← Chapters

မရဏမြစ်မှမဟူရာနဂါး၏အလံတော်....

Vol. 46 Ch. 632

မရဏမြစ်မှမဟူရာနဂါး၏အလံတော်....

Vol. 46 Ch. 632

ထိုရှေးဟောင်းစေတီသည် ကောလိပ်၏ အရေးကြီးသော နေရာတစ်ခုဖြစ်သည်။

ဒုကျောင်းအုပ်စုရှင်းပေးလိုက်သော တိုကင်ပါရှိသော်လည်း စေတီထဲဝင်ဖို့ ဆရာတပည့်နှစ်ဉီးစလုံး ခေါင်းအစခြေအဆုံးစစ်ဆေးခံခဲ့ရသည်။

ရှေးဟောင်းပဲ့တင်ထပ်သံစေတီဟူသောအမည်နာမအတိုင်း ထိုစေတီထဲတွင် စတင်တည်ထောင်ချိန်မှစ၍ ကောလိပ်၏ ပဲ့တင်ထပ်သံပညာရပ်များကို သိမ်းဆည်းထားသည်။ ထို့ကြောင့် ၎င်းသည် ရှပြည်ထောင်စုရှိ အခြားသောအဖွဲ့များနှင့် နှိုင်းယှဉ်ပါက ပိုမိုကြီးမားသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသည်ဟုဆိုနိုင်သည်။ လော့လန်အိမ်တော်၏ စာကြည့်တိုက်သည် ဤအရာနှင့် နှိုင်းယှဉ်လျှင် မြင့်မိုရ်တောင်နှင့်ဇီးစေ့တမျှ ကွာခြားလွန်းလှပေသည်။

ရှေးဟောင်းပဲ့တင်ထပ်သံစေတီတွင် အထပ်လေးထပ်ရှိပြီး သည် လေးထပ်မြင့်သည်။ ပထမအလွှာတွင် သာမန်ပညာရပ်များ၊ ဒုတိယအလွှာတွင် ကျားအဆင့်ပညာရပ်များ၊ တတိယအလွှာတွင် နဂါးအဆင့်ပညာရပ်များကိုထားရှိသည်။ ကျောင်းသားများသည် လိုချင်သည့်ပညာရပ်များကို ကျောင်းတွင်းရမှတ်များနှင့် လဲလှယ်နိုင်ပြီး တင်းကျပ်သော အချိန်ကန့်သတ်ချက်များကို လိုက်နာကြရသည်။ အချိန်ကျော်လွန်ပါက ကျောင်းတွင်းရမှတ်များ ပိုပေးရမည်ဖြစ်သည်။

လီလော့၏ ရည်ရွယ်ချက်သည် တတိအလွှာလုံးဝမဟုတ်ခဲ့ပေ။

စေတီတော်အတွင်းရှိ ကျောင်းသားအချို့၏ အံ့အားသင့်အကြည့်များအောက်တွင် လီလော့နှင့်ချီချန်းတို့သည် အမြင့်ဆုံးအဆင့်သို့ တက်လှမ်းခဲ့ကြသည်။

စတုတ္တအလွှာသို့ ခရမ်းအဆင့်နည်းပြများသာတက်ရောက်ခွင့်ရှိပြီး မည့်သည့်ကျောင်းသားမျှ မရောက်ဖူးကြပေ။ယုတ်စွဆုံး ဓူဝံအဖွဲ့ဝင် ကုန်းရှန်ကျွင်းပင်လျှင် မတက်ရောက်ခဲ့ဖူးပေ။

သို့တိုင်၊ လီလော့အဘယ်ကြောင့် ထိုသို့ပြုလုပ်ပိုင်ခွင့်ကို အားလုံးနားလည်လိုက်ကြသည်။ လုံကူရှန့်ပိန်းကို ပြန်လည်ရယူရာတွင် သူ၏ ပံ့ပိုးမှုများကြောင့် ဖြစ်နိုင်သည်။ မနာလိုဖြစ်နေကြသော်လည်း ဤအောင်မြင်မှု၏ ခက်ခဲမှုအတိုင်းအတာကို အားလုံး နားလည်ကြသည်။

