← Chapters

စံချိန်များကိုချိုးဖျက်ခြင်း.....

Vol. 45 Ch. 624

စံချိန်များကိုချိုးဖျက်ခြင်း.....

Vol. 45 Ch. 624

သူတို့နှစ်ယောက် ကောလိပ်သို့ရောက်လာသောအခါ လီလော့သည် မရေမတွက်နိုင်သော အကြည့်များ သူတို့အပေါ်သို့ ကျရောက်ခံစားလိုက်ရသည်။ ပိုတိတိကျကျပြောရရင်တော့ ကျန်းချင်းအာပေါ်သို့ပင်.....

ထိုအကြည့်များထဲတွင် မျှော်လင့်ခြင်းနှင့် ထိတ်လန့်ခြင်းအရိပ်အမြွက်ကို မြင်နိုင်သည်။

ဓူဝံအဖွဲ့ကို စိန်ခေါ်နေသည့် ကျန်းချင်းအာ၏ သတင်းသည် ကောလိပ်တစ်ခုလုံးတွင် သိသိသာသာ ပျံ့နှံ့နေပြီဖြစ်သည်။

ရှန့်ပိန်းတွေ့ဆုံပွဲ ပြီးဆုံးချိန်တွင် သူမသည် ဤစံချိန်ကိုချိုးဖျက်ရန် ရည်ရွယ်ထားကြောင်း ကောလိပ်သို့ တောင်းဆိုခဲ့သည်။ ထုံးစံအတိုင်း ကောလိပ်သည် ဖြစ်နိုင်ချေရှိသော ဒဏ္ဍာရီတစ်ခုကို ရေးထိုးနိုင်မည့်သတင်းကို တက်ကြွစွာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းကြောင့် ယခုလိုသတင်း ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ကောလိပ်အတွင်း အတော်လေးဂယက်ရိုက်ခတ်သွားခဲ့သည်။

မရေမတွက်နိုင်သော ကျောင်းသားများသည် ဤဆုံးဖြတ်ချက်အတွက် အံ့အားသင့်ခဲ့ကြသည်။ ဓူဝံအဖွဲ့သည် ကောလိပ်အတွင်း မည်သူမဆို ရရှိနိုင်သည့် အမြင့်ဆုံး ဂုဏ်ထူးဆောင်ပုံစံဖြစ်ပြီး အခြားသော ရှုထောင့်မှကြည့်လျှင် ၎င်းသည် ကြယ်သုံးပွင့်ခန်းမတွင် အသန်မာဆုံး ကျောင်းသားဘွဲ့ကို ကျန်းချင်းအာကို နှစ်ဆကျော်ကြားစေမည့် ဂုဏ်ပုဒ်ဖြစ်သည်။

နောက်ဆုံးတွင်၊ သူမသည် ရှန့်ပိန်းတွေ့ဆုံပွဲ တွင် ရွယ်တူများနှင့် ယှဉ်ပြိုင်ခြင်းမျှသာဖြစ်သည်။ ယခုတွင်မူ စီနီယာများကိုစိန်ခေါ်ရမည့် ယှဉ်ပြိုင်မှုဖြစ်သည်။

ဓူဝံအဖွဲ့တွင် ကြယ်လေးပွင့်ခန်းမ၏ အကောင်းဆုံး ကျောင်းသားများသာမက စီနီယာကျသော ကျောင်းသားများလည်း ပါဝင်နေသည်။

လက်ရှိဓူဝံအဖွဲ့တွင်၊ ကုန်းရှန်ကျွင်းနှင့်ကုန်းလွမ်ယုတို့သည် ၎င်းတို့၏ တောက်ပမှုနှင့် ပြင်းထန်သောစွမ်းအားများကြောင့် လူသိများသည်။

ထို့ကြောင့် သာမာန်ကျောင်းသားအတွက် ကျန်းချင်းအာအနေဖြင့် ဓူဝံအဖွဲ့မှ တစ်စုံတစ်ဦးကို ဖြုတ်ချရန် ကြိုးပမ်းခြင်းမှာ လုံးဝကို အံ့သြစရာဖြစ်သည်။ အောင်မြင်မှုသည် သမိုင်းကို ပြန်လည်ရေးသားခြင်းဆီသို့ ဦးတည်သွားမည်ဖြစ်သည်။ အရင်က ဒီအောင်မြင်မှုကို ဘယ်သူမှ မရရှိနိုင်သေးပေ။ ဤစိန်ခေါ်မှု၏ ထိတ်လန့်မှုနှင့် သက်ရောက်မှုက ထင်မှတ်ထားသည်ထက်ပင် အရေးကြီးသည်။ ထို့ကြောင့် အားလုံးက သူမကို ယခုအချိန်တွင် အာရုံစိုက်လာခဲ့သည်။

"ဒဏ္ဍာရီအသစ်တစ်ခု မွေးဖွားတော့မယ်...."

