ကောင်းကင်ပုလဲတပိုင်းအဆင့်.....
Vol. 45 Ch. 627
ကျုံးထျန်ချွဲ့ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျန်းချင်းအာသည် သူမ၏လေးလံသောဓားကို အောက်ရှိကျောက်ပြားများထဲသို့ ထိုးသွင်းလိုက်သည်။ သူမ၏ လှပတင့်တယ်သော မျက်နှာသည် နက်ရှိုင်းသော ရေကန်တစ်ခုလိုပင်၊ အင်အားကြီးသော ပုလဲခြောက်လုံးနှင့် ထိတွေ့ခြင်း၏ သက်ရောက်မှုသည် သူမအတွက်ဘာကိုမှ မဖြစ်စေခဲ့ပေ။
မရေမတွက်နိုင်သော မျက်လုံးများရှေ့တွင် လက်ဟန်အချို့ပြုလုပ်ပြီး လက်ဟန်များ ဆက်လက်ပြောင်းလဲလာသည်နှင့်အမျှ ကျန်းချင်းအာ ပတ်၀န်းကျင်ရှိ သဘာဝစွမ်းအင်များ ပြင်းထန်စွာ တုန်ခါလာပြီး ဆူပွက်လာသည်။ တစ်ချိန်တည်းမှာပင် သူမခန္ဓာကိုယ်မှ ထူးထူးခြားခြား တောက်ပပြီး သန့်ရှင်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပရိသတ်အများအပြားကို အမြင်အာရုံစူးရှစေခဲ့သည်။
ကျန်းချင်းအာထံမှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံစွမ်းအားတက်အကျများသည် ကြောက်မက်ဖွယ်ကောင်းသော နှုန်းဖြင့် မြင့်
တက်နေပြီး အားကောင်းလာပုံပေါ်သည်ဟု ပါးနပ်သော လေ့လာသူအချို့က ရိပ်မိကြသည်။
ကြယ်လေးပွင့်ခန်းမ ကျောင်းသားအချို့သည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး ကျန်းချင်းအာထံမှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံစွမ်းအားများသည် ၎င်းတို့ထက် အဆပေါင်းများစွာ ကျော်လွန်နေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားကြသည်။ နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်မှတစ်စုံတစ်ဦးသည် ထိုကဲ့သို့သော ခွန်အားအဆင့်ကို အမှန်တကယ်ရောက်ရှိနိုင်ပါသလား.....
"စီနီယာကျန်းက အဆင့်တက်လို့လုပ်နေတာလား...."
ချင်ဇူလုသည် ကြယ်တစ်ပွင့်ခန်းမ၏ မြင့်မားသော ပလက်ဖောင်းပေါ်ကနေ သူမထံမှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံစွမ်းအားကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသဖြင့် အော်ပြောလိုက်သည်။
ချီချန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး....
"နှစ်ပေါင်းများစွာကြာအောင် ထိန်းထားပြီးမှ ဓူဝံအဖွဲ့ဝင် ရာထူးတစ်ခုရဖို့ နောက်ဆုံးတော့ စွန့်လွှတ်လိုက်ရပြီ... နည်းနည်းတော့ ဖြုန်းတီးရာကျတာပေါ့..."
သူမ ကျန်းချင်းအာကို ဆက်လက်လေ့လာခဲ့ပြီး လက်ရှိအခြေအနေအရ ပဲ့တင်ထပ်သံေ
စွမ်းအားကို ဖိသိပ်ထားပြီး ပေါက်ကွဲလုနီးပါးဖြစ်နေပြီဖြစ်သော ဤမီးတောင်သည် အမှန်တကယ်ပင် ပြင်းထန်သောအစုလိုက်အပြုံလိုက်ရှိနေသည်ဟု ဆိုနိုင်သည်။
သူမက တိုက်ပွဲမဝင်ခင် အဆင့်တက်ဖို့ပြင်ဆင်နေတာလား........