စတုတ္ထမြောက်အလွှာတွင် ဒဏ္ဍာရီလာ မြို့စားအဆင့်ကျင့်စဉ်များကို ထိန်းသိမ်းထားသည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။ ဒါ လီလော့ရဲ့ရည်ရွယ်ချက်ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။

ဓူဝံအဖွဲ့ဝင်များပင် မလေ့ကျင့်နိုင်သော ကျင့်စဉ်များကို ကျင့်ကြံဖို့ကြိုးပမ်းနေခြင်းသည် ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းနေခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။

အခြားကျောင်းသားများ၏ ငြူစူသော အကြည့်များအောက်တွင် နှစ်ယောက်သား အတားအဆီးမဲ့စွာ လေးလွှာသို့ တက်သွားခဲ့ကြသည်။

စိတ်ဝင်စားစရာကောင်းသည်က အပေါ်ထပ်ကို ရိုးရိုးရှင်းရှင်း အလှဆင်ထားပြီး အထင်ကြီးလောက်စရာ ကြီးကျယ်ခမ်းနားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ သို့သော်၊ လီလော့သည် ၎င်းတို့ကို ဝိုင်းရံထားသည့် အလင်းရောင်မှိန်ပျပျ နံရံလေးခုတစ်လျှောက်တွင် အာရုံခံပိုးကောင်များကဲ့သို့ ပျံ့လွင့်နေသော လျှို့ဝှက်ဆန်းကြယ်သောပုံစံများကို တွေ့မြင်နေရသည်။

အခန်းအလယ်ကို ကြည့်လိုက်တော့ ပျမ်းမျှလူတစ်ယောက်ရဲ့ အမြင့်လောက်ရှိတဲ့ ရှေးဟောင်း ကျောက်စာတိုင်ငါးတိုင်ကို တွေ့လိုက်ရသည်။ကျောက်စာတိုင်တစ်ခုစီ၏အပေါ်၌ အနုစိတ်ထွင်းထုထားသည့် ကျောက်သားကြာပန်းတစ်ခုစီရှိပြီး ၎င်းတို့ကို အလင်းတန်းများဖြင့် ဖုံးအုပ်ထားသည်။

ဤပွင့်လင်းမြင်သာသော အတားအဆီးများအတွင်း အမျိုးမျိုးသော အရာဝတ္ထုများ ရှိနေပုံရသည်။

နည်းပြချီချန်းက ကျောက်သားကြာပန်းငါးခုဆီသို့ လျှောက်သွားကာ....

"ငါတို့ ကောလိပ်မှာ ကျောင်းသားတွေ ရွေးချယ်နိုင်တဲ့ မတူညီတဲ့ မြို့စားအဆင့်ကျင့်စဉ်ငါးခု ရှိတယ်.....ဒီငါးခုစလုံးက မြို့စားအဆင့်ကျင့်စဉ်တွေချည်းပဲ...နင်နဲ့ဘယ်တစ်ခုကသင့်တော်မလဲ ရွေးလိုက်......"

စိတ်လှုပ်ရှားစွာနဲ့ လီလော့ ရှေ့ကို လှမ်းပြီး ကြာပန်းငါးခုထဲက ပထမတစ်ခုဆီ ချဉ်းကပ်သွားခဲ့သည်။ အနီးကပ်ကြည့်သောအခါ၊ အတားအဆီးအတွင်း၌ မီးတောက်နေသော အနီရောင်ငါးကြင်းတစ်ကောင်ကို မြင်လိုက်ရသည်။ ငါးကြင်းသည် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းပြီး ၎င်း၏ကိုယ်ပိုင်အသက်ကို ပိုင်ဆိုင်ထားသည်။ အနီးကပ်စစ်ဆေးကြည့်သောအခါတွင် မရေမတွက်နိုင်သောစာလုံးများကို မီးတောက်ငါးကြင်း၏အနီရောင်အကြေးခွံများပေါ်တွင် ရေးထိုးထားသည်ကို တွေ့နိုင်သည်။

