← Chapters

ဘော့စ်ဖေးရဲ့ လုပ်ငန်းစဉ်နောက်ကွယ်မှာ အဓိပ္ပာယ်လေးလေးနက်နက် ပါဝင်နေတယ် ဟဲထယ်ရှန်းနဲ့ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများကုမ္ပဏီရှိတခြားပရော်ဖက်ရှင်နယ်များက IOI အားပြုပြင်ဖို့အတွက် ၎င်းတို့ရဲ့ သုံးသပ်ချက်များကို စတင် စစ်ထုတ်ကြလေသည်။ ဒီလုပ်ငန်းစဉ်က တော်တော် နာကျင်ဖို့ ကောင်းပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုပရော်ဖက်ရှင်နယ် အများစုက Gods Rising ဂိမ်းနဲ့ အလွန် ရင်းနှီးမှု ရှိတာကြောင့် ဖြစ်သည်။ ဂိမ်းရဲ့ ခက်ခဲမှုအဆင့်က သူတို့နဲ့ သာမန်ကစားသမားတွေအကြား အဓိက ကွာခြားချက် ဖြစ်သည်။ ဂိမ်းဆက်တင်၏ ခက်ခဲမှုအဆင့်ကို ပြုပြင်ဖို့ အကြံပေးရခြင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဂိမ်းရသကို လျစ်လျူရှုပြီး တချို့ ကဏ္ဍတွေမှာ သူတို့ရဲ့ အားသာချက်ကို အားနည်းသွားစေလိမ့်မည်။ သူတို့ ရွေးချယ်မှုလုပ်ဖို့ ခက်ခဲလွန်းပါသည်။ သို့သော်လည်း ပြန်စဉ်းစားကြည်သောအခါ ယခု ပြုပြင်မှုတွေ ကမ်းလှမ်းလိုက်ရင်တောင် ဘော့စ်မာရဲ့ ဂိမ်းရသက ကျိန်းသေပေါက် တိုးတက်လာဦးမှာ မဟုတ်ပေ။ ထိုအခါ လုပ်ပွဲကြီးဖြစ်နေရင်တောင် ဘော့စ်မာ အချိန်တိုအတွင်း ပျင်းရိသွားပါလိမ့်မည်။ ဘော့စ်မာ ပျင်းသွားတာနဲ့... အားလုံး ဆန်အိုးကွဲမယ့် သဘောပဲ မဟုတ်လား။ ထို့ကြောင့် ဘော့စ်မာကို သက်တောင့်သက်သာ ကစားနိုင်အောင် သူတို့ လုပ်ပေးရမည်။ ဒီဂိမ်းအတွက် ပြုပြင်မှုပလန်ကို ရေးဆွဲရမည်။ ဟဲထယ်ရှန်းက IOI ၏ Beta ဗားရှင်းကို ကစားရင်း ဦးနှောက်စားနေသည်။ သူတို့က လက်ချောင်းဂိမ်း၏ ရှယ်ယာဝင်များဖြစ်ပြီး IOI ၏ ပြည်တွင်းအေးဂျင့် ဖြစ်တာကြောင့် ဂိမ်း Beta ဗားရှင်းကို ရဖို့ မခက်ပါ။ အားလုံး သိပ်ပြီး မကစားကြမိရုံသာ ရှိသည်။ အချိန်တော်တော်များများမှာ Gods Rising လုပ်ပွဲများကိုသာ ကစားနေရ၏။ အကြောင်းအရင်းကတော့ ရိုးရှင်းသည်။ ဟဲထယ်ရှန်းနဲ့ မာယန်တို့အပါအဝင် အားလုံးအတွက် IOI က Gods Rising ရဲ့ အဆင့်နိမ့်ဗားရှင်းဟုသာ သတ်မှတ်နိုင်ပါသည်။ မြေပုံအရွယ်အစားကွာဟချက်၊ ဂိမ်းဆက်တင် ကွာဟချက် စသည်တို့က သိပ်ပြီး မကြီးမားလှပါ။ အရေးအကြီးဆုံး ကွာဟချက်က ဖန်သားပြင်နဲ့ ဟီးရိုးစကေး ဒီဇိုင်းများ ဖြစ်သည်။ IOI ရဲ့တစ်ခုတည်းသောအားသာချက်က သီးခြား အွန်လိုင်းဂိမ်းတစ်ခု ဖြစ်သည်။ သူငယ်ချင်းတွေကို Add ပြီး အဖွဲ့ဖွဲ့ကစားဖို့ အလွန်လွယ်ကူပါသည်။ သို့သော် စမ်းသပ်အဆင့်မှာပဲ ရှိသေးသဖြင့် ထိုတစ်ခုတည်းသော အားသာချက်က မရှိသေးပါ။ ဂိမ်းရဲ့ အသေးစိတ်ပေါင်းစုံ၊ ဟီးရီုးဒီဇိုင်းကြွယ်ဝမှု စသည့် ကျန်တခြား အချက်အလက်များက Gods Rising ကို မမှီသေးပါ။ ဒါလည်း ဖြစ်သင့်ပါသည်။ Gods Rising က နှစ်ပေါင်းများစွာ ဆက်တိုက် Update တင်လာခဲ့တာ ဖြစ်သည်။ IOI ရဲ့ လက်ရှိ ဖန်တီးမှုကာလက အလွန် တိုတောင်းသေးသည်။ ထို့ကြောင့် ဒီ Content တွေကို အချောသပ်ဖို့ လိုပါသေးသည်။ သို့သော်လည်း ဟဲထယ်ရှန်းနဲ့ တခြားသူတွေအတွက် IOI ကို ပြုပြင်နိုင်ချေ ပိုမြင့်နိုင်သည်ဟု ဆိုလိုခြင်းပင်။ ဟဲထယ်ရှန်းက ဆွေးနွေးရင်း မှတ်စုများ ချရေးနေပါသည်။ "လုပ်ပွဲတွေ အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ ငါတို့ စိန်ခေါ်မှုအသစ်တွေ ထပ်စမ်းသပ်ပြီး သူစိမ်းတွေနဲ့ ကစားကြည့်ရမယ်။ ဒါမှ ဘော့စ်မာရဲ့ စိတ်ဝင်စားမှုကို ဆက်ပြီး ထိန်းသိမ်းနိုင်လိမ့်မယ်" "ဒါပေမယ့် အခုလက်ရှိ ဂိမ်းဆက်တင်ကို ကြည့်ခြင်းအားဖြင့်... ဘော့စ်မာက အားနည်းချက် တစ်ခုလို့ ထင်သွားနိုင်တယ်။ သူ့ဂိမ်းရသလည်း ကျိန်းသေပေါက် တိုးတက်လာမှာ မဟုတ်ဘူး" "အဲ့တာဆို ရန်သူအစစ်ကို တွေ့တဲ့အခါ ဘော့စ်မာ ဂိမ်းရသ ဘယ်လောက်များများ ရနိုင်မလဲဆိုတာကို ငါတို့ စဉ်းစားရမယ်" "လက်ရှိ မြေပုံက ကြီးလွန်းတယ်လို့ ငါထင်တယ်။ ဘော့စ်မာ အန္တရာယ်ရှိတဲ့အခါ ငါတို့ချက်ချင်း သွားကယ်လို့ မရဘူး။ ဘော့စ်မာကို အချိန်မရွေး ကူညီပေးလို့ရအောင် မြေပုံ ဒီ့ထက် ပိုသေးရမယ်" "ဘော့စ်မာရဲ့ အခြေခံ ထောက်ပံ့စကေးတွေက လိုအပ်ချက် ရှိနေသေးတယ်။ သူက အလုပ်များနေတတ်တော့ အဲ့တာတွေ သူ လေ့ကျင့်ဖို့ဆို လက်တွေ့မကျဘူး။ ငါတို့ အဲ့ဒီစကေးတွေ မထည့်တော့ရင်ကော။ နောက်ဆုံး တိုက်ချက်က မအောင်မြင်ရင်တောင် ဆုတချို့ ရနိုင်သေးတယ်" "အလွယ်တကူ သေနေရင် ဘော့စ်မာ ဂိမ်းရသ ဆိုးဆိုးရွားရွားမရအောင် ဆုလာဘ်ဆက်တင်တစ်ခု ရှိသင့်လား။ အကြိမ်ပေါင်းများစွာ အသတ်ခံနေရတဲ့ ပြိုင်ဘက်တစ်ယောက်က ဘာမှ အသုံးကျမှာ မဟုတ်တော့ဘူး။ ရန်သူရဲ့ ဆက်တိုက်သတ်ဖြတ်မှုကို ရပ်တန့်ပေးရင် အပိုဆုရမယ်။ ဧကန္တ ကစားသမား တစ်ယောက်က အရမ်းနောက်ကျကျန်ခဲ့ရင် အလျော်အစားပေးတဲ့ စနစ်တစ်ခုခု ထည့်လိုက်တာ ကောင်းမယ်" "ဘော့စ်မာကို မြှောက်ပေးထားတုန်း ပရော်ဖက်ရှင်နယ်နဲ့ လူသစ်ကစားသမားတွေ အကြားက ကွာဟချက်ကိုလည်း ဆက်ပြီး ထိန်းသိမ်းထားရမယ်။ မဟုတ်ရင် ဘော့စ်မာကို နိုင်အောင် ဆော့မပေးနိုင်ရင် ငါတို့အရမ်း အသုံးမကျရာ မကျဘူးလား" "အေး ငါလည်း အဲ့လိုပဲ ထင်တယ်။ ဒီဂိမ်းက ဘော့စ်မာအတွက် အများကြီး ပိုရိုးရှင်းလိမ့်မယ်။ ဒါပေမယ့် ငါတို့လို လူမျိုးတွေအတွက်တော့ ခက်ခဲမှုအဆင့်က မပြောင်းလဲရဘူး" "IOI မှာ ပုံသေလမ်းကြောင်းတွေရှိတာ ကောင်းတယ်။ အဲ့တာကိုတော့ ဆက်ထိန်းသိမ်းထားမယ်။ အဲ့ဒီအပြင် မက္ကန်းနစ်မြင့်မြင့် လိုအပ်တဲ့ အလယ်လမ်းသွား ဟီးရိုး ဒါမှမဟုတ် ဂျန်ဂယ်လာတွေကို တောင်းဆိုလို့ရတယ်။ ဒါမှ ငါတို့ရဲ့ Carry အတွက် ပိုလွယ်ကူမှာပေါ့" "မြေပုံရင်းမြစ်ကိုလည်း ထပ်တိုးချဲ့လို့ရမယ် ထင်တယ်။ မွန်းစတားအကြီးစားတွေကိုထည့်ပြီး အဖွဲ့အတွက် Buff တိုးပေးလို့ရရင် အကောင်းဆုံးပဲ။ ဒီလိုဆို ဘော့စ်မာသေရင်တောင် မြေပုံကို ထိန်းချုပ်ထားပြီး အဲ့လိုမွန်းစတားတွေကို အသုံးပြုပြီးတော့ ငါတို့ အသင်းရဲ့ Stats တွေကို တိုးမြှင့်နိုင်ရင် နိုင်နိုင်ချေမြင့်တယ်" "အော်ပရေးရှင်း mode ကောပဲ။ လူသစ်ကစားသမားတွေအတွက် ပိုအဆင်ပြေမယ့် အော်ပရေးရှင်း modeတွေကိုကော ထပ်ထည့်ပေးသင့်လား။ အခုချိန်ထိ ဘော့စ်မာက Shortcut ခလုတ်တွေ မနှိပ်တတ်သေးဘူး။ အခုထိ မောက်စ်ကိုပဲ ဆက်တိုက်နှိပ်နေတုန်းပဲ...." "ရောလို့ရတဲ့ ဟီးရိုးတချို့ ရှိသင့်တယ်" အားလုံး ဦးနှောက်စားပွဲထဲ ပါဝင်ခဲ့ကြသည်။ အကြံတိုင်းကို ဟဲထယ်ရှန်းက မှတ်သားထား၏။ အနှစ်ချုပ်အားဖြင့် ထိုအကြံပေးချက်တွေမှာ ပရော်ဖက်ရှင်နယ်ကစားသမားတွေအတွက် ၅ ယောက် ၁ ယောက် ယှဉ်ပြိုင်ကစားရင်တောင် အလွယ်တကူ နိုင်နိုင်တဲ့ ခက်ခဲမှုအဆင့် ရှိစေပြီး သာမန်ကစားသမားတွေအတွက်လည်း ရှင်သန်နိုင်ဖို့ အခွင့်အရေး တတ်နိုင်သလောက် များများပေးရပါမည်။ အခြေခံစကေးကောင်းကောင်းများ၊ တည်နေရာ ချမှုများနဲ့ သတိထားနိုင်စွမ်း ကောင်းကောင်း မရှိရင်တောင် အဆင်ပြေပါသည်။ နောက်ဆုံးတိုက်ချက်ကို ကောင်းကောင်း တိုက်နိုင်ပါက ဂိမ်းဆက်တင်က ရွှေတွေ ပိုပေးလိမ့်မည်ဖြစ်သည်။ မိနစ် ၄၀ လောက် ဂိမ်းကစားပြီးနောက် ကစားသမားတွေ အလွန်အမင်း ဆင်းရဲမသွားနိုင်တော့ပါ။ တည်နေရာချမှတ်မှုမှာ မတော်ပါက အချိန်နည်းနည်းလောက်ပေးပြီး လေ့ကျင့်လိုက်တာနဲ့ ထင်ပေါ်လာနိုင်မည့် ဟီးရီုးမျိုးကို ရွေးသင့်သည်။ သတိထားနိုင်စွမ်း နည်းပါးရင်လည်း အရေးမကြီးပါ။ မြေပုံအရွယ်အစား လျော့ကျသွားသဖြင့် တိုက်ပွဲ ဖြစ်နေသည့်နေရာကို အလွယ်တကူ သွားရောက် ထောက်ပံ့ပေးလို့ ရနိုင်ပါသည်။ အနှစ်ချုပ်အားဖြင့် ဒီဗားရှင်းကိုသာ ထည့်သွင်းလိုက်ပါက ဘော့စ်မာအတွက် အလွန်ကြီးမားသည့် အဆင့်မြှင့်တင်မှုကြီး ဖြစ်သွားပါလိမ့်မည်။ ဟဲထယ်ရှန်းက အားလုံးရဲ့ အထင်အမြင်ကို စုဆောင်းလိုက်ပြီး စာဖိုင်တစ်ခုထဲ ထည့်သွင်းကာ လက်ချောင်းဂိမ်းဆီ ပို့ပေးဖို့ အင်္ဂလိပ်ဘာသာသို့ ပြန်လိုက်ပါသည်။ သူက ရင်းနှီးမြှုပ်နှံမှုလောကက ဖြစ်တာကြောင့် အင်္ဂလိပ်စွမ်းရည်တော့ ကျိန်းသေ မညံ့ပါ။ အားလုံးပြီးဆုံးသွားသောအခါ အလုပ်ဆင်းဖို့ အချိန်ကျပါပြီ။ အချိန်ကွာခြားမှုနဲ့ အားလပ်ရက်တွေကို ထည့်တွက်ပြီး ၃ ရက်လောက်ကြာမှ အကြောင်းပြန်ချက် ရလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။ ထိုနေ့က တနင်္လာနေ့ ဖြစ်လိမ့်မည်။ ဟဲထယ်ရှန်းတစ်ယောက် ပျင်းကျောဆန့်လိုက်ပြီး အချိန်မှန် အလုပ်ဆင်းခဲ့ပါသည်။ စနေနေ့... ယွီအင်တာနက်ကဖေး မင်ယွမ်ဗီလာဆိုင်ခွဲတွင်... ပေါင်ရှုတစ်ယောက် ဘော့စ်ဘောဦးထုပ်နဲ့ မျက်နှာကို ဖုံးကာ ဝင်ပေါက်မှ ခိုးကြောင် ခိုးဝှက် ဝင်လာသည်။ ဟုတ်ပြီ။ လူ သိပ်မရှိဘူး။ မနက် ၈ နာရီခွဲအချိန် ဖြစ်သည်။ အားလပ်ရက်တွင် တက္ကသိုလ်ကျောင်းသားအများစုက နာမည်ကြီး မင်ယွမ်ဗီလာနယ်မြေကို လာရောက်ကစားလေ့ရှိကြသည်။ ဒီလိုဆိုရင်တောင် ယွီအင်တာနက်ကဖေးက နေ့လည် ၁ နာရီလောက်မှ လူပြည့်သွားလေ့ ရှိပါသည်။ မနက်ခင်းစောစောအချိန်မှာတော့ နေရာလွတ်တွေ အများကြီး ရှိနေပါသေးသည်။ ပေါင်ရှု သူ့ဘေ့စ်ဘောဦးထုပ်ကို အောက်ချလိုက်ပြီး ယွီအင်တာနက်ကဖေးထဲ ဝင်လာခဲ့သည်။ အင်တာနက်ဧရိယာထဲမှာ ဘေ့စ်ဘောဦးထုပ် ဆောင်းထားပြီး ထိုင်နေသည့် လီယာ့တာကို အလျင်အမြန်ပဲ တွေ့လိုက်ပါသည်။ ပေါင်ရှုက တစ်ယောက်ယောက် နောက်က လိုက်လာမှာကို ကြောက်သဖြင့် အနောက်ကို သတိကြီးကြီး လှည့်ကြည့်ကာ ထိုင်လိုက်ပါသည်။ "GOG Beta ဗားရှင်း Update တင်ပြီးပြီလား" ပေါင်ရှုက အသံတိုးတိုးဖြင့် မေးလိုက်သည်။ လီယာ့တာ ခေါင်းငြိမ့်လိုက်၏။ "ဟုတ်ကဲ့ ကျွန်မ ကျန်းယွမ်နဲ့ စကားပြောပြီးပြီ။ ဂိမ်းကို Update တင်လိုက်ပြီ။ အင်တာနက်ကဖေးထဲက ကွန်ပျူတာ အားလုံး အခု ကစားလို့ ရပြီ" "ပြီးတော့ ကစားသမားတစ်ယောက်က GOG ကို အချိန်အတိုင်းအတာတစ်ခုအထိ ကစားပြီး ပြုပြင်ပြောင်းလဲဖို့ အကြံပေးစာ စာလုံးရေ ၅၀၀ လောက် ရေးပေးခဲ့ရင် အွန်လိုင်းသုံးချိန် အပို ရနိုင်မယ်" "အဲ့လောက်ကြီး ကြောက်စရာမလိုပါဘူး။ ဒီနေရာက ကုမ္ပဏီနဲ့ အရမ်းဝေးတယ်။ ဘော့စ်ဖေးတို့နဲ့ တွေ့နိုင်ချေက အရမ်းနိမ့်တယ်" ပေါင်ရှု ခေါင်းငြိမ့်လိုက်သည်။ "အင်း ငါသိပါတယ်။ ဒါပေမယ့် သတိထားတာ ပိုကောင်းတယ်။ တခြားသူတွေ ဘယ်မှာလဲ" လီယာ့တာ နာရီကို ကြည့်လိုက်သည်။ "မကြာခင် ရောက်လာပါလိမ့်မယ်" "ရုံးကကော" ပေါင်ရှု မေးလိုက်သည်။ လီယာ့တာ ပြန်ပြောလိုက်၏။ "လောလောဆယ်တော့ လျို့နဲ့ တခြားသူတွေကို နေရာပေးထားတယ်။ ဒါပေမယ့်... ဒီလို လုပ်ဖို့ တကယ်လိုလို့လား" ပေါင်ရှု စိတ်အေးလက်အေး သက်ပြင်းချလိုက်ပါသည်။ အမြဲတမ်း သတိထားတာ ပိုကောင်းသည်။ "ဟုတ်ပြီ။ အရင်ဆုံး ဂိမ်းကို ကစားကြည့်ပြီး ဖြည်းဖြည်းချင်း ပြုပြင်ကြရအောင်။ ပြန်ဆန်းစစ်ထားတဲ့ ပလန်ကို ချမှတ်ထား။ တနင်္လာနေ့ကျရင် တင်ရမယ်" လီယာ့တာ အနည်းငယ်ရှက်ရွံ့သွားသည်။ "အစ်ကိုပေါင်။ ဒီပြောင်းလဲမှုတွေ အများစုအတွက် ရှင်က အကြံပေးချက် ပြုခဲ့တာ။ ဒီလိုလုပ်ရတာ ကျွန်မ ခံစားချက်မကောင်းဘူး။ ရှင့်ရဲ့ နာမည်ကို ခိုးယူနေသလို ခံစားရတယ်..." ပေါင်ရှုက ပြတ်ပြတ်သားသား လက်ရမ်းပြလိုက်သည်။ "ငါလိုချင်တာလည်း ဒါပဲ။ ငါ့ကို ကျေးဇူးတင်ချင်ရင် တစ်ခုပဲ လုပ်ပေး။ ဒါတွေ အကုန်လုံးကို လက်ခံပြီး ငါပါတဲ့အကြောင်း တခြားသူတွေရှေ့မှာ ဘယ်တော့မှ မပြောမိစေနဲ့" လီယာ့တာ သက်ပြင်းချလိုက်မိပါသည်။ "အစ်ကိုပေါင်က တကယ်ကျိုးနွံတာပဲ။ ဘော့စ်ဖေးနဲ့ ပိုပိုတူလာပြီ" ပေါင်ရှု ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်ပါသည်။ "ငါက ဘော့စ်ဖေးနဲ့ ယှဉ်လို့ရပါ့မလား။ ဘော့စ်ဖေးကမှ တကယ် ကျိုးနွံတာ။ ငါက ရွေးချယ်စရာ မရှိလို့ ကျိုးနွံတာ အဲ့လိုမျိုးပဲ.." သူတို့ ဂိမ်းစကစားလိုက်ကြသည်။ "ထူးဆန်းလိုက်တာ။ GOG ကို ဒီမှာလာကစားမှ Bug တောင် သိပ်မတွေ့ရသလိုပဲ..." ပေါင်ရှု ကစားရင်းနဲ့ ရေရွတ်နေမိပါသည်။ "ဟပ်ချိုး" အငှားတိုက်ခန်းထဲတွင် ဖေးချမ့် နှာခေါင်း ပွတ်လိုက်ပြီး အိပ်ယာမှ ထလာလိုက်သည်။ ထို့နောက် တီးတိုး ရေရွတ်လိုက်၏။ "ထူးဆန်းတယ်။ ဘာလို့ အခုတလော နှာခဏခဏ ချေနေပါလိမ့်" "ရာသီဥတု အေးလာတာကြောင့်လား။ ဒါမှမဟုတ် ငါ့အကြောင်း မကောင်းပြောနေတဲ့ကောင်တွေ ရှိလို့လား" "ငါ့နောက်ကျောမှာ ဆူးတွေ ရှိနေသလို ခံစားနေရတယ်..." ဖေးချမ့် ခပ်မြန်မြန်ပဲ ဆဲလ်ဖုန်းကို ကောက်ကာ ဒီနေ့ ထန်ယီရှု ပို့ပေးထားသည့် အချိန်ပို လုပ်နေသူ စာရင်းကို စစ်ဆေးကြည့်လိုက်သည်။ "နည်းနည်းကြမ်းတမ်းတဲ့ပုံစံနဲ့ ယောက်ျားလေး... လျို့ဖြစ်မယ်" "ဟမ်။ လီယာ့တာ ဒီနေ့ မသွားဘူးလား။ အရင်တစ်ခေါက် အချိန်ပိုစာရင်းနဲ့ တော်တော် ခြားနားနေတယ်။ အကုန်လုံး အချိန်ပို တစ်လှည့်စီ လုပ်ဖို့ စီစဉ်ထားကြတာလား" "တဖက်မှာ လိုအပ်တဲ့ အနားယူချိန်လည်းရ၊ နောက်တစ်ဖက်မှာလည်း အချိန်ပိုလစာ အားလုံး ဝေစု ရကြမယ်။ ဘယ်ဆိုးလို့လဲ။ အားလုံး တော်သားပဲ" ဖေးချမ့် ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ပရောဂျက်တွေ ထိန်းမနိုင်သိမ်းမရဖြစ်လာမည့် လက္ခဏာတော့ မမြင်ရသေးပေ။ အစက ဖေးချမ့် IOI ကို စိတ်အပူဆုံး ဖြစ်သည်။ သို့သော်လည်း အချိန်တွေ အများကြီး ကုန်လွန်ခဲ့ပါပြီ။ IOI ဆီက ဘာသတင်းမှ မကြားရသေးပေ။ ဒီငွေစာရင်းရှင်းချိန်တစ်သုတ်အတွက်တော့ အဆင်ပြေမှာပါ ဟုတ်တယ်မလား။ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ တနင်္လာနေ့... ဟိုတယ်ခန်းမကြီးကို အင်တာဗျူးခန်းမအဖြစ် ပြင်ဆင်ထားသည်။ ဝူပင်း အလွန်စောစော ရောက်လာခဲ့ပါသည်။ သို့သော်လည်း အင်တာဗျူးသူက သူ့ထက်ပိုတောင် စောစော ရောက်နေမည်ဟု မထင်ထားခဲ့ပေ။ အင်တာဗျူးသူအများအပြားက ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြပြီး အင်တာဗျူးအခန်းထဲတွင် သက်ဆိုင်ရာ အသိပညာများကို မျှဝေနေကြသည်။ ထန်းတာ့ဂိမ်းရဲ့ အစီစဉ်ဆွဲသူချုပ် လီယာ့တာ။ ရှန်းယန်ဂိမ်းရဲ့ ခေါင်းဆောင် ယဲ့ကျစ်ကျိုး။ လေဆန်ပို့ဆောင်ရေးရဲ့ ခေါင်းဆောင် လုမင်လျန်။ ဖေးဟွမ်လုပ်ငန်းရဲ့ ခေါင်းဆောင် ဟွမ်စစ်ပေါ်။ ယွီအင်တာနက်ကဖေးရဲ့ ခေါင်းဆောင် ကျန်းယွမ်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်ရဲ့ ခေါင်းဆောင် မာယိချွမ်... သူတို့အားလုံးရှိနေကြသည်။ အင်တာဗျူးလုပ်ငန်းစဉ်က ဒီလို ဖြစ်သည်။ လျှောက်ထားသူများက ထန်းတာ့ဂိမ်းဌာနအတွက် အင်တာဗျူးဖြေသည့်အခါ အခန်းထဲမှ လီယာ့တာ ခေတ္တ ထွက်သွားရမည်ဖြစ်ပြီး ကျန်ဌာနများက ပေါင်းစည်း အင်တာဗျူး လုပ်ရမည်။ မေးခွန်းနဲ့ စံပြအဖြေမှန်များကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။ အားလုံးမှာ မိတ္ထူများ ရှိကြပါသည်။ မေးခွန်းများအတွက် အချိန်ကန့်သတ်ချက်လည်း ရှိသည်။ အချိန်ပြည့်သည့်အခါ သူတို့ ရပ်တန့်ရမည်။ အင်တာဗျူးသူတွေအားလုံးက လက်ထဲမှာ ရှိတဲ့ စံပြအဖြေမှန်တွေနဲ့ တိုက်စစ်လိမ့်မည်။ အမြင့်ဆုံးအဆင့်နဲ့ အနိမ့်ဆုံးအဆင့်ကို ဖယ်ရှားပြီးနောက် သူ့ရဲ့ ပျမ်းမျှအမှတ်ကို ယူလိမ့်မည်။ ထိုအမှတ်က ဖြေဆိုသူရဲ့ အင်တာဗျူးအမှတ် ဖြစ်ပါသည်။ အင်တာဗျူးအမှတ်နဲ့ ရေးဖြေအမှတ်များကို ပေါင်းပြီးနောက် အဆင့်သတ်မှတ်ကာ အလုပ်ခန့်အပ်ခံရမည်။ အလုပ်သင်ကာလကို စတင်ရပါမည်။ နောက်ဆုံးတော့ နောက်တစ်လကြာတွင် ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲကို အောင်မြင်နိုင်ပါက ထန်းတာ့ရဲ့ တရားဝင် ဝန်ထမ်းတွေ ဖြစ်လာပါလိမ့်မည်။ အင်တာဗျူးက သီအိုရီအရ ခက်ခဲတဲ့ အလုပ်တစ်ခု မဟုတ်ပေ။ တစ်နှစ်ကို တစ်ရက် နှစ်ရက်လောက်သာ အလုပ်အားဖို့ လိုသည်။ သို့သော်လည်း ဒီအင်တာဗျူးသမားတွေက တစ်နာရီကျော်လောက် စောစောရောက်နေကြခြင်းမှာ... စိတ်ဖိစီးမှုကြောင့် ဖြစ်ပါသည်။ သူတို့ အမှတ်တွေကို ကျပန်းပေးလိုက်ရင်တောင် အပြစ်တင််ခံရမှာ မဟုတ်ပေ။ သို့သော်လည်း ထန်းတာ့ရဲ့ ခေါင်းဆောင်အများစုက အချင်းချင်း သိကြသည်။ ကျပန်းအမှတ်တွေ ပေးပါက မျက်နှာ အတော်ပျက်ရပါလိမ့်မည်။ အင်တာဗျူးကို သေချာမလုပ်ဘဲ ကိုယ့်သူငယ်ချင်းရဲ့ ဌာနထဲမှာ အသုံးမကျတဲ့ လူတစ်ယောက်ကို ထည့်ပေးလိုက်လျှင် သူတို့ မိတ်ဆွေတွေနဲ့ ဘော့စ်ဖေးကို စိတ်ပျက်သွားစေမှာပဲ မဟုတ်လား။ ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေက... တာဝန်ယူရပါမည်။ ဒီလိုတာဝန်အသေးစားလေးကိုတောင် မယူနိုင်ရင် ကိုယ့်ကိုယ်ကို ခေါင်းဆောင်လို့ ခေါ်ဆိုနိုင်ပါဦးမလား။ ထို့ကြောင့် အားလုံး အံ့အားသင့်ဖို့ကောင်းအောင် အင်တာဗျူးမတိုင်ခင် စောစော ရောက်လာကြပါသည်။ ဥပမာ ဂိမ်းဌာနမှ မေးခွန်းများကို လီယာ့တာက ပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် လီယာ့တာက ထိုမေးခွန်းများ၏ အဓိက အချက်များကို အသေးစိတ် ရှင်းပြပြီး ဘယ်လို လူမျိုးကို လူချင်သလဲ ဆိုတာ ရှင်းပြသည်။ တခြားဌာနတွေလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။ အမှတ်စာရင်းက အလွန်အသေးစိတ်ကျပါသည်။ တကယ့် အသိပညာ သတ်မှတ်ချက် တစ်ခုတည်းသာ မဟုတ်ဘဲ တခြား အသေးစားကဏ္ဍများဖြစ်သည့် ပြတ်သားမှု၊ စကားပြောကျွမ်းကျင်မှု စသည်တို့လည်း ပါဝင်သည်။ ဒါတွေမှာ ကျပန်း ဖြည့်ဖို့ မလွယ်ကူသည့် များပြားတဲ့ အမှတ်တွေ ရှိပါသည်။ တာဝန်ရှိသူတွေက စကားပြောနေစဉ် လမ်းညွှန်ချက်များလည်း ပေးကြသည်။ "ညီကိုဟွမ်။ လုပ်ငန်းက ဘယ်လိုနေလဲ။ ရုပ်ရှင်ရိုက်တာ အဆင်ပြေရဲ့လား" "ကျွန်တော့်အမေကို လက်မှတ်ရအောင် ကူညီပေးပါလား။ သူက ကျန်းကျုထျင်ရဲ့ ပရိတ်သတ်ဗျ" "ဘော့စ်လု လေဆန်ပို့ဆောင်ရေးလုပ်ငန်းက ROF စနစ်ယူနစ်တွေ ပို့ဆောင်ဖို့ ကူညီပေးထားတာဆိုတော့ ခင်ဗျားကို သိပ်မကြာခင် နေ့လည်စာ လိုက်ကျွေးမယ်နော်" "ယတာ ဝက်ဘ်ဆိုက်နဲ့ ဂိမ်းအကြားက ဆက်သွယ်မှုက တော်တော် အောင်မြင်ခဲ့တာ။ ငါတို့ နောက်ပိုင်း ထပ်လုပ်ကြမလား။ Event ပလန် တစ်ခုကိုတောင် ကြိုစဉ်းစားထားပြီးပြီ" "ရပါတယ်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်က GOG ကို ကို Theme အဖြစ်သတ်မှတ်ပြီး အက်ဆေးစာမေးပွဲ ကျင်းပလို့ ရတယ်။ ဘယ်လိုသဘောရလဲ" "ကိစ္စ မရှိပါဘူး။ စာကြောင်းတစ်ကြောင်းတည်းးပဲကို" "စကားမစပ် ဒီနေ့ လင်းဝမ် မရှိပါလား။ နင့်ကို ဆက်သွယ်ထားသေးလား။ ဖြေရှင်းချက်တွေ ကမ်းလှမ်းပြီးပြီလား" "အဲ့တာတော့ လောစရာမလိုပါဘူး။ ကျွန်မတို့ အင်ဂျင်နီယာ ယန္တရားတောင် မဖန်တီးရသေးဘူး။ ဆဲလ်ဖုန်းလုပ်ပြီးတဲ့အချိန်အထိ စောင့်ကြစို့" စကားပြောကြ ဆိုကြရင်း ပျော်ရွှင်နေကြပါသည်။ ကြက်ခြေခတ် အင်တာဗျူးတွင် သူတို့ အင်တာဗျူးသူတွေ လုပ်ရမည်ဟု ကြားခဲ့ရတုန်းက အများစု ဇဝေဇဝါ ဖြစ်ခဲ့ကြသည်။ ဥပမာအားဖြင့် ကျန်းယွမ်က အင်တာနက် ကဖေးတာဝန်ရှိသူဖြစ်သည်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်နဲ့ လေဆန်ပို့ဆောင်ရေးမှာ အလုပ်လာလျှောက်တဲ့သူတွေကို သူ အင်တာဗျူးဖို့က ဟာသလို ဖြစ်မနေဘူးလား။ သို့သော်လည်း အခုတော့ အားလုံးနားလည်သွားကြပါပြီ။ ဒီဖြစ်ရပ်တစ်ခုလုံးကို ဌာနခေါင်းဆောင်များစွာအချင်းချင်း အတွေ့အကြုံဝေမျှခြင်းဟုတောင် သတ်မှတ်လို့ရပါသည်။ တခြားဌာနတွေနဲ့ လက်ရှိအခြေအနေကို နားလည်ဖို့ စကားပြောကြမည်၊ အင်တာဗျူးဖြေသူတွေကို အမှတ်ပေးမည်၊ ထို့နောက် အင်တာဗျူးပြီးသောအခါ စားရင်သောက်ရင်းနဲ့ နောက်ပိုင်း လုပ်ငန်းပူးတွဲဖို့အတွက် ဆွေးနွေးကြမည်။ အဲ့တာ မပြီးပြည့်စုံလွန်းဘူးလား။ ဒီဝန်ထမ်းခန့်အပ်မှု လုပ်ငန်းစဉ်အတွက် ဘော့စ်ဖေးရဲ့ စီစဉ်မှုက အလွန် အဓိပ္ပာယ်ရှိပါသည်။ အခန်း(၃၅၅) ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းခြင်း ထန်းတာ့နက်ဝေါ့ခ်နည်းပညာကုမ္ပဏီလီမိတက်၏ အင်တာဗျူးကို ကျင်းပနေစဉ် တစ်ချိန်တည်းမှာပင်... အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများ ကုမ္ပဏီတွင်.... ဘော့စ်မာ ဒီနေ့လည်း ရောက်မလာခဲ့ပေ။ ဘော့စ်မာရဲ့ သတင်းတွေက အမြဲတမ်း အပြောင်းအလဲမြန်သည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု အသစ်လုပ်ဖို့ ကုမ္ပဏီမှာလည်း ပိုက်ဆံမရှိတော့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘော့စ်မာ ကုမ္ပဏီကို မလာတာကြောင့် ဟဲထယ်ရှန်းနဲ့ တခြားသူတွေကို စိုးရိမ်ပူပန်စေသည်။ လုပ်ပွဲတွေကို ဘော့စ်မာ စိတ်ဝင်စားမှု ပျောက်ဆုံးသွားပါက သူတို့အများစု အလုပ်ချက်ချင်း ပြုတ်သွားကြလိမ့်မည်။ သူတို့ အခွင့်မသာရုံရှိတယ်ဆိုရင်တောင် သူတို့ရဲ့ အနာဂတ် လုပ်ငန်း အလားအလာတွေ မှေးမှိန်သွားမည့်သဘော ဖြစ်သည်။ ထို့ကြောင့် ဘော့စ်မာကို ဂိမ်းကစားဖို့ကော အရန်လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံဖို့အတွက်ကော ကူညီပေးခဲ့တဲ့ ဒီပရော်ဖက်ရှင်နယ် ဂိမ်မာများက အနည်းငယ် စိုးရိမ်ကြောင့်ကြနေရပါသည်။ အလုပ်ကို ရောက်လာတာနဲ့ ဟဲထယ်ရှန််း ပထမဆုံး လုပ်တဲ့အရာက Mailbox ကိုဖွင့်ပြီး အီးမေးလ်ကို