သတင်းဆိုး......
Vol. 46 Ch. 637
လီလော့၏အနီးတဝိုက်တွင် တဟုန်းဟုန်းတောက်လောင်နေသော ပင်လယ်နက်နှင့် နဂါးကြီးပေါ်လာသောအခါ နည်းပြချီချန်း လုံးဝကို အံ့အားသင့်သွားခဲ့ရသည်။ ဤအချက်က လီလော့သည် ကျင့်စဉ်၏စိတ်ဆန္ဒစမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီး ယခုအခါ ပေါင်းစည်းခြင်းအဆင့် မြို့စားအဆင့်ကျင့်စဉ်တစ်ခုဖြစ်သော မရဏမြစ်၏မဟူရာနဂါးအလံတော်ကျင့်စဉ်ကို လွတ်လပ်စွာ အသုံးချနိုင်ခဲ့ပြီဖြစ်သည်။
နတ်ဆိုးနန်းတော်အဆင့်ဖြင့် မြို့စားအဆင့်ပညာကို သင်ယူနိုင်ခဲ့ချေပြီ.......
ဒါက ဘာကို ကိုယ်စားပြုသနည်း.....
လီလော့သည် ယခင်က အံ့ဖွယ်များစွာကို ဖန်တီးခဲ့သူဖြစ်သော်လည်း၊ ယခုကိစ္စကတော့ မတူညီသောအဆင့်တွင် ရှိနေသည်။ ရှုပ်ထွေးသော အတွေးများက သူမ၏ စိတ်ထဲတွင် တိုးဝင်လာသည်။
ချီချန်းက သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး ကန်လယ်ထဲသို့ တိုက်ရိုက်ခုန်ချလိုက်သည်။ ဖြူဖျော့သောမျက်နှာထားရှိသော်လည်း အနှိုင်းမဲ့စိတ်လှုပ်ရှားနေသည့် လီလော့ကို စိုက်ကြည့်ရင်း လက်ညှိုးတစ်ချောင်းလှုပ်လိုက်ရုံဖြင့် သန့်စင်သောရေဖြင့် ခန္ဓာကိုယ်တွင် စွန်းထင်းနေသော သွေးအားလုံးကို ဆေးကြောပစ်လိုက်သည်။
"ဆရာ... ကျွန်တော် လုပ်နိုင်ခဲ့ပြီ... !"
လီလော့က ချီချန်းကို ကြည့်ရင်း ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ချီချန်းက မသိမသာ ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"နင် နောက်ထပ်အံ့ဖွယ်တစ်ခုလုပ်နိုင်ခဲ့ပြန်ပြီ..... ဒီအကြောင်းသာ သတင်းပျံသွားရင် ကောလိပ်တခုလုံး တုန်လှုပ်သွားလိမ့်မယ်...."
လီလော့က ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်သည်။ ယခုချိန်တွင် မိုးတိမ်ပေါ်တွင် ရှိနေသကဲ့သို့ ခံစားရသည်။ ထို့အပြင်၊ မရဏမြစ်၏မဟူရာနဂါးအလံတော်ကျင့်စဉ်ကို သင်ယူရခြင်းသည် ခက်ခဲသောလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ သူသည် အဆုံးမရှိသော နှိပ်စက်ညှဉ်းပန်းခြင်းများကိုခံစားခဲ့ရပြီး လုံလောက်အောင်စိတ်ဓာတ်မကြံ့ခိုင်ပါက အစောကြီးကတည်းကရှုံးနိမ့်နေလောက်ပြီ.....
မဟူရာနဂါး၏ အသိစိတ်ကို အနိုင်ယူနိုင်စေမည့် အရေးကြီးသော အခိုက်အတန့်တွင် သူ၏သွေးမျိုးဆက် နိုးကြားလာခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော နဂါးခြေသည်းသည် သူ၏သွေးမျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည်ဟုခံစားနေရဆဲပင်......
ဤသေးငယ်သော သတ္တဝါသည် ကောင်းကင်နဂါး၏ အသိစိတ်အပိုင်းအစတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
"ဆရာ၊ ဒါကို လျှို့ဝှက်ထားပေးပါ...."
ချီချန်းက လီလော့ကို စိုက်ကြည့်သော်လည်း စကားမပြောဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ လီလော့ ဘာကြောင့် ဒီသတင်းကို ဖုံးကွယ်ထားချင်သလဲ သူမနားလည်သည်။၎င်းသည် အရေးကြီးသောအခိုက်အတန့်တွင် အမြင့်မားဆုံးအကျိုးသက်ရောက်မှုရရှိစေမည့် ဝှက်ဖဲဖြစ်နေသောကြောင့်ပင်......
"နင် ဒီမှာ ရက်ပေါင်းနှစ်ဆယ်ကျော်နေခဲ့ပြီးပြီ....အိမ်တော်စုဝေးပွဲ ကျင်းပဖို့ လေးရက်ပဲကျန်တော့တယ်" လို့ သူမက သူ့ကိုသတိပေးပါသည်။
"ဟမ်...လေးရက်ပဲလိုတော့တယ်....."
လီလော့၏ အကြည့်များက ရှုပ်ထွေးနေသော်လည်း မျှော်လင့်ချက် အရိပ်အယောင်များ ရှိနေခဲ့ပါသည်။ သူသည် အိမ်တော်စုဝေးပွဲအတွက် ပြင်ဆင်မှုတွင် တစ်နှစ်ကျော်ကြာ မရပ်မနား လေ့ကျင့်ခဲ့ပြီးရလဒ်များမှာ ကြောက်စရာကောင်းလှသည်။ တစ်နှစ်တာကာလတိုအတွင်း၊ နန်ဖန်းမြို့တော်၏ဗလာနန်းတော်သခင်လေးသည် ပဲ့တင်ထပ်သံသုံးခုရှိသော နတ်ဆိုးနန်းတော်အဆင့်ကျွမ်းကျင်သူဖြစ်လာခဲ့ချေပြီ.....
တစ်ချိန်က သူသည် နန်ဖန်းတွင် ပုန်းအောင်းနေသော ကြွက်တစ်ကောင်သာဖြစ်သည်။ ယခုအခါတွင် သူသည် အတောင်ပံများကိုဖြန့်ကာ စုဝေးပွဲကာလအတွင်း မြင့်မားသောနေရာတွင် ရပ်တည်နိုင်ခဲ့ပြီ........
"ဆရာ၊ ကျွန်တော် အိမ်ပြန်လိုက်ဉီးမယ်..... အခုချိန်ထိ လမ်းညွှန်ပြသပေးခဲ့တဲ့အတွက် ဆရာ့ကိုကျေးဇူးတင်ပါတယ်....."
လီလော့က လက်သီးဆုပ်၍ဉီးညွှတ်ကာ စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်စကားဆိုခဲ့သည်။
ယခုအခါတွင် အဓိကကျသော အိမ်တော်စုဝေးပွဲ စတင်တော့မည်ဖြစ်သောကြောင့်၊ လော့လန်အိမ်တော်၏ ကံကြမ္မာကိုဆုံးဖြတ်ပေးရတော့မည်။ ကျောင်းမှာ အနားယူပြီး အေးအေးဆေးဆေးကျင့်ကြံဖို့ သူ့မှာ အချိန်မရှိတော့ပေ။ နောက်ဆုံးအချိန်အပိုင်းအခြားတိုင်းသည် ဤကံကြမ္မာတိုက်ပွဲအတွက် အရေးကြီးဆုံးသော အခိုက်အတန့်ဖြစ်နေသည်မဟုတ်လော......
