← Chapters

ကျန်းချင်းအာ၏စိန်ခေါ်မှု.....

Vol. 45 Ch. 625

ကျန်းချင်းအာ၏စိန်ခေါ်မှု.....

Vol. 45 Ch. 625

ရှင်းဖူနှင့်ပိုင်မျန်မျန်တို့သည် အဝတ်စားလဲနေစဉ်တွင် ချီချန်းက လီလော့ကိုအောက်ထပ်သို့ဆွဲခေါ်ပြီး ထပ်မံစစ်ဆေးခဲ့သည်။

လီလော့အနေဖြင့် သူ၏ စွမ်းရည်အသစ်ကို အောင်မြင်စွာ သက်သေပြပြီးမှသာ သူမ၏ အကြည့်၌ ကျေနပ်မှုများ ပို၍ ပြင်းထန်လာသည်။

"မဆိုးပါဘူး.... မင်းရဲ့ ပဲ့တင်ထပ်သံစွမ်းအားက သိပ်သည်းပြီး အားနည်းတဲ့ အရိပ်အယောင်တွေ မရှိဘူး.... ဒီလိုအောင်မြင်ဖို့တားမြစ်ထားတဲ့လျှို့ဝှက်နည်းလမ်းတွေသုံးခဲ့တယ်ထင်နေတာ....."

နည်းပြချီချန်းက သက်ပြင်းချလိုက်သည်။

"ဆရာ....ကိုယ့်တပည့်ကို မယုံဘူးလား....."

နည်းပြချီချန်း၏ ကနဦးသံသယမှာ လီလော့ တားမြစ်ထားသောပညာရပ်များကိုသုံး၍ အတင်းအကြပ်အဆင့်တက်ခဲ့သည်ဟုထင်ခဲ့မိသည်။ထိုသို့ဆိုလျှင် အနာဂတ်ကျင့်ကြံနှုခရီးလမ်းကိုများစွာထိခိုက်စေနိုင်သောကြောင့် စိတ်ပူခဲ့ခြင်းဖြစ်သည်။

နည်းပြက သူတို့နှစ်ယောက်ကို ပထုတ်လိုက်တာ အံ့သြစရာ မဟုတ်တော့ပေ။ ထိုသို့သော အခြေအနေမျိုး၏ အဖြစ်မှန်ကြောင့် သူ၏ဂုဏ်သိက္ခာနှင့် ကြည်ညိုလေးစားမှုကို ပျက်ပြားစေရန် သူမ ဆန္ဒမရှိခဲ့ပေ။

" နင် အဲ့လိုမလုပ်လောက်မှန်းသိပေမယ့် ဆရာတစ်ယောက်ရဲ့ပူပန်မှုကို နားလည်ပေးနိူင်မယ်ထင်တယ်......"

"စိတ်ချပါ ဆရာ.....ကျွန်တော် ဟိုးအရင်ကတည်းက ကတိပေးထားတဲ့အတိုင်း လော့လန်အိမ်တော်က ကျွန်တော့်မိဘတွေရဲ့ အမွေအနှစ်ဖြစ်ပေမယ့် အသက်ပေးရလောက်တဲ့အထိ ရူးရူးမိုက်မိုက်ဖက်တွယ်နေမှာမဟုတ်ပါဘူး.....အကယ်၍ အိမ်တော်ပျက်စီးသွားရင်တောင် ကျွန်တော်နဲ့ချင်းအာမှာ လွတ်လမ်းတွေရှိနေပါသေးတယ်....."

နည်းပြချီချန်း မသိမသာ ခေါင်းညိတ်လိုက်သည်။ လီလော့သည် စိတ်အားထက်သန်မှုရှိသော်လည်း အခြေအနေအကြောင်း ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။

"မင်း နတ်ဆိုးနန်းတော်အဆင့်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိူင်တဲ့အတွက် ဒုကျောင်းအုပ်စုရှင်းကို ဆက်သွယ်ပြီး မူလနတ်ဆိုးဆေးလုံး အနည်းငယ်ကို တောင်းဆိုလိုက်မယ်....."

"မူလနတ်ဆိုးဆေးလုံး?!"

