ဆရာ...ကျွန်တော့်ကို စိတ်ဒဏ်ရာပေးနေတာလား....
Vol. 46 Ch. 633
"ဒါကို လိုချင်တာလား?"
နည်းပြချီချန်းသည် သူမကြားသမျှကို မယုံနိုင်ဖြစ်ခဲ့ရသည်။ တပည့်ဖြစ်သူကို ထိတ်လန့်တကြားဖြင့် ကြည့်ကာ....
"တပိုင်းတစပဲရှိတဲ့ မြို့စားအဆင့်ကျင့်စဉ်ရဲ့အဆင့်ကို စွဲလန်းမနေနဲ့.....ဒီကျင့်စဉ်ရဲ့နောက်ထပ်အပိုင်းတွေကို သင်ယူခွင့်ရနိုင်ဖို့မသေချာတဲ့အပြင် နင့်မှာ ရေပဲ့တင်သံပဲရှိတာလေ....နဂါးပဲ့တင်ထပ်သံမှမရှိတာ.. ဒါက နင့်ရဲ့ လက်ရှိအခြေအနေနဲ့ ဘယ်လိုမှ မသင့်တော်ဘူး....."
လီလော့သည် ဤမြို့စားအဆင့်ကျင့်စဉ်၏ ကံကြမ္မာအဆင့်ဟူသောဂုဏ်ပုဒ်ကြောင့် လမ်းလွဲသွားသည်ဟု သူမ ခံစားမိသည်။ ရှားပါးပြီး အဖိုးတန်လှသည့်၏သွေးဆောင်မှုကို သူမကိုယ်တိုင်လည်းခံစားခဲ့ရဖူးသည်။ထို့ကြောင့် လီလော့ အရွေးမမှားစေရန် ဆုံးမနေခြင်းဖြစ်သည်။
မဟူရာမြစ်မှမဟူရာနဂါးအလံတော်ကျင့်စဉ်သည် ကြယ်တာခရီးရှည်ကောလိပ်၏ပိုင်ဆိုင်မှုမဟုတ်ဘဲ ဗဟိုကျောင်းသားသမဂ္ဂမှ ဆင်းသက်လာသောကြောင့် ကျန်နတ်ဘုရားတိုက်ကြီးများသည် ဤအပိုင်းများကို ပိုင်နိုင်ကြသည်။ လီလော့သည် ဤရွေးချယ်မှုကို ပထမဆုံးပြုလုပ်ခဲ့သူ မဟုတ်သော်လည်း ၎င်းကိုအောင်မြင်စွာ လေ့ကျင်နိူင်သူရှိသည်ဟု မကြားဖူးခဲ့ပေ။
"ဆရာ...ကျွန်တော်က အလားအလာရှိတဲ့ ကံကြမ္မာအဆင့် မြို့စားအဆင့်ကျင့်စဉ်ကို မက်မောစွာနဲ့ ရွေးချယ်တာမဟုတ်ပါဘူး၊ သေချာ တွက်ချက်ပြီးမှ ဆုံးဖြတ်လိုက်တာပါ.....!"
"လီလော့၊ ဒီ မြို့စားအဆင့်ကျင့်စဉ်တွေအားလုံးထဲမှာ သဘာဝတရားသားတော်ရဲ့သစ်နွယ်ပင်ကမ္ဘာကျင့်စဉ်က နင်နဲ့အသင့်တော်ဆုံးပဲ....နင့်မှာ ရေနဲ့သစ်သားပဲ့တင်ထပ်သံတွေ ပိုင်ဆိုင်ထားပြီး၊ သူတို့က အပြန်အလှန် ဖေးမကူညီပေးနိုင်တယ်.... အဲ့ဒါကို အောင်မြင်အောင် လေ့ကျင့်နိုင်မယ်ဆို မင်းရဲ့လက်ထဲမှာ သေးငယ်တဲ့နယ်မြေတစ်ခုကိုဖန်တီးနိုင်လိမ့်မယ်...ဒါဆို အခြားသူတွေထက် အားသားချက်တွေအများကြီးရှိလာနိုင်တယ်...."
ထိုအချိန်တွင် နည်းပြချီချန်းသည် လီလော့ ကို စိုးရိမ်သောကရောက်နေသော အဖွားကဲ့သို့ သင်ကြားပြသခဲ့ပြီး မှားယွင်းသော ဆုံးဖြတ်ချက်ကို မချစေလိုပေ။ထို့အပြင် သူ့မှာ အချိန်အကန့်အသတ်ရှိသည့်အတွက် အခွင့်အရေးကို ဖြုန်းတီးပစ်သလိုဖြစ်ကုန်လိမ့်မည်။
လီလော့ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
"ဟူးးးး ဆရာ ကျွန်တော့်ကို အတင်းအကြပ်လုပ်ဖိအားပေးနေတာပဲ....... အခုတွေ့ရမယ့်အရာကို လျှို့ဝှက်ထားပေးပါ....ဘယ်သူမှမသိပါစေနဲ့......"
