ကျင့်ကြံခြင်း....
Vol. 46 Ch. 636
ရေကန်ဘေးတွင်.......
နည်းပြချီချန်းသည် ရေကန်နံဘေးတွင် ထိုင်နေပြီး သူမ၏ လှပသော မျက်လုံးများသည် သူမရှေ့မှ မလှုပ်မယှက်နိုင်သော ရွှေကြာပန်းများကို ဆက်လက် အာရုံစိုက်နေသဖြင့် လက်ဖက်ရည်သောက်ဖို့ပင်နေ့လျော့နေသည်။
အခုဆို ရက်ပေါင်း နှစ်ဆယ်ကျော်သွားခဲ့ပြီ.....
ရွှေပွင့်လွှာသုံးခုအနက် တစ်ခုသာ ကျန်ရှိတော့ပြီး တောက်ပသော အလင်းတန်းများ ဆက်လက် ထွက်ပေါ်နေဆဲပင်.....
ထိုအချိန်တွင် လီလော့ သည် ကြာပန်းပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ခန္ဓာကိုယ်က တုန်ယင်နေကာ မျက်နှာထက်တွင် ကြောက်မက်ဖွယ်ရာ အမူအရာများပြည့်နှက်နေ၏။
မရဏမြစ်မှမဟူရာနဂါး၏အလံတော်၏စိတ်ဆန္ဒက သူ့ကိုပိတ်လှောင်ခံနေရသည်မှာ ထင်ရှားပါသည်။
ဒီလို ကြောက်စရာကောင်းတဲ့ စိတ်ဆန္ဒကို လွယ်လွယ်နဲ့ ဘယ်သူမှခံနိုင်ရည် မရှိခဲ့ပေ။
နည်းပြချီချန်းအနေဖြင့် လီလော့၏ ပင်ကိုယ်စရိုက်ကို နားလည်သည်။ သူသည် သူ့ဘဝအစောပိုင်းက ဗလာနန်းတော်ပြသာနာနှင့် ကြုံတွေ့ခဲ့ရသည့် တင်းကျပ်သောအခြေအနေကြောင့် စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏လုပ်ဖော်ကိုင်ဖက်များထက် များစွာပို၍ အဆင်မပြေမှုများကို ပို၍ခံနိုင်ရည်ရှိခဲ့သည်။ မြို့စားအဆင့်ကျင့်စဉ်၏ပြင်းထန်သောစိတ်ဆန္ဒပင်လျှင် သူ့ကို အဆုံးမသတ်နိုင်သေးပေ။
လီလော့သည် ရက်နှစ်ဆယ်ကြာ ရူးသွပ်မသွားဘဲ ထိန်းထားနိုင်သည့်အချက်ကပင် အောင်မြင်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။သူသည် နတ်ဆိုးနန်းတော်အဆင့်တွင်သာရှိပါသေးသည်။ပွင့်ပွင့်လင်းလင်းပြောရလျှင် မြို့စားအဆင့်ကျင့်စဉ်သည် သူလက်လှမ်းမှီသည်ထက် များစွာကျော်လွန်နေပြီဖြစ်သည်။
"နောက်ဆုံးပွင့်ချပ်က သူ့ကို နောက်ထပ်ငါးရက်လောက် ထိန်းပေးထားနိုင်လိမ့်မယ်...."