ထိုဆေးလုံးကို မြေနတ်ဆိုးခန္ဓာအဆင့်များအတွက် အထူး သန့်စင်ထားခြင်းဖြစ်သည်။ ဤဆေးလုံးကိုသောက်သုံးခြင်းဖြင့် ၎င်း၏ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိများဖြင့် သန့်စင်ထားသော မြေနတ်ဆိုးစွမ်းအင်များကိုရရှိမည်ဖြစ်ပြီး အလွယ်တကူကျင့်ကြံနိုင်ဖို့အထောက်အကူပြုပေးလိမ့်မည်။

ဤထိုဆေးလုံးများသည် ကောလိပ်မှ သန့်စင်ထားသော ဆေးများဖြစ်ပြီး သာမာန်စျေးကွက်များတွင် တွေ့ရသည့် အမျိုးအစားများထက် အရည်အသွေးပိုကောင်းပါသည်။ များသောအားဖြင့် ကြယ်သုံးပွင့်ခန်းမအတွင်းမှ ထိပ်တန်းကျောင်းသားများသာ အရေအတွက်အနည်းငယ် လဲလှယ်နိုင်ကြသည်။

"ကျွန်တော်သိသလောက်ဆို ကောလိပ်မှာ ဆေးလုံးပမာဏများများစားစားမရှိဘူးဆို..... ပျမ်းမျှ ကြယ်သုံးပွင့် ခန်းမ ကျောင်းသားတောင်မှဝယ်လို့မရဘူးဆိုတော့ ကျွန်တော့်အတွက်ရနိူင်ပါ့မလား....."

လီလော့က စိတ်အားထက်သန်စွာ မေးလိုက်သည်။

"မင်းပြောတာမှန်တယ်.....သာမာန်အားဖြင့် ကြယ်သုံးပွင့်ခန်းမက ကျောင်းသားတွေက ဒီဆေးပြားတွေကိုဝယ်လို့မရပေမယ့် မင်းက မတူဘူး။ မင်းရဲ့ ထူးချွန်မှုကို ကြယ်သုံးပွင့်ခန်းမနဲ့ ကောလိပ်ရှေ့မှာ သရုပ်ပြနိုင်ခဲ့ရင် နောက်ထပ် လှုံ့ဆော်မှုအဖြစ် မင်းတို့နှစ်ယောက်ကို ဆုချလိမ့်မယ်....."

"နှစ်ယောက်?"

နည်းပြချီချန်းက မဲ့ပြုံး ပြုံးနေပုံရသည်။

"ဟမ့်....ဇူရွှမ်းက စစ်သူကြီးတပိုင်းအဆင့်ရောက်သွားလို့ မူလနတ်ဆိုးဆေးလုံးတွေ

တောင်းဆိုခဲ့တယ်...ဒါပေမယ့် ထောက်ပံ့မှုက အကန့်အသတ်ရှိတာမို့ နင်တို့ထဲက တစ်ယောက်သာ ရနိူင်လိမ့်မယ်....."

"ဒါဆို ကျွန်တော်နဲ့ဇူရွှမ်း တပွဲနွှဲရမှာပေါ့.....စီနီယာတစ်ယောက်ကို အဲ့လိုတွေအနိူင်မယူချင်ဘူး.....ကျွန်တော် စိတ်ထားနူးညံတာ ဆရာအသိပဲလေ......"

လီလော့ ၏ ပုံကြီးချဲ့ထားသော လုပ်ရပ်ကြောင့် နည်းပြချီချန်း အနည်းငယ် ကြည်နူးနေပုံရသည်။ ဇူရွှမ်းကတော့ ကမ္ဘာပေါ်တွင် ကံအဆိုးဆုံးလူ ဖြစ်ခဲ့ရသည်။ စစ်သူကြီးတပိုင်းအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ခြင်းဖြင့် မျက်ခုံးပင့်ကာ သူ၏တန်ဖိုးကို ပြသနိုင်မည်ဟု မူလက ထင်ခဲ့ပေမည်။ သူ့ထက်သာလွန်ခဲ့သော လီလော့ကြောင့် ကံဆိုးမှုတစ်ခုကြုံတွေ့ခဲ့ရချေပြီ။

