← Chapters

အိမ်တော်စုဝေးပွဲအကြို.....

Vol. 46 Ch. 642

အိမ်တော်စုဝေးပွဲအကြို.....

Vol. 46 Ch. 642

အိမ်တော်စုဝေးပွဲ စတင်ရန် တစ်ရက်သာလိုတော့သည်။

ဤအချိန်ကာလအတွင်း လော့လန်အိမ်တော်၏ဌာနချုပ်သည် ၎င်းတို့၏ ကာကွယ်ရေးကို တိုးမြှင့်ခဲ့သည်။ ကျန်းချင်းအာနှင့်လီလော့တို့ကို အားပေးထောက်ခံသော အကြီးအကဲများလည်း ရှမြို့တော် သို့ ရောက်ရှိလာပြီး ၎င်းတို့၏ အထက်တန်းစားတပ်ဖွဲ့များကို ၎င်းတို့နှင့်အတူ ခေါ်ဆောင်လာခဲ့ကြသည်။

ချိုင်ဝေသည် ပြင်ပအကူအညီများကို ငှားရမ်းရန်အတွက် ရန်ပုံငွေများစွာကို သုံးစွဲခဲ့သည်။ ဤပုဂ္ဂိုလ်အများစုမှာ မြေနတ်ဆိုးခန္ဓာအဆင့်တွင်ရှိကြပြီး အချို့မှာ ကောင်းကင်နစ်မြုပ်ခြင်းအဆင့်တွင်ရှိကြသည်။ သို့သော်လည်း ရှပြည်ထောင်စု အတွင်းရှိ ကောင်းကင်ပုလဲအဆင့်ကျွမ်းကျင်သူများသည် လော့လန်အိမ်တော် အိမ်တော်စုဝေးပွဲ၏ ကြောက်မက်ဖွယ်ကောင်းသော အခြေနေကိုနားလည်ကြသဖြင့် မည်သူမျှ ပါဝင်ပတ်သတ်ခြင်းမရှိခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ လော့လန်အိမ်တော် သည် အိမ်တော်သခင်နှစ်ပါး ထွက်ခွာသွားခဲ့သော်လည်း သန်မာနေဆဲပင်....

…….........

လော့လန်အိမ်တော်၏ ဆွေးနွေးခန်းအတွင်း......

လီလော့နှင့်ကျန်းချင်းအာတို့သည် စားပွဲဝိုင်းထိပ်တွင်ထိုင်ကာ အခြားသောမြို့နယ်များမှ အကြီးအကဲများ၏ အစီအရင်ခံတင်ပြချက်

များကို နားထောင်နေသည်။

လီလော့၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နေပြီး လူတိုင်းကို နွေဦးလေပြေလို နွေးထွေးမှုဖြင့် ဆက်ဆံခဲ့သည်။ တစ်ဖက်တွင် ကျန်းချင်းအာသည် စကားမပြောဘဲ ငြိမ်သက်နေခဲ့သည်။ သို့သော်၊ ဤသည်မှာ သူမ၏ ပင်ကိုယ်စရိုက်ဖြစ်သည်ကို လူတိုင်းသိကြသည်။

တကယ်တမ်းတွင်မူ အားလုံးက လီလော့ကို အခုလိုလေးလေးစားစားဆက်ဆံနေရခြင်းသည် ကျန်ချင်းအာကြောင့်သာပင်......

ဘာပဲဖြစ်ဖြစ် အိမ်တော်သခင်နှစ်ပါးရဲ့ သားဖြစ်ပေမဲ့ တောတွင်းဉပဒေ စိုးမိုးနေသောလောကကြီးတွင် ဗလာနန်းတော်ရှိသော သခင်လေးကို လေးစားဖို့ ခက်ခဲကြပေလိမ့်မည်။ သို့သော်လည်း တစ်နှစ်တာအတွင်း လီလော့၏ အင်အားနှင့်သြဇာလွှမ်းမိုးမှုတို့သည် ကောင်းကင်ကိုပင် တုန်လှုပ်ခဲ့သည်။

