← Chapters

လီလော့၏ရည်မှန်းချက်.....

Vol. 46 Ch. 640

လီလော့၏ရည်မှန်းချက်.....

Vol. 46 Ch. 640

ဧရာမဝံပုလွေကြီးတစ်ကောင်သည် အလင်းရောင်မှိန်ပျပျ နယ်မြေထဲတွင် လဲလျောင်းနေပြီး၊ ၎င်း၏ကြီးမားသောအမြီးသုံးချောင်းသည် ဖြည်းညှင်းစွာယိမ်းနွဲ့ကာ နတ်ဆိုးစွမ်းအင်များစွာကို ထုတ်လွှတ်နေသည်။ သို့သော်၊ ၎င်းသည် လုံးဝလွတ်လပ်နေခြင်းမဟုတ်ဘဲ ၎င်း၏ခြေလက်လေးခုနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို သံကြိုးများဖြင့် ချည်နှောင်ထားကာ လွတ်လွတ်လပ်လပ်လှုပ်ရှားရန် မဖြစ်နိုင်တော့သည့်အထိ လုံး၀ချည်နှောင်ထားသည်။

ရုတ်တရက်ဆိုသလိုပင် အမြီးသုံးကောင် ကောင်းကင်ဘုံဝံပုလွေ၏ မျက်လုံးများ တောက်ပလာကာ ၎င်း၏ နီမြန်းသော မျက်ဆံများကို ပေါ်လွင်စေသည်။သတ်ဖြတ်လိုစိတ်ပြင်းပြသော စွမ်းအင်လေပွေတစ်ခုသည် မည်သည့်နေရာမှ လွင့်ထွက်လာမှန်းမသိဘဲ ပတ်ဝန်းကျင်ကို တုန်ခါသွားစေခဲ့သည်။

“ဝေါင်းးးးးးး!”

အမြီးသုံးချောင်းရှိသော ကောင်းကင်ဘုံဝံပုလွေသည် ၎င်း၏ ပါးစပ်ကိုဖွင့်ကာ ခပ်အုပ်အုပ် အူသံကို လွှင့်ထုတ်လိုက်သည်။

၎င်း၏ နီမြန်းသော မျက်ဆံများသည် အမှောင်ထုအတွင်း တစ်နေရာရာကို အာရုံစိုက်နေခဲ့သည်။ ထိုအချိန်တွင် လူသားပုံသဏ္ဌန် ထွက်ပေါ်လာပြီး ၎င်းရှေ့တွင် ရပ်တန့်သွားခဲ့သည်။

ဒီလူကို သူသိသည်။ ဤလှည့်စားတတ်သောသတ္တဝါသည် ၎င်းကို လှိုဏ်ဂူထဲမှ ဆွဲဆောင်ခဲ့ပြီး သန်မာသောကမ္ဘခြားသက်ရှိများကို တိုက်ခိုက်ရန် လျှို့ဝှက်စွာ နှိုးဆော်ခဲ့သည်။ နောက်ဆုံးတွင်၊ စည်းတံဆိပ်ခတ်နှိပ်ခံလိုက်ရသည်။

ယခင်နေထိုင်ကျက်စားခဲ့သောနယ်မြေနှင့်ယှဉ်လျှင် ယခုနေရာသည် လုံးဝကို စိတ်ကျဉ်းကျပ်စရာပင်......

ပြီးတော့ ဒီဆင်းရဲဒုက္ခအားလုံးရဲ့ အရင်းခံက သူ့ရှေ့က လူသားလေးကြောင့်သာပင်......

ဝုန်းးးးးး

အမြီးသုံးချောင်းရှိသော ကောင်းကင်ဘုံဝံပုလွေသည် ဒေါသတကြီးဟိန်းဟောက်လိုက်ပြီ ရုန်းကန်စပြုလာသည်။ သူ့ရှေ့က သေးငယ်တဲ့ သတ္တဝါလေးကို သတ်ပစ်ချင်ပေမယ့် အခုအချိန်မှာတော့ သူ့ပတ်ဝန်းကျင်မှာ ရစ်ပတ်ထားတဲ့ သံကြိုးတွေဟာ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး ကြောက်မက်ဖွယ် ခွန်အားတွေ ထုတ်လွှတ်ကာ ဖိနှိပ်ထားသောကြောင့် ပြင်းထန်သောနာကျင်မှုကို ခံစားနေရသည်။

"အစ်ကိုဝံပုလွေ..... အရမ်းစိတ်လှုပ်ရှားမနေပါနဲ့....!"

