← Chapters

ရွှီချင်းက ရုံးတော်သခင်ကို ကိုယ်စားပြုတယ်(ဂ)

Vol. 44 Ch. 665

ရွှီချင်းက ရုံးတော်သခင်ကို ကိုယ်စားပြုတယ်(ဂ)

Vol. 44 Ch. 665

“ အခု မင်းက ငါ့တုံကင်ကနေ အခွင့်အာဏာအပြည့်အဝ ရရှိမယ် ”

ရုံးတော်သခင်၏ အသံတွင် ကြီးမားသော ပင်ပန်းနွမ်းလျမှုဖြင့် ပြည့်နှက်နေသည်။ သူ၏ အသံကို ပို့လွှတ်ပြီးသည်နှင့်ချက်ချင်း ရွှေရောင်အလင်းတန်းသည် ကောင်းကင်ပေါ်ရှိ ပိုက်ကွန်ကြီးထဲမှ ဆင်းသက်လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ရုံးတော်သခင်၏ တုံကင်ထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ တုံကင်သည် အပြည့်အဝအသက်ဝင်လာသည်နှင့် အက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။

“ အမိန့်တော်ကို ကျုပ်လေးစားပါတယ် ”

ရွှီချင်းသည် တည်ကြည်စွာ ပြောသည်။ သူသည် မည်သည့်မေးခွန်းမှ မေးမြန်းခြင်းမပြုခဲ့ပေ။ စစ်မြေပြင်များတွင် အရေးကြီးအခြေအနေကို ကျရောက်နေကြပြီဖြစ်ကြောင်း သူသိသည်။ ဤအမိန့်တော်သည် မည်မျှအရေးကြီးကြောင်းနှင့် အလျင်လိုအပ်ကြောင်းလည်း သူသိထားသည်။

စစ်ပွဲသည် အချိန်မရွေး အပြောင်းအလဲဖြစ်သွားနိုင်သည့် အခြေအနေသို့ ကျရောက်နေကြောင်း ရှင်းလင်းစွာ သူနားလည်သည်။ သို့မဟုတ်လျှင် ရုံးတော်သခင်သည် ထိုသို့အစီအစဉ်ကို ပြုလုပ်လိမ့်မည်မဟုတ်ချေ။ သူသည် တပ်သားများကို စစ်မြေပြင်ဆီ စေလွှတ်ရန်နှင့် အထောက်အပံ့များရရှိရန် လုပ်ဆောင်ရမည်။

လွန်စွာမှ အလျင်လိုနေသောကြောင့်သာ ရုံးတော်သခင်က ရွှီချင်းအား စုံစမ်းစစ်ဆေးနေခြင်းကို ရပ်တန့်ခိုင်းခြင်းဖြစ်သည်။ ယခု သူသည် ပိုပြီးအရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်ရတော့ပေမည်။

“ ရုံးတော်သခင်က ဘယ်သူ့ကိုမှ မယုံကြည်ဘူး… နောက်ကွယ်က တရားခံက မြောက်ဘက်စစ်မြေပြင်မှာ တိုက်ခိုက်နေတဲ့ အမတ်ယောင်ဖြစ်နိုင်သလို တရားရေးနဲ့ ပြည်ထဲရေးရုံးတော်သခင်တွေ ဒါမှမဟုတ် အနောက်မှာကျန်ရစ်နေခဲ့တဲ့ လက်ထောက်ဒေသအကြီးအကဲလည်း ဖြစ်နိုင်တယ်… ဒါကြောင့် ရှေ့တန်းအတွက် အထောက်အပံ့နဲ့ တပ်သားဖြည့်တင်းဖို့ကိစ္စကို လက်ထောက်ဒေသအကြီးအကဲနဲ့ အတူတွဲလုပ်ဖို့ ငါ့ကိုတာဝန်ပေးသွားတာ ”

“ အပြင်ပန်းမှာတော့ ရုံးတော်သခင်က ငါ့ကို လက်ထောက်ဒေသအကြီးအကဲရဲ့ ဝန်ထုပ်ဝန်ပိုးတချို့ကို လွှဲပြောင်းတာဝန်ယူခိုင်းစေချင်တယ်… တကယ်တော့ သူက လက်ထောက်ဒေသအကြီးအကဲရဲ့ လှုပ်ရှားမှုတွေကို ငါ့ကို စောင့်ကြည့်ခိုင်းချင်တာပဲ… ဒါ့အပြင် ရုံးတော်သခင်ရဲ့ ပုံမှန်လုပ်ဆောင်နေကျအတိုင်းဆို တခြားအစီအစဉ်တွေပါ သူလုပ်ထားလောက်တယ်… နေရာတိုင်းမှာ သူတို့ကို စောင့်ကြည့်နေတဲ့ တခြားဓားကိုင်တွေ သေချာပေါက် ရှိရမယ်… ငါက သူတို့ထဲက တစ်ယောက်ပဲဖြစ်မယ် ”