သူသည် ဗလာနန်းတော်ရှိနေသည့်ဘဝကနေ ကျင့်ကြံနိုင်သူဖြစ်အောင်ကြိုးစားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြယ်တာယာခရီးရှည်ကောလိပ်သို့ ဝင်ရောက်ခဲ့ပြီး နာမည်ရသူတစ်ဦး ဖြစ်လာခဲ့သည်။ အမှန်တော့၊ မကြာသေးမီက ရှန့်ပိန်းတွေ့ဆုံပွဲတွင် သူသည် အသန်မဆုံး ကျောင်းသား၏ဘွဲ့ကိုပင် ရယူနိုင်ခဲ့ပြီး အောင်မြင်မှုမှတ်တိုင်များစိုက်ထူနိုင်ခဲ့သည်။

လီလော့သည် သူနှင့်ရွယ်တူများကြားတွင် ကြီးမားသော စွမ်းအားနှင့် အလားအလာများ ပိုင်ဆိုင်ထားကြောင်း သက်သေပြခဲ့သည်။ ထို့ပြင် ၎င်းတို့သည် ယမန်နေ့ကပင် သူတို့၏သခင်ငယ်သည် နတ်ဆိုးနန်းတော် အဆင့်သို့ပင် ရောက်ရှိခဲ့ကြောင်း သိရှိခဲ့ကြသည်။

တစ်နှစ်တာအချိန်တိုအတွင်း နန်းတော်အလွတ်ရှိသည့်အနေအထားမှ မြေနတ်ဆိုးခန္ဓာအဆင့်သို့ရောက်ရှိခြင်းဟူသောထူးထူးခြားခြား လျင်မြန်သော အရှိန်အဟုန်သည် ကြားရသူတိုင်းကို တုန်လှုပ်စေခဲ့သည်။

ထို့ကြောင့် လီလော့၏ အသွင်ပြောင်းမှုသည် လော့လန်အိမ်တော်၏ အထက်တန်းစားများအတွက် ကြီးမားသော စိတ်သက်သာရာရမှုနှင့် ရွှင်လန်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ လီလော့သည် စစ်မှန်ကန်သော သခင်လေးဖြစ်သည်။ အိမ်တော်စုဝေးပွဲ၏စမ်းသပ်မှုကိုကျော်လွှားနိုင်လျှင် ၎င်းသည်အနာဂတ်တွင်အမြင့်သို့တွန်းပို့ခံရလိမ့်မည်မှာသေချာသည်။ထို့အပြင် ယခင်အိမ်တော်သခင်များထက်သာလွန်သော ကြီးမြတ်မှုကို ရရှိလာနိုင်သည် ။

လီလော့ သည် သူတို့၏ အတွေးအမြင် အပြောင်းအလဲများကို ပိုင်းခြားသိမြင်နိုင်သောကြောင့် သူ့ရည်မှန်းချက်များ အောင်မြင်ခဲ့ကြောင်း သူသိသည်။ မနက်ဖြန်တွင် အိမ်တော်စုဝေးပွဲကျင်းပတော့မည်ဖြစ်သောကြောင့် ယုံကြည်ချက်နှင့် ဖွဲ့စည်းထားသောအဖွဲ့မျိုးရှိနေရန် အရေးကြီးပါသည်။ ဝှက်ဖဲအနေဖြင့်သာ သိမ်းမထားရလျှင် ပဲ့တင်ထပ်သံသုံးခုကိုပင်ထုတ်ပြလိုက်ချင်သည်။

ပဲ့တင်ထပ်သံသုံးခုများသည် တိုက်ခိုက်ရေးစွမ်းရည်နှင့်ပတ်သက်၍ များများစားစား အသုံးမဝင်သေးသော်လည်း ၎င်းတို့သည် ရှားပါးသော ပါရမီနှင့် အလားအလာကို ကိုယ်စားပြုသည်။ ဒါက သူ့လူတွေကို လှုံ့ဆော်ပေးရုံသာမက သစ္စာဖောက်ဖို့ကြံရွယ်နေတဲ့သူတွေကိုပါ သစ္စာရှိရှိ လိုက်လာဖို့လည်း တွန်းအားပေးနိုင်ပါလိမ့်မည်။

