ဒဏ္ဍာရီနှစ်ခု.....
Vol. 46 Ch. 631
"နတ်ဆိုးနန်းတော်အဆင့်?"
လီလော့ထံမှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံစွမ်းအားများကြောင့် ဒုကျောင်းအုပ် စုရှင်းပင် အနည်းငယ် ထိတ်လန့်သွားသည်။ သို့သော်လည်း သူမ၏အကြည့်များက လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေပြီး ရွှင်လန်းစွာပြုံးနေလေ၏။
"လီလော့....မင်းနဲ့ ကျန်းချင်းအာက ဒီနေ့ ငါတို့ကောလိပ်အတွက် ပျော်ရွှင်စရာတွေ အများကြီး ယူဆောင်လာပေးတယ်..."
လီလော့၏ အောင်မြင်မှုသည် သူမအတွက် ကြီးမားသော ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ယူဆောင်လာခဲ့သည်။ ကြယ်တာယာခရီးရှည်ကောလိပ် စတင်တည်ထောင်ချိန်မှစ၍ ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားတစ်ယောက်မျှ နတ်ဆိုးနန်းတောာ်အဆင့်သို့ မရောက်ဖူးခဲ့ပေ။ ဒါဟာ ဒီနေ့ ချိုးဖျက်လိုက်တဲ့ ဒုတိယမြောက် စံချိန်ပင်......
သာမာန်အားဖြင့် ပြောရလျှင် ထိုကဲ့သို့ ထက်မြက်သော ပါရမီရှင်များသည် ဗဟိုကျောင်းသားသမ္မအခြေစိုက်ရာ အလယ်ပိုင်းကုန်းမြေများ၏ ရှေးဟောင်းကောလိပ်များတွင်သာ ပေါ်ထွက်လာလေ့ရှိသည်။ ရလဒ်အနေနှင့်၊ ထိုပုဂ္ဂိုလ်များသည် ပြင်ပတိုက်ကြီးများနှင့် နှိုင်းယှဉ်၍မရနိုင်သော သာလွန်ကောင်းမွန်သေ အရင်းအမြစ်များကို ပိုင်ဆိုင်ကြသည်။ ပံ့ပိုးမှုအားကောင်းလျှင် လီလော့ ဒီ့ထက်မကအောင်မြင်နိုင်ပါသေးသည်။
အခြားသော ခရမ်းအဆင့်နည်းပြများက လီလော့ကို စိုက်ကြည့်ရင်း ဤအချက်ကို နားလည်သွားပုံရသည်။ သူ့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုကို ထည့်စဉ်းစားရင်တောင် အဆင့်တက်နှုန်းက သာမန်လူတိုင်းထက် သာလွန်နေပုံရသည်။
ဒုကျောင်းအုပ်ကြီးစုရှင်း သည် အရေးယူဆောင်ရွက်ရာတွင် လျင်မြန်ပြီး ပြတ်သားသူဖြစ်သည်။ အဆိုပါကိစ္စရပ်အမှန်ကို အတည်ပြုပြီးနောက် သူမလက်ကောက်ဝတ်ရှိ အိတ်ဆောင်စက်လုံးအတွင်းမှ ကျောက်စိမ်းပုလင်းတခုကို တိုက်ရိုက်ထုတ်လိုက်ပြီး နည်းပြချီချန်းကို ပေးခဲ့သည်။
"ကျောင်းသားလီလော့က ထူးချွန်ပြီး ကောလိပ်အတွက် စံချိန်သစ်တစ်ခု တင်န်ိုင်ခဲ့တဲ့အတွက် သေချာပေါက်ဆုလာဘ်တစ်ခုပေးမှာပါ..... ကြယ်သုံးပွင့်ခန်းမကို ပေးခဲ့တဲ့ လက်ကျန် နတ်ဆိုးမူလဆေးလုံးတွေအားလုံးကို သူ့အတွက် ဆုလာဘ်အဖြစ်ပေးလိုက်မယ်...ကျောက်စိမ်းပုလင်းထဲမှာ စုစုပေါင်း ဆေးဆယ်လုံးရှိတယ်....."
နည်းပြချီချန်းက စုရှင်းဆီက ဆေးပုလင်းကို ချက်ချင်းလက်ခံလိုက်ပြီး လီလော့လက်ထဲခည့်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒုကျောင်းအုပ်ကြီး!"