လီလော့သည် ဒေါသကြီးနေသော အမြီးသုံးကောင် ကောင်းကင်ဘုံဝံပုလွေက သူ့ကို မျိုချချင်သလို ကြည့်နေသဖြင့် အခြေအနေကို အလျင်အမြန် တည်ငြိမ်အောင် ကြိုးစားခဲ့သည်။

သို့သော် ဝံပုလွေက သူ့ကို အဖက်မလုပ်ချင်သောကြောင့် သူ့စကားများကို မကြားချင်ယောင်ဆောင်နေခဲ့သည်။ အမြီးသုံးကောင် ကောင်းကင်ဝံပုလွေ ပတ်၀န်းကျင်ရှိ သံကြိုးများသည် ဆူညံပွက်လောရိုက်နေသော ခန္ဓာကိုယ်ကို ရစ်ပတ်ချုပ်နှောင်ထားသော်လည်း လီလော့အား သွေးနီရောင်မျက်လုံးများဖြင့် ဆက်လက် စိုက်ကြည့်နေဆဲပင်......

"အစ်ကိုဝံပုလွေ..... မင်း ဒီချုပ်နှောင်မှုကနေ လွတ်ကင်းပြီး မင်းရဲ့ လွတ်လပ်မှုကို ပြန်ရဖို့ မလိုလားဘူးလား....."

လီလော့ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

ဒါတွေက မှော်ဆန်တဲ့ စကားလုံးများသဖွယ် အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေရဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက် တောင့်တင်းလာပြီး အရင်ကလို မရုန်းကန်တော့ပေ။ သို့သော် ကျယ်လောင်သောဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ပြီး ၎င်းတွင်ပါရှိသော ရည်ရွယ်ချက်ကို ခံစားနားလည်နိုင်စေရန်အတွက် လီလော့ကို ဆက်လက် စူးစိုက်ကြည့်နေခဲ့သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် ဒေါသနှင့် သံသယများ ပြည့်နှက်နေသော ရွံ့ရှာဖွယ်ချက်ပင်......

လီလော့ ရှက်ရွံ့စွာ ပြုံးလိုက်မိသည်။ဤဝိညာဉ်သားရဲသည်မြို့စားအဆင့်သို့ရောက်မှသာ လူသားများလို ပြောဆိုနိုင်မည်ဟု ဆိုထားသည်။ အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေသည် ထိုသို့လုပ်ဆောင်ခြင်းမရှိသေးသောကြောင့် ရလဒ်အနေဖြင့် စကားပြောဆိုရန် အနည်းငယ်ခက်ခဲသွားခဲ့သည်။သို့သော်လည်း ၎င်းသည် သိသာထင်ရှားသော ဉာဏ်ရည်ဉာဏ်သွေးကို ထင်ရှားစွာပြသပြီး စေ့စပ်ညှိနှိုင်းမှုကို အနည်းငယ်ပိုမိုလွယ်ကူစေပါလိမ့်မည်။

ထို့ကြောင့် ရိုးသားမှုအပြည့်ဖြင့် လီလော့ က ဦးစွာတောင်းပန်ခဲ့သည်။

"အစ်ကိုဝံပုလွေ.... မင်းရဲ့လှိုဏ်ဂူထဲက ဆွဲထုတ်လာခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်.... ဒါပေမယ့် မင်းရဲ့အကျိုးအတွက်ပဲလေ။ မင်း အခုလိုတံဆိပ်ခတ်ခံထားရပေမယ့် အနည်းဆုံးတော့ အရိပ်လှိုဏ်ဂူရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့အော်ရာတွေကနေ ကင်းလွတ်နိုင်ခဲ့ပြီပဲ.... မင်းအဲဒီမှာဆက်နေခဲ့ရင် ဖောက်ပြန်ပျက်စီးသွားပြီး စိတ်ရောကိုယ်ပါ ဆင်ခြင်တုံတရားတွေ ဆုံးရှုံးသွားလိမ့်မယ်.....ဒါဆို တောရိုင်းတိရစ္ဆာန်လိုဖြစ်သွားမှာပေါ့......!"

အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေ၏ မျက်လုံးများထဲတွင် အေးစက်သော ရွှင်မြူးမှုများ ပါဝင်နေပုံရသည်။

ဒီကောင်က အဲဒါကို သနားစရာကောင်းတဲ့ အခြေအနေလို့ ပြောလောက်အောင် အရှက်မရှိတုန်းပဲ.......တကယ် စက်ဆုပ်ဖွယ်ကောင်းတဲ့ လူသားပဲ.....

လီလော့ ရရှိခဲ့သည့် တုံ့ပြန်မှုသည် စိတ်မရှည်သောခပ်အုပ်အုပ် ဟိန်းဟောက်သံဖြစ်ပြီး အဓိကအားဖြင့် သူ့ကို တတ်နိုင်သမျှ ဝေးဝေးသို့ မောင်းထုတ်နေခြင်းဖြစ်သည်။

လီလော့သည် ထိုအပြုအမူကြောင့် စိတ်အနှောက်အယှက်မဖြစ်ဘဲ ဆက်လက်ပြုံးနေခဲ့သည်။

"အစ်ကိုဝံပုလွေ.... မြို့စားအဆင့်ကိုတက်လှမ်းဖို့ အိပ်မက်မမက်ဖူးဘူးလား.... ဒီလိုလုပ်ဖို့ မင်းရဲ့အခွင့်အရေးက လုံလောက်ပြီလို့ ထင်လား...."

အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေသည် လီလော့အား ကဲ့ရဲ့ဟန်ဖြင့် အေးစက်စွာ စိုက်ကြည့်ပြန်သည်။

ခမ်းနားထည်ဝါတဲ့ မြို့စားအဆင့်အကြောင်းကို ဒီလိုမှုန်ကုပ်ကုပ်ကောင်က ဘာများသိနိုင်မှာမို့လို့လဲ.....

တုန့်ပြန်မှုအနေနဲ့ လီလော့က.... "အနာဂတ်မှာ ခင်ဗျား မြို့စားအဆင့်ကိုတက်လှမ်းဖို့ ကျွန်တော် ကူညီနိုင်မယ်ဆိုရင်ရော....."

အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေသည် ဆက်လက် ရန်ဖြစ်ဖို့ စိတ်မဝင်စားဘဲ တိုက်ရိုက်လှဲလျောင်းနေခဲ့သည်။ ယင်းအစား ၎င်း၏အကြည့်များသည် ရှုတ်ချကဲ့ရဲ့ခြင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

မြေနတ်ဆိုးခန္ဓာအဆင့် လူသားလေးက မြို့စားအဆင့်ကိုတက်လှမ်းဖို့အကြောင်း သင်ပေးချင်နေတာလား...ဟာသပဲ.....

"အစ်ကိုဝံပုလွေ..... မင်းငါ့ကိုစတွေ့တုန်းက ငါဘယ်လောက်သန်မာတယ်ဆိုတာ မှတ်မိလား? အခု ဘယ်လောက်သန်မာတယ်ဆိုတာရော ခန့်မှန်းမိရဲ့လား...."

စူးစမ်းလိုစိတ်ကြောင့် နီမြန်းသောမျက်လုံးများက သူ့ကို အနည်းငယ်မှိတ်ပြလိုက်သည်။ ဒီလူကို နောက်ဆုံးမြင်ဖူးတုန်းကတော့ ထွက်သက်တစ်ချက်ဖြင့် သူ့ရဲ့ဖြစ်တည်မှုကို ငြိမ်းအေးစေနိုင်သည့် ဆရာသခင်အဆင့်မျှသာရှိခဲ့သည်။

သူသည် ယခုအခါတွင် အံ့အားသင့်စရာအမြန်နှုန်းဖြင့် မြေနတ်ဆိုးခန္ဓာအဆင့်ရောက်နေခဲ့ချေပြီ။

ယခုတွင် အမြီးသုံးချောင်းကောင်းကင်ဝံပုလွေသည် အနည်းငယ် ပိုစိတ်ဝင်စားပြီး တိတ်ဆိတ်နေပုံရသဖြင့် လီလော့ က ဆက်လက်ပြုံးနေခဲ့သည်။

"အစ်ကိုဝံပုလွေ ... မင်းငါ့လက်ကောက်ထဲမှာ ချိတ်ပိတ်ခံထားရတာ မင်းအတွက် ကံကောင်းတဲ့ ဆုံတွေ့မှုတစ်ခု ဖြစ်နိုင်တယ်!"

