← Chapters

လျှောက်လွှာတင်ခြင်း.....

Vol. 45 Ch. 630

လျှောက်လွှာတင်ခြင်း.....

Vol. 45 Ch. 630

ကြီးမားသော တိုက်ပွဲကြီး ပြီးဆုံးသွားသော်လည်း လေထုသည် ယခုမှ စတင် ပူနွေးလာခဲ့သည်။ ကျောင်းသားများ လူစုခွဲလိုက်သည်နှင့် နေရာအနှံ့တွင်စိတ်လှုပ်ရှားမှုများပျံ့လွှင့်နေဆဲပင်.....

ဒါဟာ သမိုင်းဝင် ဖြစ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်ပြုထိုက်တဲ့ ပွဲတစ်ခုပင်.....

သူတို့ ကောလိပ်မှ ထွက်ခွာခဲ့လျှင်တောင် ဤအခိုက်အတန့်ကို ၎င်းတို့၏ အမှတ်တရအဖြစ် အမှတ်အသားပြုနိုင်မည်ဖြစ်သည်။

ယခုအခါတွင် ဓူဝံအဖွဲ့ဝင်အတွက် တိုက်ပွဲ ပြီးဆုံးသွားသောအခါ လီလော့သည် နည်းပြချီချန်းနှင့်အတူ ဒုကျောင်းအုပ်စုရှင်း ဆီသို့ လျှောက်လှမ်းလာခဲ့သည်။ သူသည် နည်းပြချီချန်း လျှောက်ထားရန် စီစဉ်နေသော နတ်ဆိုးမူလဆေးလုံးများထဲမှ တစ်ခုကို ရရှိမည့် အခွင့်အလမ်းအတွက် သူ့စိတ်ထဲတွင် လေးလေးနက်နက် မျှော်လင့်စောင့်စားနေခဲ့သည်။

၎င်းသည် ကျင့်ကြံခြင်းအတွက် အကျိုးရှိမည်ဖြစ်ပြီး၊ သူ၏ အခြားသော ပဲ့တင်ထပ်သံနန်းတော်နှစ်ခုကို ပိုမိုလျင်မြန်စွာ သန့်စင်နိုင်မည်ဖြစ်သည်။

တိုက်ဆိုင်စွာပင်၊ လီလော့သည် ဒုကျောင်းအုပ်စုရှင်း အနားတွင် စီနီယာ ဇူရွှမ်း ကို တွေ့လိုက်ရသည်။ ဤအခိုက်အတန့်တွင် တူညီသောအကြောင်းပြချက်ကြောင့် ဤနေရာ၌ရှိနိုင်သည်ကို သိသောကြောင့် သူ့နှလုံးခုန်သံမြန်ဆန်နေသည်။

ဇူရွှမ်းသည် လီလော့ကိုမြင်သောအခါ အရင်နှင့်မတူဘဲ စိတ်လိုလက်ရပြုံးပြနေသည်။ ရှန့်ပိန်းတွေ့ဆုံပွဲအတွင်း လီလော့ကို မြင်တိုင်း ကြောက်ရွံ့မှု ခံစားခဲ့ရသော်လည်း ယခုအခါ ၎င်းကို ယုံကြည်မှုအပြည့်ဖြင့် အစားထိုးနိူင်ခဲ့ပြီဖြစ်သည်။

" စီနီယာဇူက စစ်သူကြီးတပိုင်းအဆင့်ထဲကို ရောက်သွားပြီလို့ကြားတယ်.... အမှန်ပဲလား...."

လီလော့က စိတ်ဝင်တစား မေးလိုက်ပြီး နွေးထွေးစွာ ပြုံးလိုက်သည်။

" အင်း...မင်းလည်းမကြာမီ အဆင့်တက်နိုင်အောင်ကြိုးစားနော်.... ရွေးချယ်စရာမရှိဘူးလေကွာ...... ကြယ်နှစ်ပွင့်ခန်းမရဲ့ ဂုဏ်အသရေအတွက် ငါအကောင်းဆုံးလုပ်ရမယ်......"