စစ်ကြည့်တာပဲ ဖြစ်သည်။ ပြီးခဲ့တဲ့ သောကြာနေ့က သူတို့ လက်ချောင်းဂိမ်းဆီ ပို့ခဲ့သည့် ပြုပြင်မှုအကြံပြုချက်များအတွက် တနင်္လာနေ့တောင် ရောက်နေပြီ ဖြစ်တာကြောင့် အခုလောက်ဆို အကြောင်းပြန်စာ ရောက်နေလောက်ပြီ မဟုတ်လား။ တကယ်ပဲ လက်ချောင်းဂိမ်းမှ ပေးပို့ထားသည့် မဖွင့်ဖတ်ရသေးတဲ့ အီးမေးလ်တစ်စောင် ရှိနေပါသည်။ ဟဲထယ်ရှန်းလည်း အကြမ်းဖျင်း ဖတ်ကြည့်လိုက်သည်။ သူ ပြောနိုင်တာကတော့ ရှယ်ယာဝင်ဖြစ်ရတာ တော်တော်ကောင်းတယ် ဆိုတာပင်... လက်ချောင်းဂိမ်းကုမ္ပဏီက သူတို့ကို စနေနေ့ကတည်းက အီးမေးလ်ပြန်ပို့ပြီးခဲ့ပါပြီ။ အိပ်မက်အကောင်အထည်ဖော် ခြေလှမ်းများက စနေ တနင်္ဂနွေတွင် ပိတ်ရက်ဖြစ်သဖြင့် ဘယ်သူမှ အချိန်ပို လုပ်မနေကြပေ။ ဟဲထယ်ရှန်းလည်း စနေနေ့တုန်းက ဒီအီးမေးလ်ကို ဖွင့်မကြည့်ခဲ့ပါ။ ထို့ကြောင့် ဒီနေ့အထိ မဖွင့်ဖတ်ရသေးဘဲ ကျန်နေတာ ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ရက်အတွင်း အကြောင်းပြန်လာတာကို ကြည့်ခြင်းအားဖြင့် လက်ချောင်းဂိမ်းက သူတို့ရဲ့ ရှယ်ယာဝင်နဲ့ ပြည်တွင်း အေးဂျင့်ကို ဘယ်လောက်တောင် အလေးထားသလဲ မြင်သာပါသည်။ အီးမေးလ်ထဲမှာ အကြောင်းအရာများစွာ ပါဝင်သည်။ လေသံက အလွန်ယဉ်ကျေးမှုရှိပြီး တလေးတစား အခေါ်အဝေါ်များနဲ့လည်း ပြည့်နှက်နေသည်။ စကားလုံးလှလှတွေသုံးထားသော်လည်း စာကြောင်းတွေအကြားထဲက အဓိပ္ပာယ်မှာ ရှင်းလင်းပါသည်။ ဘာသာပြန်ပြီးနောက် အဓိက အချက် ၃ ချက် ရှိသည်။ IOI အတွက် အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများ မှ ပေးခဲ့သည့် ထောက်ပံ့မှုနဲ့ စေတနာတို့အတွက် အလွန် ကျေးဇူးတင်နေကြပါသည်။ ဂိမ်းအတွက် အဖိုးတန်တဲ့သုံးသပ်ချက်တွေ လုပ်ပေးကာ သူတို့ဂိမ်းဒီဇိုင်းအတွက် ဉာဏ်ကွန့်မြူးမှုကို ဖော်ဆောင်ပေးခဲ့တဲ့အတွက်လည်း အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများကို ကျေးဇူးတင်နေကြပါသည်။ သို့သော် အီးမေးလ်ထဲမှာ ဖော်ပြဖို့ ခက်ခဲသည့် အကြောင်းအရင်းတချို့ကြောင့် ဂိမ်းဒီဇိုင်းတစ်ခုလုံးကို သူတို့ တောင်းဆိုချက်အတိုင်း ပြောင်းလဲပေးပါ့မည်ဟု ကတိပေးရခက်ပါလိမ့်မည်။ အမှန်ပင်။ အခြေအနေရပ်တွေသာ မှန်ကန်ပါက ထိုပြုပြင်မှုတွေက မဖြစ်နိုင်တာတော့ မဟုတ်ပါ။ ဟဲထယ်ရှန်း ခပ်တိုးတိုး သက်ပြင်းချပြီး ဒီသာမန်ဆန်တဲ့ အီးမေးလ်ကို ဖတ်ပြီးနောက် ပြန်ပိတ်လိုက်ပါသည်။ တခြားနည်းလမ်း မရှိပေ။ သူတို့ရဲ့သဘောထားက ရှင်းလင်းသည်။ ပြောင်းလဲပေးဖို့ မဖြစ်နိုင်ပါ။ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများက လက်ချောင်းဂိမ်းရဲ့ ရှယ်ယာများကို ဝယ်ယူကာ တရုတ်နိုင်ငံမှာ သီးသန့်အေဂျင်စီမူပိုင်ခွင့်ကို ရချင်ရထားလိမ့်မည်။ သို့သော် လက်ချောင်းဂိမ်းကုမ္ပဏီရဲ့ အလုပ်တွေကို ဝင်စွက်ဖက်ဖို့တော့ မဖြစ်နိုင်ပါ။ ထို့အပြင် ရင်းနှီးမြှုပ်နှံသူတွေအပေါ် လက်ချောင်းဂိမ်းကုမ္ပဏီရဲ့ သဘောထားကလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ သူတို့ လွတ်လွတ်လပ်လပ် ရပ်တည်ချင်သည့် ဆုံးဖြတ်ချက်က ခိုင်မာသည်။ အချိန်တိုအတွင်း ဒီလိုယဉ်ယဉ်ကျေးကျေးပြန်စာကို ရခဲ့တာတောင် ကံကောင်းလှပါပြီ။ တခြား ကုမ္ပဏီတွေသာ ဒီလို ထင်မြင်ချက်မျိုး ပေးပါက လက်ချောင်းဂိမ်းက သောက်ဂရုတောင် မစိုက်လောက်ပါ။ သေချာစဉ်းစားကြည့်ရင် ယုတ္တိရှိပါသည်။ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများက ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတစ်ခုရဲ့ အကြံပေးချက်ကြောင့် လက်ချောင်ဂိမ်းက သူတို့ရဲ့ ဂိမ်းကို ပြောင်းလဲပစ်ပါ့မလား။ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများ၏ ကျောထောက်နောက်ခံက ထန်းတာ့ ဖြစ်ချင်ဖြစ်လိမ့်မည်။ သို့သော်လည်း ထန်းတာ့က နိုင်ငံခြားမှာ သိပ်ပြီး နာမည်မရှိသေးပါ။ လက်ချောင်းဂိမ်းရဲ့ အဖြေက အတူတူပဲ ဖြစ်လောက်မည်။ အတိုချုံးအားဖြင့် ဒီလမ်းက လမ်းဆုံးဖြစ်သည်။ တခြား ကိစ္စသာဆို သူတို့ လက်လျှော့လိုက်ရုံသာ ဖြစ်သည်။ သို့သော်ဒါက အားလုံးရဲ့ အလုပ်အန္တရာယ်နဲ့ သက်ဆိုင်နေသည်။ ဘော့စ်မာရဲ့ ယုံကြည်ချက်ကို ပြန်ရဖို့အတွက် ဂိမ်းတွေကို အသုံးချရမည်ဟု ဟဲထယ်ရှန်း ခံစားမိပါသည်။ ဒါဆို IOI နဲ့ ဆင်တူဂိမ်းမျိုး မရှိဘူးလား။ ဟန်ထယ်ရှန်း သေချာစဉ်းစားကြည့်လိုက်ရာ အကြံတစ်ခု ရသွားခဲ့၏။ "ထန်းတာ့ဂိမ်းကလည်း ဆင်တူဂိမ်းမျိုးကို ဖန်တီးနေကြတာ မဟုတ်ဘူးလား။ လက်ချောင်းဂိမ်းကို သွားပြောဖို့ထက် ငါတို့ရဲ့ မောင်နှမကုမ္ပဏီကြီးကို တင်ပြတာ ပိုမကောင်းဘူးလား" လီယာ့တာကို ဆက်သွယ်ဖို့ ဟဲထယ်ရှန်းမှာ နည်းလမ်း မရှိပါ။ သို့သော်လည်း လက်ထောက်ရှင်းကိုတော့ ဆက်သွယ်နိုင်ပါသည်။ လက်ထောက်ရှင်းထံမှ လီယာ့တာရဲ့ ဆက်သွယ်ရေးအချက်အလက်ကို တောင်းပြီးနောက် ဟဲထယ်ရှန်း ပြုပြင်မှု ပလန်ကို ပို့ပေးလိုက်သည်။ ထန်းတာ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ လီယာ့တာက ဒီပလန်ကို လက်ခံမှာလား။ ဟဲထယ်ရှန်း တပ်အပ်တော့ မပြောနိုင်ပေ။ ထန်းတာ့ဂိမ်းက တကယ်ပဲ မောင်နှမကုမ္ပဏီတစ်ခုဖြစ်သည်။ သို့သော်လည်း သူတို့ကလည်း ဂိမ်းတွေကို အကျိုးအမြတ် ရဖို့သာ ဖန်တီးကြတာ ဖြစ်ပါသည်။ ရင်းနှီးမှုတစ်ခုတည်းနဲ့ ထန်းတာ့ခေါင်းဆောင်က သူမရဲ့ ဒီဇိုင်းအယူအဆကို စွန့်လွှတ်ပြီး ဂိမ်းအတွက် အကြီးစား ပြောင်းလဲမှုမျိုး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ အထူးသဖြင့် ဒီပြုပြင်မှုပလန်က ထန်းတာ့ရဲ့ မူရင်းဒီဇိုင်းဦးတည်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် ပိုဆိုးပါလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ အရင်ဆုံး မေးကြည့်လို့တော့ ရပါသည်။ ဘယ်သူပြောနိုင်မှာလဲ။ ဧကန္တ ခေါင်းဆောင်လည်း ဒီပြုပြင်မှုပလန်ကို စိတ်ဝင်စားလောက်ပါသည်။ ထန်းတာ့နက်ဝေါ့ခ် နည်းပညာ ကုမ္ပဏီလီမိတက်တွင်... "ဘော့စ်ဖေး နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။ သရဲအိမ်အတွက် ဘော့စ်ဖေး လိုချင်တဲ့ အသေးစိတ်အောက်လိုင်းလေးတစ်ခု ပေးလို့ရမလားဟင်။ ဟောက်ချုံးနဲ့ ကျွန်တော်တို့ တွေးထားတာ နည်းနည်းတော့ ရှိတယ်။ ဒါပေမယ့် ဘော့စ်ဖေး မျှော်လင့်ထားသလောက် ဖြစ်မလာမှာ စိုးရိမ်လို့ပါ" ချန်းခန့်ထုံထံမှ မက်ဆေ့ကို မြင်ပြီးနောက် ဖေးချမ့် အတွေးနက်ရှိုင်းသွား၏။ သူတို့ကို အရူးလုပ်လို့မရခဲ့ပါ။ အခု သူတို့ဘက်က စမေးလာပြီ။ သူ ဘာလုပ်ရတော့မလဲ။ ဖေးချမ့် လမ်းမပြချင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူ့ပါးစပ်က ပြောလိုက်သမျှကို အနှစ်တွေဖြစ်သွားစေတဲ့ ကံကောင်းတဲ့ ပါးစပ်ဖြစ်မှန်း သူသိထားတာကြောင့် ဖြစ်သည်။ သူပေးလိုက်တဲ့ အကြံဆိုးတိုင်းက ရွှေဘဲငန်းတွေ ဖြစ်လာကြပါသည်။ ထို့ကြောင့် ဘော့စ်ဖေး အလွန်ဇဝေဇဝါဖြစ်ပြီး စိတ်ရှုပ်သွားရသည်။ ထို့ကြောင့် ဒီတစ်ခေါက် ချန်းခန့်ထုံနဲ့ ဟောက်ချုံးတို့ကို စကားအများကြီး မပြောခဲ့ခြင်း ဖြစ်သည်။ သူတို့ဖာသာ သူတို့ စမ်းကြည့်ခိုင်းလိုက်ပြီး လှည့်စားလို့ရမလား စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။ နောက်ဆုံးကျတော့လည်း သူတို့နှစ်ယောက် တစ်ခုခုလွဲနေသည်ဟု ထင်ကာ ရက်သတ္တပတ်တစ်ခု ကျော်လွန်ပြီးနောက် မေးမြန်းလာခဲ့ပါသည်။ ဖေးချမ့် သူတို့အတွက် လမ်းညွှန်မပေးချင်ပါ။ သို့သော် ဘာမှ မပြောပြန်ရင်လည်း မသင့်တော်လောက်ပါ။ အင်း... ဒါဆိုလည်း တစ်ခွန်းတည်း ပြောလိုက်တာပေါ့... ဖေးချမ့် ခေတ္တစဉ်းစားကြည့်လိုက်ပြီး စာပြန်ရိုက်လိုက်သည်။ "သတ္တိရှိတဲ့လူတွေ ငွေအများကြီးသုံးစရာမလိုဘဲ ကြောက်တတ်တဲ့သူတွေကတော့ မဝင်ဘဲ ကြောက်ကြောက်လန့်လန့်ပဲ ကြည့်နေနိုင်တဲ့ နေရာတစ်ခုဖြစ်အောင် လုပ်လိုက်" ၂ မိနစ်အတွင်း ချန်းခန့်ထုံ စာပြန်လာခဲ့သည်။ "ဘော့စ်ဖေး... နည်းနည်းလောက် ရှင်းပြပေးလို့ရမလားဗျ..." ထိုစာကြောင်းကို ဖတ်ပြီး သူ ၂ မိနစ်လောက် စဉ်းစားလိုက်ရတာ သိသာပါသည်။ သို့သော်လည်း ဘာပြောမှန်း နားမလည်သဖြင့် ရွေးချယ်စရာမရှိဘဲ ထပ်မေးလိုက်ရခြင်း ဖြစ်သည်။ သူ ထပ်မေးရင် ဘော့စ်ဖေးက သူ့ကို အသုံးမကျဘူးဟု ထင်ကောင်းထင်သွားနိုင်သည်။ သို့သော် ဒါက ယွမ် ၁၀သန်းတန် အကြီးစား ပရောဂျက်ကြီးတစ်ခု ဖြစ်သည်။ ရှင်းရှင်းလင်းလင်း ဦးတည်ချက်မရှိဘဲ ချန်းခန့်ထုံ ဘာမှ မလုပ်ရဲပါ။ ဖေးချမ့် ရယ်လိုက်မိ၏။ ရှင်းပြရမယ်တဲ့လား။ ရိုးရှင်းပါသည်။ ဆိုလိုတာက သတ္တိရှိတဲ့လူတွေ အေးအေးဆေးဆေး လာပျော်ပါးလို့ရအောင် လက်မှတ်ဖိုးကို အမြတ်မရလောက်တဲ့အထိ နှိမ့်ချပစ်လိုက်ဖို့ ဖြစ်သည်။ ကြောက်တတ်တဲ့လူတွေကတော့ လုံးဝ မလာရဲအောင် လုပ်ရမည်။ ဒါမှ သရဲအိမ်အတွက် သူတို့ရဲ့ ဝင်ငွေထောက်ပံ့မှု မရှိမှာ ဖြစ်သည်။ ကြောက်တတ်သူတွေလည်း မလာရဲ၊ သတ္တိရှိသူတွေကလည်း ငွေအများကြီး သုံးစရာမလိုပေ။ ဒါဆို ဒီသရဲအိမ်ကြီးက ကြီးကြီးမားမား အရှုံးပေါ်မှာပဲ မဟုတ်လား။ သို့သော်လည်း ထိုကျိန်းသေမှုကို ရှင်းရှင်းလင်းလင်း ပြောလို့ မဖြစ်ပေ။ ဖေးချမ့် ထပ်ပြီးတောင် မရှင်းပြရဲပါ။ စကားလုံးလေး တစ်လုံးလောက် မှားပြောလိုက်တာနဲ့ သူတို့တွေအတွေးလွန်ကာ လမ်းမှားကို ရောက်သွားကြမှာ စိုးရိမ်တာကြောင့် ဖြစ်ပါသည်။ ဒီလိုအချိန်မျိုးတွေမှာ ဆိတ်ငြိမ်ခြင်းက ပိုကောင်းပါသည်။ ထို့ကြောင့် ဖေးချမ့် ရိုးရိုးရှင်းရှင်း စကားလုံး ၅ လုံးသာ ပြောလိုက်သည်။ "ကိုယ့်ဟာကိုယ်စဉ်းစား" ချန်းခန့်ထုံ "... ဟုတ်ကဲ့ပါ ဘော့စ်ဖေး။ နားလည်ပါပြီ" ထို့နောက် ဖုန်းကို ဟောက်ချုံးအား ပြလိုက်၏။ သူတို့နှစ်ယောက် ဘော့စ်ဖေးရဲ့ 'ကိုယ့်ဟာကိုယ်စဉ်းစား'ဆိုတဲ့ မက်ဆေ့နဲ့ ဖန်သားပြင်ကိုကြည့်ရင်း ဆွံ့အနေကြပါသည်။ ကိုယ့်ဟာကိုယ်စဉ်းစားတဲ့... ဟ... အရိပ်အမြွက်က စာကြောင်းတစ်ကြောင်းတည်းသာ ဖြစ်သည်။ နားလည်ရ အဲ့လောက်ခက်လို့လား။ ပုံမှန်ဆို ဘော့စ်ဖေးရဲ့ ယေဘုယျလမ်းညွှန်ချက်များက ၃ ချက် ၄ ချက်လောက် ရှိတတ်သည်ဟု ဟောက်ချုံး ကြားဖူးသည်။ ထို့အပြင် အတော်လေး ရှင်းလင်းတဲ့ အချက်တွေလည်း ဖြစ်ပါသည်။ သို့သော်လည်း အခုတော့ အချက်တစ်ချက်တည်းကိုသာ အာရုံစိုက်ထားသည်။ အလွန် ပဟေဠိဆန်လွန်းပါသည်။ ချန်းခန့်ထုံ ခေါင်းတွေပတ်ချာလည်သွားသလိုခံစားလိုက်ရသည်။ "ငါ-ငါတို့ ဘယ်လို နားလည်အောင် လုပ်ရမှာလဲ" ဟောက်ချုံး အသက်ဝဝရှူလိုက်သည်။ "စိတ်အေးအေးထား စိတ်အေးအေးထား။ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို ဘယ်လို ဆန်းစစ်ရသလဲဆိုတာ ဒါရိုက်တာလင်း တစ်ခါတုန်းက ပြောခဲ့ဖူးတယ်။ ခဏလေး။ သူ ပြောခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက်ဦးမယ်" "ပထမဆုံးတစ်ဆင့်က ကျိန်းသေပေါက် ယုံကြည်ထားဖို့ပဲ။ ဘော့စ်ဖေးရဲ့ စကားတွေ ဘယ်လောက်ပဲ မယုံနိုင်စရာ ကောင်းနေပါစေ။ မှန်ကန်မှုရှိတယ်..." လင်းဝမ်ရဲ့ နည်းလမ်းအတိုင်း ဘော့စ်ဖေးရဲ့ စကားလုံးတွေနောက်ကွယ်က အဓိပ္ပာယ်ကို ဟောက်ချုံး စတင်ဆန်းစစ်ပါသည်။ ရဲတင်းတဲ့သူတွေနဲ့ ကြောက်တတ်တဲ့သူတွေ။ သူတို့က သရဲအိမ်ကို လာရောက်နိုင်တဲ့ ကတ်စတမ်မာတွေ ဖြစ်သည်။ သရဲအိမ်အပေါ် ထိုကတ်စတမ်မာတွေရဲ့ သဘောထားက သရဲအိမ်ရဲ့ အောင်မြင်မှု ကျရှုံးမှုကို တိုက်ရိုက်အဆုံးအဖြတ် ပေးနိုင်သည်။ သတ္တိရှိသူတွေအတွက်ကော ကြောက်တတ်သူတွေအတွက်ကော အကြောင်းအရင်းတစ်ခုကြောင့် ပျော်ဖို့ကောင်းအောင် ဖန်တီးပေးရမည်။ သူတို့ ပိုက်ဆံပေးထားရတာကြောင့် ဖြစ်သည်။ သို့သော်လည်း ထိုကတ်စတမ်မာ အမျိုးအစား ၂ ခု၏ လိုအပ်ချက်များက ခြားနားသည်။ သတ္တိပိုရှိတဲ့ ကတ်စတမ်မာတွေက သည်းထိပ်ရင်ဖို ရသမျိုးကို လိုအပ်သည်။ ဥပမာ ဝန်ထမ်းတွေက သရဲအဖြစ် ဟန်ဆောင်ပြီး သူတို့နား အနီးကပ်ခြောက်လှန့်ခြင်း စသဖြင့် ဖြစ်သည်။ ကြောက်တတ်တဲ့ ကတ်စတမ်မာတွေကတော့ ဒီလို သည်းထိပ်ရင်ဖို ပရောဂျက်များကြောင့် အလွယ်တကူ ပျော်ချင်စိတ် လျော့ကျသွားတတ်သည်။ သူတို့ ဝင်တောင် ဝင်ရဲကြမှာ မဟုတ်ပေ။ ဆိုလိုတာက သူတို့ ပိုက်ဆံ သုံးကြမှာ မဟုတ်ပေ။ အဲ့လို ကတ်စတမ်မာတွေရဲ့ လိုအပ်ချက်ကို ဘယ်လို ချိတ်ဆက်ပေးရမလဲ။ အဖြေက ဘော့စ်ဖေးရဲ့ စကားထဲမှာပဲ ရှိလိမ့်မည်ဟု ချန်းခန့်ထုံ ခံစားမိပါသည်။ သတ္တိရှိသူတွေ ငွေသိပ်သုံးစရာမလိုဘဲ ကြောက်တတ်သူတွေကတော့ မဝင်ဘဲ ကြောက်ကြောက်လန့်လန့်သာ ကြည့်နေရမယ့် နေရာတစ်ခု ဖြစ်အောင် လုပ်ရမည်။ တစ်နည်းအားဖြင့် သရဲအိမ်ကို အလွန့်အလွန်ကြောက်ဖို့ကောင်းအောင် လုပ်လိုက်ပြီး ဝင်ခွင့်ကိုလည်း စျေးနိမ့်နိမ့် သတ်မှတ်လိုက်ပေးရမှာမျိုးလား။ ဒီလိုဆို ကြောက်တတ်သူတွေက မဝင်ရဲဘဲ ကြောက်ကြောက်လန့်လန့်သာ ကြည့်နေနိုင်ပြီး သတ္တိရှိသူတွေကတော့ ကြိုက်တဲ့အချိန် လာပျော်ပါးလို့ရသည်...။ ဒီလိုဆို ဘော့စ်ဖေးရဲ့ စကားနဲ့ ကိုက်ညီမှုရှိသည့်ပုံပေါ်ပါသည်။ သို့သော်လည်း ပြဿနာက အကျိုးအမြတ်ရနိုင်မှာ မဟုတ်သဖြင့် ကျိုးကြောင်းမသင့်ပေ။ ဘာလို့ ကြောက်တတ်တဲ့သူတွေကို မလာအောင် တားရမှာလဲ။ ငါတို့ဆီမှာ သူတို့ပိုက်ဆံလာဖြုန်းရင်း ပိုမကောင်းဘူးလား။ ဘာလို့ သူတို့ကို ခြောက်လှန့်ပြီး မောင်းထုတ်ရမှာလဲ။ ကျိန်းသေပေါက် အဲ့လောက်တော့ ရိုးရှင်းမှာ မဟုတ်ပေ။ ထို့ကြောင့် ဒီတွေးခေါ်ပုံကို လုံးဝ နောက်ပြန်လှည့်ရမည်။ ဘော့စ်ဖေးရဲ့ စကားလုံးတွေ နောက်ကွယ်က နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို ပြန်တူးဖော်ရမည်။ သူတို့နှစ်ယောက် အကြာကြီး ခက်ခက်ခဲခဲ စဉ်းစားခဲ့ကြပါသည်။ ချန်းခန့်ထုံ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူ့ပေါင်ကိုသူ ရိုက်လိုက်ပြီး ပြောလိုက်၏။ "ဟုတ်ပြီ။ ငါအခု နားလည်သွားပြီ။ ငါ့အတွေးကို အသေးစိတ်ပြောပြမယ်။ နားထောင်ကြည့်ပြီး အဓိပ္ပာယ်ရှိလား ဆိုတာ မင်းလည်း စဉ်းစားကြည့်ကွာ" ဟောက်ချုံး ခေါင်းငြိမ့်ပြီး နားစွင့်လိုက်သည်။ ချန်းခန့်ထုံက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ရှင်းရှင်းလင်းလင်းပြောရရင် ခုနက ငါတို့ပြောလိုက်တာက အရမ်းကြောက်ဖို့ကောင်းတဲ့ အာနိသင်နဲ့ စျေးပေါတဲ့ လက်မှတ်။ အဲ့တာဆို ကျိန်းသေပေါက် သရဲအိမ်ကြီး ကြီးကြီးမားမား အရှုံးပေါ်မှာပဲ။ အဲ့တာဆို လမ်းဆုံး ဖြစ်သွားလိမ့်မယ်" "ငါတို့ သေချာပေါက် ဘော့စ်ဖေးရဲ့ ဆိုလိုရင်းကို နားလည်မှုလွဲသွားတာ ဖြစ်မယ်။" "ငါစဉ်းစားမိတာက... အချက်အချာကျတဲ့ အချက်အလက်တွေ ငါတို့ လွတ်သွားတာများလား။ ငါတို့ကို စမ်းသပ်ဖို့အတွက် ဘော့စ်ဖေးက တမင်သက်သက် လျှို့ဝှက် အချက်အချာ မက်ဆေ့တစ်ခုကို ဝှက်ထားလောက်တယ်။ သရဲအိမ်အတွက် ပရောဂျက်တစ်ခုတည်း ရှိရမယ်လို့မှ ဘော့စ်ဖေး မပြောခဲ့တာ" ဟောက်ချုံးလည်း သတိထားမိသွားပြီး မျက်လုံးပြူးသွားသည်။ ဟုတ်သားပဲ။ အဲ့ဒီစာကြောင်း ၂ ကြောင်းက ပရောဂျက် တစ်ခုတည်းအတွက် ဆိုလိုတာမှ မဟုတ်တာ။ သရဲအိမ်အတွက် စဦးရင်းနှီးမြှုပ်နှံမှုက အတော်များပြားသည်။ အနာဂတ်မှာလည်း ထပ်တိုး ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာနိုင်သည်။ ထို့အပြင် ဒီစက်မှုလုပ်ငန်းဟောင်းဇုန်ကြီးထဲမှာ တစ်နေရာရာသွားဖို့က အတော်လေး အဆင်မပြေပါ။ တစ်ခုတည်းသော အားသာချက်က မြေနေရာ အများကြီးရှိကာ စက်ရုံ အဆောက်အဦးကြီးများကို ကြိုက်သလို အသုံးပြုနိုင်ခြင်းပင်။ ဒါဆို ဘော့စ်ဖေး ဘာကြောင့် ဒီမြေတွေကို ရွေးခဲ့တာလဲ။ သိသိသာသာပဲ အစောကြီးကတည်းက ပရောဂျက် တစ်ခုတည်း ပြုလုပ်ဖို့ အစီအစဉ် မရှိတာကြောင့် ဖြစ်ပါသည်။ ချန်းခန့်ထုံက ဆက်ပြောလိုက်၏။ "ငါတို့ ကတ်စတမ်မာတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီဖို့ ၂ ခု ၃ ခုလောက် ဖွင့်လိုက်မယ်ထား။ သတ္တိရှိသူတွေကို ငွေအများကြီး သုံးစရာ မလိုဘဲ ပျော်လို့ရအောင်လုပ်ပေးရမယ်ဆိုတော့ ကြောက်တတ်သူတွေဆီကနေ ငွေပိုရနိုင်ဖို့ နည်းလမ်းရှာရမယ်ဆိုတဲ့ သဘောပဲ။ ကြောက်တတ်သူတွေကိုပဲ ကြောက်ကြောက်လန့်လန့်ကြည့်နေရအောင်လုပ်ဆိုတော့ သတ္တိရှိသူတွေကိုတော့ သည်းထိပ်ရင်ဖို ပျော်ရွှင်မှုတွေ အပြည့်အဝ ပေးစွမ်းဖို့ပဲ" "ဒါပေမယ့် ကြောက်တတ်တဲ့လူတွေကိုတော့ ခြောက်ထုတ်လို့မရဘူး။ သတ္တိရှိသူတွေကငါတို့ရဲ့ သရဲအိမ်ကို နာမည်ကြီးသွားစေပြီး ကြောက်တတ်သူတွေကတော့ ကြောက်ကြောက်လန့်လန့်နဲ့ စောင့်ကြည့် တွန့်ဆုတ်ပြီး... နောက်ဆုံးတော့ သတ္တိရှိသူတွေဖြစ်လာအောင် လုပ်ပေးရမယ်" "အဲ့တာ ဘော့စ်ဖေးရဲ့ အဆုံးသတ်ပန်းတိုင်ပဲ" ချန်းခန့်ထုံနဲ့ ဟောက်ချုံးတို့ ဆက်လက်ဆန်းစစ်ကြပြီး ဘော့စ်ဖေးရဲ့ ပန်းတိုင်က တဖြည်းဖြည်း ရှင်းလင်းလာခဲ့ပါသည်။ ထိုစာကြောင်း ၂ ကြောင်းက ရိုးရှင်းသော်လည်း အောက်ပါ အချက်များအဖြစ် ပြန်ခွဲထုတ်လို့ ရပါသည်။ သတ္တိရှိတဲ့ ကတ်စတမ်မာတွေအတွက် ဒီနေရာကြီးက ကြောက်ဖို့ကောင်းသော်လည်း စျေးပေါရမည်။ ဒါမှ ဒီနေရာကြီးကို သူတို့ ရေပန်းစားလာစေမှာဖြစ်ကာ မိတ်ဆွေတွေကို ပြန်ပြောပြပြီး ဒီကို ဆက်တိုက် ခေါ်လာကြမှာ ဖြစ်သည်။ ကြောက်တတ်သူတွေအတွက် ဒီနေရာကြီးက စိတ်ပိုင်းဆိုင်ရာ အကြောက်တရားရှိရမည်။ သို့သော်လည်း အကြွင်းမဲ့ ကြောက်ရွံ့နေတာမျိုးတော့ မဖြစ်ရပါ။ ကြောက်တတ်သူတွေဆီမှ ငွေရနိုင်ဖို့ နည်းလမ်းတွေကိုတောင် ပိုစဉ်းစားရမည်။ သတ္တိရှိသူတွေကို ငွေနည်းနည်းသာတောင်းပြီး ကြောက်တတ်သူတွေဆီက ငွေများများရအောင် သူတို့ ဘယ်လို လုပ်ရမလဲ။ ရိုးရှင်းပါသည်။ ဒစ်စ်ကောင့်နဲ့ ငွေပြန်အမ်းသည့် နည်းလမ်းများဖြင့် လုပ်နိုင်ပါသည်။ ဥပမာအားဖြင့် သရဲအိမ်ထဲမှာ ပိုကြာကြာနေနိုင်လေလေ လက်မှတ်က ပိုစျေးနည်းလာလေလေ ဖြစ်သည်။ သရဲအိမ်ထဲ ပြီးအောင် သွားနိုင်ပါက လက်မှတ်ကုန်ကျစရိတ် ၇၀ - ၈၀ ရာခိုင်နှုန်းလောက် လျှော့ပေးဖို့ သို့မဟုတ် အခြေအနေပေါ် မူတည်ပြီး ရာနှုန်းပြည့် အခမဲ့ဖြစ်အောင်တောင် လုပ်ပေးနိုင်ပါသည်။ ဘော့စ်ဖေးရဲ့ တောင်းဆိုချက်ကို ဒီနည်းဖြင့် ဖြည့်ဆည်းပေးလို့ ရသည်။ သို့သော်လည်း ထိုအခြေအနေက အနည်းငယ် စိတ်ကူးယဉ်ဆန်လွန်းပါသည်။ အားနည်းချက်တချို့ ရှိလောက်သည်။ ကြောက်တတ်တဲ့ ကတ်စတမ်မာတွေ အပြင်ဘက်ကနေကြည့်ဖို့က အရင်ဆုံး သူတို့ သရဲအိမ်ကို ရောက်လာမှ ဖြစ်မည်။ သူတို့ လာလည်ဖို့ မစဉ်းစားရင် ထိုအာနိသင်မျိုးကို ရနိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် ကြောက်တတ်တဲ့သူတွေ ကစားဖို့အတွက် သရဲအိမ်မှာ တစ်ခုခုတော့ ရှိရမည်။ ဒီလိုမှ ထိုကြောက်စရာ သိပ်မကောင်းတဲ့ ပရောဂျက်တွေကို ကြောက်တတ်တဲ့လူတွေက ကစားရင်း သတ္တိရှိတဲ့လူတွေ သဲထိပ်ရင်ဖို လုပ်နေကြတာကို မြင်နိုင်မှာ ဖြစ်သည်။ ထို့အပြင် ထိုသည်းထိပ်ရင်ဖို ပရောဂျက်ကလည်း သရဲအိမ်ကို ပြီးမြောက်ချိန်အလိုက် အခကြေးငွေ လွတ်ငြိမ်းခွင့်ရှိမည်ဖြစ်သည်။ ဒီလိုမှ ကြောက်တတ်သူတွေက ဝင်တော့ ဝင်နိုင်သော်လည်း သူတိုရဲ့ လက်မှတ်ကြေး အစရှိသည့် အခကြေးငွေများက ပိုမြင့်လာမှာ ဖြစ်သည်။ ဥပမာအားဖြင့် ဝင်ပေါက်မှာ 'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ'ဂိမ်းထဲမှ ဗုဒ္ဓဆင်းတုတော် တစ်ခုကို ရောင်းနိုင်သည်။ ထိုဆင်းတုက လမ်းအတွက် အလင်းရောင်ပေးနိုင်ရုံတင်မကဘဲ သရုပ်ဆောင်ထားသည့် ဝန်ထမ်းများကြောင့် ဖြစ်ပေါ်လာမည့် အကြောက်တရားအဆင့်ကိုလည်း လျော့နည်းသွားစေနိုင်မည်။ ဒါက ဂိမ်းတစ်ခုထဲက ကစားသမားများအတွက်ပေးတဲ့ ဝန်ဆောင်မှုမျိုး ဖြစ်သည်။ ဒီလိုဆို ကတ်စတမ်မာ ၂ မျိုးစလုံးရဲ့ အတွေ့အကြုံကိုလည်း ထည့်စဉ်းစားပြီးသား ဖြစ်သွားမည်။ ပရောဂျက်တစ်ခုက ကြောက်ဖို့ကောင်းတာမျိုး မဟုတ်ဘဲ ကြောက်တတ်တဲ့သူတွေကို ဆွဲဆောင်နိုင်တာမျိုး ဖြစ်ရမည်...