← Chapters

သူ ရောက်မလာခင်အထိ အားလုံးချောချောမွေ့မွေ့ပဲ

Vol. 24 Ch. 349

သူ ရောက်မလာခင်အထိ အားလုံးချောချောမွေ့မွေ့ပဲ

Vol. 24 Ch. 349

ဒီဇင်ဘာလ ၇ ရက်၊ အင်္ဂါနေ့...

ထန်းတာ့နက်ဝေါ့ခ်နည်းပညာကုမ္ပဏီလီမိတက်...

စာမေးပွဲများက မနေ့က ပြီးဆုံးသွားခဲ့သည်။ ယခု အဖြေလွှာများကို ပြင်းပြင်းထန်ထန် စစ်ဆေးချိန်ကျပါပြီ။

စစ်ဆေးစရာ အဖြေလွှာတွေအများကြီးရှိလိမ့်မည်ဟု ဖေးချမ့် မျှော်လင့်ထားပြီးသားဖြစ်သဖြင့် အဖြေလွှာ စစ်ဖို့ တစ်ခုတည်းအတွက် အချိန် ၁ပတ် သတ်မှတ်ပေးခဲ့သည်။

အင်တာဗျူးကို လာမယ့် တနင်္လာနေ့ကျမှ ကျင်းပမှာ ဖြစ်သည်။ ထို့နောက် အောင်မြင်တဲ့ လျှောက်ထားသူ စာရင်းကို အမြန်ထုတ်လို့ ရပါသည်။ ထိုအဆင့်မှစကာ အလုပ်သင်အဖြစ် ထန်းတာ့ကို ဝင်ရောက်နိုင်သူများအား အဆုံးအဖြတ်ပေးမည်ဖြစ်ပြီး ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲကို ဖြေဆိုခွင့်ရမှာ ဖြစ်သည်။

ဒီလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ အချိန်သတ်မှတ်မှုကို ဖေးချမ့် တော်တော်လေး စိတ်ကျေနပ်မှု ရှိပါသည်။

တစ်ဖက်မှာ ရေးဖြေစာမေးပွဲ၊ အင်တာဗျူးနဲ့ လူရွေးချယ်မှုများက ဝန်ထမ်းခန့်အပ်မှုလုပ်ငန်းစဉ် တစ်ခုလုံးကို ၂ ပတ်လောက် ပိုကြာသွားစေသည်။ ထို့ကြောင့် ထန်းတာ့မှာ လူတွေ အလုပ် လာမလျှောက်မိအောင် တွန့်ဆုတ်သွားစေနိုင်၏။

နောက်တစ်ဖက်မှာတော့ ဒီလိုအချိန်တိုလေးအတွင်း တနင်္လာခွင့် ၂ ရက်ယူရသဖြင့် ဝန်ထမ်းအများစု စိတ်ပျက်လက်ပျက် ဖြစ်သွားနိုင်သည်။ ရလဒ်အနေဖြင့် အတွေ့အကြုံရှိ၊ အလားအလာရှိ လျှောက်ထားသူများကိုလည်း လာရောက် မလျှောက်ထားအောင် တွန့်ဆုတ်သွားစေနိုင်သည်။

အနှစ်ချုပ်အားဖြင့် တတ်နိုင်သမျှ လူအတော်များများကို မလျှောက်ထားအောင် တားမြစ်ဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားထားပြီးသား ဖြစ်သည်။

အခုလောလောဆယ် HR ဌာနနဲ့ စီမံခန့်ခွဲရေးဌာနတို့က အဖြေလွှာစစ်ဆေးဖို့ တာဝန်ယူထားကြသည်။ ထန်းတာ့ရဲ့ လက်ရှိ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် လာဘ်ထိုးမှု ဘာညာ မဖြစ်နိုင်လောက်ဘူးဟု ဖေးချမ့် ခန့်မှန်းမိပါသည်။