တစ်ချိန်တည်းမှာပင်၊ ကြောက်မက်ဖွယ်ကောင်းသော အပူဓာတ်များ မီးတောက်ငါးကြင်းထံမှ ဖြာထွက်လာသည်။ အလင်းအတားအဆီး၏အကူအညီဖြင့်ပင် အရေပြားများ ပူလောင်လာသည်ကိုခံစားနေရသည်။

"ဒီကျင့်စဉ်ကို နတ်ဆိုးငါးကြင်းလို့ လူသိများတယ်....ဒါကိုသာအောင်မြင်အောင်လေ့ကျင့်နိုင်ရင် ကောင်းကင်ကိုတောင် မီးရှို့နိုင်စွမ်းရှိတဲ့ နတ်ဆိုးမီးတောက်ကို ဆင့်ခေါ်နိုင်ပါလိမ့်မယ်” ဟု နည်းပြချီချန်းက ရှင်းပြခဲ့သည်။

"ဒဏ္ဍာရီအရ ပြီးမြောက်တဲ့အထိလေ့ကျင့်နိုင်ရင် နတ်ဆိုးမီးတောက်က စစ်မှန်တဲ့အသိစိတ်ကို ပိုင်ဆိုင်ထားတဲ့ ငါးကြင်းကြီးအဖြစ် ပြောင်းလဲသွားလိမ့်မယ်... ကောင်းကင်မှာ ကူးခတ်နိုင်ပြီး ငါတို့သိထားတဲ့ ကမ္ဘာကြီးကို တောက်လောင်နေတဲ့ မီးဖိုကြီးအဖြစ် ပြောင်းလဲပစ်နိုင်တယ်....."

ဒါကိုကြားတော့ လီလော့ က သူ့နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။ ဤသည်မှာ မြို့စားအဆင့်ကျင့်စဉ် ၏ ပြင်းထန်သော စွမ်းအားဖြစ်သည်။ ၎င်းသည် နဂါး-အထွေထွေပဲ့တင်ထပ်ခြင်းအနုပညာကို သာလွန်ကောင်းမွန်သော စိတ်ဓာတ်နှင့် ဝိညာဉ်ရေးတို့ကို မွေးဖွားပေးနိုင်ခဲ့သည်။

သို့သော်လည်း လီလော့ ထိုကျင့်စဉ်ကို လျင်မြန်စွာ ငြင်းပယ်ခဲ့သည်။ သူ့ထံတွင် မီးပဲ့တင်ထပ်သံစွမ်းအားမရှိပေ။ ရတနာပစစ္ည်းတွေရဲ့အကူအညီနဲ့ သဟဇာတဖြစ်အောင် လေ့ကျင့်နိုင်သော်လည်း သင်ယူရခက်ခဲပေလိမ့်မည်။ ထို့ကြောင့် အချိန်ကုန်လူပင်ပန်းမည့်အလုပ်မျိုးကို လုပ်နေစရာမလိုပေ။

ဤသို့ဖြင့် ဒုတိယကြာပန်းသို့ ဆက်သွားခဲ့သည်။

ဤကြာပန်းအတွင်းတွင် သေးငယ်သော လက်ဖဝါးအရွယ် အပြာရောင်ဓားတစ်လက်ရှိနေသည်။ ထိုဓားသည် ငြ်ိမ်သက်စွာတည်ရှိနေသော်လည်း အလွန်ထက်မြက်သော ဓားစွမ်းအင်ကို ၎င်းထံမှ ခံစားနိုင်သည်။ တစ်ချိန်တည်းမှာပင် လေသံတိုးတိုးလေးပင် ကြားလိုက်ရသည်။ ကြည့်လိုက်ရုံနဲ့ မျက်လုံးတွေ စူးစူးရှရှ နာကျင်မှုလာပြီး မျက်ရည်ကျလုနီး ဖြစ်ခဲ့ရသည်။

ဓားသွားပေါ်တွင် လျှပ်စီးကြောင်းများ စီးဆင်းနေပြီး လေချွန်သံနှင့် ပေါင်းစပ်၍ ပေါက်ကွဲထွက်နေသော မိုးခြိမ်းသံများကိုကြားနေရသည်။