လီလော့ ရွှင်မြူးစွာဖြင့် ကျေးဇူးတင်စကား အလျင်အမြန်ပြောကြားခဲ့သည်။
ဤသည်မှာ ပြီးပြည့်စုံသော ဆုလာဘ်သာပင်..... ရွှေနဂါးဘဏ်တိုက်တွင် နတ်ဆိုးမူလဆေးလုံး ဆယ်လုံးတပြိုက်နက်ပေါ်ထွက်လာပါက ချက်ချင်း လုယက်ခံရမည်မှာ သေချာပါသည်။ ဤပစ္စည်း၏ အလွန်အမင်း ဝယ်လိုအားအတွက် လုံလောက်သော ထောက်ပံ့မှု မရှိခဲ့ပေ။ တစ်လုံးဝယ်ဖို့ အခွင့်အရေးရခဲ့ရင်တောင်မှ ကောင်းကင်ရွှေသန်းပေါင်းများစွာကို တန်ကြေးရှိနိုင်သည်။
အခြားတစ်ဖက်တွင်မူ ဒုကျောင်းအုပ်ကြီး စုရှင်းက ဆေးလုံးဆယ်လုံးကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ထို့ကြောင့် လီလော့ယခုလို အူမြူးနေရခြင်းဖြစ်သည်။
နတ်ဆိုးမူလဆေးလုံးများကို လက်ခံလိုက်သည်နှင့် စူးရှအေးစက်သောအကြည့်များ သူ့အပေါ်စုပြုံကျရောက်လာသည်ကိုပါခံစားလိုက်ရသည်။
လှည့်ကြည့်လိုက်တော့ စူးစူးဝါးဝါး အမူအရာနဲ့ စိုက်ကြည့်နေတဲ့ ဇူရွှမ်းကိုမြင်လိုက်ရသည်။
" စီနီယာဇူရွှမ်း ....ကျွန်တော် စိတ်ရင်းအမှန်နဲ့ တောင်းပန်ပါတယ်....ဒါပေမယ့် ဂျိယန်အိမ်တော်က ချမ်းသာတာမို့ နတ်ဆိုးမူလဆေးလုံး အနည်းငယ်လောက်အတွက် စိတ်ပူနေစရာမလိုဘူးမလား....."
လီလော့က အယဉ်ကျေးဆုံးလေသံနဲ့ ဇူရွှမ်းကို ချည်ပြီးတုပ်ပြီး တောင်းပန်လိုက်သည်။
ဇူရွှမ်း ဆို့နစ်နေလေပြီ......
နတ်ဆိုးမူလဆေးလုံး ဆယ်လုံးကိုရရှိရန် သိသာထင်ရှားသောကုန်ကျစရိတ်ကို ပေးဆောင်ရမည်ဖြစ်သည်။ ကံဆိုးသည်က သူတို့အားလုံးကို ဓားပြလီလော့က သူ့မျက်စိရှေ့မှာတင် လုယူသွားခဲ့ပြီး ဂုဏ်သိက္ခာတွေကျဆင်းစေခဲ့သည်။
"စီနီယာဇူရွှမ်း ကျွန်တော့်အပေါ် စိတ်မခုလောက်ပါဘူးနော်...? ဒါမှမဟုတ် တရားမျှတအောင် ပြိုင်ပွဲတစ်ခုလောက် လုပ်ကြမလား.....အနိုင်ရတဲ့သူအကုန်ယူကြေးလေ....."
လီလော့ဘက်က ဇူရွှမ်း မျက်နှာမပျက်အောင်ကြိုးစားအေးခဲ့သော်လည်း ပိုဆိုးအောင်လုပ်လိုက်သလိုဖြစ်သွားသည်။
ဇူရွှမ်း၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသော်လည်း ခဏအတွင်းချုပ်ငြိမ်းသွားခဲ့သည်။
ဒီကောင် လာနောက်နေတာလား...သူ့မှာ ပဲ့တင်ထပ်သံနှစ်ခုရှိတာဆိုတော့ ပြောအားရှိတာပေါ့......အကယ်၍ နိုင်ခဲ့ရင်တောင် ဂုဏ်တက်စရာမျိုးဟုတ်မနေဘူး......ဒီကောင် အတော်ယုတ်မာတာပဲ......
"ကျောင်းသားဇူရွှမ်း၊ ဒီ နတ်ဆိုးမူလဆေးလုံး တွေကို မက်မောမနေနဲ့.... ကြယ်သုံးပွင့် ခန်းမမှာ ကျောင်းသားတွေ ကျန်နေသေးရင် မင်းအတွက် အနည်းငယ် ချန်ထားခဲ့မယ်"
ဒုကျောင်းအုပ်စုရှင်းက ဝင်ဟန့်လိုက်သည်။
ထိုစကားကိုကြားပြီးနောက် ဇူရွှမ်း ခါးသီးသော အပြုံးဖြင့်သာ ခေါင်းညိတ်ခဲ့ရသည်။
ထို့နောက် လီလော့ဘက်သို့ လှည့်လိုက်ပြီး.....