အနာဂတ်တွင် ဝန်ထမ်းခေါ်ယူမှု လုပ်ငန်းစဉ် ပိုပြီး ကြီးမားလာလေလေ အကြီးစား စာမေးပွဲကြီးများ၏ စံနှုန်းအတိုင်းပဲ အဖြေလွှာများကို စစ်ဆေးမည် ဖြစ်သည်။ ပရော်ဖက်ရှင် ထောက်ကူပစ္စည်းများကို ဝယ်ယူပြီး ပရော်ဖက်ရှင်နယ် အမှတ်ခြစ်သမားများကို ငှားရမ်းနိုင်သည်။ ထိုအခါ ဖေးချမ့်လည်း ငွေတွေ အများကြီး ဖြုန်းနိုင်ပါလိမ့်မည်။

သူ စဉ်းစားနေစဉ်မှာပင် တစ်ယောက်ယောက်က တံခါးလာခေါက်လေသည်။

ဖေးချမ့် မော့ကြည့်လိုက်ရာ ယဲ့ကျစ်ကျိုးကို မြင်လိုက်ရ၏။

တိတ်တိတ်နေ ဂိမ်းက GOG ထက် ပိုစောကာ ပြီးသွားခဲ့သည်။ဓ ယခုတော့ ၎င်းတို့ရဲ့ Demo ပထမ ဗားရှင်းများ ထွက်လာကြလေပြီ။

လက်ရှိ ဗားရှင်းကို ပြီးပြည့်စုံပြီဟု မဆိုနိုင်သေး။ အလွန်ဆုံး နောက်ခံပစ္စည်းအရာဝတ္ထုတွေအပေါ်မှာ ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှု၊ ပစ္စည်းများ အသုံးပြုမှု စသည့် အခြေခံ လုပ်ဆောင်ချက်များသာ ပါဝင်သည်။

ပန်းချီရင်းမြစ်များက ပြီးဆုံးဖို့ အဝေးကြီး လိုပါသေးသည်။ ထို့အပြင် ဆက်တင် တစ်ခုသာ ပြီးဆုံးသေး၏။ ဂိမ်းပစ္စည်းများ၊ ဇာတ်ကောင်များနဲ့၊ ကွန်ပြူတာအထူးပြုလုပ်ချက်များကို အဆင့်မြှင့်တင်မယ်ဆို မြှင့်တင်လို့ အများကြီး ရပါသေးသည်။

သို့သော်လည်း ရှေ့ပြေး Demo က ဂိမ်းရဲ့ ပုံစံ ဘယ်လို ဖြစ်လာမလဲဆိုတာကို အိုင်ဒီယာတချို့ ပေးနိုင်၏။

ယဲ့ကျစ်ကျိုးတစ်ယောက် ဘော့စ်ဖေးရဲ့ ရုံးတံခါးဝနားမှာ အသက်အကြာကြီး ရှူသွင်းလိုက်ပြီး ကိုယ့်ကိုယ်ကို စိတ်လျှော့ဖို့ ကြိုးစားနေသည်။

ယခင်တုန်းက ဂိမ်းဖန်တီးမှုကို စစ်ဆေးဖို့အတွက် ဘော့စ်ဖေး အမြဲတမ်း ရှန်းယန်ဂိမ်းကို လာလေ့ ရှိသည်။ သို့သော်လည်း ဒီတစ်ခေါက်တော့ ထန်းတာ့ဂိမ်းမှာ 'နတ်ဘုရားကို မျက်နှာချင်းဆိုင်ဖို့' ယဲ့ကျစ်ကျိုးတစ်ဦးတည်း ဆင့်ခေါ်ခံလိုက်ရပါသည်။ ထို့ကြောင့် စိတ်ဖိစီးနေရခြင်း ဖြစ်၏။

"စိတ်အေးအေးထားစမ်း။ စိတ်အေးအေးထားစမ်း။ Demo ဆိုတာ ပြီးပြည့်စုံတဲ့ ဗားရှင်းမှ မဟုတ်တာ။ Demo ထဲမှာ bug တွေပါလည်း ပုံမှန်ပါပဲ။ ဘော့စ်ဖေး ငါ့ကို အပြစ်မတင်လောက်ပါဘူး။ ဂိမ်းရဲ့ အခြေခံလုပ်ဆောင်ချက်တွေကို ပြသနိုင်တယ် ဆိုရင်ပဲ တော်ပါပြီ"

