← Chapters

ရွှေရောင်နီဗားနားကြာပန်းများ.......

Vol. 46 Ch. 634

ရွှေရောင်နီဗားနားကြာပန်းများ.......

Vol. 46 Ch. 634

လီလော့ တံခါးကို လှမ်းကြည့်လိုက်တော့ တစ်ဖက်က အလင်းဝင်လာတာကြောင့် အမြင်အာရုံခဏတာ ကွယ်ပျောက်သွားခဲ့ရသည်။ လေ့ကျင့်ထားသော တိကျသေချာမှုကြောင့် အမြင်အာရုံ ပြန်လည်ကောင်းမွန်လာချိန်တွက် သူ့ပတ်ဝန်းကျင်ရှိ ရှုခင်းများ မြေတုန်လှုပ်ဖွယ်ရာ ပြောင်းလဲသွားသည်ကို သိရှိလိုက်ရသည်။ မြူခိုးတွေနဲ့ တိမ်တွေဖုံးလွှမ်းနေတဲ့ ဧရာမတောင်ထွတ်ကြီးတစ်ခုကိုမြင်နေရပြီး သူကိုယ်တိုင် ထိုတောင်ထွတ်အပေါ်ရောက်နေခဲ့သည်။

"ဒီကိုလာ...."

သူ့ပတ်ဝန်းကျင်ကို စူးစမ်းနေတုနိး နည်းပြချီချန်းရဲ့ခေါ်သံကိုကြားလိုက်ရသည်။

ကမန်းကတန်း လှည့်ကြည့်လိုက်တော့ နည်းပြချီချန်းက လက်ကိုဝှေ့းယမ်လိုက်ပြီး မြူခိုးများကို လွင့်စင်သွားစေပြီး ရင်ခုန်စရာကောင်းတဲ့ မြင်ကွင်းကို ဖွင့်လှစ်ပေးခဲ့သည်။

သူ့ရှေ့မှာ မွှေးကြိုင်တဲ့ ရနံ့တွေ ထုတ်လွှတ်နေသည့် ရိုးစင်းတဲ့ ရေကန်တစ်ခုရှိနေသည်။

ရေကန်၏ အလယ်ဗဟိုတွင်ပန်းချပ်သုံးပွင့်ချပ်ရှိသော ဧရာမရွှေကြာပန်းများပွင့်ဖူးနေသည်။ ပန်းပွင့်များသည် စိတ်ကူးယဉ်ဆန်စွာလှပနေပြီး ပွင့်ချပ်တခုစီပျော်တွင် မရေမတွက်နိုင်သော ရွှေရောင်ကြိုးများ ထွင်းထုထားပြီး ၎င်းတို့ဆီမှ မြူခိုးများ ထွက်လာပုံရသည်။ ထိုမြူခိုးများက လီလော့၏နှလုံးသားအတွင်း၌ ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာစေသည်။

"ဒါတွေက ရွှေရောင်နီဗားနားကြာပန်းတွေ... ပွင့်ချပ်တစ်ပွင့် ဖြစ်လာဖို့ ဆယ်နှစ်ကြာမြင့်တယ်.... ကြာပန်းတပွင့်ကိုသုံးဖို့ဆို အနှစ်သုံးဆယ်ကြာအချိန်ယူရတယ်.... ဒီကြာပန်းပေါ်မှာထိုင်ပြီးကျင့်ကြံမယ်ဆို နားလည်နိုင်စွမ်းမြင့်မားလာတဲ့အပြင် ကျင့်စဉ်ဖောက်ပြန်တာမျိုးကနေလည်း ကာကွယ်ပေးနိုင်တယ်....."

"ပွင့်ချပ်တပွင့် ရင့်မှည့်ဖို့ ဆယ်နှစ်လောက်စောင့်ရတယ်....."