။ သတ္တိရှိသူတွေကို ဆွဲဆောင်ဖို့ကတော့ အလွန်ကြောက်ဖို့ကောင်းတဲ့ ပရောဂျက်တစ်ခု ဖန်တီးရမည်။ ကြောက်တတ်တဲ့သူတွေကို လာရောက်လည်ပတ်ဖို့ ဆွဲဆောင်နိုင်တာနဲ့ ပိုကြောက်ဖို့ကောင်းတဲ့ ပရောဂျက်ကို သူတို့ ကျိန်းသေပါက် စိတ်ဝင်စားလာကြမှာပဲ ဖြစ်သည်။ ဒါဆို အပိုသုံးစွဲမှုတစ်ခု ဖြစ််လာနိုင်သည်။ ဒီလိုမှ သရဲအိမ်ရဲ့ ဝင်ငွေက လက်မှတ်ရောင်းရုံလောက်ထက် ပိုမြင့်လာမှာ ဖြစ်ပါသည်။ အမြတ်ရဖို့ ကျိန်းသေသည်။ အစက လမ်းပျောက်နေတဲ့ လူ ၂ယောက် ထိုအကြံကို စဉ်းစားမိခါမှ အလင်းရောင်ကို မြင်လိုက်ရသလို ဖြစ်သွားကြပါသည်။ "ဒီလိုကိုး အခု ငါတို့မစ်ရှင် အရမ်း ရှင်းလင်းသွားပြီ" "ဒီသရဲအိမ်မှာ အနည်းဆုံး ပရောဂျက်အကြီးစား ၂ ခု ၃ ခုလောက်တော့ ရှိရမယ်။ တစ်ခုက ကြောက်ရွံ့မှု အဆင့် အနိမ့်စား ပေးနိုင်ဖို့ပဲ။ ဒါပေမယ့် လူပေါင်းများစွာ ထပ်ခါထပ်ခါ ကစားနိုင်မယ့် ကစားနည်းမျိုးတွေ ရှိရမယ်။ အဲ့တာမှ ကြောက်တတ်တဲ့ ကတ်စတမ်မာတွေကို ဆွဲဆောင်နိုင်လိမ့်မယ်" "နိုင်ငံတစ်ဝှမ်းလုံးက ကြောက်မက်ဖွယ်တွေကို ကြိုက်နှစ်သက်သူတွေကို ဆွဲဆောင်နိုင်မယ့် အရမ်းကြောက်ဖို့ကောင်းတဲ့ ပရောဂျက်တစ်ခုလည်း ရှိရမယ်။ သူတို့ သရဲအိမ်ထဲမှာ နေတဲ့ ကြာချိန်အလျောက် ငါတို့ စျေးသက်သာခွင့်နဲ့ လက်မှတ်တန်ဖိုး လျှော့ချခွင့် ပေးလို့ ရတယ်" "တတိယပရောဂျက်က... စပ်ကြားပရောဂျက်တစ်ခုဖြစ်လို့ရတယ်။၊ ပထမ ပရောဂျက်ကနေ တတိယပရောဂျက်အကြား ချောက်ချားမှုအဆင့် ကွာဟချက်က အရမ်းကြီးမားလွန်းတယ်။ တချို့ ကြောက်တတ်တဲ့ ကတ်စတမ်မာတွေက ပါရဲမှာ မဟုတ်ဘူး" "ပထမ ပရောဂျက်နှစ်ခုမှာ လေ့ကျင့်ပြီးမှ တတိယပရောဂျက်ကို စိန်ခေါ်ကြပါစေ" ပိုဆွေးနွေးကြလေလေ ပိုပြီး စိတ်လှုပ်ရှားလာကြလေလေ ဖြစ်သည်။ ထို့နောက် လုပ်ငန်းပလန်ကို ချက်ချင်းပဲ ချရေးခဲ့ပါသည်။ ဟောက်ချုံးက စာရိုက်နေပြီး စိတ်ခံစားချက်များဖြင့် ပြောလိုက်သည်။ "ဒါရိုက်တာလင်းရဲ့ နည်းလမ်းက တော်တော် ကောင်းတာပဲနော်။ ဒီလောက် အကြံတွေ အများကြီးကို တစ်ပြိုင်တည်းနဲ့ ဆန်းစစ်လိုက်နိုင်တယ်" ချန်းခန့်ထုံ ခေါင်းငြိမ့်လိုက်ပါသည်။ "အေး။ ဒါပေမယ့် ဒီနေရာမှာ ဘော့စ်ဖေးရဲ့ လမ်းညွှန်ချက်ကမှ တကယ့် အချက်အချာကျတာကွ။ ကြည့်ရတာ ဒီပရောဂျက်အတွက် ဘော့စ်ဖေးမှာ အကြံရှိခဲ့တဲ့ပုံပဲ" "ဒီပရောဂျက်ရဲ့ မဟာအသွင်ကို ခန့်မှန်းနိုင်ခဲ့ရုံတင်မကဘူး။ ပရောဂျက်အောင်မြင်မှုအတွက် အဓိက အချက်တွေကို ကောက်နုတ်ပြီး ဒီလောက်ကျစ်လျစ်တဲ့ ပုံစံနဲ့ ငါတို့တွေကို အရိပ်အမြွက်ပေးနိုင်ခဲ့တယ်" "ဘော့စ်ဖေးက တကယ် အံ့အားသင့်ဖို့ကောင်းတာပဲ" "အဲ့တာဆို ငါတို့ ဘာစိတ်ပူဖို့ လိုသေးလို့လဲ။ ဘော့စ်ဖေးရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာရင် ကျိန်းသေပေါက် အဆင်ပြေမှာပဲ" အစကတော့ သူတို့ ၂ ယောက် မျှော်လင့်ချက် ကင်းမဲ့နေခဲ့ကြသည်။ သူတို့ အကြီးကြီး လွဲသွားမှာကို စိုးရိမ်ခဲ့ကြသည်။ သို့သေ်ာလည်း အခခုတော့ မျှော်လင့်ချက်များဖြင့် တောက်ပနေပြိး အနာဂတ်တွင် တည်ဆောက်မည့် သရဲအိမ်ကြီးအတွက် မျှော်လင့်စောင့်စားမှုများ ပြည့်နှက်နေခဲ့ပါပြီ။ ညဘက်တွင်... ထန်းတာ့ရဲ့ ပထမဆုံး ဝန်ထမ်းခေါ်ယူမှု အသုတ် ပြီးဆုံးသွားခဲ့ပါပြီ။ နောက်ပိုင်း ထန်းတာ့ခံယူချက် ကိုက်ညီမှုစာမေးပွဲ ကျန်သေးသည်။ သို့သော်လည်း ထိုစာမေးပွဲမှာ အင်တာဗျူးသူတွေနဲ့ ဝန်ထမ်းတွေ ပါဝင်ဖို့ မလိုပါ။ အင်တာဗျူးမှာ ပါဝင်သူတွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ထားသည်။ အင်တာဗျူး ကြာချိန်ကိုလည်း တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထား၏။ အချိန်ကြာမြင့်ချိန်က အနည်းငယ် ပိုတိုးမြင့်သွားသော်လည်း ခန့်မှန်းထားတာနဲ့ သိပ်မကွာခြားလှပါ။ သို့သော်လည်း ထိုနေ့နေ့လည်ခင်းတုန်းက ညနေ ၅ နာရီကျော်တာတောင် သူတို့ အလုပ်ဆက်လုပ်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် အင်တာဗျူးသမားတွေနဲ့ ဝန်ထမ်းတွေက အင်တာဗျူးဖြေသူတွေအားလုံးရဲ့ အမှတ်ကို တွက်ချက်နှိုင်းယှဉ်ရမည်၊ ထို့နောက် နောက်ဆုံး အောင်မြင်သူစာရင်းကို စစ်ထုတ်ကာ အသိပေးရမည်။ ဒီတစ်ခေါက် ဌာနတိုင်းက ဝန်ထမ်းသစ် အမြောက်အများကို ခန့်အပ်ခဲ့သည်။ အတွေ့အကြုံရှိတဲ့ အချက်အချာ ရာထူးသမားတွေကော ဘွဲ့ရပြီးသား သို့မဟုတ် နောက်နှစ်မှ ဘွဲ့ရမှာဖြစ်သော ကောလိပ်ကျောင်းသားတွေလည်း ပါဝင်သည်။ ဌာနခေါင်းဆောင်က ကြက်ခြေခတ်အင်တာဗျူးတွင် ကိုယ့်ဝန်ထမ်းလောင်းကို အင်တာဗျူးလို့ မရပေ။ သို့သော် ရလဒ်များက အားလုံးကို စိတ်ကျေနပ်စေပါသည်။ ဌာနခေါင်းဆောင်တွေလည်း အလုပ်အားလုံးပြီးမြောက်သောအခါ တစ်ယောက်ကိုတစ်ယောက် ကျေးဇူးတင်တဲ့အနေနဲ့ ညစာ အတူတူ သွားစားကြသည်။ ၁ နာရီလောက် စားပြီးမှ အိမ်ကို ပြန်လာကြပါသည်။ လိယတာက ညစာစားပွဲကို အခွင့်ကောင်းယူပြီး လုမင်လျန်နဲ့ ဟွမ်စစ်ပေါ်တို့ကို လမ်းညွှန်ချက်တချို့ တောင်းခဲ့သည်။ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို နားလည်မှုချင်း ကွဲပြားကြသော်လည်း အဆုံးသတ်အမှတ်ကတော့ တူညီကြပါသည်။ ပါတီပွဲပြီးဆုံးသွားခါမှ လီယာ့တာ သူမဖုန်းကို ထုတ်ကြည့်မိသည်။ ဟဲထယ်ရှန်းရဲ့ Friend Request နဲ့ သူပို့ထားတဲ့ ဂိမ်းပြုပြင်မှုပလန် ကမ်းလှမ်းချက်ကို မြင်လိုက်ရပါသည်။ "ဒီပလန်က... နည်းနည်း စွန့်စားရမယ့်ပုံပဲ" ဂိမ်းတွေအကြောင်း လီယာ့တာရဲ့ နားလည်နိုင်စွမ်းက ပေါင်ရှုလောက်တော့ မကြွယ်ဝပါ။ သို့သော် ဘာပဲဖြစ်ဖြစ် သူမက GOG ဖန်တီးမှုအတွက် ဦးဆောင်ခဲ့တာ ကြာပြီ မဟုတ်လား။ ဒီဇိုင်းရဲ့ ကောင်းကွက်ဆိုးကွက်များကို အလွယ်လေး တိုင်းတာနိုင်သည်။ လူအများစုရဲ့ အမြင်မှာတော့ Gods Rising မှ ကိုယ်စားပြုထားသည့် 5v5 ယှဉ်ပြိုင်ဂိမ်းများက သံသယဖြစ်စရာ မရှိအောင် မျှတပါသည်။ ယှဉ်ပြိုင်မှုတစ်ခုဖြစ်တာကြောင့် ခက်ခဲမှုအဆင့်မြင့်လေလေေ ပရောဖက်ရှင်နယ်တွေနဲ့ တက်သစ်စတွေအကြား ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်လေလေ ဖြစ်သည်။ သို့သော်လည်း ခက်ခဲမှုအဆင့် အလွန်မြင့်မားသွားပါက ကန့်သတ်စည်းလည်း အလွန်မြင့်မားသွားနိုင်ပြီး တချို့ တက်သစ်စတွေကို အားလျော့သွားစေလိမ့်မည်။ ဂိမ်းရဲ့ခက်ခဲမှုအဆင့်ကို လျှော့ချလိုက်တာက ကျိန်းသေပေါက် တက်သစ်စတွေအတွက်တော့ ဂိမ်းရသ ပိုကောင်းသွားအောင် လုပ်ပေးနိုင်လိမ့်မည်။ သို့သော်လည်း 'သင်ယူမှုလွယ်ကူခြင်း'က ပရော်ဖက်ရှင်နယ်တွေကို သူတို့ရဲ့ အသာစီးရမှု ခံစားချက်ကို လျော့နည်းသွားစေလိမ့်မည်။ အတိုချုံးအားဖြင့် ဒီအကြံပေးချက်ကတွေက ကျိုးကြောင်းသင့်သော်လည်း စွန်စားမှုတချို့တော့ ပါနေသည်။ လီယာ့တာ ဆုံးဖြတ်ချက် ချရခက်နေပါသည်။ သူမ အချိန်အတော်ကြာစဉ်းစားပြီးတာတောင် ရလဒ်က အတူတူပဲ ဖြစ်သည်။ အစကတော့ ပေါင်ရှု သို့မဟုတ် ဘော့စ်ဖေးနဲ့ တိုင်ပင်ဖို့ စဉ်းစားမိသော်လည်း ညစာစားပွဲတုန်းက လုမင်လျန် ပြောခဲ့တဲ့စကားကို သူမ မှတ်မိသွားပါသည်။ ဂိမ်းဒီဇိုင်နာတစ်ယောက်အနေနဲ့ အရေးအကြီးဆုံး အရည်အသွေးက ဘာလဲဟု လုမင်လျန်ကို လီယာ့တာ မေးခဲ့သည်။ လုမင်လျန်လည်း စဉ်းစားကြည့်လိုက်ပြီး အရေးအကြီးဆုံး အရည်အသွေးက ကိုယ့်ကိုယ်ကို ယုံကြည်မှု မလွန်ကဲဖို့ ဖြစ်သည်ဟု ဖြေခဲ့သည်။ လီယာ့တာက နားမလည်သဖြင့် လုမင်လျန် ရှင်းပြလိုက်သည်။ လုမင်လျန်ပြောစကားအရဆို ဒီဇိုင်နာ အများစုက ကိုယ့်ကိုယ်ကို အထင်ကြီးကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ အများစုက ဂိမ်းဝါသနာအိုးများဖြစ်ကြကာ ဒီဇိုင်နာတွေဖြစ်လာပြီး ဂိမ်းလောကထဲမဝင်ခင် အတွေ့အကြုံရှိတဲ့ ဂိမ်မာတွေ ဖြစ်ခဲ့တာကြောင့်ပင်။ သူတို့က တစ်ဆင့်ချင်း တက်လှမ်းလာခဲ့တာ ဖြစ်သည်။ ယုံကြည်ချက် မရှိဘဲ ဒီဇိုင်နာအများစုက ဒီလုပ်ငန်းလောကထဲ ဝင်လာမှာ မဟုတ်ပေ။ ထို့ကြောင့် ဒီဇိုင်နာအများစုက ယုံကြည်ချက်များဖြင့် ပြည့်နှက်နေလေ့ရှိသည်။ ယုံကြည်ချက်ရှိတာတော့ ကောင်းပါသည်။ သို့သော် တစ်ခါတစ်လေမှာ လူကို မျက်ကန်းဖြစ်စေတတ်သည်။ ကစားသမားတိုင်းက အကြိုက်နဲ့ အလေးပေးမှု မတူညီကြသော လူတစ်ဦးတစ်ယောက်ချင်းစီဖြစ်သည်။ ဂိမ်းတစ်ခုက လူတိုင်းကို စိတ်ကျေနပ်မှု မပေးနိုင်ပါ။ ဂိမ်းကောင်းတစ်ခုဆိုတာလည်း ပစ်မှတ်ထားတဲ့ ကစားသမား အုပ်စုကိုသာ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်တာ ဖြစ်သည်။ ထို့ကြောင့် ဒိဇိုင်နာတစ်ယောက်က သူဒီဇိုင်းဆွဲနေတဲ့ဂိမ်းရဲ့ ပစ်မှတ်ထား ကစားသမားအုပ်စု၏ အကြိုက်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတာမျိုးကို သဘောကျရင် ဘယ်လိုလုပ်မလဲ။ ဒီဇိုင်နာအများစုက အရူးမျက်ကန်း ယုံကြည်ချက် လွန်ကဲမှုထဲ ကျရောက်သွားကြသည်။ သူတို့ လုပ်တဲ့ဂိမ်းကလည်း ကျိန်းသေပေါက် အက်ကွဲကြောင်းများမှ တဆင့် ပြုတ်ကျသွားလိမ့်မည်။ ဆန့်ကျင်ဘက်အနေဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက် မလွန်ကဲဘဲ အထင်အမြင်တွေကို ကျိုးကျိုးနွံနွံ နားထောင်ပြီး ကစားသမားအများစုရဲ့ အကြိုက်နဲ့ ကိုက်ညီမှုရှိတဲ့ ဂိမ်းတွေကို ဖန်တီးနိုင်တဲ့ ဒီဇိုင်နာတွေကမှ အောင်မြင်မှုကို ရရှိနိုင်မှာ ဖြစ်ပါသည်။ ထို့ကြောင့် ယုံကြည်ချက်မလွန်ကဲရဘူးဆိုတာ ကိုယ့်ကိုယ်ကို သံသယဖြစ်ဖို့ မဆိုလိုပါ။ သို့သော်လည်း ကိုယ့်ကိုယ်ကို အရူးမျက်ကန်းလို မယုံကြည်ဖို့နဲ့ သူများတွေစကား အရူးမျက်ကန်းလို မယုံကြည်ဖို့ ဖြစ်သည်။ ကစားသမားများကို တတ်နိုင်သလောက် အရှိကိုအရှိတိုင်းလေ့လာပြီး ကိုယ်ပိုင် အလေးပေးမှုနဲ့ ကစားသမားတွေရဲ့ လိုအပ်ချက်တို့အကြား ဟန်ချက်ညီအောင် ထိန်းရမည်။ ထိုအကြောင်း တွေးမိသောအခါ လီယာ့တာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိ၏။ သူမ အရူးမျက်ကန်းလို လိုက်ခဲ့တာ မဟုတ်သော်လည်း... ပေါင်ရှုကို အရူးမျက်ကန်းလို ယုံကြည်ဖို့ကကော မမှန်ကန်ဘူးလား။ ပေါင်ရှုက တကယ်ပဲ ထိုကဲ့သို့ ဂိမ်းမျိုးတွေမှာ အတွေ့အကြုံရှိပါသည်။ သို့သော်လည်း သူက လုမင်လျန်ပြောခဲ့တဲ့ 'ယုံကြည်ချက်လွန်ကဲမှု'မျိုးကို လုပ်မယ့်လူမျိုး ဖြစ်သည်.... ထို့ကြောင့် အများကြီးစဉ်းစားပြီးနောက် လီယာ့တာ ဆုံးဖြတ်ချက် ချခဲ့ပါသည်။ ဘော့စ်ဖေးကိုကော ပေါင်ရှုကိုကော ဒီပြုပြင်မှု ပလန်အကြောင်း မေးစရာမလိုပေ။ ဗားရှင်းသစ်တစ်ခုကိုသာ တန်းဖန်တီးလိုက်မည်။ နောက်ဆုံးတိုက်ချက် ဆုလာဘ်စသည့် တချို့ ပြုပြင်မှုများက ထည့်သွင်းဖို့ မခက်ပါ။ မြေပုံ အရွယ်အစားကို လျှော့ချခြင်းက အချိန်နည်းနည်းကုန်သော်လည်း ရက်ပိုင်းလောက်အတွင်း လုပ်နိုင်ပါသည်။ နည်းနည်း ဒုက္ခပိုများမှာက တက်သစ်စတွေနဲ့ ပရော်ဖက်ရှင်နယ်တွေအတွက် သင့်တော်တဲ့ ဟီးရိုးအသစ်တွေကို ဒီဇိုင်းဆွဲဖို့ ဖြစ်သည်။ ထိုကဏ္ဍက အချိန်ကြာမြင့်စွာ အစီစဉ်ချဖို့လိုသော်လည်း အရေးပေါ်ကိစ္စတော့ မဟုတ်သေးပေ။ အခြေခံဆက်တင်များကို အစောပိုင်းအဆင့်မှာ ပြုပြင်နိုင်ပြီး နောက်ထပ် ဗားရှင်းတစ်ခုထုတ်ကာ ယွီအင်တာနက် ကဖေးမှာ Update တင်ပေးလိုက်မည်။ ဘယ်ဗာရှင်းပိုကောင်းသလဲဆိုတာကို သိဖို့ အချိန်တစ်ခုရောက်မှ ဗားရှင်းနှစ်ခု၏ ကစားသမား ဒေတာများကို ယှဉ်ကြည့်လိုက်ရုံဖြစ်သည်။ အခန်း(၃၅၆) - ရှင်က သူ့ကလေးကိုတောင် ပျိုးထောင်ဖို့ မထိုက်တန်ဘူး ဒီဇင်ဘာလ ၁၄ ရက်၊ အင်္ဂါနေ့... မနက်စောစော ဖေးချမ့် လှပတဲ့ မနက်ဖြန် ရိုက်ကွင်းကို လာကြည့်ခဲ့ပါသည်။ သူ မသွားတာ အတော်ကြာပြီဖြစ်သဖြင့် စိုးရိမ်နေခဲ့ပါသည်။ နောက်ဆုံးလည်ပတ်ခဲ့တာက အရင် ၂ ပတ်လောက်ကဖြစ်သည်။ လုကျစ်ယောင်ကို အသုံးမကျလို့ ဝေဖန်ခဲ့သော်လည်း လုကျစ်ယောင် သရုပ်ဆောင်စွမ်းရည်တွေ ပွင့်ထွက်လာပြီး ရိုက်ကူးရေးအဖွဲ့သားများရဲ့ ချီးကျူးမှုပေါင်း မြောက်များစွာကို ခံရလိမ့်မည်ဟု မထင်ခဲ့ပေ။ ထို့ကြောင့် ဒီကာလအတွင်း ဖေးချမ့် စိုးရိမ်ပူပန်မှုများကို ဖိနှိပ်လျက် စတူဒီယိုကို ထပ်မသွားဖို့ ဆုံးဖြတ်ခဲ့သည်။ သူ့ရဲ့ ရည်ရွယ်ချက်မပါတဲ့ စကားလုံးတွေက လုကျစ်ယောင်ကို အဆင့်ထပ်တက်သွားစေပြီး အခြေအနေတွေ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်သွားမှာကို စိုးရိမ်တာကြောင့် ဖြစ်ပါသည်။ စောစောစီးစီး ပြစ်ချက်တွေ့ပြီး ပြင်ဆင်ဖို့ကတော့ လိုအပ်သေးသည်။ အခြေအနေက နောက်ပြန်လှည့်လို့ မရတော့ဘူးဆိုရင်တောင် ငွေများများပိုသုံးပြီး အရှုံးပေါ်စေဖို့ ပြင်ဆင်ထားရမည်။ ထို့ကြောင့် ဒီနေ့လည်း အားလပ်သဖြင့် ရိုက်ကွင်းကို လာခဲ့ခြင်း ဖြစ်သည်။ ရိုက်ကွင်းကတော့ ဝန်ထမ်းတွေ့ ရှေ့ပြေးလိုက် နောက်ပြေးလိုက်နဲ့ အလုပ်များနေသည်။ အားလုံးရဲ့ အလုပ်ကိုလည်း ဖေးချမ့် မနှောင့်ယှက်ချင်ပါ။ ဘေးမှာ အေးအေးဆေးဆေးပဲ ရပ်ကြည့်နေလိုက်ပါသည်။ ပတ်ဝန်းကျင်ရှုင်းက ကျဉ်းကျဉ်းကြုတ်ကြုတ် အာကာသယာဉ်လုံးခန်းထဲ မဟုတ်တော့ဘဲ အနာဂတ်ဆန်သည့် မြို့နေ အိမ်ပြင်မြင်ကွင်းတစ်ခု ဖြစ်သည်။ အပြင်ဘက် ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်ရမှာ ဖြစ်သော်လည်း အစိမ်းရောင် ပိတ်ကားများကို ချိတ်ပြီး စတူဒီယိုထဲမှာသာ ရိုက်ကူးကြသည်။ ခပ်လန်းလန်း အနာဂတ်ဆန်သည့် ဇာတ်ဝင်ခန်းများကို ကွန်ပျူတာ အထူးပြုလုပ်ချက်များဖြင့် ထည့်သွင်းသွားမှာ ဖြစ်ပါသည်။ အနီးကပ် ဇာတ်ဝင်ခန်းများကို ပစ္စည်းအစစ်များသုံးကာ ရိုက်ကူးမည်ဖြစ်သည်။ ဥပမာအားဖြင့် ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့က ဒီဇာတ်ဝင်ခန်းမှာ လမ်းဘေးဆိုင်လေး တစ်ဆိုင်ထဲတွင် စားသောက်နေကြမှာ ဖြစ်သည်။ ထိုဆိုင်ကိုတော့ တည်ဆောက်ထား၏။ စားပွဲများ၊ ထိုင်ခုံများ၊ အလှဆင်ပစ္စည်းများ စသည်ဖြင့် အထဲက ပစ္စည်းတိုင်းက ပစ္စည်းအစစ်များ ဖြစ်ကြသည်။ ထို့အပြင် ဆိုင်ရဲ့ ဆိုင်းဘုတ်၊ လမ်းဘေးက အမှိုက်ပုံးများ၊ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့ရဲ့ အဝတ်အစားများ အားလုံးက သီးသန့်ပြုလုပ်ထားခြင်း ဖြစ်သည်။။ ဂရုတစိုက် ဖန်တီးထားတဲ့ ပစ္စည်းများ ဖြစ်ကြသည်။ ထိုပစ္စည်း အတုများကတော့ စေတနာပါပါ ဖန်တီးထားသည်ဟု ဆိုနိုင်ပါသည်။ ထိုဆက်တင်များကို ကြည့်ခြင်းအားဖြင့် ဒီပတ်ဝန်းကျင်မှာ ဆင်းဆင်းရဲရဲ အနာဂတ်လူသားများနဲ့ ပြည့်နှက်နေကြောင်း အဓိပ္ပာယ်ကောက်လို့ ရပါသည်။ ဒါရိုက်တာကျူးရှောင်စဲရဲ့ အစီအစဉ်အရဆို ရုပ်ရှင်ထဲက အဆောက်အဦးများကို မတူညီသည့် အဓိက စတိုင် ၄မျိုးအဖြစ် ပိုင်းခြားသွားမည်ဖြစ်သည်။ ပထမတစ်ခု၊ ဇာတ်လိုက်မင်းသားက အလွန်အဆင့်မြင့်သော်လည်း အလွန်ပြည့်ကြပ်၊ ကျဉ်းကြုတ်ပြီး ရှုပ်ပွနေသည့် အာကာသ ယာဉ်လုံးထဲမှာ နေထိုင်ရသည်။ ဒါက ပုံစံတူ တည်ဆောက်ထားကြသည့် လူမှုဖူလုံရေး သာမန်အဆောက်အဦးများ ဖြစ်သည်။ ဒုတိယတစ်ခုက ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့ ချိန်းတွေ့ကြသော အပြင်လောကမှ ဆင်းရဲသားရပ်ကွက်များ ဖြစ်ကြသည်။ ထိုနေရာမှ ဆိုင်အများအပြားက Steampunk စတိုင် ဖြစ်၏။ စည်ကားသော်လည်း ဗြောင်းဆန်ကာ ဗရုသုက္ခများပါသည်။ တတိယတစ်ခုမှာ တဲလန့်ရှိုးမှ ဇာတ်ဝင်ခန်းများပါဝင်သည့် တောက်ပ ကျော့ရှင်းနေသော အပြင်ဘက် လောကကြီး ဖြစ်သည်။ အလွန်နည်းပညာမြင့်မားပြီး ကျယ်ဝန်းကာ ပတ်ဝန်းကျင်ကလည်း သန့်ရှင်းသည်။ သာမန်ခံစားချက်မျိုး ရစေသည့် သိပ္ပံနည်းပညာ ဆက်တင်စတိုင်လည်း ပါဝင်သည်။ စတုတ္ထအနေနဲ့ အထက်တန်းလွှာများ၏ အိမ်များက လှပတဲ့ မီးလင်းဖိုများ၊ ဆီဆေးပန်းချီကားချပ်ကြီးများ၊ စျေးကြီးကြီး သစ်သားပရိဘောဂများနဲ့ အလွန် အဆင့်မြင့်သည့် စံအိမ်ကြီးများ ပုံစံ ဖြစ်သည်။ လက်တွေ့ကမ္ဘာက စံအိမ်များနဲ့ ကွဲပြားစေဖို့ အဆင့်မြင့် နည်းပညာများကို ထည့်သွင်းထားသည်။ အဘယ့်ကြောင့်ဆိုသော် ဇာတ်ညွှန်းထဲက အထက်တန်းလွှာများကသာ 'ဂန္တဝင် ဆီဆေးပန်းချီကားများ'နဲ့ ဂီတတူရိယာများကို တတ်နိုင်ခြင်း ဖြစ်သည်။ သူတို့ အသိုင်းအဝိုင်းထဲမှာ 'retro' ဗိဿုကာစတိုင်က ချမ်းသာသူတွေနဲ့ မချမ်းသာသူတွေအကြားက အကြိုက်ကို ခွဲခြားဖို့အတွက်သာ ဖြစ်ပါသည်။ လက်ရှိဇာတ်ဝင်ခန်းကို 'အနာဂတ်ဆန်သည့် ဆင်းရဲသားရပ်ကွက်'ထဲရှိ 'Cyberpunk' ပုံစံမျိုးနဲ့ ရိုက်ကူးထားခြင်း ဖြစ်သည်။ ဒီရုပ်ရှင်ရဲ့ မင်းသမီးကို ဖေးချမ့် ပထမဆုံး မြင်ဖူးတာလည်း ဖြစ်သည်။ မင်းသမီးရဲ့ နာမည်က လင်းရုယီ ဖြစ်သည်။ မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးကျယ်ကျယ်နဲ့ ပြုံးလိုက်ရင် လှလှပပ ပါးချိုင့် ၂ ဖက်ပေါ်ကာ ကိုယ့်ရဲ့ အချစ်ဦးကို ပြန်အမှတ်ရစေမည့် ပုံစံမျိုး ဖြစ်သည်။ အရင်က ဖေးချမ့် သူမရဲ့ အချက်အလက်တွေအကြောင်း ရှာကြည့်ဖို့ ကြိုးစားသော်လည်း နာမည်ကျော် လက်ရာ ဘာမှ မတွေ့ခဲ့ပေ။ သူမက ရုပ်ရှင်ကျောင်းမှ ဘွဲ့မရသေးတဲ့ တက်သစ်စတစ်ယောက်ဖြစ်မှန်းသာ ဖေးချမ့် သိပါသည်။ ပုံစံအရဆိုရင်တော့ လင်းရုယီက မျက်နှာဝိုင်းဝိုင်းရှိသဖြင့် အရမ်းကြီးတော့ ကြည့်မလှပေ။ ထို့ကြောင့် သူမက ဓာတ်ပုံ မစားပါ။ သို့သော်လည်း ဒီဇာတ်ညွှန်းရဲ့ ဆက်တင်နဲ့ လိုက်ဖက်မှု ရှိ၏။ ဇာတ်လိုက်မင်းသမီးအတွက် ဖေးချမ့်ရဲ့ တောင်းဆိုချက်က တစ်ခုသာ ရှိသည်။ သူမ၏ ရုပ်ရည်က သာမာန်ဆန်နေဖို့သာ ဖြစ်ပါသည်။ အခုခေတ်ကြီးက ပုံပန်းသဏ္ဌာန်ကို အမှီပြုနေတဲ့ ခေတ်ကြီး ဖြစ်သည်။ ဇာတ်လိုက်မင်းသမီးသာ အရမ်းကြီး ကြည့်ကောင်းနေပါက ရေပန်းစားသည့် အကြောင်းအရာတစ်ခု ဖြစ်လာနိုင်သည်။ သူမရဲ့ သရုပ်ဆောင်စွမ်းရည်သာ အရမ်း ကောင်းမွန်နေပါက အကျိုးဆက်က ပိုကပ်ဆိုက်သွားလိမ့်မည်။ ဇာတ်လိုက်မင်းသမီးက မကောင်းတဲ့မိန်းမနေရာက သရုပ်ဆောင်ရင်တောင် ကြည့်ကောင်းနေတာကြောင့် ပရိတ်သတ်က မမုန်းတဲ့အပြင် အလွန် ချစ်သွားကြရင် မဆိုးရွားနိုင်ဘူးလား။ အမှန်ပင်။ ဇာတ်လိုက်မင်းသမီး လုပ်ဖို့အတွက် ရုပ်ဆိုးတဲ့လူကို ရှာဖို့ကလည်း လက်တွေ့မဆန်မှန်း ဖေးချမ့် သိပါသည်။ နောက်ဆုံးမှာတော့ ပုံစံအားဖြင့် အရမ်းကြီး ထူးထူးချွန်ချွန် မရှိလှသည့် ဒီတက်သစ်စမင်းသမီးကို ရွေးလိုက်တာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်သည်ဟု ဖေးချမ့် ခံစားလိုက်ရပါသည်။ ဒီဇာတ်ဝင်ခန်းရဲ့ ဇာတ်ညွှန်းကို အချိန်တိုအတွင်း ဖေးချမ့် မှတ်မိသွား၏။ ဇာတ်လိုက်မင်းသမီး တဲလန့်ရှိုးမှာ သွားပြိုင်ပြီး အရွေးမခံခဲ့ရတဲ့ ဇာတ်ဝင်ခန်း ဖြစ်၏။ လုကျစ်ယောင် သရုပ်ဆောင်တဲ့ ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသမီးတို့က ယခု လမ်းဘေးဆိုင်လေး တစ်ဆိုင်မှာ အနားယူကာ သောက်စားနေကြသည်။ လုကျစ်ယောင်က လင်းရုယီကို ပျော်အောင် လုပ်ပေးဖို့ ကြိုးစားသော်လည်း လင်းရုယီက သူ့ကို ဂရုမစိုက်ပါ။ လူ ၂ ယောက် နေထိုင်နိုင်သည့် အာကာသယာဉ်လုံးကို ဝယ်ယူပြီးကြောင်း လုကျစ်ယောင် ပြောသောအခါ လင်းရုယီ ရုတ်တရက်ကြီး စိတ်ခံစားချက်များ ပေါက်ကွဲထွက်သွားလေသည်။ ဒီဇာတ်ဝင်ခန်းက ဇာတ်လမ်းတစ်ခုလုံးရဲ့ အချိုးအကွေ့အမှတ်ဟု ပြောနိုင်သည်။ စာကြောင်းတစ်ကြောင်းတည်းနဲ့ ဖော်ပြလို့ ရပါသည်။ ဇာတ်လိုက်မင်းသား ဖောက်ပြန်ခံလိုက်ရသည်။ ဟူး... တော်တော် စွဲမြဲပြီး ဂန္တဝင်ဆန်သည့် အဆိပ်အတောက်ဖြစ်ချက်ပင်။ ဖေးချမ့် စိတ်မကောင်း ဖြစ်သွားရသည်။ ထိုအချိန်တွင်... လုကျစ်ယောင်က အနာဂတ်အကြောင်းကို စဉ်းစားကာ ကပ်ဖားလျက်ဖား လုပ်နေသည်။ သူက ကပ်ဖားလျက်ဖား လုပ်နေသော်လည်း တခြားသူတွေကို အနေမခက်စေပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ရုပ်ချောသဖြင့် အနည်းငယ် ဂရုဏာတောင် သက်သွားကြပါသည်။ တစ်ဖက်မှာတော့ လင်းရုယီက စားပွဲပေါ်ရှိ သောက်စရာကို ခံစားချက်မဲ့စွာ ကြည့်နေပါသည်။ မကြာခဏ ခေါင်းငြိမ့်ကာ သို့မဟုတ် သူ ပြောတဲ့ စကားတွေကို စိတ်မပါလက်မပါ နားထောင်ရင်း တခြားအရာတွေကိုသာ စဉ်းစားနေမှန်း သိသာပါသည်။ "ဒီနားမှာ အရသာရှိတဲ့ အသားတုတွေ၊ ရေသန့်တွေ၊ ဝိုင်နီတွေ ရောင်းချတဲ့ စားသောက်ဆိုင်ကောင်းကောင်း တစ်ဆိုင် ရှိတယ်လို့ ကိုယ်ကြားမိတယ်" "အရင်တစ်ခေါက် ကိုတို့ စားတဲ့ အသားတုက တကယ့်အသားအစစ်ရဲ့ အရသာ ၆၀ ရာခိုင်နှုန်းပဲ ပါတယ်။ အရမ်း အရသာရှိတယ်။ ဒါပေမယ့် ဒီစားသောက်ဆိုင်က အသားစစ်ရဲ့ အရသာကို ၈၀ ရာခိုင်နှုန်းအထိ တုပထုတ်လုပ်နိုင်တယ်လို့ ပြောထားတယ်။ အမဲသားအရသာ၊ ကြက်သားအရသာဆိုပြီး အရသာတွေလည်း အများကြီး ရှိသေးတယ်" "သောက်ရေသန့်လည်း ရှိသေးတယ်။ ကိုတို့သောက်တဲ့ ရေက သံချေးတက်တဲ့ အရသာကြီး ရတယ်။ ဒါပေမယ့် အဲ့ဒီဆိုင်က သောက်ရေသန့်က ဘာအနံ့မှမရှိဘူးလို့ ပြောကြတယ်။ ကိုတို့ အာကာသယာဉ်လုံးထဲမှာ သောက်ရတာထက် အဆ ၁၀၀ လောက် သာလွန်တဲ့ အနံ့ဖျော့ဖျော့လေး ရှိတယ်" "ဝိုင်နီလည်း ရှိတယ်။ အာကာသယာဉ်လုံးထဲမှာ ရောင်းတဲ့ ဝိုင်နီပုလင်းတွေက အရမ်းစျေးကြီးတာ။ အဲ့က ဝိုင်နီပုလင်းစျေးက အာကာသယာဉ်လုံးထဲမှာရှိတဲ့ အကြွေစေ့စက်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ပဲ ရှိတာ။ အရသာက မခြားနားသလောက်ပဲလို့ ပြောကြတယ်။ သန်ဘက်ခါလောက်ကျရင် ကိုတို့ သွားစားကြည့်ကြမလား" လုကျစ်ယောင်က မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် လင်းရုယီကို ကြည့်လိုက်ပါသည်။ လင်းရုယီက ယဉ်ယဉ်ကျေးကျေးအပြုံးဖြင့် ပြန်ပြုံးပြလိုက်သည်။ "အင်း သွားမယ်လေ" သူမ ပြုံးလိုက်သောအခါ သူမရဲ့ ပါးပြင်ပေါ်မှာ ခပ်ပါးပါး ပါးချိုင့်နှစ်ခုပေါ်လာပြီး အလွန်ဆွဲဆောင်မှုရှိပါသည်။ သို့သော် အချိန်တိုအတွင်းမှာ ထိုအပြုံး ပြန်ပျောက်ကွယ်သွား၏။ သူမ စိတ်မကပ်စွာနဲ့ စားပွဲပေါ်က ဖန်ခွက်ကို ဆက်စိုက်ကြည့်နေပြီး စိတ်မပါလက်မပါ တစ်ငုံသောက်လိုက်ပါသည်။ သူမရဲ့ မျက်နှာထားကို ကြည့်ခြင်းအားဖြင့် ရေခွက်ထဲက ရေက အရသာကင်းမဲ့မှန်း မြင်သာသည်။ လုချစ်ယောင်အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။ သူ့စကားအရှည်ကြီးကို သူမက စကားလုံး ၂လုံးတည်းနဲ့သာ တုန့်ပြန်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့စိတ်ခံစားချက်ကို အမြန်ဆုံး ချိန်ညှိလိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒီနေ့ သူ ကြီးကြီးမားမား Surprise တစ်ခု ပြင်ဆင်ထားတာကြောင့် ဖြစ်ပါသည်။ သူတို့ အချိန်ခဏလောက် တိတ်ဆိတ်သွားကြ၏။ လင်းရုယီက တစ်ခုခုကို စဉ်းစားနေပုံပေါ်ပြီး လုကျစ်ယောင်ကတော့ စကားပြောဖို့ စိတ်ဆုံးဖြတ်ချက် ချနေသည်။ "ခုနက တဲလန့်ရှိုးမှာ အရွေးမခံလိုက်ရတာက သဲအတွက် စိတ်ထိခိုက်စရာ ကြီးကြီးမားမား ဖြစ်သွားမယ်ဆိုတာ ကိုသိပါတယ်။ ဘာမှ မဖြစ်ပါဘူး။ အဆင်ပြေသွားမှာပါ" "စိတ်မပူနဲ့ ကိုတို့ရဲ့ အနာဂတ်အတွက် ကို့မှာ အစီအစဉ်တွေရှိပြီးသားပါ။” လင်းရုယီ ခေါင်းမော့လိုက်ပြီး သူ့ဆိုလိုရင်းကို နားမလည်သလို စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် လုကျစ်ယောင်ကို စိုက်ကြည့်လိုက်ပါသည်။ "ဟင်" လုကျစ်ယောင် အပြုံးကို မထိန်းချုပ်နိုင်တော့ပါ။ "လူ ၂ ယောက်နေထိုင်နိုင်တဲ့ အာကာသယာဉ်လုံး တစ်လုံး ဝယ်ဖို့ ငါပိုက်ဆံစုလို့ ပြည့်သွားပြီ" "မနက်ဖြန် သင့်တော်တဲ့နေရာတစ်ခု သွားရွေးကြမယ်။ အဲ့ကျရင် သဲပြောင်းနေလို့ရပြီ လူ ၂ ယောက်စာ အာကာသ ယာဉ်လုံးတစ်လုံးက မကြီးပေမယ့် နောက်ပိုင်းကျရင် ကိုတို့ ပိုကြီးတဲ့ နေရာတွေဆီ တဖြည်းဖြည်း ပြောင်းသွားလို့ ရတာပဲလေ" "တစ်နေ့ကျရင် မီးဖိုချောင်တစ်ခန်းပါတဲ့ ၆၀ စတုရန်းမီတာကျယ်တဲ့ ဇိမ်ခံတိုက်ခန်း တစ်ခန်းလောက်ကို တတ်နိုင်မှာပါ။ ကိုတို့ကလေးတွေလည်း ညနေ ၆ နာရီမှာ အပြင်ထွက်နိုင်လိမ့်မယ်။ ကံကောင်းရင် နေဝင်ဆည်းဆာကိုတောင် ကြည့်နိုင်လိမ့်မယ်..." လုကျစ်ယောင်က သူ့စိတ်ကူးထဲရှိ စိတ်ကူးယဉ်ပုံရိပ်များကို ပုံဖော်ပြလိုက်သည်။ သို့သော်လည်း လင်းရုယီရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှု ပေါ်မလာပေ။ သူမက ပိုပိုပြီး စိတ်မရှည် လက်မရှည် ဖြစ်လာခဲ့ပါသည်။ "ရှင့်ပိုက်ဆံတွေကို စုထားပါ။ ကျွန်မ လူ ၂ ယောက်စာ အာကာသယာဉ်လုံးထဲမှာ မနေချင်ဘူး။ ရှင်နဲ့ လက်ထပ်ပြီး ကလေးတွေလည်း မယူချင်ဘူး" "လမ်းခွဲကြစို့" လုကျစ်ယောင်ရဲ့ အပြုံး မျက်နှာပေါ်မှာ အေးခဲသွားပါသည်။ "ဘာလို့လဲ မင်းဘာဖြစ်နေတာလဲ။ အဲ့ဒီ တဲလန့်ရှိုး ပြီးသွားကတည်းက မင်းပုံစံထူးဆန်းနေတာ... ဒီတိုင်း တဲလန့်ရှိုးလေးတစ်ခုပဲကို... အရေးကြီးတာမှ မဟုတ်တာ..." "ရှင်က ကျွန်မခံစားချက်တွေကိုမှ နားမလည်တာ။ အရေးမကြီးဘူးလို့ ထင်မှာပေါ့" လင်းရုယီ ခက်ထန်စွာ ပြောလိုက်သည်။ လုကျစ်ယောင်ဆွံ့အသွား၏။ "သဲ ဘယ်လိုခံစားရလဲ ကိုသိတာပေါ့။ တဲလန့်ရှိုးအတွက် စာရင်းသွင်းကြေးကိုတောင် ကိုအားထုတ်ကြိုးပမ်းပြီး စုခဲ့ရတာ။ ကိုတို့နှစ်ယောက်စလုံးအတွက် ကြီးကြီးမားမား အရှုံးပဲလေ" လင်းရုယီ ပို၍ပင် ဒေါသထွက်သွားလေသည်။ "အဲ့တာက ရှင့်အတွက် ကြီးကြီးမားမား အရှုံးလား။ ရှင်က ပိုက်ဆံပဲ ဆုံးရှုံးသွားတာ။ ကျွန်မက အိပ်မက်ကို ဆုံးရှုံးသွားရတာရှင့်" လုကျစ်ယောင် ခေတ္တ ပြောစရာ စကားမဲ့သွား၏။ ရုတ်တရက် ဒီကိစ္စကြီးက ထူးဆန်းလွန်းနေသည်ဟု ခံစားလာရပြီး ဆက်မေးလိုက်ပါသည်။ "အချစ်၊ မင်းဘာတွေဖြစ်နေတာလဲကွာ" "ကိုဘာမှလည်း အမှားလုပ်မိတယ်လို့ မထင်ဘူး မင်းနဲ့အတူနေဖို့ ၂ ယောက်နေ အာကာသယာဉ်လုံးတစ်ခုဝယ်ဖို့ပဲ အစီအစဉ်ချထားရုံလေးပါ။ ဘာလို့ အဲ့လောက်ဒေါသထွက်နေရတာလဲ" "ကျွန်မဘာလို့ ဒေါသထွက်နေရတာလဲဟုတ်လား" လင်းရုယီရဲ့ စိတ်အခြေအနေ ပို၍ပင် ဆိုးရွားလာပုံရသည်။ "အားလုံးကိုပဲ" နှစ်ယောက်စလုံးက အင်္ဂလိပ်လိုပြောနေတာဖြစ်သဖြင့် ထို'အဲဗရီးသင်း'ဆိုတာကြီးက တော်တော် ကြောက်ဖို့ကောင်းပါသည်။ "လမ်းဘေးဆိုင်က ရေရောထားတဲ့ ခပ်ပေါပေါ သောက်စရာတွေကို ဒေါသထွက်တယ်၊ အန်ချင်စရာ ဆီတွေရွှဲနေတဲ့ အစားအစာတွေ စားရတာ၊ ဆင်းရဲသားရပ်ကွက်ထဲမှာ ကြွက်တွေနဲ့ အတူတူ တစ်ရက် ၃ နာရီပဲ လမ်းလျှောက်ခွင့်ရတာကို ဒေါသထွက်တယ်..." လုကျစ်ယောင် ကြက်သေသေသွားရ၏။ "ဒါပေမယ့် ကိုတို့ အစကတည်းက ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတာ မဟုတ်ဘူးလား။ မင်း ဘာတွေပြော... မဟုတ်မှလွဲရော မင်း..." လင်းရုယီ ဝတ်ထားတဲ့ လက်ဝတ်တန်ဆာတွေက ပိုများနေပြီး အနည်းငယ် ပူလာတဲ့ သူမရဲ့ ဗိုက်ကို လုကျစ်ယောင် မြင်သွား၏။ သူ့စိတ်ထဲမှာ ဆိုးဆိုးရွားရွား အတွေးတစ်ခု ပေါ်လာခဲ့သည်။ လင်းရုယီလည်း ပြိုလဲခါနီးဆဲဆဲ။ သူမမျက်နှာကို လက်ဖြင့်အုပ်ပြီး အလွန်စိတ်ဆုံးဖြတ်ချက် ခိုင်မာပြီးမှ မျက်ရည်တွေနဲ့ ခေါင်းပြန်မော့လိုက်ပါသည်။ "တောင်းပန်ပါတယ်။ ကျွန်မရှင့်ကို မလိမ်ချင်တော့ဘူး။ ကျွန်မ အဲ့ဒီ အကဲဖြတ်ဒိုင်နဲ့ ချစ်သူတွေ ဖြစ်သွားပြီ။ သူ့ကလေးကို ကိုယ်ဝန်ဆောင်ထားရပြီ" "အဲ့တာကြောင့် လမ်းခွဲကြစို့။ ကျွန်မတို့ ပြတ်ပြီ" လုကျစ်ယောင်ရဲ့ မျက်နှာထားများက သံသယမှ ရှော့ခ်ရမှု၊ ထို့နောက် နောက်ဆုံးတော့ စိတ်ဓာတ်ပြိုလဲမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အစ အရှေ့ကိုနည်းနည်းကုန်းကာ စကားပြောနေခဲ့သည့် သူ့ခန္ဓာကိုယ်လည်း ရုတ်တရက်ကြီး ခိုကိုးရာမဲ့စွာ အနောက်ကို ပြိုလဲသွားတော့သည်။ လင်းရုယီက မတ်တပ်ရပ်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်၏။ သို့သော်လည်း လုကျစ်ယောင်က သူမရဲ့ လက်ကောက်ဝတ်ကို ချက်ချင်း လှမ်းဆွဲလိုက်၏။ "သူမင်းကို လက်မထပ်ဘူးမလား။ ဒါမှမဟုတ် ပိုက်ဆံတွေအများကြီး ပေးသွားတာလား။ ဒီကလေးကိုတောင် သူဂရုမစိုက်ဘူးမလား။ မဟုတ်ရင် မင်း ဒီလောက် လမ်းပျောက်နေပြီး စိတ်ဓာတ်ပြိုလဲနေမှာ မဟုတ်ဘူးမလား" "ဧကန္တ... မင်းကိုယ်ဝန်ရှိနေမှန်း သိတော့ သူ မင်းကို စွန့်တောင် စွန့်ပစ်သွားတာ မဟုတ်လား" လင်းရုယီ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွား၏။ လုကျစ်ယောင် သူ့ခန့်မှန်းချက် မှန်ကန်မှန်း နားလည်သွားကာ သူ့မှာ အခွင့်အရေး ရှိသေးမှန်း သိလိုက်ရသည်။ သူ ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်ပါသည်။ "ဘာမှ မဖြစ်ဘူး ဘာမှမဖြစ်ပါဘူး...." "မင်းတစ်ယောက်တည်းဆိုရင် အရမ်းခက်ခဲမှာ။ ကိုယ်ဝန်ရှိိနေတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်သူမှ လက်ခံချင်မှာ မဟုတ်ဘူး။ မင်း ကို့ကို လိုအပ်တယ်။ ဒီကလေးကို မင်းနဲ့ အတူတူ ကိုတာဝန်ယူပေးပါ့မယ်" "ကို့ကို ယုံပါ၊ ကို ဘာမှ စိတ်ထဲမရှိပါဘူး။ ကိုသေချာပေါက်...." သူ့အသံက တောင်းတောင်းပန်ပန် လေသံမျိုး ဖြစ်နေသည်။ လင်းယုရီ ခေတ္တ တိတ်ဆိတ်သွားပြီး လုကျစ်ယောင်ရဲ့ လက်ကို ခွာပစ်လိုက်သည်။ "ဒီကလေးက အထက်တန်းစားတစ်ယောက်ရဲ့ သွေးပါနေတာ။ သူ့ကို ရှင့်လိုမျိုး အသုံးမကျတဲ့ လူဆင်းရဲတစ်ယောက် ဖြစ်မလာစေချင်ဘူး" လင်းရုယီ ဆုံးဖြတ်ချက် ပြတ်သားစွာ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားတော့သည်။ သူမထွက်သွားတာကို လုကျစ်ယောင် ငေးကြည့်နေရသည်။ ပါးစပ်ကို ဟလိုက်ပြီး သူမကို အော်ခေါ်ဖို့ ကြိုးစားသည်။ သို့သော် ဘာမှ ထွက်မလာပေ။ သူ့အားအင်တွေအကုန်လုံး ခမ်းခြောက်သွားသည့်အလား။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မြေပေါ်ကို ယိုင်လဲသွားတော့သည်။ "ကတ်" "မဆိုးဘူး။ တော်တော်ကောင်းတယ်" "၇ ခါ ၈ ခါလောက် ပြန်ရိုက်လိုက်ရပြီး နောက်ဆုံးတော့ စိတ်ကျေနပ်ဖို့ ပိုကောင်းတာကို ရသွားပြီ။ အားလုံး ပင်ပန်းသွားကြပြီ" ဒါရိုက်တာကျူးရှောင်စဲက ဦးဆောင်စွာ အားပေး လက်ခုပ်ချီးမြှင့်လိုက်ကြပါသည်။ ထိုအချိန်တွင် ဇာတ်လိုက်မင်းသမီး သရုပ်ဆောင် လင်းရုယီက ခပ်ပျာပျာဖြင့် ဒါရိုက်တာကျူးရှောင်စဲနဲ့ ရိုက်ကူးရေး အဖွဲ့သားများ၊ ထို့နောက် လုကျစ်ယောင်တို့ကို ဦးညွှတ်လိုက်ပါသည်။ "လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာကြီး။ စီနီယာကြီးရဲ့ သရုပ်ဆောင် ကောင်းမွန်မှုကြောင့်သာ မဟုတ်ရင် ကျွန်မ ဒီလောက် စိတ်နှစ်ထားနိုင်မှာ မဟုတ်ဘူး" လုကျစ်ယောင် ပြုံးလိုက်ပါသည်။ "ခင်ဗျားရဲ့ သရုပ်ဆောင်စွမ်းရည်က အစကတည်းက ကောင်းတာပါ။ ကျွန်တော်နာမည်မယူရဲပါဘူး။ ပြီးတော့ ကျွန်တော်က 'ရုံတင်ငွေအဆိပ်အတောက်' တစ်ယောက်ပဲဟာ။ သရုပ်ဆောင်တာနဲ့ ပတ်သတ်ရင် ဘယ်သူက ဘယ်သူ့ကို လမ်းညွှန်ပေးတာလဲ အားလုံး သိကြမှာပါ" တိုးတိုးတိတ်တိတ် စောင့်ကြည့်နေသည့် ဖေးချမ့် ရင်ထဲမှာ လက်မထောင်ပြလိုက်ပါသည်။ တော်လိုက်တာ ခုနက ဇာတ်ဝင်ခန်းကြောင့် သူ ကြက်သီးများပင် ထသွားရသည်။ တစ်ယောက်ယောက်ကိုတောင် ရိုက်ချင်လာသလို ခံစားမိစေ၏။ လုကျစ်ယောင်က ကပ်ဖားလျက်ဖားလူတစ်ယောက်ဖြစ်ဖို့ လမ်းသွယ်ခံရသည်။ နောက်ဆုံးစကားလုံးတချို့က ကပ်ဖားလျက်ဖားလူတွေ ဇာတ်သိမ်းမလှတတ်ကြောင်းကို သိသိသာသာ ရှင်းပြထား၏။ ထို့အပြင် လင်းရုယီကလည်း မုန်းစရာ မိန်းမနေရာကို တိတိကျကျ သရုပ်ဆောင်သွားနိုင်သည်။ အစောပိုင်းက မျက်နှာထားအသေးစိတ်များနဲ့ စိတ်ခံစားချက်များက အလွန်ကောင်းမွန်ကြသည်။ နောက်ဆုံး စကား ၂ခွန်းက ရွှေမှုန်ကြဲလိုက်သလို။ ရိုက်ကွင်းကိုကြည့်တာနဲ့တင် ဖေးချမ့် အတော်လေး အနေခက်လာသည်။ အလွန် အဆိပ်အတောက် ဆန်လွန်းပါသည်။ ယောက်ျားလေးတွေဆို ပါးစပ် ပိတ်သွားနိုင်ပြီး မိန်းကလေးတွေဆို ကြည့်ရင်းနဲ့ ငိုသွားနိုင်သည်။ သူသာ ဒီရုပ်ရှင်ကို ရုပ်ရှင်ရုံတစ်ခုမှ ကြည့်ရမည် ဆိုပါက ဖေးချမ့် ဒေါသကြောင့် သတိလစ်သွားနိုင်သည်ဟု ခံစားမိသည်။ ထို့အပြင် သတင်းကောင်း ကြီးကြီးမားမား တချို့ကိုလည်း ဖေးချမ့် မြင်လိုက်ရပါသည်။ လုကျစ်ယောင်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေ တိုးတက်သွားတာ ကောင်းတဲ့အရာများလား။ လုကျစ်ယောင်သာ ကောင်းကောင်း သရုပ်မဆောင်နိုင်ပါက လူတိုင်း ဂရုဏာသက်မိမှာ မဟုတ်ပါ။ ဇာတ်ကားထဲက လုကျစ်ယောင်ရဲ့ ပျက်စီးရာပျစ်စီးကြောင်းကိုပါ ဝမ်းသာသွားနိုင်သေးသည်။ ပရိတ်သတ်အတွက် သိပ်ပြီး သံယောဇဉ် ဖြစ်စရာ မဟုတ်လောက်ပေ။ သို့သော်လည်း လုကျစ်ယောင်က သရုပ်ဆောင် အလွန်ကောင်းနေသဖြင့် သူ့ဆီက ကပ်ဖားလျက်ဖား တစ်ယောက်ရဲ့ အရှိန်အဝါတွေကို လူတချို့ ခံစားမိနိုင်ကာ အနေခက်မှုတွေလည်း ဖြစ်လာနိုင်သည်။ လုကျစ်ယောင်ရဲ့ ပရိတ်သတ်တွေကတော့ ကျိန်းသေပေါက် ဒေါသထွက်မှာပဲ မဟုတ်လား။ ထိုအခါ ဒီရုပ်ရှင်ကို ဝေဖန်တဲ့လူပိုများလာမည်။ ဖေးချမ့်ရုတ်တရက် စိတ်အေးသွားရသည်။ ကြည့်ရတာ လုကျစ်ယောင်ကို သရုပ်ဆောင်စွမ်းရည် တိုးတက်သွားအောင် နည်းနည်းကူညီပေးခဲ့တာ ပြဿနာကြီးကြီးမားမား မဟုတ်တော့သည့်ပုံပင်။ ဇာတ်ညွှန်းက အဆိပ်အတောက်ဆန်နေပါက အကောင်းဆုံး သရုပ်ဆောင်တောင် ကယ်နိုင်မှာ မဟုတ်ပေ။ ဖေးချမ့်ရဲ့ မျက်နှာပေါ်မှာ ကိုယ်တိုင် သတိမထားမိတဲ့ အပြုံးတစ်ခုပေါ်လာခဲ့ပြီး ဒါရိုက်တာကျူးရှောင်စဲနဲ့ ဆွေးနွေးဖို့အတွက် ရှေ့ကို ထွက်လာခဲ့ပါတော့သည်။ အခန်း(၃၅၇) ကြော်ငြာထည့်သွင်းခြင်း "ဘော့စ်ဖေး" ကျူးရှောင်စဲ ခပ်ပျာပျာဖြင့် နှုတ်ဆက်လိုက်ပါသည်။ လုကျစ်ယောင်နဲ့ ကျန်းကျုထျင်တို့အပါအဝင် ရိုက်ကွင်းကလူတွေလည်း ဘော့စ်ဖေးကို သတိထားမိသွားကြပြီး အမြန်သွားနှုတ်ဆက်လိုက်ကြပါသည်။ ဖေးချမ့်က ပြုံးကာ လက်ရမ်းလိုက်ပြီး တားလိုက်ပါသည်။ "စိတ်မပူကြပါနဲ့။ ကျွန်တော်က ဒီတိုင်းလာကြည့်တာပါ။ လုပ်စရာရှိတာ လုပ်ကြပါ။ ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ဖို့ မလိုပါဘူးဗျာ" ဖေးချမ့် သူ့ဘေးက ရိုက်ကွင်းပစ္စည်း ခွက်တစ်ခွက်ကို စိတ်ဝင်တစား ကောက်လိုက်ပြီး လက်ထဲမှာ ကလိရင်း မိတ်ဆွေဟောင်းကြီးများကို စကားနည်းနည်းပြောလိုက်ပါသည်။ ကျန်းကျုထျင်က ကျူးရှောင်စဲကို တိုးတိုးတိတ်တိတ်ပြောလိုက်၏။ "ဒါရိုက်တာကျူး။ ဒီနေ့ ဘော့စ်ဖေး စိတ်ရွှင်နေတဲ့ပုံပဲနော်' ကျူးရှောင်စဲလည်း ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တယ် ထင်တယ်။ သူ... ပီတိဖြာသွားတာဖြစ်မယ်လို့ ကျွန်တော်တော့ ထင်တယ်" ကျန်းကျုထျင် ဇဝေဇဝါဖြစ်သွား၏။ "ပီတိဖြာတယ် ဟုတ်လား" "ဟုတ်တယ် ပီတိဖြာနေတာ" စိတ်အေးလက်အေး ဖြစ်နေတဲ့ ဘော့စ်ဖေးကို ကျူးရှောင်စဲ ကြည့်လိုက်ပါသည်။ "အရင်တစ်ခေါက် ဘော့စ်ဖေး ရောက်လာတုန်းက စိတ်အေးလက်အေးပုံစံ ဖြစ်နေတယ်ထင်ရပေမယ့် စိုးရိမ်စိတ်တချို့တော့ ရှိခဲ့တယ်။ အရင်က ဘော့စ်ဖေး ချက်ချင်း လုကျစ်ယောင်ရဲ့ အိုဗာအိုက်တင်ကို ပြင်ပေးခဲ့တာလေ" "ဒီတစ်ခေါက် ဘာမှဝင်မပြောဘဲ ဘော့စ်ဖေး စောင့်ကြည့်နေတာ။ ဆိုလိုတာက သရုပ်ဆောင်တွေကို ဘော့စ်ဖေး အသိအမှတ်ပြုလိုက်ပြီဆိုတာပဲ" "အားလုံးရဲ့ သရုပ်ဆောင်စကေးတွေ အဆင်ပြေနေတာကို ဘော့စ်ဖေး ပီတိဖြာသွားတာ ဖြစ်မယ်။ သူစိတ်အေးသွားတာဖြစ်မယ်။ အဲ့တာကြောင့် ဒီလောက်အေးအေးဆေးဆေး ပုံစံမျိုးနဲ့ ရိုက်ကွင်းထဲ လျှောက်ကြည့်နေနိုင်တာပေါ့" ကျန်းကျုထျင်လည်း ခေါင်းငြိမ့်လိုက်ပါသည်။ "သြော်... ဒီလိုကိုး" "ဒီနေ့ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့ရဲ့ သရုပ်ဆောင်တင်ဆက်မှုတွေကလည်း အရမ်းကို ကောင်းတယ်။ ဘော့စ်ဖေးရဲ့ အသိအမှတ််ပြုတာကို ခံရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ ဒီကို မကြာခဏ မလာတတ်ဘူးဆိုပေမယ့် ဘော့စ်ဖေးက ဒီရုပ်ရှင်ကို အလေးထားတဲ့ ပုံစံပဲနော်" ကျူးရှောင်စဲက ပြုံးလိုက်၏။ "ဒါပေါ့ဗျ။ တိတိကျကျ ပြောရမယ်ဆိုရင် ဘော့စ်ဖေးက ပရောဂျက်အားလုံးကို အလေးထားတယ်။ မဟုတ်ရင် ဒီနေ့ဒီအချိန်အောင်မြင်မှုမျိုးကို သူ ရနိုင်မှာ မဟုတ်ဘူး..." "ဘော့စ်ဖေးလည်း ဒီရောက်နေပြီဆိုတော့ ကြော်ငြာကိစ္စ ရှင်းလိုက်မယ်" ကျူးရှောင်စဲ ရိုက်ကွင်းထဲ လျှောက်ကြည့်နေသည့် ဘော့စ်ဖေးရဲ့ နံဘေးကို သွားလိုက်ပါသည်။ ရိုက်ကွင်း ပြင်ဆင်ချိန်ကို အခွင့်ကောင်းယူပြီး အလွန် အရေးကြီးသည့် ပြဿနာတစ်ခုကို အချောသပ်ဖို့ စီစဉ်ထား၏။ "ဘော့စ်ဖေး ကျွန်တော် အချိန်ခဏလောက် ငှားလို့ရမလားဗျ။ ဒီရုပ်ရှင်နဲ့ပတ်သတ်ပြီး လက်ရှိ ကြော်ငြာကိစ္စလေးအကြောင်း အစီရင်ခံချင်လို့ပါ" ပထမတော့ ဖေးချမ့် တွန့်ဆုတ်သွား၏။ သို့သော် ခေါင်းငြိမ့်လိုက်ပါသည်။ "ရပါတယ်။ နားထောင်ကြည့်ရအောင်" 'ကြော်ငြာ'ဆိုတဲ့ စကားလုံးကြောင့် သူ ထိတ်လန့်သွားတာ ဖြစ်မှန်း သိသာပါသည်။ ကျူးရှောင်စဲက ဖေးချမ့်နဲ့အတူတူ ရိုက်ကွင်းမှာ လမ်းလျှောက်ရင်း အစီရင်ခံလိုက်သည်။ "ဘော့စ်ဖေး ဒီရုပ်ရှင်ထဲမှာ ကြော်ညာတွေ အများကြီး ပါမှာနော်။ ဆက်တင်အရဆိုရင် ဒီအနာဂတ််ကမ္ဘာက ကြော်ငြာတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာတစ်ခုပဲ။ ဇာတ်လိုက်မင်းသား အာကာသယာဉ်လုံးထဲမှာ နေနေတုန်း ကြော်ငြာတွေ ဝန်းရံထားတာကို ခံထားရသလိုမျိုးပေါ့" "အဲ့ဒီကြော်ငြာတွေကို ဘယ်လိုထည့်သွင်းရမလဲဆိုတာကို အကြာဆုံး ကျွန်တော် စဉ်းစားခဲ့ရတာပဲ။ ကုမ္ပဏီတချို့ကို ရှာဖွေပြီး သူတို့နဲ့ အတူတူ ပူးပေါင်းပြီးတော့ ကြော်ငြာထည့်သွင်းဖို့ ဆောင်ရွက်ကြမယ်" "ဒီနည်းလမ်းအတွက် အားသာချက် ၃ ခု ရှိတယ်" "ပထမတစ်ခုက အဲ့ဒီကုမ္ပဏီတွေ ကိုယ်ပိုင်ကြော်ငြာကို ရိုက်ကူးနိုင်မှာပဲ။ ဒီလိုဆို အများကြီး စီးပွားရေးအရ ပိုကောင်းတယ်။ ပြီးတော့ အဲ့ဒီကြော်ငြာတွေရဲ့ အရည်အသွေးတွေအတွက်လည်း အာမခံချက်ရှိတယ်" "ဒုတိယအနေနဲ့ ရုပ်ရှင်ကို ထုတ်လုပ်ပြီးတာနဲ့ ရေပန်းစား အကြောင်းအရာတစ်ခု အလွယ်တကူ ဖြစ်လာနိုင်တယ်။ ရုပ်ရှင်ကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားစေလိမ့်မယ်" "တတိယအနေနဲ့က ရိုးရိုးသာမန်ရုပ်ရှင်တွေမှာ ကြော်ငြာတွေကို ထည့်ရင် ပရိတ်သတ်က အလွယ်တကူ အထင်သေး ရွံရှာသွားနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ရုပ်ရှင်တွေထဲမှာ ကြော်ငြာ ထည့်တာကတော့ အဲ့လိုပြဿနာမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး။ မကောင်းတဲ့ သက်ရောက်မှုတွေက အရမ်းသေးငယ်လိမ့်မယ်" "အဲ့တာကြောင့် ထုတ်လုပ်သူတချို့နဲ့ ကုမ္ပဏီတချို့ကို ဆက်သွယ်ပြီး လုပ်ငန်းပူးတွဲချင်မလားလို့ မေးထားပါတယ်..." ဖေးချမ့် ချက်ချင်းပဲ စိတ်ဖိစီးသွားသည်။ "အခြေအနေက ဘယ်လိုလဲ" ကျူးရှောင်စဲမျက်နှာ အနည်းငယ် အနေခက်လာသည်။ "အာ... ကျွန်တော်တို့ဘက်က ဆက်သွယ်ထားတဲ့ ကုမ္ပဏီအကြီးစားတွေကတော့ လျစ်လျူရှုကြတယ်။ ဒါပေမယ့် အသေးစား ကုမ္ပဏီတချို့က ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ ဒါပေမယ့် သူတို့ရဲ့ ကြော်ငြာတွေက ဒိတ်အောက်နေပြီး အနာဂတ်ဆန်တဲ့ ကမ္ဘာနဲ့ မလိုက်ဖက်ဖူးဖြစ်နေတယ်။ အဲ့တာကြောင့် သူတို့ကို ငြင်းဆန်လိုက်ပါတယ်" ရိုးရိုးရှင်းရှင်းပြောရရင် ဘာမှ အခြေအနေ မတိုးတက်သေးတဲ့ ပုံစံမျိုးပင်... ဖေးချမ့် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်ပါသည်။ "ကောင်းတာပေါ့" ကျူးရှောင်စဲ ကြက်သေသေသွား၏။ "?" ဖေးချမ့် ရင်ထဲမှာ ခိုးပျော်လိုက်သည်။ ကြော်ငြာတွေသာ ထည့်သွင်းနိုင်လိုက်ပါက သူ ဖြုန်းတီးနိုင်မယ့်ငွေ ဘယ်လောက်နည်းပါးသွားနိုင်မလဲ။ ကုမ္ပဏီအကြီးစားတချို့က ကြော်ငြာကြေးအတွက် ယွမ် သန်းနဲ့ ချီပြီး ပေးလာရင် ဘော့စ်ဖေး သွေးချောင်းဆိုးသွားနိုင်ပါသည်။ ထို့ကြောင့် ကျိန်းသေပေါက် ဒီလို လုပ်လို့ မရပါ။ ကံကောင်းစွာဖြင့် ဖေးဟွမ်လုပ်ငန်းက ရုပ်ရှင်အသိုင်းအဝိုင်းမှာ နာမည်လည်း အများကြီး မရှိသေးပေ။ ဒီတစ်ခေါက် သူတို့ ကုမ္ပဏီအကြီးစားတွေကို သွားရှာတာကြောင့် မအောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း ပေါ့သေးသေး ယူဆလို့ရတဲ့ ပြဿနာတော့ မဟုတ်သေးပေ။ လက္ခဏာတွေကို အချိန်မှီ တားဆီးထားရပါမည်။ ကျူးရှောင်စဲ စပွန်ဆာရရှိသွားပြီး ထိုကြွယ်ဝတဲ့ ကုမ္ပဏီအကြီးစားများကို အယုံသွင်းနိုင်ခဲ့ပါက ကုန်ကျစရိတ် အများစုကို ရုပ်ရှင်မထုတ်လုပ်ရသေးခင်မှာပဲ ပြန်ရသွားလိမ့်မည်။ ဒါဆို အရာအားလုံးကို ဖျက်ဆီးပြီးသား ဖြစ်သွားပါလိမ့်မည်။ ဖေးချမ့် ထိုအကြောင်းကို စဉ်းစားမိသောအခါ အလွန် လေးနက်သွားသည်။ "ပထမနှစ်ချက်တော့ မှန်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတစ်ချက်က ပြဿနာ နည်းနည်း ရှိတယ်" "လက်တွေ့ကမ္ဘာမှာရှိနေတဲ့ ဘရန်းကြော်ငြာကြီးတွေကို ရုပ်ရှင်ထဲထည့်လိုက်ရင် ဘာပဲဖြစ်ဖြစ် ပရိတ်သတ်က လက်တွေ့ဆန်မှုကြီးကို ခံစားရမှာပဲ။ ငါတို့ရုပ်ရှင်ရဲ့ ရည်ရွယ်ချက်က ထူးခြားပေမယ့် ပရိတ်သတ်ရဲ့ ကြည့်ရှုမှု ရသအပေါ် သက်ရောက်မှု ရှိစေလိမ့်မယ်" "ပြီးတော့လည်း ငါတို့ရုပ်ရှင်ထဲမှာက အရွဲ့တိုက်တဲ့ ပုံစံမျိုးတွေ ခပ်များများပါတယ်။ ငါတို့ကြော်ငြာနေရာတွေကို ဝယ်သွားတဲ့ ကုမ္ပဏီတွေက အနည်းနဲ့အများ သရော်ခံရမှာပဲ" "သူတို့ဘရန်းရဲ့ ဂုဏ်သိက္ခာအပေါ် သက်ရောက်မှုကောင်းတော့ မရှိနိုင်ဘူး။ အဲ့တာကြောင့် ဒီလို ကြော်ငြာ ထည့်သွင်းမှုမျိုး လုပ်ချင်ကြမှာ မဟုတ်ဘူး" "အတိုချုံးအားဖြင့် ဒီလိုလုပ်ရပ်မျိုးကို ဘယ်သူမှ မလိုချင်ကြဘူး" ကျူးရှောင်စဲ ဂရုတစိုက် ပြန်စဉ်းစားကြည့်လိုက်ပြီး ခေါင်းကို ခပ်မြန်မြန်ငြိမ့်လိုက်ပါသည်။ "ဟုတ်တယ် ဘော့စ်ဖေး။ ကျွန်တော် အခု နားလည်သွားပြီ" ဘော့စ်ဖေးရဲ့ ခပ်မှိုင်းမှိုင်းမျက်နှာကို မြင်ရတာ ကျူးရှောင်စဲ အနည်းငယ် ကြောက်ရွံ့မိပါသည်။ အခြေအနေ တစ်ခုလုံးကို သူ ဖျက်ဆီးမိတော့မလို ဖြစ်သွား၏။ သေချာစဉ်းစားကြည့်မှ ဘော့စ်ဖေးပြောတာ မှန်ပါသည်။ သူတို့ဘာပဲပြောပြော ကြော်ငြာထည့်သွင်းတာက ကြော်ငြာထည့်သွင်းတာပဲဖြစ်သည်။ ပရိတ်သတ်က ရုပ်ရှင်ကြည့်ဖို့ လက်မှတ်ဝယ်ထားတာ ဖြစ်သည်။ သူတို့ကို ကြော်ငြာတွေ ထိုင်ကြည့်ခိုင်းရမှာ မဟုတ်သေးပါ။ ကောင်းကောင်းမစီမံပါက ပျက်စီးရာပျက်စီးကြောင်း တစ်ခုပင် ဖြစ်လာနိုင်ပါသည်။ သူတို့ ငွေရနိုင်ချေရှိသော်လည်း သူတို့ နာမည်သာ ပျက်လျှင် ဘော့စ်ဖေးရဲ့ လိုအပ်ချက်တွေကို ပြည့်မှီစေမှာ မဟုတ်ပါ။ ကျူးရှောင်စဲ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိသည်။ ကြော်ငြာထည့်သွင်းမှုတွေက ထန်းတာ့ရဲ့ ခံယူချက်နဲ့ ဆန့်ကျင်နေတာ လုံးဝ သိသာပါသည်။ ဒီသင်ခန်းစာကို ကောင်းကောင်းမှတ်ထားရမည်။ ပထမပလန်ကို ဘော့စ်ဖေးက ငြင်းလိုက်တာကြောင့် ဒုတိယပလန်တော့ ရှိလိမ့်ဦးမည်။ ကျူးရှောင်စဲ ခေတ္တတွန့်ဆုတ်သွားပြီး ဆက်ပြောလိုက်ပါသည်။ "ဘော့စ်ဖေး။ တခြား ကုမ္ပဏီတွေရဲ့ ကြော်ငြာကို သုံးလို့ မရဘူးဆိုရင် ကျွန်တော်တို့ဖာသာ ရိုက်မှ ရလိမ့်မယ်" ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ "ဒါပေါ့ ကိုယ့်ဟာကိုယ် ရိုက်ရမှာပေါ့" ငွေဖြုန်းနိုင်ဖို့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို သူ လက်လွှတ်စရာလား။ ဖေးချမ့် စဉ်းစားပြီး ထပ်ပြောလိုက်သည်။ "ငါ့အမြင်မှာတော့ ကြော်ငြာကဏ္ဍက တော်တော်လေး အရေးကြီးတယ်။ အဆင့်မြင့်မြင့်၊ ဇာတ်နိမ့်နိမ့် တန်ဖိုးရှိပေမယ့် အမျိုးအစားနဲ့ ဖြစ်ရမယ်" "ငါ တွေးထားတာက.... အာ... မင်း ဘယ်လို ရိုက်ချင်လဲ အရင်ပြောပါလား" ဖေးချမ့် ပထမတော့ ယေဘုယျဦးတည်ချက် တစ်ခုကို စဉ်းစားမိထားသည်။ သို့သော်လည်း ရုတ်တရက် ကိုယ့်ကိုယ်ကို တားဆီးလိုက်၏။ 'ကျောက်တုံးကိုရွှေဖြစ်သွားစေခဲ့တဲ့ သူ့သမိုင်းဟောင်းတွေကို ပြန်စဉ်းစားမိပြီး ကျူးရှောင်စဲရဲ့ အကြံတွေကို