← Chapters

လီလော့၏အစီအစဉ်.....

Vol. 46 Ch. 639

လီလော့၏အစီအစဉ်.....

Vol. 46 Ch. 639

လီလော့သည် ရှန်ကျင်းရှောင်ကို သတိပြုမိသောအခါ ချက်ချင်းမျက်မှောင်ကြုံ့လိုက်လေသည်။

ဒီခွေးကောင် ဘာလုပ်ဖို့ စီစဉ်နေတာလဲ......

နည်းပြချီချန်းက အေးစက်သောအကြည့်ဖြင့် ရှန်ကျင်းရှောင်ကို ကြည့်ကာ....

"ရှန်ကျင်းရှောင်၊ ရှင် ဒီမှာ ဘာလုပ်နေတာလဲ........"

"နည်းပြချီချန်း ခင်ဗျား နည်းနည်းတော့ဘောင်ကျော်နေပြီထင်တယ်....ဒီလောက်ကျယ်ဝန်းတဲ့ကောလိပ်ထဲမှာ ကျူပ်ဘာသာ ဘယ်နေရာ နေနေ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ...."

ထို့နောက် ချီချန်း၏ အကြည့်များက ပို၍ အေးစိမ့်လာသည်။

ရှန်ကျင်းရှောင်သည် သူမ၏ ပြောင်းလဲမှုကို မြင်ပြီး ရယ်မောကာ တုံ့ပြန်လိုက်သည်။

"အမှန်အတိုင်းပြောရရင် ကျုပ် လီလော့နဲ့ ကျန်းချင်းအာတို့နဲ့ စကားပြောချင်လို့ပါ. . "

ထို့နောက် သူသည် လီလော့နှင့်ကျန်းချင်းအာ တို့ကို လှည့်ကြည့်လိုက်သည်။

ကျန်းချင်းအာသည် ငြိမ်သက်နေသော်လည်း သူ့အား တိုက်ရိုက် မကြည့်ဘဲ လျစ်လျူရှုထားခဲ့သည်။ ဒါကိုမြင်တော့ လီလော့က အသံကျယ်ကျယ်လောင်လောင်ဖြင့်.....

"နည်းပြရှန်ကျင်းရှောင်၊ကျွန်တော်တို့မှာ ဘာမှပြောစရာမရှိဘူး ...."

ရှန်ကျင်းရှောင် ပြုံးပြီး တုံ့ပြန်သည်။

"ချင်းအာသာ ငါ့ကို ကတိတစ်ခုပေးမယ်ဆို အိမ်တော်စုဝေးပွဲအတွက် အကူအညီပေးဖို့ ဆန္ဒရှိတယ်.... မင်းဘယ်လိုထင်လဲ......"

လီလော့၏ မျက်နှာပေါ်ရှိ အပြုံးများ အနည်းငယ် လျော့ပါးသွားပြီး သူ့အကြည့်များသည် ဓားကဲ့သို့ ထက်ရှလာသည်။

"ရှန်ကျင်းရှောင် နင် ဘယ်သူ့ကို လိမ်ဖို့ ကြိုးစားနေတာလဲ၊ ကောလိပ်က နင့်ကို ဝင်စွက်ဖက်ဖို့ခွင့်ပြုမယ်ထင်လား....."

"အဲဒါ ကျုပ်ကိစ္စပါ...ခင်ဗျားနဲ့ဘာဆိုင်လို့လဲ....."

သူ့မျက်နှာပေါ်တွင် ညစ်ကျယ်ကျယ်အမူအရာဖြစ်ပေါ်လာပြီး.....

"ငါပြောသမျှတိုင်းက အမှန်တွေချည်းပဲ.... ချင်းအာကသာ ကတိပေးနိုင်သရွေ့ လော့လန်အိမ်တော်အတွက် အားဖြည့်ပေးမယ်....."