"ဒါပေမယ့်... bug တွေအရမ်းများလွန်းလို့ Demo ကိုတောင် ကစားလို့ မရဘူးဆိုရင်တော့ တစ်မျိုးပေါ့။ အဲ့လိုမဖြစ်ဖို့တော့ များပါတယ်။ စမ်းသပ်အဖွဲ့က ဂိမ်းကို တစ်ခေါက် ကစားကြည့်ပြီးသွားပြီ။ အကြီးစား bug တွေ အကုန်လုံးကို ပြင်ပြီးသွားပြီ"

"Demo မှာ အသေးစား bug တွေတော့ ကျန်နေနိုင်သေးတယ်။ ဒါပေမယ့် ငါအဲ့လောက်ကြီးတော့ ကံမဆိုးလောက်ပါဘူး ဟုတ်တယ်မလား။ အကုန်လုံးတော့ ပေါ်မလာလောက်ပါဘူး ဟုတ်တယ်မလား"

ယဲ့ကျစ်ကျိုး ကိုယ့်ကိုယ်ကို နှစ်သိမ့်ကာ တံခါးခေါက်ပြီး ရုံးထဲဝင်လာလိုက်ပါသည်။

"ဘော့စ်ဖေး ဂိမ်းပရိုဂရမ် ဒီမှာပါ။ Install လုပ်လိုက်ပါဦး"

ယဲ့ကျစ်ကျိုးက အိတ်ဆောင် Hard Drive လေး တစ်လုံးကို ဖေးချမ့်အား ပေးလိုက်ပါသည်။ ဖေးချမ့် ယူလိုက်ပြီး သူ့ကွန်ပြူတာထဲ ဂိမ်း Demoကို သွင်းလိုက်သည်။ ထို့နောက် ဂိမ်းခလုတ်ကို ယဲ့ကျစ်ကျိုးအား ပေးလိုက်၏။

တကယ်တော့ ဒီဂိမ်းက ဘယ်လိုဂိမ်းမျိုးလဲဆိုတာတောင် ဘော့စ်ဖေး မသိသေးပါ။

အဘယ့်ကြောင့်ဆိုသော် အစောပိုင်းတုန်းက ရှန်းယန်ဂိမ်းကို သူယေဘုယျညွှန်ကြားချက် တချို့သာ ပေးခဲ့တာဖြစ်တာကြောင့်ပင်။ ထို့နောက် ဂိမ်းကို သူတို့ဖာသာ ဖန်တီးဖို့ ထားခဲ့ပေးလိုက်သည်။

ထို့ကြောင့် ဖေးချမ့် ဂိမ်း Demo ကိုမျှော်လင့်ထားမိသည်။ လမ်းဆုံးကို ဦးတည်ပေးခဲ့တဲ့ သူ့ညွှန်ကြားချက်တွေက ရှန်းယန်ဂိမ်းကို ဘာတွေ လုပ်စေခဲ့သလဲဆိုတာ သူမသိသေးပါ။

သို့သော်...

ဒီ Demo က ထန်ယီရှုရဲ့ ကူးစက်အာနိသင်အောက်မှာ တကယ်ပဲ ရှိနေမလားဆိုတာကို ဖေးချမ့် မြင်နိုင်မှာလား။

ဖေးချမ့် သံသယဖြစ်မိပါသည်။

ဖန်သားပြင် အလွတ်ကြီးတစ်ခု ပေါ်လာသည်။ ထို့နောက် ဂိမ်းစတင်ခဲ့သည်။ ဖေးချမ့် အတော်လေး အံ့အားသင့်သွားရ၏။

အလုပ်ဖြစ်တယ်ဟ error လည်း မပေါ် ဂိမ်းလည်း ပိတ်မသွားဘူး။

Demo က အတော်လေး အဆင်ပြေနေသည့်ပုံပင်။

ယဲ့ကျစ်ကျိုးကတော့ အနားနီးလာတဲ့ ကြမ္မာဆိုးကို နားမလည်ပါ။ ဂိမ်းခလုတ်ပေါ်က ဘုလုံးကို ရွှေ့လိုက်ပြီး ဂိမ်းကိုလည်း ကစားပြကာ တစ်ချိန်တည်းမှာပဲ ရှင်းပြခဲ့ပါသည်။