လီလော့ အလွန်အံ့သြနေမိသည်။ ဒါက လျှို့ဝှက်ထားခဲ့တဲ့ ကောင်းတဲ့အရာတစ်ခုဆိုတာ ထင်ရှားနေပြီး ဤအကျိုးခံစားခွင့်ကိုခံစားရန် ဤမျှကြီးမားသောစျေးနှုန်းပေးခဲ့ရသည်မှာ အံ့သြစရာမဟုတ်ပေ။

ထို့အပြင် ရွှေရောင်နီဗားနားကြာပန်း၏ အာနိသင်သည် သူထွက်ခွာသွားသည့်တိုင် အချိန်ကာလတစ်ခုအထိ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

"မြို့စားအဆင့်ကျင့်စဉ်တွေက နဂါးအဆင့်ကျင့်စဉ်တွေနဲ့ လုံးဝ မတူဘူး....မြို့စားအဆင့်ကျင့်စဉ်တွေကိုလေ့ကျင့်သင်ယူဖို့အတွက် သဘောတရားကို နားလည်သဘောပေါက်ဖို့ လိုအပ်တယ်.... ကျင့်စဉ် သဘောတရားရဲ့ စစ်မှန်တဲ့ အနှစ်သာရကို နားလည်မှသာလျှင် နင့်နှလုံးသားထဲမှာ ယုံယုံကြည်ကြည် တံဆိပ်ခတ်ထားသလိုစွဲထင်နေမှာ....ရှန့်ပိန်းတွေ့ဆုံပွဲက လန်လန်ရဲ့ မင်ဘုရင်ကျမ်းစာကို မှတ်မိသေးလား ?အဲဒါဟာ ဉာဏ်အလင်းကောလိပ်ရဲ့ ကျောင်းအုပ်ကြီး ဖန်တီးထားတဲ့ ကျင့်စဉ်မို့ လေ့ကျင့်ရာမှာ ခွန်အားကြီးမားတဲ့ ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ဖိနှိပ်မှုကို ခံနိုင်ရည်ရှိဖို့ လိုအပ်တယ်...ဒီဖိအားကို ကောင်းကင်ပုလဲအဆင့်တွေတောင် ကြောက်ရွံ့ထိတ်လန့်မှုကို ခံနေရဆဲပဲ...ဉာဏ်အလင်းကောလိပ်က ဒီကျင့်စဉ်ကို လေ့ကျင့်နိုင်ဖို့ ထက်မြက်ပြီးဇွဲလုံ့လရှိတဲ့ကျောင်းသားတွေကို နှစ်စဉ် ရွေးချယ်လေ့ရှိတယ်.... ဒါပေမယ့်လည်း ဆယ်စုနှစ်ပေါင်းများစွာကြာမှ လန်လန်တစ်ယောက်တည်းသာ အောင်မြင်ခဲ့တာ....."

လီလော့ ခေါင်းညိတ်လိုက်သည်။ ဘုရင်အဆင့်၏ဖိအားမျိုးကို သူကိုယ်တိုင် တစ်ခါမှ မကြုံဖူးပေ။ ကျောင်းအုပ်ကြီဖန်နဲ့တွေ့ဆုံခဲ့စဉ်ကလည်း ကိုယ်ပွားများနှင့်သာတွေ့ဆုံခြင်းဖြစ်သော်လည်း ကမ္ဘာဉီးရှေးဟောင်းသားရဲ ကြီးတစ်ကောင်က စိုက်ကြည့်နေသလိုမျိုး ကြောက်ရွံ့မှုခံစားရသည်။

ဤသည်မှာ မြင့်မားသောအဆင့်များ၏ သဘာဝ ဖိနှိပ်မှုပင်ဖြစ်သည်။

"နင်ရွေးလာတဲ့ကျင့်စဉ်ကို ချက်ခြင်းစတင်သင်ယူဖို့ ကြိုးစားနိုင်ပါတယ်... မြို့စားအဆင့်ကျင့်စဉ်တွေက နင့်လိုအဆင့်နဲ့ ကျောင်းသားတွေအတွက် အရမ်းအဆင့်မြင့်လွန်းတယ်ဆိုတာကိုတော့မမေ့နဲ့ ... ဒါကြောင့် အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင်ထားပါ... မ သတိမထားမိရင် ဒီ မြို့စားအဆင့်ကျင့်စဉ်ရဲ့အခြေခံ သဘောတရားတွေက မင်းရဲ့ စိတ်ဓာတ်နဲ့ နှလုံးသားအပေါ် အရိပ်တစ်ခု ချန်ထားခဲ့လိမ့်မယ်.... ဒါက လွယ်လွယ်နဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ ကိစ္စပဲ”