နည်းပြချီချန်း မျက်မှောင်ကြုတ်လိုက်ပြီး ခန့်မှန်းခဲ့သည်။ ဒါက သူ့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်ပြီး လီလော့သာ စမ်းသပ်မှုကို မကျော်လွှားနိုင်ခဲ့ဘူးဆိုရင် ရင်းထားခဲ့သမျှ ကျောင်းတွင်းရမှတ်တွေအကုန် အလဟသ ဖြစ်ကုန်လိမ့်မည်။
သူသည် မရဏမြစ်၏မဟူရာနဂါးအလံတော်ကျင့်စဉ်ကို ဆက်လက်၍ တွေးတောဆင်ခြင်နိုင်သော်လည်း ကြာပန်း၏အကူအညီမပါလျှင်တွေ့ကြုံရမည့် အခက်အခဲ အတိုင်းအတာသးက တဟုန်ထိုးတက်လာမည်ဖြစ်သည်။
ပိုအရေးကြီးတာက လီလော့သည် လက်ရှိအခြေအနေတွေကို မကျော်လွန်နိုင်လျှင် အဆုံးမဲ့နောင်တတွေကိုသာ ပိုက်ထွေးထားရလိမ့်မည်။
ပြီးနောက်၊ အိမ်တော်စုဝေးပွဲသည် ဆယ်ရက် သို့မဟုတ် ထိုထက်စော၍ပင် စတင်တော့မည်ဖြစ်သည်။
နည်းပြချီချန်းက.... "လီလော့၊ ဒီနောက်ဆုံးအခွင့်အရေးကို အသုံးချဖို့က နင့်အပေါ်မှာပဲ မူတည်နေတယ်...." ဟူ၍ တိုးတိုးလေးပြောရင်း ကျောက်စိမ်းသဖွယ်ဖြူလွှသော လက်ချောင်းတွေနဲ့ စားပွဲကို တစ်ချက်ခေါက်လိုက်သည်။
......................
မည်းမှောင်နေသော ပင်လယ်ရေပြင်၏ နက်ရှိုင်းသော နေရာတွင်...........
နဂါး၏ကြီးမားသောမျက်လုံးသည် အမှောင်ထုအတွင်းမှ ထွက်ပေါ်လာသော နီညိုရောင်မှန်တစ်ချပ်နှင့်တူပြီး ၎င်းတို့ထဲတွင် လီလော့၏ ခန္ဓာကိုယ်တစ်ခုလုံး ပုံရိပ်ထင်ဟပ်နေပါသည်။ လီလော့၏ စိတ်ဝိဉာဉ်ဆီသို့ တစ်ဖန် ကြောက်မက်ဖွယ်ရာ လှိုင်းလုံးများ လွှမ်းခြုံလာသောအခါတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖုံးလွှမ်စလာခဲ့ပြန်သည်။
လီလော့သည် ဤသို့သော အခြေနေမျိုး ဘယ်နှခေါက်တွေ့ကြုံနေရမှန်းပင်မမှတ်မိတော့ပေ။
အချိန်တိုင်း.. ရှင်းပြမရနိုင်သော ကြောက်ရွံ့မှုများက သူ့နှလုံးသား၏ နက်နဲရာအရပ်မှ လှိုက်တက်လာပြီး အသိစိတ်ကို အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေသည်။
တစ်ဖန်၊ကြောက်ရွံ့မှုများက ဒီရေလှိုင်းကြီးတစ်ခုလို သူ့ဆီသို့ တိုးဝင်လာသည်နှင့်အမျှ လီလော့သည် အသိစိတ်တစ်ခုလုံး အပိုင်းပိုင်းပြိုကွဲသွားသံကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။ အနက်ရောင်ပင်လယ်ရေသည် သူ့ဆီသို့ အဘက်ဘက်မှ တိုးဝင်လာကာ အသိစိတ်ကို အဖန်ဖန်တိုက်စားနေလေ၏။သို့သော်လည်း လီလော့ကတော့ ဇွဲနပဲကြီးစွာဖြင့်ဆက်လက်တောင့်ခံနေဆဲပင်...