"ဇာတ်ကောင်လှုပ်ရှားမှုတွေ၊ ပတ်ဝန်းကျင် ပစ္စည်းတွေ အသုံးပြုတာတွေ စသဖြင့် အခြေခံ လုပ်ဆောင်ချက်တွေကိုတော့ ကျွန်တော်တို့ အပြီးသပ်ပြီးသားပါ။ ဘော့စ်ဖေးကို လာပြရတဲ့ အဓိက ရည်ရွယ်ချက်က ဟော်ရာ အနေအထားနဲ့ အနှစ်ချုပ်စတိုင်တို့ကို ပြပြီး ဘော့စ်ဖေး သဘောကျမလား မေးဖို့ပါ"

"ဒါက ကျွန်တော်တို့ ဖန်တီးထားတဲ့ ပထမဆုံး ဇာတ်ကောင်ပေါ့။ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ဖြစ်ပြီး သာမန် ခန္ဓာကိုယ် အချိုးအစားရှိတယ်။ သူ့ရဲ့ အသက်မီတာ၊ ခွန်အားမီတာနဲ့ စိတ်ဖောက်ပြန်မှုမီတာတွေကို ဖန်သားပြင်ပေါ်မှာ ပြထားတယ်။”

"နောက်ပိုင်းကျမှ တခြား ဇာတ်ကောင်တွေကို ထပ်စဉ်းစားမယ်။ ဒါမှ ကစားသမားတွေ ကိုယ့်ပုံစံကိုယ် စိတ်ကြိုက် ပြုပြင်လို့ရမှာပါခင်ဗျ..."

ယဲ့ကျစ်ကျိုးက ရှင်းပြရင်းနဲ့ ဘော့စ်ဖေးရဲ့ မျက်နှာထားကို အကဲခတ်နေပါသည်။

ဘော့စ်ဖေးက တစ်ခုခုဖြစ်မှာကို မျှော်နေသလိုမျိုး ဖန်သားပြင်ပေါ်မှာ အာရုံစူးစိုက်နေသည်။ တစ်ချိန်တည်းမှာပဲ မျှော်လင့်ချက်ထားသော အကြည့်မျိုးနဲ့ အံ့သားသင့်မှုတို့လည်း ရောယှက်နေပါသည်။

ယဲ့ကျစ်ကျိုး ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသွားသည်။

ဘော့စ်ဖေးက ငါတို့ပရောဂျက်ကို အထင်ကြီးတယ် ထင်တယ်။ မျှော်လင့်နေတဲ့ မျက်နှာထားကိုတောင် မဖုံးကွယ်နိုင်တော့ဘူး။

ထို့အပြင် သူ့မျက်နှာပေါ်က အံ့အားသင့်မှုက ဒီဂိမ်း သူ မျှော်လင့်ထားတာထက် ပိုပြည့်စုံနေကြောင်းကို ဖော်ပြနေပါသည်။

အခြေအနေတွေ တော်တော်ကောင်းနေ၏။

ယဲ့ကျစ်ကျိုးက စိတ်လှုပ်ရှားစွာဖြင့် ထပ်မံ ရှင်းပြလေသည်။

သို့သော်လည်း ထိုအချိန်တွင် ဘော့စ်ဖေးခေါင်းထဲမှာတော့ အတွေး ၂ ခုသာ ရှိနေ၏။

bug တွေ ဘယ်တော့မှ ပေါ်လာမှာလဲ။ ငါမစောင့်နိုင်တော့ဘူး။ ဘာလို့ bug က ပေါ်မလာသေးတာလဲ။ ရှန်းယန်ဂိမ်းကောင်တွေ ဒီ Demo အတွက် တော်တော် အားစိုက်ထားကြတဲ့ပုံပဲ။

ဖေးချမ့်က ဂိမ်းကို အများကြီး အထင်ကြီးပါ။ အဆင်ပြေသည်ဆိုရုံလောက်ပဲ ပြောနိုင်ပါသည်။ Demo ကိုကြည့်ပြီး ရေပန်းစားလာမယ့် အရိပ်အယောင်မျိုး မတွေ့ရပါ။

