လန်လင်းအိမ်တော်.......
Vol. 46 Ch. 638
" လန်လင်းအိမ်တော်.....?"
ဤဖွင့်ဟချက်သည် လီလော့ကို တုန်လှုပ်စေခဲ့ပြီး သူ၏အမူအရာသည် လေးနက်မှုသို့ ပြောင်းလဲသွားသည်။ လန်လင်းအိမ်တော် သည် အိမ်တော်ငါးခုအနက်မှတစ်ခုဖြစ်သော်လည်း ကျန်သည့်အိမ်တော်များနှင့် အနည်းငယ်ကွာခြားပါသည်။ ၎င်းတို့သည် လုပ်ကြံသတ်ဖြတ်သည့် လုပ်ငန်းကိုလုပ်ကိုင်ကြသောကြောင့် လျှို့ဝှက်စွာနေထိုင်သူများဖြစ်ကြသည်။
ရိုးရိုးရှင်းရှင်းပြောရရင် သူတို့ဟာ ကျွမ်းကျင်သည့် လုပ်ကြံသတ်ဖြတ်ရေးဂိုဏ်းတစ်ခုသာပင်.......
အိမ်တော်ငါးခုတွင် လန်လင်းအိမ်တော်နှင့် လော့လန်အိမ်တော်တို့သည် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုအနည်းဆုံးဖြစ်သည်။ တစ်ချိန်တည်းမှာပင် လျှို့ဝှက်ခြိမ်းခြောက်မှုတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏တည်ရှိမှုကို လီလော့ဘယ်တုန်းကမှ လျစ်လျူမရှုခဲ့ပေ။ သူတို့သည် ကြေးစားစစ်သားများ မှလွဲ၍ သီးခြားအကြောင်းပြချက် မရှိကြပေ။
လန်လင်းအိမ်တော်သည် လော့လန်အိမ်တော် ကို ဘယ်တုန်းကမှ မထိပါးခဲ့ရခြင်းမှာ အားမတန်၍မာန်လျော့ထားခြင်းသာဖြစ်သည်။ သို့သော် အိမ်တော်စုဝေးပွဲ ရောက်ရှိလာပြီး လော့လန်အိမ်တော်ကို ပတ်လည်ဝိုင်းနေသော အင်အားစုများသည် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်လာသောကြောင့် အခုလို ဝင်ပါလာတော့မည်ဖြစ်သည်။
အလုပ်အပ်သူမျာအဖို့ကတော့ ပေးရမယ့်ဈေးက ထိုက်တန်နေလောက်သည်။
ကြိုတင် မျှော်လင့်ထားပေမယ့် ရှင်းဖူဆီက ဒီသတင်းကြောင့် လီလော့ရဲ့ စိတ်ကို စုန်းစုန်းနစ်မြုပ်သွားစေခဲ့သည်။
လော့လန်အိမ်တော်နဲ့ ထိပ်တိုက်ရင်ဆိုင်မယ့် နောက်ထပ် အရေးကြီးတဲ့ ရန်သူတစ်ယောက်ရှိနေခဲ့ပြီ......
ရှင်းဖူကိုကြည့်ရင်း လီလော့ရဲ့စိတ်တွေ တုန်လှုပ်သွားသလို ခံစားလိုက်ရတယ်။ "ဒါကို ဘယ်ကကြားခဲ့တာလဲ......"
ရှင်းဖူက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး....
"ဒီလောက်တော့ မင်း ခန့်မှန်းနိူင်ပါတယ်...."
လီလော့ ခေါင်းညိတ်လိုက်သည်။ ရှင်းဖူ သည် လန်လင်းအိမ်တော်မှဖြစ်သည်။ သူ၏ ပဲ့တင်ထပ်သံသည် သူတို့၏နည်းလမ်းများနှင့် ကိုက်ညီသော်လည်း မည်သို့သော အနေအထားကို သိမ်းပိုက်ထားသည်ကို သူ မသိလိုက်ပေ။ သို့တိုင် ဤအရေးကြီးသောအချိန်၌ ဤကဲ့သို့ အဓိပ္ပါယ်ရှိသော အတွင်းသတင်းကို ပေးဆောင်ခဲ့သောအချက်သည် သူ့အတွက် များစွာ အရေးပါခဲ့သည်။ တခြား
"ကျေးဇူးတင်ပါတယ် ရှင်းဖူ.... တကယ်ကျေးဇူးတင်ပါတယ် "
လီလော့က ရှင်းဖူ၏ ပခုံးကို ပုတ်လိုက်သည်။
ထို့နောက် ရှင်းဖူသည် တီးတိုးပြောရင်း သက်ပြင်းချလိုက်သည်။ "လန်လင်းအိမ်တော်သခင်ကိုယ်တိုင် လှုပ်ရှားမယ်တဲ့......"