သူ့အရိုးများအတွင်းမှ မောက်မာမှုကို နှိမ်နှင်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း မာနများကို သူ့မျက်လုံးများတွင် မြင်နိုင်သည်။ သူ့မှာ ဒီလို ခံစားခွင့် ရှိသည်။ စစ်သူကြီးတပိုင်းအဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့ခြင်းသည် ကြယ်နှစ်ပွင့်ခန်းမ၌ရှိသူများအတွက် ကြီးမားသောအောင်မြင်မှုတစ်ခုဖြစ်သည်။သူသည် အရင်းအမြစ်များကို သုံးခဲ့ရပြီးနောက်ဆုံးတွင် ထိုခြေလှမ်းကို ရှေ့သို့လှမ်းနိုင်ခဲ့သည်။

ရှန့်ပိန်းတွေ့ဆုံပွဲတွင် သူသည် အပြတ်အသတ်နင်းချေခံခဲ့ရသည်။ ကောလိပ်၏ခန်းမ လေးခုအနက် ကြယ်နှစ်ပွင့် ခန်းမသည် အညံ့ဆုံးဖြစ်နေကြောင်းလူသိများသည်။ကြယ်နှစ်ပွင့်ခန်းမ၏ အသန်မာဆုံးလူတစ်ယောက်အနေဖြင့်၊ သူသည် အောင်မြင်မှုများ မရရှိခဲ့သည့်အပြင် အခြားသူများ၏ အဆက်မပြတ် တောက်ပနေမှုများကြားတွင် မျက်နှာငယ်ခဲ့ရသည်။

အရင်တုန်းကတော့ကြယ်နှစ်ပွင့် ကျောင်းသားတွေဟာ လေးစားရတဲ့ စီနီယာတွေအဖြစ် မော်ကြွားနိုင်ခဲ့သော်လည်း ရှန့်ပိန်းတွေ့ဆုံပွဲပြီးဆုံးချိန်တွင် ရှက်စရာကောင်းလောက်အောင် ခံစားခဲ့ရပြီး ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားများရှေ့ ခေါင်းမဖော်ဝံ့တော့ပေ။

ဇူရွှမ်း၏ သူငယ်ချင်းများကပင် ဇူရွှမ်းကိုပုတ်ခတ်စော်ကားပြောဆိုနေကြသည်ဟု ကောလဟာလများထွက်ပေါ်ခဲ့ဖူးသည်။

ဒီအရှက်တရားက သူ့ကိုအတိအကျ လှုံ့ဆော်ပေးနိုင်ခဲ့သည်။ ရှေ့မျက်မှာနောက်ထားပြီး ဖခင်ထံမှ အရင်းအမြစ်များစွာကို တောင်းခံခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် စစ်သူကြီးတပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

နတ်ဆိုးနန်းတော်အဆင့်သို့ ပြီးပြည့်စုံသော အောင်မြင်မှု မဟုတ်သော်လည်း၊ သူသည် ယခု ဆရာသခင်အဆင့် နှင့် အလှမ်းဝေးသော တံခါးများကို ဖြတ်ကျော်နိုင်ခဲ့သည်။ ရှန့်ပိန်းတွေ့ဆုံပွဲတွင်ပင် ကြယ်နှစ်ပွင့်ခန်းမ၏ ခေါင်းစဉ်ပိုင်ရှင် အောင်းပိုင်သည် စစ်သူကြီးတပိုင်းအဆင့်တွင်သာ ရှိသေးသည်။

ထို့ကြောင့် ဤအရာက သူ့ကို ယုံကြည်မှုပြန်ရစေခဲ့သည်။ သူသည် ယခု ဆရာသခင်အဆင့်လီလော့ထက် ပိုမိုသာလွန်နေပြီဖြစ်သည်။

ဇူရွှမ်း၏ အေးဆေးတည်ငြိမ်ပြီး ကိုယ့်ကိုယ်ကို စိတ်ချသောအပြုံးကိုမြင်ရသောအခါ....လီလော့က...