ဒီဂိမ်းရဲ့ အခြေခံ အကြောင်းအရာများ၊ အသေးစိတ်များ၊ ပန်းချီရင်းမြစ်များနဲ့ စတိုင်တို့က အတော်လေး ကောင်းမွန်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီဂိမ်းကို ဂိမ်းအယ်ဒီတာတစ်ယောက်က ထုတ်လုပ်ထားခြင်း မဟုတ်ပါလား။ ငွေများများ လောင်းထည့်ဖို့ ဆန္ဒရှိပါက ပန်းချီရင်းမြစ်တွေကလည်း ဆိုးရွားလှမှာ မဟုတ်ပေ။

သို့သော်လည်း ဟော်ရာအနေအထားကတော့ လိုအပ်ချက် အများကြီး ရှိနေသေး၏။

အမှန်ပင်။ မွန်းစတားတွေနဲ့ တခြား ကစားသမားတွေကို မထည့်သွင်းရသေးတာကြောင့် ဖြစ်နိုင်ပါသည်။ အန္တရာယ်ခံစားချက် ဆိုတာမျိုး မရှိသေးပါ။ ဂိမ်းကို ဘယ်လောက် မှောင်မဲပြီး ကြောက်ဖို့ကောင်းအောင် လုပ်ထားပါစေ ဘယ်လောက် ကြောက်ဖို့ကောင်းသလဲဆိုတာကတော့ အတိုင်းအတာရှိပါသည်။

သို့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီ Demo က လောလောဆယ် ဖေးချမ့်အတွက် အမှတ်ရနေစရာတော့ မဟုတ်ပေ။

"ဘော့စ်ဖေး ဒါက အထူးအသံဖမ်းစက်လေး တစ်လုံးပါ။ ကစားသမားတွေ သုံးလိုက်တာနဲ့ ကြောက်စရာ အသံတစ်ခု ထွက်လာလိမ့်မယ်။ အနားမှာရှိတဲ့ ကစားသမားအားလုံးရဲ့ စိတ်ဖောက်ပြန်မှု မီတာာလည်း အများကြီး ထိခိုက်သွားမယ်။ ကြည့်လိုက်ပါဦး..."

ထိုအချိန်တွင် ယဲ့ကျစ်ကျိုးက ဇာတ်ကောင်ကို ရှေ့တိုးကာ ပတ်ဝန်းကျင်ရှိ ပစ္စည်းများနဲ့ ထိတွေ့ဖို့ ကြိုးစားလိုက်ပါသည်။

သို့သော်လည်း ဘာမှ ဖြစ်မလာပါ။

ယဲ့ကျစ်ကျိုး "?"

သူ ကြောင်တောင်တောင် ဖြစ်သွားလေသည်။ နောက်တစ်ခေါက် ပစ္စည်းကို ထပ်နှိပ်ကြည့်လိုက်၏။

အလုပ်မဖြစ်သေးပါ။

"အဟဲ ဘော့စ်ဖေး။ bug တစ်ခုရှိနေတယ် ထင်တယ်။ ဘာမှမဖြစ်ပါဘူး တခြားပြင်ဆင်ထားတဲ့ ပစ္စည်းတွေ ရှိပါသေးတယ်"

ဖေးချမ့်က ပြုံးကာ ပြောလိုက်သည်။ "ရပါတယ်။ Demo အဆင့်ပဲ ရှိသေးတာကို bug တွေလည်း ရှိမှာပေါ့"

ယဲ့ကျစ်ကျိုး စိတ်အေးလက်အေး သက်ပြင်းချကာ သူ့ထိတွေ့နိုင်သည့် နောက်ပစ္စည်းတစ်ခုဆီ ဇာတ်ကောင်ကို ရွှေ့လိုက်ပါသည်။

"ဒါ ပုဆိန်တစ်လက်လေ။ ကောက်ပြီး ရန်သူတွေကို ဒီလို တိုက်ခိုက်လို့ ရတယ်"

ယဲ့ကျစ်ကျိုးက ဇာတ်ကောင်ကို ပုဆိန်အား ဝေ့ရမ်းခိုင်းလိုက်ပြီး သူ့နားက သစ်သားပုံးများ၊ စားပွဲဟောင်းများနဲ့ တခြား ကျပန်းပစ္စည်းများကို အစိတ်စိတ် အမွှာအမွှာ ပျက်စီးသွားစေပါသည်။