"ဒါက အဇူရာလေမိုးကြိုးဓားကျင့်စဉ်ပါ... လေနဲ့ မိုးကြိုး ပဲ့တင်ထပ်သံရှိတဲ့ သူတွေ အတွက် အသင့်တော်ဆုံးပဲ.... လေ့ကျင့် ပျိုးထောင်ခြင်းဖြင့် ဒီကျင့်စဉ်ကိုလေ့ကျင့်ပြီး လေမိုးကြိုးဓားကိုဖန်တီးနိုင်ဆယ်..... လက်ချောင်းလေး တစ်ချက် လှုပ်လိုက်ရုံနဲ့ ဓားဟယ မိုင်ထောင်ချီ ခရီးနှင်နိုင်ပြီးဘယ်သူမှတားဆီးလို့မရအောင် အရှိန်မြန်လွန်းတယ်.."

သူ့ထံတွင်မိုးကြိုးပဲ့တင်ထပ်သံရှိသော်လည်း ထိုကျင့်စဉ်ကို ငြင်းပယ်ခဲ့သည်။

သူသည် နောက်ထပ် မြို့စားအဆင့်ကျင့်စဉ် နှစ်ခုကို ဆက်လက်စစ်ဆေးခဲ့သည်။

"ဒါက ရွှေခေါင်းလောင်းကိုးလုံးအတုမရှိခန္ဓာကျင့်စဉ်.... ဒီကျင့်စဉ်အတွက် သတ္တု ပဲ့တင်ထပ်သံစွမ်းအားတွေ လိုအပ်တယ်....ဒါကို အောင်မြင်စွာ လေ့ကျင့်ပြီးတာနဲ့ သူတို့ရဲ့ ရုပ်ခန္ဓာကို ရွှေခေါင်းလောင်း ကိုးလုံးက အကာအကွယ် ပေးပါလိမ့်မယ်...ပြီးတော့ အတုမရှိသန်မာကြံခိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားကိုပေးစွမ်းလိမ့်မယ်......"

"ဒါက သဘာဝတရားသားတော်ရဲ့သစ်နွယ်ပင်ကမ္ဘာကျင့်စဉ်... အောင်မြင်အောင် လေ့ကျင့်နိုင်ရင် လက်တစ်ဖက်တည်းနဲ့ သစ်ပင်တစ်သောင်းပါဝင်တဲ့နယ်မြေအသေးစားတစ်ခုကိုဖန်တီးနိုင်မယ်....ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ၊ သစ်ပင်တွေက သူတို့ကို တောအုပ်ထဲမှပိတ်မိနေအောင် ချုပ်နှောင်ထားလိမ့်မယ်....."

လီလော့သည် နောက်ဆုံးတွင် သူ့အား လှုံ့ဆော်ပေးသည့် မြို့စားအဆင့်ကျင့်စဉ် တစ်ခုကိုရှာတွေ့ခဲ့ချေပြီ။

သဘာဝသားတော်ရဲ့သစ်နွယ်ပင်ကမ္ဘာကျင့်စဉ်သည် သူ၏ သစ်သား ပဲ့တင်ထပ်သံ စွမ်းအားနှင့် ပတ်သက်ဆက်နွယ်နေသည်။

သို့သော်လည်း လေ့ကျင့်ရအလွန်ခက်ခဲသောကျင့်စဉ်အမျိုးအစားဖြစ်နေသည်။ လီလော့သည် ခက်ခဲမှုကို ကြောက်ရွံ့သော လူအမျိုးအစား မဟုတ်ပေ။ ထို့ကြောင့် စတုတ္ထကျောက်ကြာပန်းရှေ့တွင် အမြစ်တွယ်နေစဥ်ဖြစ်နိုင်ချေများကို သေချာတွေးတောဆင်ခြင်နေခဲ့သည်။