လီလော့သည် သူ့ရှေ့က ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို စိုက်ကြည့်နေပြီး အမူအရာကလည်း လေးနက်လာသည်။ ကျန်းချင်းအာသည် ကျုံးထျန်ချွဲ့ မည်မျှကြောက်စရာကောင်းသည်ကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့ပြီး ၎င်းတို့နှစ်ဦးကြားရှိ ကွာဟမှုသည် လွယ်ကူစွာ ဖြည့်စည်းနိုင်ခြင်း မရှိပေ။ နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ဖြင့် သူ့ကိုစိန်ခေါ်နိုင်မည်မဟုတ်သောကြောင့် သူမ၏လျှို့ဝှက်ဝှက်ဖဲများကို ယူဆောင်လာရမည်ဖြစ်ပါသည်။
ထိုစဉ် သူမပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များက လှုံ့ဆော်မှုပေးပုံရပြီး ကျန်းချင်းအာ ၏နောက်တွင် လျင်မြန်စွာ ပေါင်းစပ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူမခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သ့စွမ်းအားများကလည်း သူမနောက်သို့ စိမ့်ဝင်သွားကာ အချိန်တိုလေးအတွင်းမှာပဲ ကျန်းချင်းအာရဲ့ နောက်ကွယ်မှာ တောက်ပတဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းဘောလုံးကြီးတွင် ကြောက်မက်ဖွယ်ကောင်းသော ပဲ့တင်ထပ်သ့စွမ်းအားများစွာ ပါဝင်နေပုံရပြီး အားလုံးသည် အတွင်းတွင် ချုပ်နှောင်ခံထားရပုံရသည်။
သူ့ပတ်ဝန်းကျင်က လေဟာနယ်သည်လည်း တုန်လှုပ်ခြောက်ခြားစပြုလာခဲ့ပြီ။
တစ်နည်းအားဖြင့်၊ ၎င်းသည် ကောင်းကင်ပုလဲနှင့်တူသည်။
မရေမတွက်နိုင်သော ပုဂ္ဂိုလ်များသည် စကားမပြောဘဲမှင်သက်နေကြသည်။ ကျန်းချင်းအာက ဘာလုပ်ဖို့ စီစဉ်နေတာလဲ... ကောင်းကင်ပုလဲအဆင့်ကိုတက်လှမ်းဖို့ ကြိုးစားနေတာလား......
လီလော့ မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ ဖိနှိပ်ထားသော အလားအလာနှင့် အောင်မြင်မှုများကို ယခုပင် လွှတ်ပေးရန် အမှန်တကယ် စီစဉ်ထားသလား....
ထိုသို့လုပ်ဆောင်ခြင်းသည် ကံကြမ္မာကောင်းကြီးတစ်ခုဖြစ်သော်လည်း နည်းပြချီချန်း ပြောပုံအရဆို ဓူဝံအဖွဲ့ဝင်ဖြစ်ရန်အတွက် သူမ ဤမျှကြာအောင် ထိန်းထားနိုင်သည်မှာ အနည်းငယ်ထူးဆန်းပုံရသည်။
အခုလို တိုက်ပွဲအလယ်မှာ အဆင့်တက်ခြင်းသည် အနှောက်အယှက်များစွာရှိနိုင်သည်။
သို့သော် သူမကိုအပြည့်အဝယုံကြည်ထားသည့်အတွက် အဆုံးထိဆက်လက်စောင့်ကြည့်ရပေမည်။
တုန်ခါသော ပဲ့တင်ထပ်သံစွမ်းအားဖြင့် ထုလုပ်ထားသည့် ကောင်းကင်ပုလဲ၏ ကြောက်မက်ဖွယ်ရာ မြင်ကွင်းသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး ၎င်း၏ နောက်ဆုံး ပေါင်းစပ်မှုတွင် လှိုင်းလုံးကြီးတစ်ခု ထုတ်လွှတ်လိုက်သည်။ အကြွင်းအကျန် ပဲ့တင်ထပ်သံစွမ်းအားတွေက လှိုင်းလုံးကြီးလို လွင့်ထွက်သွားပြီး အောက်ဘက်က ကျောက်ပြားတွေတောင် ကွဲအက်သွားစေခဲ့သည်။
"အဆင့်တက်သွားပြီလား...?!"