ဝင်မနှောင့်ယှက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဖေးချမ့်ထက်ပိုကောင်းတဲ့ အိုင်ဒီယာရှိနိုင်တာပဲ မဟုတ်လား။ ကျူးရှောင်စဲရဲ့ အိုင်ဒီယာတွေက ငွေများများ ရနိုင်ချေရှိနေမှ ဖေးချမ့် ဝင်ပါပါလိမ့်မည်။ ကျူးရှောင်စဲ ခေတ္တစဉ်းစားကြည့်လိုက်သည်။ "ဘော့စ်ဖေး ကျွန်တော် တွေးထားတာက...." "ဦးနှောက်ကျင်းတဲ့ ကြော်ငြာမျိုး ရိုက်ရအောင် ဆိုလိုတာက ကြော်ငြာတစ်ခုကို သုံးလေးခါ ဒါမှမဟုတ် အဲ့ထက် ပိုများအောင် ထပ်ခါထပ်ခါ ပြပေးလိုက်မယ်။ ဒါမှ လူတွေ ဘယ်တော့မှ မမေ့နိုင်မှာ" "အဲ့လိုကြော်ငြာမျိုးတွေက လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ပေါ်လာဖူးတယ်လေ။ လတ်တလောမှာ နည်းပါးသွားတယ်ဆိုပေမယ့် ရှိနေကြတုန်းပဲ" "အရင်တုန်းကလည်း ကျွန်တော်တို့ အဲ့လို ကြော်ငြာမျိုးတွေ ရိုက်ဖူးတယ်။ ဒီလိုဆို ပရိတ်သတ်က ရွံရှာသွားပြီး အဲ့တာတွေကို ကြည့်နေရတဲ့ ဇာတ်လိုက်မင်းသားကိုပါ ဂရုဏာသက်သွားလိမ့်မယ်။ အဲ့တာဆို ဒီရုပ်ရှင်ရဲ့ အရွဲ့တိုက်မှုကို ပိုပြီး လေးနက်သွားစေလိမ့်မယ်" ကျူးရှောင်စဲရဲ့ အတွေးကို နားထောင်ပြီးနောက် ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွားရသည်။ မဟုတ်သေးဘူး... ကျူးရှောင်စဲရဲ့ နည်းးလမ်းအတိုင်းသာ လိုက်လုပ်ရရင် Jackpot ထိနိုင်နေဆဲဖြစ်သည်ဟု ခံစားနေရသည်။ အရင်တုန်းကလည်း ဦးနှောက်ကျင်းကြော်ငြာတွေရဲ့ စွမ်းပကားကို ဖေးချမ့် ခံစားဖူးပါသည်။ ထိုကဲ့သို့ ကြော်ငြာတွေရဲ့ ဝိသေသလက္ခဏာများက ကြွားလုံးထုတ်ဖို့သက်သက် ဖြစ်သည်။ မှန်မှန်ကန်ကန် သုံးစွဲပါက ဘရန်းတစ်ခုမှာ အမျိုးအစားတစ်ခုလုံးရဲ့ မျက်နှာစာဖြစ်လာပြီး ထို'ဘရန်း'က ထို'ထုတ်ကုန် အမျိုးအစား'ရဲ့ ထိပ်တန်းမှာ ရှိနေသည်ဟူသော အထင်အမြင်မှားမျိုးကို ပေးစွမ်းနိုင်သည်။ အတိုချုံးအားဖြင့် ထိုကဲ့သို့ ကြော်ငြာများ ရေပန်းစားရခြင်းမှာ ၎င်းရဲ့ ပြောင်မြောက်တဲ့ အာနိသင်ကြောင့်သာ ဖြစ်သည်။ ရုပ်ရှင်တစ်ခုမှာသာ ဒီလိုဦးနှောက်ကျင်းကြော်ငြာတွေနဲ့ ပြည့်နှက်သွားပါက ပရိတ်သတ်တွေအကြား ပြောဆိုမှု များပြားလာနိုင်သည်။ မလိုအပ်တဲ့ ရေပန်းစားမှုတွေပါ ဖြစ်လာနိုင်သည်။ ဖေးချမ့် တိုးတိုးတိတ်တိတ်သက်ပြင်းချလိုက်မိ၏။ မဖြစ်သေးဘူး။ ဒီလက်အောက်ငယ်သားတွေက အားကိုးဖို့ အရမ်းတော်လွန်းနေကြတယ်။ ကျူးရှောင်စဲ အရှုံးပေါ်မယ့် အိုင်ဒီယာရဖို့က အရမ်း ခက်လွန်းနေတယ်။ သူကိုယ်တိုင်လုပ်မှ ဖြစ်ပါမည်။ ဖေးချမ့် စဉ်းစားပြီးပြောလိုက်ပါသည်။ "ဦးနှောက်ကျင်း ကြော်ငြာတွေကလည်း အရမ်းကြီး ရေပန်းမစားဘူး" "ပထမဆုံး နည်းပညာက တိုးတက်နေတာ။ အချိန်တွေကလည်း တရွေ့ရွေ့ကုန်လွန်နေတာ။ ဦးနှောက်ကျင်းကြော်ငြာတွေရဲ့ အာနိသင်က ထင်ရှားပေမယ့် လူပေါင်းများစွာရဲ့ ရွံရှာမှုကိုလည်း ခံလာရတယ်။ အရေအတွက်အားဖြင့်လည်း လျော့နည်းလာကြပြီ" "ဒီရုပ်ရှင်ထဲက ဆက်တင်က အနာဂတ်ကာလမှာနော်။ အဲ့ကာလမှာ ကြော်ငြာလုပ်ငန်းက ပိုဖွံ့ဖြိုးတိုးတက်နေပြီး ဆန်းသစ်တဲ့ ဦးတည်ချက်တွေ ရှိနေလောက်ပြီ။ ပရိတ်သတ်တွေကို ဦးနှောက်ကျင်းတဲ့ ကြော်ငြာတွေသာ ပြလိုက်ရင် အနာဂတ်ကာလရဲ့ ကြော်ငြာတွေက ဒီလိုကြီးတွေလား ဆိုပြီး တွေးသွားကြလိမ့်မယ်။ အခုခေတ်လူတွေ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ကြော်ငြာတွေ ကြည့်နေရသလိုမျိုး ဖြစ်သွားမယ်။ တော်တော် ထူးဆန်းပြီး ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ မလိုက်ဖက်ရာ ကျတယ်" ကျူးရှောင်စဲ လက်ခံသယောင်ယောင်နဲ့ ခေါင်းငြိမ့်လိုက်ပါသည်။ ဖေးချမ့် ဆက်ပြောလိုက်သည်။ "ဒုတိယတစ်ခုက အဲ့လိုကြော်ငြာမျိုးတွေက အရမ်းအာနိသင်ကောင်းလွန်းလို့ ရုပ်ရှင်ထက်တောင် ပိုတောက်ပသွားနိုင်တယ်။ ပရိတ်သတ်က ကြော်ငြာတွေကိုပဲ အာရုံပိုစိုက်နေကြရင် သရုပ်ဆောင်တွေရဲ့ စွမ်းရည်တွေ ဒါမှမဟုတ် ရုပ်ရှင်ဇာတ်လမ်းရဲ့နောက်ကွယ်က ကြွယ်ဝဲ့ အဓိပ္ပာယ်ကို မြင်ဖို့ အချိန်ရှိမှာ မဟုတ်တော့ဘူး" "အဲ့တာကြောင့် ငါအကြံပေးချင်တာကတော့ ခပ်ကြီးကြီး၊ ခပ်လန်းလန်း ဆက်တင်တွေနဲ့ နားလည်ရခက်တဲ့ ကြော်ငြာတချို့ ရိုက်ဖို့ပဲ" "အဲ့ဒီကြော်ငြာတွေကို ထပ်ခါ ထပ်ခါ ဖွင့်ပြလိုက်။ ဒါမှ ပရိတ်သတ်က ဆက်တိုက် ကြည့်နေပေမယ့် လမ်းပျောက်ပြီး ဘာမှ နားလည်ကြမှာ မဟုတ်ဘူး။ ဒါဆို အနာဂတ်ကာလရဲ့ ကြော်ငြာဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ကိုက်ညီသွားလိမ့်မယ်" "အဲ့ကြော်ငြာတွေထဲက ဘရန်းတွေအတွက်က... စိတ်ကူးယဉ်ဘရန်းတွေပဲ ဖန်တီးလိုက်။ ကြော်ငြာတွေက အဆင့်အတန်းကော အရည်အသွေးကော မြင့်နေရမယ်နော်။ နားလည်လား" ကြော်ငြာတွေကို ရိုက်ကူးတာတော့ ရိုက်ကူးရမည်။ သို့သော် ဘယ်လိုပုံစံမျိုးဖြစ်ရမလဲဆိုတာကို ဖေးချမ့် တိတိကျကျ ပြောပြမှာ မဟုတ်ပါ။ လမ်းမှားရောက်နိုင်ချေရှိတဲ့ ဦးတည်ချက်တစ်ခုကိုသာ လမ်းညွှန်ပေးလိုက်နိုင်ပြီး ကျူးရှောင်စဲရဲ့ ဆောင်ရွက်ပုံကို စောင့်ကြည့်နေနိုင်မည်။ ကျူးရှောင်စဲ အကြာကြီး တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။ "ဘော့စ်ဖေး အရမ်းခက်ခဲတဲ့ တာဝန်ဆိုပေမယ့်... ကျွန်...ကျွန်တော်ယုံကြည်ချက် ရှိပါတယ်" အခန်း(၃၅၈) ဝန်ထမ်းလက်စွဲစာအုပ်အသစ် ဒီဇင်ဘာလ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်ခင်း... ဝူပင်းတစ်ယောက် စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုများနဲ့ ရှန်းဟွာဗျူးကို ရောက်လာခဲ့သည်။ တနင်္လာနေ့တုန်းက ရလဒ်များကို သိခဲ့ရပြီး သူအင်တာဗျူးအောင်ခဲ့ပါပြီ။ ထိုအချိန်တုန်းက အလွန်ပျော်ရွှင်ခဲ့ရသည်။ လုပ်ငန်းခွင်ထဲ စဝင်ကတည်းက ဒီလောက်ထိ မပျော်ဖူးခဲ့ပါ။ ထန်းတာ့ရဲ့ စီစဉ်မှုများအရဆို ဝန်ထမ်းသစ်များက အင်တာဗျူးအောင်ပြီးနောက် အချိန်မရွေး ကုမ္ပဏီကို ဝင်ရောက်နိုင်ပါသည်။ တာဝန်လွှဲပြောင်းမှုများကို စိုးရိမ်စရာမရှိသဖြင့် ထန်းတာ့က သူတို့ကို ဘယ်နေ့ဘယ်ရက် အလုပ်စတက်ရမည်ဟု တွန်းအားပေးထားတာ မရှိပေ။ သူတို့ လုပ်ရိုးလုပ်စဉ်တွေပြီးတဲ့ ဘယ်အချိန်မဆို တရားဝင် ဝင်ရောက်နိုင်ပါသည်။ ဝူပင်းသည် ဟန်းထုဂိမ်းကိုအရင်ပြန်ပြီး အလုပ်ထွက်တော့မယ့်အကြောင်း ဘော့စ်ကို အကြောင်းကြားခဲ့ပါသည်။ သူ့ကို ဆွဲထားသေးသည်။ ကုမ္ပဏီမှာ သူ့ကို ဆွဲထားဖို့အတွက် အကြောင်းပြချက်ကောင်းကောင်းတွေလည်း ရှိပါသည်။ ဥပမာ လွှဲပြောင်းခံရမည့် တာဝန်များရှိခြင်း၊ နှစ်ပတ်လည်အစည်းအဝေးပွဲ၌ နှစ်ကုန်ဘောနပ်စ်များကို ဆွေးနွေးတော့မှာဖြစ်ကြောင်း အစရှိသည်ဖြင့် အကြောင်းရင်းမျိုးစုံ ရှိနေလေ၏။ အားလုံးက အချိန်အကြာကြီး အလုပ်တူတူလုပ်ခဲ့ကြတာကြောင့် သံယောဇဉ်တွယ်နေခြင်း၊ လစာတိုးမြင့်ပေးနိုင်ခြင်း စသည်တို့လည်း ပါသည်။ သို့သော်လည်း ဝူပင်းကတော့ ခဏတာလေးတောင် မနှောင့်နှေးဘဲ အလုပ်ထွက်ခဲ့ပါသည်။ အကြောင်းအရင်းကတော့ ရိုးရှင်းသည်။ ထန်းတာ့မှာ အလုပ် စောစော စလုပ်လေလေ ထန်းတာ့မှ လစာမြင့်မြင့်ကို ပိုစောစောရလေ ဖြစ်သည်။ ဟန်းထုဂိမ်းက သူ့ကို လစာတိုးမြှင့်ပေးမည်ဖြစ်ကြောင်း ကတိပေးထားသည်။ သို့သော်လည်း ထိုလစာက ထန်းတာ့ဂိမ်းရဲ့ အခြေခံလစာကို ဘယ်တော့မှ မှီနိုင်မှာ မဟုတ်ပေ။ သူ အလုပ် စောစောဝင်လေလေ ငွေများများပိုရလေလေ ဖြစ်သည်။ ထို့ကြောင့် ဝူပင်း ၁ မိနစ်တောင် မနှောင့်နှေးတော့ပါ။ ဝန်ထမ်းသစ်အသုတ်ရဲ့ ပထမဆုံးသောလူ ဖြစ်ချင်ပါသည်။ သူမသေချာတဲ့တစ်ခုတည်းသောအရာက နှစ်ကုန်ဘောနပ်စ်များနဲ့ နှစ်ပတ်လည်အစည်းအဝေးပွဲမှ လက်ဆောင်များကို သူရနိုင်မလားဆိုတာကိုပင်။ ယခင်ကုမ္ပဏီမှာ ဆက်နေပါက ကျိန်းသေပေါက် ရနိုင်ပါလိမ့်မည်။ သို့သော်လည်း ဟန်းထုဂိမ်းရဲ့ နှစ်ကုန်ဘောနပ်စ်နဲ့ နှစ်ပတ်လည်အစည်းအဝေးပွဲ လက်ဆောင်များက အရမ်းကြီး ထူးခြားနေမှာ မဟုတ်မှန်း ဝူပင်း သိပါသည်။ သူတို့ရဲ့ နှစ်ကုန်ဘောနပ်စ်ဆိုတာကလည်း တစ်လတာ လစာမျှသာ ရှိလိမ့်မည်။ နှစ်ပတ်လည် အစည်းအဝေး လက်ဆောင်ကလည်း မုန့်ဖိုးသာသာ ရှိလိမ့်မည်။ ယွမ် ၂၀၀ - ၃၀၀ လောက် ရနိုင်ရင်တောင် ကံကောင်းလှပါပြီ။ ဒီအသေးစားမက်လုံးလေးနဲ့ ဝူပင်းကို ဆက်ပြီး ခေါ်ဆောင်ထားဖို့ မလုံလောက်ပါသည်။ ဝူပင်း စိတ်မကောင်းဖြစ်နေသည်။ လူတွေကို သိမ်းသွင်းနိုင်တာက HR နဲ့ ဘာမှ မဆိုင်ပါ။ အရေးကြီးဆုံးအချက်က ကိုယ့်ဝန်ထမ်းတွေကို ကုမ္ပဏီတစ်ခု ဘယ်လိုဆက်ဆံသလဲဆိုတာပင်။ ထန်းတာ့ရဲ့ ဝန်ထမ်းပေါ်လစီများကြောင့် ပါရမီရှင်များကို HR က သိမ်းသွင်းဖို့တောင် မလိုပါ။ ဒီလို အကျိုးခံစားခွင့်တွေ ပေါက်ကြားလာတာနဲ့ အလုပ်ရှာဖွေနေသူများ အုပ်လိုက် ရောက်လာကြပါလိမ့်မည်။ တစ်ဖက်မှာတော့ ဟန်းထုဂိမ်းပြောချင်တာ ပြောလို့ရသည်။ သို့သော်လည်း 'ပါရမီရှင်တွေကို ကမ်းလှမ်းချက်နိမ့်နိမ့်နဲ့ ဘယ်လို သိမ်းသွင်းသလဲ'ဆိုတဲ့ မေးခွန်းမေးခံရရင်တော့ ဘာမှ ပြောနိုင်ကြမှာ မဟုတ်ပါ။ ဝူပင်းက သူ့ရဲ့စျေးအကြီးဆုံး Suit ကြီးကို ဝတ်ပြီး ခေါင်းမော့ရင်ကော့လျက် ရှန်းဟွာဗျူးထဲကို ဝင်လာခဲ့ပါသည်။ ထို့နောက် ၁၆ ထပ်မြောက်ကို ဓာတ်လှေကားဖြင့် သွားလိုက်သည်။ ထန်းတာ့ရဲ့ အထပ်စုစုပေါင်းက အတော်လေး ကျယ်ပြန့်ပါသည်။ ဖေးဟွမ်လုပ်ငန်း၊ လေဆန်ပို့ဆောင်ရေးလုပ်ငန်း၊ ယွီအင်တာနက်ကဖေး၊ အော့တိုနည်းပညာ၊ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများနဲ့ တခြား လုပ်ငန်းတွေက ရှန်းဟွာဗျူး အဆောက်အဦးမှာ မဟုတ်ပါ။ ကိုယ်ပိုင် ရုံးအဆောက်အဦးများ ရှိကြပါသည်။ ထန်းတာ့ဂိမ်း၊ ကျုံးထျန်တရုတ်နက်ဝေါ့ခ်နဲ့ TPDb တို့သာ ရှန်းဟွာဗျူးမှာ ရှိကြပါသည်။ ၁၇ ထပ်နဲ့ ၁၈ ထပ် အသီးသီးတို့တွင် ရှိကြသည်။ ဒီတစ်ခေါက် ဝန်ထမ်းခေါ်ယူမှု ပြီးဆုံးသွားသောအခါ ထန်းတာ့ ရုံးနေရာ လုံလုံလောက်လောက် မရှိခဲ့ပြန်ပါ။ အရင်တုန်းက ထန်းတာ့ဂိမ်းရဲ့ စီမံရေးနဲ့ ဘဏ္ဍာရေး ဌာနများက ၁၇ ထပ်မှာ စုပေါင်းနေရသည်။ ထိုနေရာက အစကတော့ လုံလောက်တာထက် ပိုပါသည်။ သို့သော်လည်း ဝန်ထမ်းဦးရေ တိုးမြင့်လာတာနဲ့အမျှ အလုပ်နေရာတွေလည်း ပြည့်နှက်လာခဲ့သည်။ မကြာခဏ 'ရာထူးတိုး'တာတွေ ရှိသော်လည်း သိပ်ပြီး မမြန်ဆန်ပါ။ ထို့ကြောင့် အခြေအနေအတွက် အကူအညီ မဖြစ်ပေ။ ထို့ကြောင့် ဒီတစ်ခေါက် ဝန်ထမ်းသစ်အမြောက်အများ ခေါ်ယူပြီးနောက် မူလ ရုံးနေရာမှာ လုံးဝ မလုံမလောက် ဖြစ်လာခဲ့ပါသည်။ သူတို့ နောက်တစ်ထပ် ငှားဖို့ လိုလာခဲ့ပါသည်။ ထန်းတာ့က ၁၆ ထပ် တစ်ထပ်လုံးကိုပါ ငှားလိုက်ပြီး ဝန်ထမ်းသစ်တွေကို ကြိုဆိုဖို့အတွက် အားလုံးကို ပုံစံတူအတိုင်းပဲ ပြင်ဆင်ထားခဲ့ပါသည်။ ဒီတိုင်းသာ ဆက်တိုးချဲ့နေရမည်ဆိုရင် အနည်းငယ် ပင်ပန်းလာရလိမ့်မည်။ ရှန်းဟွာဗျူးရဲ့ ငှားခက စျေးကြီးသည်။ သို့သော်လည်း အဆင့်မြင့် ရုံးအဆောက်အဦးဖြစ်တာကြောင့်သာ။ နေရာလွတ်ရှိတဲ့ အထပ်ဆိုတာ များများစားစား မရှိပါ။ နောက်ဆို ရုံးနေရာချဲ့ထွင်ဖို့အတွက် အထပ်ချင်း ခြားသော အထပ်များကို ငှားရမ်းခြင်း သို့မဟုတ် ပိုကျယ်ပြန့်တဲ့ တခြား ရုံးအဆောက်အဦးများကို ရွှေ့ပြောင်းခြင်းတို့သာ လုပ်နိုင်တော့မည်။ သို့သော်လည်း ဒါက အနာဂတ်မှာဖြစ်လာမယ့် ကိစ္စတွေသာဖြစ်သည်။ အခုချိန်ကစပြီး သင့်တော်တဲ့ နေရာတစ်ခုကို စတင်ရှာဖွေထားနိုင်ပါပြီ။ သို့သော်လည်း လောလောဆယ်တော့ ဒီရုံးနေရာက လုံလောက်ပါလိမ့်မည်။ ဒီတစ်ခေါက် ဝန်ထမ်းခေါ်ယူမှုပြီးဆုံးသွားသောအခါ ဂိမ်းဌာနကို စီမံခန့်ခွဲရေးဌာနနဲ့ ဘဏ္ဍာရေးဌာနတိုနဲ့ ခွဲထုတ်လိုက်ပါသည်။ ဂိမ်းဌာနက ၁၇ ထပ်မှာပဲ ဆက်ရှိနေကာ စီမံခန့်ခွဲရေးဌာန၊ ဘဏ္ဍာရေးဌာနနဲ့ ဥပဒေရေးရာဌာနတို့က ၁၆ ထပ်ကို ရွှေ့ပြောင်းကြရ၏။ ၁၆ ထပ်က လူပိုနည်းတာကြောင့် ပိုကျယ်သည်။ ဖေးချမ့်လည်း ၁၆ ထပ်မှာ ရှိနေပါသည်။ ထိုအထပ်မှာ အစည်းအဝေးခန်း အကြီးကြီးတစ်ခုကို ဖန်တီးထားပြီး သူ့ရုံးခန်းကိုပါ ပြောင်းရွှေ့ခဲ့သည်။ ထန်ယီရှုကိုလည်း ထိုအထပ်ကို ခေါ်လာပါသည်။ ဒါမှ ဌာနတွေ အစီရင်လာခံတဲ့အခါ အနည်းနဲ့ အများ သက်ရောက်မှုရှိမှာ ဖြစ်သည်။ သို့သော်လည်း ထန်ယီရှုကို တစ်နှစ်ပတ်လုံး ၁၆ ထပ်မှာ ခေါ်ထားပါက ၁၇ ထပ်မှာ ပေါ်နေတဲ့ Bug တွေ အနည်းငယ် နည်းပါးသွားနိုင်သည်ဟု ဖေးချမ့် ခံစားမိသည်။ ထို့ကြောင့် ဖေးချမ့်လည်း လေလွင့်ကြောင်တချို့ကို ထပ်မွေးကာ ၁၆ ထပ်၊ ၁၇ ထပ်၊ ၁၈ ထပ် အသီးသီးတွင် ခွဲမွေးဖို့ ဆုံးဖြတ်လိုက်ပါသည်။ အိမ်မွေးတိရစ္ဆာန်တွေ ဒီလောက်အများကြီးနဲ့ဆို အကြီးစား ကြောင်တက်ခုံစသည့် အသုံးအဆောင် ပစ္စည်းများကိုလည်း စီစဉ်ပေးနိုင်ပါသည်။ ဒီလိုဆို ငွေပိုဖြုန်းနိုင်မည်။ ဒါမှ ထန်ယီရှုလည်း အထပ် ၃ ထပ်စလုံးက ကြောင်တွေကို ဂရုစိုက်နိုင်ပြီး ကူးစက်အာနိသင်ကို ဖြန့်ကျက်နိုင်မှာ ဖြစ်သည်။ ထို့အပြင် ဖေးချမ့်က ဂိမ်းဌာနကို ၁၇ ထပ်မှာထားပြီး သူ့ရုံးခန်းကိုတော့ ၁၆ ထပ်ကို ရွှေ့ပြောင်းလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဂိမ်းဌာနက သူ့ဝန်ထမ်းတွေကို ဒီလို အရိပ်အမြွက်ပေးချင်တာကြောင့် ဖြစ်သည်။ ဘော့စ်နဲ့ အထပ်ချင်း မတူတော့လို့ များများ ရေသာခိုကြစမ်းပါ။ ဝူပင်းရဲ့ အလုပ်နေရာက ၁၆ ထပ်မှာ ဖြစ်သည်။ ဘော့စ်ဖေးရဲ့ ရုံးနဲတစ်ထပ်တည်းဖြစ်ကြောင်း သိလိုက်ရချိန်တွင် ဝူပင်း အနည်းငယ် စိုးရိမ်သွား၏။ ဘော့စ်ဖေးရဲ့ မျက်စိရှေ့တည့်တည့်မှာ အလုပ်လုပ်ရမှာကြောင့် ရေသာခိုလို့တော့ မရနိုင်ပါ။ အခုချိန်ထိ ထန်းတာ့က ဝူပင်းရဲ့ အမြင်မှာ ဆန်းကြယ်မှုတစ်ခုအဖြစ် ရှိနေဆဲပင်။ ဘယ်လို ဆန်းကြယ်မှုမျိုးလဲဆိုတာကို ခန့်မှန်းဖို့ မဖြစ်နိုင်ပေ။ ထန်းတာ့နဲ့ ပတ်သတ်ပြီး ဝူပင်း သိခဲ့ရတဲ့ အချက်အလက်တွေက တစ်ဆင့်စကားများသာ ဖြစ်ကြသည်။ တရားလွန်သုံးသပ်ချက်များစွာလည်း ရှိနေတာကြောင့် သိပ်မယုံရပါ။ ရေးဖြေစာမေးပွဲနဲ့ အင်တာဗျူးတွေကလည်း သိပ်ပြီး မသိခဲ့ရပါ။ သို့သော်လည်း ထန်းတာ့က စိတ်ဓာတ်ရေးရာ တည်ဆောက်မှုကို ပိုပြီး အာရုံစိုက်ထားသည်ဟု ဝူပင်း ခန့်မှန်းမိ၏။ မဟုတ်ရင် ဘာကြောင့် ထန်းတာ့ခံယူချက် ကိုက်ညီမှုစာမေးပွဲဆိုတာ ရှိနေရဦးမှာလဲ။။ ဝူပင်းက ရေးဖြေစာမေးပွဲနဲ့ အင်တာဗျူးတို့ကို အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့ပြီး တရားဝင် အလုပ်ဝင်နိုင်ခဲ့ပါပြီ။ သို့သော်လည်း လုပ်ငန်းစဉ်အရဆို တစ်လအတွင်း ထန်းတာ့ခံယူချက် ကိုက်ညီမှု စာမေးပွဲ ၃ ခုကို ဖြေဆိုရဦးမည်။ ထို စာမေးပွဲတွေကို အောင်မြင်နိုင်မှ အချိန်ပြည့် ဝန်ထမ်းတစ်ယောက် ဖြစ်လာနိုင်ပါသည်။ မဟုတ်ပါက အားလုံး သဲထဲရေသွန် ဖြစ်သွားပါလိမ့်မည်။ ထို့ကြောင့် ဘော့စ်ဖေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် အလုပ်ကြိုးစားရမည့်အပြင် အလုပ်စဝင်တဲ့ ပထမအတွင်း ထန်းတာ့ခံယူချက်ဆိုတဲ့ အဓိပ္ပာယ်ကို တကယ်တမ်း နားလည်အောင်လည်း စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရလိမ့်မည်။ လှလှပပ ဧည့်ကြိုကောင်မလေးက ဝူပင်းကို ဝန်ထမ်းလက်စွဲစာအုပ်သစ် တစ်အုပ်ကို ပေးခဲ့ပါသည်။ ထို့နောက် ဟောက်ယွင်ကို အစီရင်ခံဖို့ HR ဌာနဆီ ခေါ်သွားပေးလိုက်ပါသည်။ ဟောက်ယွင်က ဝူပင်းကို သူ့အလုပ်နေရာဆီ ခေါ်သွားပေးလိုက်ပြီး ကြိုဆိုလိုက်ပါသည်။ ထို့နောက် ဝူပင်းကို ကုမ္ပဏီတွင်း နက်ဝေါ့ခ်ဝင်ရောက် ကြည့်ရှုခွင့်ပေးဖို့၊ TPDb ဝက်ဘ်ဆိုက်အကောင့် လုပ်ပေးဖို့ စသဖြင့် စီစဉ်ပေးဖို့အတွက် စီမံခန့်ခွဲရေးဌာနကို သွားလိုက်ပါသည်။ ထိုအချိန်တွင် ဝူပင်းကတော့ ရုံးထိုင်ခုံမှာ ထိုင်နေပြီး ထန်းတာ့ခံယူချက်နဲ့ ပတ်သတ်တဲ့ အချက်အလက်တချို့ တွေ့နိုင်မလား မျှော်လင့်ချက်ဖြင့် ဝန်ထမ်းလက်စွဲ စာအုပ်သစ်ကို စတင်ဖတ်ရှုလေသည်။ ထိုလက်စွဲစာအုပ်သစ်ကို မကြာသေးခင်ကမှ စီမံခန့်ခွဲရေးဌာနက အထူးသီးသန့် ထုတ်လုပ်ထားခြင်း ဖြစ်၏။ ဘော့စ်ဖေးလည်း စီစစ်ပြီးသွားပါပြီ။ အရင်တုန်းက ထန်းတာ့မှာ အသေးစားကုမ္ပဏီတစ်ခုအဖြစ်သာ ရှိနေသေးတာကြောင့် ဒီလိုစာအုပ်မျိုး မလိုခဲ့တာ ဖြစ်သည်။ ဝန်ထမ်းခန့်အပ်မှု လုပ်ငန်းစဉ်များက အတော်လေး ရိုးရှင်းသဖြင့် ဒီလို ခမ်းခမ်းနားနား ပစ္စည်းတွေ မလိုသေးပါ။ အခုတော့ မတူတော့ပေ။ ဝန်ထမ်းတွေကို အသုတ်လိုက် ခန့်အပ်နေပြီဖြစ်တာကြောင့် ဂရုစိုက်ရမယ့်အရာတွေ အများကြီး ရှိလာခဲ့ပါပြီ။ အားလုံးကို ဝန်ထမ်းလက်ဆွဲစာအုပ်ထဲ ထည့်ရေးလိုက်ခြင်းအားဖြင့် လူသစ်တွေ အလုပ်ပတ်ဝန်းကျင်နဲ့ အသားကျဖို့ ပိုမိုမြန်ဆန်စေပါသည်။ ဝူပင်းလည်း ဝန်ထမ်းလက်စွဲစာအုပ်ကို ဖတ်ကြည့်လိုက်ရင်း အမျိုးအစားများစွာ ခွဲထားတာကို သတိထားလိုက်မိပါသည်။ အလုပ်ဝင်ရောက်ပြီးနောက် ကြိုတင် သတိထားဖွယ်ရာများကိုပါ ဖော်ပြပေးထားသည်။ ပထမ အကြီးစားအမျိုးအစားက နေပုံထိုင်ပုံနဲ့ သက်ဆိုင်သည်။ နေ့စဉ်ဘဝ၊ အဝတ်အစား၊ အစားအသောက်၊ နေရာထိုင်ခင်း၊ ပို့ဆောင်ရေး စသည်တို့ ပါဝင်သည်။ ဥပမာအားဖြင့် ကုမ္ပဏီက နေ့စဉ်စားသောက်ဖို့အတွက် ယွီသရေစာလုပ်ငန်းမှ အမြဲတမ်း မှာယူပေးလိမ့်မည်။ အထဲမှာ ဟင်းလျာတွေအတွက် သုံးသပ်ချက်လည်း ပါဝင်သည်။ အတိုချုံးအားဖြင့် ကိုယ့်အကြိုက်ပေါ် မူတည်ပြီး အားလုံး အရသာရှိနိုင်ပါသည်။ အိမ်ငှားရမ်းမှုနဲ့ နေ့စဉ်ခရီးသွားလာမှုတို့အတွက် ထောက်ပံ့ငွေလည်းရှိသည်။ ထောက်ပံ့ငွေတွေက အလွန် မြင့်မားပါသည်။ ပမာဏတိတိကျကျ၊ ထောက်ပံ့မှုနည်းလမ်းနဲ့ ရင်းစားမှုလုပ်ငန်းစဉ် စသည်တို့အားလုံးကို ရှင်းရှင်းလင်းလင်း ရေးသားထားပါသည်။ ဝူပင်းက လက်စွဲစာအုပ်ထဲတွင် ဖော်ပြထားသည့် Work Meal ကို ကြည့်ရင်း သွားရည်တွေ ကျနေပါပြီ။ "ဒီလောက်ကောင်းတဲ့ Work Meal တွေက အကုန် အခမဲ့ ဟုတ်လား" "တက္ကစီခတွေအတွက် ငွေပြန်ထောက်ပံ့ပေးမှုလည်း ရှိတယ်။ အထွေထွေ အသုံးပြုဖို့အတွက် ထောက်ပံ့ငွေလည်း ရှိသေးတယ်။ အဲ့ဒီပိုက်ဆံကိုသုံးပြီး အလုပ်နဲ့ ပတ်သတ်တာ မှန်သမျှ ဝယ်လို့ ရတာလား" "ဝန်ထမ်းအားလုံးအတွက် Gym အကျိုးခံစားခွင့်နဲ့ သီးသန့် လေ့ကျင့်ခန်း ဆက်ရှင်တွေပါ ရှိသေးတယ်ပေါ့" "ဒီ...