သူသည် လှိုင်းလုံးကြီးများကြားတွင် လှုပ်ခတ်နေသော လှေငယ်လေးနှင့်တူသည်။ ဒီရေတွေ ဖုံးလွှမ်းနေတဲ့ကြားကနေ နောက်ဆုံး သန့်ရှင်းရာဌာနကို ကာကွယ်စောင့်ရှောက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါသည်။
သို့သော်လည်း အနက်ရောင်ပင်လယ်ရေသည် လူတစ်ဦး၏စိတ်ဆန္ဒကို တွန်းလှန်နိုင်စွမ်းရှိသည်။ အချိန်တွေကြာလာတာနဲ့အမျှ သူ့ရဲ့အသိစိတ်တွေ ကွဲအက်သွားပြန်သလို ခံစားရသည်။
"ငါနောက်တစ်ခါကျရှုံးမှာလား"
အမြင်အာရုံ တဖြည်းဖြည်း ကမောက်ကမ ဖြစ်နေသည်ကို ခံစားလာရကာ ဤအရာသည် ဆက်လက်၍ မထိန်းနိုင်တော့သည့် လက္ခဏာဖြစ်ကြောင်း သူနားလည်ခဲ့သည်။ လီလော့ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။
ဤကာလအတွင်းတွင်၊ သူသည် မြို့စားအဆင့်ကျင့်စဉ်ကို လေ့ကျင့်ရန် မည်မျှခက်ခဲကြောင်း နားလည်ခဲ့ချေပြီ။
တစ်ချိန်တည်းမှာပင် အချိန်ကုန်ဆုံးတော့မည်ဖြစ်ကြောင်းလည်း သူသဘောပေါက်ခဲ့သည်။
ကျရှုံးမှုတစ်ခုစီတိုင်းတွင် ရွှေရောင်နီဗားနားကြာပန်း၏ အကာအကွယ်စွမ်းအင်များ တဖြည်းဖြည်း အားနည်းလာသည်ကို ပြတ်သားစွာ ခံစားနိုင်ခဲ့သည်။
ရွှေရောင်နီဗားနားကြာပန်းရဲ့စွမ်းအင်တေံ ကုန်ခမ်းသွားတဲ့အခါ သူ့ရဲ့ ကျင့်ကြံမှုလည်း
ရပ်တန့်သွားပေးလိမ့်မည်။
ဤအံ့ဖွယ်ကောင်းသော ပတ်ဝန်းကျင်တွင် လေ့ကျင့်ရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် အင်မတန်နှမြောစရာကောင်းလှသည်။ ၎င်း၏ စွမ်းအားနှင့် ကိုက်ညီမည့် အရာတစ်ခုကို ရှာတွေ့ရန် အလွန်ခက်ခဲပြီး မြို့စားအဆင့်ကျင့်စဉ်ကို လေ့ကျင့်လိုသည့် သူ၏ အိပ်မက်ကို ကောင်းကင်နစ်မြှုပ်ခြင်းအဆင့်သို့ ရောက်သည်အထိ ဆိုင်းငံ့ထားရမည်ဖြစ်ပါသည်။
ပို၍အရေးကြီးသည်မှာ၊ သူသည် အိမ်တော်စုဝေးပွဲ မတိုင်မီ ဝှက်ဖဲတစ်ခုရယူရန် အခွင့်အရေးကိုဆုံးရှုံးမည်ဖြစ်သည်။
သူသည် အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေကို ပိုင်ဆိုင်ထားဆဲဖြစ်သော်လည်း ၎င်းသည် ပြင်ပအကူအညီတစ်ခုဖြစ်နေဆဲဖြစ်ပြီး မြို့စားအဆင့်ကျင့်စဉ်သည် သူ့ကိုယ်ပိုင်ဟု ခေါ်နိုင်သော ခွန်အားတစ်ခုဖြစ်သည်။ ထို့အပြင်၊ အကယ်၍ သူသည် ဤကျင့်စဉ်၏သတ်ဖြတ်မှုတိုက်ကွက်ကို ကောင်းကင်ဘုံဝံပုလွေထံမှ ချေးယူထားသော စွမ်းအားဖြင့် ပေါင်းစပ်နိုင်လျှင် အနည်းဆုံးတော့ အချိန်တိုအတွင်း ပြင်းထန်သော ခွန်အားကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။
ဤမျှလောက် အားကောင်းနေမှသာလျှင် အိမ်တော်စုဝေးပွဲ၌ ကစားပွဲကို ပြောင်းပြန်လှန်နိုင်ရန် အရည်အချင်းပြည့်မီနိုင်မည်ဖြစ်သည်။
မဟုတ်ရင် ဖိအားအများစုဟာ ချင်းအာ အပေါ်သို့ မလွဲမသွေ ကျရောက်လိမ့်မည်ဖြစ်သည်။
သူ့ကိုယ်သူ အမြဲတစေ တိုးတက် ခိုင်မာစေလိုသော ဆန္ဒဖြင့် သူမသည် လူသတ် ဝှက်ဖဲကို ပြင်ဆင်နေသည်မှာ နှစ်များစွာ ကြာခဲ့သည်။ သူမ ပေးခဲ့ရတဲ့ စျေးနှုန်းဟာ စိတ်အားထက်သန်စွာ အားထုတ်မှုနဲ့ အနစ်နာခံမှု ပမာဏဖြစ်ပြီး အရာအားလုံးကို သူမတစ်ယောက်တည်းထမ်းပိုးထားတာမျိုးလည်း မမြင်လိုတော့ပေ။
သူမသည် လော့လန်အိမ်တော်အတွက်ရော သူ့အတွက်ပါ လုံလောက်သည်ထက်ပိုသည်အထိပေးဆပ်ခဲ့ပြီးပြီ.......
