← Chapters

ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းခြင်း

Vol. 24 Ch. 355

ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းခြင်း

Vol. 24 Ch. 355

ထန်းတာ့နက်ဝေါ့ခ်နည်းပညာကုမ္ပဏီလီမိတက်၏ အင်တာဗျူးကို ကျင်းပနေစဉ် တစ်ချိန်တည်းမှာပင်...

အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများ ကုမ္ပဏီတွင်.... ဘော့စ်မာ ဒီနေ့လည်း ရောက်မလာခဲ့ပေ။

ဘော့စ်မာရဲ့ သတင်းတွေက အမြဲတမ်း အပြောင်းအလဲမြန်သည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု အသစ်လုပ်ဖို့ ကုမ္ပဏီမှာလည်း ပိုက်ဆံမရှိတော့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘော့စ်မာ ကုမ္ပဏီကို မလာတာကြောင့် ဟဲထယ်ရှန်းနဲ့ တခြားသူတွေကို စိုးရိမ်ပူပန်စေသည်။

လုပ်ပွဲတွေကို ဘော့စ်မာ စိတ်ဝင်စားမှု ပျောက်ဆုံးသွားပါက သူတို့အများစု အလုပ်ချက်ချင်း ပြုတ်သွားကြလိမ့်မည်။ သူတို့ အခွင့်မသာရုံရှိတယ်ဆိုရင်တောင် သူတို့ရဲ့ အနာဂတ် လုပ်ငန်း အလားအလာတွေ မှေးမှိန်သွားမည့်သဘော ဖြစ်သည်။

ထို့ကြောင့် ဘော့စ်မာကို ဂိမ်းကစားဖို့ကော အရန်လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံဖို့အတွက်ကော ကူညီပေးခဲ့တဲ့ ဒီပရော်ဖက်ရှင်နယ် ဂိမ်မာများက အနည်းငယ် စိုးရိမ်ကြောင့်ကြနေရပါသည်။

အလုပ်ကို ရောက်လာတာနဲ့ ဟဲထယ်ရှန််း ပထမဆုံး လုပ်တဲ့အရာက Mailbox ကိုဖွင့်ပြီး အီးမေးလ်ကို စစ်ကြည့်တာပဲ ဖြစ်သည်။

ပြီးခဲ့တဲ့ သောကြာနေ့က သူတို့ လက်ချောင်းဂိမ်းဆီ ပို့ခဲ့သည့် ပြုပြင်မှုအကြံပြုချက်များအတွက် တနင်္လာနေ့တောင် ရောက်နေပြီ ဖြစ်တာကြောင့် အခုလောက်ဆို အကြောင်းပြန်စာ ရောက်နေလောက်ပြီ မဟုတ်လား။

တကယ်ပဲ လက်ချောင်းဂိမ်းမှ ပေးပို့ထားသည့် မဖွင့်ဖတ်ရသေးတဲ့ အီးမေးလ်တစ်စောင် ရှိနေပါသည်။

ဟဲထယ်ရှန်းလည်း အကြမ်းဖျင်း ဖတ်ကြည့်လိုက်သည်။ သူ ပြောနိုင်တာကတော့ ရှယ်ယာဝင်ဖြစ်ရတာ တော်တော်ကောင်းတယ် ဆိုတာပင်...

လက်ချောင်းဂိမ်းကုမ္ပဏီက သူတို့ကို စနေနေ့ကတည်းက အီးမေးလ်ပြန်ပို့ပြီးခဲ့ပါပြီ။

အိပ်မက်အကောင်အထည်ဖော် ခြေလှမ်းများက စနေ တနင်္ဂနွေတွင် ပိတ်ရက်ဖြစ်သဖြင့် ဘယ်သူမှ အချိန်ပို လုပ်မနေကြပေ။ ဟဲထယ်ရှန်းလည်း စနေနေ့တုန်းက ဒီအီးမေးလ်ကို ဖွင့်မကြည့်ခဲ့ပါ။ ထို့ကြောင့် ဒီနေ့အထိ မဖွင့်ဖတ်ရသေးဘဲ ကျန်နေတာ ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ရက်အတွင်း အကြောင်းပြန်လာတာကို ကြည့်ခြင်းအားဖြင့် လက်ချောင်းဂိမ်းက သူတို့ရဲ့ ရှယ်ယာဝင်နဲ့ ပြည်တွင်း အေးဂျင့်ကို ဘယ်လောက်တောင် အလေးထားသလဲ မြင်သာပါသည်။