လီလော့နှင့်ကျန်းချင်းအာတို့သည် အဆုံးမရှိသော လူများကို နှုတ်ဆက်ခဲ့ကြရပြီး နေ့လည်စာစားခါနီးမှသာ နိဂုံးချုပ်သွားကြသည်။

လူအုပ်ကြီး တဖြည်းဖြည်း လူစုကွဲသွားမှသာ လီလော့ မောပန်းနွမ်းနယ်စွာ အညောင်းဆန့်နိုင်ရှာတော့သည်။ ဒါပေမယ့် ကျန်းချင်းအာ ရဲ့ ဖြူဖြူဖွေးဖွေး ပါးပြင်ပေါ်မှာ အပြုံးလေးတွေ ပေါ်လာတာကို သူမြင်လိုက်ရသဖြင့်.....

"ဘာလို့ပြုံးနေတာလဲ"

"သူတို့စိတ်ထဲမှာ နင်က လော့လန်အိမ်တော်ရဲ့ တကယ့်သခင်ငယ်လေး ဖြစ်လာပြီ..... လုံ့လစိုက်ထုတ်ပြီး တစ်နှစ်အကြာ နင့်လက်နဲ့ ထွင်းထုထားတဲ့ ရလဒ်ပဲလေ....ငါနင့်အတွက်ဝမ်းသာတာပေါ့..... "

လီလော့ ပြုံးလိုက်မိသည်။

"မနက်ဖြန်အတွက် ပျော်ဖို့ချန်ထားဉီး.... "

ကျန်းချင်းအာ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

"ဉီးလေးပေါင်ဆီကို သွားကြရအောင်.... မနက်ဖြန်အတွက် သူနဲ့ ဆွေးနွေးဖို့ လိုတယ်....."

လီလော့ကလည်း ခေါင်းညိတ်လိုက်သည်။ ဦးလေးပေါင်သည် လော့လန်အိမ်တော်၏ တစ်ဦးတည်းသော မြို့စားအဆင့်ဖြစ်သောကြောင့်၊ သူသည် မည်သည့်အစီအစဥ်တွင်မဆို အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။

နှစ်ယောက်သား ဆွေးနွေးခန်းမှ ထွက်လာပြီး အတွင်းဘက် ခြံဝင်းဆီသို့ ဦးတည်သွားကာ ဉီးလေးပေါင်ရှိနေသော မီးဖိုချောင်သို့ ရောက်သွားခဲ့သည်။

ဝင်သွားသောအခါတွင် ဦးလေးပေါင်သည် အနီရောင်အစင်းကြောင်းများစွာဖြင့် စွန်းထင်းနေသော ၎င်း၏ဝက်သားသတ်ဓားကို ထက်မြနေအောင် သွေးနေသည်။ ဓားသွားသည် နေရောင်ခြည်တွင် တောက်ပနေကာ အေးစက်သော အလင်းရောင်ကို ရောင်ပြန်ဟပ်ကာ နှလုံးသားကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

နှစ်ယောက်သား ရောက်လာသည်ကို သတိပြုမိသဖြင့် ခေတ္တရပ်ပြီး သက်ပြင်းချလိုက်သည်။ "နှစ်ပေါင်းများစွာကြာပြီးမှ ငါ့ဓားလေးလဲ နေရောင်ခြည်နဲ့ထိတွေ့နိုင်ခဲ့ပြီ......."

"နောက်ဆုံးတော့ ဦးလေးပေါင်က စွမ်းအားအစစ်အမှန်ကို ထုတ်ပြတော့မယ်ပေါ့.....ဒါမျိုးကိုမြင်ချင်လို့ စောင့်နေတာ တော်တော်ကြာပြီ......"

ဦးလေးပေါင်က ခေါင်းခါကာ...

"အထွတ်အထိပ်အခြေနေကိုပြန်မရောက်နိုင်တော့တာ ကံဆိုးတာပဲ......."