ယခုအခါ ဝန်ထုပ်ဝန်ပိုးကို သူ(လီလော့) တလှည့်ထမ်းရတော့မည်ဖြစ်သည်။ သူမ၏ လှပသော မျက်နှာလေးကိုမြင်ယောင်မိသည့်အခါ စိတ်ထဲတွင် အလင်းတန်းတချို့လင်းလက်သွားသည်။ သူ့မျက်လုံးတွေကို အတင်းဖွင့်ကြည့်လိုက်တော့ ပင်လယ်နက်ထဲမှာ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေတဲ့ သားရဲမျက်လုံးတစ်စုံက သရော်လှောင်ပြောင်တဲ့ အကြည့်နဲ့ စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။
နတ်ဆိုးနန်းတော်အဆင့်လောက်နဲ့ မြို့စားအဆင့်ကို လက်လှမ်းချင်နေတာလား......
အနက်ရောင်နဂါးသည် လက်တစ်ဖက်ကို မြှောက်လိုက်ကာ ၎င်း၏အောက်တွင် ရေဝဲများ ဖြစ်ပေါ်လာစေသည်။ထိုအခါ ၎င်း၏အနက်ရောင်အကြေးခွံများက ပင်လယ်၏ မှောင်မိုက်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ တောက်ပနေသည်။ ထို့နောက် လီလော့ ဘက်သို့ လှမ်းရိုက်လိုက်သည်။
ဤရိုက်ချက်သာ ထိမှန်သွားလျှင် အပြီးတိုင် အဆုံးသတ်ရပေတော့မည်။
မည်းနက်နေသော နဂါး၏လက်သည်းစွယ်များကို စိုက်ကြည့်ရင်း ထိတ်လန့်မှု အနည်းငယ် လျော့သွားသလို ခံစားလိုက်ရသည်။ ယင်းအစား၊ လျှို့ဝှက်ဆန်းကြယ်သော ဒေါသစိတ်သည် သူ့နှလုံးသား၏ နက်နဲသောနေရာမှ ထွက်ပေါ်လာသည်။
“သောက်ကျိုးနဲ မြွေစုတ်က ငါ့ကိုအထင်သေးရဲတယ်ပေါ့....."
လီလော့ သည် ချက်ချင်းဆိုသလိုပင် သူ၏သွေးများ ပွက်ပွက်ဆူလာပြီး သွေးကြောများမှတဆင့် အားမာန်အပြည့်ဖြင့် စီးဆင်းနေသည်ကိုခံစားနေရသည်။ သွေးကြောတွေထဲမှာ ဒေါသတကြီး လှိုင်းလုံးတွေ ပေါက်ကွဲသံကို ကြားလိုက်ရသလိုပင်....