ဒီအကျိုးခံစားခွင့်တွေက ကောင်းလိုက်တာ..." ဝူပင်း အလွန်ပျော်ရွှင်သွားကာ ဆက်လှန်ကြည့်လိုက်ပါသည်။ ဒုတိယအမျိုးအစားက ကုမ္ပဏီဘက်က ထောက်ပံ့ပေးထားသည့် အပန်းဖြေမှုများ၊ ဖျော်ဖြေမှုများ အများဆုံး ပါဝင်သည့် ဖျော်ဖြေရေးကဏ္ဍ ဖြစ်သည်။ ဥပမာအားဖြင့် မီးဖိုဆောင်ထဲတွင် ကော်ဖီနဲ့ အဖျော်ယမကာမျိုးစုံ ရှိသည်။ မုန့်ပဲသရေစာနေရာမှာလည်း မုန့်ပဲသရေစာများစွာ ရှိသည်။ ကိုယ်ကာယ လေ့ကျင့်ရေးပစ္စည်းများ၊ အပန်းဖြေအခန်းများကိုလည်း အကန့်အသတ် မရှိဘဲ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပါသည်။ ဝူပင်း သက်ပြင်းချလိုက်မိပါသည်။ "ဒါက တမင် မက်လုံးပေးတာ ဖြစ်နိုင်တယ်။ အဲ့လောက်ကြီး ဂရုစိုက်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး" ကုမ္ပဏီတွေထဲက Gym တွေနဲ့ အပန်းဖြေခန်းတွေမှာ ဝန်ထမ်းတွေကို အချိန်ပိုလုပ်ဖို့ ဆွဲဆောင်သည့် နည်းလမ်းတွေကလွဲပြီး ဘာမှမဟုတ်ဘူးဟု ဝူပင်း အမြဲတမ်း ခံစားခဲ့ရသသည်။ ဒီတိုင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် ပိုကောင်းသည်။ 'ကျွန်တော်တို့ကုမ္ပဏီက ဝန်ထမ်းတွေအတွက် Gym တစ်ခုနဲ့ အပန်းဖြေအခန်းတွေ ပြင်ဆင်ပေးထားပါတယ်' ဟူသည့် ကြွားလုံးများက အလုပ်ပတ်ဝန်းကျင်မှာ မကျင်လည်သေးတဲ့ ဘွဲ့ရခါစလေးတွေကို လှည့်စားဖို့ အလွန် အသုံးဝင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Gym နဲ့ အပန်းဖြေအခန်း အများစုက အလုပ်ချိန်ပြီးခါမှ အသုံးပြုနိုင်တာကြောင့် ဖြစ်သည်။ အလုပ်ပြီးမှ အသုံးပြုရမယ်ဆို အချိန်ပိုလုပ်ခိုင်းတဲ့ လှည့်ကွက်တစ်ခုပဲ မဟုတ်ဘူးလား။ ထို့အပြင် အချိန်ပိုလုပ်တဲ့ကိစ္စနဲ့ပတ်သတ်လာရင် ပရောဂျက်အဖွဲ့တစ်ခုလုံးက အလုပ်ထဲ စိတ်နှစ်ထားချိန် ကိုယ်တစ်ယောက်တည်းက ဂိမ်းအခန်းထဲမှာ သွားကစားနေတာ ရှက်ဖို့ မကောင်းဘူးလား။ ထို့ကြောင့် ကုမ္ပဏီအများစုက ထိုအရာတွေကို ပြင်ဆင်ထားရခြင်းက သူတို့ရဲ့ ဂုဏ်သတင်းကို တည်ဆောက်ဖို့သာ ဖြစ်ပါသည်။ လှည့်စားမှု အဓိပ္ပာယ်က တကယ့်လက်တွေ့တန်ဖိုးထက် ပိုပြီး ကြီးမားနေသည်။ ဝူပင်း နောက်တစ်မျက်နှာကို လှန်ကြည့်လိုက်၏။ ဒီစာမျက်နှာက အရင်စာမျက်နှာအတွက် မှတ်စုတစ်စု ဖြစ်သည်။ အစကတော့ 'ကျေးဇူးပြုပြီး အလုပ်ချိန်အတွင်း အပန်းဖြေခန်းများကို အသုံးမပြုပါနှင့်' ဟု ရေးသားထားမည်ဟု ဝူပင်း ထင်ခဲ့သည်။ သို့သော်လည်း လုံးဝ မဟုတ်ပေ။ ရှင်းရှင်းလင်းလင်း ရေးထားတာက 'ဝန်ထမ်းတိုင်း အပတ်စဉ် ကိုယ်ကာယလေ့ကျင့်ခန်း သို့မဟုတ် အပန်းဖြေခန်းများအတွက် အချိန် ၄ နာရီ ပေးရမည်။ အလုပ်နဲ့ နေထိုင်မှုဘဝတို့ကို ဟန်ချက်ညီညီ ထိန်းသိမ်းတတ်ရပါမည်။' 'မှတ်ချက်: အလုပ်ချိန်မဟုတ်သည့် အချိန်တွေမှာ Gym နဲ့ အပန်းဖြေအခန်းများကို ကျေးဇူးပြုပြီး မသုံးစွဲပါနှင့်။ အလုပ်ဆင်းတာနဲ့ ကျေးဇူးပြုပြီး အိမ်ချက်ချင်းတန်းပြန်ပေးပါ' ဝူပင်း အနည်းငယ် ခေါင်းမူးသွား၏။ သူထင်ထားတာနဲ့ စကားလုံးတွေက ဆင်တူမှုတော့ ရှိပါသည်။ သို့သော် 'အလုပ်ချိန်မဟုတ်သည့်အချိန်'ဟူ၍ ရေးသားထားသည်။ အဓိပ္ပာယ်က လုံးဝပြောင်းလဲသွားပါသည်။ တခြား ကုမ္ပဏီတွေသာဆို အလုပ်ချိန်အတွင်း ၎င်းတို့ရဲ့ Gym တွေနဲ့ အပန်းဖြေအခန်းများကို မသုံးဖို့သာ အစွမ်းကုန် တားမြစ်ကြလိမ့်မည်။ သို့သော်လည်း ထန်းတာ့ကတော့ လုံးဝ ပြောင်းပြန် ဖြစ်နေပါသည်။ ဆိုလိုတာက အလုပ်ချိန်အတွင်းမှာပဲ ကစားလို့ရတယ်ဆိုတဲ့ သဘောလား။ ဝန်ထမ်းလက်စွဲစာအုပ်ထဲ ရိုက်နှိပ်ထားတာ မှားနေသည်ဟုပင် ဝူပင်း ထင်မိသွားသည်။ သို့သော် သေချာစဉ်းစားကြည့်ပြီးမှ ဒီလောက် အဆင့်နိမ့်တဲ့ အမှားမျိုးတော့ လုပ်မိကြမည် မထင်ပါ။ သူအနည်းငယ် ဇဝေဇဝါဖြစ်သွားရသည်။ ဇဝေဇဝါ ဖြစ်နေရင်းနဲ့ပဲ ဆက်ဖတ်လိုက်ရပါသည်။ တတိယအမျိုးအစားက အလုပ်နဲ့ ပတ်သတ်သည်။ တခြားကုမ္ပဏီတွေဆို ဒီအမျိုးအစားကို ပထမ စာမျက်နှာမှာ ထည့်ထားတတ်ကြသည်။ သို့သော် ထန်းတာ့ကတော့ ဆန့်ကျင်ဘက်ပင်။ နောက်ဆုံးမှထည့်သွင်းကာ ဝန်ထမ်းလက်စွဲစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာတွေကို နေရာယူထားပါသည်။ ဖော်ပြချက်များက အကြမ်းဖျင်းဆန်လွန်းပါသည်။ နေ့စဉ်ဘဝအမျိုးအစားမှာ Work Meal ပေါင်းစုရဲ့ လှပသည့် အရောင်စုံဓာတ်ပုံများကို ထည့်သွင်းထားရုံတင်မကဘဲ ဟင်းလျာတိုင်းရဲ့ အရသာတွေကိုပါ အသေးစိတ် ဖော်ပြထားသည်။ ဒီ့ထက်ပိုပြီး အသေးစိတ် မကျနိုင်တော့ပေ။ ဖျော်ဖြေရေးအမျိုးအစားထဲမှာလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ ဂိမ်းအခန်းထဲက ဂိမ်းပေါင်းများစွာကိုပင် ရိုးရိုးရှင်းရှင်း သုံးသပ်ချက်တချို့နဲ့ မိတ်ဆက်ပေးထားသည်။ သို့သော်လည်း အလုပ်အမျိုးအစားမှာတော့ စတိုင်က လုံးဝ ပြောင်းလဲသွားခဲ့ပါသည်။ ရိုးရိုးရှင်းရှင်း မှတ်စုတချို့သာ ရေးထားသည်။ 'အလုပ်တာဝန်ကြောင့် အချိန်ပိုလုပ်ဆောင်ဖို့ လိုအပ်ပါက ဌာနရဲ့တာဝန်ရှိသူကို အစီရင်ခံရမည်။ တာဝန်ရှိသူက အချိန်ပိုလုပ်ခွင့် လျှောက်ထားချက်တစ်ခု တင်သွင်းကာ ထိုလျှောက်ထားချက်ကို အတည်ပြုပေးပြီးမှ အချိန်ပို လုပ်ဆောင်နိုင်ပါသည်'။ 'အလုပ်ဖိအားများကို ခံစားလာရပါက ဌာန တာဝန်ရှိသူကို ချက်ချင်း အကြောင်းကြားပါ။ အမြန်ဆုံး ဝန်ထမ်းသစ်တွေ ခန့်အပ်ပေးပါလိမ့်မည်' 'အလုပ်ချိန်ပြင်ပမှာ လုပ်ဖော်ကိုင်ဖက်တွေအား အလုပ်အကြောင်းအရင်းကြောင့် ဆက်သွယ်တာမျိုးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါသည်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ဒုက္ခရောက်စေတာကြောင့် ဖြစ်ပါသည်'။ တခြား ဖော်ပြချက်များကလည်း အထက်ပါတိုင်းပဲ ဖြစ်ပါသည်။ ဝူပင်း ခေါင်းတွေ ချာချာလည်နေပါပြီ။ အကြောင်းအရာများက အမှတ်တစ်ခုတည်းကိုသာ ညွှန်ပြနေကြသည်။ အချိန်ပို မလုပ်ရဘူးဆိုတာပင်။ မြင်ရဖို့ ဝူပင်းမျှော်လင့်ထားတဲ့ အကြောင်းအရာတွေက လုံးဝ မပေါ်မလာပါ။ ဥပမာအားဖြင့် တာဝန်ရှိသူတွေက စီစဉ်ပေးထားတဲ့ အလုပ်တာဝန်များကို အချိန်မှီ ပြီးမြောက်အောင် ဆောင်ရွက်ရမည်၊ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များက ကိုယ့်တာဝန်ကိုယ် ရေသာခိုလို့ မရကြောင်း စသည်တို့ ဖြစ်သည်။ ထိုကဲ့သို့ အကြောင်းအရာများ လုံးဝ ပါမလာပါ။ အနောက်ဘက်မှာ ရှိနေဦးမည်ဟု ဝူပင်းတွေးကာ စာမျက်နှာကို လှန်လိုက်ချိန်တွင် ဝန်ထမ်းလက်စွဲစာအုပ်သစ် ပြီးဆုံးသွားပြီဖြစ်မှန်း မြင်လိုက်ရပါသည်။ သူ မျှော်လင့်ထားတဲ့ ထန်းတာ့ခံယူချက် ရှင်းလင်းမှုကကော ဘယ်မှာလဲ။ ဝန်ထမ်းကျင့်ဝတ်စည်းကမ်း အခု ၁၀၀ လောက်ကကော ဘယ်မှာလဲ။ ဘာမှ မရှိပါ။ လက်စွဲစာအုပ်ကို ပိတ်လိုက်သောအခါ အရသာရှိမယ့် အစားအသောက်တွေ၊ အကျိုးခံစားခွင့်ပေါင်းစုံကလွဲပြီး ဘာမှ မှတ်မိမနေပါ။ ဝူပင်း လမ်းပျောက်သွား၏။ တစ်နေရာရာများ မှားသွားသလား မသဲမကွဲ ခံစားလိုက်ရပါသည်။ အခန်း(၃၅၉) နှစ်ပတ်လည်အစည်းအဝေးပွဲရဲ့ Theme မကြာခင် စီမံရေးဌာနက ကောင်လေးလည်း ဝူပင်းကို ကုမ္ပဏီတွင်းကိစ္စများနဲ့ပတ်သတ်ပြီး ကူညီ၍ ပြီးဆုံးသွားပါပြီ။ ကုမ္ပဏီတွင်း နက်ဝေါ့ခ်ဝင်ရောက်ခွင့်၊ TPDb ကုမ္ပဏီတွင်း Forum မှာ ဝူပင်အသုံးပြုဖို့အတွက် ဝန်ထမ်းအကောင့်ဖွင့်ပေးခြင်း စသည်တို့ အပါအဝင် ဖြစ်သည်။ ထိုကောင်လေးဆီမှ ဝူပင်း သူ့မောက်စ်ကို ရရှိခဲ့ပါသည်။ ဟမ်... ဒီမောက်စ်... ဒီကီးဘုတ်.... ဒီဖန်သားပြင်... အရမ်း မိုက်တာပဲ။ ဝူပင်းက သူ့ရုံးမှာ ခြိုးခြံခြွေတာခြစ်ကုတ်ရတာကို အသားကျနေသူဖြစ်သည်။ အခု ဒီလိုကွန်ပျူတာမျိုးကို မြင်လိုက်ရသဖြင့် မျက်ရည်တွေတောင် ဝဲလာသလို ခံစားမိပါသည်။ နောက်ပိုင်း ဒီလို သက်တောင့်သက်သာ ရှိတဲ့ ကီးဘုတ်မျိုးနဲ့ ရိုက်နိုင်တော့မည််ဟူသည့်အတွေးက သူ့ကို စိတ်လှုပ်ရှားသွားစေသည်။ ဟောက်ယွင်ဘက်ကို လှည့်ကြည့်လိုက်ပြီး သူမကို သွားနှုတ်ဆက်ရင် ကောင်းမလား မကောင်းဘူးလား ခေတ္တ တွေဝေသွားခဲ့ရသည်။ ဟောက်ယွင်က ယခု HR ဌာနရဲ့ ခေါင်းဆောင် ဖြစ်သည်။ ပိုကောင်းအောင် ခေါ်ရမည်ဆိုလျှင် 'ဌာနခေါင်းဆောင်'ဟုပင် ခေါ်ဆိုနိုင်သည်။ အလွန် အလုပ်သဘောဆန်ပြီး တောင့်တောင့်ကြီး ဖြစ်နေနိုင်သဖြင့် သူမကို 'အစ်မကြီးဟောက်' သို့မဟုတ် 'အစ်မကြီးယွင်' စသည်ဖြင့် ခေါ်ဆိုလို့ ရပါသည်။ အနည်းဆုံးတော့ သူမကို 'စီနီယာကြီး'ဟု ခေါ်ဆိုသင့်တယ် မဟုတ်လား။ သို့သော်လည်း ဝူပင်းက ဟောက်ယွင်ထက် အသက်ပိုကြီးနေသည်။ သူမထက်တောင် အလုပ်အတွေ့အကြုံ ပိုများပါသည်။ ထို့ကြောင့် ဝူပင်း ဇဝေဇဝါဖြစ်သွားသည်။ တခြား လုပ်ဖော်ကိုင်ဖက်တွေ သူမကို ဘယ်လို ခေါ်မလဲဆိုတာကို စောင့်ကြည့်ဖို့ စဉ်းစားထားသည်။ နောက်ဆုံးတော့ အားလုံးက တစ်ယောက်ကို တစ်ယောက် နာမည်အတိုင်းသာ ခေါ်ကြမှန်း သိလိုက်ရသည်။ ကြောင်တောင်တောင်နဲ့ ဝူပင်းတစ်ယောက် ဘေးက လုပ်ဖော်ကိုင်ဖက် ကောင်လေး တစ်ယောက်ကို ထိုအကြောင်း လှည့်မေးလိုက်ပါသည်။ "ဒီဌာနထဲမှာ အားလုံးကို နာမည်အတိုင်းပဲ ခေါ်ကြတာလားဗျ" ထိုကောင်လေးက မုန့်ပဲသရေစာခန်းမှ ခုလေးတင် ပြန်လာတာ ဖြစ်သည်။ လက်ထဲမှာ အာလူးကြော်တစ်ထုပ်ကို ကိုင်ထားပြီး ပါးစပ်ထဲ သွပ်ထည့်နေ၏။ ကော်ဖီတစ်ငုံ သောက်လိုက်ပြီးနောက် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဟုတ်တယ်။ တိတိကျကျပြောရရင် ကျွန်တော်တို့ ဌာနတစ်ခုတည်းပဲ မဟုတ်ဘူး။ ဌာနတိုင်းက အတူတူပဲဗျ" "နည်းနည်း ပိုရင်းနှီးတဲ့လူတွေက တစ်ယောက်ကို တစ်ယောက် အစ်ကိုတို့ အစ်မတို့ ခေါ်တတ်ကြတယ်" "လူတိုင်းကို ခေါ်ဖို့ အသင့်တော်ဆုံးကတော့ နာမည်အတို င်းခေါ်တာပဲ။ ဘယ်သူမှ ထူးဆန်းတယ် မထင်ကြဘူး။ တကယ်တော့ သူတို့ကို ရာထူးနဲ့ တပ်ခေါ်မှ ခင်ဗျားကို ထူးဆန်းတယ် ထင်သွားကြမယ်" ဝူပင်း ပိုပြီးစိတ်ဝင်စားသွားရသည်။ "အမှန်ပဲလား။ ဘာလို့လဲဗျ" ထိုလူက အာလူးကြော်ကို ဆက်ဝါးနေပြီး ခေါင်းခါလိုက်ပါသည်။ "ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်က ထန်းတာ့ရဲ့ ဝန်ထမ်းပထမဆုံးအသုတ်က မဟုတ်ဘူးလေ။ လွန်ခဲ့တဲ့ ၃ လ ၄ လလောက်ကမှ ကုမ္ပဏီထဲ ရောက်တာဗျ။ အဲ့ကတည်းက ရုံးပတ်ဝန်းကျင် အနေအထားက ဒီလိုပဲ" "သြော် ဟုတ်သား။ ခင်ဗျား မုန့်စားချင်ရင် စားသာ စားနော်။ အကန့်အသတ် မရှိဘူး" ကောင်လေးက ဝူပင်းရဲ့ မျက်နှာရှေ့ အာလူးကြော်ကို လှုပ်ပြလိုက်ပြီး စားချင်တဲ့မုန့်မှန်သမျှ လွတ်လွတ်လပ်လပ် စားနိုင်ကြောင်း ပြောလိုက်ပါသည်။ ဝူပင်းလည်း အားလူးကြော်နံ့သင်းသင်းလေး ရသွားသည်။ တော်တော် မွှေးပါသည်။ သို့သော်လည်း အလုပ်ဝင်တဲ့ ပထမဆုံးနေ့ဖြစ်ပြီး ရာထူးလည်းရေရေရာရာ မရသေးသဖြင့် အခုချိန် မုန့်သွားယူစားတာ မသင့်တော်ဘူးဟု ဆုံးဖြတ်လိုက်ပါသည်။ ထို့ကြောင့် ခေါင်းခါကာ ပြောလိုက်၏။ "ရပါတယ်ဗျာ။ ကျွန်တော် ဗိုက်မဆာပါဘူး" သူ့ဘေးက ကောင်လေးက ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ "သြော် ဟုတ်သားပဲ။ တစ်ခုတည်းသော ခြွင်းချက်က ဘော့စ်ဖေးနော်" "လေးစားသမှုနဲ့ ဘယ်သူမှ သူ့ကို နာမည်အတိုင်းမခေါ်ကြဘူး" "ဟုတ်ပါတယ်။ ဘော့စ်ဖေးကတော့ အေးအေးဆေးဆေးသမားပဲ။ သူ့ကို နာမည်နဲ့ တပ်ခေါ်ရင်တောင် စိတ်ဆိုးမယ် မထင်ဘူး" "အားလုံးက သူ့ကို ရင်ထဲမှာ နှစ်နှစ်ကာကာ လေးစားကြလို့သာ သူ့ကို 'ဘော့စ်ဖေး'လို့ ခေါ်ကြတာ။ ကုမ္ပဏီတစ်ခုလုံးမှာ သူတစ်ယောက်တည်းပဲရှိတယ်" "အနှစ်ချုပ်ပြောရရင်တော့ ဘော့စ်ဖေးကလွဲပြီး ခင်ဗျား လူတိုင်းကို ပြဿနာ မရှိဘဲ နာမည်တပ်ခေါ်လို့ ရပါတယ်ဗျာ" ဝူပင်း တိုးတိတ်စွာ ခေါင်းငြိမ့်လိုက်ပါသည်။ ဝန်ထမ်းဟောင်းတွေဆီက ကုမ္ပဏီတွင်း အလေ့အထများကို သူသင်ယူရမည့်ပုံပင်။ သူတို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောကြရင်း ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ကြပါသည်။ ထို့နောက် ဝူပင်းက တစ်နေ့တာ လုပ်ငန်းကိစ္စများအကြောင်း စတင်မေးမြန်းလေသည်။ ဥပမာ ဝန်ထမ်းလက်စွဲစာအုပ်ထဲက အကြောင်းအရာတွေက မှန်သလား မမှန်ဘူးလား စသည်ဖြင့် ဖြစ်သည်။ ထိုကောင်လေးက ခေတ္တ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။ "ရာနှုန်းပြည့်တော့ မမှန်ပါဘူး" ဝူပင်း နားလည်စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ အမှန်ပင်။ ကုမ္ပဏီအများစုကတော့ မိတ်ဆက်စာတွေထဲမှာ ပြစ်ချက်တွေကိုဖုံးပြီး အားသာချက်တွေကိုသာ ဝံ့ကြွားတတ်ကြတာပဲ မဟုတ်လား။ မှားသည်ဟု မပြောနိုင်ပေ။ နားလည်ပေးလို့သာ ရပါသည်။ သူ့ဘေးက ကောင်လေး ဆက်ပြောလိုက်သည်။ "ဒီလက်စွဲစာအုပ်ထဲမှာ ရေးမထားတာတွေ အများကြီး ရှိသေးတယ်" "ထူးချွန်ဝန်ထမ်းရွေချယ်ပွဲဆိုတာ ရှိတယ်။ ၁ နှစ်ကို နှစ်ခေါက် ထင်တယ်။ ပထမဆုရတဲ့လူက အိပ်မက်ရန်ပုံငွေ ယွမ် ၁သန်းကို ပိုင်ဆိုင်လိမ့်မယ်။ ဒုတိယဆုကတော့ တစ်လတာ လစာမပြတ်ခွင့်ရက်ရှည်ကို ရတယ်" "ပြီးတော့ ပုံမှန် ဆေးစစ်ချက်နဲ့ ပြန်တောင်းဆိုလို့ရတဲ့ ဆေးကုသမှု ကုန်ကျစရိတ်တွေလည်း ရှိသေးတယ်..." "ပြီးတော့...." ထိုကောင်လေးက ထန်းတာ့မှာ အလုပ်လုပ်ကိုင်ရခြင်း၏ တခြား အကျိုးခံစားခွင့်များကို စတင်ရှင်းပြလေသည်။ တစ်ခုခုကျန်ခဲ့မှာကို စိုးရိမ်သဖြင့် အရင်းအမြစ်များကို ပြန်စစ်ဆေးပြီး ဟာကွက်များကိုပါ ဖြည့်ပြောခဲ့ပါသည်။ သူ့မှာ ရွေးချယ်စရာ မရှိပါ။ မှတ်စရာ အကျိုးခံစားခွင့်တွေက များပြားလွန်းတာကြောင့် ဖြစ်ပါသည်။ ဝူပင်း ဆွံ့အသွားသည်။ ဒီကောင်လေး ဝန်ထမ်းလက်စွဲစာအုပ်ထဲမှာ ရေးမထားတဲ့ ကုမ္ပဏီတွင်းကဟာကွက်တွေကို ဖော်ထုတ်လိမ့်မည်ဟု သူထင်ခဲ့၏။ ဥပမာ ဒီကုမ္ပဏီအတွက် အလုပ် ဘယ်လောက်တောင် လုပ်ပေးရသလဲ၊ လစာတွေ ဘယ်လို မကြာခဏ လျှော့ချခံရသလဲ စသည်တို့ ဖြစ်သည်။ သို့သော်လည်း ဝူပင်း လုံးဝ နားလည်မှုလွဲသွားခဲ့ပါသည်။ ဝန်ထမ်းလက်စွဲစာအုပ်ထဲမှာ ဝန်ထမ်းအကျိုးခံစားခွင့်တွေ အားလုံး မပါဝင်ပါ။ နေရာအကန့်အသတ်ကြောင့် ထည့်ရေးလို့ မရလိုက်တဲ့ အကျိုးခံစားခွင့်တွေ အများကြီး ကျန်နေပါသေးသည်။ ဝူပင်းတစ်ယောက် အခုတော့ ပြောစရာစကား လုံးဝ ပျောက်ဆုံးနေပါသည်။ သူ လူလည်ကျခံရပြီး ဒီကုမ္ပဏီက သူ့ကို လိမ်လည်ဖို့များ ကြိုးစားနေတာလားဟု စတင် သံသယ ဖြစ်လာခဲ့မိသည်။ ဒီလောက်ကောင်းတဲ့ အကျိုးခံစားခွင့်တွေ ဘယ်မှာရှိလို့လဲ။ သို့သော်လည်း ထန်းတာ့က နာမည်ကောင်း ပိုင်ဆိုင်ထားသည်။ သူ့မျက်စိနဲ့ ကိုယ်တိုင် အမှန်တရားကို မြင်နေရသည်။ ထို့ကြောင့် ရွေးချယ်စရာ မရှိဘဲ ယုံကြည်လိုက်ရတော့သည်။ ကိုယ့်ကိုယ်ကို စိတ်လျှော့ခိုင်းပြီးနောက် ဝူပင်း မေးလိုက်ပါသည်။ "ညီကို၊ ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲမှာ ဘာတွေကို စမ်းသပ်မှာလဲ သိလား" သူ့ဘေးက ကောင်လေးက အာလူးကြော် နောက်ဆုံးတစ်ချပ်ကို စားလိုက်ပြီး အခွံကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ ခေါင်းခါလျက် ပြန်ပြောလိုက်ပါသည်။ "ကျွန်တော်လည်း မသိဘူး။ ခင်ဗျားတို့ ဝန်ထမ်းအသုတ်က အဲ့ဒီစာမေးပွဲကို ပထမဆုံးဖြေရမယ့်လူတွေပဲ။ ကျွန်တော်တစ်ခါမှ မဖြေဖူးဘူး။ စာမေးပွဲထဲက အကြောင်းအရာတွေကိုလည်း သေချာ လျှို့ဝှက်ထားကြတယ်။ ကျွန်တော်လည်း သတင်းနည်းနည်းပဲ ကြားဖူးတယ်" "မေးခွန်းတွေကို ဘော့စ်ဖေးကိုယ်တိုင် ထုတ်တာလေ။ သူကလွဲပြီး စာမေးပွဲကို ဘယ်သူမှ ပြင်ဆင်ခွင့် မရှိဘူး" "စိတ်မပူပါနဲ့။ အဲ့လောက်ကြီး ခက်မယ် မထင်ဘူး။ တချို့ကျောင်းတွေမှာ ကျင်းပတဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးချက်တွေလိုမျိုးပဲလို့ ကျွန်တော်တော့ ထင်တယ်။ လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ။ ပြဿနာ ကြီးကြီးမားမား မရှိရင် ခင်ဗျား အောင်မှာပါ" ထိုအခါ ဝူပင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်း ချလိုက်မိပါသည်။ စာမေးပွဲ လွယ်ကူမည်ဆိုသဖြင့် တော်ပါသေးသည်။ ဟုတ်ပြီ။ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ ရင်ဘတ်ကြီးနဲ့ အလုပ်လုပ်ပစ်လိုက်မယ်။ ဝူပင်း မတ်တပ်ရပ်ကာ လီယာ့တာဆီ လျှောက်သွားလိုက်ပြီး သူ့ကို တာဝန်တချို့ ပေးဖို့ တောင်းဆိုလိုက်ပါသည်။ လီယာ့တာက သူ့ကို မော့ကြည့်ကာ မေးလိုက်သည်။ "အလုပ်လား....အာ... အလုပ်သင်ကာလအတွင်းမှာ ရှင့်ကို ကျွန်မ အလုပ်တာဝန်ပေးလို့ မရဘူး" "ပြီးတော့ လောလောဆယ် ကျွန်မတို့ လူအင်အား လုံလောက်နေသေးတယ်။ ရှင့်ရဲ့ အလုပ်က ဒီတိုင်း စောင့်ကြည့် သင်ယူဖို့ပဲ။ ရာထူးမြန်မြန်ရအောင် ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲကို တစ်ခါတည်း အောင်မြင်အောင် အကောင်းဆုံး ကြိုးစားပေါ့" ထိုင်ခုံမှာ ပြန်သွားထိုင်လိုက်ရင်း သူ့နဖူးပေါ် ချွေးသီးများထွက်လာသည်။ အလုပ်သွားတောင်းတာတောင် လုပ်စရာအလုပ် ရမလာသည့် အဖြစ်အပျက်မျိုး ဒီတစ်ခါပဲ ကြုံဖူးသေးသည်။ ရုံးခန်းထဲတွင်... "ဘော့စ်ဖေး ကုမ္ပဏီရဲ့ နှစ်ပတ်လည်အစည်းအဝေးပွဲအတွက် စီမံရေးဌာနက ဒီပလန်ကို စီစဉ်ထားပါတယ်။ တစ်ချက်လောက် ကြည့်လိုက်ပါဦး" ဖေးချမ့်က လက်ထောက်ရှင်းထံမှ ဖိုင်ကို ယူလိုက်ပြီး ပါဝင်သည့်အကြောင်းအရာများကို ဖတ်ကြည့်လိုက်ပါသည်။ အတော်လေး အသေးစိတ်ကျသည်။ ထိပ်မှာက နှစ်ပတ်လည်အစည်းအဝေးပွဲအတွက် ကုန်ကျစရိတ်များ၊ ကမ်းလှမ်းထားသည့် ဆုပစ္စည်းများ ပါဝင်သည်။ အားလုံးကို ပေးအပ်မည့် လက်ဆောင် ၁,၀၀၀၊ ယွမ် ၁,၀၀၀ ပါဝင်သည့် စာအိတ်နီတစ်စောင်စီ။ ၇၉၉ ယွမ်တန် နားကြပ် အခု ၃၀၀၊ ၈၉၉ ယွမ်တန် မက်ဂနစ်ကယ် ကီးဘုတ် အခု ၃၀၀။ ယွမ် ၅၀၀ မှ ၁,၀၀၀ ဝန်းကျင် ပါသည့် ကျပန်း စာအိတ်နီ အစောင် ၂၀၀။ ၁,၂၉၉ ယွမ်တန် လေသန့်စက် အလုံး ၂၀၀။ ၂,၁၉၉ ယွမ်တန် ဖုန်စုပ်စက် အလုံး ၇၀။ ၃,၅၉၉ ယွမ်တန် ဂိမ်းစက် အလုံး ၈၀။ ၄,၅၉၉ ယွမ်တန် တက်ဘ်လက် ကွန်ပျူတာ အလုံး ၈၀။ ၅,၆၉၉ ယွမ်တန် Pineapple နဲ့ ရှန်းဟွာ ပင်မဖုန်း အလုံး ၄၀ စီ။ ၅,၉၉၉ ယွမ်တန် တီဗီ set အခု ၇၀။ ၁၁,၉၉၉ ယွမတန် ဒစ်ဂျစ်တယ် ကင်မရာ အလုံး ၂၀။ ၁၈,၈၈၈ ယွမ်တန် ငွေသားလက်ဆောင် ၁၀ ခု။ ကမ္ဘာပေါ်က ဘယ်မြို့တော်မဆို သွားရောက်ဖို့ လက်မှတ် ၃ စောင် (လေယာဉ်လက်မှတ်များ၊ ကြယ် ၅ ပွင့်ဟိုတယ်မှာ တည်းခိုခွင့်များ၊ သုံးစွဲဖို့ မုန့်ဖိုး ယွမ် ၃၀,၀၀၀ တို့ ပါဝင်သည်)။ ထိုလက်ဆောင်တွေအားလုံးကို ပေါင်းလိုက်သောအခါ ယွမ် ၄ သန်းလောက် ကုန်ကျပါသည်။ ဒါက စနစ်မှ အများဆုံး ခွင့်ပြုပေးနိုင်တဲ့ ပမာဏပဲ ဖြစ်သည်။ နှစ်ပတ်လည်အစည်းအဝေးပွဲကို တက်ရောက်မယ့် ဝန်ထမ်း အယောက် ၁,၀၀၀ နီးပါး ရှိသည်။ အမှန်ပင်။ အများစုက လေဆန်ပို့ဆောင်ရေးလုပ်ငန်း၏ ဒလီဘာရီသမားများ ဖြစ်ကြပါသည်။ ထိုဒလီဘာရီသမားများက အလုပ်ကြမ်းသမားများ ဖြစ်ကြသော်လည်း ဖေးချမ့်က သူတို့ကို အထင်မသေးပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့ကိုလည်း ထန်းတာ့ရဲ့ဝန်ထမ်းဟု သတ်မှတ်နိုင်တာကြောင့် ဖြစ်သည်။ နေ့တိုင်း ပါဆယ်တွေ ပို့ဆောင်ရင်း ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်နေကြသည်။ ထို့ကြောင့် ကုမ္ပဏီ နှစ်ပတ်လည် အစည်းအဝေးပွဲကဲ့သို့ အထူးပွဲတော်မျိုးကို သူတို့ကိုပါ ဖိတ်ကြားသင့်ပါသည်။ ပထမတော့ အားလုံးအတွက် ပိုပြီး တန်ဖိုးကြီးတဲ့ လက်ဆောင်တွေကို ဖေးချမ့် ဝေပေးချင်ခဲ့သည်။ ဥပမာ ပင်မဆဲလ်ဖုန်း တစ်ခုခု ကဲ့သို့ ဖြစ်သည်။ သို့သော်လည်း နှစ်ပတ်လည် အစည်းအဝေးပွဲတွင် ဝေမျှပေးရမည့် လက်ဆောင်အားလုံး၏ ဘက်ဂျက်ကို တွက်ချက်ကြည့်သောအခါ တခြား လက်ဆောင်တွေကို တန်ဖိုး ပိုလျှော့ရမည့်ကိန်းပေါ်လာနိုင်ပါသည်။ ထိုအခါ ကံစမ်းမဲနှိုက်တာက စိတ်လှုပ်ရှားဖို့ ကောင်းမှာ မဟုတ်တော့ပေ။ ထို့ကြောင့် အားလုံးအတွက် ယွမ် ၁,၀၀၀ ပါဝင်သည့် စာအိတ်နီတွေကိုသာ မျှဝေပေးနိုင်ပါသည်။ သို့သော်လည်း လက်ဆောင်အများစုက အခု ၂၀၀ - ၃၀၀ လောက် ပြင်ဆင်ပေးထားတာ ဖြစ်သည်။ စာအိတ်နီတွေအပြင် မျှဝေပေးရမယ့် လက်ဆောင် ပစ္စည်းစုစုပေါင်း ၁,၄၈၃ ခု ရှိပါသည်။ ထို့အပြင် ကံစမ်းမဲနှိုက်မှုမှာလည်း ကန့်သတ်ချက် ရှိပါသည် လူတစ်ယောက်က ဆုတစ်ခုတည်းကို ၂ ကြိမ် ပြန်ကျလို့ မရပါ။ ထို့အပြင် အလွန်ဆုံး မတူညီတဲ့ ဆု ၂ ဆုသာ ရနိုင်ပါမည်။ အစောပိုင်းမှာ မပေါက်ခဲ့တဲ့လူတွေက နောက်ပိုင်း ပေါက်ဖို့ အခွင့်အရေး ပိုများသည်။ တစ်နည်းအားဖြင့် ကံအဆိုးဆုံးလူတွေကတောင် တစ်ခုခုပေါက်နိုင်ချေရှိပါသည်။ ဘယ်သူမှ လက်ချည်းဗလာ ပြန်မသွားရနိုင်ပါ။ ဖေးချမ့် ထိုလက်ဆောင်များကို အတော်လေး ကျေနပ်မှုရှိပါသည်။ သူ ဆက်ဖတ်ကြည့်လိုက်သည်။ နောက်တစ်ခုက နှစ်ပတ်လည်အစည်းအဝေးပွဲရဲ့ ပရိုဂရမ် စာရွက်ဖြစ်သည်။ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများ၊ အစားအသောက်များ စသည်တို့ ပါဝင်သည်။ မင်ယွမ်စားဖိုဆောင်နဲ့ ယွီသရေစာလုပ်ငန်းမှ စားဖိုမှူးများကို အစည်းအဝေးပွဲ ကျင်းပမည့် ဟိုတယ်သို့ ဖိတ်ကြားမည်ဖြစ်သည်။ အားလုံးအတွက် သူတို့ ချက်ပြုတ်ပေးလိမ့်မည်။ ဟင်းချက်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ပေးထားမည်ဖြစ်ပြီး လင်းခန်ရုံက မီနူးကို စီစဉ်ပေးပါလိမ့်မည်။ အနှစ်ချုပ်အားဖြင့် အစားအသောက်နဲ့ပတ်သတ်ပြီး ဘာမှ စိတ်ပူဖို့ မလိုပါ။ ဖေးချမ့်က ပရိုဂရမ်တွေအတွက် စိတ်အပူဆုံးဖြစ်သည်။ တခြား ကုမ္ပဏီအများစုက ကျင်းပလေ့ရှိသည့် နှစ်ပတ်လည်အစည်းအဝေးပွဲများကို စကားတစ်ခွန်းတည်းနဲ့ ဖော်ပြလို့ရသည်။ ခွကျလွန်းခြင်းပင်။ တချို့က ယောက်ျားလေးဝန်ထမ်းများကို ကိုယ်ကျပ်ဝတ်စုံများ အတင်းဝတ်ခိုင်းကာ ဘဲလေးအက ကခိုင်းကြသည်။ တချို့က အွန်လိုင်းခေတ်ပေါ် သီချင်းများဖွင့်ကာ ဝန်ထမ်းများကို ခွကျကျ ကခိုင်းကြသည်။ တချို့ကတော့ သည်းခံစိတ် ကုန်လွန်စေမည့် အရှက်ကွဲစရာ ဂိမ်းများကို အတင်းကစားခိုင်းကြသည်။ အနှစ်ချုပ်အားဖြင့် စတိတ်စင်ပေါ်မှာ ဝန်ထမ်းတွေ ဖျော်ဖြေတင်ဆက်တာ ပုံမှန်လိုဖြစ်လာလေပြီ။ သို့သော်လည်း အလွန်တရာ ရှက်ဖို့ကောင်းပါသည်။ ဒါက လူသားဆန်စိတ်ပျက်သုဉ်းခြင်းလား၊ ဂုဏ်သိက္ခာများ ကျဆင်းခြင်းလားဆိုတာ ဖေးချမ့် မသေချာတော့ပါ။ လက်ထောက်ရှင်းလာပေးတဲ့ ပရိုဂရမ်တွေမှာတော့ ထိုကဲ့သို့ အမှားအယွင်းမျိုး မရှိကြပါ။ အနှစ်ချုပ်အားဖြင့် ကြည့်လိုက်ရင် အတော်လေး ကောင်းမွန်သည်။ ဌာနခေါင်းဆောင်တွေကို မိန်းကလေးတွေလို ဝတ်ခိုင်းပြီး စတိတ်စင်ပေါ်မှာ ကခိုင်းတာမျိုးလည်း မပါဝင်ပေ။ ဒါကို ဖေးချမ့် အလွန်ဝမ်းသာမိပါသည်။ ဆိုရိုးစကားတစ်ခုရှိသည်။ ကိုယ်တိုင်မလုပ်ချင်တဲ့အရာကို သူများတွေကိုလည်း လုပ်ခိုင်းလို့ မရပါ။ သူလည်း ထူးထူးဆန်းဆန်း အဝတ်အစားတွေ ဝတ်ပြီး စင်ပေါ်မှာ မျောက်လို ကခုန်မနေချင်ပါ။ နှစ်ပတ်လည်အစည်းအဝေးပွဲအတွက် ဒီပလန်မှာ စတိတ်စင်ပေါ်တွင် သီချင်းဆို၊ ကခုန်၊ ထူးခြားတဲ့ ပြကွက်များ ပြသခြင်း အစရှိသည်တို့ကို တင်ဆက်ဖို့အတွက် ပရော်ဖက်ရှင်နယ်များကိုသာ ဖိတ်ကြားဖို့ ပါဝင်သည်။ ထို့အပြင် ပျော်စရာ ကစားနည်းများကိုလည်း စီစဉ်ပေးထားသေးသည်။ အမှန်ပင်။ ပရော်ဖက်ရှင်နယ်များ ဖိတ်ကြားဖို့နဲ့ ဝန်ထမ်းတွေကို ကစားနည်း ကစားရန် ဖိတ်ကြားဖို့အတွက် အပိုထပ်ဆောင်း ဘက်ဂျက်ကိုလည်း ပြင်ဆင်ပေးထားပါသေးသညသ်။ ဘာပဲဖြစ်ဖြစ် ဂိမ်းက ဘယ်လောက်ပဲ အသေးအဖွဲဆန်ပါစေ ဝန်ထမ်းတွေကို ကောင်းမွန်စွာ ကစားနိုင်သည့်အတွက် ဆုချရမည်။ ခဏလောက်စဉ်းစားပြိးနောက် ဖေးချမ့် စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုမှ မတွေ့ရသေးပါ။ သီချင်းဆိုခြင်း၊ ကခုန်ခြင်းနဲ့ တင်ဆက်ခြင်းတို့က မဆိုးလှပါ။ သို့သော်လည်း ထင်သလောက် စိတ်ဝင်စားဖို့လည်း မကောင်းပေ။ ထိုတင်ဆက်မှုများကို နှစ်ပတ်လည်အစည်းအဝေးပွဲမှာ မဟုတ်ဘဲ ညစာစားပွဲတစ်ခုမှာ ပြုလုပ်ပေးလိုက်လျှင် ကြိုက်နှစ်သက်တဲ့လူ ဘယ်နှယောက်များ ရှိနိုင်မှာ မို့လို့လဲ။ ဝန်ထမ်းတွေကို စတိတ်စင်ပေါ်မှာ ဂိမ်းအသေးစားလေးတွေ ကစားဖို့ ဖိတ်ကြားတာက အရှက်ရစရာ ကစားနည်းတွေ ကစားခိုင်းထားထက်တော့ ပိုကောင်းပါသည်။ သို့သော် ခွကျတာတော့ ကျနေဆဲပင်။ ဘာပဲဖြစ်ဖြစ် ဘယ်သူကမှ ကစားနည်း လာကစားကြတာ မဟုတ်ပါ။ ဆုတွေရဖို့ လာကြခြင်းသာ။ ဝန်ထမ်းတွေက ယူနိုင်သမျှယူဖို့ ရောက်လာတာဖြစ်ပြီး ဘော့စ်ဖေးကလည်း ပေးနိုင်သလောက် ပေးချင်တာမို့ ခွကျတဲ့ ပရိုဂရမ်တွေ အကုန်လုံးကို ဖယ်ရှားမပစ်လိုက်သင့်ဘူးလား။ ခဏလောက်စဉ်းစားပြီးနောက် ဖေးချမ့် ပြောလိုက်သည်။ "ငါတို့ ပရိုဂရမ်တွေနဲ့ ကစားနည်းတွေကို ဖယ်လိုက်လို့ ရတယ်။ ကျင်းပမယ့်နေရာကို ဆေးလုံးကောက်စက်နဲ့ အရုပ်ကောက်စက်တွေ ပို့ထားလိုက်။ ကွင်းပစ် ကစားနည်း၊ ထိကပြန်ကစားနည်းနဲ့ အရုပ်သေနတ် ကစားနည်းတွေအတွက် နေရာတွေပါ ဆောက်ထားလိုက်ပါ" "ပြီးရင် တစ်နေရာလုံးကို အပန်းဖြေလို့ရမယ့် ကစားနည်းတွေ၊ ဆေးလုံးတောင့်တွေ၊ အမွေးပွ အရုပ်တွေ၊ အလှထားအရုပ်တွေ ပေါင်းစုံနဲ့ ဖြည့်ထားလိုက်" "လူတစ်ယောက်စီကို တိုကင် နည်းနည်းစီ ပေးမယ်။ အဲ့တိုကင်တွေနဲ့ ဂိမ်းကစားလို့ ရတယ်" "ဟုတ်သားပဲ။ အရုပ်ကောက်စက်လို လှည့်ကွက်များတဲ့ ကစားနည်းတွေကိုလည်း လူတွေ တစ်ခုခု ကောက်လို့ ရနိုင်ချေ အမြင့်ဆုံး ဖြစ်အောင် ချိန်ညှိလိုက်။ နှစ်ပတ်လည်အစည်းအဝေးပွဲမှာ လူတွေ လုပ်ဖို့ လိုတဲ့ အရာ ၂ ခုပဲ ရှိတယ်။ ကစားဖို့နဲ့ စားဖို့ပဲ" "ငါတို့ ကံစမ်းမဲတွေကို ဆက်တိုက် နှိုက်သွားပေးမယ်။ အားလုံး ဗိုက်အပြည့်စားပြီးတာနဲ့ တိုကင်တွေ ယူပြီး ဆေးလုံးကောက်စက်တွေ၊ အရုပ်ကောက်စက်တွေသွားကစားလို့ရတယ်။ ဆုတွေ အားလုံးကုန်၊ လူတိုင်း ဗိုက်တင်းသွားအောင် စားသောက်ပြီး တိုကင်တွေအားလုံး သုံးပြီးသွားပြီဆိုမှ နှစ်ပတ်လည် အစည်းအဝေးပွဲ တရားဝင် အဆုံးသတ်မယ်" "ထန်းတာ့က လုပ်ရိုးလုပ်ထုံးတွေနဲ့ အားပေးစကားတွေ ဘာတွေပြောနေမှာမဟုတ်ဘူး။ စတိတ်စင်ပေါ်မှလည်း ဘယ်သူ့ကိုမှ အရူးတက်လုပ်ခိုင်းမှာ မဟုတ်ဘူး" "စားဖို့ သောက်ဖို့ ပျော်ပါးဖို့ဆိုတာ ငါတို့ နှစ်ပတ်လည် အစည်းအဝေးပွဲရဲ့ Theme ပဲ" အခန်း(၃၆၀) စာမေးပွဲမေးခွန်းတွေက... ပြဿနာရှိနေတယ် ဒီဇင်ဘာလ ၂၀၊ တနင်္ဂလာနေ့... ယခင်အပတ်တုန်းက ထန်းတာ့စီမံခန့်ခွဲရေးဌာနမှာ နှစ်ပတ်လည်အစည်းအဝေးပွဲအတွက် ပြင်ဆင်ဖို့ ကြိုးစားနေကြကာ တခြား လုပ်ငန်းခွဲနဲ့ ဌာနတွေကလည်း သက်ဆိုင်ရာ ထုတ်ကုန်များကို ဆက်လက် ဖန်တီးနေကြပါသည်။ ထို့ကြောင့် ဖေးချမ့်တစ်ယောက် အချိန်တွေ ကုန်လွန်ဖို့ ဘာမှလုပ်စရာမရှိဘဲ အပျင်းထူနေရ၏။ ကုမ္ပဏီက လစဉ် ၂၀ ရက်နေ့တိုင်း မင်ယွမ်စားဖိုဆောင်မှာ ဝန်ထမ်းတွေ့ဆုံပွဲ ကျင်းပရမှာ ဖြစ်သည်။ သို့သော်လည်း ဒီနေ့က ထူးခြားပါသည်။ အဘယ့်ကြောင့်ဆိုသော် နှစ်ပတ်လည်အစည်းအဝေးပွဲကို ဒီနေ့သတ်မှတ်ထားတာကြောင့်ဖြစ်၏။ မင်ယွမ်စားဖိုဆောင်နဲ့ ယွီသရေစာလုပ်ငန်းမှ စားဖိုမှူးအားလုံးကို နှစ်ပတ်လည် အစည်းအဝေး တည်နေရာသို့ လွှတ်ထားသည်။ ထန်းတာ့ရဲ့ နှစ်ပတ်လည်အစည်းအဝေးပွဲက တခြား ကုမ္ပဏီတွေနဲ့ ခြားနားပါလိမ့်မည်။ တခြားကုမ္ပဏီအများစုက ၎င်းတို့ရဲ့ နှစ်ပတ်လည် အစည်းအဝေးပွဲများကို ညနေခင်းမှသာ ကျင်းပလေ့ရှိကြသည်။ ဆိုလိုတာက အားလုံး နေ့လည်ခင်းမှ ရုံးဆင်းရကာ ပွဲတော်မှာ ည ၇ နာရီ ၈ နာရီလောက်အထိ ဆက်နေရသည်။ သူတို့ရဲ့ အနားယူချိန်ကို အလွန်ထိခိုက်ပါသည်။ အမှန်ပင်။ ဒါမျိုးတော့ ဖေးချမ့် လက်မခံနိုင်ပေ။ ထို့ကြောင့် ထန်းတာ့နှစ်ပတ်လည်အစည်းအဝေးပွဲအတွက် အစီအစဉ်က ဒီလိုဖြစ်ပါသည်။ အားလုံးက မနက်ခင်းမှာ ပုံမှန်အတိုင်းပဲ အလုပ်လုပ်ကြရမည်။ နေ့လည်ခင်းတွင် နှစ်ပတ်လည်အစည်းအဝေးပွဲကို ကျင်းပပြီး ပုံမှန် အလုပ်ဆင်းချိန် မတိုင်ခင် အဆုံးသတ်ဖို့ ရည်ရွယ်ထားသည်။ သူ့ဝန်ထမ်းတွေရဲ့ အနားယူချိန်ကို ဖေးချမ့် မထိခိုက်စေချင်ပေ။ ထိုအချိန်တွင် ဝူပင်းက သူ့အလုပ်ခုံမှာသူ ထိုင်နေရင်း ဘာမှ လုပ်စရာလည်း မရှိပေ။ အချိန်ဘယ်လိုဖြုန်းရမလဲဆိုတာသာ တွေးနေရပါသည်။ သူ ဘေးပတ်လည်ကို ကြည့်လိုက်သည်... ဘာဖြစ်လို့ လူတိုင်း အလုပ်တွေ ကြိုးစားပမ်းစား လုပ်နေကြတာလဲ။ ဟန်းထုဂိမ်းမှာသာဆို မကြာခင် နှစ်ပတ်လည် အစည်းအဝေးပွဲ စတင်တော့မည်ဟု ကြားလိုက်ရတာနဲ့ အားလုံး အားအားယားယား ရေသာခိုကာ အချိန်ဖြုန်းနေကြလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမှာ အလုပ်ကို အာရုံစိုက်ထားဖို့က အလွန်ခက်ခဲပါသည်။ သို့သော် ထန်းတာ့မှာတော့ လုံးဝ ခြားနားလျက်ရှိသည်။ အားလုံးက လုပ်စရာရှိတာကို ဆက်လုပ်နေကြပြီး အရင်ကထက်တောင် ပိုအာရုံစိုက်ထားကြပုံပေါက်နေသည်။ ဝူပင်း ကြောင်စီစီဖြစ်သွားရ၏။ ငါတို့ဒီနေ့ နှစ်ပတ်လည် အစည်းအဝေးပွဲ ကျင်းပရမှာလေ။ မင်းတို့ကောင်တွေ ဒီနေ့ညအတွက် စိတ်လှုပ်ရှား မနေသင့်ဘူးလား။ အလုပ်တွေ အာရုံစိုက်ဖို့ အခက်တွေ့နေကြရမှာ မဟုတ်ဘူးလား။ ဘာလို့ ကီးဘုတ်တွေ တစ်တောက်တောက် နှိပ်ရင်း အလုပ်ရှုပ်နေကြတာလဲ။ သရုပ်ဆောင်နေကြတာလား။ မဖြစ်နိုင်ပါ။ ဝူပင်းက သူ့ဘေးကလူကို တစ်ချက် လှမ်းကြည့်လိုက်ရာ တကယ် အလုပ်လုပ်နေတာဖြစ်မှန်း မြင်လိုက်ရသည်။ တခြားသူတွေနဲ့ စာပို့နေတာ မဟုတ်သလို ကျပန်း ဝက်ဘ်ဆိုက်တွေ လျှောက်ကြည့်နေတာလည်း မဟုတ်ပေ။ ဝူပင်း တိုးတိုးလေး မေးလိုက်၏။ "ခဏနေရင် နှစ်ပတ်လည် အစည်းအဝေးပွဲ စတော့မှာလေ။ ဘာလို့ အားလုံး ဒီလောက် အလုပ်များနေကြတာလဲ" ထိုလူက ကော်ဖီတစ်ငုံသောက်လိုက်ရင်း ဖြေလလိုက်သည်။ "အဲ့တာ ပုံမှန်ပဲ မဟုတ်ဘူးလား" "နှစ်ပတ်လည် အစည်းအဝေးပွဲက နေ့လည်ခင်းမှာ ကျင်းပမှာလေ။ အဲ့တာကြောင့် ဒီနေ့ အလုပ်တွေ အကုန်ပြီးအောင် မနက်ခင်းကတည်းက စုပြုံပြီး လုပ်ထားရတာပေါ့ဗျာ" "လုပ်စရာကလည်း သိပ်မရှိပါဘူး။ စောစောပြီးလေလေ၊ စောစော နားရလေလေပဲ။ ကျွန်တော်တို့ ထပ်ပြီး အချိန်ဆွဲနေရင် အချိန်ပိုလုပ်ခွင့် ရဖို့ကလည်း ခက်တယ်ဗျ" ဝူပင်း ဆွံ့အသွားသည်။ အချိန်ပိုလုပ်ခွင့်ရဖို့ခက်တယ်ဆိုတာ ဘာကို ပြောတာလဲ။ ဝန်ထမ်းတွေ လွတ်လွတ်လပ်လပ် အချိန်ပိုလုပ်ခွင့် မရှိကြောင်း ဝူပင်း ပထမဆုံးအကြိမ်အဖြစ် ကြားဖူးတာ ဖြစ်သည်။ တကယ်တော့ အကန့်အသတ်တောင် ရှိနေသည်။ ထို့ကြောင့်လည်း အားလုံးက အလွန်ကြိုးစားနေကြတာ ဖြစ်သည်။ သူတို့မှာ သတ်မှတ်ထားတဲ့ ပုံသေတာဝန်တွေ ရှိနေကြပါသည်။ တခြားကုမ္ပဏီတွေဆို ကိုယ့်ဝန်ထမ်းတွေ အချိန်ပိုလုပ်အောင် ကြံစည်ရတာကို သဘောကျကြသည်။ ဝန်ထမ်းတွေကို အလုပ်တစ်ခုလုပ်ဖို့ အချိန် ၁၀ နာရီပေးပြီး ဝန်ထမ်းတွေက စောစောပြီးသွားပါက နောက်ထပ် အလုပ်တွေ ထပ်ပေးကြလိမ့်မည်။ ထို့ကြောင့် ထိုဝန်ထမ်းတွေကလည်း အချိန်ကို အေးဆေးယူကာ နောက်ဆုံးမိနစ်ကျမှ အလုပ်ကို တင်ပြလိုက်တာ အကောင်းဆုံးဖြစ်မည်ဟု ထင်ကြသည်။ ထန်းတာ့ကတော့ ထူးခြား၏။ အလုပ်တွေလည်း အများကြီး ရှိသည်။ သို့သော် ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ အလုပ်ချိန်ကို တတ်နိုင်သမျှ လျှော့ချဖို့ ကြိုးစားနေသည်။ ဒီကဝန်ထမ်းတွေကို အလုပ်ချိန် ၈ နာရီသာ တင်းတင်းကြပ်ကြပ် သတ်မှတ်ပေးထားသည်။ သူတို့ ၁ နာရီလောက် အချိန်ပိုလုပ်ချင်တောင် လုပ်ခွင့်ရမလား မရဘူးလားဆိုတာက ဘော့စ်ဖေးရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်ပါသည်။ ထို့အပြင် တာဝန်တွေကို ပုံသေသတ်မှတ်ထားသည်။ သူတို့ စောစောပြီးရင်တောင် တာဝန်အသစ် ထပ်မံ ပေးအပ်ခံရမှာ မဟုတ်ပေ။ ထို့ကြောင့် လူပေါင်းများစွာက အလုပ် သေသေချာချာ လုပ်ကိုင်ဖို့ အသားကျလာကြပါသည်။ တစ်ဖက်မှာတော့ အလုပ်ကိုစောစောပြီးမြောက်ခြင်းဖြင့် စောစောအနားယူနိုင်လိမ့်မည်။ နောက်တစ်ဖက်မှာတော့ သူတို့ အလုပ်ကို မပြီးမြောက်ဘဲ နောက်ပိုင်း အချိန်ပိုလည်း လုပ်ခွင့်မရပါက Deadline မတိုင်ခင် အလုပ်တွေ အပြီးသပ်နိုင်မှာ မဟုတ်ပါ။ ဒီနေ့ အားလုံးရဲ့နေ့လည်ခင်းက နှစ်ပတ်လည်အစည်းအဝေးပွဲကြောင့် အချိန်ကုန်ဆုံးလိမ့်မည်။ ထို့ကြောင့် မနက်ခင်းမှာ တတ်နိုင်သမျှ အလုပ်များများပြီးမြောက်အောင် ကြိုးစားကြရပါမည်။ အမှန်ပင်။ သူတို့တွေက အလွန့်အလွန် ဖန်တီးနိုင်စွမ်း ရှိကြပါသည်။ ဝူပင်းလည်း အနည်းငယ် စိတ်ခံစားချက်ဖြစ်သွားမိ၏။ ထန်းတာ့က တကယ်ကြောက်ဖို့ကောင်းပါသည်။ ဘာလို့ တခြားကုမ္ပဏီတွေရဲ့ လုံးဝဆန့်ကျင်ဘက်တွေကိုပဲလိုက်လုပ်နေကြတာလဲ။ ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှုကို ထွန်းညှိပေးဖို့အတွက် ကုမ္ပဏီမှာ အထူးနည်းလမ်းတစ်ခုခုရှိနေတာဖြစ်မည်။ ဒီလိုဆို... ဝူပင်းလည်း အလုပ်များ အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ကာ ကုမ္ပဏီထဲ ဝင်ဆံ့နိုင်အောင် လုပ်ရပါမည်။ ခပ်မြန်မြန်ပဲ ထိုအချက်တွေအားလုံးကို စိတ်ထဲမှတ်သားလိုက်၏။ အဘယ့်ကြောင့်ဆိုသော် ဒီမနက်မှာပဲ ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲကို ဖြေဆိုရမှာ ဖြစ်တာကြောင့်ပင်။ သူ့အတွက် ပထမဆုံးအကြိမ် ဖြေဆိုခြင်း ဖြစ်၏။ အောင်မြင်သွားပါက ရာထူးတစ်ခုခုရပြီး ထန်းတာ့ရဲ့ ဝန်ထမ်း ဖြစ်လာပါတော့မည်။ ကျသွားပါက အခွင့်အရေး ၃ ခါ ရှိဦးမည်။ ကုမ္ပဏီတစ်ခုက ပိုထူးခြားလေလေ ခံယူချက်ကို နားလည်ဖို့ပိုခက်လေလေပဲဆိုတာ ဝူပင်းကောင်းကောင်းကြီး သိနေပါသည်။ ထို့ကြောင့် ဘယ်လိုမေးခွန်းမျိုးတွေ မကြာခင် မေးလာမလဲဆိုတာ ဝူပင်း မသိပါ။ မကြာမီ အချိန်ကျလာခဲ့သည်။ မနက် ၁၁ နာရီတွင် ဝူပင်း အစည်းအဝေးခန်းထဲသို့ ဝင်လာ၏။ အခန်းထဲမှာ လက်ပ်တော့များစွာ ရှိနေပါသည်။ ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲ ပရိုဂရမ်ကို လက်ပ်တော့တိုင်းမှာ ဖွင့်ထားပါသည်။ ဖြေဆိုသူက ဝင်းဒိုးပြောင်းလဲလို့မရသလို ပရိုဂရမ်ထဲက ထွက်လို့လည်း မရပါ။ မေးခွန်းအားလုံးကို ဖြေဆိုပြီးခါမှ အဖြေလွှာကို တင်ခွင့်ရပါမည်။ ထို့အပြင် စီမံခန့်ခွဲရေးဌာနက လူတွေက စာမေးပွဲခန်းစောင့်ဖို့ ရှိနေကြသည်။ အချင်းချင်း စကားပြောလို့မရသလို ဖုန်းတွေလည်း သုံးလို့ မရပေ။ ဝူပင်း ပတ်ကြည့်လိုက်ရာ ဒီတစ်ခေါက် စာမေးပွဲအတွက် လူ ၂၀ ကျော် ဖြေဆိုမှာကို မြင်လိုက်ရပါသည်။ ဒီလူတွေအားလုံးက အရင်တစ်ခေါက် ဝန်ထမ်းခေါ်ယူမှုအသုတ်မှာ ရွေးချယ်ခံထားရသူတွေတော့ မဟုတ်ပေ။ တချို့က အရင်အလုပ်များကို ထွက်ဖို့ လုပ်နေရင်း တန်းလန်းဖြစ်ကာ ကုမ္ပဏီကိုလည်း မဝင်ရောက်ရသေးပါ။ အခန်းထဲက ဝန်ထမ်း ၂၀ ဝန်းကျင်စလုံးက ဝူပင်းလိုပင်။ ရွေးချယ်ခံရပြီးနောက် အရင်အလုပ်များကို ချက်ချင်း ထွက်ခဲ့ကြသည်။ ထို့ကြောင့် ဒီတစ်သုတ်ကို အချိန်မှီ ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါသည်။ အစည်းအဝေးခန်းထဲက သွင်ပြင်အနေအထားက အနည်းငယ် အေးချမ်းနေမှန်း ဝူပင်းသတိထားမိသည်။ လူတွေက ရယ်မော စကားပြောနေကြတာ မဟုတ်သော်လည်း ဘယ်သူကမှ ဆူပုတ်ပြီး စစ်ဖြစ်တော့မယ့်မျက်နှာမျိုးတွေ ဖြစ်မနေကြပေ။ အစိုးရလုပ်များအတွက် လူတွေ့စာမေးပွဲ သို့မဟုတ် တချို့ တက္ကသိုလ်တွေက ကျင်းပလေ့ရှိသည့် စိတ်ဓာတ်ရေးရာ စမ်းသပ်ချက်များနဲ့ တူညီကာ မအောင်တဲ့သူ အနည်းငယ်သာ ရှိလိမ့်မည်ဟု ထင်ထားကြမှန်း သိသာပါသည်။ အများစုက မေးခွန်းတွေကို စိတ်ထဲမှန်တာ ဖြေလိုက်ရင် အောင်မြင်လိမ့်မည်ဟု ထင်ထားကြသည်။ သူတို့အတွက် ဒါက လုပ်ရိုးလုပ်စဉ်တစ်ခုပင်။ မကြာခင် အားလုံး ထိုင်ခုံမှာ ထိုင်လိုက်ကြပြီး စာမေးပွဲ စတင်ခဲ့ပါသည်။ ဝူပင်းလည်း အသက်ဝဝရှူသွင်းလိုက်ပြီး မောက်စ်ကိုကိုင်ကာ ပထမမေးခွန်းကို ဖတ်ကြည့်လိုက်လေသည်။ 'အလုပ်ဆင်းဖို့အချိန်ဖြစ်ကာ မပြီးမြောက်သေးတဲ့ အလုပ်တစ်ခု လက်ထဲမှာ ရှိနေလျှင် သင်လုပ်သင့်တာက:' ရွေးချယ်နိုင်သည့် အဖြေများကိုကြည့်ရင်း ဝူပင်း ချက်ချင်း မျက်မှောင်ကြုတ်သွားရသည်။ "အဲ့လောက်တောင် ရိုးရှင်းတာလားဟ။ ဒါပေါ့ အလုပ်မပြီးမှတော့ အချိန်ပိုလုပ်ရမှာပေါ့။ ဘယ်သူမှ 'မနက်ဖြန်မှလုပ်မည်' ဆိုတာကို မရွေးလောက်ဘူး ဟုတ်တယ်မလား" "လခွမ်း။ အထက်လူကြီးကို ပြန်ခံပြောမယ်ဆိုတဲ့ အဖြေတောင် ပါသေးတယ်ဟ။ အဲ့အဖြေကို ရွေးတဲ့လူတိုင်း ချက်ချင်း အလုပ်ဖြုတ်ခံရနိုင်တယ်မလား" ဝူပင်း ဒီစာမေးပွဲကို ထူးဆန်းသည်ဟု ထင်စပြုလာပါပြီ။ ရယ်တောင် ရယ်ချင်သွား၏။ ဒီမေးခွန်းတွေက သူမျှော်လင့်ထားတာနဲ့ အလွန်ခြားနားနေပါသည်။ စာမေးပွဲ မေးခွန်းတွေက ရှုပ်ထွေးပြီး ခက်ခဲကာ အဖြေတွေက အလွန်ရွေးရခက်လိမ့်မည်ဟု ဝူပင်းထင်ထားခဲ့ပါသည်။ 'မိန်းမနဲ့ အမေပင်လယ်ထဲပြုတ်ကျသွားရင် ဘယ်သူ့ကို အရင်ကယ်မလဲ' ဟူသည့် မေးခွန်းတွေ နီးပါး ခက်ခဲလိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေကိုကြည့်ခြင်းအားဖြင့် စာမေးပွဲက အတော် ရိုးရှင်းပါသည်။ အမှန်ပင်။ သာမန်လုပ်ရိုးလုပ်စဉ်လေးတစ်ခုသာ ဖြစ်သည်။ EQ နိမ့်တဲ့ လူသစ်လေးတွေဆိုရင်တောင် ဒီလိုမေးခွန်းတွေအတွက် အဖြေကို သိနိုင်တာပဲမဟုတ်လား။ ဝူပင်းလည်း ခပ်မြန်မြန်ပဲ အချိန်ပိုလုပ်မည်ဟူသည့် အဖြေကို ရွေးလိုက်ပြီး အဆုံးသတ်ဖို့ ပြင်လိုက်၏။ သို့သော် အဖြေကို တင်သွင်းဖို့ ကြံစည်လိုက်စဉ် တစ်ခုခုလွဲနေတာကို သတိထားလိုက်မိပါသည်။ တကယ်ပဲ ဒီလောက်ထိ ရိုးရှင်းတာလား။ ဒါလေးအတွက်နဲ့ စာမေးပွဲကျင်းပခဲ့တာလား။ သူ့အတွေ့အကြုံကို ချက်ချင်း ပြန်စဉ်းစားကြည့်လိုက်ပါသည်။ ထန်းတာ့ဝန်ထမ်းအများစုက အလွန်ထူးချွန်ကြသည်။ ထို့ကြောင့် အလုပ်ကို မပြီးမြောက်တဲ့ ဖြစ်ရပ်မျိုး လုံးဝ မဖြစ်နိုင်ပါ။ ဖြစ်လာခဲ့ရင် အလုပ်မှာ မကျွမ်းကျင်တဲ့သဘောကို ဆောင်ပြီး ဒါဆို... အလုပ်ပြီးမြောက်အောင် အချိန်ပိုလုပ်ရမှာပဲ ဟုတ်တယ်မလား။ ဝူပင်း ဒီမေးခွန်းတွေကို နက်နက်ရှိုင်းရှိုင်း ထပ်စဉ်းစားဖို့ ကြိုးစားသည်။ သို့သော် အဖြေကတော့ မပြောင်းလဲပါ။ "...ဧကန္တ ငါအတွေးလွန်နေတာပဲဖြစ်မှာပါ" "ပထမမေးခွန်းပဲ ရှိပါသေးတယ်။ အဲ့လောက်ကြီး ဇဝေဇဝါဖြစ်နေဖို့ မလိုဘူး။ ဆက်ဖတ်လိုက်ဦးမယ်" ဝူပင်း မေးခွန်းတွေကို ခပ်မြန်မြန် ဖြေဆိုလိုက်သည်။ မေးခွန်းတွေကို လေးလေးနက်နက် တွေးကြည့်ချင်သော်လည်း... ဘာမှ တွေးစရာ ရှိမနေပါ။ ဘယ်ရှုထောင့်ကကြည့်ကြည့် ဒီမေးခွန်းတွေအတွက် အဖြေက သိသာနေတာချည်းပင်။ မေးခွန်းတွေကို ဆက်ဖြေရင်း ဝူပင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားရသည်။ "ဟမ်။ ဒီမေးခွန်းကို ခုနကဖြေပြီးသား မဟုတ်ဘူးလား။ မေးခွန်းတွေ အရမ်းများနေတာလား။ မေးခွန်းဘဏ်က သေးလွန်းလို့လား" ဝူပင်း မေးခွန်းကို သေသေချာချာ ဖတ်ကြည့်လိုက်ရာ အရင်ကတစ်ခုနဲ့ တော်တော်‌လေးကို ဆင်တူနေမှန်း မြင်လိုက်ရသည်။ နှစ်ခုစလုံးက အချိန်ပိုလုပ်တာနဲ့ ပတ်သတ်နေသည်။ သို့သော် ဒီမှာ စာလုံးအပိုတချို့ ပါလာသည်။ 'ဘော့စ်ဖေးက ခိုင်းရင်' ဟူသည့် စကားလုံး ဖြစ်သည်။ "ဟမ်... မေးခွန်းထပ်တာတော့ မဖြစ်နိုင်ပါဘူး" "ဆိုလိုတာက အဲ့ဒီမေးခွန်း ၂ ခုအကြားမှာ ငါ့အဖြေက ခြားနားသင့်တယ်ဆိုတဲ့သဘောလား" "ဘော့စ်ဖေးက ခိုင်းရင် ငါအချိန်ပိုလုပ်သင့်လား" "အဲ... ဒီမေးခွန်းက ခုနကဟာနဲ့ မတူလောက်ဘူး" "ဘော့စ်ဖေးက ငါတို့ကို အချိန်ပို မလုပ်ဖို့ လေးလေးနက်နက် ပြောထားတာ။ သူက အဲ့ဒီတာဝန်ကို စောင့်ကြည့်နေမှာဆိုတော့ ငါအချိန်ပိုမလုပ်သင့်ဘူး" "ဆိုလိုတာက 'အချိန်ပိုလုပ်မယ်'ဆိုတဲ့ အဖြေကို မရွေးသင့်ဘူး" "အနှစ်ချုပ်ပြောရရင် ငါ့အလုပ်ကို မပြီးရင် ငါအလုပ်လုပ်တာ သွက်လက်မှု မရှိလို့ပေါ့။ အဲ့တာကြောင့် အလုပ်ပြီးအောင် အချိန်ပိုလုပ်ရမယ်၊။ ဒါပေမယ့် ခိုးကြောင်ခိုးဝှက်ပဲ လုပ်လို့ ရတယ်။ ဘော့စ်ဖေးသာ သိသွားရင် ငါအချိန်ပိုလုပ်ခွင့်ရှိမှာ မဟုတ်တော့ဘူး။ "ဟုတ်တယ်။ အဲ့လိုပဲဖြစ်မယ်" ဝူပင်းက အဖြေကို အလွန် ကျိန်းသေနေပါသည်။ သို့သော်လည်း စာမေးပွဲမှာ မေးခွန်းပေါင်းများစွာ ပါဝင်သဖြင့် ဒီမေးခွန်းလေးတစ်ခုကို မှားရင်တောင် ခြားနားမှု သိပ်မရှိလောက်ဘူးဟု တွေးလိုက်ပါသည်။ ထို့ကြောင့် ခပ်မြန်မြန်ပဲ ကျော်လိုက်ပါသည်။ မကြာမီ မေးခွန်းတွေ အားလုံးကို ဖြေဆိုလို့ ပြီးသွားခဲ့သည်။ အစကတော့ အဖြေမှန်တွေကို သိရဖို့ အချိန်ခဏလောက်ကြာလိမ့်မည်ဟု ဝူပင်း ထင်ခဲ့သည်။ သို့သော်လည်း သူ့အဖြေလွှာကိုတင်လိုက်တာနဲ့ 'စာမေးပွဲရလဒ်ကြည့်ရှုရန်' ဟူသည့် ခလုတ်တစ်ခုကို ဖန်သားပြင်ပေါ်မှာ မြင်လိုက်ရပါသည်။ ဝူပင်း ရပ်တန့်သွားသည်။ "ချက်ချင်း ရလဒ်တွေကို ကြည့်လို့ရတာလား" ချက်ချင်းပဲ ရင်ထဲ ဂယောက်ဂယက်ဖြစ်သွားရသည်။ သို့သော်လည်း ခဏလောက်တွေးကြည့်ပြီးနောက် ဘာမှဂယောင်ချောက်ချားဖြစ်စရာမလိုမှန်း နားလည်လိုက်ရပါသည်။ ဒီစာမေးပွဲက သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်သည်။ မေးခွန်း ၁ ခု ၂ ခုလောက် မှားရင်တောင် အောင်မြင်မှာပဲ မဟုတ်လား။ ခလုတ်ကို နှိပ်ဖို့ကြံလိုက်စဉ် သူ့မျက်နှာချင်းဆိုင်ကလူက တုန်လှုပ်ချောက်ချားစွာဖြင့် ခပ်စူးစူး အော်ဟစ်လိုက်သည်။ "ဘာလဲဟ" ဝူပင်းလည်း မော့ကြည့်လိုက်ရာ ထိုလူက ကွန်ပျူတာ ဖန်သားပြင်ကို မယုံကြည်နိုင်စွာ ကြည့်နေမှန်း မြင်လိုက်ရပါသည်။ မကြာမီ အခန်းတစ်ခန်းလုံးမှာ အံ့သြတုန်လှုပ်သွားသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာကြသည်။ မေးခွန်းတွေက ရိုးရှင်းပြီး နားလည်ရလွယ်ကူတာကြောင့် လူအများစုက ဖြေဆိုဖို့ အချိန်အများကြီးတောင် မယူရပါ။ ထို့ကြောင့် လူတိုင်း တစ်ပြိုင်တည်းလိုလို ပြီးသွားကြခြင်း ဖြစ်သည်။ ထိုအံ့သြတုန်လှုပ်သံများက မကြာမီအခန်းထဲမှာ ပျံ့နှံ့သွားလေသည်။ လူအများစုကတော့ အော်လည်းမအော် အသံလည်း မထွက်ကြပါ။ သို့သော် သူတို့မျက်နှာပေါ်က ထူးဆန်း အံ့သြမှင်သက်နေတဲ့ မျက်နှာတွေကို ကြည့်ခြင်းအားဖြင့် ဝူပင်း သိချင်တာ အကုန် သိလိုက်ရပါသည်။ တစ်ခုခုလွဲနေတာကို ဝူပင်း ရုတ်တရက် သိလိုက်ရသည်။ မေးခွန်းတွေက အရမ်း လွယ်တာ မဟုတ်ဘူးလား။ လူတွေအများကြီး စာမေးပွဲကို ကျစရာလား။ ခပ်မြန်မြန်ပဲ သူ့မောက်စ်ကို ရွှေ့ကာ 'စာမေးပွဲရလဒ်ကြည့်ရှုရန်' ခလုတ်ကို နှိပ်လိုက်သည်။ ဖန်သားပြင်ပေါ်မှာ စာကြောင်းတစ်ကြောင်းသာ ပေါ်လာသည်။ 'စိတ်မကောင်းပါဘူး... ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲကို သင် မအောင်မြင်ပါ။ ကျေးဇူးပြုပြီး ထပ်ကြိုးစားပေးပါ" ဝူပင်း ဆွံ့အသွားသည်။ သွားပြီ... ဒီရလဒ်ကို သူလုံးဝ မျှော်လင့်မထားပေ။ မေးခွန်းတွေက အရမ်းရိုးရှင်းတာ မဟုတ်ဘူးလား။ ဘာလို့ အကုန်လုံးကို မှားသွားရတာလဲ။ ထို့အပြင် မေးခွန်း ၁ ခုလည်းမဟုတ် ၂ ခုလည်းမဟုတ် အများကြီး မှားခဲ့တာ ဖြစ်သည်။ ဝူပင်း အလွန် စိတ်ရှုပ်ထွေးသွား၏။ မေးခွန်းတွေကို ပြန်စဉ်းစားကြည့်ဖို့ ကြိုးစားသေးသည်။ သို့သော်လည်း သူ့အဖြေတွေမှာ ဘာပြဿနာမှ ရှာမရပေ။ သူဘယ်နား မှားသွားခဲ့တာလဲ။ ဘေးပတ်လည်ကို ကြည့်လိုက်ရာတွင်လည်း လူတိုင်းက မတူညီစွာ တုန့်ပြန်နေကြတာကို မြင်လိုက်ရပါသည်။ သို့သော်လည်း အားလုံးရဲ့ မျက်နှာတွေကတော့ အံ့သြတုန်လှုပ်မှုများနဲ့ ပြည့်နှက်နေသည်။ "ဝိုး ငါ တကယ်ကြီး အောင်သွားပြီဟ" "ဘယ်လိုဖြစ်လို့ ငါကျသွားတာလဲ။ ဘာဖြစ်တာလဲဟ" "ဆိုးရွားလိုက်တာ" လူအများစုက မှင်သက်ကာ ဇဝေဇဝါဖြစ်သွားကြသည်။ သို့သော်လည်း တချို့ကတော့ အံ့အားသင့် ပျော်ရွှင်သွားရ၏။။ သို့သော်လည်း အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ အားလုံးက မေးခွန်းတွေကြောင့် ဇဝေဇဝါတော့ ဖြစ်နေကြပါသည်။ အောင်သွားတဲ့လူတွေကို ဘယ်လိုဖြေလိုက်တာလဲဟု ဝူပင်း တကယ်မေးချင်မိသည်။ သို့သော်လည်း စာမေးပွဲစောင့်နေသည့် စီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းတွေက လူတွေကို အခန်းထဲမှ မောင်းထုတ်လေသည်။ "စာမေးပွဲဖြေဆိုပြီးရင် ကျေးဇူးပြုပြီး အခန်းထဲက ချက်ချင်း ထွက်ခွာပေးကြပါရှင်။ မေးခွန်းတွေအကြောင်း ဆွေးနွေးခွင့် မရှိပါဘူး။ ဒီတစ်ခေါက် မအောင်မြင်လည်း ကိစ္စမရှိပါဘူး။ နောက်ထပ် အခွင့်အရေး ၃ ခါ ရှိပါသေးတယ်" "ကျေးဇူးပြုပြီး ထန်းတာ့ခံယူချက်အကြောင်း လေ့လာဖို့ ကျန်တဲ့အချိန်တွေကို အသုံးချလိုက်ပါ။ နောက်တစ်ခေါက်မှာ အောင်မြင်ကြပါစေ " အူကြောင်ကြောင်ဖြစ်စွာ ဝူပင်း ကိုယ့်အလုပ်နေရာကိုကိုယ်ပြန်လာခဲ့သည်။ "ဘယ်လိုလဲ။ အောင်သွားလား" ဘေးက လူက ကီးဘုတ်ရိုက်ကာ အလုပ်လုပ်နေရင်း လှမ်းမေးလို်ကပါသည်။ ဝူပင်းက မှင်သက်နေဆဲဖြစ်ကာ ခေါင်းခါလိုက်ပါသည်။ "မအောင်ဘူး' ထိုလူရဲ့ ခေါင်းထဲမှာ မေးခွန်းသင်္ကေတတွေနဲ့ ပြည့်နှက်သွားတာ သိသာပါသည်။ သို့သော်လည်း ဝူပင်းကိုတော့ နှစ်သိမ့်ပေးလိုက်သေး၏။ "စိတ်မပူပါနဲ့။ ကျွန်တော်တို့ဆီ ရောက်တာ မကြာသေးလို့ ထန်းတာ့ခံယူချက်အကြောင်း သိပ်မသိသေးတာဖြစ်မှာပါ။ ဆက်ကြိုးစား။ နောက်ပိုင်း အခွင့်အရေးတွေ ရှိသေးတာပဲကို" ဝူပင်း ".... ထန်းတာ့ခံယူချက်ဆိုတာ ဘာလဲ" ထိုလူလည်း အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလိုက်သည်။ "ခင်ဗျားပြောမှပဲ... ကျွန်တော်လည်း မသိဘူး..." ဝူပင်းဆွံ့အသွားသည်။ ကြည့်ရတာ စာမေးပွဲက သူ ထင်ထားသလောက် မရိုးရှင်းတော့သည့်ပုံပင်။