ရွှီချင်းသည် စစ်မြေပြင်နှင့်ပတ်သက်ပြီး စိတ်ပူသည်။ ထို့ကြောင့် သူက နင်ယန်နှင့်အတူ ကျောက်ရှာတောင်မှ အလောတကြီး ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် သူသည် လက်ဗလာဖြင့် မပြန်သွားခဲ့ရပေ။ ရုံးတော်သခင်၏ အမိန့်တော်မရောက်မီ ထိုသုံးရက်အတောအတွင်း သူသည် စွန်းဟိုင်နှင့် စကားပြောဆိုရင်း သူ့ကို ကျောက်ရှာအလင်းနှင့်ပတ်သက်ပြီး သွယ်ဝိုက်စစ်မေးခဲ့သည်။ ကျောက်ရှာအလင်း ထွက်ပေါ်လာသည့်အခါတိုင်း ယင်းက ထိုဧရိယာတစ်ဝိုက်တွင် ထူးခြားသော သက်တံ့အမှုန်တမျိုးကို ဖြစ်ပေါ်စေနိုင်ကြောင်း သူရှာတွေ့ခဲ့သည်။

ထိုသက်တံ့အမှုန်သည် များသောအားဖြင့် ဆယ်နှစ်ကာလတစ်လျှောက်လုံး ထွက်ပေါ်နေတတ်သည်။ အစပိုင်းတွင် ယင်းသည် အားနည်းစွာ ထွန်းလင်းလိမ့်မည်။ သို့သော် ထိုအလင်းသည် အသုံးမပြုနိုင်သလို စုဆောင်းရန်မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လွင့်ပြယ်သွားလိမ့်မည်။

အဆုံးတွင် သက်တံ့အမှုန်ထဲ၌ ကျောက်ရှာအလင်း မပါရှိတော့သည့်အခါ ထိုသဘာဝဖြစ်စဉ်သည် အဆုံးသတ်သွားလိမ့်မည်။

ထိုအချက်သည် ရွှီချင်းအား သဲလွန်စတချို့ကို ရှာတွေ့စေခဲ့သည်။

သူရှာတွေ့ခဲ့သော သဲလွန်စသည် မှတ်တမ်းထဲတွင် မှတ်သားထားသော ကျောက်ရှာအလင်း(၇၀၀)၏ အသေးစိတ် အချက်အလက်များထံမှ မဟုတ်ပေ။ ယင်းသည် နတ်ဘုရားလက်ချောင်းထံမှ ဖြစ်သည်။

နတ်ဘုရားလက်ချောင်းသည် မှတ်တမ်းထဲတွင် မမှတ်သားထားသည့် ကျောက်ရှာအလင်းကို ရှာတွေ့နိုင်ခဲ့သောကြောင့် တစ်ဖက်လူသည်လည်း အကယ်၍ ဆန္ဒရှိမည်ဆိုလျှင် ထိုသို့လုပ်ဆောင်နိုင်လောက်သည်ဟု ရွှီချင်း ခံစားမိသည်။

ထို့ကြောင့် သူက (ဃ၁၃၂)ထဲ၌ အိပ်ပျော်နေသော နတ်ဘုရားလက်ချောင်းကို မေးမြန်းကြည့်ရန် ကြိုးစားသည်။ နောက်ဆုံးတွင် သူ၏ အသိစိတ်သည် အနည်းငယ် ပြန်နိုးထလာခဲ့သည်။ ရွှီချင်းသည် တစ်ဖက်လူနှင့် ညင်သာစွာ ပြောဆိုဆွေးနွေးခဲ့သည်။ ကတိအမျိုးမျိုးကို သူပေးပြီးသည့်နောက် ကျောက်ရှာအလင်းထွက်ပေါ်ခဲ့သော တည်နေရာကို မေးမြန်းနိုင်ခဲ့သည်။

သို့သော် ပြောဆိုဆွေးနွေးခြင်းသည် အလွန်အဆင်ပြေနေခြင်းတော့ မဟုတ်ပေ။ နတ်ဘုရားလက်ချောင်းသည် တကယ်ပဲ အလွန်မေ့လျော့သည်။