လီလော့က သေချာစွာနားထောင်ပြီး ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ ၎င်းကို လေ့ကျင့်သင်ယူခြင်းသည် သိသာထင်ရှားသော စွန့်စားမှုမျိုးဖြစ်ကြောင်း နားလည်ထားသည့်အတွက် နဂါးအဆင့်ကျင့်စဉ်ထက် သာလွန်ကြောင်း ထင်ရှားနေသည်။

သို့သော် စွန့်စားမှုရှိမှသာ ဆုလာဘ်များရရှိလာနိုင်မည်ဖြစ်သည်။

လီလော့ ချက်ချင်းပင် ရေကန်အလယ်သို့ ခုန်ဆင်းကာ ရွှေရောင်နီဗားနားကြာပန်းပေါ်မထိုင်မီ စိတ်အခြေအနေကို အမြန်ပြန်လည်ပြင်ဆင်ခဲ့သည်။

သူဆင်းသက်သည့်အခိုက်တွင် ခန္ဓာကိုယ်ထဲသို့ နူးညံ့နွေးထွေးသော စွမ်းအင်များ စီးဆင်းနေသည်ကို ခံစားလိုက်ရပြီး တဖြည်းဖြည်း စိတ်တည်ငြိမ်လာခဲ့သည်။ယခုဆို လီလော့သည် ရေကန်တစ်ခုလို တည်ငြိမ်အေးချမ်းနေလေပြီ။

လီလော့ အသက်ပြင်းပြင်းရှူလိုက်ပြီး နီညိုရောင်အလံတော်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။

နည်းပြချီချန်းက လီလော့ကို အဝေးမှ ဆက်လက်ကြည့်ရှုခဲ့ပြီး ပြန့်ပြူးသော

မြေကွက်ပေါ်တွင် ထိုင်ကာ အေးအေးလူလူ ရေနွေးကြမ်းသောက်သုံးနေသည်။ဤအတိုင်းသာဆို လီလော့ကို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ရန် စီစဉ်ထားကြောင်း ထင်ရှားသည်။

ထို့အပြင်၊ မြို့စားအဆင့်ကျင့်စဉ်ကို လေ့ကျင့်ရန် အန္တရာယ်သည် အသေးအဖွဲမဟုတ်သောကြောင့် ရွှေရောင်နီဗားနားကြာပန်းတွေက အကာအကွယ်ပေးသည့်တိုင် သူမ စိတ်ချနိုင်မည်မဟုတ်ပေ။

ဤကဲ့သို့ ထူးချွန်သော ကျောင်းသားကို သူမ ပထမဆုံးအကြိမ် လက်ခံခဲ့ခြင်းဖြစ်သာ့်အတွက် ကောင်းစွာ ကာကွယ်လိုခြင်း ဖြစ်သည်။ အကယ်၍ လီလော့သာ တခုခုချွတ်ချော်ပြီး ထိခိုက်သွားလျှင် သူမ ဖြေဆည်နိုင်မည်မဟုတ်ပေ။

လီလော့သည် မျက်လုံးမှိတ်ပြီးနောက် သူ၏ ပဲ့တင်ထပ်သံစွမ်းအားများကို အနက်ရောင် နဂါးအလံတော်ဆီပို့လွှတ်လိုက်သည်။ ထို့နောက် အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်၍ သူ့ထံသို့ ရောက်ရှိလာသော ရှေးဟောင်းနဂါးတစ်ကောင်၏ဟိန်းဟောက်သံကို ကြားလိုက်ရပြီး သူ့ရင်ထဲတွင် စူးစူးရှရှ မြည်ဟည်းနေလေသည်။

၎င်းသည် လုံးဝသစ်လွင်သော နေရာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရသလိုပင်။

သူ့ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တော နှလုံးသားထဲကနေ တုန်လှုပ်သွားသည်။