သေချာစွာစဉ်းစားပြီးနောက်၊ နောက်ဆုံးတွင်

ဆုံးဖြတ်ချက်ချရန် ဆုံးဖြတ်ခဲ့သည်။

ဒါပေမယ့် သူဒီလိုလုပ်တော့မယ့် အချိန်မှာ သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ ထူးဆန်းတဲ့ ခေါ်သံကို ခံစားလိုက်ရပြီး သူ့အကြည့်တွေက နောက်ဆုံး ကျောက်သားကြာပန်းဆီ ဦးတည်သွားခဲ့သည် ။ နဂါးကြီးတစ်ကောင်၏ဟိန်းဟောက်သံကို ကြားလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲက နဂါးပဲ့တင်ထပ်သံ၏ တန်ပြန် ဟိန်းဟောက်သံကိုပါကြားလိုက်ရသည်။ အလွန်လျင်မြန်စွာဖြင့်

နောက်ဆုံး ကျောက်ကြာပန်းဆီသို့ လျှောက်သွားကာ ၎င်းသည် မည်သို့သော မြို့စားအဆင့်ကျင့်စဉ် အမျိုးအစားဖြစ်သည်ကို ကြည့်ရန် စီစဉ်ခဲ့သည်။

အထဲမှာ အလွန်ဟောင်းနွမ်းပြီး ကွဲအက်နေသည့် အလံတစ်ခုရှိနေသည်။ အနီရင့်ရင့်အလံတိုင်ငယ်ကို အနက်ရောင်ပင်လယ်အသေးစားလေးထဲတွင် စိုက်ထူထားပြီး အလံ ယိမ်းနွဲ့လှုပ်ရှားနေစဉ်၊ ကြီးမားသန်မာသောနဂါးကြီး၏ရုပ်သွင်ကို မထင်မရှားမြင်နေရသည်။ ကြီးမားသော နဂါးကြီးသည် အိပ်ပျော်နေစဉ် အသက်ရှုသကဲ့သို့ ဖြည်းညှင်းစွာ တွန့်လိမ်နေပုံရပြီး တစ်ချိန်တည်းမှာပင်၊ အနက်ရောင်ရေကန်အတွင်း မုန်တိုင်းထန်သော လှိုင်းလုံးကြီးများကို ဝန်းရံထားသည့် အရာတစ်ခုအပေါ် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ခံစားရနိုင်သည်။

ထိုစဉ် နည်းပြချီချန်း၏ အသံ တစ်ဖန် ထွက်ပေါ်လာသည်။

"ဒါက မရဏမြစ်ကမဟူရာနဂါးအလံတော်..... ဒီကျင့်စဉ်ကို ပေါင်းစည်းခြင်းအဆင့်ကျင့်စဉ်လို့ ယူဆနိုင်ပေမယ့် အဲ့ဒီ့အထက်ပိုမြင့်နိုင်တယ်......လေ့ကျင့်နိုင်ဖို့အတွက် ရေပဲ့တင်ထပ်သံနဲ့နဂါးပဲ့တင်ထပ်သံ စွမ်းအား နှစ်ခုစလုံး လိုအပ်ပြီး နဂါးရဲ့ သွေးအဆီအနှစ်လည်းသုံးဖို့လိုအပ်တယ်.... အောင်မြင်အောင်လေ့ကျင့်နိုင်ရင် မရဏမြစ်နဲ့မဟူရာနဂါးကိုဖန်တီးနိုင်ပြီး မဟူရာနဂါးက မရဏမြစ်ကိုထိန်းချုပ်ပြီးအားလုံးကိုအရည်ဖျော်ပစ်ပေးလိမ့်မယ်...."

လီလော့ ခေါင်းညိတ်လိုက်သော်လည်း နည်းပြချီချန်းက အရာအားလုံးကို အပြည့်အ၀ရှင်းပြမနေဘူးဆိုတာ သိလိုက်ရသည်။

"'အဆင့်ပိုမြင့်နိုင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ......"