"နင်က ပွဲလန့်တုန်းဖျာခင်းနေတာပဲ...." ဟု ချီချန်းက ပြန်ပြောခဲ့သည်။

ရှန်ကျင်းရှောင်သည် ချီချန်း ၏ ဆိုးရွားသောမှတ်ချက်ကို ဂရုမစိုက်ဘဲ ကျန်းချင်းအာကိုသာ တိုက်ရိုက်ကြည့်နေခဲ့သည်။

တစ်ဖက်တွင်၊ ကျန်းချင်းအာသည် သူ့ဖြစ်တည်မှုကို လုံးဝလျစ်လျူရှုခဲ့ပြီး လီလော့ ၏လက်ကို ဆွဲကာရှေ့ဆက်လျှောက်လာခဲ့သည်။ ဖြတ်ကျော်သွားခါနီးတွင် လီလော့က ရှန်ကျင်းရှောင်ကို ပြင်းထန်စွာ စိုက်ကြည့်ပြီး...

"ရှန်ကျင်းရှောင်....ခင်ဗျား မတတ်နိုင်တဲ့အရာကို ထိဖို့တောင် မစဉ်းစားနဲ့..... မဟုတ်ရင် ခင်ဗျားကိုခုတ်ထစ်ပြီး ခွေးကျွေးပစ်မယ်......"

ကျန်းချင်းအာက လီလော့ကို ဆွဲခေါ်သွားပြီး တစ်ဖက်တွင်မူ ချီချန်းသည် ရှန်ကျင်းရှောင်ကို အေးစက်စွာ ကြည့်လိုက်ပြီး လီလော့တို့နောက်သို့လိုက်သွားခဲ့သည်။

ရှန်ကျင်းရှောင်သည် ၎င်းတို့၏ မှိန်ဖျော့ဖျော့ဖျော့ပုံသဏ္ဍာန်များကို မဝံ့မရဲ စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် သူ့မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားကာ သူ့အကြည့်များ မှုန်မှိုင်းသွားခဲ့သည်။

"ရှက်စရာကောင်းလိုက်တာ... မင်းရဲ့နောက်ဆုံးသက်ကယ်ကြိုးမျှင်ကိုတောင် ရအောင်ဖမ်းမဆုပ်မထားနိုင်ခဲ့ဘူး....."

.......................

"ရှန်ကျင်းရှောင်က ချင်းအာကို မက်မောနေတာ သေချာတယ်.... နင် သတိထားရမယ်" လို့ နည်းပြချီချန်းက လော့လန်အိမ်တော်ရဲ့ ရထားလုံးပေါ် ရောက်တဲ့အခါ သူတို့နှစ်ယောက်ကို သတိပေးခဲ့သည်။

"ကောလိပ်က ဒီလို မရိုးသားတဲ့ နည်းပြမျိုးကို အလုပ်မထုတ်ပစ်သေးဘူးလား... "

လီလော့ မျက်မှောင်ကြုတ်လိုက်သည်။

"သူ့မှာ ရိုင်းစိုင်းတဲ့ နှလုံးသား ရှိကောင်းရှိနိုင်ပေမယ့် ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးတခါမှမလုပ်ဖူးသေးဘူး..... ကောလိပ်က သူ့ကို အကြောင်းပြချက်မရှိဘဲ ရှင်းပစ်နိုင်မှာလဲ"

ဤတုံ့ပြန်မှုသည် လီလော့ နှုတ်ဆိတ်နေစေခဲ့သည်။

"နောက်ဆုံး ကောလိပ်အစည်းအဝေးမှာ အပြုမူတွေဆင်ခြင်ဖို့သတိပေးခဲ့တယ်၊ သူက ကျောင်းသူကျန်းချင်းအာ အပေါ် ခံစားချက်တွေကို ဖုံးကွယ်ထားရမှာလားလို့ ပြန်မေးတယ်..... သူ့ရဲ့ တုံ့ပြန်မှုကတော့ နည်းနည်းလေးတော့......."