လီလော့၏ အကြည့်များက အရာရာကိုအုပ်စိုးသော ဧကရာဇ်တပါးဆင်းသက်လာသလို အေးစက်ခက်ထန်နေ၏။
အနက်ရောင် လက်သည်းစွယ်များ ကရုဏာမဲ့စွာ ကျဆင်းလာပြီး လီလော့၏ စိတ်ဝိညာဉ်နှင့်ထိတွေ့ရန် နီးကပ်လာချိန်တွင် နဂါး၏ နောက်ကွယ်တွင် လေဟာနယ်စုတ်ပြဲမှုဖြစ်ပေါ်ခဲ့သည်။ ယခုအခါ နဂါးသားရဲကြီး တုန်လှုပ်ချောက်ချားမှုနှင့် ထိတ်လန့်မှုတို့ကို ခံစားရမည့်အလှည့်ဖြစ်သည်။ စုတ်ပြဲနေသော လေဟာနယ်အတွင်းမှ အလွန်ကြီးမားသော လက်သည်းစွယ်များ ဆန့်ထွက်လာပြီး နဂါးနက်ကြီးကို လင်းယုန်တစ်ကောင်က မြွေပေါက်ကလေးကိုသုတ်ချီသွားသလို ဖမ်းဆုပ်လိုက်လေသည်။
လျှို့ဝှက်ဆန်းကြယ်သော နဂါးခြေသည်းသည် တစ်ချက်တစ်ချက် ပွတ်ဆွဲရုံဖြင့် ပင်လယ်နက်ကို တိုက်ရိုက်ခွဲထွက်ကာ ယခုအခါ ဝမ်းနည်းပူဆွေးစွာ ဟိန်းဟောက်နေသော နဂါးနက်ကို ဖမ်းဆုပ်လိုက်ချေပြီ။
ပင်လယ်နက်ကြီးသည်တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်နဂါးကြီးနှင့်အတူ အပိုင်းပိုင်းကွဲကြေသွားခဲ့ပြီ........
တရေးတမော အိပ်နေတဲ့ နည်းပြချီချန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများသည် ရေကန်အလယ်ရှိ ရွှေကြာပန်းကို အံ့သြတကြီး စိုက်ကြည့်နေပြီး ထိုအချိန်တွင်၊ လီလော့သည် ကြက်သွေးရောင်အရည်ထဲတွင် ရွှဲနစ်နေပြီး မွှေးညှင်းပေါက်တိုင်းမှ သွေးများ စီးကျနေပြီး ပကတိသွေးစွန်းသူအဖြစ်သို့ ပြောင်းလဲနေချေပြီ။
သူ၏ ရုပ်သွင်မှာ လုံးဝ သနားစရာကောင်းသော်လည်း၊ နားမလည်နိုင်သော ဖိအားများကို ထုတ်လွှတ်နေလေ၏။
ဖိအားများက ပြင်းထန်လွန်းသဖြင့် သူမပင်လျှင် တုန်လှုပ်ချောက်ချားသွားခဲ့သည်။
"ဘာဖြစ်တာလဲ?"
သူမ ကမန်းကတန်း မတ်တပ်ထရပ်လိုက်သော်လည်း လှုပ်ခါနီးတွင် လီလော့က မျက်လုံးဖွင့်လိုက်သည်။
ထိုအချိန်တွင် နက်ရှိုင်းသော ပင်လယ်နက်ကြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပေါ်လာပြီး အနက်ရောင် နဂါးကြီးတစ်ကောင်ကို ပင်လယ်အလယ်တွင် တွေ့မြင်နေရသည်။ ၎င်း၏အမြီးကို ညင်သာစွာယိမ်းနွဲ့လိုက်သောအခါ အနက်ရောင်လှိုင်းများသည် တက်လာပြီး ၎င်းရှေ့တွင် ပြိုကွဲသွားသည်။
“ဒါ...ဒါက မရဏမြစ်ကမဟူရာနဂါးအလံတော်လား....."
"လီလော့ အောင်မြင်အောင်လေ့ကျင်နိုင်ခဲ့ပြီလား......?"