ဒီမေးခွန်းကြားတော့ သူမ ပြုံးလိုက်မိသည်။

"ဒီကျင့်စဉ်ကို ဗဟိုကျောင်းသားသမဂ္ဂက ပံ့ပိုးပေးခဲ့တာ.... တခြားကောလိပ်တွေရဲ့ သက်ဆိုင်ရာ သိုင်းစာကြည့်တိုက်တွေမှာလည်း ဒီလိုကျင့်စဉ်တွေရှိတယ်.... တကယ်တော့ မရဏမြစ်ရဲ့မဟူရာနဂါးအလံတော်က အဆင့်မြင့် မြို့စားအဆင့်ကျင့်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ.....'"

"အဆင့်မြင့်တဲ့ မြို့စားအဆင့်ကျင့်စဉ်လား....ဒါဆို ဝိဉာဉ်အဆင့်သို့တက်လှမ်းခြင်း အဆင့်ကို ဆိုလိုတာလား..."

နည်းပြချီချန်းက ခေါင်းယမ်းရင်း....

" ဒီကျင့်စဉ်ရဲ့အပြည့်အစုံကျင့်စဉ်ကို ကို နဂါးသုံးကောင်ရဲ့ကောင်းကင်အလံတော်လို့ ခေါ်တယ်.... အဲဒါကို အပိုင်းသုံးပိုင်းခွဲပြီး ငါတို့ကောလိပ်က ပထမအပိုင်းကိုပဲ ပိုင်တာ.... ကျန်တဲ့ နှစ်ခုကို အလယ်ပိုင်းကုန်းမြေ ရှေးဟောင်းကောလိပ်က ပိုင်ဆိုင်ထားတယ်.... အပိုင်းတစ်ခုစီက ပေါင်းစည်းခြင်းအဆင့် မြို့စားအဆင့်ကျင့်စဉ်ရဲ့ အစွမ်းသတ္တိကို ပိုင်ဆိုင်ထားတယ်...ဒါပေမယ့် ကျင့်စဉ် အပြည့်အစုံကိုတော့ ကံကြမ္မာအဆင့်လို့သတ်မှတ်နိုင်တယ်...."

လီလော့ ပင့်သက်ရှိုက်လိုက်မိသည်။

စိတ်ဝိဉာဉ်အဆင့်တက်သည့်အခါ ကံကြမ္မာနှင့်ရုပ်ခန္ဓာကန့်သတ်မှုများကိုလွန်မြောက်နိုင်သည်ဟူသောဆိုရိုးစကားအတိုင်းမြို့စားအဆင့်ကျင့်စဉ်များတွင် အဆင့်လေးဆင့်ရှိခဲ့ပြီး နဂါးသုံးကောင်၏ကောင်းကင်အလံတော်သည် အမှန်တကယ်တွင် ကံကြမ္မာအဆင့်ကျင့်စဉ်တစ်ခုဖြစ်သည်။

အလယ်ပိုင်းကုန်းမြေအပါအဝင် လက်လှမ်းမှီသမျှနယ်မြေထဲတွင် ဤသို့သော

မြို့စားအဆင့်ကျင့်စဉ်လက်တစ်ဆုပ်စာမျှသာရှိခဲ့သည်။

ဒါကိုသိတဲ့ မြို့စားတိုင်းက ဒီကျင့်စဉ်ကိုရယူဖို့ အားလုံးကို စွန့်လွှတ်လိုက်လိမ့်မည်။

ဗဟိုကျောင်းသားသမဂ္ဂသည် အမှန်တကယ်ပင် နားမလည်နိုင်သောအခြေခံအုတ်မြစ်ရှိသော ကြောက်စရာကောင်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိုကဲ့သို့ တန်ခိုးကြီးမားသော မြို့စားအဆင့်ကျင့်စဉ်ကို ပိုင်ဆိုင်ကာ မျှဝေနိုင်ခဲ့သည်။

လီလော့သည် ဆုံးဖြတ်ချက်ချရန်ကြိုးစားရင်း သိပ်မကြာခင်မှာပဲ နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့ရှေ့က အလံတော်ကို ညွှန်ပြလိုက်လေသည်။

"ဆရာ၊ ကျွန်တော် ဒီမြို့စားအဆင့်ကျင့်စဉ်ကို ရွေးမယ်....!"

All Chapters