ယဲ့ကျစ်ကျိုး နောက်တစ်ဖန် သက်ပြင်းချလိုက်မိပြန်သည်။ တော်သေးလို့ လက်နက် စနစ်တော့ ဘာမှ မဖြစ်ပါ။

သို့သော်လည်း သူ စိတ်သက်သာရာရလိုက်စဉ်မှာပင် ပုဆိန်ကိုင်ထားသည့် ဇာတ်ကောင်က မြေပုံပေါ်ရှိ တွင်းပေါက် တစ်ပေါက်ထဲ ပြုတ်ကျသွားလေသည်။

ယဲ့ကျစ်ကျိုး ဆွံ့အသွားခဲ့၏။

ချက်ချင်း အသင့်ဖြစ်ထားသည့် hotkey ကို နှိပ်လိုက်ပြီး တုန့်ပြန်လိုက်သည်။ သူ့ဇာတ်ကောင်က မြေပုံရဲ့ မူလ စမှတ်နေရာတွင် ပြန်ပေါ်လာပါသည်။

"အဟဲဟဲ၊ မတော်တဆဖြစ်သွားတာပါ။ မြေပုံပေါ်က တွင်းပေါက်တစ်ပေါက်ထဲ မတော်တဆ ပြုတ်ကျသွားတာ။ စိတ်မပူပါနဲ့ဘော့စ်ဖေး ခဏနေရင် အဲ့အပေါက်ကို ဖာလိုက်ပါ့မယ်"

ဖေးချမ့် ခေါင်းငြိမ့်သည်။ "အင်း အင်း ဟုတ်တာပေါ့"

ယဲ့ကျစ်ကျိုး အလွန်အကျွံလည်း ရှင်းမပြရဲပေ။ သူ့ကို အစွမ်းအစမရှိဘဲ ကိုယ့်အမှားကိုယ်ဝန်မခံတတ်ဘူးဟု ဘော့စ်ဖေး ထင်သွားမှာ စိုးရိမ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သူ့ဇာတ်ကောင်ကို ရှေ့ဆက်တိုးလိုက်ပြီး စီစဉ်ထားတဲ့ နောက်ပစ္စည်းတစ်ခုဆီ သွားလိုက်ပါသည်။ သို့သော်လည်း ခြေလှမ်းနည်းနည်းသာ လှမ်းရသေးသည်။ ပုံရိပ်များ လိမ်ကောက်ကုန်သည်။

တီတီတီတီ ပရိုဂရမ် ရုတ်တရက်ကြီး ရပ်တန့်သွားခဲ့၏။ ထို့နောက် Desktop ကို ပြန်ရောက်သွားကြလေသည်။ Error ဝင်းဒိုးများစွာက အညီအညာနဲ့ တစ်ခုကို တစ်ခု ထပ်ကာ ပေါ်လာပါတော့သည်။

ယဲ့ကျစ်ကျိုး ရှင်းပြရမှာတောင် ရှက်သွား၏။ မောက်စ်ကို တိုးတိုးတိတ်တိတ် ကိုင်လိုက်ပြီး Error ဝင်းဒိုးများကို ပိတ်ကာ ဂိမ်းကို ပြန်ဖွင့်ကြည့်ဖို့ ကြိုးစားလေသည်။

ဒီတစ်ခေါက်တော့ ဂိမ်းပွင့်မလာတော့ပေ။

ယဲ့ကျစ်ကျိုး စွန့်အသွား၏...

ဇဝေဇဝါ ဖြစ်သွားသည်...

ပဟေဠိ ဆန်သွား၏...

ဘာတွေ ဖြစ်နေတာလဲ။

ထန်းတာ့ကို မလာခင်တုန်းက ရှန်းယန်ဂိမ်းရှိ ကွန်ပြူတာပေါင်းစုံတွင် ဂိမ်းကို ယဲ့ကျစ်ကျိုးစမ်းကစားကြည့်ခဲ့ပြီးပါပြီ။ မကြာခဏ bug တစ်ခု နှစ်ခု ပေါ်လာတတ်သော်လည်း အနှစ်ချုပ်အားဖြင့်တော့ ဂိမ်းက အတော်လေးအဆင်ပြေ ချောမွေ့ပါသည်။