အီးမေးလ်ထဲမှာ အကြောင်းအရာများစွာ ပါဝင်သည်။ လေသံက အလွန်ယဉ်ကျေးမှုရှိပြီး တလေးတစား အခေါ်အဝေါ်များနဲ့လည်း ပြည့်နှက်နေသည်။

စကားလုံးလှလှတွေသုံးထားသော်လည်း စာကြောင်းတွေအကြားထဲက အဓိပ္ပာယ်မှာ ရှင်းလင်းပါသည်။ ဘာသာပြန်ပြီးနောက် အဓိက အချက် ၃ ချက် ရှိသည်။

IOI အတွက် အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများ မှ ပေးခဲ့သည့် ထောက်ပံ့မှုနဲ့ စေတနာတို့အတွက် အလွန် ကျေးဇူးတင်နေကြပါသည်။

ဂိမ်းအတွက် အဖိုးတန်တဲ့သုံးသပ်ချက်တွေ လုပ်ပေးကာ သူတို့ဂိမ်းဒီဇိုင်းအတွက် ဉာဏ်ကွန့်မြူးမှုကို ဖော်ဆောင်ပေးခဲ့တဲ့အတွက်လည်း အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများကို ကျေးဇူးတင်နေကြပါသည်။ သို့သော် အီးမေးလ်ထဲမှာ ဖော်ပြဖို့ ခက်ခဲသည့် အကြောင်းအရင်းတချို့ကြောင့် ဂိမ်းဒီဇိုင်းတစ်ခုလုံးကို သူတို့ တောင်းဆိုချက်အတိုင်း ပြောင်းလဲပေးပါ့မည်ဟု ကတိပေးရခက်ပါလိမ့်မည်။ အမှန်ပင်။ အခြေအနေရပ်တွေသာ မှန်ကန်ပါက ထိုပြုပြင်မှုတွေက မဖြစ်နိုင်တာတော့ မဟုတ်ပါ။

ဟဲထယ်ရှန်း ခပ်တိုးတိုး သက်ပြင်းချပြီး ဒီသာမန်ဆန်တဲ့ အီးမေးလ်ကို ဖတ်ပြီးနောက် ပြန်ပိတ်လိုက်ပါသည်။ တခြားနည်းလမ်း မရှိပေ။ သူတို့ရဲ့သဘောထားက ရှင်းလင်းသည်။ ပြောင်းလဲပေးဖို့ မဖြစ်နိုင်ပါ။

အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများက လက်ချောင်းဂိမ်းရဲ့ ရှယ်ယာများကို ဝယ်ယူကာ တရုတ်နိုင်ငံမှာ သီးသန့်အေဂျင်စီမူပိုင်ခွင့်ကို ရချင်ရထားလိမ့်မည်။ သို့သော် လက်ချောင်းဂိမ်းကုမ္ပဏီရဲ့ အလုပ်တွေကို ဝင်စွက်ဖက်ဖို့တော့ မဖြစ်နိုင်ပါ။

ထို့အပြင် ရင်းနှီးမြှုပ်နှံသူတွေအပေါ် လက်ချောင်းဂိမ်းကုမ္ပဏီရဲ့ သဘောထားကလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ သူတို့ လွတ်လွတ်လပ်လပ် ရပ်တည်ချင်သည့် ဆုံးဖြတ်ချက်က ခိုင်မာသည်။

အချိန်တိုအတွင်း ဒီလိုယဉ်ယဉ်ကျေးကျေးပြန်စာကို ရခဲ့တာတောင် ကံကောင်းလှပါပြီ။ တခြား ကုမ္ပဏီတွေသာ ဒီလို ထင်မြင်ချက်မျိုး ပေးပါက လက်ချောင်းဂိမ်းက သောက်ဂရုတောင် မစိုက်လောက်ပါ။