လီလော့သည် စူးစမ်းလိုသူ၏ အကြည့်များနှင့် ရင်ဆိုင်ရစဉ် နောက်ပြောင်ပြောဆိုခဲ့သည်။

အခြားတစ်ဖက်တွင် ကျန်းချင်းအာသည် ထုံးစံအတိုင်းအေးစက်စွာဖြင့်....

"တကယ်တော့ ခေါင်းစဉ်တွေဂုဏ်ပုဒ်တွေဆိုတာငါ့အတွက်အရေးမပါဘူး....တကယ်တမ်းအရေးကြီးတာက ငါ့ရဲ့မွေးရာပါစွမ်းရည်တွေကို နှိုးဆွနိူင်ဖို့ပဲ......"

"မွေးရာပါစွမ်းအင်?"

လီလော့၏ အမူအရာ ပြောင်းလဲသွားသည်။

"အင်အားကြီးတဲ့ ရန်သူကို အနိုင်ယူမှသာလျှင် တွန်းလှန်နိုင်တဲ့ အရေးကြီးတဲ့ စွမ်းအင်တွေကို မွေးထုတ်ပေးနိုင်မှာလေ....."

ကျန်းချင်းအာက အေးအေးဆေးဆေး ရှင်းပြပြီး သူမ၏ စကားလုံးများတွင် အာဏာရှင်ဆန်သည့် အရိပ်အမြွက်ကို ခံစားခဲ့ရသည်။

" မွေးရာပါစွမ်းရည်တွေ နိုးထလာအောင်လုပ်နိုင်ရင်ဘာတွေအကျိုးထူးနိုင်လဲ....."

ကျန်းချင်းအာက သူ့ဆီသို့ အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက်ကို ပစ်လွှတ်လိုက်ပြီး....

"အချိန်တန်ရင် သိလာမှာပါ......"

"ဟေ့...အဲ့လိုကြီးမလုပ်နဲ့လေ..."

လီလော့ မကျေမနပ် အော်ဟစ်လိုက်သည်။ သို့သော်လည်း ဤတိုက်ပွဲသည် အိမ်တော်စုဝေးပွဲအတွက် လိုအပ်သော ပြင်ဆင်မှုတစ်ခုဖြစ်သည်။

"အခုလောလောဆယ် အဆောင်ကိုခဏပြန်လိုက်ဉီးမယ်....ပြီးရင် နင့်ကိုလာအားပေးမယ်....."

လီလော့သည် နည်းပြချီချန်းကို ရှာဖွေနေစဉ် ကျန်းချင်းအာအား လက်ပြနှုတ်ဆက်ခဲ့သည်။ နည်းပြချီချန်းနှင့်အတူ သိုင်းစာကြည့်တိုက်တွင် မြို့စားအဆင့်ပညာရပ်များသွားရောက်ရှာဖွေရပေဉီးမည်။

ကျန်းချင်းအာနှင့် လမ်းခွဲပြီးနောက် စိတ်လှုပ်ရှားစွာနဲ့ သူ့အိပ်ဆောင်ကို ပြေးသွားခဲ့လေသည်။

တံခါးကို တွန်းဖွင့်လိုက်စဉ်တွင် မောပန်းနွမ်းနယ်နေသော ပိုင်မျန်မျန်နှင့်ရှင်းဖူ တို့သည် မြေအောက်ခန်းမှ လှေကားထစ်များပေါ်သို့ လေးတိလေးကန်တက်လာနေကြပြီး သူတို့နောက်တွင် နည်းပြချီချန်းက ခပ်အေးအေးလိုက်ပါလာသည်။

သူတို့နှစ်ယောက်ကို ကောင်းကောင်းလေ့ကျင့်ဖို့ အချိန်ယူခဲ့မှန်း သိသာလွန်းလှသည်။

"ခေါင်းဆောင်!"

ပိုင်မျန်မျန်သည် လီလော့ကိုမြင်သည်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားကာ ပျော်ရွှင်စွာ အော်ခေါ်လိုက်သည်။

"မင်းတို့ပင်ပန်းနေကြပြီလား......."

လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက ပြင်းထန်စွာလေ့ကျင့်ခဲ့ရသော ရှင်းဖူသည် လီလော့အား မနာလိုစွာစိုက်ကြည့်ပြီး.....

