← Chapters

အဖွဲ့ဝင်အသစ်....ဒဏ္ဍာရီအသစ်တပုဒ်ရေးထိုးခြင်း.....

Vol. 45 Ch. 629

အဖွဲ့ဝင်အသစ်....ဒဏ္ဍာရီအသစ်တပုဒ်ရေးထိုးခြင်း.....

Vol. 45 Ch. 629

မမျှော်လင့်ထားသောတိုက်ပွဲအဆုံးသတ်ကြောင့် အားလုံးတိတ်ဆိတ်နေကြပြီး တခဏအကြာတွင် မိုးလုံးပြည့်လုမတတ် သောင်းသောင်းဖြဖြအားပေးသံများ ထွက်ပေါ်လာခဲ့သည်။

ကျန်းချင်းအာကိုထောက်ခံသူအားလုံးကတော့ လုံးလုံးလျားလျား ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။

အများအားဖြင့် အေးဆေးတည်ငြိမ်နေသူတွေပင် သူတို့ကိုယ်တိုင်အနိုင်ရသကဲ့သို့ ထိတ်လန့်အံ့သြနေကြသည်။

ကောလိပ်၏ ရှည်လျားသော သမိုင်းကြောင်းတွင် ဒဏ္ဍာရီတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ..... ဤသည်မှာ ကြယ်သုံးပွင့် ကျောင်းသားတစ်ဦးအနေဖြင့် ဓူဝံအဖွဲ့ဝင်အဖြစ် ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်သည်။

ထို့အပြင် ဓူဝံအဖွဲ့ဝင်များအတွင်းအဆင့်အနိမ့်ဆုံးရာထူးမဟုတ်ပေ။

ကြံ့ခိုင်မှုအရ ကျုံးထျန်ချွဲ့သည် ကုန်းရှန်ကျွင်းတို့မောင်နှမထက်ပင်သာလွန်သည်။ မည်သူမျှ သူ၏ ခွန်အားကို သံသယမရှိကြသောကြောင့် ကျန်းချင်းအာ၏အောင်ပွဲသည် ရွှေရောင်တောက်ပနေသည်။

ထို့အပြင် တိုက်ပွဲတွင် နှစ်ဖက်စလုံးသည် ၎င်းတို့၏ အဆုံးစွန်သော ပညာရပ်များကိုသုံးပြီး တစ်ဖက်နှင့်တစ်ဖက် တွန်းလှန်ခဲ့ကြပြီး လက်ရည်တူစွာတိုက်ခိုက်ခဲ့ကြသည်။

"စီနီယာကျန်းက ကောလိပ်ရဲ့သမိုင်းမှာ အပြင်းထန်ဆုံး ကြယ်သုံးပွင့် ခန်းမ ကျောင်းသားဖြစ်တဲ့အပြင် ဓူဝံအဖွဲ့ဝင်ဖြစ်သွားခဲ့ပြီ......စီနီယာကျန်းက အတော်ဆုံးပဲ....."

ဤကဲ့သို့ ချဲ့ကားမှုမျိုးနှင့် ရင်ဆိုင်ရသော်လည်း မည်သူကမျှ ၎င်းတို့အား တားဆီးရန် မဆုံးဖြတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့က တိုက်ပွဲ၏ ရလဒ်သည် သူတို့အား တုန်လှုပ်စေခဲ့သည်။

ကောင်းကင်ပုလဲတပိုင်းအဆင့်က ပုလဲခြောက်လုံးအဆင့်ကို အပြတ်အသတ်အနိုင်ပိုင်းနိုင်ခြင်းသည် ရူးချင်စရာကောင်းလောက်သည့် ရလဒ်ပင်......

ယနေ့ တိုက်ပွဲက အမြင်သစ်ကိုဖွင့်လှစ်ပေစလိုက်သလိုပင်.....

"ဂျူနီယာကျန်းက အံ့သြစရာပဲ..."

ကျောက်တိုင်ထိပ်တွင်ထိုင်နေသော ဝမ်ချောင်၏စကားသံထွက်ပေါ်လာသည်။

"ကောလိပ်က ကျောင်းသားတွေရဲ့ အရည်အသွေးက တစ်နှစ်ထက်တစ်နှစ် တိုးတက်လာပြီ.... ဂျုနီယာကျန်းသာ ဒီအတိုင်းတိုးတက်လာရင် မင်းသမီးလည်း နေရာဖယ်ပေးရတော့မယ်ထင်တယ်....."

ဝမ်ချောင်က ကုန်းရှန်ကျွင်းတို့မောင်နှမကိုလှမ်းကြည့်နေသည်။

မင်းသမီးက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး.....

