← Chapters

မိဘနှစ်ပါးကိုလျှော့တွက်မိခြင်း......

Vol. 46 Ch. 643

မိဘနှစ်ပါးကိုလျှော့တွက်မိခြင်း......

Vol. 46 Ch. 643

ထိုနောက်ဆုံးစာကြောင်းသည် ကျည်ဆန်တစ်ခုကဲ့သို့ လီလော့ကို ထိမှန်သွားခဲ့ပြီး ကျန်းချင်းအာကိုပင် တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ နှစ်ယောက်သား ဉီးလေးပေါင်ကို စိုက်ကြည့်နေကြသည်။ သူ့မေးခွန်းရဲ့ သက်ရောက်မှုတွေက တုန်လှုပ်ချောက်ချားစရာပင်......

"ဉီးလေးပေါင် ...ဘာပြောလိုက်တာလဲ...."

လီလော့ အံ့သြတကြီးမေးလိုက်သည်။

ပေါင်ပေါင်က ချိုချိုသာသာ ပြုံးလိုက်ပြီး....

" လီတိုင်ရွှမ်နဲ့ တန်တိုင်လန်က ရှပြည်ထောင်စုကိုရောက်မှ မြို့စားအဆင့်ကိုတက်လှမ်းခဲ့တယ်လို့ ဘယ်သူပြောလဲ....."

လီလော့ ထိတ်လန့်သွားပြီး....

"ရှပြည်ထောင်စုကလူတိုင်း ဒီလိုပြောနေကြတာပဲလေ.....!"

"ဒါဆို သူတို့ပြောတာကိ မှန်တယ်လို့ထင်နေတာလား...." ပေါင်ပေါင်က ပြန်မေးလိုက်သည်။

လီလော့နှင့်ကျန်းချင်းအာတို့သည် မှင်သက်စွာ အကြည့်ချင်းဖလှယ်ကြပြီး နှစ်ယောက်သား လေးလေးနက်နက် တွေးတောနေခဲ့ကြသည်။ ထိုအချိန်တွင် ကျန်းချင်းအာသည် သူမ တွေးမိသမျှကို ထုတ်ပြောခဲ့သည်။

"ဦးလေးပေါင်...ဒါဆို ဆရာနဲ့ဆရာကတော်က ရှပြည်ထောင်စုကို မရောက်ခင်ကတည်းက မြို့စားအဆင့်ဖြစ်နေပြီလို့ ပြောနေတာလား..... ဒါဆိုရင် သူတို့ ဒီကိုရောက်ပြီးမှ မြို့စားအဆင့်ကိုရောက်ခဲ့တယ်လို့ ဘာလို့ပြောနေကြတာလဲ...တခုခုကိုဖုံးကွယ်ချင်လို့များလား....."

"သူတို့က ရည်ရွယ်ချက်ရှိရှိလုပ်တာတော့ မဟုတ်ဘူး...တကယ်ဆို ရှပြည်ထောင်စုကလူတွေပြောတာလဲမှားတော့မမှားဘူး.... လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့နှစ်ယောက်လုံး က ရှပြည်ထောင်စုကိုရောက်မှ မြို့စားအဆင့်စွမ်းအားတွေကိုပြန်စုဆောင်းကြတာ....ရှင်းရှင်းပြောရရင် အဆင့်ကျသွားလို့ ပြန်ကြိုးစားနေကြတာ......"

လီလော့နှင့် ကျန်းချင်းအာတို့ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်နေကြသည်။မြို့စားအဆင့်သို့ တက်လှမ်းခြင်းနှင့် နှိုင်းယှဉ်ပါက မြို့စားအဆင့်၏ ခွန်အားကို ပြန်လည်ရရှိခြင်းသည် လုံးဝကိုခြားနားသောအရာများဖြစ်သည်။ ဒါက ဘာကိုဆိုလိုတယ်ဆိုတာ သူတို့ ကောင်းကောင်းသိကြသည်။

လီတိုင်ရွှမ်နဲ့ တန်တိုင်လန်တို့က ဟိုးအရင်ကတည်းက စံချိန်ချိုးထားကြသည့်အဓိပ္ပါယ်ပင်.......