လီလော့၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်တစ်ခု လင်းလက်လာသည်။

အလားတူပင် ချင်းအာ၏ အမူရာကလည်းအေးစက်သွားခဲ့သည်။ ရှန်ကျင်းရှောင်၏ မုန်းတီးခြင်းတို့ကို ဖြစ်စေခဲ့သည်။

"ကျောင်းသားတွေ ဒီလိုသတင်းတွေကြားသွားရင် မကောင်းဘူးဆိုပေမယ့် ကောလိပ်ရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တာတော့ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒုကျောင်းအုပ်ကြီးစုရှင်းကလည်း သူ့ကို တင်းတင်းကြပ်ကြပ် သတိပေးနိုင်ရုံပဲတတ်န်ိုင်ခဲ့တယ်...ဒါပေမယ့် အဲဒီလူကို ငါ ကောင်းကောင်းနားလည်တယ်.... သူက ထူးဆန်းတဲ့လူဖြစ်ပြီး သူလိုချင်တဲ့အရာက ဒီလောက်မရိုးရှင်းဘူး....” လို့ ချီချန်း က ဆက်လက်ပြောပြခဲ့သည်။

"သူ့မှာ တခြား အတွေးတွေ ရှိသေးလို့လား..."

လီလော့ လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူသည် ယုတ်ညံ့သော သားရဲတစ်ကောင်လိုစက်ဆုပ်ဖွယ်ကောင်းပြီး အခွင့်အရေးရခဲ့လျှင် ထိုလူကို ကမ္ဘာကြီးကနေ ဖယ်ရှားပစ်မည်မှာ သေချာသည်။

"သူ ဘယ်လိုပဲ တွေးနေပါစေ၊ သူက ကောလိပ်ရဲ့ နည်းပြတစ်ယောက်မို့ ကောလိပ်ရဲ့ စည်းကမ်းတွေကို လိုက်နာရမှာပဲ.....ဒါကြောင့်မို့ ပြောင်ပြောင်တင်းတင်း ပြုမူဝံ့မှာ မဟုတ်ဘူး" ဟု ချီချန်းက ရှင်းပြခဲ့သည်။

နှစ်ယောက်သား ခေါင်းညိတ်ပြရုံသာ တုံ့ပြန်ခဲ့ကြသည်။

ယခု လော့လန်အိမ်တော်သည် အချက်အချာကျသော လမ်းဆုံလမ်းခွတွင် ရှိနေသောကြောင့် ရှန်ကျင်းရှောင်ကိစ္စကိုခဏမေ့ထားရမည်ဖြစ်ပါသည်။

"နည်းပြချီချန်း .....လန်လင်းအိမ်တော် ရဲ့တိုက်ခိုက်မှုကို စိတ်ပူလို့ ကျွန်တော်တို့ကို လိုက်ပို့ပေးတာလား....."

"ရှင်းဖူ ပြောပြထားလို့ ငါသိပြီးသွားပြီ....."

ထိုအကြောင်းပြချက်ကို သူမ မငြင်းခဲ့ပေ။ ပွဲမစမီ လုပ်ကြံသတ်ဖြတ်ခံရဖို့ ဖြစ်နိုင်ခြေ အလားအလာ နည်းပါးသော်လည်း သတိထားသည်က ပိုကောင်းသည်။ သူတို့ရဲ့နည်းလမ်းတွေကို ဘယ်သူမှ နားမလည်နိုင်ကြမည်မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် ဆရာ....."

လီလော့က စိတ်ရင်းအမှန်ဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားဆိုခဲ့ပါသည်။

ချီချန်းက သူ့လက်ကို ဝှေ့ယမ်းပြီး စကားဆက်မပြောတော့ပေ။ ထို့နောက် မျက်လုံးမှိတ်ကာ ရထားလုံးပေါ်၌ တစ်ရေးတစ်မော အိပ်စက်လိုက်သည်။

ရထားလုံး၏အတွင်းပိုင်းတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ကျန်နှစ်ယောက်သည် ပြတင်းပေါက်အပြင်ဘက်တွင်မြင်နေရသော မီးရောင်များကို တိတ်တဆိတ် ကြည့်နေကြသည်။

အချိန်အတော်ကြာပြီးနောက်၊ ရထားလုံးသည် လော့လန်အိမ်တော်၏ဌာနချုပ်သို့ရောက်ရှိလာသည်။

"ဆရာ...ရောက်တုန်းရောက်ခိုက်လက်ဖက်ရည်တစ်ခွက်သောက်သွားပါဉီးလား....."