သို့သော် လီလော့သည် စကားကြောင့် မအံ့သြပေ။ ကမ်းလှမ်းချက်ကို လက်ခံပြီးကတည်းက အရာအားလုံးကို စိတ်ကြိုက်ပြုမူကြမည်သာ.....
ဒါက တကယ့်ကို မတိုးသာမဆုတ်သာအခြေနေပင်......
လုပ်ကြံသတ်ဖြတ်ခြင်းတွင် အထူးပြုသော မြို့စားအဆင့်ကျွမ်းကျင်သူက သူ့ကိုသတ်လိုလျှင် လက်တချက်လှုပ်ဖို့သာလိုပေလိမ့်မည်။
"ဘယ်လို ကပ်ဆိုးကြီးလဲ....."
လီလော့ ပြုံးလိုက်မိသည်။ သို့သော်လည်း အခြားသော ဖိစီးစရာကိစ္စများ များပြားလွန်းသောကြောင့်ထွေထွေထူးထူးပူပန်မနေတော့ပေ။ လော့လန်အိမ်တော်ကို လိုချင်တပ်မက်သော အင်အားစုများက များပြားလွန်းလှပြီး လန်လင်းအိမ်တော်တစ်ခုတိုးလာလို့လည်း ဘာမှပိုထူးသွားမည်မဟုတ်ပေ။
"ခေါင်းဆောင်..... အခြေအနေမကောင်းရင် ကောလိပ်ကိုရောက်အောင် ပြန်လာဖို့ မမေ့ပါနဲ့.... "
ရှင်းဖူက ထိုသို့သတိပေးပြီးလှည့်ထွက်သွားလေသည်။
ရှင်းဖူ၏ စိုက်ကြည့်ရင်း လက်ထဲတွင် ရေဖန်ခွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး အတွေးထဲတွင်နစ်မြောနေခဲ့သည်။
"ငါ နင့်ကို ကူညီပေးနိုင်တာ တစ်ခုခုရှိလား"
ပေါ့ပါးလန်းဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ခေါင်းကို မော့ကြည့်လိုက်တော့ ရင်းနှီးတဲ့ မိန်းကလေးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသည်။ထိုမိနိးကလေးက ကြည်လင်ပြတ်သားသော မျက်လုံးများဖြင့် သူ့ကိုစိုးရိမ်တကြီး စိုက်ကြည့်နေသည်။
လီလော့သည် သူမ သူ့အပေါ်ထားရှိသော ဂရုစိုက်မှုကို လေးလေးနက်နက် ခံစားနေရသည်။
ခဏအကြာတွင် သူ့ရှေ့တွင် ဟန်ဆောင်ရန် မလိုဘူးဟု ဆုံးဖြတ်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
"ချင်းအာ.....ငါ့မှာ တောင်းဆိုစရယတစ်ခုရှိတယ်.... ရွှေနဂါးဘဏ်တိုက်ကနေ ဘာအကူအညီမှ မလိုဘူးဆိုတဲ့အကြောင့် ဒေါ်လေးယုကိုပြောပေးပါ.... ဒါပေမယ့် အတွေ့ဆုံပွဲနေ့မှာ ရွှေနဂါးဘဏ်တိုကိကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ထိန်းသိမ်းထားပေးပါ.....အဲ့အတွက်လည်း ဒေါ်ယေုအပေါ်ကျေးဇူးကြွေးတင်နေပြီမို့ အခါအခွင့်သင့်ရင်ပြန်ဆပ်ပါမယ်လို့လဲပြောပေးပါ....."
