ကျုံးထျန်ချွဲ့နှင့်ယှဉ်ပြိုင်ခြင်း.....
Vol. 45 Ch. 626
ကျန်းချင်းအာက သူ့ပြိုင်ဘက်ကို ကြေငြာလိုက်တဲ့အခါ ရင်ပြင်တစ်ခုလုံး ဆူညံသောဆွေးနွေးသံများဖြင့်ပြည့်လျှမ်းသွားသည်။ မရေမတွက်နိုင်သောလူများသည် သူတို့၏မျက်နှာအနှံ့ အံ့သြမှုနှင့် ရှုပ်ထွေးမှုများ ပျံ့နှံ့သွားပြီး ဆူညံသံများ ပြင်းထန်စွာ ဆက်လက်တိုးပွားလာခဲ့သည်။
" နားကြားလွဲတာများလား.... ကျန်းချင်းအာ က ကျုံးထျန်ချွဲ့ ကိုစိန်ခေါ်ချင်နေတာလား....."
"ကျုံးထျန်ချွဲ့က ဓူဝံအဖွဲ့ မှာ တတိယမြောက် အင်အားအကောင်းဆုံး....."
"သူက ကောင်းကင်ပုလဲခြောက်လုံးဖန်တီးနိုင်ပြီး ထူးထူးခြားခြား အားကောင်းတယ်..... အခြေခံအုတ်မြစ်ကလည်း အလွန်ခိုင်မာတယ်၊ ကျန်းချင်းအာက သူ့ကို ဘာလို့ စိန်ခေါ်ချင်တာလဲ....."
"သူ့ကိုယ်သူ သိပ်အထင်ကြီးလွန်းရာမကျဘူးလား....."
လူတိုင်းက တုန်လှုပ်ခြောက်ခြားစွာ ဆွေးနွေးနေကြပြီး အကြောင်းရင်းကို မှန်းဆကြသည်။ ကျန်းချင်းအာ၏ ပြိုင်ဘက်ကို ရွေးချယ်မှုသည် လူတိုင်း၏ အပြင်းထန်ဆုံးသော မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည်။
သို့သော် လူအများကို အံ့အားသင့်စေရုံသာမက လီလော့လည်း အံ့သြမိပါသည်။ ကျန်းချင်းအာသည် အညံ့ဆုံးလူကို တိုက်ခိုက်ရန် ရွေးချယ်မည်မဟုတ်ဟု သူခန့်မှန်းခဲ့သော်လည်း၊ ဤမျှမြင့်မားသောပန်းတိုင်သို့ အရောက်လှမ်းမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
အနည်းဆုံး ဝမ်ချောင်သို့မဟုတ် ချောင်ယွီကိုစိန်ခေါ်မည်ဟု သူထင်ခဲ့သည်။ သို့သော် ဤအရာသည် သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။
ကျုံးထျန်ချွဲ့သည်တစ်ချိန်က ကြယ်လေးပွင့်ခန်းမ၏ အသန်မာဆုံး ကျောင်းသားဖြစ်ခဲ့ဖူးသည်။
ကုန်းရှန်ကျွင်းနှင့်ကုန်းလွမ်ယုတို့ ကြယ်လေးပွင့်ခန်းမထဲသို့ ပထမဆုံးဝင်ရောက်ခဲ့စဉ်က ကျုံးထျန်ချွဲ့သည် ဓူဝံအဖွဲ့၏ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်။
တိုက်ပွဲကတဆင့် သက်သေပြထားတဲ့ သူ့ရဲ့ ခွန်အားကို ဘယ်သူမှ သံသယဖြစ်မည် မဟုတ်ပေ။
လီလော့အနေဖြင့် ကျန်းချင်းအာကို ယုံကြည်မှုအပြည့်ရှိသော်လည်း ထိုကြေငြာချက်ကို မှားယွင်းစွာ မကြားမိကြောင်း အရင်ဆုံးအတည်ပြုရပေဉီးမည်။
"ဒါတွေအားလုံးက မွေးရာပါစွမ်းရည်ကိုနှိုးဆွနိုင်ဖို့လား...."
လီလော့၏ အကြည့်များ တောက်ပလာသည်။ ကျန်းချင်းအာဟာ ဘယ်တော့မှ အဓိပ္ပါယ်မဲ့တဲ့ အရာတစ်ခုကို လုပ်မှာမဟုတ်ပေ။ ဤရွေးချယ်မှုအတွက် ခိုင်လုံသောပန်းတိုင်တစ်ခုရှိရမည်။
"ခေါင်းဆောင်... စီနီယာကျန်းက ဘာလို့ ဒီလောက်ခက်ခဲတဲ့ စမ်းသပ်မှုကို ရွေးတာလဲ....."