ဧရာမပင်လယ်ကြီး၏ နက်နဲသော တွင်းနက်ကြီးထဲသို့ရောက်နေသလို အသက်ရှူကျပ်နေပြီး တွင်းနက်ထဲသို့ အဆက်မပြတ် ဆွဲငင်ခံနေရသည်။ရေများကလည်း မှင်ကဲ့သို့ မည်းနက်နေပြီး ရွှံ့နွံကဲ့သို့ ပျစ်နေသဖြင့် လီလော့သည် ပြင်းထန်သော အေးစက်မှုနှင့်ထုံထိုင်းမှုတို့ကို ကြောက်မက်ဖွယ်ကောင်းအောင် ခံစားနေရသည်။

သူသည် ဤအမှောင်ထုထဲတွင် အဆုံးမဲ့ဖိနှိပ်မှုကို ခံစားခဲ့ရသည်။

ဒီစိတ်ပျက်စရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ သူ့ကိုယ်သူ စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့ပြီးအတွင်းမှ ဖုံးကွယ်ထားသော အန္တရာယ်များကို သတိမမူမိဘဲ နစ်မြုပ်နေဆဲပင်...

လီလော့သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ရှောင်လွှဲ၍မရသော ထိတ်လန့်ကြောက်ရွံ့မှုတစ်ခုဖြစ်ပေါ်လာသည်။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးနေပြီး ဘယ်လောက်ကြာကြာ နစ်မြုပ်နေမှန်းမသိန်ိုင်ခဲ့ပေ။ ရုတ်တရက် သူ့ပတ်ဝန်းကျင်မှာ အပြောင်းအလဲတစ်ခု ဖြစ်သွားပြီး လှုပ်ရှားနေတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ အမှောင်ထုထဲကို အာရုံစူးစိုက်ကြည့်ရန် ကြိုးစားသော်လည်း သူမြင်လိုက်ရသော အရာများက သူ့ကို ထိတ်လန့်ကြောက်ရွံ့မှုများသာဖြစ်ပေါ်စေသည်။

အနီရင့်ရောင် မျက်လုံးတစုံ သူ့ရှေ့မှာ တဖြည်းဖြည်း ပွင့်လာသည်။

နီဆွေးသော မျက်လုံးများသည် ကြီးမားပြီး ကြည်လင်ပြတ်သားသော ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေသည်။ လျစ်လျူရှုခြင်းနှင့် ရက်စက်ခြင်းတို့ကိုသာ ထိုမျက်ဝန်းတစ်စုံထဲတွင်မြင်နေရသည်။

ကြီးမားသော မျက်ဝန်းထဲတွင် သူ့ကိုယ်သူ ရောင်ပြန်ဟပ်နေသည်ကို မြင်နေရသဖြင့် လီလော့အလွန်အမင်းထိတ်လန့်နေရသည်။

နက်မှောင်သောပင်လယ်ရေပြင် တုန်ခါသွားပြီးနောက် အလွန်ကြီးမားသောခန္ဓာကိုယ်တစ်ခုပေါ်လာပြီး ကြီးမားသန်မာသောနဂါးကြီးတစ်ကောင်၏အရိပ်အယောင်ကိုမြင်လိုက်ရသည်။ ထိုနဂါးကြီးက အနက်ရောင်ရေတွေနဲ့ တစ်သားတည်းဖြစ်နေသလို နက်မှောင်သောအရောင်အဆင်းရှိပြီး တိတ်တဆိတ် စောင့်ကြည့်နေသည်။

ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားလောက်သော ကြီးမားသောဖိအားလှိုင်းလုံးကြီး သူ့အပေါ်သို့ သွန်းလောင်းချလိုက်သလိုကျဆင်းလာပြီး လီလော့၏ အတွင်းစိတ်ကို တိုက်ရိုက် ရိုက်ချိုးလိုက်လေသည်။

ထိုအချိန်တွင် လီလော့၏စိတ်အခြေအနေ အပိုင်းပိုင်းပြိုကွဲသွားသည်ကို ကြားလိုက်ရသလို ခံစားလိုက်ရသော်လည်း တစ်ချိန်တည်းမှာပင် နွေးထွေးသောခံစားချက်တခု သူ့စိတ်ထဲသို့ တိုးဝင်လာကာ ပြီးပြည့်စုံသော ရှင်းလင်းပြတ်သားမှုကို ခံစားလိုက်စေသည်။ သူနဲ့ အလံတော်ကြားက ဆက်သွယ်မှုကို ချက်ချင်းဖြတ်တောက်လိုက်လေပြီ....