နှစ်ခုကို နှိုင်းယှဉ်ကြည့်တဲ့အခါ ကွာဟချက်က ကြီးမားလွန်းလှသည်။ ဒီအတိုင်းသာဆို ဇူရွှမ်း၏လှပသောအိမ်မက်များ တစစီကွဲကြေရတော့မည်။

ထို့နောက် သူတို့နှစ်ယောက် မြေအောက်ခန်းမှ ထွက်ခွာသွားကာ ပြင်ဆင်ပြီးနေပြီဖြစ်သည့် ရှင်းဖူးတို့နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် သူတို့အားလုံး ကောလိပ်အလယ်ဗဟိုရှိ ရင်ပြင်ဆီသို့ ဦးတည်သွားကြသည်။

လမ်းတစ်လျှောက်တွင် လူအများအပြား စုရုံးကာ စိတ်လှုပ်ရှားနေသော အခြေအနေအမျိုးမျိုးတွင် တူညီသောဦးတည်ချက်သို့ လျှောက်လှမ်းနေကြရင်း ဤဖြစ်ရပ်အတွက် ၎င်းတို့၏ ခန့်မှန်းချက်များကို ဆွေးနွေးပြောဆိုနေကြသည်။

"တကယ်လို့ စီနီယာကျန်းသာ ဓူဝံအဖွဲ့ မှာ တစ်နေရာ ရနိုင်ရင်မင်းသမီးထက်တောင် ပိုကျော်ကြားလာနိုင်တယ်....."

ပိုင်မျန်မျန်၏ မှတ်ချက်ကို ရှင်းဖူကလည်း သဘောတူကြောင်း ခေါင်းညိတ်လိုက့သည်။ ကျန်းချင်းအာသည် အသန်မာဆုံး ကြယ်သုံးပွင့် ခန်းမကျောင်းသားဘွဲ့ကို ရရှိပြီးကတည်းက သူမ၏ မြင့်မြတ်သော ဂုဏ်သတင်းသည် မင်းသမီးနှင့် တန်းတူဖြစ်နေပြီဖြစ်သည်။ မှတ်တမ်းအရ၊ သူမသည် ကောလိပ်တစ်ခုလုံးတွင် အထူးချွန်ဆုံးပုဂ္ဂိုလ်ဖြစ်လာမည်ဖြစ်သည်။

"ခေါင်းဆောင်၊ စီနီယာကျန်း ယက ဘယ်သူကို စိန်ခေါ်ဖို့ စီစဉ်ထားလဲ သိလား"

ပိုင်မျန်မျန်က လီလော့ကို စိတ်ဝင်တစား မေးလိုက်သည်။

ထိုအချိန်တွင် နည်းပြချီချန်းသည် လီလော့ ကို အဓိပ္ပါယ်ရှိစွာ ကြည့်ပြီး ဤအကြောင်းအရာကိုပင် သူမစိတ်ဝင်စားကြောင်း ထောက်ပြခဲ့သည်။

လီလော့က ကူကယ်ရာမဲ့ ခေါင်းခါလိုက်ပြီး..

"မသိဘူး....သူငါ့ကိုမပြောပြဘူး....."

"အောင်မြင်ဖို့ အခွင့်အလမ်းအများဆုံးရှိတဲ့ ပြိုင်ဘက်ကို ရွေးရမယ်ဆိုရင်...ရဲ့ချန်ယင်း ဖြစ်နိုင်တယ်...ဓူဝံအဖွဲ့ထဲမှာ ကုန်းရှန်ကျွင်းနဲ့ ကုန်းလွမ်ယုကလွဲရင် ကြယ်လေးပွင့်ခန်းမ ကျောင်းသားနှစ်ယောက်ပဲ ရှိတယ်....ကျန်တဲ့သုံးယောက်ကတော့ အရင်အသုတ်က ကျောင်းသားတွေပါ.... ဒီသုံးယောက်က တော်ဝင်နန်းတွင်းထဲက နှစ်ယောက်ထက် နည်းနည်းအားနည်းပေမယ့် လျှော့တွက်လို့မရဘူး..." ဟု နည်းပြချီချန်းက ရှင်းပြသည်။

ပိုင်မျန်မျန်နှင့်ရှင်းဖူတို့သည် ဤအကဲဖြတ်ချက်ကို သဘောတူသဖြင့် ခေါင်းညိတ်လိုက်ကြသည်။