ပိုင်မျန်မျန်က အနည်းငယ် အံ့ဩသွားကာ မေးလိုက်သည်။
လုချင်းအာပးက.... " ကျုံးထျန်ချွဲ့ကို ရွေးရတာ တကယ်ကို ထိတ်လန့်စရာကောင်းပါတယ်...ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းပြီး ကောင်းကင်ပုလဲအဆင့်တွေကိုစိန်ခေါ်တာ အတော်အတင့်ရဲတဲ့အပြုအမူပဲ....."
လီလော့က ကူကယ်ရာမဲ့စွာပြုံးလိုက်ပြီး....
"ဘာလို့ ငါ့ကိုဒါတွေလာပြောနေတာလဲ....ငါက ကျန်းချင်းအာမှမဟုတ်တာ!"
"မင်း ကျန်းချင်းအာ ကို လျှော့မတွက်သင့်ဘူး....."
ချီချန်းသည် ကြီးမားလှသော ရင်ပြင်အလယ်တွင် အထီးကျန်ဆန်စွာ မတ်တပ်ရပ်နေသောကျန်းချင်အာကိုကြည့်လိုက်ပြီး ...
"ခရမ်းအဆင့်နည်းပြတွေကြားထဲမှာ ဘယ်သူက ခန့်မှန်းလို့မရဆုံး ကျောင်းသားလို့ပြောရရင် ဟိုမှာ ရပ်နေတဲ့သူပဲ" ဟု သူမက လက်ဟန်ပြလိုက်သည်။
"ကျန်းချင်းအာရဲ့ ကျင့်စဉ်က နည်းနည်းတော့ ထူးဆန်းတယ်.... ဒါဟာ သေချာပေါက် လျှို့ဝှက်ကျင့်စဉ်ပဲဖြစ်ရမယ်.... သူ့ရဲ့ အရှိန်ကို အဆက်မပြတ် ထိန်းထားသလို၊ အသက်ဝင်နေတဲ့ မီးတောင်တခုပေါက်ကွဲဖို့အရှိန်ယူနေသလိုပဲ.... အချိန်ကြာလာတာနဲ့အမျှ ဖိအားတွေမြင့်တက်လာပြီး နောက်ဆုံးမှာ ကြောက်စရာကောင်းတဲ့စွမ်းအားတွေ ပေါက်ကွဲထွက်လာလိမ့်မယ်....ကျန်းချင်းအာ သည် ကြယ်တစ်ပွင့်နဲ့ ကြယ်နှစ်ပွင့်ခန်းမှာလေ့ကျင့်ခဲ့တဲ့ အရှိန်ကို သုံးသပ်ကြည့်ရင် သူမ၏ စွမ်းရည်နှင့် အရည်အချင်းကြောင့် စိတ်ပျက်စရာလို့ ယူဆနိုင်လောက်တယ်.....ဒါပေမယ့် ကြယ်သုံးပွင့်ခန်းမကိုရောက်ကတည်းက တစ်နှစ်တာကာလတိုအတွင်း အဓိကအဆင့်သုံးဆင့်ကိုဖြတ်ကျော်နိုင်ခဲ့တယ်.... သူ့ရဲ့ ကျင့်ကြံမှု အစောပိုင်းကာလမှာ သူ့ကိုယ်သူ ကန့်သတ်ချုပ်ချယ်ထားတာကြောင့် ကန့်သတ်ချက်တွေ ပြည့်သွားခဲ့တဲ့ပုံပဲ.... ဒါကြောင့် ဒီလျှို့ဝှက်ကျင့်စဉ်က လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ သူ့ကို ပေးအပ်ခဲ့တာ ဖြစ်နိုင်တယ်..... အတိတ်တုန်းက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဖို့ မရွေးချယ်ခဲ့ဘူးဆိုရင် ဒီနေ့လို အောင်မြင်မှုတွေရှိလာနိူင်မှာမဟုတ်ဘူး.... အဲဒီနေ့ကို ငါတို့တွေ့ဖို့ သိပ်မဝေးတော့တာဖြစ်ကောင်းဖြစ်နိုင်မယ်..."