လန်လင်းအိမ်တော်အပြင် နောက်ထပ်ရန်သူကြီးတစ်ယောက်ရှိနေသည်။ ထို့ကြောင့် လီလော့သည် ထိုအချက်များကိုထည့်သွင်းစဉ်းစားရန်လိုသည်။
ရွှေနဂါးဘဏ်ကို သတိထားဖို့ ဒုကျောင်းအုပ် စုရှင်းက လီလော့ကို သတိပေးခဲ့ဖူးသည်။ ယုဟုန်ရှီ၏ ဆက်ဆံရေးနှင့် သဘောထားအပေါ် အခြေခံပြီးအကဲဖြတ်ရလျှင် သူမအနေဖြင့် လော့လန်အိမ်တော်၏ ပစ္စည်းများကို မက်မောခြင်းမရှိပေ။ သူမသည် ဂုဏ်ယူစရာကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သို့တိုင်၊ စုရှင်း၏စကားကို လျစ်လျူရှူထားမည်မဟုတ်ပေ။
ယုဟုန်ရှီသည် လော့လန်အိမ်တော် ၏ပစ္စည်းများကို မမက်မောသော်လည်း ရွှေနဂါးဘဏ်အတွင်းရှိ အခြားမည်သူမျှ ထိုအကြံအစည်မျိုးမရှိဟု မဆိုလိုပေ။
ရွှေနဂါးဘဏ်သည် ဧရာမအဖွဲ့အစည်းကြီးဖြစ်ပြီး မည်မျှ နက်ရှိုင်းသည်ကို မည်သူမျှ မသိနိုင်ပေ။ အဖွဲ့အစည်းတိုင်းတွင် စုန်းပြူးများရှိတတ်စမြဲပင်......
"ရွှေနဂါးဘဏ်ထဲက တစ်ယောက်ယောက်က လော့လန်အိမ်တော်ကို လာမယ်လို့ နင် ထင်နေတာလား.........."
လီလော့ ခေါင်းညိတ်လိုက်သည်။
"သတိဆိုတာပိုတယ်မရှိဘူး..... ရွှေနဂါးဘဏ်တိုက်က ဧရာမအဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် စုန်းပြူးတွေကတောင် ငါ့အတွက်ကြီးမားတဲ့ဒုက္ခကို ဆောင်ကြဉ်းပေးနိုင်တယ်......"
"ကောင်းပြီ....ငါ နင့်ဆီ သတင်းပြန်ပို့မယ်" လုချင်းအာက သေချာစဉ်းစားပြီးနောက် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ကျေးဇူးတင်ပါတယ်....."
"အော်...ဒါနဲ့ပြောရဉီးမယ်.. ငါ့အမေက သိပ်စိတ်ကောင်းရှိတဲ့သူတော့ မဟုတ်ဘူး.... သူ စီးပွားရေးလုပ်တိုင်း ဘယ်တော့မှ အရှုံးမရှိခဲ့ဘူး .....အကြွေးတင်နေတယ်ဆိုရင်လည်း အတိုးရောအရင်းပါရအောင်ယူတတ်တာနော်..... "
လီလော့ ပြုံးလိုက်သည်။
"ဒေါ်လေးယုက အပြောနည်းနည်းဆိုးပေမယ့် စိတ်ရင်းကောင်းပါတယ်...... သူအကူညီလိုရင် မီးတောထဲခုန်ဆင်းခိုင်းရင်တောင် ခုန်ဆင်းပေးပါ့မယ်....သူ ငါ့အပေါ်အများကြီးကူညီပေးထားတယ်လေ......"
လုချင်းအာက တခစ်ခစ်ရယ်နေသည်။ထို့နောက် နှစ်ယောက်သား လှည့်ထွက်ကာ စုဝေးပွဲသို့ ပြန်သွားကြသည်။
ညအချိန်တွင် တံခါးခေါက်သံ ကြားလိုက်သဖြင့် ပိုင်မျန်မျန်သွားဖွင့်ပေးလိုက်တော့ ဝင်ပေါက်မှာ ကျန်းချင်းအာ ရပ်နေတာကို မြင်လိုက်ရသည်။
သူမသည် လီလော့ကို တိုက်ရိုက်မကြည့်မီ လူအုပ်စုကို စူးစူးစိုက်စိုက်ကြည့်နေသည်။
"အိမ်ပြန်ဖို့ လာခေါ်တာ....."
လီလော့က ပြုံးပြီး ခေါင်းညိတ်ကာ ကျန်တဲ့သူများကို လက်ပြလိုက်သည်။
"ငါ အခုသွားရတော့မယ်..... နောက်ရက်အနည်းငယ်လောက်ကြာတဲ့အထိပြန်လာနိုင်မှာမဟုတ်ဘူး..... စိတ်မပူပါနဲ့ ငါ့သတင်းကောင်းကို စောင့်နေကြနော်...."
