အိမ်တော်စုဝေးပွဲ စတင်ပြီ.....
Vol. 46 Ch. 644
ရှမြို့တော်တခွင် နွေးထွေးသော နေရောင်ခြည်များ တောက်ပစွာ လွှမ်းခြုံထားသည်။
လော့လန်အိမ်တော်ရုံးချုပ်မှ စည်တီးသံများ ကြားနေရပြီး တံခါးအပြင်ဘက်မှာ ခြင်္သေ့အကတွေနဲ့ ပွဲလမ်းသဘင်တွေလို အဆောင်အယောင်များ ချိတ်ဆွဲထားသည်။
လီလော့နှင့်ကျန်းချင်းအာတို့သည် အပြင်ဘက်တွင် မတ်တပ်ရပ်ပြီးငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။
များပြားလှသော တပ်ဖွဲ့များနှင့် အဆုံးမရှိ ဧည့်သည်များကို ကြိုဆိုခဲ့ကြသည်။ သို့သော် အများစုမှာ ကျင့်ကြံမှု အဆင့်နိမ့်သူများဖြစ်သည်။ အဓိကအချက်မှာ မြို့စားအဆင့်များကိုဖိနှိပ်နိုင်သည့် လော့လန်အိမ်တော်၏ ခံစစ်အစီအရင်ကြောင့် မည်သည့်ခေါင်းဆောင်မှ လာမည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် လူစုလူဝေးထဲတွင်ရောနှောပါလာမည့်သူလျှိုများကိုလည်း သတိထားစောင့်ကြည့်ရမည်။
"ဒီတစ်ခေါက် စုဝေးပွဲက အိမ်တော်သမိုင်းတလျှောက်လုံးမှာ အစည်ကားဆုံးနဲ့အရှုပ်ထွေးဆုံးပဲ......."
လီလော့က ကျန်းချင်းအာကို ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။ လော့လန်အိမ်တော်၏ အထက်တန်းအရာရှိများသည် ၎င်းတို့၏ တပ်ဖွဲ့များကို ဌာနချုပ်သို့ ပို့ဆောင်ပြီး တစ်နှစ်တာ၏ အမြတ်အစွန်းများဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာများ ထုတ်ပြန်မည့်အတွက် အိမ်တော်စုဝေးပွဲသည် ထုံးစံအတိုင်း ခမ်းနားပျော်ရွှင်ဖွယ်ကောင်းနေမည်သာ.....
တစ်ချိန်တည်းမှာပင်၊ အိမ်တော်သခင်များသည် ထိုက်တန်သော လုံ့လဝီရိယရှိသူတို့အား ကြေငြာ၍ဆုလာဘ်များပေးကမ်းမည်ဖြစ်သည်။
သို့သော်ယနေ့တွေ့ဆုံပွဲသည် အရင်နှစ်များနှင့် တူညီမည်မဟုတ်ပေ။
ကျန်းချင်းအာက ခေါင်းညိတ်လိုက်ပြီး.....
" လော့လန်အိမ်တော်က အနာဂတ်မှာ ခမ်းနားမှုကို သေချာပေါက် ပြန်လည်ရရှိမှာပါ....ဒီစမ်းသပ်မှုကို ကျော်လွှားပြီး သန်မာဖို့တွန်းအားတစ်ခုအနေနဲ့ အသုံးချရမယ်...."
"ဒီဆေးနည်းက တော်တော်ကောင်းပုံရတယ်.."
တစ်ချိန်တည်းမှာပဲ၊ သူ့အကြည့်တွေက လော့လန်အိမ်တော်ကိုဝန်းရံထားတဲ့ မြင့်မားတဲ့မဏ္ဍပ်တွေဆီ လွင့်ပျံသွားခဲ့သည်။ ဤနေရာ၌ ဖြစ်ပေါ်နေသော အပြောင်းအလဲများကို စောင့်ကြည့်လေ့လာနေသော အဖွဲ့ခွဲတိုင်းမှ ပုဂ္ဂိုလ်အများအပြားသည် ယခုအချိန်တွင် ၎င်းတို့အပေါ်တွင် ရှိနေကြဖွယ်ရှိသည်။
"ဒီအရသာရှိတဲ့ အသားတစ်ပိုင်းကို ဝါးမျိုချင်နေတဲ့ ဆာလောင်နေတဲ့ ဝံပုလွေဘယ်နှစ်ကောင်များရှိနေမလဲ..."