သူ့အကြည့်ထဲတွင် ကြည်နူးမှုတစ်ခု ပေါ်လာသည်။ ဒီလူသားက တကယ်ကို အရေထူတာပဲ....

"မင်းကိုတံဆိပ်ခတ်ထားတဲ့သူက ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဆိုတာ မင်းသိထားရမယ်။ ပြီးတော့ သူက ဒီလက်ကောက်ကို ငါ့ဆီလက်ဆောင်ပေးခဲ့တာ....."

ထိုကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အရိပ်ကို တွေ့ကြုံလိုက်ရသောအခါ သားရဲ၏ အတွေးများ ပြောင်းသွားသည်။ သူ့မျက်မှောက်အောက်မှာ ဘာကိုမှ မလုပ်နိုင်ဘဲ၊ မုန်းတီးနေရုံသာတတ်နိုင်ခဲ့သည်။ ဤသည်မှာ တောတွင်းဥပဒေဖြစ်ပြီး၊ ၎င်းတို့၏တည်ရှိမှုကြား ကြီးမားသောကွာဟချက်ကို သူနားလည်ခဲ့သည်။

ဘုရင်အဆင့်ကျွမ်းကျင်သူ.......

အတွေ့အကြုံကို ပြန်အမှတ်ရရုံဖြင့် ရင်တထိတ်ထိတ်ဖြစ်နေရပြန်သည်။

တန်ခိုးကြီးသော ကျွမ်းကျင်သူသည် ဒီကောင်လေးနှင့် မည်သို့သော ဆက်သွယ်မှုမျိုး ရှိခဲ့သနည်း။

လီလော့က..... "ဒီပညာရှင်က မင်းကို လက်ဆောင်တစ်ခုအနေနဲ့ ပေးခဲ့ပြီး တခုခုပြန်တောင်းဆိုခဲ့တယ်...."

ထိုအချိန်တွင်၊ အမြီးသုံးကောင် ကောင်းကင်ဘုံဝံပုလွေက လီလော့ကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း အနည်းငယ် တုန်လှုပ်သွားသည်။ ဘုရင်အဆင့်များသည် နေရာတိုင်းတွင် မြင့်မားသော တည်ရှိမှုများဖြစ်သည်။ ဤအားနည်းသော သတ္တဝါ၏ တစ်စုံတစ်ခုသော တောင်းဆိုမှုကို အဘယ်ကြောင့်တောင်းခံခဲ့ရသနည်း....ဒီကောင်လေး အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလား.....

"မင်းငါ့ကိုမယုံဘူးလား?"

လီလော့သည် ကောင်းကင်ဘုံဝံပုလွေ၏ စိတ်ကို ဖတ်ပြနိုင်သကဲ့သို့ ပြုံးလိုက်သည်။ အတွေးတစ်ခုနဲ့ သူ့ဆီက ပဲ့တင်ထပ်သံစွမ်းအားတွေ ထွက်ပေါ်လာခဲ့သည်။

ပထမဦးစွာ၊ သူသည် ရေစွမ်းအားနှင့်သစ်သားစွမ်းအားတို့ကို ပြသခဲ့ပြီး၊ နောက်ဆုံးတွင် နဂါးပဲ့တင်ထပ်သံစွမ်းအားကိုပါပြသခဲ့သည်။ ပဲ့တင်ထပ်သံစွမ်းအားသုံးမျိုးစလုံးသည် လီလော့၏ ပဲ့တင်ထပ်သံသုံးခုကို အပြည့်အဝ သရုပ်ပြနေခဲ့သည်။

"ပဲ့တင်ထပ်သံသုံးခု.....?!"