အတွေးတစ်ခုဖြင့် ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် ယခင်က ရှိနှင့်ပြီးသား ပဲ့တင်ထပ်သံစွမ်းအားများနှင့် နှိုင်းယှဉ်ပါက လုံးဝခြားနားသော သားရဲတစ်ကောင်ဖြစ်ပြီး နောက်ဆုံးတွင် သန်မာသောသတ္တဝါတစ်ကောင် ပုံရိပ်တစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။
ဝေါင်းးးးး
အခန်းတစ်ဝိုက်တွင် ခပ်တိုးတိုး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
နည်းပြချီချန်း၏ အေးဆေးတည်ငြိမ်သော မျက်လုံးများသည် နောက်ဆုံးတွင် ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်လာသည်။
ဤအရာသည် အတွေ့အကြုံ ရင့်ကျက်သော ဆရာကိုပင် အံ့အားသင့်စေသည့် အရာပင်။
"နဂါးပဲ့တင်ထပ်သံလား?..နင့်မှာ ဘယ်လိုဖြစ်ပြီးနဂါးပဲ့တင်ထပ်သံရှိနေတာလဲ......"
သူမသည် မယုံကြည်နိုင်စွာဖြင့် ပလုံးပထွေး ရေရွတ်နေမိသည်။
" ဟီးးး မြေနတ်ဆိုးခန္ဓာအဆင့်ကို တက်လှမ်းနေတုန်း ပေါ်လာခဲ့တာ....z"
"ဒါဆို နင့်မှာ....."
"ဟုတ်တယ်၊ ကျွန်တော့်မှည ပဲ့တင်ထပ်သံ ၃ ခုရှိတယ်...."
လီလော့က ခေါင်းညိတ်ပြီး စိတ်ချလက်ချ ပြုံးပြလိုက်သည်။
ဤဖော်ပြချက်သည် နည်းပြချီချန်းကို အချိန်အတော်ကြာအောင် ထိတ်လန့်သွားစေခဲ့သည်။ လီလော့ ပဲ့တင်ထပ်သံနှစ်ခုကို ထုတ်ဖော်ပြသခဲ့စဉ်က သူမ အနည်းငယ် ထိတ်လန့်သွားခဲ့သော်လည်း ၎င်းမှာ ကြားဖူးနားဝ မရှိသော စွမ်းရည်တစ်ခု မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် တတိယမြောက်ပဲ့တင်ထပ်သံ မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း......
တတိယမြောက်ပဲ့တင်ထပ်သံသည် မြို့စားအားလုံး လိုချင်သော အရာဖြစ်သည်။
လီလော့တွင် ပဲ့တင်ထပ်သံသုံးခုရှိပြီး သူသည် ဘုရင်အဆင့်ကျွမ်းကျင်သူကဲ့သို့ သုံးခုစလုံးကို ပေါင်းစပ်၍မရနိုင်သော်လည်း မတူညီသော ပဲ့တင်ထပ်သံစွမ်းအားသုံးမျိုးလုံးကို ပေါင်းစပ်အသုံးချနိုင်ပြီး အခြေခံအကျဆုံးသော အောင်မြင်မှုသည်ပင် သူ့အား အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးမည်ဖြစ်သည်။
ဒါက ဘုရင်အဆင့်ကိုဝင်ရောက်ဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်စေလိမ့်မည်။
ဤသည်မှာ သူမ လုံးဝအံ့သြနေရသည့် အကြောင်းအရင်းဖြစ်သည်။
ပဲ့တင်ထပ်သံနှစ်ခုရှိခြင်းအတွက် မနာလိုမဖြစ်ခဲ့သော်လည်း...ပဲ့တင်ထပ်သံသုံးခုကို သူမလည်း ပိုင်ဆိုင်ချင်နေပါသည်။
မြေနတ်ဆိုးခန္ဓာအဆင့်တွင် ပဲ့တင်ထပ်သံသုံးခုကို ပိုင်ဆိုင်နိုင်ခြင်းသည် အလယ်ပိုင်းကုန်းမြေရှိ ရှေးဟောင်းကောလိပ်များတွင်သာ တွေ့ရှိသင့်သည်မဟုတ်လော။ ချို့တဲ့နွမ်းပါးသော အရှေ့ပိုင်းကုန်းမြေရှိကောလိပ်များတွင် မည်သို့ပေါ်လာနိုင်သနည်း။
စိတ်ငြိမ်သွားရန် အချိန်အတော်ကြာယူခဲ့ရပြီး လီလော့အား ရှုပ်ထွေးသောအကြည့်ဖြင့်ကြည့်ကာ...