"ခေါင်းဆောင်..... မင်း ရှန့်ပိန်းတွေ့ဆုံပွဲမှာ အသန်မာဆုံး ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားဘွဲ့ကို ရယူနိုင်ခဲ့တာ ငါသိပါတယ်.... အခုလို တလုံး အတန်းပျက်နေလို့မဖြစ်ဘူးလေ!ကြယ်နှစ်ပွင့်ခန်းမရဲ့ ဇူရွှမ်းတောင် စစ်သူကြီး

တစ်ပိုင်းအဆင့်ကို တက်လှမ်းနေပြီဆိုတာ မင်းမသိဘူးလား.... အခုဆို ခရမ်းအဆင့်နည်းပြတွေက သူတို့တပည့်တွေကိုပြင်းပြင်းထန်ထန်လေ့ကျင့်ပေးနေကြပြီ. ...မင်း ဒီအတိုင်း နေနေရင် နောက်ကောက်ကျန်ခဲ့လိမ့်မယ်......"

"ဆရာချီချန်း..... လီလော့ကို ဒီအတိုင်းထားလို့မဖြစ်တော့ဘူး.....ဆရာ သူ့ကိုသေချာကြပ်မတ်မှဖြစ်မယ်...."

ရှင်းဖူက အလွန်ရိုးသားစွာဖြင့် အကြံပေးနေသည်။

နည်းပြချီချန်းသာ လီလော့ကို တိုက်ရိုက် ကြီးကြပ်နေသရွေ့တော့ သူတို့တွေ သက်တောင့်သက်တာနေနိုင်မည်ဟု ရှင်းဖူတွေးထားခဲ့သည်။

ခေါင်းဆောင်ရေ... ဒီညီအစ်ကို ရိုးသားတာကို အပြစ်မတင်ပါနဲ့။ အရာရာတိုင်းက မင်း ဒီ့ထက်ပိုပြီး တိုးတက်လာဖို့ပါပဲ......

ရှင်းဖူ၏ စိတ်အားထက်သန်မှုနှင့် အပြစ်ကင်းသောမျက်နှာအောက်တွင် ရှုပ်ထွေးသော အတွေးများ ပြည့်နှက်နေသည့် နှလုံးသားတစ်ခု ရှိနေသည်မှာ အမှန်ပင်။

ရှင်းဖူ ၏ အံ့သြဖွယ်ကောင်းသော ရည်ရွယ်ချက်များနှင့် ရင်ဆိုင်ရသည့်အခါ လီလော့က အနည်းငယ် ပြုံးလိုက်ပြီး....

"ငါ ကျောင်းပျက်ခဲ့ပေမယ့် ကျင့်ကြံမှုအဆင့်တွေတိုးတက်လာပါတယ်ကွ..... ချစ်လှစွာသော ညီအစ်ကို ရှင်းဖူရေ...နောက်ဆိုငါတို့ကြားက ကွာဟမှုက ပိုကြီးတဲ့ တွင်းနက်ကြီးတစ်ခု ဖြစ်လာဖို့ပဲ ရှိတော့တယ်.... ငါတို့အဖွဲ့ထဲမှာ၊ မျန်မျန်က ထောက်ပံ့ရေးတာဝန်ယူထားရလို့ တိုက်ရိုက်တိုက်ခိုက်ရာမှာ သိပ်မကျွမ်းကျင်ဘူး...ဒါကြောင့် ငါတို့နှစ်ယောက်က သူ့ကို ကောင်းကောင်းကာကွယ်နိုင်ဖို့ သေချာကြိုးစားရမယ်.... မင်း တိုးတက်မလာဘူးဆို မျန်မျန် လောက်တောင် အကူအညီဖြစ်မှာမဟုတ်ဘူး......."

"ဟေး၊ ငါအခု ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်ရောက်ရောက်နေပြီ.... ငါတို့တွေ အဆင့်အတူတူပဲလေ....."

" ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်လား....ငါအဲ့အဆင့်ကိုကျော်ဖြတ်ခဲ့တာကြာလှပြီ...."

ဤတုံ့ပြန်မှုသည် ရှင်းဖူကို အနည်းငယ် ထိတ်လန့်သွားစေသည်။

"မင်း... မင်း...စစ်သူကြီးတပိုင်းအဆင့် ရောက်နေပြီလား... "

"စစ်သူကြီးတပိုင်းအဆင့်?..မဟုတ်ဘူး..."

