အမြီးသုံးချောင်းကောင်းကင်ဝံပုလွေကို ဆွဲဆောင်ခြင်း....
Vol. 46 Ch. 641
ကောင်းကင်ဝံပုလွေသည် အလင်းရောင်ခပ်မှိန်မှိန်ကြားကနေ လီလော့ကိုစိုက်ကြည့်နေသည်။ လီလော့ပြောခဲ့သော စကားနှစ်ခွန်းကြောင့်သာ အတော်အတန်စိတ်ငြိမ်အောင်ထိန်းထားနိုင်ခဲ့ခြင်းဖြစ်သည်။
တရားမျှတစွာပြောရလျှင် ထိုအချက်များသည် ၎င်းအတွက် ထူးထူးခြားခြား အံ့သြဖွယ်ကောင်းလှသည်။
တစ်နှစ်တာ အရှက်ရစေပေမယ့်လည်း ဒီလူသားကောင်လေးက သူ့ရဲ့လွတ်လပ်ခွင့်ကို ပြန်ပေးရုံသာမက မြို့စားအဆင့်ရောက်အောင်ကူညီပေးဉီးမည်တဲ့.....ဒီလို ရက်ရောမှုမျိုး ဒီကမ္ဘာမှာ ဘယ်လိုရှိနိုင်မလဲ...
အသက်ရှည်သော ဝိညာဉ်သားရဲများအတွက် တစ်နှစ်တာဆိုသည်မှာ လက်ခုပ်တီးလိုက်သည်နှင့် မြန်မြန်ကုန်ဆုံးသွားမည်ဖြစ်သည်။ ဤကမ်းလှမ်းချက်သည်မျက်ရည်ကျစေလောက်အောင် ကောင်းမွန်ခဲ့သည်မှာ သေချာပါသည်။
လွတ်လပ်မှု တစ်ခုတည်းနဲ့တင် ဘယ်လောက် အဖိုးတန်တယ်ဆိုတာ အသာထားဉီး မြို့စားအဆင့်ကိုတက်လှမ်းနိုင်ဖို့ နောက်ထပ် ဆွဲဆောင်မှုလည်းရှိနေခဲ့သေးသည်။
ကောင်းကင်ဝံပုလွေသည် အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်နှင့် ယှဉ်နိုင်သော ကောင်းကင်ပဲ့တင်ထပ်သံအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည အတိအကျပြောရလျှင်၊ ၎င်းသည် မြို့စားအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည့်အဆင့်ဖြစ်သည်။ သို့သော်လည်း ထိုအဆင့်တွင် ပိတ်မိနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပြီး ကြိုးစားနေသော်လည်း မကျော်ဖြတ်နိုင်သေးပေ။
အခုတော့ ငယ်ရွယ်သောလူသားကောင်လေးတစ်ယောက်က သူ့ကိုအဆင့်တက်နိုင်ရန် ကူညီပေးမည်ဟုဆိုနေသည်။
ဝံပုလွေက တချက်ဟိန်းဟောက်လိုက်ပြန်သည်။သို့သော် အကြည့်များထဲတွင်မေးခွန်းထုတ်လိုသောအရိပ်အယောင်များရှိနေသည်။
လီလော့၏ ပဲ့တင်ထပ်သံသုံးခုကို မြင်လိုက်ရသဖြင့် အနည်းငယ် စိတ်ယိုင်နေသည်မှာ ထင်ရှားနေသည်။
"ဘာလဲ...ငါ ကတိမတည်မှာကိုစိုးရိမ်နေတာလား....."
ကောင်းကင်ဝံပုလွေသည် နှာချေလိုက်သည့်အခါ ညှီဆို့နေသော ငါးညှီနံ့များထွက်လာကာ ၎င်း၏ လုပ်ရပ်သည် ဟိန်းဟောက်ခြင်းထက်ပင် ပို၍ထိရောက်သောအဖြေဖြစ်နေသည်။
"ဒါကြောင့် မင်းကို ရေတွင်းထဲကာဖားသူငယ်လို ဘာမှမသိနားမလည်တဲ့သူမဖြစ်ရလေအောင် လောကကြီးအကြောင်းသေချာသင်ပြပေးဖို့လိုနေတာပေါ့......"
လီလော့ ပြုံးလိုက်သည်။ လီလော့ ၏ လှောင်ပြောင်သော စကားများကို နားထောင်ရင်း ကောင်းကင်ဝံပုလွေ ပို၍ဒေါသထွက်လာသည်။
မြေနတ်ဆိုးခန္ဓာအဆင့်လောက်နဲ့ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ကို လှောင်ပြောင်ရဲတယ်ပေါ့......ချိန်းကြိုးတွေသာမရှိရင် မင်းလို မလောက်လေးမလောက်စားကောင်ကို တချက်တည်းနဲ့အသားပြားဖြစ်အောင် ရိုက်လိုက်လို့ရတယ်....
