← Chapters

နောက်ကွယ်မှထိန်းချူပ်နေသူ.....

Vol. 46 Ch. 635

နောက်ကွယ်မှထိန်းချူပ်နေသူ.....

Vol. 46 Ch. 635

လီလော့၏ ဝိညာဉ်သည် နက်နဲသော ပင်လယ်ရေပြင်တွင် အကြိမ်ကြိမ် ကွဲအက်သွားခဲ့သည်။ ကြီးမားသော နဂါးနက်ကြီးသည် ဖိအားများကို အဆက်မပြတ်ထုတ်လွှတ်ကာ လီလော့၏စိတ်ဝိဉာဉ်ကို တုန်လှုပ်သွားစေသည်။ လီလော့၏ စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှု အလွှာတိုင်းကို ဆက်လက်ဖြိုခွဲသွားသော ဤသားရဲကို အနိုင်ယူရန် နည်းလမ်းမရှိတော့ဘဲ နာကျင်မှုကိုသာ အံကြိတ်ခံနေရသည်။

အချိန်ကြာလာသည်နှင့် စိတ်ဝိဉာဉ် အပိုင်းပိုင်းပြိုကွဲသွားသည့် အကြိမ်အရေအတွက်ကို မမှတ်မိနိုင်တော့ပေ။ သို့သော် သူ ဘယ်တော့မှ လက်မလျှော့မည်မဟုတ်ပေ။ ရွှေရောင်နီဗားနားကြာပန်းတွေ အကာအကွယ်ကြောင့် စိတ်နှလုံးအတွင်း၌ ကြည်လင်ပြတ်သားမှု အမြဲရှိနေစေခဲ့သည်။

နည်းပြချီချန်းသည် ရေကန်ဘေးနားတွင် ရေနွေးကြမ်းသောက်ရင်း စောင့်ဆိုင်းနေဆဲပင်....

ရက်ပေါင်းမြောက်မြားစွာကုန်လွန်ခဲ့ပြီး၊ သူမသည် စက္ကန့်မလပ် သူ့ကျောင်းသားကို စောင့်ကြည့်နေခဲ့သည်။ သူမအတွက်တော့ အချိန်တွေရပ်တန့်နေသလိုပင်.....

မြို့စားအဆင့်ကျင့်စဉ်သည် လီလော့၏လက်ရှိအဆင့်ဖြင့် နားလည်ရခက်ပေလိမ့်မည်။သူ့ကိုယ်သူ ယုံကြည်မှုရှိတယ်ဆိုရင်တောင် သိသာသော အန္တရာယ်နဲ့ ကြုံတွေ့ရမှာပင်.....

ဤသည်မှာ သူမ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ကူညီခြင်းမပြုနိုင်သော စိတ်ဆန္ဒ၏တိုက်ပွဲဖြစ်သည်။

လီလော့သည် အကြောက်တရားကို အပြည့်အဝခံနိုင်ရည်ရှိသည့်အထိ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်မှသာ မြို့စားအဆင့်ကျင့်စဉ်ကို သင်ယူနိုင်မည်ဖြစ်သည်။

လုံလောက်သော စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိခြင်းသည် အရည်အချင်းထက် ပို၍ပင် အရေးကြီးသော အချက်ဖြစ်သည်။ ဉာဏ်အလင်းကောလိပ်မှ ကျင်းထန်ရှု၏ဖြစ်ရပ်ကိုကြည့်လျှင် ဤအချက်ကိုရှင်းလင်းစွာ တွေ့မြင်နိုင်သည်။ ထိုကောင်လေးသည် အဆင့်ကိုးတစ်ပိုင်းပဲ့တင်ထပ်သံရှိသော်လည်း မင်ဘုရင်ကျမ်းစာကို မလေ့ကျင့်နိုင်ခဲ့ပေ။ ထိုအချိန်တွင် လန်လန်သည် သူ့ထက် လုံးဝနိမ့်ကျသော ပဲ့တင်ထပ်သံကို ပိုင်ဆိုင်ထားသော်လည်း ကျမ်းစာ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ကိုင်စွဲထားနိုင်ခဲ့သည်။