"စီနီယာဇူက အံ့ဩစရာပဲ....ဒါက စိနီယာရဲ့ စွမ်းရည်နဲ့ အရည်အချင်းတွေကို တကယ်ကို သက်သေပြနေတာပဲ၊ ဂျိယန်အိမ်တော်သခင်လေးပီသပါပေတယ်ဗျာ....."

လီလော့၏ ရွှန်းလဲ့သော ချီးမွမ်းသံနှင့် ရင်ဆိုင်ရသောအခါတွင် တစ်စုံတစ်ခု မူမမှနကြောင်း ဇူရွှမ်း ခံစားရပြီး သံသယဖြစ်ဖွယ် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူစဉ်းစားပြီး မကြာခင်မှာပဲ စိတ်သက်သာရာ ရသွားခဲ့သည်။ လီလော့သည် သူတို့နှစ်ဦးကြား ကွာဟချက်ကို အမှန်တကယ် နားလည်သဘောပေါက်ပြီး သူ့ရှေ့တွင် ဤမျှလောက် ဂုဏ်ယူဝံ့ကြွားစွာ ပြုမူတော့မည်မဟုတ်ပေ။

နှစ်ယောက်သား ရယ်မောစရာ အတွေးအမြင်တွေ အပြန်အလှန်ဖလှယ်ကြရင်း နည်းပြချီချန်းနှင့်အတူ ဒုကျောင်းအုပ်စုရှင်း ရှေ့ကို ရောက်လာခဲ့သည်။ လီလော့ကို မြင်တော့ သူမ ပြုံးလိုက်ပြီး....

"လီလော့၊ မင်း အခု မြို့စားအဆင့်ပညာရပ် ကို တောင်းဖို့ စီစဉ်နေတာလား။ မင်းလက်ထဲ အပ်ထားရင်တောင် အလွယ်တကူ လေ့ကျင့်နိုင်မှာမဟုတ်ဘူး...."

ထိုစကားများကိုကြားလိုက်ရသည်နှင့် ဇူရွှမ်း လုံးဝကို ထိတ်လန့်သွားသည်။ လီလော့က မြို့စားအဆင့်ပညာရပ်ကိုသင်ယူဖို့စီစဉ်နေတာလား....မာနကြီးလှချည်လား... ဓူဝံအဖွဲ့ဝင်တွေတောင်မှ ဒီလိုပညာရပ်မျိုးကို မလေ့ကျင့်နိုင်ကြဘူး.....

" ကြိုးစားကြည့်လို့အရှုံးမရှိပါဘူး....အကယ်၍ ကျွန်တော်အောင်မြင်ခဲ့ရင်ရော....."

"သတ္တိကောင်းသလို ကံကောင်းပါစေလို့ ဆုတောင်းပါတယ်......"

နည်းပြချီချန်းက ချောင်းဟန့်လိုက်ကာ....

"တကယ်တော့ ကျွန်မတို့အခုလာတာ မြို့စားအဆင့်ပညာရပ်အတွက် မဟုတ်ဘူး။ ကျန်တဲ့ နတ်ဆိုးမူလဆေးလုံးကိုတောင်းချင်လို့ပါ...."

ဒုကျောင်းအုပ်စုရှင်း အနည်းငယ် ထိတ်လန့်သွားပုံရသည်။

" နတ်ဆိုးမူလဆေးလုံး ????"

တစ်ချိန်တည်းမှာပင်၊ ဇူရွှမ်း အနားရှိ ပိန်ပိန်ပါးပါး ခရမ်းအဆင့်နည်းပြက မျက်မှောင်ကြုတ်လိုက်သည်။

"နည်းပြချီချန်း၊ မင်းက ကြယ်တစ်ပွင့်ခန်းမ မှာ သူတို့ကို လမ်းညွှန်နေတာလေ.... နတ်ဆိုးမူလဆေးလုံးက မင်းရဲ့ကျောင်းသားတွေနဲ့ ဘာဆိုင်လို့လဲ၊ ဇူရွှမ်းက စစ်သူကြီးတပိုင်း အဆင့်ကို ရောက်နေပြီမို့ သူ့အတွက် နတ်ဆိုးမူလဆေးလုံး အတွက် လျှောက်ထားဖို့ စီစဉ်ထားတယ်...."