ဘယ်သူကမှ မလိုအပ်တဲ့ စကားတွေ မပြောဘဲ ရယ်မောနေတတ်တဲ့ ယုလန်ကတောင် အားတင်းပြီးပြုံးနေရရှာသည်။
"လီလော့၊ ငါ အခု တကယ်ကို ကြယ်လေးပွင့် ခန်းမရောက်ချင်နေပြီ.... ဒါဆို သိပ်ကောင်းမှာပဲနော်....." ယုလန် ခါးသီးစွာ ပြုံးလိုက်သည်။
ထိုသို့သာဆိုလျှင် လီလော့ကို ကူညီရန် စွမ်းအားရှိလိမ့်မည်။
သို့သော် လက်တွေ့နှင့်အိမ်မက်က မိုးနဲ့မြေလိုကွာခြားနေခဲ့သည်။
သူတို့သည် ဆရာသခင်အဆင့်မျှသာ ဖြစ်သည်။ အထက်တန်းစား အင်အားစုများကြား တိုက်ပွဲတွင် မည်သို့မျှ အကူအညီဖြစ်နိုင်မည်မဟုတ်ပေ။
"ဒီလို အသုံးမဝင်တဲ့ စကားလုံးတွေ ပြောနေစရာ မလိုပါဘူး.... ဒီနှစ်မှာ ငါဘယ်လို
စိန်ခေါ်မှုတွေ ကြုံဖူးလဲ မင်းတို့သိနေတာပဲ...... ဒါကို နောက်ထပ် စိန်ခေါ်မှုတစ်ခုလို့ပဲသတ်မှတ်လိုက်ပါ...." ဟု လီလော့က တံခါးကို မပိတ်မီ ယုံကြည်မှုရှိရှိ ပြောခဲ့သည်။
အိပ်ဆောင်အပြင်ဘက်တွင်ရပ်နေသော ကျန်းချင်းအာကို မပြုံးပြမီ သက်ပြင်းတစ်ချက်ချလိုက်သေးသည်။
"သွားကြစို့...."
တောက်ပသော ရွှေရောင်မျက်လုံးများ က သူ့ကိုတိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ထို့နောက် နှစ်ယောက် လက်ချင်းတွဲကာရှေ့သို့လျှောက်လှမ်းခဲ့ကြသည်။
"လီလော့၊ ငါတို့တွေ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရပါစေ.....အတူတူရင်ဆိုင်ကြမယ်......."
ကျန်းချင်းအာက လီလော့ ကို စူးစူးစိုက်စိုက်ကြည့်ရင်း လေးလေးနက်နက်ပြောခဲ့သည်။ သူ့လက်ဖဝါးကို ဆုပ်ကိုင်ထားရင်း သိမ်မွေ့သော အထိအတွေ့ကို ခံစားလိုက်ရသဖြင့် လီလော့ ပြုံးလိုက်မိပြန်သည်။
နှစ်ယောက်သား ခေတ္တရပ်ပြီး အိပ်ဆောင်မှ ထွက်လာကြသည်။ နည်းပြချီချန်းသည် နံရံကို မှီ၍ လက်ပိုက်ပြီး သူတို့ နှစ်ယောက်ကို ကြည့်နေသည်။
"ပျော်ရွှင်စရာအခိုက်အတန့်လေးကိုအနှောက်အယှက်ပေးမိသလိုများဖြစ်သွားလား......"
လီလော့သည် ရှင်းဖူ၏သတင်းကို အမှတ်ရခဲ့ပြီး....... "ကျေးဇူးအများကြီးတင်ပါတယ် ဆရာ......."
သူမက ခေါင်းညိတ်ပြသော်လည်း စကားမပြောဘဲ နှစ်ယောက်သား နောက်သို့ လိုက်လာခဲ့သည်။
ညအမှောင်ထုက ကောင်းကင်ကို ဖုံးအုပ်ထားပြီး မှိန်မှိန်သော လရောင်သည် ကောလိပ်ကျောင်းအပေါ် ထွန်းလင်းတောက်ပနေခဲ့သည်။
လမ်းတစ်လျှောက် စကားမပြောဖြစ်ကြဘဲ ရင်းနှီးပြီးသား လမ်းကြောင်းများစွာကို ဖြတ်သန်းရင်း နည်းပြချီချန်း၏ ခြေလှမ်းများ ရပ်သွားသည်ကို လီလော့ သတိပြုမိသွားခဲ့သည်။ ရေပဲ့တင်ထပ်သံ စွမ်းအား ချက်ချင်း ထွက်ပေါ်လာပြီး အနီးနားရှိ လူများအပေါ် ဖိနှိပ်နိုင်သောပြင်းထန်သောဖိအားများ ထွက်ပေါ်လာသည်။
နှစ်ယောက်သား သူတို့ရှေ့ကို လှည့်ကြည့်လိုက်တော့... သစ်ပင်ကြီးတစ်ပင်၏အောက်တွင် လူတစ်ဦးထိုင်နေသည်ကိုမြင်လိုက်ရသည်။
ရှန်ကျင်းရှောင်မှလွဲ၍ အခြားမဟုတ်ပေ။