နည်းပြချီချန်းက ကြာပန်းပေါ်ထိုင်နေတဲ့ လီလော့ကို မျက်လုံးထောင့်ကနေ ဆက်ကြည့်ရှုနေခဲ့သည်။ထိုစဉ် ကြာပန်း၏ပွင့်ချပ်သုံးခုထဲမှ တစ်ခု ကွဲကြေသွားခဲ့သည်။ လီလော့ ၏စိတ်အခြေနေကို ထိန်းသိမ်းထားဖို့ ရွှေရောင်နီဗားနားကြာပန်း၏ စွမ်းအင်များ လျင်မြန်စွာ ကုန်ခမ်းသွားကြောင်း ထင်ရှားသည်။

လီလော့သည် အခွင့်အရေး သုံးပုံတစ်ပုံကို အသုံးချလိုက်ပြီဟု ဆိုလိုသည်။ နည်းပြချီချန်းသည် ပွင့်ချပ်သုံးခုစလုံး ညှိုးနွမ်းသွားသည်နှင့် လီလော့ကိုလှုပ်နှိုးဖို့ပြင်ဆင်ထားသည်။

တစ်နည်းအားဖြင့် မြို့စားအဆင့်ကျင့်စဉ်ကို လေ့ကျင့်သင်ယူရန် လီလော့၏ ကြိုးပမ်းမှုများ မအောင်မြင်ခဲ့သည့် အဓိပ္ပါယ်ပင်.....

သို့သော်လည်း ရွှေရောင်နီဗားနားကြာပန်း၏ အကာအကွယ်မပါဘဲ လီလော့သည် သူ့ကိုယ်သူ ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်ရှိသော အခြေအနေတစ်ခုတွင်သာ ဆက်လက်နေထိုင်ဖို့ရွေးချယ်ခဲ့လျှင် သူမတွင် အခြားရွေးချယ်စရာမရှိပေ။ ကျင့်စဉ်၏ စိတ်ဆန္ဒကသူ့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပြီး လော့လန်အိမ်တော်၏ အိမ်တော်စုဝေးပွဲကျင်းပမည့် အချိန်ကို ထည့်သွင်းစဉ်းစားလိုက်လျှင် သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအကုန်လုံး အချည်းနှီးဖြစ်ကုန်ပေလိမ့်မည်။

"နတ်ဆိုးနန်းတော်အဆင့်နဲ့ မြို့စားအဆင့်ကျင့်စဉ်လေ့ကျင့်တာက အတော်လေးတွန်းအားပေးနေသလိုဖြစ်နေပြီ....."

နည်းပြချီချန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ လီလော့ဟာ သူ့ရဲ့နောက်ဆုံးအခွင့်အရေးနှစ်ရပ်ခုကို ကောင်းကောင်းအသုံးချနိုင်မယ်လို့ မျှော်လင့်ရတော့မည်သာ.....

……

ကိုယ်စားအုပ်ချူပ်သူ၏စံအိမ်ထဲတွင်.....

ကိုယ်စားအုပ်ချုပ်သူသည် ရွှေစပါးအုံးမြွေချည်ထိုးဝတ်ရုံကိုဝတ်ဆင်ထားပြီး ရေကန်ငယ်တစ်ခုရှေ့တွင်ရပ်ကာ ငါးများကို အစာကျွေးနေပါသည်။ လှပသောငါးများစွာသည် ရေထဲသို့ပစ်ချလိုက်သော အရသာရှိသောအစာကို စားသောက်ရန် သူ့ရှေ့တွင် ရုန်းကန်နေရသည်ကို သွေးအေးအေးဖြင့်ကြည့်နေခဲ့သည်။

"ငါ ထင်ထားတဲ့အတိုင်းဆို လုံကူရှန့်ပိန်းက ဖန်ချန်ယွမ် လက်ထဲရောက်နေလောက်ပြီ....."