"ဘယ်သူကိုယ်စားလျှောက်ထားချင်တာလဲ...."

ဒုကျောင်းအုပ်စုရှင်းက လီလော့ကို လှည့်ကြည့်ရင်း တုန်လှုပ်ခြောက်ခြားစွာ ငေးကြည့်နေမိသည်။

"လီလော့အတွက်တော့မဟုတ်လောက်ပါဘူးနော်......?"

လီလော့ဘက်သို့ စူးစူးရဲရဲ လှည့်ကြည့်လိုက်သောအခါ ဇူရွှမ်း၏အမူအရာမဲ့ရွဲသွားသည်။

"ဂျူနီယာလီလော့၊ မင်းက နတ်ဆိုးမူလဆေးလုံးကို အသုံးချဖို့ မစောလွန်းဘူးလား....

မင်းက အရမ်းကြီး ရည်မှန်းချက်ကြီးပြီး လောဘကြီးတဲ့သူပဲ...."

နတ်ဆိုးမူလဆေးလုံးကို သူပိုင်ရမည်ဟု ယူဆထားပြီးဖြစ်သည်။ ၎င်းသည် မြေနတ်ဆိုးခန္ဓာအဆင့်ရှိသူများကိုသာ အကျိုးပြုသည့် အရာတစ်ခုဖြစ်သည်။ လီလော့ကဘာကြောင့် ဒီဆေးလုံးကိုလိုချင်နေတာလဲ.... သူ့အခွင့်အရေးတွေကို ကန့်သတ်ဖို့ ကြိုးစားနေတလား.... ဒါမှမဟုတ် ဒီကောင်က သူ့ကို တမင်တကာ ပစ်မှတ်ထားနေတာလည်းဖြစ်န်ိုင်တယ်.....

"သခင်လေးလီလော့ရဲ့ လော့လန်အိမ်တော်က ဒီလိုဆင်းရဲမွဲတေတဲ့ အခြေအနေကို ရောက်နေပြီလား....မင်းက မြင်နိုင်တဲ့ အရာမှန်သမျှကို လုယူချင်နေတာလား...."

ဇူရွှမ်းက အေးစက်စွာ အော်ဟစ်လိုက်သည်။

"ငါက စစ်သူကြီးတပိုင်း အဆင့်ကို ရောက်နေပြီဆိုတော့ နတ်ဆိုးမူလဆေးလုံးက ငါ့အတွက် အသုံးတည့်တယ်.... မင်းလို ဆရာသခင်အဆင့်က ဒီဆေးလုံးကိုဘာလို့လိုချင်နေတာလဲ.... ရှန့်ပိန်းတွေ့ဆုံပွဲအတွက်ရထားတဲ့ဆုလာဘ်တွေနဲ့ မလုံလောက်သေးဘူးလား......"

ဇူရွှမ်းသည် သူ၏ ရက်စက်ကြမ်းကြုတ်သော စကားများကို ဆက်လက်ပြောဆိုနေချိန်တွင် လီလော့ထံမှ ပဲ့တင်ထပ်သံစွမ်းအားများ ပျံ့နှံ့နေသည်ကို မြင်လိုက်ရသည့်နောက် စကားလုံးများ လည်ချောင်းထဲတွင် တစ်ဆို့ကုန်သည်။ အလွန်ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သော ပဲ့တင်ထပ်သံစွမ်းအားများ သူ့ထံမှ ထွက်ပေါ်လာပြီး ဇူရွှမ်းကိုပင် ဖိနှိပ်ထားနိုင်ခဲ့သည်။

ဇူရွှမ်း ဗိုက်အောင့်လာသလို ခံစားလိုက်ရပြီး အကျည်းတန်သောအမူအရာနှင့်အတူ တုန်လှုပ်ချောက်ချားသွားလေတော့သည်။

"နတ်ဆိုးနန်းတော်အဆင့်?!"