သူတို့သည် ရူးသွပ်ဖွယ်ကောင်းလောက်အောင် ထက်မြက်သူများဖြစ်ကြသည်။ဤအတိုင်းသာဆို တတိုင်းပြည်လုံးက သူ့မိဘတွေကို လျှော့တွက်ခဲ့မိကြချေပြီ။

လီလော့သည် အစကတည်းက မိဘများကို ရိုသေလေးစားခဲ့သော်လည်း လက်တွေ့မှာ ပို၍ပင် ကြောက်စရာကောင်းအောင်ထက်မြက်ထူးချွန်သူများဖြစ်နေသည်ကိုသိခွင့်ရခဲ့ပြီ။

"ဦးလေးပေါင်.... ဆရာနဲ့ ဆရာကတော်က ရှပြည်ထောင်စုကိုရောက်မှ စွမ်းအားတွေပြန်စုဆောင်းတယ်ဆိုတော့...ဘာလို့ အဆင့် ကျသွားတာလဲ...."

ကျန်းချင်းအာက အရေးကြီးဆုံးမေးခွန်းကို မေးလိုက်သည်။ လီလော့၏ အကြည့်များသည်လည်း စူးစမ်းလိုစိတ်များဖြင့် တောက်ပလာသည်။

သူ့မိဘများသည် အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးမှ ဆင်းသက်လာခဲ့ကြပြီး သူ့ဖခင်သည် ကောင်းကင်ဧကရာဇ်လီ၏ သွေးကြောများကိုပင် ပိုင်ဆိုင်ခဲ့သည်။ ဤအရာသည် အတွင်းပိုင်းနတ်ဘုရားတိုက်၌ လုံးဝ အစွမ်းထက်သော စွမ်းရည်တစ်ခု ဖြစ်ရမည်။အဘယ်ကြောင့်များ ဝေးလံခေါင်သီသောအရပ်ဆီ ပြောင်းရွေ့လာခဲ့ရသနည်း....

ပေါင်ပေါင် အနည်းငယ် တိတ်ဆိတ်သွားပြီး....

"တစ်စုံတစ်ခုက သူတို့ကို အတွင်းပိုင်းနတ်ဘုရားတိုက်ကြီးကနေ ထွက်သွားဖို့ဖိအားပေးခဲ့တယ်.... အိမ်တော်စုဝေးပွဲပြီးရင် မင်းကို ငါပြောပြမယ်..... အဲဒါအရေးကြီးတယ်...."

လီလော့နှင့်ကျန်းချင်းအာတို့နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။

မနက်ဖြန်ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သူတို့ရဲ့အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်ပေးပါလိမ့်မည်။

“အမှန်အတိုင်းပြောရရင် ဖေဟောင်က ခြိမ်းခြောက်နိူင်စွမ်း သိပ်မရှိဘူး....မြို့စားအဆင့်တွေကိုပဲ ပိုစိုးရိမ်တာ ” လို့ လီလော့က ပြေညလိုက်သည်။

ကျန်းချင်းအာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"အတွင်းသတင်းတွေအရဆို အိမ်တော်ငါးခုမှာ...ဂျိယန်အိမ်တော်၊ဒူဇီအိမ်တော်နဲ့လန်လင်းအိမ်တော်တို့က ငါတို့အပေါ် ပေါ်ပေါ်တင်တင် ရန်ငြိုးဖွဲ့ထားကြတယ်.....ကျင်းချွဲ့အိမ်တော်က အခုချိန်ထိ ကောင်းကောင်းမွန်မွန်ဆက်ဆံနေပေမယ့် ဘယ်လိုစိတ်ပြောင်းသွားမလဲ မပြောနိုင်ဘူး.....မင်းသမီးဘက်က ပို့ပေးမယ့် မြို့စားအဆင့်ကျွမ်းကျင်သူတစ်ယောက်ကလွဲရင် ငါတို့မှာ မဟာမိတ်မရှိဘူး......"