အကယ်၍ သူသာ အောင်ပွဲရခဲ့မည်ဆိုလျှင် ပြန်လည်ထူထောင်ရေးနှင့် သာယာဝပြောရေးခေတ်သစ်တွင် သူသည် လော့လန်အိမ်တော်၏ သခင်ငယ်အဖြစ် တရားဝင်ဖြစ်လာမည်ဖြစ်သည်။ မဟုတ်ရင် လော့လန်အိမ်တော်ဟာ မီးခိုးတွေကြားမှာ ပြိုလဲပျက်စီးရပေလိမ့်မည်။ထိုအခါ သူနဲ့ကျန်းချင်းအာတို့ လမ်းကြောင်းသစ်ကို လျှောက်လှမ်းရမည်ဖြစ်ပြီး မြို့စားအဆင့်သို့ ရောက်မည့်နေ့ကိုစောင့်မျှော်ကာ ကောလိပ်တွင်နေထိုင်ရပေမည်။ သို့မဟုတ်ပါက သူသည် အခြားရှင်သန်မှုလမ်းကြောင်းကိုရှာဖွေရန် ရှပြည်ထောင်စုမှ ထွက်ခွာသွားရလိမ့်မည်။
သူလျှောက်မယ့်လမ်းက ဘယ်လိုပဲဖြစ်နေပါစေ ဒီအဖြစ်အပျက်က သူတို့ရဲ့ဘဝတွေကို ထာဝရပြောင်းလဲသွားစေပါလိမ့်မည်။
ဒီစကားကြားတော့ ချီချန်း ခေတ္တတိတ်ဆိတ်သွားခဲ့သည်။ လီလော့ ရင်ဆိုင်နေရသည့်အရာများကို သူမ သိသည်။လော့လန်အိမ်တော်၏ အမွေဆက်ခံသူဖြစ်သည့်အတွက် ဤဝန်ထုပ်ဝန်ပိုးများကို ရှောင်လွှဲ၍မရနိုင်ပေ။
"အခြေအနေတွေထိန်းမနိုင်သိမ်းမရဖြစ်နေရင် ကောလိပ်ကိုပြန်လာဖို့မမေ့ပါနဲ့..... နင်တို့နှစ်ယောက်က ကောလိပ်အတွက် အင်မတန်အရေးကြီးတဲ့ ပျိုးပင်တွေဖြစ်လို့ ငါတို့ မင်းတို့ကို ကာကွယ်ပေးမယ်..... နင် အသက်ရှင်နေသ၍ နင့်ရဲ့ပြိုင်ဘက်တွေက ဘယ်တော့မှ အေးအေးချမ်းချမ်းအိပ်စက်လို့ရမှာမဟုတ်ဘူး..... မြို့စားအဆင့်ကိုရောက်တာနဲ့ လော့လန်အိမ်တော်ကို ပြန်လည်တည်ဆောက်ဖို့ဆိုတာ ခက်ခဲတဲ့အလုပ်မဟုတ်ဘူး....."
လီလော့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ချီချန်းနှင့် ဒုကျောင်းအုပ်စုရှင်းတို့သည် ဤသို့သော စကားမျိုးကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြောခဲ့ကြသည်။ ငယ်ရွယ်သူများဖြစ်သည့်အတွက် စိတ်မြန်လက်မြန် ပြုမူမည်ကို သူတို့ စိုးရိမ်ခဲ့ကြသော်လည်း အားလုံးက သူတို့အတွက် စစ်မှန်သော စိုးရိမ်မှုမှ ဆင်းသက်လာကြောင်း သူနားလည်ခဲ့သည်။ အမှန်တော့၊ စစ်မီးတောက်ကြောင့် ညှိုးနွမ်းနေသော အရည်အချင်းရှိသော အပင်ငယ်များကို မည်သူမျှ လိုချင်ကြမည်မဟုတ်ပေ။
သူအသိအမှတ်ပြုတာကိုမြင်တော့ ချီချန်းက တခြားဘာမှပြန်မပြောဘဲ သူ့ကို ထွက်ပေါက်ဆီခေါ်သွားပြီး ပဲ့တင်ထပ်သံစေတီရှေ့ကိုပြန်ပို့ပေးခဲ့သည်။
"ဆရာ၊ ကျွန်တော် အိပ်ဆောင်ကိုပြန်ပြီး မျန်မျန်နဲ့ ရှင်းဖူကို နှုတ်ဆက်ဖို့ စီစဉ်ထားတယ်....."
" နင် ဘာလို့လဲ ပြန်မလာတော့မယ်သူလိုစကားတွေပြောနေတာလဲ.....ဟူးးးးး သွားရအောင်၊ ငါလိုက်ခဲ့မယ်......."
ထို့နောက် နှစ်ယောက်သား ပဲ့တင်ထပ်သံ စေတီရှေ့မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
အိပ်ဆောင်ကိုရောက်တာနဲ့ အတွင်းထဲကနေ ဆူညံသံမျိုးစုံကို ကြားလိုက်ရသည်။ ပါတီပွဲတစ်ခု ကျင်းပနေပုံရပြီး သူ့ကို အနည်းငယ် ထိတ်လန့်သွားစေသည်။ တံခါးကို တွန်းဖွင့်လိုက်တော့ လူပေါင်းများစွာ ကြိတ်ကြိတ်တိုးစည်ကားနေတာကို တွေ့လိုက်ရသည်။
ယုလန်၊ကျောက်ခွော်၊ချင်ဇူလု၊ပိုင်တုတု၊လုချင်းအာ၊ ရှင်းဖူနှင့်ပိုင်မျန်မျန်တို့တွေရှိနေကြသည်။.