လီလော့က ယဉ်ကျေးစွာ ကမ်းလှမ်းလိုက်သည်။

နည်းပြချီချန်းသည် သူမရှေ့မှ ဌာနချုပ်ကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးမည်သော အပြုံးမျိုးဖြင့်.....

"လော့လန်အိမ်တော်က မြို့စားအဆင့်တွေ

အတွက် ဆွဲဆောင်နိုင်ဆုံး နေရာတော့ မဟုတ်ဘူး၊ ဒီလို ဖိနှိပ်ချုပ်ချယ်တဲ့ ခံစားချက်မျိုးကို မကြိုက်ဘူး၊ လုံခြုံတယ်လို့ ခံစားရမှာလည်း မဟုတ်ဘူး....."

သူမ၏အမူအရာကိုကြည့်ရင်း၊ လီလော့ သည် လော့လန်အိမ်တော်၏ဌာနချုပ်တွင် လျှို့ဝှက်ဆန်းကြယ်သောအစီအရင်တစ်ခုရှိသည်ကို သတိရမိသည်။ အိမ်ထဲသို့ဝင်လာသော မြို့စားအားလုံး ဖိနှိပ်ခံရမည်သာ.... တစ်ခုတည်းသော ပြဿနာမှဲ စုဝေးပွဲ

ကျင်းပမည့်နေ့တွင် ထိုအစီအရင် အားနည်းလာမည့်နေ့ဖြစ်သည်။

"လီလော့....ဂရုစိုက်ပါ.... ငါးရက်အတွင်း နင့်ကို ကျောင်းမှာတွေ့မယ်လို့ မျှော်လင့်ပါတယ်..... ဒီလိုအရည်အချင်းတွေ အလဟသဖြစ်ခဲ့ရင် တကယ်ကို နှမြောစရာကောင်းနေမှာ....." လို့ နည်းပြချီချန်းက သူမ မပြန်ခင်မှာ ပြောခဲ့သေးသည်။

ထို့နောက် သူမ၏ ပေါ့ပါးသော ရုပ်သွင်သည် တောက်ပနေသော လရောင်အောက်တွင် တခဏချင်း ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချင်းအာသည် လီလော့ ဘက်မလှည့်မီ ပျောက်ကွယ်သွားသော ချီချန်းကို စိုက်ကြည့်နေသည်။

"နည်းပြချီချန်းက နင့်ကို ကောင်းကောင်းဆက်ဆံသားပဲ....."

"ဟုတ်တယ်! ငါက ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တာကြောင့် လူတိုင်း အကူညီပေးချင်နေကြတာလေ..... ငါက နည်းပြချီချန်း ကြုံဖူးသမျှထဲမှာ အံ့သြစရာအကောင်းဆုံးတပည့်ဖြစ်နိုင်တယ်...."

ကျန်းချင်းအာက "ဟုတ်တယ်.... နင်က အရှက်မဲ့တဲ့နေရာမှာအတော်ဆုံးပဲ....."

"ဟေး! အရှက်မရှိတာက ကောင်းတဲ့ကိစ္စတစ်ခုပဲလေ.....ချင်းအာ....နင်က အရမ်းအေးစက်ပြီး အထီးကျန်ဆန်နေတော့ လူတိုင်းရဲ့ နှလုံးသားထဲမှာ မြင့်မားတဲ့ပုံရိပ်ကိုသိမ်းပိုက်ထားနိုင်တယ်..... မဟုတ်ရင် နင်ရဲ့ရူးလောက်စရာ ခွန်အားနဲ့ အံ့သြစရာကောင်းတဲ့ အရည်အချင်းတွေကြောင့် ခရမ်းအဆင့် နည်းပြဆရာအချို့ကတောင် ငါတို့အိမ်ထဲဝင်ဖို့ ကောလိပ်ကနေ ထွက်သွားဖို့ ရွေးချယ်ခဲ့တာ ဖြစ်နိုင်တယ်!"