လီလော့၏ မျက်လုံးများတွင် အေးစက်သော အရိပ်တစ်ခု လင်းလက်လာသည်။ ထိုအချိန်တွင်၊ ယွမ်ချင်း၊လဲ့ကျန်းနှင့် သူတို့နှစ်ဦးအပေါ် သစ္စာစောင့်သိသော အဆင့်အတန်းမြင့်သော ပုဂ္ဂိုလ်များ တံခါးရှေ့သို့ ရောက်ရှိလာကြသည်။
"မင်္ဂလာပါ သခင်လေးနဲ့ သခင်မလေး...."
လီလော့တို့က သူတို့ကို လက်ဝှေ့ယမ်းရင်း ပြုံးပြနေကြသည်။ ထို့နောက် ချိုင်ဝေသည်
ဧည့်သည်များအတွက် ဝိုင်ပူအချို့ ယူလာရန် ဘဏ္ဍာစိုးအား အကြောင်းကြားခဲ့သည်။ ဒါက ထုံးတမ်းစဉ်လာအရပင်.....
ဝိုင်ခွက်များကို လက်ခံပြီးနောက် လဲ့ကျန်းတို့က တစ်ဖန် ဦးညွှတ်လိုက်ကြပြန်သည်။
ထိုအချိန်တွင် နှစ်ယောက်စလုံး ရုတ်တရက် ခေါင်းမော့ကာ ရှေ့သို့လှမ်းကြည့်လိုက်ကြသည်။ လူအုပ်ကြီး လှိုင်းထန်သော အရှိန်ဖြင့် ဌာနချုပ် ဂိတ်တံခါးကို တိုက်ရိုက် မျက်နှာမူပြီးလျှောက်လာနေသည်။
"သခင်လေး...ကျုပ်ကိုလည်း ဝိုင်တခွက်ပေးသနားပြီး အသိအမှတ်ပြုပေးပါလား...."
လူအုပ်ကြီးကို ဉီးဆောင်လာသူက ဖေဟောင်ဖြစ်ပြီး လီလော့နှင့်ကျန်းချင်းအာတို့ကို တိုက်ရိုက်စကားပြောနေစဉ် သူ့မျက်နှာပေါ်တွင် အပြုံးများပြည့်နှက်နေပါသည်။
ယွမ်ချင်း၏ အမူအရာ အေးစက်သွားကာ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ထောက်ခံအားပေးနေသော အင်အားစုများကို ခေါ်ယူလိုက်သည်။ သူတို့တစ်ဦးစီသည် ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်လွှင့်နေကြသဖြင့်လေထုက အသက်ရှုရခက်အောင်မွန်းကြပ်လာသည်။
အလားတူပင် ဖေဟောင်နောက်ကွယ်မှ အုပ်စုကြီးသည် ၎င်းတို့၏ လက်နက်များကိုအသင့်ပြင်ကာ တုံ့ပြန်သည့်အနေဖြင့် ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်လွှင့်နေကြသည်။
"ယွမ်ချင်း... မင်း အိမ်တော်သခင်နှစ်ပါး ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ဖို့ ကြိုးစားနေတာလား.... ဒါမှမဟုတ် သဘောထားကွဲလွဲမှုတွေဖန်တီးပြီး မင်းရဲ့ မဆင်မခြင်လုပ်ရပ်တွေနဲ့ တစ်အိမ်လုံးကို ဖြိုခွဲဖို့ ကြိုးစားနေတာလား....."
ဆံပင်ဖြူနေသော သတ်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က ယွမ်ချင်းကို ခံစားချက်မဲ့ စိုက်ကြည့်ရင်း မှတ်ချက်ပေးသည်။
"ရှုထျန်လင်း... မင်းကများ အိမ်တော်သခင်နှစ်ပါးကို ထည့်ပြောရဲသေးတယ်ပေါ့...."
ယွမ်ချင်းကလည်း မိုးခြိမ်းသံနဲ့ ပြန်ဖြေလိုက်သည်။
ဘိုးဘေးတစ်ဦးဖြစ်သော မိုချန်းသည် လီလော့နှင့်ကျန်းချင်းအာတို့ကို စိုက်ကြည့်ပြီး ခြောက်ကပ်စွာ ရယ်မောလိုက်သည်။
"သခင်လေးက ငါတို့လို ဘိုးဘေးတို့ကို ပေးမဝင်ချင်လို့ တမင်ပိတ်ဆို့နေတာလား....."