"ရှန့်ပိန်းတွေ့ဆုံပွဲမှာ ကြယ်တာယာခရီးရှည်ကောလိပ်က အလုံးစုံအောင်ပွဲကို သိမ်းပိုက်နိုင်မယ်လို့ ဘယ်သူထင်ခဲ့မိမှာလဲ....လော့လန်အိမ်တော်က နို့နံ့မစင်သေးတဲ့ကလေးနှစ်ယောက်ကြောင့် ရှုပ်ယှက်ခတ်နေပြီး ဒုက္ခရောက်နေရတာ...." ဟု ကိုယ်စားအုပ်ချူပ်သူက ခံစားချက်မဲ့စွာ ဆက်ပြောခဲ့သည်။

ရှန့်ပိန်းတွေ့ဆုံပွဲ၏သတင်းများက ရှပြည်ထောင်စုအနှံ့ပျံ့နှံ့ခဲ့ပြီး လီလော့နှင့် ကျန်းချင်းအာတို့သည် ၎င်းတို့၏အောင်ပွဲအတွက် အဓိကပံ့ပိုးသူများဖြစ်ကြောင်း လူတိုင်းသိခဲ့ကြသည်။ သူတို့နှစ်ဦးသာမရှိလျှင် ကြယ်တာယာခရီးရှည်ကောလိပ်၏ရလဒ်သည် စိတ်ကူးရခက်နေပေလိမ့်မည်။

ဤမျှော်လင့်မထားသောရလဒ်သည် ကိုယ်စားအုပ်ချူပ်သူ မျှော်လင့်ထားသည့်အရာမဟုတ်ပေ။ ကုန်းရှန်ကျွင်းက အခြေနေတွေတမျိုးပြောင်းဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ရသည်။

ကုန်းရှန်ကျွင်း အမှားမဟုတ်ကြောင်း သူသိသည်။ သိသာလောက်အောင် အလွန်အကျူးမလုပ်မိအောင် ကန့်သတ်ချက်များရှိနေသည်မဟုတ်လော......

ထိုအချိန်တွင် ကိုယ်စားအုပ်ချုပ်သူရပ်နေသော ကျောက်မဏ္ဍပ်၏အရိပ်ကျသောနေရာထဲတွင် တစ်ယောက်ယောက်ရှိနေသလို လှုပ်လှုပ်ရှားရှားဖြစ်လာပြီး အသံတစ်သံ ထွက်ပေါ်လာသည်။

"ဖန်ချန်းယွမ်ရဲ့လက်ထဲ လုံကူရှန့်ပိန်းရောက်သွားရင်တော့ ခက်ပြီ..... သူသာ ယွီလဲ့ဘုရင်ကိုလုံကူရှန့်ပိန်းသုံးပြီးဖိနှိပ်ထားနိုင်ရင် ရှပြည်ထောင်စုဆီ အချုပ်နှောင်ကင်းကင်း ပြန်လာနိုင်ပြီ...... ဖန်ချန်ယွမ်က အရင်ဧကရာဇ်နဲ့ရင်းနှီးတဲ့သူတွေဖြစ်တာကြောင့် လက်ရှိဧကရာဇ်ကိုပဲထောက်ခံလိမ့်မယ်....ဒါဆို မင်း အနှစ်နှစ်အလလ ကြိုးပမ်းခဲ့သမျှတွေ သဲထဲရေသွန်ဖြစ်ကုန်လိမ့်မယ်....."

ကိုယ်စားအုပ်ချူပ်သူက....

"ဒီလိုကလေးတစ်ယောက်က ရှပြည်ထောင်စုရဲ့ အရှင်သခင်ဖြစ်နိုင်ပါ့မလား..... ဟင့်အင်း...သူက ဖန်ချန်းယွမ်ရဲ့ ခွေးလေးတစ်ကောင်ဖြစ်ပြီး ဖန်ချန်းယွမ်ရဲ့ လက်အောက်ငို ရှပြည်ထောင်စုရောက်သွားလိမ့်မယ်...."

"သူက ဘုရင်အဆင့်နော်..."

ထိုသတိပေးစကားကြောင့် ကိုယ်စားအုပ်ချုပ်သူ၏ မျက်လုံးများတွင် လေးနက်သော တမ်းတမှုတစ်ခု ပေါ်လာသည်။ ဤသည်မှာ သူ တက်လှမ်းလိုသော အဆင့်တစ်ခုဖြစ်သည်။ အကယ်၍ သူသာ ဤနယ်ပယ်သို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပါက ရှပြည်ထောင်စု တစ်ခုလုံးသည် မကြုံစဖူးသော အမြင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ ပတ်ဝန်းကျင်နိုင်ငံများနှင့် အင်ပါယာအားလုံး သူ့ရှေ့တွင် လက်နက်ချမည်မှာ သေချာသည်။

"လော့လန်အိမ်တော်မှာ ရှိတဲ့ အရာက ငါ့ကို ဘုရင်အဆင့် ရောက်စေနိုင်လား.... "

"ငါတို့အကူအညီနဲ့ဆို ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"

ထိုအခါ ကိုယ်စားအုပ်ချူပ်သူက...

"လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့က ဘယ်ကလာတာလဲ ....မင်း သူတို့ကို နည်းနည်းကြောက်နေပုံရတယ်... မဟုတ်ရင် သူတို့ကို မြင့်မြတ်သောစစ်တလင်းထဲကို ဘာလို့ တွန်းပို့လိုက်တာလဲ?"

"ဟမ့်....ငါ သိသလောက်ဆို သူတို့နှစ်ယောက်က ဖန်ချန်းယွမ်ထက် အားနည်းတာမဟုတ်ဘူး။ သူတို့ ရှပြည်ထောင်စုမှာ ရှိနေသရွေ့ ငါတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အစီအစဥ်အတွက် အန္တရာယ်ဖြစ်လိမ့်မယ်"

"သူတို့က မြို့စားအဆင့်တွေချည်းပဲလေ.... သူတို့တွေက ထူးခြားပေမယ့် ဖန်ချန်းယွမ်နဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ"

"သူတို့က မြင့်မြတ်သောစစ်တလင်းကို ရောက်နေပြီဆိုတော့ ငါတို့ကိုဝင်မရှုပ်နိုင်တော့ဘူး.... လော့လန်အိမ်တော်ရဲဲအိမ်တော်စုဝေးပွဲက တစ်လခွဲအချိန်အတွင်း ရောက်လာလိမ့်မယ်။ မင်းရဲ့အကြံအစည်ကြီးလည်း နောက်ဆုံးတော့ အကောင်အထည်ပေါ်လာပြီလို့ ပြောလို့ရပတယ်။ လော့လန်အိမ်တော်က ရတနာကို ရနိုင်သရွေ့ မင်း ဘုရင်အဆင့်ကိုတက်လှမ်းနိုင်ပြီဆိုတာ ငါအာမခံနိုင်တယ်!"

"တိုက်ရိုက် လှုပ်ရှားလို့မရလို့ခက်နေတာ..... ဒီလိုလုပ်တာက ကြယ်တာယာခရီးရှည်ကောလိပ်နဲ့ ရွှေနဂါးဘဏ်တိုက်ကို သတိပေးလိုကိသလိုဖြစ်နေလိမ့်မယ်.... မဟုတ်ရင် လွယ်လွယ်ကူကူရှင်းလိုက်လို့ရတယ်.......ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး..... နှစ်တွေတစ်လျှောက်လုံး ငါတို့လုပ်ခဲ့တဲ့ ပြင်ဆင်မှုတွေက လုံလောက်ပါတယ်.....လော့လန်အိမ်တော် ရဲ့ ကျန်းချင်းအာက တကယ်ကို အကြွင်းမဲ့ ပါရမီရှင်ပဲ....ရှန်ကျွင်းတောင် ဒီကောင်မလေးကို သဘောကျနေတာ...သူသာစိတ်ပြောင်းပြီးငါတို့ဘက်ပါလာရင်ကောင်းမယ်လို့ စဉ်းစားခဲ့ဖူးတယ်.......လော့လန်အိမ်တော် ဖျက်ဆီးခံရရင် ဒီကောင်မလေးဘဝက အတော်နှမြောစရာကောင်းနေမှာ...သူသာ ရှန်ကျွင်းနဲ့လက်ထပ်မယ်ဆို သူရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ အစွမ်းအစကြောင့်၊ ငါ့မိသားစုမှာ ပိုလို့တောင် သန်မာတဲ့ သွေးသားကို မွေးထုတ်ပေးနိုင်လိမ့်မယ်...."

ကိုယ်စားအုပ်ချုပ်သူက ပြောနေရင်းကနေ ကောင်းကင်သို့ မျှော်ကြည့်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။

"နောက်ဆုံးတော့ ငါနှစ်ပေါင်းများစွာ စိုက်ထားတဲ့ မျိုးစေ့တွေကို ရိတ်သိမ်းဖို့ အချိန်တန်ပြီ....ကုန်းမိသားစုက တုနှိုင်းမရတဲ့ ဧကရာဇ်အဖြစ် အမှန်တကယ် နန်းတက်တော့မှာ!"

All Chapters