လီလော့ကတော့ ဘာမှပြန်မပြောခဲ့ပေ။ အောင်မြင်မှုအခွင့်အရေးအရ စီထျန်းမင်နှင့် ရဲ့ချန်ယင်းတို့သည် အကောင်းဆုံးရွေးချယ်မှုများဖြစ်သော်လည်း ကျန်းချင်းအာကို ကောင်းစွာသိသည်။ ပိုလွယ်သောကြောင့် တစ်ခုခုလုပ်ရန် သူမရွေးချယ်ခဲ့ပေလိမ့်မည်။

"ဆရာ၊ ဓူဝံအဖွဲ့ ထဲမှာ အနီးစပ်ဆုံးအဆင့်စီကြည့်မယ်ဆိုရင်....." လီလော့ က မေးသည်။

"သူတို့အထဲမှာ ကုန်းရှန်ကျွင်းက ကုန်းလွမ်ယုရဲ့နောက်မှာ အသန်မာဆုံးဆိုတာ သေချာတယ်... တတိယနေရာမှာ ကျုံးထျန်ချွဲ့ စတုတ္ထကဝမ်ချောင်နဲ့ ပဉ္စမက ချောင်ယွီ ဖြစ်သင့်တယ်....."

နည်းပြချီချန်းက အနည်းငယ် တွေးပြီး တရစပ် နံပါတတ်စဉ်စီပြလိုက်သည်။

လီလော့က အဓိပ္ပါယ်ရှိစွာ ခေါင်းညိတ်လိုက်သည်။

စည်ကားသိုက်မြိုက်စွာ ပြည့်နှက်နေသော ရင်ပြင်ကြီးရှေ့သို့ရောက်လာသည်အထိ လမ်းတစ်လျှောက်တွင် စကားစမြည် ပြောဆိုခဲ့ကြသည်။

ထိုအချိန်တွင် ကြယ်တစ်ပွင့်ခန်းမမှ ခရမ်းအဆင့်နည်းပြများ အားလုံး စုရုံးနေပြီး လီလော့ ချင်ဇူလု၊လုချင်းအာ၊ယုလန်နှင့်အခြားသောသူများကိုလည်းမြင်နေရသည်။

လုချင်းအာက လီလော့ကို ချက်ချင်း သတိပြုမိပြီး ဖော်ရွေသော ပုံစံဖြင့် လက်ယပ်ခေါ်လိုက်သည်။

လီလော့သည် ရင်ပြင်ကို အာရုံမစိုက်မီ စစ်မှန်သော အပြုံးဖြင့် ပြန်ပြုံးပြလိုက်သေးသည်။

ရင်ပြင်ပေါ်တွင် ကျောက်စာတိုင် ခုနစ်တိုင် စိုက်ထူထားပြီး တစ်ခုစီတွင် ကောင်းကင်နှင့် ကြယ်များကို ထွင်းထုထားသည်။၎င်းတို်အပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ ပျံ့နှံ့နေတကာ ဤရိုးရှင်းသော တိုင်များအတွက် ထူးခြားသောအသွင်အပြင်ကို ပေးစွမ်းနေသည်။

တိုင်တစ်ခုစီ၏ထိပ်တွင် တင်ပျဉ်ခွေထိုင်နေသူတစ်ယာက်စီရှိသည်။

၎င်းတို့သည် လက်ရှိ ဓူဝံအဖွဲ့ ဝင်များဖြစ်သည်။

ခုနစ်ယောက်စလုံး ငြိမ်သက်သောအမူအရာဖြင့် ထိုင်နေကြသော်လည လေနှင့်အတူ လှိုင်းထနေသော ၀တ်ရုံများနှင့်အတူ ၎င်းတို့၏ စွမ်းအားကို ပြသသည့် ဖိအားများ ထွက်ပေါ်လာသည်။

ရင်ပြင်တွင် မရေမတွက်နိုင်သော ကျောင်းသားများသည် သူတို့ကို ကြည်ညိုလေးစားမှုအပြည့်ဖြင့် စိုက်ကြည့်နေကြသည်။ ၎င်းတို့သည် ကောလိပ်၏ အထူးချွန်ဆုံး ကျောင်းသား ခုနစ်ယောက်ဖြစ်သည်။ ဤခေါင်းစဉ်မျိုးကို ကိုယ်ပိုင်အင်အားဖြင့်သာ ရရယူနိုင်ပေမည်။