"ချင်းအာရဲ့ အလားအလာနဲ့ အရည်အချင်းတွေကို အားလုံးမြင်တွေ့ရမှာပါ....ရှပြည်ထောင်စုရဲ့ အသက်အငယ်ဆုံး မြို့စားအဆင့်ပညာရှင်အဖြစ် နှစ်အနည်းငယ်အတွင်းမှာ တွေ့မြင်ရမှာသေချာတယ်....."

ကုန်းရှန်ကျွင်းကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။

"ဂျူနီယာကျန်းက ကောလိပ်ရဲ့ Astral Sage အတောက်ပဆုံးသော ကြယ်ပွင့်ဖြစ်တယ်.....ကျုံးထျန်ချွဲ့ကို အနိုင်ယူနိုင်ပေမယ့် သူမ၏ နောက်ကွယ်မှာ လှည့်ကွက်အနည်းငယ်ရှိနေပုံပဲ.... ကြည့်ရတာ စွမ်းအားကိုယာယီမြှင့်တင်ပေးနိုင်မယ့် လျှို့ဝှက်ကျင့်စဉ်တမျိုး လေ့ကျင့်ထားတယ်နဲ့တူတယ်....ကျုံးထျန်ချွဲ့သာ အချိန်ဆွဲထားနိုင်ရင် ရလဒ်ကပြောင်းပြန်ဖြစ်သွားနိုင်တယ်....ဂျုနီယာကျန်းသုံးခဲ့တာက မြင့်မြတ်သောမီးတောက်ကြာပန်းကျင့်စဉ်မဟုတ်ဘဲ မြင့်မြတ်သောအလင်းဓားကျင့်စဉ်ဖြစ်နိုင်တယ်...ဒါကြောင့်မိုလဲ ကျုံးထျန်ချွဲ့သုံးခဲ့တဲ့ပညာရပ်ကို တန်ပြန်တွန်းလှန်နိုင်ခဲ့တာပေါ့......"

ကုန်းရှန်ကျွင်း၏ ခွဲခြမ်းစိတ်ဖြာမှုသည် ယုတ္တိရှိပုံပေါ်ရသဖြင့် အားလုံးက သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

"အဆင့်မြင့်တဲ့ နဂါးအဆင့်ပညာနှစ်ခုကို ပေါင်းစပ်နိုင်တာကိုက ထူးခြားနေပြီမဟုတ်လား...မြင့်မြတ်သောမီးတောက်ကြာပန်းထဲမှာ ဓားချီကိုမြှုပ်နှံထားတာမျိုးကို ဘယ်သူလုပ်နိုင်မှာလဲ....အစ်ကိုတော်....အစ်ကိုတော်ရဲ့ခွဲခြမ်းစိတ်ဖြာမှုက အသေးစိတ်ကျတယ်ဆိုပေမယ့်လည်း သူတို့ကြားက ကွာဟချက်က မနည်းဘူးလေ...အဲ့တော့ လှည့်ကွက်အချို့သုံးတာ ဘာမှားနေလို့လဲ"

" လွမ်ယု...ငါက တိုက်ပွဲကို ဓမ္မဓိဋ္ဌာန်ကျကျ မှတ်ချက်ပေးရုံပါပဲ....မသိရင်ငါကပဲ ဂျုနီယာကျန်းကို ပုတ်ခတ်နေသလိုဖြစ်နေပြီ.... ဂျုနီယာကျန်းအခုလိုစံချိန်သစ်တင်နိုင်တဲ့အတွက် တကယ်ဝမ်းသာမိပါတယ်...."

စကားစမြည်ပြောနေကြစဉ် လီလော့က ကျန်းချင်းအာကိုကြည့်ပြီး လက်မထောင်ပြလိုက်သည်။

"စီနီယာကျန်းက အရမ်းမိုက်တာပဲ!"

ပိုင်မျန်မျန်က သက်ပြင်းချရင်းချီးကျူးလိုက်သည်။

"ဟုတ်တယ်... စီနီယာကျန်းက ငါတို့ ကျော်တက်ရမယ့် ပစ်မှတ်ပဲ၊ ငါ့မှာ ရှိရှိသမျှ အရာအားလုံးရင်းပြီး ကြိုးစားကျင့်ကြံမယ်..... ဒါမှ သူမရဲ့ ထက်မြက်တဲ့ အစိတ်အပိုင်းလေးတစ်ခု ငါ့အပေါ် လွှမ်းမိုးသွားနိုင်တယ်..." လို့ သူရဲကောင်းဆန်တဲ့ ပိုင်တုတုက ထိန်းထိန်းသိမ်းသိမ်း မှတ်ချက်ပေးခဲ့သည်။

ထို့နောက် သူမက လီလော့ကို လှည့်ကြည့်လိုက်သည်။

"လီလော့....ဒီလောက်တော်တဲ့သူနဲ့စေ့စပ်နိုင်ခဲ့တာ နင်အရမ်းကံကောင်းတာပဲ....."