ကောင်းကင်ဘုံဝံပုလွေသည် ၎င်း၏မျက်လုံးများကို မယုံနိုင်လောက်အောင်ဖြစ်နေရှာသည်။ ဒါက ယုံကြည်မှုအတွက် အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်ပြီး ဘုရင်အဆင့် ကျွမ်းကျင်သူတွေသာ ဒီဖျက်ဆီးနိုင်င်တဲ့ စွမ်းအားကို ကိုင်စွဲနိုင်တယ်ဆိုတာ နားလည်ထားသည်။

ဒါတောင် သူ့ရှေ့က ဒီလူသားကောင်က မြေနတ်ဆိုးခန္ဓာအဆင့်ထဲကို ခြေတစ်လှမ်းလောက်သာ လှမ်းပြီး ပဲ့တင်ထပ်သံသုံးခုရှိနေပြီလား......

ဤသည်မှာ ကောင်းကင်ဘုံကို အံတုသောစွမ်းရည်ဖြစ်သည်။

လီလော့ ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ကဲ မင်းငါ့ကိုယုံလား"

ကောင်းကင်ဘုံဝံပုလွေသည် ၎င်း၏ဆန္ဒကို မဖော်ပြမီ နက်နဲစွာတွေးနေခဲ့သည်။

ပဲ့တင်ထပ်သံသုံးခုရှိခြင်းသည် ထူးခြားသော အရည်အချင်းတစ်ခုဖြစ်ကြောင်း သက်သေပြနေသော်လည်း၊ ၎င်းသည် ဘုရင်အဆင့်များ ထိန်းချုပ်ထားသည့် တကယ့် ပဲ့တင်ထပ်သံသုံးခုစွမ်းအားများနှင့် အလှမ်းဝေးနေသေးကြောင်း နတ်သားရဲက သိထားသည်။

မည်သို့ပင်ဆိုစေ ဝံပုလွေသည် ယခင်ကလို လျစ်လျူမရှုနိုင်တော့ပေ။

ကောင်းကင်ဘုံဝံပုလွေသည် နောက်ထပ်အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြန်သည်။

ဒီကောင် ဘာဖြစ်ချင်နေတာလဲ....သက်သက်လာကြွားနေတာလား....ငါ့ကိုအခုလိုချုပ်နှောင်ထားတဲ့ကောင် ထက်မြက်ထူးချွန်နေတာကိုမြင်နေရတာ သိပ်အသည်းယားဖို့ကောင်းတယ်.....

ဝံပုလွေ အနည်းငယ် စိတ်မရှည်၍ ရန်လိုလာသည်ဟု ခံစားရသဖြင့် လီလော့က လေးလေးနက်နက်သက်ပြင်းချလိုက်ကာ....

“ကဲ...ဒါဆိုလိုရင်းကိုပဲပြောကြတာပေါ့....ငါ မင်းနဲ့စာချူပ်ချုပ်မယ်.....မင်း ငါ့ကိုတစ်နှစ်လောက်ပဲသခင်ဖြစ်ခွင့်ပေး....."

လီလော့သည် ကောင်းကင်ဓမ္မတေးသံ၏အကူအညီဖြင့် ဝံပုလွေ၏စွမ်းအားကို ချေးယူနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးရှိနေဆဲပင်.... ဝံပုလွေကသာ သူ့ကို အကြွင်းမဲ့ ကူညီဖို့ ဆန္ဒရှိတယ်ဆိုရင် သူ့ရဲ့ စွမ်းအားတွေကို အပြည့်အဝ အသုံးချနိုင်ပါလိမ့်မည်။

ဝေါင်းးးးး

လီလော့၏ စကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် အစွယ်ဖွေးဖွေးများပေါ်သည်အထိ ဒေါသကြီးသော ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့ ဒီကောင်လေးက သူ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုစေချင်ခဲ့တာလား......ထိုက်တန်ရဲ့လား....

ဒေါသကြီးသောကောင်းကင်ဘုံဝံပုလွေနှင့် ရင်ဆိုင်ရသော်လည်း လီလော့၏ အမူအရာမှာ တည်တည်ငြိမ်ငြိမ်ပင်။

"မင်းသဘောတူရင် မင်းရဲ့လွတ်လပ်ခွင့်ကို ပြန်ပေးလိုက်တာနဲ့ မြို့စားအဆင့်ကိုတက်လှမ်းဖို့ အဖြေတစ်ခုရှာပေးနိုင်တယ်...."

နောက်ဆုံးတွင် ဟိန်းဟောက်သံများ ငြိမ်သက်သွားလေတော့သည်။

All Chapters