သို့သော်လည်း အခုတော့ ဂိမ်းကို ဖွင့်တောင် ဖွင့်လို့ မရတော့ပေ။

ယဲ့ကျစ်ကျိုးက ရှက်ရွံ့စွာဖြင့် ဘော့စ်ဖေးကို ကြည့်လိုက်သည်။ "ဘော့စ်ဖေး ဘာလို့ ဒီလိုတွေဖြစ်နေတာလဲ မသိတော့ပါဘူးဗျာ။ အရင်တုန်းက ဒီဂိမ်း တော်တော် အဆင်ပြေနေတာပါ။ တကယ် စိတ်မကောင်းပါဘူး။ ဂိမ်းထဲမှာ bug တွေများလွန်းတယ်။ ကျွန်တော် ပြန်သွားပြီး ပြုပြင်မှုတချို့ လုပ်လိုက်ပါ့မယ်.... နောက်မှ ပြန်လာပြမယ်နော်..."

ယဲ့ကျစ်ကျိုးတစ်ယောက် ဘော့စ်ဖေးနဲ့ မျက်လုံးချင်းဆုံအောင် မကြည့်ရဲလောက်အောင် ရှက်နေပါသည်။

ဘော့စ်ဖေးက သူတို့ဂိမ်းကို အထင်ကြီးထားကာ အများကြီးလည်း မျှော်လင့်ထားသည်။ ဒါတောင် ယဲ့ကျစ်ကျိုး လုံးဝ ဖျက်ဆီးခဲ့သည်။

ယခုတော့ သူ့မှာ ခံစားချက်တစ်ခုသာ ရှိတော့သည်။ သူ့အထက်အရာရှိတွေကို တွေ့ဖို့ ရှက်ရွံ့လွန်းနေပါပြီ။

ရှန်းယန်ဂိမ်းကို ပြန်ရောက်ရင် ဒါရိုက်တာလင်းကို ဘယ်လိုရှင်းပြရတော့မှာလဲ။

ထင်မထားစွာဖြင့် ဘော့စ်လင်းက သွားပေါ်အောင် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။ "စိတ်မပူပါနဲ့ကွာ Demo ပဲ ရှိသေးတာကို။ ဒါ ပုံမှန်ပါပဲ။ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့"

"တကယ့်ဂိမ်းရဲ့ အကြောင်းအရာတွေ ပုံဖော်တာကို မမြင်လိုက်ရပေမယ့် ဂိမ်းကို ဖန်တီးတဲ့နေရာမှာ မင်းတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ ရိုးသားမှုတို့ကို ခံစားမိပါတယ်။ ဒီတိုင်းပဲ ဆက်သွားကြ"

"ငါ့ကို ဒီ ဗားရှင်း လာပြစရာ မလိုတော့ဘူး။ ဂိမ်းရဲ့ အခြေခံ ကစားပုံကစားနည်းတွေ ပြီးသွားမှ ငါ့ကို Demo နောက်တစ်ခု လာပြတော့"

ဘော့စ်ဖေးက... ငါ့ကို အပြစ်မတင်ဘူးလား။

ဘော့စ်ဖေးရဲ့ မျက်နှာပေါ်မှာ အပြစ်တင်တဲ့ အရိပ်အယောင်ကို ရှာဖို့ ယဲ့ကျစ်ကျိုး ကြိုးစားကြည့်သော်လည်း ရှာမရခဲ့ပါ။

ဘော့စ်ဖေးရဲ့ မျက်နှာထားက စေတနာရှိသည်။ အနည်းငယ် စိတ်သက်သာရာ ရနေပုံတောင် ပေါ်ပါသည်။

နေပါဦး။ စိတ်သက်သာရာရတယ်ဟုတ်လား။ ဘာဖြစ်လို့ ဘော့စ်ဖေးက စိတ်သက်သာရာရတာလဲ။

ယဲ့ကျစ်ကျိုး ကြောင်တောင်တောင် ဖြစ်နေပါသည်။

Bug တွေ အများကြီး ပေါ်လာတာကြောင့် စိတ်သက်သာရာ ရသွားတာတော့ မဖြစ်နိုင်ပါ။

ငါတို့ရဲ့ အသေးစား Demo ကိုကြည့်ပြီး ငါတို့ဒီဇိုင်းဦးတည်ချက်ကို ဘော့စ်ဖေး အဓိပ္ပာယ် ဖော်နိုင်သွားတာလား။ ငါတို့ လမ်းမှန်ပေါ်မှာ ရှိတယ်ဆိုတာကို သူ အတည်ပြုနိုင်ခဲ့လို့လား။