ကျန်းချင်းအာက.... "ဦးလေးပေါင် ဘယ်အဆင့်မှာရောက်နေတယ်ဆိုတာပြောပြနိုင်မလား.... ဘယ်လိုခွန်အားမျိုးနဲ့ဘယ်အဆင့်ထိ ခံနိုင်ရည်ရှိလဲ......"

လီလော့သည်လည်း ပေါင်ပေါင်ကို ဂရုတစိုက်စိုက်ကြည့်နေသည်။ အိမ်တော်စုဝေးပွဲသည် မနက်ဖြန်ဖြစ်သောကြောင့် ရှပြည်ထောင်စုမှ မြို့စားအဆင့်များ မလွှဲမရှောင်သာ ဝင်ရောက်စွက်ဖက်မည်ဖြစ်သဖြင့် ၎င်းတို့သည်လည်းအခြေနေကို ထိန်းသိမ်းရန်အတွက် ၎င်းတို့၏ကိုယ်ပိုင် မြို့စားအား အသုံးချရမည်ဖြစ်ပါသည်။

ပေါင်ပေါင်က သူ့မေးစေ့ကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။

"မြို့စားအဆင့်မှာ အဆင့်ငယ် ကိုးဆင့်ရှိတယ်၊ ရှပြည်ထောင်စုမှာ မင်းတို့တွေ့ဖူးသမျှ အများစုဟာ ပထမအဆင့် ဒါမှမဟုတ် ဒုတိယအဆင့်တွေပဲ.... ငါက သူတို့ထဲက တော်တော်များများနဲ့ တိုက်ရိုက်မတွေ့ဖူးပေမယ့် မင်းမိဘတွေပေးခဲ့တဲ့ အချက်အလက်တွေအရ ရှပြည်ထောင်စုရဲ့ မြို့စားအဆင့်ကျွမ်းကျင်သူတွေက သာမန်လောက်တွေပါပဲ....ဒါပေမယ့် ငါတို့က အပြင်ဘက်န ပြင်နတ်ဘုရားတိုက်ကြီးမှာ ရှိနေတဲ့အတွက် အဘယ်ပိုင်းနတ်ဘုရားတိုက်ကြီးက ပညာရှင်တွေနဲ့ နှိုင်းယှဉ်လို့မရနိုင်ဘူး.....ရွှေနဂါးဘဏ်တိုက်ရဲ့ဉက္ကဌယု၊ ကြယ်တာယာခရီးရှည်ကောလိပ် ရဲ့ဒုကျောင်းအုပ်စုရှင်း၊ ဂျိယန်အိမ်တော်ရဲ့ဒေါသကြီးတဲ့ကောင်စုတ်၊ တော်ဝင်နန်းတွင်းက ကိုယ်စားအုပ်ချုပ်သူ....သူတို့တွေက မင်းမိဘတွေ ပြောခဲ့ဖူးတဲ့ ရှပြည်ထောင်စုရဲ့ အင်အားအကောင်းဆုံးမြို့စားအဆင့်လေးယောက်ပဲ..... သူတို့အားလုံး စတုတ္ထအဆင့်ရောက်နေကြပြီ.....အားလုံးထဲမှာ ကိုယ်စားအုပ်ချုပ်သူက အထင်ရှားဆုံးဖြစ်တယ်....သိိုသိုသိပ်သိပ်ဖုံးကွယ်တတ်ပြီး ရည်မှန်းချက်ကြီးတဲ့ စိတိနှလုံးသားကို ပိုင်ဆိုင်ထားသူဆိုလည်းမမှားဘူး........ မြို့စားအဆင့်ရဲ့အဆင့်ကိုးဆင့်တိုင်းက တစ်ဆင့်နဲ့တဆင့်မိုးနဲ့မြေလိုကွာခြားတယ်.... အားလုံးက မြို့စားအဆင့်ပဲဆိုပေမယ့် တစ်ဆင့်ပိုမြင့်တဲ့သူက အဆင့်နိမ့်တဲ့သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နိုင်တယ်....."