လီလော့သည် သူတို့နောက်ကွယ်မှ သုံးယောက်ကို စူးစူးစိုက်စိုက်ကြည့်ကာ အချို့ကို ရင်းနှီးနေပုံရသည်။ အမှန်တကယ်ပင် ၎င်းတို့သည် လော့လန်အိမ်တော်၏ဘိုးဘေးများဖြစ်သည်။ ငယ်စဉ်ကပင် ထိုသူများဆီမှ အချို့သော လက်ဆောင်များပင် ရခဲ့ဖူးသည်။
"ဒီမှာရှိနေတဲ့ အကြီးအကဲတွေဘိုးဘေးတွေက အတိတ်ကာလမှာကတည်းက လော့လန်အိမ်တော်တိုးတက်အောင် ကူညီပေးခဲ့ကြသူတွေပါ........"
လီလော့က ဤပုဂ္ဂိုလ်များကို ဂရုတစိုက် အကဲခတ်လိုက်ပြီး..... "အတိတ်က ပံ့ပိုးကူညီမှုတွေကိုထောက်ထားပြီး နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်.... ဒီအစည်းအဝေးမှာ ဖေဟောင်နဲ့ အဆုံးထိ လက်တွဲသွားဖို့ အစီအစဉ်ရှိလား......"
ဖေဟောင့်ဘက်တော်သားများ အမူအရာပျက်ယွင်းနေကြပြီ......
ဖေဟောင် ဒါတွေကို သိနေသော်လည်း ....
"သခင်လေး၊ ဒီနုံချာတဲ့စကားတွေကို ဘာလို့ပြောနေတာလဲ..... သူတို့အတွက် တခြားရွေးချယ်စရာတွေ ကျန်သေးတယ်လို့ထင်နေတာလား....."
သူ့နောက်ကလူတွေကလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ အံသြစွာ သဘောတူလိုက်ကြသည်။
လီလော့ ခေါင်းတဆတ်ဆတ်ညိတ်ပြီး ဘာမှဆက်မပြောတော့သဖြင့် ဖေဟောင်က တဆင့်တက်ကာ......
"သခင်လေး.... အကယ်၍ အိမ်တော်စုဝေးပွဲကို လုံးလုံးလျားလျား ရန်ပွဲအဖြစ်မပြောင်းသွားစေချင်ရင် ငါပေးခဲ့တဲ့အကြံပြုချက်ကို ဘာလို့ ပြန်မစဉ်းစားတာလဲ......"
လော့လန်အိမ်တော်ကို အတူယှဉ်တွဲအုပ်ချုပ်မည့် အဆိုပြုချက်ဖြစ်သည်။
"မင်းလို ကျေးဇူးကန်းတဲ့ကောင် ပါးစပ်ကနေဒီလိုနုံချာတဲ့စကားမျိုး ပြောထွက်ရဲတယ်နော်...."
လီလော့ကလည်း တူညီသောစကားလုံးများဖြင့်သာတုံ့ပြန်လိုက်သည်။
ပါးစပ်ထောင့် အနည်းငယ် လှုပ်သွားသော်လည်း သူ့မျက်နှာပေါ်တွင် အပြုံးတပွင့်ကို ချိတ်ဆွဲထားဆဲပင်....သို့သော် နွေးထွေးသောအပြုံးများကို အေးစက်သောအပြုံးများဖြင့်အစားထိုးလိုက်ခြင်းပင်.....
"ဘိုးဘေးယွမ် ကျေးဇူးပြုပြီး သူတို့ကို ဖြတ်သန်းခွင့်ပေးလိုက်ပါ.... ဒီဧည့်သည်တွေက ကျွန်တော်တို့ရဲ့ ဧည့်သည်တွေ မဟုတ်ပေမယ့် စည်းမျဉ်းစည်းကမ်းတွေအရ သူတို့ကို ဧည့်ဝတ်ပြုဖို့ ဘယ်တော့မှ ငြင်းပယ်မှာ မဟုတ်ပါဘူး...."
ဖေဟောင်ကို ရုံးချုပ်သို့ ဝင်ခွင့်ပေးရန် ငြင်းဆိုပါက၊ ပြဿနာများစွာ ပေါ်ပေါက်လာမည်ဖြစ်သည်။ ကန့်လန့်ကာနောက်ကွယ်က ကြိုးကိုင်သူများ ငြိမ်မနေလျှင် အခြေအနေ ပိုဆိုးသွားလိမ့်မည်။
ထို့နောက် လီလော့နှင့်ကျန်းချင်းအာတို့ ဌာနချုပ်သို့လှည့်ဝင်လာခဲ့လိုက်သည်။
ယွမ်ချင်းသည် အမိန့်ကိုကြားသောအခါတွင် သူသည် အစောင့်များကို မဖယ်ထုတ်မီ ဖေဟောင့်ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။
ဖေဟောင်သည်ယွမ်ချင်း၏ အေးစက်သောအကြည့်ကို ပြန်ကြည့်ကာ သူ့အဖွဲ့ကို မညွှန်ကြားမီ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခဲ့သေးသည်။
ဆူညံနေသော စည်တော်သံများကြားကနေ နှစ်ဖက်တပ်များ ဌာနချုပ်အတွင်းသို့ တိုးဝင်လာသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ယခင် ကတိက၀တ်ပွဲ ကျင်းပပွဲသည် ယခုတော့ လူသတ်ပွဲဖြစ်ချေတော့မည်။
……..................