ဇူရွှမ်း၏ နည်းပြက လီလော့ကို ကြည့်ရင်း လွှတ်ကနဲထုတ်ပြောလိုက်မိသည်။လီလော့ ထုတ်လွှတ်လိုက်သော ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားသည် စစ်သူကြီးတပိုင်းအဆင့်ပညာရှင်များ ပိုင်ဆိုင်သည့် အရာမဟုတ်ပေ။

တစ်ဖက်တွင်၊ လီလော့သည် ဖုံးကွယ်မနေတော့ဘဲ လွတ်လပ်စွာ သရုပ်ပြနေသောကြောင့် ပတ်ဝန်းကျင်ရှိ ကျောင်းသားများကပင် သူ့ထံမှ ထွက်လာသော ခွန်အားကို ခံစားလိုက်ရပြီး သူတို့ဆီသို့ အံ့ဩစွာ မော့ကြည့်လိုက်သည်။

ဤအာဏာရှင်ဆန်သည့် အော်ရာများ၏ အရင်းမြစ်မှာ လီလော့ဖြစ်သည်ကို သိလိုက်ချိန်တွင် အားလုံးထိတ်လန့်ကုန်ကြသည်။

"လီ... လီလော့ရဲ့....ဒီဖိအားက... နတ်ဆိုးနန်းတော်အဆင့်မဟုတ်လား.....?"

"ဟုတ်ပါတယ်.... လီလော့က နတ်ဆိုးနန်းတော်အဆင့်ကိုရောက်နေပါပြီ.... "

"ဒီနေ့ဘာဖြစ်နေတာလဲ? လော့လန်အိမ်တော် က နှစ်ယောက်စလုံးက စံချိန်သစ်တွေချည်းကျော်ဖြတ်ဖို့ ကြိုးစားနေတာလား....."

ဒီအောင်မြင်မှုရဲ့ အရှိန်အဟုန်ကြောင့် လူအုပ်ဆီကနေ မရေမတွက်နိုင်အောင် အံ့အားသင့် အော်ဟစ်သံတွေ ထွက်ပေါ်လာည်။ နတ်ဆိုးနန်းတော်အဆင့်ရှိ ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားတစ်ဦး...

ဤသည်မှာ ကောလိပ်၏သမိုင်းတွင် တစ်ခါမှမမြင်ဖူးသော အရာတစ်ခုပင်....

မင်းသမီး၊ကုန်းရှန်ကျွင်းနှင့် ကောလိပ်၏ သြဇာကြီးမားသောအဖွဲ့ဝင်များ စတင်စုရုံးလာကြသည်။ စကားစမြည်ပြောဆိုပြီးနောက် လူစုခွဲရန် မူလကစီစဉ်ထားသော်လည်း ကပ်လျက်စင်မြင့်ပေါ်ရှိ အနှောက်အယှက်ကြောင့် ၎င်းတို့၏အာရုံကို စွဲဆောင်သွားခဲ့သည်။

လီလော့ထံမှ ထွက်လာသော ပြင်းထန်သော လှိုင်းတံပိုးများကို သူတို့ ခံစားလိုက်ရသောအခါတွင် အနည်းငယ် တုန်လှုပ်သွားကြသည်။

"ဘာလဲ၊ လီလော့က နတ်ဆိုးနန်းတော်အဆင့်ကိုရောက်သွားပြီလား"

ဝမ်ချောင်က လေအေးတသုတ်ရှုရှိုက်လိုကိပြီး ပမင်းသမီး၏ ပြေပြစ်သောမျက်နှာသည်လည်း အံ့အားသင့်စရာအဖြစ်သို့ တဖြည်းဖြည်းပြောင်းသွားသည်။ "

ရှန့်ပိန်းတွေ့ဆုံပွဲရဲ့ ဆုလာဘ်က အမြူတေသလင်းကျောက်မဟုတ်လား.... လီလော့က သလင်းကျောက်ကိုသုံးပြီးအဆင့်တက်ခဲ့တဲ့ပုံပဲ......"