ထိုအချိန်တွင် ပေါင်ပေါင်သည် သူ့လက်ထဲတွင် ဝက်သားခုတ်ဓားကို တစ်ဖန်ပြန်ကိုင်လိုက်သည်။

"သူတို့သာ လော့လန်အိမ်တော် ဌာနချုပ်ရဲ့ အနီးအနားမှာ ရှိနေသရွေ့ ငါပြောခဲ့တဲ့ လေးယောက်တောင် ငါ့ပတ်ဝန်းကျင်မှာ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး......."

"ဝိုး၊ ဦးလေးပေါင်က တကယ်ကို အံ့သြစရာပဲ!"

လီလော့က သူ့ကို ချီးမွမ်းရင်း ဝမ်းသာပီတိဖြစ်နေခဲ့သည်။

ဉက္ကဌယုနှင့် ဒုကျောင်းအုပ်စုရှင်းတို့သည် စတုတ္ထအဆင့်ဖြစ်ကြောင်းကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။ဂျိယန်အိမ်တော်၏ဒေါသကြီးသည့်ကောင်စုတ်လေးဆိုသည်မှာ ဂျိယန်အိမ်တော်သခင် ဇူချင်းဟောင်ကိုပြောနေခြင်းပင်.... ဒါလည်း အနည်းငယ် အံ့သြစရာပါပဲ......

"အခုစဉ်းစားကြည့်တော့ ကျွန်တော့်မိဘတွေလည်း စတုတ္ထအဆင် ဖြစ်နေပြီမဟုတ်လား"

ပေါင်ပေါင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

" သူတို့က ရှပြည်ထောင်ဟုရဲ့ အသက်အငယ်ဆုံး မြို့စားအဆင့်တွေအဖြစ် မှတ်တမ်းဝင်သွားပေမယ့် မကြာခင်မှာ သူတို့ရဲ့ မှတ်တမ်းကို ကျွန်တော်နဲ့ ချင်းအာ ကျော်တက်သွားလိမ့်မယ်ထင်တယ်...."

လီလော့က ယုံကြည်မှုအပြည့်နဲ့ ကြွားလုံးထုတ်ခဲ့ပါသည်။

ကျန်းချင်းအာက.... " ကောင်းကင်ပဲ့တင်ထပ်သံအဆင့် မတိုင်မီ အဆင့်တွေက အဆင့်တင်ဖို့မြန်ပေမယ့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်က သည် ကြီးမားတဲ့ ပင်လယ်ကွေ့ကြီးလိုကျော်ဖြတ်ရခက်တယ်.... အလွယ်တကူ တက်လှမ်းလာတဲ့သူတော်တော်များ အဲ့အဆင့်မှာ ရပ်တန့်သွားကြတယ်.... ဒါကြောင့်မို့ တနှစ်အတွင်း မြေနတ်ဆိုးခန္ဓာအဆင့်ထိရောက်အောင်တက်လှမ်းနိုင်ခဲ့တာတွေက အဲ့အဆင့်ရောက်ရင် ဘာမှအဓိပ္ပါယ်မရှိိတော့ဘူး....."

ပေါင်ပေါင်လည်း ပြုံးလိုက်သည်။ "သာမန်လူတွေအတွက်တော့ မှန်တာပေါ့.... ဒါပေမယ့် ငါတို့ရဲ့ သခင်ငယ်လေးက အလားအလာနဲ့ အခွင့်အလမ်းရှိသူမို့ သူ့မိဘတွေရဲ့ မှတ်တမ်းတွေကို ချိုးဖျက်ဖို့ဖြစ်နိုင်တာပဲ..... ဒါပေမယ့်..."

သူ ခေတ္တရပ်လိုက်ပြီး အပြုံးမမည်သော အပြုံးတစ်ခု သူ့မျက်နှာမှာ ပေါ်လာခဲ့သည်။

"တစ်ခုတည်းသောပြဿနာက... သခင်လေးရဲ့မိဘတွေက ရှပြည်ထောင်စုကိုရောက်မှ မြို့စားအဆင့်ကိုတက်လှမ်းနိုင်တယ်လို့ထင်နေတာလား......."

All Chapters