"ရပါတယ်....မကြာခင် လော့လန်အိမ်တော်ရဲဲ
အိမ်တော်စုဝေးပွဲကျင်းပတော့မှာမလား...အဲ့တော့ ငါထက် မင်းကဒီဆေးလုံးတွေကိုပိုလိုအပ်နေမှာလေ....ယူထားလိုက်ပါ....."
ထိုသို့ပြောပြီးသည်နှင့် ဇူရွှမ်း ချက်ချင်းလှည့်ပြန်သွားခဲ့သည်။
လီလော့ကတော့ ပြုံးရုံသာပြုံးနေခဲ့သည်။ ဂျိယန်အိမ်တော်နှင့် လော့လန်အိမ်တော်တို့သည် နဂိုကတည်းကရန်ဖက်များဖြစ်သောကြောင့် ဇူရွှမ်း၏ခနဲ့သောစကားများကို ဂရုစိုက်နေစရာမလိုပေ။ ၎င်းတို့သည် ပွင့်လင်းမြင်သာစွာတဖုံ လျှို့ဝှက်စွာ၍တမျိုး ထိပ်တိုက်တွေ့နေကြပြီဖြစ်ပြီး အိမ်တော်စုဝေးပွဲ အတွင်းတွင် ထပ်မံဝင်ရောက်စွက်ဖက်မည်ဆိုပါကလည်း အံ့သြနေစရာမလိုတော့ပေ။
တကယ်တော့ လီလော့သည် ဇူရွှမ်းကိုအသုံးချပြီး ရန်စပျိုးဖို့ကြိုးစားခဲ့ခြင်းဖြစ်သည်။
ဇူရွှမ်း၏ ခွန်အားသည် အခြေအနေတစ်ခုလုံးအတွက် အကျိုးမရှိသော်လည်း ဂျိယန်အိမ်တော်ကို ထိပါးရန် ငါးစာအဖြစ် အသုံးချနိုင်ခဲ့ပါက အလွန်ကောင်းမွန်မည်ဖြစ်သည်။
ဒေါသကြီးသူတိုင်း အဆင်ခြင်မဲ့စွာပြုမူတတ်ကြသည်မဟုတ်လော....
ဇူရွှမ်းသည် လီလော့ထင်ထားသလို နုံအသူမဟုတ်ခဲ့ပေ။ လီလော့ကိုမနိုင်မှန်းသိသည့်အတွက် အသာတကြည်လက်လျှော့သွားခဲ့သည်။
တစ်ဖက်တွင် ဇူရွှမ်း၏ဆရာသည် ကူကယ်ရာမဲ့စွာ ခေါင်းခါရုံသာ တတ်နိုင်ခဲ့သည်။ ဒုကျောင်းအုပ်စုရှင်း၏ နောက်ဆုံးဆုံးဖြတ်ချက်အပေါ် အထွန့်တက်ဖို့လည်းမဝံ့ရဲခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ လီလော့ သည် နတ်ဆိုးနန်းတော်အဆင့်တွင်ရှိနေပြီဖြစ်ပြီး၊ အလားအလာနှင့် ပံ့ပိုးကူညီမှုအရ ဇူရွှမ်းထက် သာလွန်နေပြီဖြစ်သည်။
ကံကောင်းသော တပည့်အတွက် စိတ်မကောင်းဖြစ်ရုံအပြင် အခြားဘာများတတ်နိုင်ဉီးမည်နည်း။
........................
"လီလော့.....နင်အခု မြို့စားအဆင့်ပညာရပ် ကို ရွေးဖို့ စီစဉ်နေတာလား..."
အနီးအနားတွင် လူရှင်းသွားတော့မှ ဒုကျောင်းအုပ်စုရှင်းက လီလော့ကို မေးလိုက်သည်။
လီလော့ ခေါင်းညိတ်လိုက်ပြီး.....
"အခု ကျွန်တော် နတ်ဆိုးနန်းတောာ်အဆင့်အဆင့်ကို ရောက်နေပြီမို့ မြို့စားအဆင့်ပညာရပ်ကိုလေ့ကျင့်ဖို့ သိပ်မခက်ခဲလောက်တော့ဘူးထင်တယ်....."
"ဘယ်အရာကိုမှလျှော့မတွက်နဲ့.....နင့်ကိုနင်အတော်ထူးချွန်နေပြီထင်ရင် ဓူဝံအဖွဲ့ကိုမော့ကြည့်လိုက်....."