လီလော့ ခေါင်းယမ်းလိုက်သည်။

ရှင်းဖူ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ အဲ့ဒါ ကောင်းတယ်။ သူ့ခေါင်းဆောင်က စစ်သူကြီးတပိုင်းအဆင့်ကို မရောက်သေးဘူး။ မဟုတ်ရင် သူ့ရဲ့အဆင့်တက်နှုန်းက မယုံနိုင်လောက်အောင် မြန်ဆန်တယ်လို့ ဆိုလိုတာပဲ..... ကြယ်နှစ်ပွင့်ခန်းမက ဇူရွှမ်းတောင် စစ်သူကြီးတပိုင်းအဆင့်ကိုတက်လှမ်းဖို့ အရင်းအမြစ်တွေဝယ်နိုင်ကျောင်းတွင်းအမှတ်အများစုကို အသုံးပြုခဲ့ရတယ်.......

ဤအခိုက်အတန့်တွင် ဆရာချီချန်း၏ အကြည့်သည် လီလော့ပေါ်တွင် ခဏတာမျှ ကျဆင်းသွားခဲ့သည်။ ထို့နောက် ထိတ်လန့်စွာဖြင့်

"မင်း.... မင်း မြေနတ်ဆိုးခန္ဓာအဆင့်ကို ရောက်သွားတာလား"

"ဟုတ်ပါတယ်....ဆရာ့ကို စိတ်မပျက်စေဖို့အတွက် ဒီတစ်လလုံး နေ့ရောညပါ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတယ်... နောက်ဆုံးတော့ မှောင်မိုက်ပြီး မုန်တိုင်းထန်တဲ့နေ့တွေကို ဖြတ်ကျော်ပြီး နတ်ဆိုးနန်းတော်အဆင့်ကိုတက်လှမ်းနိုင်ခဲ့တယ်....!"

ထို့နောက်တွင် ဖိနှိပ်ချုပ်ချယ်နိုင်သော ပဲ့တင်ထပ်သံစွမ်းအားများသူ့ထံမှ ထွက်လာတော့သည်။

လီလော့၏ ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားများကို ခံစားလိုက်ရသဖြင့် ပိုင်မျန်မျန်သည် ငေးမောကာ အံ့သြသွားသလို ရှင်းဖူလည်း မှင်သက်နေမိသည်။

လီလော့က နတ်ဆိုးနန်းတော်အဆင့်ကို တကိလှမ်းနိုင်ခဲ့တာလား....

ဒါက မယုံနိုင်လောက်အောင်ပဲ.... ဇူရွှမ်းတောင် စစ်သူကြီးတပိုင်းအဆင့်ပဲရှိသေးတာလေ.... ဒါဆ်ို လီလော့က ကြယ်နှစ်ပွင့်ခန်းမကျောင်းသားထက် ကျော်လွန်နေပြီပေါ့......

ကြယ်နှစ်ပွင့်ခန်းမသည် အညံ့ဆုံးဖျင်းဆုံးဖြစ်ကြောင်း ကောလိပ်မှသိသော်လည်း ၎င်းတို့သည် အထက်တန်းကျောင်းသားများဖြစ်နေဆဲဖြစ်သည်။ လီလော့သည် ရှန့်ပိန်းတွေ့ဆုံပွဲတွင် ဇူရွှမ်းထက် သာလွန်ကြောင်း သက်သေပြနိုင်သော်လည်း ဇူရွှမ်းသည် ပဲ့တင်ထပ်သံအရည်အသွေးနှင့်ပမာဏ နှစ်ခုစလုံးကို သေချာပေါက် ဆုပ်ကိုင်ထားသည်။ သို့သော် တစ်လတာကာလတိုအတွင်း လီလော့သည် စစ်သူကြီးအဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခဲ့သည်။

ဆိုလိုတာက အခု ဇူရွှမ်းနဲ့ယှဉ်ရင်သူက အဘက်ဘက်မှာ သာလွန်နေသည့်အဓိပ္ပါယ်ပင်......

ပါရမီရှင်ဆိုတာ ဒါမျိုးလား.......

"ခေါင်းဆောင်....စီနီယာကျန်းက စံချိန်မချိုးရသေးပေမယ့် နင်ကတော့ စံချိန်သစ်တစ်ခုတင်နိုင်ခဲ့ပြီ........"