"ဒီလိုလူမျ်ိုး ငါ့တပည့်ဖြစ်လာမယ်လို့ တခါမှမတွေးခဲ့မိဘူး....လီလော့၊ နင့်မှာ ဘုရင်အဆင့်ထိရောက်ဖို့ အရည်အချင်းရှိတယ်"
"ဆရာက ကျွန်တော့်အတွက်တော့ တစ်သက်လုံးအတွက် ဆရာပါပဲ..... နောက်ဆုံးမှာ ဘုရင်အဆင့်ကို ရောက်ခဲ့ရင်တောင်၊ကျွန်တော်က ဆရာ့ရဲ့တပည့်ပဲ"
"အပြောကတော့ ကောင်းပါ့"
နည်းပြချီချန်း ၏လှပသော မျက်ဝန်းတစ်စုံတွင် သူ၏ ချိုမြိန်သော စကားများကြောင့် ကြည်နူးမှု အရိပ်အယောင်အချို့ယှက်သန်းနေသည်။
"ဒါပေမယ့်လည်း ငါတစ်ခုလောက်တော့်သိချင်တယ်..... အခု နင့်မှာ ပဲ့တင်ထပ်သံသုံးခုရှိနေပြီဆိုတော့ မြို့စားအဆင့်ဆို လေးခု၊ ဘုရင်အဆင့်ဆိုငါးခုရှိနေမှာလား...."
ထိုစကားများကို ကြားလိုက်ရတော့ လီလော့ အနည်းငယ် ထိတ်လန့်သွားမိသည်။ မြို့စားအဆင့်သို့ရောက်သောအခါ နောက်ထပ် ပဲ့တင်ထပ်သံ နန်းတော်တစ်ခုကို ဖွင့်နိုင်မလား။ သူ့ရဲ့ သဘာဝ ပဲ့တင်ထပ်သံနန်းတော်တွေဟာ အချိန်မတိုင်ခင် မွေးဖွားလာတာလားဆိုတာ ပြောဖို့ခက်လှသည်။
ထို့အပြင်၊ အဆိုပါ ပဲ့တင်ထပ်သံအသစ်များသည် ၎င်း၏လက်ရှိ ပဲ့တင်ထပ်သံများကို အဓိက ပံ့ပိုးပေးနေရုံသာဖြစ်ပြီး ဆက်စပ်မှုမရှိသော်လည်း လုံလောက်တာထက်ပိုခဲ့ပါသည်။
"ဆရာ....ပဲ့တင်ထပ်သံသုံးခုထက်ပိုရှိတဲ့သူနဲ့ ကြုံဖူးလား....."
နည်းပြချီချန်းက ခဏလောက်စဉ်းစားပြီး.....
“အင်း....အဲဒီလို ပုဂ္ဂိုလ်တွေ အတိတ်မှာ သေချာပေါက် ရှိခဲ့တယ်... လက်ရှိ နတ်ဘုရားတိုက်ကြီးမှာတောင် ပဲ့တင်ထပ်သံ သုံးခုထက်ပိုရှိတဲ့ မရေမတွက်နိုင်တဲ့ လျှို့ဝှက်ကျွမ်းကျင်သူတွေ ရှိနေနိုင်တယ်.... နင့်လိုလူမျိုးက ရှားပါးပေမယ့် ခြွင်းချက်တော့ မဟုတ်ဘူး..... “
လီလော့ ခေါင်းညိတ်လိုက်သည်။ကျယ်ပြောလှသော ကမ္ဘာကြီးတွင် လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေသည်။ မွေးစက ဒီလို အထူးအခွင့်အရေးကို ပိုင်ဆိုင်ထားရင် အဆင့်ကြီးတစ်ခုကို သူတို့ဖြတ်ကျော်ပြီးတိုင်း ပဲ့တင်ထပ်သ့နန်းတော်တွေကို ဖွင့်လှစ်နိုင်တဲ့ ပုဂ္ဂိုလ်တွေတောင် ရှိကောင်းရှိနိုင်ပေလိမ့်မည်။
"ဒါဆို... ကျွန်တော် ဒီကျင့်စဉ်ကို ရွေးလို့ရပြီလား....."
နည်းပြချီချန်းက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး....
"ကောင်းပြီ၊ မင်းမှာ နဂါးပဲ့တင်သံရှိတဲ့အတွက်၊ ဒီမြို့စားအဆင့်ကျင့်စဉ်က နင့်အတွက် အထူးသင့်လျော်တယ်......"