“လူစုံတက်စုံပါလား...."
လီလော့ အံ့သြစွာ မေးလိုက်သည်။
သူ့ကို ရုတ်တရက်မြင်လိုက်တော့ အားလုံးထိတ်လန့်သွားပြီ......
"အစ်ကိုလော့! နောက်ဆုံးတော့ မင်းထွက်လာပြီပေါ့.... ငါတို့ မင်းကို စောင့်နေတာ ရက်ပိုင်းလောက်ရှိပြီ။"
ကျောက်ခွော်က အရင်ဆုံးနှုတ်ဆက်လိုက်သည်။
တစ်ချက်ကြည့်လိုက်တော့ ထိုင်ခုံအလွတ်တစ်ခုကို တွေ့လိုက်သည်နှင့် "ဘာလို့ ငါ့ကို စောင့်နေတာလဲ......."
ဘယ်သူကမှ ပြန်မဖြေတဲ့အခါ ယုလန်ကသာ..... "မင်းကို အားပေးဖို့ စောင့်နေတာ ....."
လီလော့ ရင်ထဲနွေးသွားသလိုခံစားလိုက်ရသည်။ လော့လန်အိမ်တော်၏ အိမ်တော်စုဝေးပွဲသည် လျှို့ဝှက်ချက်မဟုတ်ခဲ့ပေ။ရှပြည်ထောင်စုတစ်ခုလုံးရှိ လူတိုင်းက ထိုပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ယုလန်နှင့် ကျန်တဲ့သူတို့သည် ကောလိပ်တွင်းရှိ အရင်းအနှီးဆုံး မိတ်ဆွေများဖြစ်သောကြောင့် ဖြစ်ပျက်နေမှုများကို မလွဲမသွေ သိရှိခဲ့ကြသည်။
လီလော့အနေဖြင့် လေးရက်အတွင်း ပြတ်ပြတ်သားသား တိုက်ပွဲဝင်မည်ကို သူတို့ သိကြပြီး၊ သူ့ကို အားပေးနိူင်ရန် မျှော်လင့်လျက် စောင့်မျှော်နေကြသည်။
အားပေးမှုသည် အခြေအနေအပေါ် မြင်သာထင်သာရှိသော အကျိုးသက်ရောက်မှုရှိမည်မဟုတ်သော်လည်း ၎င်းမှာ လီလော့၏နှလုံးသားကို ထိမိပြီး နွေးထွေးမှုနှင့် ခင်မင်ရင်းနှီးမှုကို ခံစားစေသည်။
"စိတ်မပူဖို့ မလိုပါဘူး.... ဒီကိစ္စပြီးသွားရင် ငါကအိမ်တော်ရဲ့ တရားဝင်သခင်လေးဖြစ်လာတော့မှာလေ..... အဲ့အခါကျရင် ငါတို့ရဲ့ အခြေအနေတွေ ပြောင်းသွားလိမ့်မယ် ...ငါတို့ကြားက ကွာဟမှုအပေါ် စိတ်မဆိုးပါနဲ့....."
ကျယ်လောင်သော အသက်ရှုသံများကို တစ်ခန်းလုံးအပြည့် ကြားနေရသည်။
ဒီလို အရှက်မဲ့တဲ့ စကားလုံးတွေက လူတိုင်းကို အရှိုက်ထိသွားစေခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သက်ပြင်းချမိသည်။လီလော့၏ စိတ်ပေါ့ပါးမှုသည် ကောင်းသောလက္ခဏာဖြစ်ပြီး လျှင်မြန်စွာ အခြေနေပြောင်းသွားစေခဲ့သည်။
လီလော့သည် ထိုင်နေရာမှထကာ သူ့သူငယ်ချင်းများနှင့် ရယ်မောပျော်ရွှင်စွာ စကားစမြည်ပြောနေခဲ့သည်။
ရက်သတ္တပတ်များအတွင်း ခါးသီးသော ကျင့်ကြံမှုများကြောင့် မွန်းကြပ်နေခဲ့သည်။အခုတော့ နည်းနည်းလေးလောက်ဖြစ်ဖြစ် အနားယူနိုင်နေခဲ့ပြီ........