လီလော့သည် သားရဲ၏ဒေါသကို ကောင်းစွာခံစားနိုင်သော်လည်း ..... "မင်းက မိုက်မဲတဲ့ နတ်သားရဲပဲ..... ငါ့နောက်မှာ ဘယ်သူတွေရှိနေလဲဆိုတာ မင်းနားမလည်ဘူး၊ ဒါကြောင့် မင်းကို ငါအပြစ်မတင်ပါဘူး....အေးလေ အမှောင်ထဲမှာ အကြာကြီးပိတ်မိနေမှတော့ ဒါတွေဘယ်သိပါ့မလဲ.......ငါ့ရဲ့ကျောထောက်နောက်ခံက အရမ်းအင်အားကြီးလွန်းလို့ မင်းကိုချိတ်ပိတ်ခဲ့တဲ့ ဘုရင်အဆင့်ကတောင် ငါ့ဆီကနေ အကူအညီယူခဲ့ရတာပေါ့......"
လီလော့က ဒီစကားလုံးတွေကို တည်ငြိမ်အေးချမ်းစွာနဲ့ ယုံကြည်စိတ်ချစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။ သူသည် အင်မတန်အရေထူသူဖြစ်သောကြောင့်သာ အခုလိုစကားမျိုးကို မူမပျက်ဘဲပြောဆိုနိုင်ခဲ့သည်။
ကောင်းကင်ဘုံဝံပုလွေသည် ယခု အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ ဘုရင်အဆင့် စွမ်းအားရှင်တစ်ယောက်ကတောင် ဒီကောင်လေးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောထောက်နောက်ခံကို ကြောက်ရွံ့နေသလား......
သူ့မှာ ဘယ်လို နောက်ခံမျိုးရှိလဲ......
"အခု ငါက မွေးရပ်မြေနဲ့ဝေးကွာတဲ့အရပ်ကိုရောက်နေလို့. တစ်ချို့သော အကြောင်းပြချက်တွေကြောင့် ငါကို နည်းမျိုးစုံနဲ့ ကန့်သတ်ထားခဲ့တယ်..... ဒါကြောင့် မင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး..... ပွင့်ပွင့်လင်းလင်းပြောရရင်... ငါ့မွေးရပ်မြေမှာဆို မြို့စားအဆင့်ကို မဖောက်ရသေးတဲ့ နတ်သားရဲတစ်ကောင်က ငါ့ဖိနပ်ကိုတောင်ကိုင်ခွင့်မရှိဘူး....."
ဝံပုလွေက လီလော့ကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်ပြီး အကဲခတ်နေသည်။
ဒီကောင် လိမ်နေတာလား.... အမှန်တွေပြောနေတာလား......
ယုတ္တိရှိစွာသုံးသပ်ရလျှင် ဒီကောင်က ကြွားလုံးထုတ်ရတာကို သဘောကျတယ်.... သို့သော်၊ ပဲ့တင်ထပ်သံသုံးခုရှိပြီး ဘုရင်အဆင့် ကျွမ်းကျင်သူက ဒီကောင်လေးအတွက် သူ့ကိုတံဆိပ်ခတ်ပေးခဲ့သည်။ ရလဒ်က ဖော်ပြ၍မရနိုင်သော စိုးရိမ်စိတ်ကိုဖြစ်ပေါ်စေခဲ့သည်။
"မင်း စိတ်ဆိုးနေဖို့ မလိုပါဘူး..... ဒါကလက်ခံဖို့ ခက်ခဲတဲ့ အမှန်တရားပဲလေ.....