ထိုမြင်ကွင်းကို မျှော်လင့်ထားသော်လည်း ပရိသတ်ကို အံ့အားသင့်စေခဲ့သည်။
လီလော့သည် ကျန်းချင်းအာ ဖန်ဆင်းထားသည့်ကောင်းကင်ပုလဲကို စေ့စေ့ကြည့်နေသည်။ အပြင်မှ တကယ့် ကောင်းကင်ပုလဲတစ်လုံးလို ရှင်းရှင်းလင်းလင်းမြင်ရသော်လည်း ကျုံးထျန်ချွဲ့၏ပုလဲနှင့် နှိုင်းယှဥ်ကြည့်လျှင် အနည်းငယ် ကွဲလွဲနေပုံရသည်။
"အဆင့်မတက်နိုင်ခဲ့ဘူးထင်တယ်.... ကောင်းကင်ပုလဲအဆင့်ကို ခြေလှမ်းတဝက်လောက်သာတက်ဖို့ပဲ ရွေးချယ်ခဲ့ပုံရတယ်..... သူမရဲ့ ခန္ဓာကိုယ်ထဲက ပဲ့တင်ထပ်သံစွမ်းအားတွေက ကန့်သတ်ချက်တွေကို ရောက်နေပြီဖြစ်လို့၊ ကောင်းကင်ပုလဲတပိုင်းအဆင့် ပုံစံမျိုးလုပ်ဖို့ ရွေးချယ်ခဲ့တယ်.....ဒါကို ကောင်းကင်ပုလဲတပိုင်းအဆင့်လို့ခေါ်နိုင်တယ်.....ဒါက ပြီးပြည့်စုံတဲ့ အောင်မြင်မှုမဟုတ်ပေမယ့် တပိုင်းအဆင့်နဲ့ ဆင်တူတယ်... ဒါပေမယ့်လည အရည်အချင်းပိုင်းဆိုင်ရာ တိုးတက်မှုကို ပံ့ပိုးပေးနေဆဲပဲ" ဟု နည်းပြချီချန်းက ရှင်းပြခဲ့သည်။
"ကောင်းကင်ပုလဲတပိုင်းအဆင့်?"
ကျန်လူများက တစ်ယောက်ကိုတစ်ယောက် အတွေးကိုယ်စီဖြင့် ကြည့်နေကြသည်။
"...သူက ကောင်းကင်ပုလဲတပိုင်းအဆင့်မှာတောင် ဒီလောက်ကြီးမားသော ပဲ့တင်ထပ်သံစွမ်းအားတွေကို ပိုင်ဆိုင်ထားနိုင်တယ်ပေါ့..... ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလို စွဲမက်ဖွယ်ကောင်းတဲ့အရာကို ပထမဆုံးမြင်ဖူးခြင်းပဲ"
နည်းပြချီချန်း၏သုံးသပ်ချက်ကို ကျန်သော ခရမ်းအဆသ့်နည်းပြများကလည်း ထောက်ခံနေကြသည်။
ကျန်းချင်းအာ၏ ကောင်းကင်ပုလဲတစ်ခုတည်း၌ရှိ စွမ်းအားပမာဏသည် ပုလဲသုံးလုံးရှိသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်ပုလဲတပိုင်းအဆင့်ကိုမြင်တွေ့ခွင့်ရခြင်းမှာ အလွန်ကံကောင်းသည်ဟုမှတ်ယူနိုင်သည်။
နည်းပြချောင်ရှန်းက ပြုံးလိုက်ပြီး....
" တိမ်မြုပ်နေတဲ့ မီးတောင်ဟာ သဘာဝအတိုင်း အဖျက်စွမ်းအားတွေ ထွက်လာလိမ့်မယ်.... ကျန်းချင်းအာ ဘယ်လောက်အထိ သွားနိုင်တယ် ဆိုတာ သိချင်စိတ်ပြင်းပြနေမိတယ်....နောက်ဆုံး သူ့ကိုယ်သူ လွှတ်ချလိုက်ရင် ဘယ်လို ခွန်အားမျိုး ရှိလာမှာလဲ.....“
နည်းပြမီအာက သက်ပြင်းတစ်ချက်ချလိုက်ပြီး....