ကုန်းရှန်ကျွင်းကလည်း တခဏမျှ စဉ်းစားရင်း ငြိမ်သက်သွားသည်။

"အမြူတေသလင်းကျောက်က လျှို့ဝှက်ဆန်းကြယ်တယ်....သလင်းကျောက်က လွယ်ကူချောမွေ့စွာအဆင့်တက်ဖို့ စွမ်းဆောင်နိုင်ပေမယ့် လီလော့က အခုမှပထမနှစ်ပဲရှိသေးတယ်....အခြေခံလုံလောက်ပါ့မလား....."

မင်းသမီးသည် သူ၏ထင်မြင်ယူဆချက်ကို သဘောတူသလို မသိမသာ ခေါင်းညိတ်လိုက်သည်။ သူမသည်လည်း အမြူတေသလင်းကျောက်ကိုလည်း လက်ခံရရှိခဲ့သောကြောင့် ၎င်း၏ ထိရောက်မှုအတိုင်းအတာကို သူမ သိသည်။ လီလော့ သည် သလင်းကျောက်တစ်ခုကို ပိုင်ဆိုင်ထားသော်လည်း သူလုပ်နိုင်သမျှ အကောင်းဆုံးမှာ စစ်သူကြီးတပိုင်းအဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။ နတ်ဆိုးနန်းတော်အဆင့်အဆင့်သို့ရောက်ရှိရန် နောက်ထပ်နှစ်ဝက် အချိန်လိုအပ်သည်။

"သူ့မိဘတွေက လျှို့ဝှက်ဆန်းကြယ်တဲ့ ရတနာတွေချန်ထားပေးခဲ့တာပဲ ဖြစ်မယ်" ဟု ဒူဇီဟုန်လျန်က ရှုပ်ထွေးသောအမူအရာဖြင့် ရှင်းပြခဲ့သည်။

ကျန်တဲ့သူတွေက ခေါင်းညိတ်လိုက်သည်။ဤရှင်းလင်းချက်သာလျှင် အဓိပ္ပါယ်ရှိပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ လီလော့၏ အရှိန်သည် ဤအရည်အချင်းရှိသော ကျောင်းသားများကိုပင် ထိတ်လန့်စေကြောင်း သက်သေပြခဲ့သည်။

အကယ်၍ သူသည် ကြယ်တစ်ပွင့်ခန်းမ

တွင်ရှိစဉ် နတ်ဆိုးနန်းတော်အဆင့်သို့ရောက်ရှိနိုင်ခဲ့ပါက၊ သူသည် ကြယ်နှစ်ပွင့်ခန်းမသို့ရောက်သောအခါ၊ ယနေ့ ကျန်းချင်းအာ နှင့် အလားတူအဆင့်တွင်ရှိနေမည်ဖြစ်သည်။

"လော်လန်အိမ်တော်မှာ တကယ်ပဲ နဂါးနဲ့ဇာမဏီရှိနေတာပဲ....

အချိန်လုံလောက်ရင် လော်လန်အိမ်တော်က မြို့စားနှစ်ပါးရှိတဲ့အိမ်တော်ဖြစ်လာဉီးမှာ...."

ဤပုဂ္ဂိုလ်များ အားလုံးသည် ရှပြည်ထောင်စု ၏ အမြင့်ဆုံးအဆင့် စွမ်းအားများနှင့် ဆက်စပ်နေပါသည်။

လော့လန်အိမ်တော်၏ အနာဂတ်ကိုဆုံးဖြတ်ပေးဖို့ အချိန် တစ်လသာ လိုတော့သည်။ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ မဖြစ်မနေ ဆုံးဖြတ်ချက်များချမှတ်ရမည်သာ....

All Chapters