" လီလော့ က ဆက်၍ ဟစ်အော်ရင်း ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သွေးအဆီအနှစ်အချို့ကို လေထဲသို့ ဖြည်းညှင်းစွာ လွှင့်ထုတ်လိုက်သည်။ ၎င်းတို့သည် ကောင်းကင်ဘုံဝံပုလွေဆီသို့ တိုက်ရိုက်ပျံသန်းခဲ့သည်။
ကောင်းကင်ဝံပုလွေသည် သွေးအဆီအနှစ်ကို အာရုံစိုက်သောအခါ၊ ၎င်းတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပါဝင်နေသည်ဟု အလိုလို ခံစားရသည်။ဤထိတ်လန့်ကြောက်ရွံ့မှုက ဘုရင်အဆင့် ကျွမ်းကျင်သူကိုတွေ့တုန်းကထက်ပင် ကြီးမားသည်။
ဤအရာက ဝံပုလွေ၏ အတွေးများကို ရူးသွပ်သွားစေသည်။ တစ်ချိန်တည်းမှာပင် ဤသွေးအဆီအနှစ်ကို လိုချင်မက်မောသည့် စိတ်ဆန္ဒများ ၎င်း၏နှလုံးသားအတွင်း၌ ပေါက်ဖွားလာခဲ့သည်။ လီလော့ကို တစ်ဖန် ငုံ့ကြည့်ရင်း သွေးအဆီအနှစ်ကို မျိုချလိုက်လေသည်။
ဘန်းးးးးးးး
သွေးအဆီနှစ်တစ်စက် သူ့အစာအိမ်ထဲကို ဝင်သွားတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားရနိုင်ပြီး စိတ်အာရုံထဲတွင် ပြင်းထန်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ အကန့်အသတ်မရှိသော ဖိအားများ သူ့အပေါ်သို့ အဆက်မပြတ် ဆင်းသက်လာခဲ့သည်။
လူသားတစ်ယောက်သာဆို ထိုမျှလောက်ထိ ဖိအာပြင်းထန်စွာခံစားရမည်မဟုတ်သော်လည်း သားရဲများ၏သွေးထဲတွင် အမြစ်တွယ်နေသောအရာတစ်ခုရှိသည်။ အရှင်းဆုံးပြောရလျှင် ကြီးနိုင်ငယ်ညှင်းဝါဒလိုပင်....လီလော့၏သွေးအဆီအနှစ်တွင်ပါဝင်နေသော အရာက ဝံပုလွေထက် ပိုမြင့်မြတ်သောကြောင့် အခုလိုအလူးအလဲဖိနှိပ်ခံနေရခြင်းဖြစ်သည်။
ဒီလိုနဲ့ပဲ ကောင်းကင်ဘုံဝံပုလွေ ဒူးထောက်လိုက်ရချေပြီ။
လီလော့အား ဗလာကျင်းသောအမူအရာဖြင့် စိုက်ကြည့်နေစဉ် ၎င်း၏မျက်လုံးများသည် ထိတ်လန့်မှုကို မဖုံးကွယ်ထားပေ။
နောက်ဆုံးတော့ လီလော့ရဲ့ စကားကို ယုံကြည်ခဲ့ရပြီ။
သွေးအဆီလေးတစ်စက်မျှနှင့် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ချေမှုန်းနိုင်သည်။ အထင်ကြီးလောက်စရာမရှိတဲ့ ဒီကောင်လေးမှာ တကယ်ကို ကြောက်မက်ဖွယ်ရာ ကျောထောက်နောက်ခံရှိနေသည်။
တကယ်လို့ ဒီကောင်မှာ ဒီလိုမျိုး နောက်ခံရှိတယ်ဆိုရင်၊ ပူးပေါင်းလိုက်တာ ပိုအဆင်ပြေမလား.....
"ငါ မင်းကို ဘယ်လိုယုံရမှာလဲ"
ဒီကောင်က သစ္စာဖောက်တဲ့လူနဲ့တူတယ်။ သူသည် ၎င်း၏လွတ်လပ်ခွင့်ကို တစ်နှစ်အကြာတွင် ပြန်မပေးဘဲ ကတိကို မဖြည့်ဆည်းပါက မည်သို့ဖြစ်မည်နည်း။
လီလော့၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဒီကောင်စိတ်ယိုင်နေပြီ.......
ဤသည်မှာ မျှော်လင့်ထားသည့်အတိုင်းပင်.... မြို့စားအဆင့်၏သွေးဆောင်မှုနှင့်လွတ်လပ်မှုသည်ငြင်းဆန်ရန်အလွန်ချိုမြိန်သောပျားရည်ဖြစ်သည်။ လီလော့သည် ဤအဆိုပြုချက်ကို တိရစ္ဆာန်များဆိုမထားနှင့် လူသားများပင် မည်သည့်အခါမျှ ငြင်းဆန်မည်မဟုတ်ဟု ယုံကြည်ခဲ့သည်။
လီလော့သည် လက်ကို မြှောက်လိုက်ပြီး လေးလေးနက်နက်စွာဖြင့်.....
"ငါ့ရဲ့သွေးသားနဲ့တိုင်တည်ပြီး ကျိန်ဆိုလို့ရတယ်။ အသုံးဝင်လားမဝင်လား ငါမသိပေမယ့် မင်းမှာ ရွေးချယ်စရာနည်းလမ်းမရှိဘူးမလား....."