"မီးရှူးမီးပန်းများတွေနဲ့ခမ်းနားတဲ့ ကောင်းကင်ကြီးလို ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်ဒါက ယာယီပါပဲ...."
“နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် သိုဝှက်ထားတဲ့ မီးရှူးမီးပန်းတွေထဲမှာ သူမရဲ့ သွေး၊ ချွေးနဲ့ မျက်ရည်တွေနဲ့ ရောနေတယ်...”
နည်းပြများ၏ အပြန်အလှန်ဆွေးနွေးသံကြောင့် လီလော့ အတွေးထဲနစ်မြောနေ၏။ သို့သော် နှလုံးသား၏အနက်ရှိုင်းဆုံးတွင် သူမအပေါ် ကြင်နာမှု ခံစားချက်ကို ခံစားလိုက်ရသည်။
ကျက်သရေရှိပြီး ပြိုးပြိုးပြက်ပြက်ပြက်တောက်ပနေသော အလှနတ်ဘုရားမကို ဆက်လက် ငေးကြည့်နေမိသည်။ ကျန်းချင်းအာသည် ဤခက်ခဲကြမ်းတမ်းသောလမ်းကို လျှောက်ရန် မည်မျှဖိအားပေးခံရသည်ကို သူနားမလည်နိုင်ပေ။
လော့လန်အိမ်တော်၏အကျိုးနှင့်ဗလာနန်းတော်များရှိသည့်သူ့ကိုကာကွယ်ရန်အတွက် သူမ၏ထက်မြက်မှုကို ထိန်းထားရန်နှင့် သူမ၏ခွန်အားကိုစုဆောင်းရန်၊ ဤအရေးကြီးသောအခိုက်အတန့်အတွက် အားလုံးရွေးချယ်ခဲ့သည်။
သူမသည် အလွန်ကြီးမားသော တန်ကြေးတစ်ခုကိုပေးဆပ်နေခြင်းဖြစ်သည်။
"စိတ်ချပါ ချင်းအာ....အိမ်တော်စုဝေးပွဲအတွက် ဖိအားတွေကို မင်းတစ်ယောက်တည်းထမ်းပိုးထားစရာမလိုပါဘူး....ဘာတွေပဲဖြစ်ဖြစ် ငါ မင်းရဲ့အနားမှာ အမြဲရှိနေမှာပါ"
လီလော့က သူမကို နွေးထွေးစွာကြည့်ရင်း သူ့နှလုံးသားထဲမှာ ကတိပေးတခုရေးထွင်းခဲ့လေပြီ။
"ချင်းအာ၊ မင်း အစွမ်းကုန် ကြိုးစားပါ!"
သူ ရုတ်တရက် ထအော်လိုက်သည်နှင့် အားပေးသံများတလစပ်ထွက်ပေါ်လာလေ၏။
"စီနီယာကျန်း! စီနီယာ လုပ်နိုင်ပါတယ်!"
"ဒဏ္ဍာရီတပုဒ်ရေးထိုးလိုက်ပါ... "
"စီနီယာကျန်းက ကောလိပ်ရဲ့သမိုင်းမှာ အသန်မာဆုံး ကြယ်သုံးပွင့် ယခန်းမ ကျောင်းသူပဲ!"