မြင့်မားသောစင်မြင့်ပေါ်တွင်၊ ဒုတိယကျောင်းအုပ်စုရှင်း သည် ပွဲစတင်ကြေင်းကြေငြာရန် အသာအယာ လက်ညိုးညွှန်လိုက်လေသည်။

ထိုအခါအလင်းတန်းတစ်ခု ကောင်းကင်မှ ကျဆင်းကာ ရင်ပြင်အလယ်သို့ ဆင်းသက်လာပြီး အာရုံစူးစိုက်မှု၏ဗဟိုချက်ဖြစ်လာသည်။

"ဒီနေ့၊ ကြယ်သုံးပွင့်ခန်းမရဲ့ ကျန်းချင်းအာ က ဓူဝံအဖွဲ့ ထဲကတစ်ယောက်ကို စိန်ခေါ်မယ်....."

ဒုကျောင်းအုပ်ကြီးစုရှင်း၏နှလုံးသားနွေးထွေးသောအသံက လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်နေသည်။ သို့သော်လည်း ဤသည်မှာ လူစုလူဝေးကို ပိုမိုစိတ်လှုပ်ရှားစေသည့်ပုံပေါက်နေသော်လည်း အားပေးသံများ ပိုမိုကျယ်လောင်လာသည်။

"လူတိုင်းက တိုက်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိထားပြီးပြီမို့ နောက်ထပ် ရှင်းပြမနေတော့ဘူး....."

ဒုကျောင်းအုပ် စုရှင်းသည် သူမ၏ မျက်လုံးများအတွင်းမှ ကျေနပ်မှုနှင့် လေးမြတ်မှု အသွင်ဆောင်သော အကြည့်ဖြင့် ကျန်းချင်းအာကိုလှည့်ကြည့်ကာ.....

"ကျန်းချင်းအာ၊ မင်းရဲ့ပြိုင်ဘက်ကို ကြေညာပါ......."

ကျန်းချင်းအာ၏နောက်ထပ်စကားများကို အာရုံစိုက်နေသဖြင့် ရင်ပြင်တခုလုံး ချက်ချင်းတိတ်ဆိတ်သွားသည်။

ဤသည်မှာ အမှန်တရား၏ အခိုက်အတန့်ဖြစ်သည်။

သူမသည် ကြယ်သုံးပွင့်ခန်းမကျောင်းသူဖြစ်ပြီး ကောင်းကင်ပုလဲအဆင့်သို့ တက်လှမ်းခဲ့သော ဓူဝံအဖွဲ့ သားများနှင့် နှိုင်းယှဉ်ပါက နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်တွင်သာရှိသည်။အဆင့်ကိုးအလင်းပဲ့တင်ထပ်သံဖြင့်ပင် ၎င်းတို့ကြားရှိ ကွာဟချက်ကို ဖြည့်စည်းဖို့မလွယ်ပေ။ ထို့ကြောင့် သူမ မည်သူကိုစိန်ခေါ်မည်နည်း......

သူမသည် ထိုင်ခုံတစ်လုံးကို ဖယ်ထုတ်ရန် ကြိုးစားပါက၊ စီထျန်းမင် ကဲ့သို့သော အညံ့ဆုံးအဖွဲ့ဝင်ကိုသာရွေးချယ်မည်ဟု အများစုက ခန့်မှန်းကြသည်။

သို့သော် သူမ၏စူးရှသော ရွှေရောင်မျက်လုံးများသည် ဓူဝံအဖွဲ့ သားများကို ဖြတ်သွားကာ နောက်ဆုံးတွင် ခေတ္တရပ်တန့်သွားသည်။ နောက်အခိုက်အတန့်တွင် ရင်ပြင်တစ်ခုလုံးကြားရသည့် အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။

"ကျုံးထျန်ချွဲ့ကိုစိန်ခေါ်မယ်......"

ဤကြေငြာချက်ကြောင့် ရင်ပြင်တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားလေတော့သည်။

All Chapters