ထိုအချိန်တွင် ချီချန်းက လီလော့ကို တစ်ချက်ကြည့်လိုက်သည်။ ကျန်းချင်းအာ
သည် သူမ၏ အစွမ်းအစကို တွန်းလှန်ရန် ရွေးချယ်လိုက်ရာ ဤအချက်သည် အိမ်တော်တွေ့ဆုံပွဲအတွက်ဖြစ်ကြောင်း ညွှန်ပြနေပေလိမ့်မည်။
သူမဟာ ဒီနေ့အတွက် ပြင်ဆင်မှုတွေ လုပ်နေခဲ့ခြင်းပင်.....
ဆရာချီချန်း၏ ယူဆချက်ကို နားထောင်ပြီးနောက်၊ ယုလန်၊ပိုင်မျန်မျန်၊လုချင်းအာတို့ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ ထို့နောက် သူတို့သည် နောင်လာမည့်အရာကို မျှော်လင့်ရင်း တိတ်တိတ်ဆိတ်ဆိတ် ရပ်နေသည့် စွဲမက်ဖွယ်ကောင်းသော ကျန်းချင်းအာကိုလှည့်ကြည့်လိုက်ကြသည်။
သူမသည် လွန်ခဲ့သောနှစ်ရာပေါင်းများစွာအတွင်း ကောလိပ်၏ အထူးချွန်ဆုံးကျောင်းသူအဖြစ် သတ်မှတ်ခံရနိုင်သည်။
အထူးသဖြင့် ယနေ့သူမ၏စိန်ခေါ်မှုကို အောင်မြင်ခဲ့ပါက၊ သူမသည် လုံးဝဒဏ္ဍာရီအသစ်တစ်ခုကို ပုံဖော်နိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းတွင်၊ တိုင်ခုနစ်တိုင်ထိပ်တွင် ထိုင်နေသူများ၏မျက်နှာများသည် အံ့သြမှုအရိပ်အမြွက်ပြသနေပါသည်။
ဒါက သူတို့အတွက် လုံးဝကို မမျှော်လင့်ထားသည့်အရာပင်......
"ချင်းအာ..."
မင်းသမီးသည် လက်ထဲတွင် လေးလံသော ဓားရှည်တလက်ကို ကိုင်ဆောင်ထားသော သူရဲကောင်းဆန်သည့် မိန်မပျိုကို စိုက်ကြည့်နေခဲ့မိသည်။ အကယ်၍ ကျန်းချင်းအာသည် ကောင်းကင်ပုလဲအဆင့်သို့ဝင်ရောက်ခဲ့ပါက ပြိုင်ဘက်ရွေးချယ်မှုက ပို၍သင့်လျော်ပေလိမ့်မည်။ သို့သော် သူမသည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်တွင်သာရှိနေသေးသည်။
တစ်ဖက်တွင်မူ ကျုံးထျန်ချွဲ့သည် ကောင်းကင်ပုလဲအဆင့်၏ပုလဲခြောက်သွယ်အဆင့်ဖြစ်သည်။
သူမနှင့်ကုန်းရှန်ကျွင်းတို့မရောက်မီ ထိပ်တန်းရာထူးကို လက်ဝါးကြီးအုပ်ထားသည့် မွန်းစတာမျိုးသည် ပြိုင်ဘက်ကောင်းတစ်ယောက်တော့မဟုတ်နိုင်ပေ။
သို့သော် ဤသည်မှာ ကျန်းချင်းအာ၏ရွေးချယ်မှုဖြစ်ပြီး မင်းသမီးသည် သူမစိုးရိမ်ပူပန်မှုကို ထိန်းထားကာ တိတ်တဆိတ်သာ စောင့်ကြည့်နေနိုင်သည်။
ကုန်းရှန်ကျွင်း၏ အကြည့်များ လှုပ်ခတ်သွားပြီး..... " ကျုံးထျန်ချွဲ့ကိုစိန်ခေါ်ဝံ့ဖို့ ချင်းအာက ဘာကိုအားကိုးနေတာလဲ ..."