ပိုင်မျန်မျန်က သူမ၏ လှပသော မျက်လုံးများဖြင့် လီလော့ကို ရွှန်းရွှန်းစားစားကြည့်နေ၏။

နည်းပြချီချန်းသည် လီလော့ထံမှ ထွက်လာသည့် ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားကို ဆက်လက်စစ်ဆေးခဲ့ပြီး စိတ်လွတ်နေသလိုခံစားလိုက်ရသည်။

လီလော့သည် အချိန်တိုလေးအတွင်း ၎င်းကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်မှာ သူမ၏ အပြင်းထန်ဆုံး စိတ်ကူးထက်ပင် ကျော်လွန်နေပါသည်။အမြူတေ

သလင်းကျောက်၏အကူအညီဖြင့်ပင်၊ သူမမျှော်လင့်ထားသည့်အကောင်းဆုံးမှာ စစ်သူကြီးတစ်ပိုင်းအဆင့်သို့ရောက်ရန်ပင်ခက်ခဲလိမ့်မည်ဟုထင်ထားခဲ့သည်။

ထို့ကြောင့် သူမရှေ့မှ မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ရသည်။

"နတ်ဆိုးနန်းတော်အဆင့်ကိုတက်လှမ်းနိုင်တဲ့ ကြယ်တစ်ပွင့်ခန်းမ ကျောင်းသား..."

လီလော့ကို ဆက်လက်စိုက်ကြည့်ရင်း သူမ နှလုံးသားထဲမှာ တုန်လှုပ်ချောက်ချားသွားသလို ခံစားလိုက်ရသည်။ သူ့ကို ချီးမွှမ်းထားသလို အသွင်မဆောင်ဘဲ သဘောကျမှုကိုလည်း သူ့မျက်လုံးထဲမှာ မြင်နေရသည်။

"လီလော့၊ မင်းတကယ်ပဲ စံချိန်သစ်တစ်ခုတင်လိုက်ပြီ....ကျန်းချင်းအာတောင်မှ မစွမ်းဆောင်နိုင်ခဲ့ဘူး......"

ဤအရာသည် သူမအတွက်ပျော်ရွှင်မှုကို ယူဆောင်လာခဲ့သည်။မြို့စားအဆင့်အနေဖြင့် သူမသည် ဆရာသခင်အဆင့်နှင့်စစ်သူကြီးအဆင့်ကြားက ကြီးမားသောကွာခြားချက်ကို သိမြင်ခဲ့သည်။ ဤအောင်မြင်မှုသည် အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတခွင်က ကောလိပ်တိုင်း၏ သမိုင်းတစ်လျှောက်တွင် လက်တစ်ဆုပ်စာမျှသာရှိသော ပါရမီရှင်၏စွမ်းရည်နှင့် အလားအလာကို သက်သေပြခဲ့သည်။

ဆရာတစ်ယောက်အနေနဲ့ အခုလို ထူးချွန်းသူတစ်ယောက်ကို ပျိုးထောင်နိုင်သည့်ပီတိက ဘာနဲ့မျှ နှိုင်းမပြနိုင်ပေ။

လီလော့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး....

" လွန်လွန်ကဲကဲ တုံ့ပြန်ဖို့ မလိုပါဘူး... စံချိန်ဆိုတာ ချိုးဖျက်ပစ်ဖို့သတ်မှတ်ထားတဲ့အရာတွေပါ........"

ရှင်းဖူ သဘောကျသွားသည်။ ခေါင်းဆောင်မျှော်လင့်ထားသည့်အတိုင်း ဤသည်မှာ လက်ခံနိုင်လောက်သော တစ်ခုတည်းသော တုံ့ပြန်မှုဖြစ်သည်။ ဆရာချီချန်းကလည်း ကျေနပ်ပီတိဖြစ်နေသောကြောင့် လှိုက်လှိုက်လှဲလှဲ ပြုံးနေခဲ့သည်။ သို့သော်လည်း သူမသည် ရှင်းဖူနှင့်ပိုင်မျန်မျန်ကို မျက်နှာမူကာ လှည့်ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက် မြန်မြန်ပြင်ဆင်ကြတော့.... ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေက နေ့တိုင်းရှိနေတာမဟုတ်ဘူး....အရေးကြီးတဲ့ကိစ္စတွေကို လက်လွှတ်ခံလို့မဖြစ်ဘူး......"

သူတို့နှစ်ယောက်သည် ကျန်းချင်းအာနှင့် ဓူဝံအဖွဲ့ ကို သတိရသဖြင့် ခေါင်းညိတ်လိုက်ကြသည်။ လီလော့၏ နတ်ဆိုးနန်းတော်အဆင့်သိ့တက်လှမ်းနိုင်သည့်သတင်းနှင့်ပေါင်းလိုက်ပါက တကျောင်းလုံး ပွက်လောရိုက်သွားပေလိမ့်မည်။

လော့လန်အိမ်တော်မှ တက်သစ်စမောင်နှံသည့် တကယ့်ကို နဂါးနှင့်ဖီးနစ်ပေါင်းဖက်ထားသလိုပင်........

All Chapters