"အေး..ငါလည်းအတော်ကျေနပ်နေမိတယ်....."

"နင့် ကောင်းတဲ့အချက်တွေ ရှိကောင်းရှိနိုင်ပေမယ့် စီနီယာကျန်းကို မှီဖို့ အများကြီးလိုသေးတယ်....."

ပိုင်တုတု၏နောက်ဆက်တွဲစကားကြောင့် လီလော့ မျက်လုံးပြူးသွားသည်။

"အစ်မ၊ နင့် စကားတွေက သိပ်အဆင်မပြေဘူး....ခေါင်းဆောင်ဘယ်အဆင့်ရောက်နေပြီလဲသိရဲ့လား..... "

ပိုင်မျန်မျန်က ရုတ်တရက်အော်လိုက်သဖြင့် ပိုင်တုတု အနည်းငယ် ထိတ်လန့်သွားပုံရသည်။ တစ်ချိန်တည်းမှာပဲ ချင်ဇူလု၊ဝမ်ဟေးကျူ၊ဒူဇီပိုင်ရွှမ်းနှင့် ကျန်တဲ့သူတွေက လှည့်ကြည့်နေကြသည်။

"ဘာကိုဆိုလိုတာလဲ?"

ပိုင်တုတုသည် ပိုင်မျန်မျန်၏စကားကိုကြားသောအခါ သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်လောက်သော အံ့သြမှုများဖြစ်ပေါ်လာသည်။

လီလော့က တလတာအတွင်းတိုးတက်ခဲ့ပြီလား...

"နင် စစ်သူကြီးတပိုင်းအဆင့်ရောက်နေပြီလား..."

"အင်း...နင့်ခန့်မှန်းချက်ကနည်းနည်းတော့နီးစပ်တယ်......"

"နင်....နင် နတ်ဆိုးနန်းတော်အဆင့်ရောက်နေပြီလား...."

အေးဆေးတည်ငြိမ်တတ်သော ချင်ဇူလုပင် ပြာယာခတ်သွားခဲ့သည်။

ဒီကောင်လေးက တစ်လလောက် ပျောက်ကွယ်သွားပြီး နတ်ဆိုးနန်းတော်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလား....ဘယ်လောက်တောင် မွန်းစတားဆန်လိုက်သလဲ.....

ရှန့်ပိန်းတွေ့ဆုံပွဲ ရလဒ်ကြောင့် လီလော့တွင် ဆုလာဘ်များစွာပိုင်ဆိုင်ထားသော်လည်း၊နတ်ဆိုးနန်းတော်အဆင့်သို့ ဝင်ရောက်ရန် အနည်းဆုံး တစ်နှစ်ခွဲခန့် အချိန်လိုအပ်မည်ဟု လူတိုင်းက ခန့်မှန်းခဲ့ကြသည်။

သူဘာလုပ်ခဲ့လဲ? သူ့မှာ ဘယ်လို ရူးလောက်စရာ အရည်အချင်းတွေ ရှိနေတာလဲ.....

သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာတွေကို ကြည့်ပြီး လီလော့ ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့ စီနီယာကျန်းက ကြယ်သုံးပွင့်ခန်းမအတွက် ဒဏ္ဍာရီအသစ်ကို ပုံဖော်ထားနိုင်ပေမယ့် ငါကလည်း ကြယ်တစ်ပွင့်ခန်းမအတွက် ဒဏ္ဍာရီသစ်ရေးထိုးနိုင်အောင် ဆက်ပြီး ကြိုးစားပါ့မယ်!"

ထိုအချိန်တွင်၊ ယုလန်သည် ငြူစူပြီး မနာလိုစိတ်ဖြင့်သာ ကြည့်နေနိုင်သည်။ မျက်နှာပြောင်တိုက်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်ခြင်းတွင် လီလော့ကို ယုလန်ပင်လိုက်မမှီနိုင်ခဲ့ပေ။

ပိုင်တုတုသည်ပင် သူ၏ အရှက်ကင်းမဲ့မှုနှင့် ရည်မှန်းချက်ကြောင့် ဆွံအနေခဲ့ရသည်။ သို့သော်၊ ကောလိပ်၏သမိုင်းတွင်မည်သူမျှ ကြယ်တစ်ပွင့်ကျောင်းသားဘဝနှင့် နတ်ဆိုး

"လော့လန်အိမ်တော်က တိုးတက်ပြီးရင်တိုးတက်နေတော့မှာသေချာတယ်......."