သူမသည် အဆင်ခြင်မဲ့သူတစ်ယောက်မဟုတ်ကြောင်း နားလည်သဖြင့် သူမတွင် ထုတ်ဖော်မပြနိုင်သော ဝှက်ဖဲတစ်ချပ်ရှိသည်ဟူ၍သာ ကောက်ချက်ချနိုင်ခဲ့သည်။
"ဟူးးးးး"
စီထျန်းမင်သည် သူ့မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခုကို ချိတ်ဆွဲထားရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူသည် ဓူဝံအဖွဲ့ ဝင်အဖြစ် ရပ်တည်ခဲ့သော်လည်း ခံတွင်းထဲတွင် ချဉ်သောအရသာကို ခံစားခဲ့ရသည်။ကျန်းချင်းအာက သူ့ကို အရေးမစိုက်ဘဲ ထိုက်တန်တဲ့ ပြိုင်ဘက်တောင်မသတ်မှတ်ခဲ့ပေါ
"ကြည့်ရတာ ငါ့အတွက် အခွင့်ရေးမရှိတော့ဘူးထင်တယ်...."
ကျန်တဲ့ ဓူဝံအဖွဲ့ဝင်တွေမှာလည်း ကွဲပြားတဲ့ အတွေးကိုယ်စီရှိနေကြသည်။ အကယ်၍ သူမ ယနေ့ အောင်မြင်ခဲ့ပါက ကောလိပ်၏ သမိုင်းတလျှောက်တွင် အကြောက်ဆုံးသော ဓူဝံအဖွဲ့ဝင် ဖြစ်လာမည်မှာ သေချာပါသည်။
စိန်ခေါ်ခံရသူ ကျုံးထျန်ချွဲ့လည်း ခေတ္တ ထိတ်လန့်သွားခဲ့ပြီး တဖြည်းဖြည်းနဲ့ မတ်တပ် ထရပ်လိုက်သည်။
ကျုံးထျန်ချွဲ့သည် မိန်းမဆန်သော အပြုံးနှင့် စူးရှတောက်ပသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည်။ သို့သော်ထိုသူသည် အသန်မာဆုံး ဓူဝံအဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်။ အဟောင်းတွေက အသစ်ထက်သာလွန်ပြီး ပိုလို့တောင် ထူးချွန်တဲ့သူတွေ ပေါ်လာခဲ့ပြန်တော့ ယခင်ထက်မြက်မှုကို ထိန်းထားရန် ရွေးချယ်ခဲ့ပြီး ကောလိပ်မှ ပေးထားသည့် အရင်းအမြစ်များကို တိတ်တဆိတ် ခံစားနေခဲ့သည်။ နှစ်ကုန်ရင် စိမ်းလန်းစိုပြေတဲ့ မြက်ခင်းပြင်ကို အေးအေးဆေးဆေးထွက်သွားလိုက်ရုံပင်...
" ဓူဝံအဖွဲ့သားအဖြစ်နဲ့ ကောလိပ်ကနေ ထွက်သွားဖို့ စိတ်ကူးထားပေမယ့်၊ ကြည့်ရတာ မဖြစ်နိုင်တော့ဘူးထင်တယ်...."
ကျုံးထျန်ချွဲ့ ရယ်မောလိုက်သည်။
သူစကားပြောပြီးနောက်တွင် တဖျပ်ဖျပ် တုန်ခါနေသော စွမ်းအားများဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ နောက်အခိုက်အတန့်တွင် သူ၏ရုပ်သွင်သည် သူမနှင့် ဒါဇင်များစွာအကွာတွင် ပြန်ပေါ်လာသည်။ ဒါတွေအားလုံးက ပရိသတ်တွေရဲ့ စောင့်ကြည့်မှုအောက်မှာ ဖြစ်ပျက်ခဲ့ခြင်းပင်.....
"ဂျူနီယာကျန်း... မင်းက ကောလိပ်သမိုင်းရဲ့ နောက်ဆုံးနှစ်ရာကျော်အတွင်းမှာ အထူးချွန်ဆုံး ကျောင်းသားပဲ.... ဒါပေမယ့် ဒီပွဲမှာရှုံးရင် ကျောင်းထွက်ရမှာနော်...."
ကျန်းချင်းအာ၏ ရွှေရောင်မျက်လုံးများထဲတွင် လှိုင်းထနေပုံရသည်။
သူမသည် ပို၍ အဓိပ္ပါယ်ရှိသော စကားလုံးများဖြင့် နှောင့်ယှက်မနေတော့ဘဲ သူ့ရှေ့က ပြိုင်ဘက်ကို စူးစိုက်ကြည့်နေသည်။
" စီနီယာကျုံး....လမ်းညွှန်ပေးပါ့ဉီး..."