ကျန်းချင်းအာသည် ကြယ်တာယာခရီးရှည်ကောလိပ်တစ်ခုလုံးတွင် ပြိုင်ဘက်မရှိဟု ယူဆနိုင်သည့် ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ယခု သူမသည် ကြယ်သုံးပွင့်ခန်းမ ကျောင်းသားဘဝနှင့် ဓူဝံအဖွဲ့ကို စိန်ခေါ်မှုတွင် ပါဝင်ရန် ရွေးချယ်ခဲ့သည်။ ထုံးစံအတိုင်း၊ ဤလုပ်ရပ်၏ အရေးပါမှုကြောင့် အားလုံးကလည်း ဒဏ္ဍာရီတစ်ခု ဖန်တီးမှုတွင် သမိုင်းကို စိတ်ပါလက်ပါ ခံစားလိုကြသည်။
ထိုအချိန်တွင် သူမသည် လီလော့ကို တိုက်ရိုက်လှည့်ကြည့်လိုက်သည်။ သူမ၏ နူးညံ့သိမ်မွေ့သော ပါးပြင်ပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
လီလော့ကတော့ မနာလိုသောအကြည့်များ၏ သားကောင်ဖြစ်သွားခဲ့ချေပြီ။
သို့သော် ဤမနာလိုသောစိတ်ရှိသူများသည် တခဏမျှသာ လိလော့ကိုအာရုံစိုက်ခဲ့ကြပြီး ရှေ့လာမည့်တိုက်ပွဲကိုသာ အာရုံစိုက်နေကြသည်။
ကျန်းချင်းအာ စတင်လှုပ်ရှားတော့မည်။
သူမသည် ကျောက်စိမ်းနှင့်တူသော လက်ဖဝါးကို ရိုးရှင်းစွာ မြှောက်လိုက်ကာ သူမ၏နောက်ကွယ်မှ တောက်ပနေသော အလင်းတန်းပုလဲသည် မရေမတွက်နိုင်သော စွမ်းအင်စီးကြောင်းများအဖြစ်သို့ ကျိုးပဲ့သွားကာ သူမ၏လက်ထဲတွင် တိုက်ရိုက်ဆုံမိသွားသည်။
တစ်မှိတ်အတွင်းမှာပင် ကောင်းကင်ပုလဲတပိုင်းအဆင့် ပျောက်ကွယ်သွားပြီးနောက် သူမ၏လက်အတွင်း၌ ဖြစ်ပေါ်လာသောအရာမှာ သန့်ရှင်းသောကြာပန်းတစ်ခုဖြစ်နေသည်။
ကြာပန်း၏ထိပ်မှ ဖြူဖွေးသော မီးလျှံသည် လေထဲသို့ တဖြေးဖြေး တက်လာပြီး အရာခပ်သိမ်းကို သန့်စင်ပေးနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားပုံရသည်။
ပဒုမ္မာကြာပန်းက တဖြည်းဖြည်း လှည့်ပတ်လာပြီး လေဟာနယ်ကိုပင်ပျက်ယွင်းသွားစေခဲ့သည်။
မရေမတွက်နိုင်သော မျက်လုံးအစုံသည် ပဒုမ္မာကြာ၏ အညှာကို ဆန်းစစ်ကြည့်ရာ ....
"ဒါဟာ အဆင့်မြင့် နဂါးပညာဖြစ်တဲ့ မြင့်မြတ်တဲ့ မီးကြာပန်းမလား...."
အရည်အသွေးမြင့် နဂါးအဆင့်ပညာရပ်သည် မြို့စားအဆင့်ပညာရပ် အောက်ရှိ အပြင်းထန်ဆုံးပညာရပ်အမျိုးအစားဖြစ်သည်။ ၎င်းတို့သည် လေ့ကျင့်ရန် ခက်ခဲသော နာမည်ဆိုးဖြင့် ကျော်ကြားပြီး ကျန်းချင်းအာ၏ သရုပ်ပြမှုသည် များစွာသော ရင်းနှီးကျွမ်းဝင်မှု ရှိသည်ကိုပြသနေသည်။
အကယ်၍ ကောလိပ်မှ ကွယ်ဝှက်ထားသော မြို့စားအဆင့်ပညာရပ်ကို ထည့်မစဉ်းစားခဲ့ပါက မြင့်မြတ်သောမီးတောက်ကြာပန်ပညာရပ်သည် အခြားသူများနှင့် မနှိုင်းယှဉ်နိုင်သော အကြွင်းမဲ့ ပညာရပ်ဖြစ်သည်မှာ သေချာပါသည်။
ကျန်းချင်းအာသည် ကျော်ကြားမှုနှင့်ထိုက်တန်သော ပါရမီရှင်တစ်ဉီးဖြစ်သည်ကို မည်သူငြင်းနိုင်မည်နည်း။