတစ်ခုတည်းက ကြောက်ရွံ့စရာကောင်းသည်မှာမှန်သော်လည်း မြို့စားအဆင့်ကသာ အမှန်တကယ်တိုက်ခိုက်ချင်ခဲ့လျှင် သတိမထားမိလိုက်ချိန်မှာတင် ဘဝပြောင်းနေလောက်ပြီ။

ဖေဟောင်က ခေါင်းညိတ်ပြပြီး လီလော့တို့ဆင်းသွားတဲ့ လှေကားကို စူးစူးစိုက်စိုက် စိုက်ကြည့်နေခဲ့သည်။ ဒီပွဲမှာ အထိနာခဲ့ပေမယ့်လည်း လော့လန်အိမ်တော်တွင်မြို့စားအဆင့်ကျွမ်းကျင်သူတစ်ယောက်နေထိုင်သည်ဟူသောအချက်ကိုသိရှိခဲ့ရသည်။ အခုသူတို့ ပိုအသေးစိတ်ကျအောင် စီစဉ်နိုင်ပြီ.....

"လီလော့... မင်း လော့လန်အိမ်တော်ကို ဂရုမစိုက်ဘူးလို့ကြွားလုံးထုတ်ခဲ့တယ်ဆိုပေမယ့်..... မင်းလက်ထဲမှာ တကယ် ပြိုကွဲသွားတဲ့အခါ မဘယ်လို တုံ့ပြန်မလဲဆိုတာ ငါ ကိုယ်တိုင် မြင်ချင်မိတယ် ?"

"သခင်လေး... မြို့စားအဆင့်ပညာရှင်က ဘာလို့ ဖေဟောင်နဲ့ ရှုထျန်လင်းကို တစ်ချက်တည်း မဖယ်ရှားခဲ့တာလဲ....ဒါဆိုပြဿနာအများစုကို ချက်ချင်းဖြေရှင်းနိုင်လိမ့်မယ်..."

ယွမ်ချင်းက စူးစမ်းချင်စိတ်ဖြင့်မေးမြန်းလိုက်တော့ လီလော့ခါးက ဝက်ခုတ်ဓားကို တစ်ချက်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့သက်ပြင်းချလိုက်မိသည်။ ဦးလေးပေါင် သည် ဌာနချုပ်အနီးအနားမှ ထွက်ခွာသွားသည့်အခိုက်တွင် စွမ်းရည်များ ကြီးမားစွာ လျော့ပါးသွားစေရန် ကြီးမားသော ကန့်သတ်ချုပ်ချယ်မှုဒဏ်ကို ခံစားခဲ့ရသည်။ ဝက်ခုတ်ဓား ဤနေရာသို့ ရောက်ရှိလာနိုင်သည်မှာ လှည့်ကွက်တစ်ခုသာ ဖြစ်ခဲ့သည်။

ဖေဟောင်နဲ့ရှုထျန်လင်းကို သတ်ပစ်ချင်ပေမယ့် ထင်ထားသလိုမဖြစ်နိုင်ခဲ့ပေ။

လီလော့နှင့်ကျန်းချင်းအာတို့သည် ဖေဟောင် ထံတွင် လှည့်ကွက်အချို့ရှိမည်ကို သိထားပြီးဖြစ်သောကြောင့် နွားသိုးကြီးပေါင်ပေါင် နှင့် ကြိုတင်စီစဉ်ထားခဲ့ကြသည်။ သူ၏တိုက်ခိုက်မှုသည် နွေဉီးရေကန်စံအိမ် အနီးတစ်ဝိုက်တွင် ကျရောက်နိုင်ကြောင်း အတည်ပြုပြီးနောက်တွင် လီလော့တို့ ရဲဝံ့စွာ ရှေ့သို့ တိုးလာခဲ့သည်။ ထက်မြက်သောလူသည် မရေရာသော ပြိုကျနေသော နံရံဘေးတွင် ရပ်နေမည်မဟုတ်ပေ။

ဘယ်သူကမှ မသေချာမရေရာသူအတွက် အသက်ပေးပြီးပံပိုးကြမည်မဟုတ်ပေ။သူတို့ရဲ့ဘဝတွေက ကျေးဇူးကန်းသူ ဖေဟောင် ထက် အများကြီး ပိုတန်ဖိုးရှိသည်မဟုတ်ပေလော.....

"အလျင်စလိုမလုပ်နဲ့၊ အိမ်တော်စုဝေးပွဲ အတွင်းမှာ ဒါတွေအားလုံးကို ဖြေရှင်းလိုက်မယ်"

လီလော့က ကျန်းချင်းအာကို ခဏစိုက်ကြည့်ရင်း ခမ်းနားစွာ ကြွေးကြော်လိုက်သည်။

သူတို့အားလုံးအပေါ်သို့ မုန်တိုင်းမကျရောက်မီ တစ်လတာအချိန်ကျန်ရှိသေးသည်။

All Chapters