ပေါင်ပေါင်သည် ဓားသွေးနေရင်းဖြင့်....

"လော့လန်အိမ်တော်ကို လူတိုင်းတက်မက်ကြတာပဲလေ.....ဒါပေမယ့် ဖေဟောင်ကို ထိန်းချုပ်နေတဲ့သူက အိမ်တော်ငါးခုက မဖြစ်နိုင်ဘူး....."

လီလော့၏ အကြည့်များ တောက်ပလာပြီး....

"ဉီးလေးပေါင် သေချာလေးရှင်းပြပေးလို့ရမလား....."

"လီတိုင်ရွှမ်နဲ့ တန်တိုင်လန်ကို စစ်တလင်းဆီပို့ဖို့ သေမင်းလက်မှတ်ကို ဘယ်သူ ကြိုးကိုင်ထားလဲလို့ မေးနေတာ..... ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် အိမ်တော်ငါးခုစလုံးမှာ သေမင်းလက်မှတ်ကို ထိန်းချုပ်ဖို့အာဏာမရှိဘူး"

လီလော့၏နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ သေမင်းလက်မှတ်ကို ကြယ်တာယာခရီးရှည်ကောလိပ်၊ တော်ဝင်နန်းတွင်းနှင့် ရွှေနဂါးဘဏ်တိုက်တို့က စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဒါဆို ဒီအဖွဲ့စည်း သုံးခုစလုံးက...ဒီလိုအကြပ်အတည်းတွေကိုဖြစ်စေခဲ့တဲ့ လက်သည်တွေလား......

ရှပြည်ထောင်စု၏ ထိပ်တန်းအဖွဲ့သုံးဖွဲ့အပေါ် ထပ်လောင်းသတိထားမှုများ ပြုလုပ်ရတော့မည်လား။

အဲဒါက ဒုက္ခရောက်မယ့် အခြေအနေပဲ.....

“ဒီအဖွဲ့ ၃ ဖွဲ့လုံးကို သတိထားရမယ်လို့ ပြောတာမဟုတ်ဘူး.... သူတို့ ထမ်းပိုးနိုင်တဲ့ စွမ်းအားက ကြီးမားပေမယ့် သူတို့ရဲ့အတွင်းပိုင်းမှာလည်း ဖရိုဖရဲဖြစ်နေမှာပဲလေ..... အတွင်းစိတ်ထဲမှာ တခြား အတွေးအမြင်တွေ ရှိနေတာကို တွေးကြည့်ဖို့ မဖြစ်နိုင်ဘူး..အားလုံးက ကြားနေဝါဒသမားတွေမို့ ရန်သူလို သဘောထားစရာမလိုသလို သတိထားတာကိုလည်း မလျှော့လိုက်နဲ့.........ဒါကြောင့် မနက်ဖြန်ပေါ်လာမယ့် မြို့စားအရေအတွက်က နည်းပါးတော့မှာ မဟုတ်ဘူး.... သခင်လေး.... မင်းကိုယ်တိုင် ပြင်ဆင်ထားသင့်တယ်"