ကျုံးထျန်ချွဲ့သည် သူ့ပတ်ဝန်းကျင်သို့ ဆူနာမီလှိုင်းလုံးကြီး ကျရောက်သွားသလိုမျိုး အံ့အားသင့်ဖွယ် ပဲ့တင်ထပ်သံစွမ်းအားများစွာ ထွက်ပေါ်မလာမီ တစ်ဖန် ရယ်မောလိုက်သည်။ သူ၏ ပဲ့တင်ထပ်သံစွမ်းအားသည် အစိမ်းဖျော့ဖျော့ဖြစ်ပြီး ပုပ်အက်အက်အနံရှိသည်။ တခဏအတွင်းမှာပင် ပတ်ဝန်းကျင်လေထုထဲတွင် အစိမ်းရောင်အငွေ့များရောယှက်ကုန်သည်။
ဒါက မြွေအဆိပ်ပဲ......
တဟုန်ထိုးထွက်ပေါ်နေသော ပဲ့တင်ထပ်သံ စွမ်းအားများကြားတွင် ဧရာမစပါးအုံးမြွေကြီး၏ ပုံသဏ္ဌန် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။
အဆင့်နိမ့် အဆင့်ရှစ် နတ်ဆိုးစပါးအုံးမြွေပဲ့တင်ထပ်သံ......
ထို့နောက်တွင်၊ ကောင်းကင်ပုလဲခြောက်လုံး သူ့နောက်တွင် ထင်ရှားလာပြီး၊ သဘာဝစွမ်းအင်များက စီးဆင်းနေသော မြစ်ကဲ့သို့ ရူးသွပ်စွာ သူ့ဆီသို့ ပြေးဝင်လာသည်။
သူ၏ ပဲ့တင်ထပ်သံစွမ်းအားများကအံ့ဩစရာကောင်းလောက်အောင် ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ပရိသတ်ကိုတောင် အသက်ရှူကြပ်စေခဲ့သည်။
ကျုံးထျန်ချွဲ့၏မျက်ဝန်းများသည် စပါးအုံးမြွေများနှင့်တူသော အပေါက်များအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ဣတ္ထိယအသွင်အပြင်တွင် အေးစက်မှုတစ်စွန်းတစ်စ တိုးဝင်လာပုံရသည်။ သူ့ခန္ဓာကိုယ်သည် လေထဲသို့ ဖြည်းညှင်းစွာမြင့်တက်လာပြီး ကျန်းချင်းအာကို ငုံ့ကြည့်နေသည်။
"ဂျူနီယာကျန်း မင်းရဲ့ ဝှက်ဖဲကို ထုတ်သုံးလိုက်တော့.....မင်းသာ နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်မှာပဲရှိသေးတယ်ဆို ငါ့အတွက်က အေးဆေးပဲ..... "
"တစ်ချက်ပဲ...."
ကျန်းချင်းအာက ကျုံးထျန်ချွဲ့ကို ဝန်းရံထားသည့် များပြားသော ပဲ့တင်ထပ်သံစွမ်းအားများကို စိုက်ကြည့်နေသည်။
"ဘာလဲ?"
"စီနိီယာကျုံးသာ ကျွန်မရဲ့ တိုက်ကွက်တစ်ကွက်ကို ခံနိုင်ရည်ရှိရင် ရှုံးနိမ့်ကြောင်းချက်ချင်းဝန်ခံလိုက်မယ်....."
ကျုံးထျန်ချွဲ့ က သူမကို အာရုံစိုက်ပြီး ပြုံးလိုက်သည်။
"တစ်ကွက်တည်း.....ဖြစ်နိုင်ပါ့မလား...စီနီယာတစ်ယောက်အနေနဲ့ ငါကတော့နောက်ပြန်ဆုတ်မှာမဟုတ်ဘူး...ကောလိပ်ရဲ့သမိုင်းဝင် အသန်မာဆုံးကျောင်းသားက ဘယ်လိုစွမ်းရည်မျိုးတွေ ထုတ်ပြမလဲ ငါတကယ်တွေ့ချင်တယ်"
တစ်ချိန်က အသန်မာဆုံး ကြယ်ခုနစ်ပွင့်အဖြစ် မာန်မာနနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုများက အလကားမဟုတ်ခဲ့ပေ။ ကျန်းချင်းအာသည် အလားတူအဆင့်တွင်ရှိနေပါက၊ ဤအဖျက်စွမ်းအားကို ရှောင်ရှားရန် သဘာဝကျကျ ရွေးချယ်သွားမည်ဖြစ်သည်။
" ကဲ....ဒါဆိုလည်း မင်းရဲ့ဆန္ဒကိုဖြည်းစည်းပေးမယ်....."