လီလော့၏ရွေးချယ်မှုကို သူမနားလည်ပါသည်။မရဏမြစ်၏မဟူရာနဂါးအလံတော်နှင့် သဘာဝတရားသားတော်၏သစ်နွယ်ပင်ကမ္ဘာကျင့်စဉ်နှစ်ခုစလုံးသည် သူ့အတွက် ကောင်းစွာ လိုက်ဖက်ပါသည်။ သို့သော်၊ အထူးသဖြင့်၊ ကံကြမ္မာအဆင့် မြို့စားအဆင့်ကျင့်စဉ်ကို လေ့ကျင့်ခြင်းက ပို၍အလားအလာကောင်းနိုင်သည်။
ထို့ကြောင့် လီလော့သည် ဒုကျောင်းအုပ်စုရှင်း မှပေးသော ကမ္ဗည်းပြားကိုထုတ်ယူပြီး ကျောက်သားကြာပန်းထဲသို့ ထိုးထည့်လိုက်သည်။
ကျောက်သားကြာပန်းအထက်တွင် ကပ်နေသော ကမ္ဗည်းပြားသည် မရေမတွက်နိုင်သော မှော်စာလုံးများကို လေထဲသို့ လွှင့်ထုတ်ကာ အလံတော်ကို ဖုံးအုပ်ထားသည့် အလင်းအတားအဆီးနှင့် တိုက်ရိုက်ထိတွေ့ခဲ့သည်။ တခဏအကြာတွင် အတားအဆီးတွေပေါ် တဖြေးဖြေး ပျောက်ကွယ်သွားလေ၏။
လီလော့ လက်ကို ဆန့်ထုတ်လိုက်ပြီး အနက်ရောင်နဂါးတံဆိပ်ရိုက်နှိပ်ထားသော အနီရင့်ရောင်အလံတော်ကို ဆုပ်ကိုင်လိုက်သည်။
"ဒါပြီးရင် ဘာဆက်လုပ်ရမှာလဲ "
ဒုတိယကျောင်းအုပ်ကြီးစုရှင်း ပြောခဲ့သည့်စကားအပေါ် အခြေခံ၍ ၎င်းတို့သည် ဤကျင့်စဉ်ကို အောင်မြင်စွာ သင်ယူနိုင်ရန် အခွင့်အလမ်းများ တိုးပွားစေမည့် အထူးနည်းလမ်းများကို အသုံးပြုကြရမည်ဖြစ်သည်။
ဤကျင့်စဉ်ကို ရယူနိုင်ရန် များပြားလှသောကျောင်းတွင်းရမှတ်များကို အသုံးပြုခဲ့ရသည်။
"ဒါဆို ငါ့နောက်ကလိုက်...."
နည်းပြချီချန်းသည် အခန်း၏ အလယ်သို့ လျှောက်သွားကာ ကြမ်းပြင်ပေါ်တွင် ကမ္ပည်းတစ်ခုလို ပုံဖော်ထားသည့်နေရာကို လက်နှင့်ထိလိုက်သည်နှင့် သူမ၏ ပဲ့တင်ထပ်သော စွမ်းအားများသည် မှော်စာလုံးတွေအဖြစ် ပြောင်းလဲသွားပြီး ကမ္ပည်းပြားပေါ်သက်ဆင်းသွားလေ၏။
ကြမ်းပြင်ပေါ်ရှိ ကမ္ပည်းတိုင်သည် အသက်ဝင်လာပုံရပြီး အလင်းတန်းများ အများအပြားထွက်ပေါ်လာကာ တံခါးပေါက်တစ်ခုအဖြစ် ပြောင်းလဲရောယှက်သွားခဲ့သည်။
လီလော့ကို တချက်စိုက်ကြည့်ပြီ နည်းပြချီချန်းသည် တံခါးထဲသို့ တိုက်ရိုက်ဝင်သွားကာ လေထဲတွင် ပျောက်ကွယ်သွားသည်။
သူသွားရမယ့်နေရာမှန်းသိတော့ လက်ထဲက အလံတော်ကိုကြည့်ပြီး အသက်ပြင်းပြင်းရှူကာ.....
“ အမှတ်တွေကို အချည်းနှီးမဖြုန်းတီးမိဖို့ မျှော်လင့်ပါတယ်…”
လူနှစ်ယောက် ဝင်လာပြီးနောက်၊ အလင်းရောင်ဖြင့် ပြုလုပ်ထားသော တံခါး ပျောက်ကွယ်သွားကာ ကြမ်းပြင်ပေါ်တွင် ကမ္ပည်းတိုင်အဖြစ် ပြန်ပြောင်းသွားလေတော့သည်။