ရွှေရောင်နီဗားနားကြာပန်းပေါ်တွင်......

လီလော့ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်နှာက သွေးမရှိတော့သလို ဖြူဖျော့သွားသည်။ ထိတ်လန့်မှုကြောင့် တကိုယ်လုံးတုန်ယင်နေပြီး ချွေးစေးများရွှဲနစ်နေသည်။

ထို့နောက် သူ့လက်ဖဝါးအတွင်းက အလံတော်ကို ငုံ့ကြည့်ရင်း ထိတ်လန့်သွားသည် ။

"ဒါက... မြို့စားအဆင့်ကျင့်စဉ်လား....?"

၎င်းတွင်ပါရှိသော သဘောတရားသည် တုနှိုင်းမရလောက်အောင် ကြောက်စရာကောင်းသည်။ စိတ်ဆန္ဒ မလုံလောက်ပါက၊ ၎င်းတို့သည် စိတ်ထဲတွင် ဖျောက်ဖျက်၍မရသော အမှတ်အသားတစ်ခု ချန်ထားခဲ့ပေလိမ့်မည်။

ဓူဝံအဖွဲ့သား ခုနှစ်ယောက်စလုံး မြို့စားအဆင့်ကျင့်စဉ်ကို မသင်ယူနိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ အခက်အခဲများနှင့် စွန့်စားမှုများသည် အပြောလွယ်သလောက် လက်တွေ့တွင် အင်မတန်ခက်ခဲလှသည်။

"နင် နောက်ဆုံးတော့ မြို့စားအဆင့်ကျင့်စဉ် ရဲ့ ကြောက်စရာကောင်းမှုကို နားလည်ပြီးပြီလား..... နင် ဆက်လုပ်ချင်သေးလား"

နည်းပြချီချန်း၏စကားအသံ လွင့်ပျံလာသည်။

လီလော့က ခါးသီးတဲ့ အပြုံးမျိုးသာ ပြုံးပြပြီး သူ့စိတ်အခြေအနေကို တိတ်တဆိတ် ပြင်ဆင်နေခဲ့သည်။ သို့သော်လည်း အလံတော်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူ့အကြည့်ထဲတွင် ထင်ရှားပေါ်လွင်နေသော ဆုံးဖြတ်ချက်ပြတ်သားမှုတို့ကို မြင်နေရသည်။

သူ့ လုပ်ရပ်တွေကို ကသာ အဖြေပေးသွားပါလိမ့်မည်။

ဒါကို မြင်လိုက်ရတဲ့ အခါမှာတော့ နည်းပြချီချန်းက ကျေနပ်စွာပြုံးလိုက်လေသည်ယ

သူ့တပည့်ရဲ့ စိတ်အားထက်သန်မှုက ချီးကျူးလောက်စရာပင်....

ကြိုးစားလိုက်ပါ...ဒီကျင့်စဉ်ကို အောင်မြင်အောင်လေ့ကျင့်နိုင်တယ်ဆိုတာ လက်တွေ့သက်သေပြလိုက်စမ်းပါ.....

လေအဝှေ့တွင် မျက်နှာပေါ်က ပုဝါစလွင့်သွားပြီး အနက်ရောင်ငါးပုံဆေးမှင်ကို ထင်ရှားစွာမြင်လိုက်ရသည်။ ချီချန်း အားပါပါဖိချေလိုက်သည့်အတွက် လက်ထဲ ကျောက်စိမ်းလက်ဖက်ရည်ခွက် အမှုန့်ဖြစ်သွားလေတော့သည်။

All Chapters