အချိန်အတော်ကြာပြီးနောက်၊ ပိုင်မျန်မျန်က သူ့အနားသို့ တိတ်တဆိတ်ချဉ်းကပ်လာပြီး.....
"ခေါင်းဆောင်....."
"ပြောလေ..... ငါ မင်းကို ဘာများကူညီရမလဲ..."
သူမက အိတ်ကပ်ထဲကနေ ရွှေနဂါးဘဏ်တိုက်၏ တံဆိပ်ရိုက်နှိပ်ထားသော အနက်ရောင် သလင်းကျောက်ကတ်ကို ဆွဲထုတ်လိုက်သည်။
“ခေါင်းဆောင်ကြီး၊ ငါ့မှာ နင့်ကိုကူညီဖို့ လုံလောက်တဲ့အင်အားမရှိဘူး..... ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ငါက ပမာဏတော်တော်များများ စုဆောင်းခဲ့တယ်.... ဒါက မြို့စားအဆင့်တွေအတွက်မလုံလောက်ပေမယ့် နင့် ကိုကူညီဖို့ မရေမတွက်နိုင်တဲ့ ကောင်းကင်နစ်မြုပ်ခြင်းအဆင့်ကျွမ်းကျင်သူတွေငှားလို့ရမှာပါ....."
ထိုစကားကြောင့် ရယ်ရမလား ငိုရမလား မသိတော့ပေ။ သူက ကတ်ကို အမြန်တွန်းဖယ်လိုက်ပြီး.....
"သူဌေးသမီးလေး၊ မင်း မယုံနိုင်လောက်အောင် ချမ်းသာနေတာ ငါသိတယ်.....ဒါပေမယ့် ဒီလိုနည်းနဲ့ ငါ့ကို သွေးဆောင်လို့ရမယ်ထင်နေလား...."
" ခေါင်းဆောင်....အခုချိန်က စနောက်နေရမယ့်အချိန်မဟုတ်ဘူး....."
လီလော့က စိတ်အေးလက်အေးပြုံးကာ....
"ငါသိပါတယ်.... မင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်.....ဒါပေမယ့် မင်းငါ့ကို ယုံကြည်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်...
ဌာနချုပ်ရဲ့အခြေအနေက မင်းထင်ထားသလောက် မဆိုးသေးပါဘူး.....နောက်ပြီး နင့်အစ်မသိရင် ငါ့ကို အသေရိုက်လိမ့်မယ်" ထိုကြောက်စရာကောင်းသော အတွေးကြောင့် သူ အနည်းငယ် ချောင်းဆိုးလိုက်မိသည်။
ပိုင်မျန်မျန်က သူ့ကို ခဏလောက် စိုက်ကြည့်ရင်း သူ့ရဲ့ ပြတ်သားတဲ့ အမူအရာ ယကို မြင်လိုက်တာနဲ့ ကတ်ကိုပြန်သိမ်းလိုက်လေသည်။
ပိုင်မျန်မျန် ထွက်သွားပြီးနောက် သူ့အနားမှာ အရိပ်တစ်ခု တုန်ခါနေတာကို မြင်လိုက်ရပြီး....
"ရှင်းဖူ......မင်းက အရိပ်ပဲ့တင်ထပ်သံသုံးပြီးသွားချင်းလိုသွားလာနေတာလား......"
အရိပ်က တစ်ဖန်တုန်ခါလာပြီး ရှင်းဖူအဖြစ်သို့ ပြောင်းလဲသွားသည်။
ကံမကောင်းစွာပဲ၊ ရှင်းဖူ အနည်းငယ်စိတ်ပျက်သွားသည်။ တခဏတာ တုံ့ဆိုင်းသွားပြီးနောက် ..... "ခေါင်းဆောင်၊ သတင်းပေးစရာရှိတယ်....."
"....ဘာလဲ?" လီလော့က ရှင်းဖူ၏ အကြည့်နှင့် အမူအရာကို ဂရုတစိုက် သတိပြုမိသည်။
ရှင်းဖူသည် သတိကြီးကြီးထားပြီး လီလော့နားသို့ချဉ်းကပ်ကာ နှစ်ကိုယ်ကြားရုံအသံဖြင့်......
" လန်လင်းအိမ်တော်မှာ မင်းနဲ့စီနီယာကျန်းကို ကိုင်တွယ်ဖြေရှင်းဖို့ ကမ်းလှမ်းချက်တစ်ခုရောက်နေတယ်......"