ပိုင်တုတုက ဝေဝါးစွာမှတ်ချက်ပေးလိုက်သည်။

မွန်းစတားဆန်သောသူနှစ်ယောက်ကို ပိုင်ဆိုင်ထားသော လော့လန်အိမ်တော်တွင် နှစ်အနည်းငယ်အတွင်း မြို့စားအဆင့်နှစ်ဉီးမလွဲမသွေပေါ်ထွန်းလာပေလိမ့်မည်။

"မင်းရဲ့အသံကို လျှော့လိုက်ပါ....ငါမကြေငြာချင်သေးဘူး... ဒါတွေအားလုံးက မျန်မျန်ရဲ့အမှားပဲ"

လီလော့က ပိုင်မျန်မျန်၏ကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

"တောင်းပန်ပါတယ် ခေါင်းဆောင်..."

ဒါကိုမြင်တော့ ပိုင်တုတုက သူ့ညီမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေရင်းနဲ့ ....

"နင် ငါ့ညီမကို အနိုင်မကျင့်နဲ့.... သူ မပြောခဲ့ဘူးဆိုရင်တောင် မင်းရဲ့ အရှက်ကင်းမဲ့တဲ့ ပုံစံနဲ့ ကြေညာဖို့ နည်းလမ်းရှာပြီးနေလောက်ပြီ......!"

"ဟေး၊ ငါက အဲ့လိုလူစားမျိုးမဟုတ်ရပါဘူး....."

လီလော့က နာကျင်စွာ ငြင်းဆန်လိုက်သည်။

...................................

ထိုစဉ် ဒုကျောင်းအုပ်စုရှင်းက အပြီးသတ်ရလဒ်ကိုကြေငြာပေးခဲ့သည်။

"ကောင်းသောနေ့ပါ၊ ဒီနေ့ ဒဏ္ဍာရီအသစ်တစ်ခုမွေးဖွားခြင်းကို ငါတို့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီ.... ကြယ်သုံးပွင့်ခန်းမကျောင်းသူ ကျန်းချင်းအာက ဓူဝံအဖွဲ့ဝင် ကျုံးထျန်ချွဲ့ကို အနိုင်ယူပြီး အဖွဲ့သစ်ဖြစ်လာခဲ့ပါပြီ..... "

ကျောင်းသားအားလုံး၏ နားထဲတွင် ပဲ့တင်ထပ်နေသည့် ကြေငြာသံနှင့်အတူ ရင်ပြင်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

ကြေငြာချက်ပြီးဆုံးသောအခါ ကျန်းချင်းအာ၏ ပဲ့တင်ထပ်သံစွမ်းအားများ တဖြည်းဖြည်း လျော့ပါးလာပြီး တစ်ဖန်ပြန်ချုပ်နှောင်ခံလိုက်ရသည်။ ယခင်က တဟုန်းဟုန်း ပြင်းထန်စွာတောက်လောင်နေသော ပဲ့တင်ထပ်နေသံစွမ်းအားများသည်လည်း ပုံမှန်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ကြေညာချက်ကို ရင်ဆိုင်နေရသော သူမ၏ ချစ်စရာကောင်းသော ရွှေရောင်မျက်လုံးများသည် နက်နဲပြီး မလှုပ်မယှက် ငြိမ်နေသော ရေကန်တစ်ခုလို ငြိမ်သက်နေခဲ့သည်။

ရလဒ်ကတော့ အားလုံး မျှော်လင့်ထားသလိုပင်......

သူမသည် တစ်ချိန်လုံး ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

သူမသည် သူမ၏ စွမ်းရည်များကို နှစ်ပေါင်းများစွာ ဖိနှိပ်နေခဲ့သည်။ ဓူဝံအဖွဲ့ဝင်ဖြစ်ဖို့အတွက် ဤတိုက်ပွဲသည် ရှုထောင့်တစ်ခုမျှသာဖြစ်သည်။ သူမ ခေါင်းကို လှည့်လိုက်သည်နှင့် သူမ၏ နူးညံ့သော အကြည့်များက ကျောင်းသားတစ်ယောက်တည်းပေါ်တွင်သာကပ်ညိနေသည်။

"လီလော့....ငါနင့်ကို အားလုံးနဲ့ရင်းပြီး သေချာကာကွယ်ပေးပါ့မယ်......"

All Chapters