ကောင်းကင်ဝံပုလွေသည် လီလော့ကို တခဏမျှ စူးစူးစိုက်စိုက်ကြည့်ကာအတွေးတွင် နစ်မြုပ်သွားခဲ့သည်။ လီလော့ ပြောခဲ့သည့်အတိုင်း. သူ့မှာ ရွေးချယ်စရာတွေ အများကြီး မရှိခဲ့ပေ။ သဘောမတူရင် ဒီနေရာမှာသာ ထာဝရနေထိုင်ရပေလိမ့်မည်။
ဘုရင်တစ်ပါး၏စည်းတံဆိပ်သည် ဝိညာဉ်သားရဲတစ်ကောင်ကျော်လွှားနိုင်သောအရာမဟုတ်ပေ။
စိတ်ဓာတ်ကျနေမယ့်အစား တိုက်ခိုက်တာက ပိုကောင်းလိမ့်မည်။
သေချာစွာတွေးတောနေသောကောင်းကင်ဝံပုလွေကြောင့် လီလော့၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများ လှိုင်းထနေလေသည်။ ကောင်းကင်ဘုံဝံပုလွေ သူ့ကို ယုံကြည်လိုက်ခြင်းက သူမျှော်လင့်ထားသည်ထက် ပိုမိုလွယ်ကူသည်။ ပဲ့တင်ထပ်သံ သုံခုနှင့် နောက်ခံသည် လုံလောက်စွာ တွန်းအားပေးနိုင်ခဲ့သည်။
ကောင်းကင်ဝံပုလွေ သည် ယခုအခါ မြို့စားအဆင့်၏ စွမ်းအားအောက်တွင် ၎င်း၏ အသန်မာဆုံး အရုပ်ဖြစ်လာမည်ဖြစ်သည်။ ၎င်းသည် မြို့စားအဆင့်သို့ရောက်ရန်ပင်အခွင့်အရေးရခဲ့သည်။ကောင်းကင်ဘုံဝံပုလွေ၏ လိုလိုလားလား ကူညီမှုသည် ကောင်းကင်ဓမ္မတေးသံယ ရွတ်ဆိုမှုဖြင့် ချေးယူနိက်သည့် ခွန်အားကို ကျော်လွန်သွားနိုင်သည်။
အကယ်၍ ကောင်းကင်ဘုံဝံပုလွေသာထိန်းချုပ်ရမခက်လျှင် ပေါ်ပေါ်တင်တင် လွတ်ပေးလိုက်ဖြင့် ရဲဘော်ရဲဖက်တစ်ယောက်ကိုပိုင်ဆိုင်နိုင်ပြီဖြစ်သည်။
"ရှောင်စန်း.... ငါတို့က အခုရဲဘော်ရဲဖက်တွေဖြစ်သွားပြီ..... "
[TN/ ဝံပုလွေမှာ အမြီးသုံးချောင်းရှိလို့ ချစ်စနိုးနဲ့ little three ..ရှောင်စန်းလို့ခေါ်လိုက်တာပါ.....]
လီလော့သည် စိတ်အားထက်သန်စွာ လှမ်းတက်လာပြီး ဝံပုလွေ၏ ကြီးမားသော ခြေသည်းများကို ပုတ်လိုက်သည်။
"မင်းဘာလို့ ငါ့ကို သူဌေးလို့မခေါ်သေးတာလဲ... မင်းသာ တပည့်ဖြစ်လာရင် လိုချင်တာမှန်သမျှရစေရမယ်..... သစ္စာရှိတယ်ဆိုရင် မြို့စားအဆင့်မပြောနဲ့ ကောင်းကင်ဝံပုလွေဘုရင်တောင်ဖြစ်စေရမယ်....."
လီလော့၏ အံ့မခန်း ကြွားလုံးထုတ်သံကို နားထောင်ခြင်းမှာ အလွန်ကိုအော်ဂလီဆန်စရာကောင်းသဖြင့် ဝံပုလွေက လျစ်လျူရှုခဲ့သည်။
သူသည် သစ္စာစောင့်သိမှုကို အမှန်တကယ်လိုချင်ပါက၊ သူ့ထက်သာလွန်နေမှဖြစ်မည်။ အခုလောလောဆယ်တော့ လွတ်လပ်မှုနဲ့အနာဂတ်အတွက် မချစ်သော်လည်း အောင့်ကာနမ်းရပေဉီးမည်။
"အရူးကောင်......"