နတ်ဘုရားလက်ချောင်း ကျောက်ရှာအလင်းအား ရှာတွေ့ခဲ့သောနေရာကို ရှာဖွေရန် ရွှီချင်းသည် သုံးရက်ကြာအောင် နေရာအတော်များများတွင် ရှာဖွေခဲ့ရသည်။ နောက်ဆုံးမှာတော့ သူသည် အလွန်ဝေးလံခေါင်းပါးသော မြေအောက်အက်ကွဲကြောင်းတစ်ခုတွင် ရှာတွေ့သွားသည်။

အက်ကွဲကြောင်းထဲတွင် ရွှီချင်းသည် သေဆုံးထားသည်မှာ သိပ်မကြာသေးသော ရုပ်သေးတစ်ရုပ်ကို မြင်တွေ့ခဲ့သည်။ ၎င်း၏ ကိုယ်ပေါ်မှာ နတ်ဘုရားလက်ချောင်း၏ အရှိန်အဝါတစ်စွန်းတစ ရှိနေဆဲပင်။ သို့သော် ရုပ်သေးရုပ်သည် အပိုင်းပိုင်းအစစ အက်ကွဲထားသဖြင့် ၎င်း၏ အသွင်အပြင်ကို သူမမြင်နိုင်တော့ပေ။ အကြမ်းဖျဉ်းပုံစံသာ သူမြင်နိုင်သည်။

ထိုနေရာတွင် အားနည်းစွာ ထွန်းလင်းနေသော သက်တံ့အမှုန်တချို့ ရှိသည်။ သို့သော်လည်း အလင်းသည် ဖြည်းဖြည်းချင်း လွင့်ပြယ်နေသည်။ ယင်းသည် လုံးလုံးလွင့်ပြယ်ရန် အချိန်ဆယ်နှစ်ကြာလိမ့်မည်ဟု ရွှီချင်း ခန့်မှန်းလိုက်သည်။

ပိုပြီးအားနည်းစွာ ထွန်းလင်းနေသော သက်တံ့အမှုန်သည် ပမာဏအနည်းငယ် ရှိသည်။ ယင်း၏ ပုံစံကိုကြည့်ခြင်းအားဖြင့် လုံးလုံးလွင့်ပြယ်ရန် အချိန်နှစ်နှစ်သုံးနှစ်ခန့် ကြာလိမ့်မည်။ သက်တံ့အမှုန်အများစုသည် ရုပ်သေးရုပ်၏ ကိုယ်ထည်ပေါ်မှာ ရှိနေကြခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်က ဤနေရာတွင် သက်တံ့အမှုန်ကို စုဆောင်းခိုင်းပြီး သဲလွန်စများကို ဖျောက်ထားခိုင်းသည်မှာ ရှင်းလင်းသည်။

အခြေအနေကိုအကဲဖြတ်ရလျှင် လွန်ခဲ့သော ရှစ်နှစ်ကိုးနှစ်ခန့်လောက်မှာ ဤနေရာတွင် ကျောက်ရှာအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကြောင်း ခန့်မှန်းရန် မခက်ခဲပေ။

သို့သော်လည်း ရွှီချင်း၏ ကျောက်ရှာအလင်းကဲ့သို့ ဤအလင်းသည် ဓားကိုင်ရုံးတော်ခွဲ၏ မှတ်တမ်းထဲတွင် မပါရှိပေ။ ထိုကျောက်ရှာအလင်းသည် ပေါ်ထွက်လာသည်နှင့်ချက်ချင်း ကောင်းကင်ပေါ်သို့ မပျံသန်းနိုင်မီ တိုက်ရိုက် ယူဆောင်သွားခြင်းခံခဲ့ရသည်မှာ ရှင်းလင်းပေသည်။

ထိုရှာတွေ့မှုသည် ရုံးတော်သခင်၏ အသက်ကဒ်ဘေးအလင်းဆေးလုံးအပေါ် သံသယဝင်မှုက ဖြစ်နိုင်ခြေအလွန်များကြောင်း ရွှီချင်းအား နားလည်စေသည်။

တစ်နည်းပြောရလျှင် ဒေသအကြီးအကဲ၏ သေဆုံးမှုသည် ထိုဆေးလုံးနှင့်ဆက်စပ်နေရန် အလွန်ရာခိုင်နှုန်းများသည်။

ရွှီချင်းနှင့် နင်ယန်သည် ထိုသဲလွန်စဖြင့် ကျောက်ရှာတောင်မှ ထွက်ခွာလာကြသည်။ အက်ကွဲသွားသော ရုပ်သေးရုပ်ကိုလည်း ရွှီချင်းသည် သူနှင့်တစ်ပါတည်း ယူဆောင်သွားခဲ့သည်။