ဟုတ်တယ်။ အဲ့လိုပဲ ဖြစ်ရမယ်။

ဘာပဲဖြစ်ဖြစ် ဂိမ်းရဲ့ ယေဘုယျဦးတည်ချက်ကို သတ်မှတ်ပေးခဲ့တာလည်း ဘော့စ်ဖေးပဲ ဖြစ်သည်။ ဂိမ်းရဲ့ နောက်ဆုံးဗားရှင်း ဘယ်လိုဖြစ်လာမလဲဆိုတာကိုလည်း သူတို့အားလုံးထက် ဘော့စ်ဖေးက ပိုသိလိမ့်မည်။

ဒီလိုဆိုမှတော့ ဘော့စ်ဖေးရဲ့ မျက်နှာထားက ဘာမှ မထူးဆန်းတော့ပေ။

ဒီကာလအတွင်း ရှန်းယန်ဂိမ်းမှ လူတွေအားလုံး အလွန်အလုပ်ကြိုးစားခဲ့ကြမှန်း ယဲ့ကျစ်ကျိုးကောင်းကောင်း သိပါသည်။ Demo လည်း အနည်းနဲ့အများ ပြီးမြောက်နေပါပြီ။ ဒီနေ့ကျမှ သူ့ကံဆိုးနေတာလေး တစ်ခုတည်းပင်။ ဘာကြောင့်မှန်းမသိဘဲ ဂိမ်းထဲမှာ bug တွေက ပေါ်ပေါ်လာပါသည်။

ကံကောင်းစွာဖြင့် ဘော့စ်ဖေးက ဒီကိစ္စကို ထပ်မချဲ့ခဲ့ပါ။ ထို့အစား အလွန်နားလည်မှု ပေးထားသည်။

"စိတ်ချပါ ဘော့စ်ဖေး။ ကျွန်တော် bug တွေအားလုံးကို ပြန်သွားပြင်လိုက်ပါ့မယ်။ နောက်တစ်ခေါက် ကျွန်တော်လာရင် ကျိန်းသေပေါက် အဆင်ပြေမယ့် ဂိမ်းအစောပိုင်း ဗားရှင်းတစ်ခုကို လာပြပါ့မယ်"

ယဲ့ကျစ်ကျိုး ရုံးခန်းထဲမှ လှည့်ထွက်သွားလေသည်။

ဒီ့မတိုင်ခင်တုန်းက သူ တော်တော်လေး လျော့ပေါ့ခဲ့ပါသည်။ 'တိတ်တိတ်နေ' ဂိမ်း၏ ဖန်တီးမှုက အတော်လေး မြန်ဆန် ချောမွေ့နေသည်ဟု တွေးကာ ရေသာခိုနေမိခဲ့သည်။

သို့သော်လည်း အခုတော့ ထိုခံစားချက်တွေအားလုံးပျောက်ကွယ်သွားပါပြီ။ သူတို့ အများကြီး လိုအပ်ချက် ရှိနေသေး၏။ ဆက်ကြိုးစားဖို့ လိုပါသည်။

ယဲ့ကျစ်ကျိုး ပြန်လည် စိိတ်အားတက်ကြွသွားတာကို မြင်ပြီး ဖေးချမ့် အနည်းငယ် ဇဝေဇဝါဖြစ်သွားပါသည်။

ငါဘာမှတောင်မပြောဘဲနဲ့ ဘာလို့ ဒီလေောက် တက်ကြွသွားတာလဲ....

သို့သော်လည်း ဒီနေ့ဖြစ်ခဲ့တာ ဘာပဲဖြစ်ဖြစ် ဖေးချမ့်တစ်ခုတော့ အတည်ပြုနိုင်ခဲ့ပါသည်။ ထန်ယီရှု၏ ကူးစက် အာနိသင်က တကယ်ပဲ အာနိသင်ရှိသည်။ တကယ်တော့ အလွန့်အလွန်ကို အာနိသင်ရှိပါသည်။

All Chapters