ဒုကျောင်းအုပ်စုရှင်း၏ ချက်ကျလက်ကျထောက်ပြသွန်သင်မှုကြောင့် လီလော့ ငိုင်ကျသွားလေ၏။
အနည်းငယ် ညှိုးငယ်နေသော လီလော့ကို ကြည့်ပြီး ဒုကျောင်းအုပ်စုရှင်းက ပြုံးလိုက်သည်။
"သာမန်ကျောင်းသားတွေနဲ့ နှိုင်းယှဥ်မယ်ဆိုနင်က မရေမတွက်နိုင်တဲ့ အံ့ဖွယ်အမှုတွေ ဖန်တီးနိုင်ခဲ့တာမို့ ထူးချွန်သူလို့သတ်မှတ်လို့ရတယ်... နင်ငါတို့ကိုနောက်ထပ်အံ့အားသက့်စရာတွေယူလာပေးနိုင်ဖို့မျှော်လင့်နေမယ်....."
"အခုလို အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်....."
"ကဲ...သိုင်းစာကြည့်တိုက်ကိုသွားတော့..... မင်းရဲ့ အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေကိုစောင့်နေမယ်....."
လီလော့သည် ဒုကျောင်းအုပ်စုရှင်းကို နှုတ်ဆက်ပြီး နည်းပြချီချန်းနှင့်အတူ သိုင်းစာကြည့်တိုက်သို့ထွက်လာခဲ့သည်။
ပထမဆုံးကွင်းပြင်ထဲကိုရောက်လာစဉ်က လူတိုင်းက ကျန်းချင်းအာကိုသာ အာရုံစိုက်ခဲ့ကြသော်လည်း အခု သူထွက်သွားတော့ ပရိသတ် ထက်ဝက်ကျော်က သူ့ကို ထူးဆန်းသလို စိုက်ကြည့်နေကြသည်။
သူ နတ်ဆိုးနန်းတော်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် သတင်း ဤအချိန်တိုလေးအတွင်း ပျံ့နှံ့သွားခဲ့ချေပြီ။
ပွင့်ပွင့်လင်းလင်းပြောရလျှင် အံ့အားသင့်ဖွယ်ကောင်းခြင်းက ကျန်းချင်းအာ ဓူဝံအဖွဲ့ဝင်ဖြစ်ခဲ့ခြင်းထက် မပိုရင်တောင် လျှော့နိုင်မည်မဟုတ်ပေ။
သို့သော်၊ လီလော့သည် ကြယ်တစ်ပွင့်ခန်းမ တွင် ရှိနေစဉ် ထိုအဆင့်သို့ မည်သို့တက်လှမ်းနိုင်ခဲ့မှန်းမည်သူမျှနားမလည်နိုင်ကြပေ။လီလော့သာ ကြယ်သုံးပွင့် ခန်းမကိုရောက်လျှင် ဘယ်လောက် ကြံ့ခိုင်နေမလဲ......
ကျန်းချင်းအာ၏အောင်မြင်မှုများကို ပုံတူကူးရန်မှာ ခက်ခဲလွန်းလှသည်မဟုတ်ပါလား။
အကယ်၍ ထိုသို့ဖြစ်လာခဲ့ပါက ၎င်းတို့နှစ်ဦးသည် ကြယ်တာယာခရီးရှည်ကောလိပ်၏ အထင်ရှားဆုံးစုံတွဲဖြစ်လာမည်ဖြစ်သည်။
ပရိသတ်များ၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များကြောင့် တုန်လှုပ်သွားသော်လည်း လီလော့ လုံးဝစိတ်မ၀င်စားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သိုင်းစာကြည့်တိုက်သို့သွားရောက်ပြီး မြို့စားအဆင့်ပညာရပ်များကို ရွေးချယ်ရတော့မည်မဟုတ်ပေလော.... ဒါက သူမျှော်လင့်ထားတဲ့ နတ်ဆိုးမူလဆေးလုံးတွေထက်တောင် ပိုနေပါသေးသည်။
ဆယ်မိနစ်အကြာမှာတော့ နည်းပြချီချန်းနှင့်အတူ ထည်ဝါသောအဆောက်အဉီးတစ်ခုရှေ့သို့ရောက်လာခဲ့ကြသည်။
ခေါင်းကို မော့ကြည့်လိုက်တော့ ရှေးဟောင်းစေတီတစ်ဆူကို တွေ့မြင်လိုက်ရသည်။
၎င်းပေါ်တွင် ကြီးမားသော စာလုံးသုံးလုံးကို ရေးထိုးထားပြီး စာလုံးတိုင်းက နေရောင်အောက်တွင် တောက်ပနေ၏။
လီလော့၏ မျက်နှာပေါ်တွင်လည်း ကြီးမားကျယ်ပြန့်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီ.....