ဤသည်မှာ ကပ်ဆိုးတစ်ခုဖြစ်သည်။

"အရမ်းစိုးရိမ်နေဖို့ မလိုပါဘူး.... အိမ်တော်မှာ ခံစစ်အစီအရင် ရှိပါသေးတယ်။ အားပျော့သွားရင်တောင် လျှော့တွက်လို့မရတာမို့ လောဘကြီးတဲ့ မြို့စားကြီးတွေ ပေါ်ပေါ်ထင်ထင် လှုပ်ရှားကြမှာမဟုတ်ဘူး...အဲ့အစား ဖေဟောင့်ကိုသာ ရှေ့တိုးတင်ဖို့ တွန်းအားပေးပြီး အိမ်တော်သခင်ရာထူးကိုဆက်ခံခိုင်းကြလိမ့်မယိ.... ဖေဟောင်သာ အိမ်တော်သခင်ဖြစ်လာရင် ခံစစ်အစီအရင်ကို ထိန်းချုပ်နိုင်မှာဆိုတော့ ဝံပုလွေတွေဝင်လာဖို့ တံခါးဖွင့်ပေးလိုက်သလိုဖြစ်သွားလိမ့်မယ်.....ဒါပေမယ့် ဖေဟောင် ကျရှုံးသွားရင် ခံစစ်အစီအရင်ရဲ့စွမ်းရည်ကို ထိန်းသိမ်းထားနိုင်မှာပါ....အဲ့အခါကျရင် အိမ်တော်ထဲ ကျူးကျော်လာသူမှန်သမျှ ဝက်သားခုတ်ဓားရဲ့အရသာကိုမြည်းစမ်းခိုင်းလိုက်မယ်....."

"ဒါကြောင့် သခင်လေး အရမ်းစိုးရိမ်နေစရာ မလိုပါဘူး။ အိမ်တော်သခင်ရာထူးအတွက် တိုက်ပွဲကသာ အဓိက တိုက်ပွဲပါ.... မင်းသူ့ကို အောင်နိုင်ရင် ငါတို့ရဲ့ အခြေအနေတွေ တိုးတက်လာလိမ့်မယ်။ ဖေဟောင်ကို လျှော့မတွက်သင့်ဘူး။ အစာကျွေးတဲ့လက်ကို ကိုက်တတ်တဲ့ ဒီကောင့်ကို ကြိုးဆွဲခြယ်လှယ်နေတဲ့သူက ဒီနေ့အတွက် လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားမှာပဲ......"

ပေါင်ပေါင်၏ နှစ်သိမ့်စကားများက လီလော့ ၏ နှလုံးသားအပေါ်မှ လေးလံသော အလေးချိန်ကိုလျော့ပါးသွားစေသဖြင့် အားတက်သရော ခေါင်းညိတ်လိုက်သည်။

"ဉီးလေးပေါင် စိတ်ချထားပါ...ကျွန်တော် အားလုံးပြင်ဆင်ပြီးပါပြီ......"

လီလော့သည် နတ်ဆိုးနန်းတော်အဆင့် တွင်သာရှိသော်လည်း ဖေဟောင်သည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ကို ရောက်နေသည်မှာအတော်ကြာနေပြီဖြစ်သည်။ ထို့ကြောင့် သူ့အထက်အဆင့်များစွာပိုမြင့်သော်လည်း ပေါင်ပေါင် နှင့် ကျန်းချင်းအာတို့သည် သစ္စာဖောက်ကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအပေါ် သံသယမရှိခဲ့ကြပေ။ သူတို့ရဲ့ နှလုံးသားထဲမှာ ဖေဟောင်လို သနားစရာကောင်းတဲ့ သတ္တဝါက လီလော့နဲ့ ဘယ်လို ယှဉ်နိုင်မလဲ။

ကျန်းချင်းအာ ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု လွင့်ပျံလာသည်။

"ဖေဟောင်ကို လော့လန်အိမ်တော် တစ်ခုလုံးရဲ့ရှေ့မှာ လုံးလုံးလျားလျား ကြေမွပျက်စီးသွားတာကို မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူက နင့်အတွက်ပဲလေ....."

လီလော့က ပြုံးပြီး တုံ့ပြန်လိုက်သည်။

"ကောင်းပြီ၊ တစ်ခုခု ထူးထူးခြားခြား ပေါ်လာရင်၊ ငါက မီးမောင်းထိုးပြခံရမယ့်သူ မဟုတ်ဘူး....အစ်မချင်းအာ...ကျေးဇူးပြုပြီး ဖေဟောင်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိဥာဉ်ကို ပြတ်ပြတ်သားသား ဖျက်ဆီးပစ်လိုက်ပါ..... အားလုံးပြီးရင် ငါတို့ လက်ထပ်တော့မှာမို့ နင်ရဲ့အိမ်တော်သခင်ရာထူးက ပြောင်းလဲသွားမှာမဟုတ်ဘူး....."