Vol. 24 Ch. 354

ဟဲထယ်ရှန်းနဲ့ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများကုမ္ပဏီရှိတခြားပရော်ဖက်ရှင်နယ်များက IOI အားပြုပြင်ဖို့အတွက် ၎င်းတို့ရဲ့ သုံးသပ်ချက်များကို စတင် စစ်ထုတ်ကြလေသည်။

ဒီလုပ်ငန်းစဉ်က တော်တော် နာကျင်ဖို့ ကောင်းပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုပရော်ဖက်ရှင်နယ် အများစုက Gods Rising ဂိမ်းနဲ့ အလွန် ရင်းနှီးမှု ရှိတာကြောင့် ဖြစ်သည်။ ဂိမ်းရဲ့ ခက်ခဲမှုအဆင့်က သူတို့နဲ့ သာမန်ကစားသမားတွေအကြား အဓိက ကွာခြားချက် ဖြစ်သည်။

ဂိမ်းဆက်တင်၏ ခက်ခဲမှုအဆင့်ကို ပြုပြင်ဖို့ အကြံပေးရခြင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဂိမ်းရသကို လျစ်လျူရှုပြီး တချို့ ကဏ္ဍတွေမှာ သူတို့ရဲ့ အားသာချက်ကို အားနည်းသွားစေလိမ့်မည်။ သူတို့ ရွေးချယ်မှုလုပ်ဖို့ ခက်ခဲလွန်းပါသည်။

သို့သော်လည်း ပြန်စဉ်းစားကြည်သောအခါ ယခု ပြုပြင်မှုတွေ ကမ်းလှမ်းလိုက်ရင်တောင် ဘော့စ်မာရဲ့ ဂိမ်းရသက ကျိန်းသေပေါက် တိုးတက်လာဦးမှာ မဟုတ်ပေ။

ထိုအခါ လုပ်ပွဲကြီးဖြစ်နေရင်တောင် ဘော့စ်မာ အချိန်တိုအတွင်း ပျင်းရိသွားပါလိမ့်မည်။

ဘော့စ်မာ ပျင်းသွားတာနဲ့... အားလုံး ဆန်အိုးကွဲမယ့် သဘောပဲ မဟုတ်လား။

ထို့ကြောင့် ဘော့စ်မာကို သက်တောင့်သက်သာ ကစားနိုင်အောင် သူတို့ လုပ်ပေးရမည်။ ဒီဂိမ်းအတွက် ပြုပြင်မှုပလန်ကို ရေးဆွဲရမည်။

ဟဲထယ်ရှန်းက IOI ၏ Beta ဗားရှင်းကို ကစားရင်း ဦးနှောက်စားနေသည်။ သူတို့က လက်ချောင်းဂိမ်း၏ ရှယ်ယာဝင်များဖြစ်ပြီး IOI ၏ ပြည်တွင်းအေးဂျင့် ဖြစ်တာကြောင့် ဂိမ်း Beta ဗားရှင်းကို ရဖို့ မခက်ပါ။

အားလုံး သိပ်ပြီး မကစားကြမိရုံသာ ရှိသည်။ အချိန်တော်တော်များများမှာ Gods Rising လုပ်ပွဲများကိုသာ ကစားနေရ၏။

အကြောင်းအရင်းကတော့ ရိုးရှင်းသည်။ ဟဲထယ်ရှန်းနဲ့ မာယန်တို့အပါအဝင် အားလုံးအတွက် IOI က Gods Rising ရဲ့ အဆင့်နိမ့်ဗားရှင်းဟုသာ သတ်မှတ်နိုင်ပါသည်။

မြေပုံအရွယ်အစားကွာဟချက်၊ ဂိမ်းဆက်တင် ကွာဟချက် စသည်တို့က သိပ်ပြီး မကြီးမားလှပါ။ အရေးအကြီးဆုံး ကွာဟချက်က ဖန်သားပြင်နဲ့ ဟီးရိုးစကေး ဒီဇိုင်းများ ဖြစ်သည်။

IOI ရဲ့တစ်ခုတည်းသောအားသာချက်က သီးခြား အွန်လိုင်းဂိမ်းတစ်ခု ဖြစ်သည်။ သူငယ်ချင်းတွေကို Add ပြီး အဖွဲ့ဖွဲ့ကစားဖို့ အလွန်လွယ်ကူပါသည်။ သို့သော် စမ်းသပ်အဆင့်မှာပဲ ရှိသေးသဖြင့် ထိုတစ်ခုတည်းသော အားသာချက်က မရှိသေးပါ။

ဂိမ်းရဲ့ အသေးစိတ်ပေါင်းစုံ၊ ဟီးရီုးဒီဇိုင်းကြွယ်ဝမှု စသည့် ကျန်တခြား အချက်အလက်များက Gods Rising ကို မမှီသေးပါ။

ဒါလည်း ဖြစ်သင့်ပါသည်။ Gods Rising က နှစ်ပေါင်းများစွာ ဆက်တိုက် Update တင်လာခဲ့တာ ဖြစ်သည်။ IOI ရဲ့ လက်ရှိ ဖန်တီးမှုကာလက အလွန် တိုတောင်းသေးသည်။ ထို့ကြောင့် ဒီ Content တွေကို အချောသပ်ဖို့ လိုပါသေးသည်။

သို့သော်လည်း ဟဲထယ်ရှန်းနဲ့ တခြားသူတွေအတွက် IOI ကို ပြုပြင်နိုင်ချေ ပိုမြင့်နိုင်သည်ဟု ဆိုလိုခြင်းပင်။

ဟဲထယ်ရှန်းက ဆွေးနွေးရင်း မှတ်စုများ ချရေးနေပါသည်။

"လုပ်ပွဲတွေ အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ ငါတို့ စိန်ခေါ်မှုအသစ်တွေ ထပ်စမ်းသပ်ပြီး သူစိမ်းတွေနဲ့ ကစားကြည့်ရမယ်။ ဒါမှ ဘော့စ်မာရဲ့ စိတ်ဝင်စားမှုကို ဆက်ပြီး ထိန်းသိမ်းနိုင်လိမ့်မယ်"

"ဒါပေမယ့် အခုလက်ရှိ ဂိမ်းဆက်တင်ကို ကြည့်ခြင်းအားဖြင့်... ဘော့စ်မာက အားနည်းချက် တစ်ခုလို့ ထင်သွားနိုင်တယ်။ သူ့ဂိမ်းရသလည်း ကျိန်းသေပေါက် တိုးတက်လာမှာ မဟုတ်ဘူး"

"အဲ့တာဆို ရန်သူအစစ်ကို တွေ့တဲ့အခါ ဘော့စ်မာ ဂိမ်းရသ ဘယ်လောက်များများ ရနိုင်မလဲဆိုတာကို ငါတို့ စဉ်းစားရမယ်"

"လက်ရှိ မြေပုံက ကြီးလွန်းတယ်လို့ ငါထင်တယ်။ ဘော့စ်မာ အန္တရာယ်ရှိတဲ့အခါ ငါတို့ချက်ချင်း သွားကယ်လို့ မရဘူး။ ဘော့စ်မာကို အချိန်မရွေး ကူညီပေးလို့ရအောင် မြေပုံ ဒီ့ထက် ပိုသေးရမယ်"

"ဘော့စ်မာရဲ့ အခြေခံ ထောက်ပံ့စကေးတွေက လိုအပ်ချက် ရှိနေသေးတယ်။ သူက အလုပ်များနေတတ်တော့ အဲ့တာတွေ သူ လေ့ကျင့်ဖို့ဆို လက်တွေ့မကျဘူး။ ငါတို့ အဲ့ဒီစကေးတွေ မထည့်တော့ရင်ကော။ နောက်ဆုံး တိုက်ချက်က မအောင်မြင်ရင်တောင် ဆုတချို့ ရနိုင်သေးတယ်"

"အလွယ်တကူ သေနေရင် ဘော့စ်မာ ဂိမ်းရသ ဆိုးဆိုးရွားရွားမရအောင် ဆုလာဘ်ဆက်တင်တစ်ခု ရှိသင့်လား။ အကြိမ်ပေါင်းများစွာ အသတ်ခံနေရတဲ့ ပြိုင်ဘက်တစ်ယောက်က ဘာမှ အသုံးကျမှာ မဟုတ်တော့ဘူး။ ရန်သူရဲ့ ဆက်တိုက်သတ်ဖြတ်မှုကို ရပ်တန့်ပေးရင် အပိုဆုရမယ်။ ဧကန္တ ကစားသမား တစ်ယောက်က အရမ်းနောက်ကျကျန်ခဲ့ရင် အလျော်အစားပေးတဲ့ စနစ်တစ်ခုခု ထည့်လိုက်တာ ကောင်းမယ်"

"ဘော့စ်မာကို မြှောက်ပေးထားတုန်း ပရော်ဖက်ရှင်နယ်နဲ့ လူသစ်ကစားသမားတွေ အကြားက ကွာဟချက်ကိုလည်း ဆက်ပြီး ထိန်းသိမ်းထားရမယ်။ မဟုတ်ရင် ဘော့စ်မာကို နိုင်အောင် ဆော့မပေးနိုင်ရင် ငါတို့အရမ်း အသုံးမကျရာ မကျဘူးလား"

"အေး ငါလည်း အဲ့လိုပဲ ထင်တယ်။ ဒီဂိမ်းက ဘော့စ်မာအတွက် အများကြီး ပိုရိုးရှင်းလိမ့်မယ်။ ဒါပေမယ့် ငါတို့လို လူမျိုးတွေအတွက်တော့ ခက်ခဲမှုအဆင့်က မပြောင်းလဲရဘူး"

"IOI မှာ ပုံသေလမ်းကြောင်းတွေရှိတာ ကောင်းတယ်။ အဲ့တာကိုတော့ ဆက်ထိန်းသိမ်းထားမယ်။ အဲ့ဒီအပြင် မက္ကန်းနစ်မြင့်မြင့် လိုအပ်တဲ့ အလယ်လမ်းသွား ဟီးရိုး ဒါမှမဟုတ် ဂျန်ဂယ်လာတွေကို တောင်းဆိုလို့ရတယ်။ ဒါမှ ငါတို့ရဲ့ Carry အတွက် ပိုလွယ်ကူမှာပေါ့"

"မြေပုံရင်းမြစ်ကိုလည်း ထပ်တိုးချဲ့လို့ရမယ် ထင်တယ်။ မွန်းစတားအကြီးစားတွေကိုထည့်ပြီး အဖွဲ့အတွက် Buff တိုးပေးလို့ရရင် အကောင်းဆုံးပဲ။ ဒီလိုဆို ဘော့စ်မာသေရင်တောင် မြေပုံကို ထိန်းချုပ်ထားပြီး အဲ့လိုမွန်းစတားတွေကို အသုံးပြုပြီးတော့ ငါတို့ အသင်းရဲ့ Stats တွေကို တိုးမြှင့်နိုင်ရင် နိုင်နိုင်ချေမြင့်တယ်"

"အော်ပရေးရှင်း mode ကောပဲ။ လူသစ်ကစားသမားတွေအတွက် ပိုအဆင်ပြေမယ့် အော်ပရေးရှင်း modeတွေကိုကော ထပ်ထည့်ပေးသင့်လား။ အခုချိန်ထိ ဘော့စ်မာက Shortcut ခလုတ်တွေ မနှိပ်တတ်သေးဘူး။ အခုထိ မောက်စ်ကိုပဲ ဆက်တိုက်နှိပ်နေတုန်းပဲ...."

"ရောလို့ရတဲ့ ဟီးရိုးတချို့ ရှိသင့်တယ်"

အားလုံး ဦးနှောက်စားပွဲထဲ ပါဝင်ခဲ့ကြသည်။ အကြံတိုင်းကို ဟဲထယ်ရှန်းက မှတ်သားထား၏။

အနှစ်ချုပ်အားဖြင့် ထိုအကြံပေးချက်တွေမှာ ပရော်ဖက်ရှင်နယ်ကစားသမားတွေအတွက် ၅ ယောက် ၁ ယောက် ယှဉ်ပြိုင်ကစားရင်တောင် အလွယ်တကူ နိုင်နိုင်တဲ့ ခက်ခဲမှုအဆင့် ရှိစေပြီး သာမန်ကစားသမားတွေအတွက်လည်း ရှင်သန်နိုင်ဖို့ အခွင့်အရေး တတ်နိုင်သလောက် များများပေးရပါမည်။

အခြေခံစကေးကောင်းကောင်းများ၊ တည်နေရာ ချမှုများနဲ့ သတိထားနိုင်စွမ်း ကောင်းကောင်း မရှိရင်တောင် အဆင်ပြေပါသည်။

နောက်ဆုံးတိုက်ချက်ကို ကောင်းကောင်း တိုက်နိုင်ပါက ဂိမ်းဆက်တင်က ရွှေတွေ ပိုပေးလိမ့်မည်ဖြစ်သည်။ မိနစ် ၄၀ လောက် ဂိမ်းကစားပြီးနောက် ကစားသမားတွေ အလွန်အမင်း ဆင်းရဲမသွားနိုင်တော့ပါ။

တည်နေရာချမှတ်မှုမှာ မတော်ပါက အချိန်နည်းနည်းလောက်ပေးပြီး လေ့ကျင့်လိုက်တာနဲ့ ထင်ပေါ်လာနိုင်မည့် ဟီးရီုးမျိုးကို ရွေးသင့်သည်။

သတိထားနိုင်စွမ်း နည်းပါးရင်လည်း အရေးမကြီးပါ။ မြေပုံအရွယ်အစား လျော့ကျသွားသဖြင့် တိုက်ပွဲ ဖြစ်နေသည့်နေရာကို အလွယ်တကူ သွားရောက် ထောက်ပံ့ပေးလို့ ရနိုင်ပါသည်။

အနှစ်ချုပ်အားဖြင့် ဒီဗားရှင်းကိုသာ ထည့်သွင်းလိုက်ပါက ဘော့စ်မာအတွက် အလွန်ကြီးမားသည့် အဆင့်မြှင့်တင်မှုကြီး ဖြစ်သွားပါလိမ့်မည်။

ဟဲထယ်ရှန်းက အားလုံးရဲ့ အထင်အမြင်ကို စုဆောင်းလိုက်ပြီး စာဖိုင်တစ်ခုထဲ ထည့်သွင်းကာ လက်ချောင်းဂိမ်းဆီ ပို့ပေးဖို့ အင်္ဂလိပ်ဘာသာသို့ ပြန်လိုက်ပါသည်။ သူက ရင်းနှီးမြှုပ်နှံမှုလောကက ဖြစ်တာကြောင့် အင်္ဂလိပ်စွမ်းရည်တော့ ကျိန်းသေ မညံ့ပါ။ အားလုံးပြီးဆုံးသွားသောအခါ အလုပ်ဆင်းဖို့ အချိန်ကျပါပြီ။

အချိန်ကွာခြားမှုနဲ့ အားလပ်ရက်တွေကို ထည့်တွက်ပြီး ၃ ရက်လောက်ကြာမှ အကြောင်းပြန်ချက် ရလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။ ထိုနေ့က တနင်္လာနေ့ ဖြစ်လိမ့်မည်။

ဟဲထယ်ရှန်းတစ်ယောက် ပျင်းကျောဆန့်လိုက်ပြီး အချိန်မှန် အလုပ်ဆင်းခဲ့ပါသည်။

စနေနေ့...

ယွီအင်တာနက်ကဖေး မင်ယွမ်ဗီလာဆိုင်ခွဲတွင်...

ပေါင်ရှုတစ်ယောက် ဘော့စ်ဘောဦးထုပ်နဲ့ မျက်နှာကို ဖုံးကာ ဝင်ပေါက်မှ ခိုးကြောင် ခိုးဝှက် ဝင်လာသည်။

ဟုတ်ပြီ။ လူ သိပ်မရှိဘူး။

မနက် ၈ နာရီခွဲအချိန် ဖြစ်သည်။ အားလပ်ရက်တွင် တက္ကသိုလ်ကျောင်းသားအများစုက နာမည်ကြီး မင်ယွမ်ဗီလာနယ်မြေကို လာရောက်ကစားလေ့ရှိကြသည်။ ဒီလိုဆိုရင်တောင် ယွီအင်တာနက်ကဖေးက နေ့လည် ၁ နာရီလောက်မှ လူပြည့်သွားလေ့ ရှိပါသည်။

မနက်ခင်းစောစောအချိန်မှာတော့ နေရာလွတ်တွေ အများကြီး ရှိနေပါသေးသည်။

ပေါင်ရှု သူ့ဘေ့စ်ဘောဦးထုပ်ကို အောက်ချလိုက်ပြီး ယွီအင်တာနက်ကဖေးထဲ ဝင်လာခဲ့သည်။ အင်တာနက်ဧရိယာထဲမှာ ဘေ့စ်ဘောဦးထုပ် ဆောင်းထားပြီး ထိုင်နေသည့် လီယာ့တာကို အလျင်အမြန်ပဲ တွေ့လိုက်ပါသည်။

ပေါင်ရှုက တစ်ယောက်ယောက် နောက်က လိုက်လာမှာကို ကြောက်သဖြင့် အနောက်ကို သတိကြီးကြီး လှည့်ကြည့်ကာ ထိုင်လိုက်ပါသည်။

"GOG Beta ဗားရှင်း Update တင်ပြီးပြီလား" ပေါင်ရှုက အသံတိုးတိုးဖြင့် မေးလိုက်သည်။

လီယာ့တာ ခေါင်းငြိမ့်လိုက်၏။ "ဟုတ်ကဲ့ ကျွန်မ ကျန်းယွမ်နဲ့ စကားပြောပြီးပြီ။ ဂိမ်းကို Update တင်လိုက်ပြီ။ အင်တာနက်ကဖေးထဲက ကွန်ပျူတာ အားလုံး အခု ကစားလို့ ရပြီ"

"ပြီးတော့ ကစားသမားတစ်ယောက်က GOG ကို အချိန်အတိုင်းအတာတစ်ခုအထိ ကစားပြီး ပြုပြင်ပြောင်းလဲဖို့ အကြံပေးစာ စာလုံးရေ ၅၀၀ လောက် ရေးပေးခဲ့ရင် အွန်လိုင်းသုံးချိန် အပို ရနိုင်မယ်"

"အဲ့လောက်ကြီး ကြောက်စရာမလိုပါဘူး။ ဒီနေရာက ကုမ္ပဏီနဲ့ အရမ်းဝေးတယ်။ ဘော့စ်ဖေးတို့နဲ့ တွေ့နိုင်ချေက အရမ်းနိမ့်တယ်"

ပေါင်ရှု ခေါင်းငြိမ့်လိုက်သည်။ "အင်း ငါသိပါတယ်။ ဒါပေမယ့် သတိထားတာ ပိုကောင်းတယ်။ တခြားသူတွေ ဘယ်မှာလဲ"

လီယာ့တာ နာရီကို ကြည့်လိုက်သည်။ "မကြာခင် ရောက်လာပါလိမ့်မယ်"

"ရုံးကကော" ပေါင်ရှု မေးလိုက်သည်။

လီယာ့တာ ပြန်ပြောလိုက်၏။ "လောလောဆယ်တော့ လျို့နဲ့ တခြားသူတွေကို နေရာပေးထားတယ်။ ဒါပေမယ့်... ဒီလို လုပ်ဖို့ တကယ်လိုလို့လား"

ပေါင်ရှု စိတ်အေးလက်အေး သက်ပြင်းချလိုက်ပါသည်။ အမြဲတမ်း သတိထားတာ ပိုကောင်းသည်။

"ဟုတ်ပြီ။ အရင်ဆုံး ဂိမ်းကို ကစားကြည့်ပြီး ဖြည်းဖြည်းချင်း ပြုပြင်ကြရအောင်။ ပြန်ဆန်းစစ်ထားတဲ့ ပလန်ကို ချမှတ်ထား။ တနင်္လာနေ့ကျရင် တင်ရမယ်"

လီယာ့တာ အနည်းငယ်ရှက်ရွံ့သွားသည်။ "အစ်ကိုပေါင်။ ဒီပြောင်းလဲမှုတွေ အများစုအတွက် ရှင်က အကြံပေးချက် ပြုခဲ့တာ။ ဒီလိုလုပ်ရတာ ကျွန်မ ခံစားချက်မကောင်းဘူး။ ရှင့်ရဲ့ နာမည်ကို ခိုးယူနေသလို ခံစားရတယ်..."

ပေါင်ရှုက ပြတ်ပြတ်သားသား လက်ရမ်းပြလိုက်သည်။ "ငါလိုချင်တာလည်း ဒါပဲ။ ငါ့ကို ကျေးဇူးတင်ချင်ရင် တစ်ခုပဲ လုပ်ပေး။ ဒါတွေ အကုန်လုံးကို လက်ခံပြီး ငါပါတဲ့အကြောင်း တခြားသူတွေရှေ့မှာ ဘယ်တော့မှ မပြောမိစေနဲ့"

လီယာ့တာ သက်ပြင်းချလိုက်မိပါသည်။ "အစ်ကိုပေါင်က တကယ်ကျိုးနွံတာပဲ။ ဘော့စ်ဖေးနဲ့ ပိုပိုတူလာပြီ"

ပေါင်ရှု ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်ပါသည်။ "ငါက ဘော့စ်ဖေးနဲ့ ယှဉ်လို့ရပါ့မလား။ ဘော့စ်ဖေးကမှ တကယ် ကျိုးနွံတာ။ ငါက ရွေးချယ်စရာ မရှိလို့ ကျိုးနွံတာ အဲ့လိုမျိုးပဲ.."

သူတို့ ဂိမ်းစကစားလိုက်ကြသည်။ "ထူးဆန်းလိုက်တာ။ GOG ကို ဒီမှာလာကစားမှ Bug တောင် သိပ်မတွေ့ရသလိုပဲ..." ပေါင်ရှု ကစားရင်းနဲ့ ရေရွတ်နေမိပါသည်။

"ဟပ်ချိုး"

အငှားတိုက်ခန်းထဲတွင် ဖေးချမ့် နှာခေါင်း ပွတ်လိုက်ပြီး အိပ်ယာမှ ထလာလိုက်သည်။ ထို့နောက် တီးတိုး ရေရွတ်လိုက်၏။ "ထူးဆန်းတယ်။ ဘာလို့ အခုတလော နှာခဏခဏ ချေနေပါလိမ့်"

"ရာသီဥတု အေးလာတာကြောင့်လား။ ဒါမှမဟုတ် ငါ့အကြောင်း မကောင်းပြောနေတဲ့ကောင်တွေ ရှိလို့လား"

"ငါ့နောက်ကျောမှာ ဆူးတွေ ရှိနေသလို ခံစားနေရတယ်..."

ဖေးချမ့် ခပ်မြန်မြန်ပဲ ဆဲလ်ဖုန်းကို ကောက်ကာ ဒီနေ့ ထန်ယီရှု ပို့ပေးထားသည့် အချိန်ပို လုပ်နေသူ စာရင်းကို စစ်ဆေးကြည့်လိုက်သည်။ "နည်းနည်းကြမ်းတမ်းတဲ့ပုံစံနဲ့ ယောက်ျားလေး... လျို့ဖြစ်မယ်"

"ဟမ်။ လီယာ့တာ ဒီနေ့ မသွားဘူးလား။ အရင်တစ်ခေါက် အချိန်ပိုစာရင်းနဲ့ တော်တော် ခြားနားနေတယ်။ အကုန်လုံး အချိန်ပို တစ်လှည့်စီ လုပ်ဖို့ စီစဉ်ထားကြတာလား"

"တဖက်မှာ လိုအပ်တဲ့ အနားယူချိန်လည်းရ၊ နောက်တစ်ဖက်မှာလည်း အချိန်ပိုလစာ အားလုံး ဝေစု ရကြမယ်။ ဘယ်ဆိုးလို့လဲ။ အားလုံး တော်သားပဲ"

ဖေးချမ့် ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ပရောဂျက်တွေ ထိန်းမနိုင်သိမ်းမရဖြစ်လာမည့် လက္ခဏာတော့ မမြင်ရသေးပေ။

အစက ဖေးချမ့် IOI ကို စိတ်အပူဆုံး ဖြစ်သည်။ သို့သော်လည်း အချိန်တွေ အများကြီး ကုန်လွန်ခဲ့ပါပြီ။ IOI ဆီက ဘာသတင်းမှ မကြားရသေးပေ။

ဒီငွေစာရင်းရှင်းချိန်တစ်သုတ်အတွက်တော့ အဆင်ပြေမှာပါ ဟုတ်တယ်မလား။

ဒီဇင်ဘာလ ၁၃ ရက်နေ့၊ တနင်္လာနေ့...

ဟိုတယ်ခန်းမကြီးကို အင်တာဗျူးခန်းမအဖြစ် ပြင်ဆင်ထားသည်။ ဝူပင်း အလွန်စောစော ရောက်လာခဲ့ပါသည်။ သို့သော်လည်း အင်တာဗျူးသူက သူ့ထက်ပိုတောင် စောစော ရောက်နေမည်ဟု မထင်ထားခဲ့ပေ။

အင်တာဗျူးသူအများအပြားက ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြပြီး အင်တာဗျူးအခန်းထဲတွင် သက်ဆိုင်ရာ အသိပညာများကို မျှဝေနေကြသည်။

ထန်းတာ့ဂိမ်းရဲ့ အစီစဉ်ဆွဲသူချုပ် လီယာ့တာ။

ရှန်းယန်ဂိမ်းရဲ့ ခေါင်းဆောင် ယဲ့ကျစ်ကျိုး။

လေဆန်ပို့ဆောင်ရေးရဲ့ ခေါင်းဆောင် လုမင်လျန်။

ဖေးဟွမ်လုပ်ငန်းရဲ့ ခေါင်းဆောင် ဟွမ်စစ်ပေါ်။

ယွီအင်တာနက်ကဖေးရဲ့ ခေါင်းဆောင် ကျန်းယွမ်။

ကျုံးထျန်တရုတ်နက်ဝေါ့ခ်ရဲ့ ခေါင်းဆောင် မာယိချွမ်...

သူတို့အားလုံးရှိနေကြသည်။

အင်တာဗျူးလုပ်ငန်းစဉ်က ဒီလို ဖြစ်သည်။

လျှောက်ထားသူများက ထန်းတာ့ဂိမ်းဌာနအတွက် အင်တာဗျူးဖြေသည့်အခါ အခန်းထဲမှ လီယာ့တာ ခေတ္တ ထွက်သွားရမည်ဖြစ်ပြီး ကျန်ဌာနများက ပေါင်းစည်း အင်တာဗျူး လုပ်ရမည်။ မေးခွန်းနဲ့ စံပြအဖြေမှန်များကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။ အားလုံးမှာ မိတ္ထူများ ရှိကြပါသည်။

မေးခွန်းများအတွက် အချိန်ကန့်သတ်ချက်လည်း ရှိသည်။ အချိန်ပြည့်သည့်အခါ သူတို့ ရပ်တန့်ရမည်။

အင်တာဗျူးသူတွေအားလုံးက လက်ထဲမှာ ရှိတဲ့ စံပြအဖြေမှန်တွေနဲ့ တိုက်စစ်လိမ့်မည်။

အမြင့်ဆုံးအဆင့်နဲ့ အနိမ့်ဆုံးအဆင့်ကို ဖယ်ရှားပြီးနောက် သူ့ရဲ့ ပျမ်းမျှအမှတ်ကို ယူလိမ့်မည်။ ထိုအမှတ်က ဖြေဆိုသူရဲ့ အင်တာဗျူးအမှတ် ဖြစ်ပါသည်။

အင်တာဗျူးအမှတ်နဲ့ ရေးဖြေအမှတ်များကို ပေါင်းပြီးနောက် အဆင့်သတ်မှတ်ကာ အလုပ်ခန့်အပ်ခံရမည်။ အလုပ်သင်ကာလကို စတင်ရပါမည်။

နောက်ဆုံးတော့ နောက်တစ်လကြာတွင် ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲကို အောင်မြင်နိုင်ပါက ထန်းတာ့ရဲ့ တရားဝင် ဝန်ထမ်းတွေ ဖြစ်လာပါလိမ့်မည်။

အင်တာဗျူးက သီအိုရီအရ ခက်ခဲတဲ့ အလုပ်တစ်ခု မဟုတ်ပေ။ တစ်နှစ်ကို တစ်ရက် နှစ်ရက်လောက်သာ အလုပ်အားဖို့ လိုသည်။ သို့သော်လည်း ဒီအင်တာဗျူးသမားတွေက တစ်နာရီကျော်လောက် စောစောရောက်နေကြခြင်းမှာ...

စိတ်ဖိစီးမှုကြောင့် ဖြစ်ပါသည်။

သူတို့ အမှတ်တွေကို ကျပန်းပေးလိုက်ရင်တောင် အပြစ်တင််ခံရမှာ မဟုတ်ပေ။ သို့သော်လည်း ထန်းတာ့ရဲ့ ခေါင်းဆောင်အများစုက အချင်းချင်း သိကြသည်။ ကျပန်းအမှတ်တွေ ပေးပါက မျက်နှာ အတော်ပျက်ရပါလိမ့်မည်။

အင်တာဗျူးကို သေချာမလုပ်ဘဲ ကိုယ့်သူငယ်ချင်းရဲ့ ဌာနထဲမှာ အသုံးမကျတဲ့ လူတစ်ယောက်ကို ထည့်ပေးလိုက်လျှင် သူတို့ မိတ်ဆွေတွေနဲ့ ဘော့စ်ဖေးကို စိတ်ပျက်သွားစေမှာပဲ မဟုတ်လား။

ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေက... တာဝန်ယူရပါမည်။ ဒီလိုတာဝန်အသေးစားလေးကိုတောင် မယူနိုင်ရင် ကိုယ့်ကိုယ်ကို ခေါင်းဆောင်လို့ ခေါ်ဆိုနိုင်ပါဦးမလား။

ထို့ကြောင့် အားလုံး အံ့အားသင့်ဖို့ကောင်းအောင် အင်တာဗျူးမတိုင်ခင် စောစော ရောက်လာကြပါသည်။

ဥပမာ ဂိမ်းဌာနမှ မေးခွန်းများကို လီယာ့တာက ပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် လီယာ့တာက ထိုမေးခွန်းများ၏ အဓိက အချက်များကို အသေးစိတ် ရှင်းပြပြီး ဘယ်လို လူမျိုးကို လူချင်သလဲ ဆိုတာ ရှင်းပြသည်။

တခြားဌာနတွေလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။

အမှတ်စာရင်းက အလွန်အသေးစိတ်ကျပါသည်။ တကယ့် အသိပညာ သတ်မှတ်ချက် တစ်ခုတည်းသာ မဟုတ်ဘဲ တခြား အသေးစားကဏ္ဍများဖြစ်သည့် ပြတ်သားမှု၊ စကားပြောကျွမ်းကျင်မှု စသည်တို့လည်း ပါဝင်သည်။ ဒါတွေမှာ ကျပန်း ဖြည့်ဖို့ မလွယ်ကူသည့် များပြားတဲ့ အမှတ်တွေ ရှိပါသည်။

တာဝန်ရှိသူတွေက စကားပြောနေစဉ် လမ်းညွှန်ချက်များလည်း ပေးကြသည်။

"ညီကိုဟွမ်။ လုပ်ငန်းက ဘယ်လိုနေလဲ။ ရုပ်ရှင်ရိုက်တာ အဆင်ပြေရဲ့လား"

"ကျွန်တော့်အမေကို လက်မှတ်ရအောင် ကူညီပေးပါလား။ သူက ကျန်းကျုထျင်ရဲ့ ပရိတ်သတ်ဗျ"

"ဘော့စ်လု လေဆန်ပို့ဆောင်ရေးလုပ်ငန်းက ROF စနစ်ယူနစ်တွေ ပို့ဆောင်ဖို့ ကူညီပေးထားတာဆိုတော့ ခင်ဗျားကို သိပ်မကြာခင် နေ့လည်စာ လိုက်ကျွေးမယ်နော်"

"ယတာ ဝက်ဘ်ဆိုက်နဲ့ ဂိမ်းအကြားက ဆက်သွယ်မှုက တော်တော် အောင်မြင်ခဲ့တာ။ ငါတို့ နောက်ပိုင်း ထပ်လုပ်ကြမလား။ Event ပလန် တစ်ခုကိုတောင် ကြိုစဉ်းစားထားပြီးပြီ"

"ရပါတယ်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်က GOG ကို ကို Theme အဖြစ်သတ်မှတ်ပြီး အက်ဆေးစာမေးပွဲ ကျင်းပလို့ ရတယ်။ ဘယ်လိုသဘောရလဲ"

"ကိစ္စ မရှိပါဘူး။ စာကြောင်းတစ်ကြောင်းတည်းးပဲကို"

"စကားမစပ် ဒီနေ့ လင်းဝမ် မရှိပါလား။ နင့်ကို ဆက်သွယ်ထားသေးလား။ ဖြေရှင်းချက်တွေ ကမ်းလှမ်းပြီးပြီလား"

"အဲ့တာတော့ လောစရာမလိုပါဘူး။ ကျွန်မတို့ အင်ဂျင်နီယာ ယန္တရားတောင် မဖန်တီးရသေးဘူး။ ဆဲလ်ဖုန်းလုပ်ပြီးတဲ့အချိန်အထိ စောင့်ကြစို့"

စကားပြောကြ ဆိုကြရင်း ပျော်ရွှင်နေကြပါသည်။

ကြက်ခြေခတ် အင်တာဗျူးတွင် သူတို့ အင်တာဗျူးသူတွေ လုပ်ရမည်ဟု ကြားခဲ့ရတုန်းက အများစု ဇဝေဇဝါ ဖြစ်ခဲ့ကြသည်။ ဥပမာအားဖြင့် ကျန်းယွမ်က အင်တာနက် ကဖေးတာဝန်ရှိသူဖြစ်သည်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်နဲ့ လေဆန်ပို့ဆောင်ရေးမှာ အလုပ်လာလျှောက်တဲ့သူတွေကို သူ အင်တာဗျူးဖို့က ဟာသလို ဖြစ်မနေဘူးလား။

သို့သော်လည်း အခုတော့ အားလုံးနားလည်သွားကြပါပြီ။

ဒီဖြစ်ရပ်တစ်ခုလုံးကို ဌာနခေါင်းဆောင်များစွာအချင်းချင်း အတွေ့အကြုံဝေမျှခြင်းဟုတောင် သတ်မှတ်လို့ရပါသည်။

တခြားဌာနတွေနဲ့ လက်ရှိအခြေအနေကို နားလည်ဖို့ စကားပြောကြမည်၊ အင်တာဗျူးဖြေသူတွေကို အမှတ်ပေးမည်၊ ထို့နောက် အင်တာဗျူးပြီးသောအခါ စားရင်သောက်ရင်းနဲ့ နောက်ပိုင်း လုပ်ငန်းပူးတွဲဖို့အတွက် ဆွေးနွေးကြမည်။

အဲ့တာ မပြီးပြည့်စုံလွန်းဘူးလား။

ဒီဝန်ထမ်းခန့်အပ်မှု လုပ်ငန်းစဉ်အတွက် ဘော့စ်ဖေးရဲ့ စီစဉ်မှုက အလွန် အဓိပ္ပာယ်ရှိပါသည်။

All Chapters