ဌာနချုပ်ထဲတွင်.....
နှစ်ဖက်စလုံးမှ ဘက်တော်သားများ ထိုင်နေကြပြီး လီလော့နှင့်ကျန်းချင်းအာတို့က စားပွဲနှစ်တန်းရှေ့တွင် ထိုင်နေကြသည်။ ညာဘက်တွင် ယွမ်ချင်း၊လဲ့ကျန်း၊ချိုင်ဝေနှင့် ကျန်အဖွဲ့ခွဲများရှိသည်။ ဘယ်ဘက်ခြမ်းကို ဖေဟောင်၊ရှုထျန်လင်း၊မိုချန်းနှင့် ၎င်းတို့၏ မဟာမိတ်များက အသီးသီးနေရာယူထားကြသည်။
လေထုကို ပေါ့ပါးစေရန် ကြိုးပမ်းနေသည့်နှယ် စင်မြင့်ထက်တွင် သက်ဝင်လှုပ်ရှားနေသော ဖျော်ဖြေတင်ဆက်မှုတစ်ခု ပြုလုပ်နေသည်။ ဒါကလည်း လွန်ခဲ့တဲ့ နှစ်တွေကလို လုပ်ရိုးလုပ်စဉ်အတိုင်းပင်......
တစ်ခုတည်းသော ခြားနားချက်မှာ ပျော်ရွှင်ဖွယ်ကောင်းသောစကားပြောဆိုဖလှယ်မှုများကင်းမဲ့နေခြင်းပင်....
ယနေ့ အိမ်တော်စုဝေးပွဲကို လွှမ်းခြုံထားသည့် အမှောင်ရေလှိုင်းများအကြောင်း လူတိုင်းသိကြသည်။ ထို့ကြောင့်၊ လက်ရှိအခြေနေက အသုဘရှုဖို့လာကြသူများလို လူတိုင်းမှာ အေးစက်တဲ့အမူအရာတွေရှိကြပြီးအချိန်မရွေးပေါက်ကွဲဖို့တာဆူနေကြသည်ကို အပြင်းအထန်ဖိနှိပ်နေကြရသည်။
ဒီနေ့ဟာ လော့လန်အိမ်တော်တွင် ဘေးဆိုးကျရောက်မည့်နေ့ပင်......
...............
ဌာနချုပ်၏ အခြားတစ်ဖက်တွင်... ရေကန်အနီးရှိ မဏ္ဍပ်တစ်ခုပေါ်တွင်။
အရပ်ရှည်ရှည်နှင့် ၀တ်ကောင်းစားလှဝတ်ဆင်ထားသူတစ်ယောက်က တင်ပျဉ်ခွေ ထိုင်နေပြီး စည်ကားနေသောလော့လန်အိမ်တော်ကို ရွှင်မြူးစွာကြည့်နေကာ သူ့ရှေ့က ဝိုင်အိုးလေးတစ်အိုးကို မီးပူပေးနေသည်။
ထို့နောက် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ဝိုင်တခွက် လောင်းချလိုက်သည်။
"လီတိုင်ရွှမ်... ဒီဝိုင်ခွက် မင်းရဲ့လော့လန်အိမ်တော်ဆီပို့ပေးလိုက်မယ်....."
သူ့ဝတ်ရုံပေါ်တွင် မီးတောက်သင်္ကေတ၊ တနည်းအားဖြင့် ဂျိယန်အိမ်တော်အမှတ်အသားဖြင့် အလှဆင်ထားသည်။
ဤလူသည် ဂျိယန်အိမ်တော်သခင် ဇူချင်းဟောင်ပင်ဖြစ်သည်။
သူသည် ဝိုင်ပူတခွက်ကို မြေကြီးပေါ်သို့ ဖြန်းပက်လိုက်ပြီး မျက်ဝန်းအိမ်ထဲတွင် မီးတောက်တစ်ခု လင်းလက်နေသည်ကို မြင်တွေ့နိုင်သည်။
"ကဲ....လော့လန်အိမ်တော်ရဲ့ စစ်မှန်တဲ့မြို့စားအဆင့်ကျွမ်းကျင်သူရေ....တိုက်ပွဲစကြရအောင်........"