ဤပြည်နယ်တွင် တည်နေရာပြောင်းရွှေ့ခြင်းကို မလုပ်ဆောင်နိုင်ပေ။ သို့ဖြစ်၍ သူတို့နှစ်ယောက်သည် အရှိန်တင်၍သာ ဒေသငယ်မြို့တော်သို့ အမြန်ခရီးနှင်နေကြသည်။

လမ်းတစ်လျှောက်တွင် နင်ယန်သည် တစ်စုံတစ်ခုပြောရန် ကြိမ်ဖန်များစွာ ပါးစပ်ဖွင့်လိုက်သော်လည်း ရွှီချင်း၏ အမူအရာက သုန်မှုန်နေဆဲဖြစ်ကြောင်း မြင်သွားသဖြင့် ကြောက်ရွံ့သွားပြီး မမေးဝံ့တော့ချေ။ သို့သော်လည်း ယခု သူ၏ နှလုံးသားထဲတွင် ခံစားချက်များသည် အလွန်ရှုပ်ထွေးပွေလီနေသည်။

အမှန်မှာတော့ အင်မော်တယ်အူခွေသစ်ပင်မှာကတည်းက သူသည် တစ်စုံတစ်ခုလွဲမှားနေကြောင်း ခံစားမိပြီး သူ့ကိုယ်သူပင် မယုံကြည်နိုင်သော ခန့်မှန်းမှုကို ပြုလုပ်ခဲ့သည်။ သို့သော်လည်း စောစောတုန်းက ရွှီချင်း၏ ရင်းနှီးကျွမ်းဝင်သော ရိုက်ချက်သည် သူ့အား သူ၏ ဝိညာဉ်သည်ပင် အရိုက်ခံလိုက်ရသည်ဟု ခံစားမိစေသည်။

“ ငါ့ကိုကိုက်တဲ့လူက ချမ်းအားညိုဖြစ်ရမယ်… အဲ့ဒီလူက ခွေးရူးများလားမသိဘူး… သူက ငါ့ကိုကိုက်ရုံတင်မကဘူး နောက်ဆုံးမှာ ကောင်းကင်ဘုံတာအိုကိုပါ ကိုက်ခဲ့သေးတယ်… သူ့ရဲ့ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပြီး ဦးခေါင်းတစ်ခုပဲ ကျန်တော့တယ်… အဲ့လိုဖြစ်တာ သူနဲ့ထိုက်တန်တယ် ”

နင်ယန်သည် ဝမ်းနည်းပူဆွေးမှုနှင့် ခံပြင်းဒေါသထွက်မှုဖြင့် ပြည့်နှက်နေသော်လည်း သူတတ်နိုင်သောအရာ ဘာမှမရှိချေ။ သူ၏ ဝမ်းဗိုက်ပေါ်မှ နွယ်ပင်ကို လက်ခံလိုက်သည်။ ယင်းက ဖယ်ရှားရန် အလွန်အမင်း ခက်ခဲကြောင်း သူသိသည်။

သူသည် ဤသုံးရက်အတောအတွင်း ကျောက်ရှာတောင်ပေါ်မှ ဓားကိုင်များနှင့် စကားပြောဆိုခဲ့သည်။ ဒေသအကြီးအကဲသေဆုံးသွားပြီး သန့်စင်ရေလှိုင်းမျိုးနွယ်၏ ကျူးကျော်ဝင်ရောက်လာမှုကို သူသိရှိသွားသောအခါ သူ၏ နှလုံးသားသည် အပြင်းအထန် တုန်လှုပ်လာသည်။ ယင်းနှင့်နှိုင်းယှဉ်လျှင် သူ၏ ပြဿနာက ဘာမှမဟုတ်ကြောင်း ရုတ်တရက် သူခံစားမိသည်။

ထိုသို့ဖြင့် အချိန်သုံးရက် ကုန်လွန်သွားခဲ့သည်။

ထိုသုံးရက်အတောအတွင်း ရွှီချင်းသည် အရှိန်ကုန် အသုံးပြုထားခဲ့သည်။ သူသည် နင်ယန်ကို ကျောက်ရှာတောင်ပေါ်မှ ခေါ်ဆောင်လာခဲ့ပြီး နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ကာ ဒေသငယ်မြို့တော်၏ နယ်မြေထဲသို့ ခြေချလိုက်သည်။

ဤနေရာတွင် သူ၏ ခြေရာများကို ဆက်လက်ဖုံးကွယ်နေရန် မလိုအပ်တော့ပေ။ သူက တည်နေရာပြောင်းရွှေ့အစီအရင်ကို ရှာဖွေလိုက်ပြီး ဒေသငယ်မြို့တော်ဆီသို့ ပြန်သွားသည်။

All Chapters