တစ်ဖက်တွင် ကျန်းချင်းအာသည် လီလော့ ၏ ပေါ့ပေါ့ပါးပါး မှတ်ချက်များကို ကူကယ်ရာမဲ့ နားထောင်နေခဲ့ပြီး ဌာနချုပ်သို့ လျှောက်သွားကာ သူ့ကို လုံးဝလျစ်လျူရှုလိုက်သည်။

လီလော့က သူမကို လိုက်ကြည့်ရင်း ပြုံးလိုက်သည်။

သူတို့ ပြန်ရောက်တာနဲ့ နှစ်ယောက်သား ညစာ အမြန်စားပြီး လီလော့က အိပ်ခန်းထဲသို့ပြန်ကာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး သူ၏ ပဲ့တင်ထပ်သံနန်းတော်သုံးခုကို စတင်စစ်ဆေးခဲ့သည်။ သူသည် ဤအချိန်တစ်လျှောက်လုံး မြို့စားအဆင့်ကျင့်စဉ်ကို လေ့ကျင့်သင်ယူခြင်းတွင်သာ လုံးလုံးအာရုံစိုက်ခဲ့သဖြင့် စွမ်းအားကျင့်ကြံမှုအပိုင်းတွင် ပေါ့လျော့ခဲ့မိသည်။ ကံကောင်းထောက်မစွာဖြင့် သူ့တွင် နတ်ဆိုးမူလဆေးလုံးအများအပြားရှိခဲ့ပြီး ၎င်းတို့၏အကူအညီဖြင့် ရက်ပေါင်းနှစ်ဆယ်အတွင်း သူ၏ဒုတိယမြောက် ပဲ့တင်ထပ်သံနန်းတော်ကို အပြည့်အဝပြန်လည်ပြုပြင်နိုင်ခဲ့သည်။

လက်ရှိတွင် သန့်စင်ရန် မိုးကြိုးနဂါးပဲ့တင်ထပ်သံသာ ကျန်ရှိတော့သည်။

သို့သော် ယင်းသည် အနည်းနှင့်အများ လုံလောက်ပါသည်။

သူသည် လွန်ခဲ့သည့်တစ်လကပင် နတ်ဆိုးနန်းတော်အဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့နိုင်သော်လည်း သူ၏ ရေလင်းပဲ့တင်ထပ်သံနှင့်မြေသစ်သားပဲ့တင်ထပ်သံ နှစ်ခုစလုံးကို အပြည့်အဝ ထိန်းထားနိုင်ခဲ့သည်။ ဒါက သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားကို သိသိသာသာ တိုးပွားလာစေပြီး နတ်ဆိုးနန်းတော်နှောင်းပိုင်းအဆင့်ရဲ့ အထွတ်အထိပ်မှာရှိတဲ့သူတွေနဲ့ နှိုင်းယှဉ်နိုင်ခဲ့သည်။

ထူထပ်သိပ်သည်းသော ပဲ့တင်ထပ်သံ စွမ်းအားများ စီးဆင်းသွားသည်ကို ခံစားလိုက်ရသဖြင့် ကျေနပ်မှုများစွာကို ခံစားလိုက်ရသည်။ ထို့နောက် သူ့အကြည့်သည် သူ့လက်ကောက်ဝတ်ရှိ အနီရောင် လက်ကောက်ဝတ်သို့ ရောက်ရှိသွားပြီးလေးလေးနက်နက် တွေးတောမိသွားသည်။

အိမ်တော်စုဝေးပွဲကာလအတွင်း ကြီးမားသော တိုက်ပွဲများဖြစ်ပွားမည်ကို ရှောင်လွှဲ၍မရနိုင်ဘဲ အမြီးသုံးချောင်းရှိသော ကောင်းကင်ဝံပုလွေသည် သူ့အတွက် အရေးကြီးသောဝှက်ဖဲတစ်ခုဖြစ်သည်။ ကောင်းကင်ဓမ္မတေးသံကို အသုံးပြုခြင်းအားဖြင့် သူသည် အမြီးသုံးချောင်းရှိသော ကောင်းကင်ဝံပုလွေ၏ စွမ်းအားကို ချေးယူနိုင်သော်လည်း ယခုအခါတွင် အကြံသစ်တစ်ခု ရခဲ့သည်။

အဟမ်း... အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေနဲ့ အပေးအယူလုပ်ဖို့ အခွင့်အရေးတစ်ခု ရှိနေပြီပဲ......

All Chapters