"စိတ်လျှော့စမ်းပါ" ဟု ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သောအခါ ကျန်းချင်းအာ၏ ရွှေရောင်မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အယောင်ကို မြင်တွေ့နိုင်သည်။

...................

ညအမှောင်ထုက ရှမြို့တော်ကို လွှမ်းခြုံထားပြီး ယခင်က စည်ကားနေသော မြို့ကြီးသည် အေးမြသော ညလေညှင်းတိုက်ခတ်သံကိုသာကြားရသည်အထိ တိတ်ဆိတ်နေသည်။

တော်ဝင်နန်းတော်တွင်.......

မင်းသမီးသည် သူမရှေ့တွင်မြင်နေရသော အလင်းရောင်ကောင်းစွာရရှိသောမြို့ကို စိုက်ကြည့်နေသည်။ အထူးသဖြင့် သူမ မျက်နှာမူထားသည့်အရပ်သည် လော့လန်အိမ်တော် တည်ရှိရာအရပ်ဖြစ်နေသည်။

"မနက်ဖြန် အိမ်တွေ့ဆုံပွဲ စတင်တော့မယ်"

ရှမြို့တော်အတွင်းရှိ လေထုသည် လွန်ခဲ့သည့် နှစ်လအတွင်း ကြီးမားသော အပြောင်းအလဲများအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဆူပွက်နေသောပေါင်းအိုးနှင့်တူနေခဲ့သည်။

လော့လန်အိမ်တော်၏ အိမ်တော်စုဝေးပွဲ သည် လူအများကြားတွင် အတော်ဂယက်ရိုက်စေခဲ့သည်။

အိမ်တော်စုဝေးပွဲတွင် မြို့တွင်းရှိ ထိပ်တန်းအဖွဲ့များ အားလုံး ပါဝင်မည်မှာ သေချာပါသည်။ ငြိမ်သက်ခြင်း၏အဆုံးသတ် နီးကပ်လာပြီဖြစ်သည်။

"လီလော့....ချင်းအာ၊ ငါ တတ်နိုင်သလောက် လုပ်ခဲ့ပြီးပြီ... ကျန်တာ မင်းတို့အတွက်ပဲ"

............

ရွှေနဂါးဘဏ်တိုက်တွင်....

တစ်နေ့တာအလုပ်အားလုံးပြီးသွားပြီးနောက်၊ ယုဟုန်ရှီ ပျင်းရိစွာ မတ်တပ်ထရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး မြို့၏ အလင်းတန်းများစွာကို ငေးကြည့်နေမိသည်။ ထို့နောက် အနီးနားရှိ အိမ်အကူတစ်ဦးအား....

" မနက်ဖြန် ရွှေနဂါးဘဏ်ကို တစ်ရက်ပိတ်တော့ပြီး လစဉ် အစည်းအဝေးကျင်းပမယ်...အကြီးအကဲတိုင်း မပျက်မကွက်အစည်းဝေးတက်ဖို့ အခုချက်ချင်းကြေငြာလိုက်......"

…….......

ကြယ်တာယာခရီးရှည်ကောလိပ်၏သီးသန့်နားနေဆောင်တစ်ခုတွင်......

နည်းပြချီချန်းက လက်ဖက်ရည်တစ်ခွက်ကို သောက်သုံးနေပြီး သူ့ရှေ့က စားပွဲပေါ်မှာ စာတစ်စောင်ရှိနေသည်။စာအိတ်ပေါ်တွင် သူမကိုယ်တိုင်ရေးသားထားသည်က.....

ရာထူးမှနှုတ်ထွက်ခြင်း......

All Chapters