သေချာစဉ်းစားကြည့်ရင် ယုတ္တိရှိပါသည်။ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများက ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတစ်ခုရဲ့ အကြံပေးချက်ကြောင့် လက်ချောင်ဂိမ်းက သူတို့ရဲ့ ဂိမ်းကို ပြောင်းလဲပစ်ပါ့မလား။

အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများ၏ ကျောထောက်နောက်ခံက ထန်းတာ့ ဖြစ်ချင်ဖြစ်လိမ့်မည်။ သို့သော်လည်း ထန်းတာ့က နိုင်ငံခြားမှာ သိပ်ပြီး နာမည်မရှိသေးပါ။ လက်ချောင်းဂိမ်းရဲ့ အဖြေက အတူတူပဲ ဖြစ်လောက်မည်။

အတိုချုံးအားဖြင့် ဒီလမ်းက လမ်းဆုံးဖြစ်သည်။ တခြား ကိစ္စသာဆို သူတို့ လက်လျှော့လိုက်ရုံသာ ဖြစ်သည်။ သို့သော်ဒါက အားလုံးရဲ့ အလုပ်အန္တရာယ်နဲ့ သက်ဆိုင်နေသည်။ ဘော့စ်မာရဲ့ ယုံကြည်ချက်ကို ပြန်ရဖို့အတွက် ဂိမ်းတွေကို အသုံးချရမည်ဟု ဟဲထယ်ရှန်း ခံစားမိပါသည်။

ဒါဆို IOI နဲ့ ဆင်တူဂိမ်းမျိုး မရှိဘူးလား။

ဟန်ထယ်ရှန်း သေချာစဉ်းစားကြည့်လိုက်ရာ အကြံတစ်ခု ရသွားခဲ့၏။ "ထန်းတာ့ဂိမ်းကလည်း ဆင်တူဂိမ်းမျိုးကို ဖန်တီးနေကြတာ မဟုတ်ဘူးလား။ လက်ချောင်းဂိမ်းကို သွားပြောဖို့ထက် ငါတို့ရဲ့ မောင်နှမကုမ္ပဏီကြီးကို တင်ပြတာ ပိုမကောင်းဘူးလား"

လီယာ့တာကို ဆက်သွယ်ဖို့ ဟဲထယ်ရှန်းမှာ နည်းလမ်း မရှိပါ။ သို့သော်လည်း လက်ထောက်ရှင်းကိုတော့ ဆက်သွယ်နိုင်ပါသည်။

လက်ထောက်ရှင်းထံမှ လီယာ့တာရဲ့ ဆက်သွယ်ရေးအချက်အလက်ကို တောင်းပြီးနောက် ဟဲထယ်ရှန်း ပြုပြင်မှု ပလန်ကို ပို့ပေးလိုက်သည်။

ထန်းတာ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ လီယာ့တာက ဒီပလန်ကို လက်ခံမှာလား။

ဟဲထယ်ရှန်း တပ်အပ်တော့ မပြောနိုင်ပေ။

ထန်းတာ့ဂိမ်းက တကယ်ပဲ မောင်နှမကုမ္ပဏီတစ်ခုဖြစ်သည်။ သို့သော်လည်း သူတို့ကလည်း ဂိမ်းတွေကို အကျိုးအမြတ် ရဖို့သာ ဖန်တီးကြတာ ဖြစ်ပါသည်။

ရင်းနှီးမှုတစ်ခုတည်းနဲ့ ထန်းတာ့ခေါင်းဆောင်က သူမရဲ့ ဒီဇိုင်းအယူအဆကို စွန့်လွှတ်ပြီး ဂိမ်းအတွက် အကြီးစား ပြောင်းလဲမှုမျိုး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ အထူးသဖြင့် ဒီပြုပြင်မှုပလန်က ထန်းတာ့ရဲ့ မူရင်းဒီဇိုင်းဦးတည်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် ပိုဆိုးပါလိမ့်မည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ အရင်ဆုံး မေးကြည့်လို့တော့ ရပါသည်။

ဘယ်သူပြောနိုင်မှာလဲ။ ဧကန္တ ခေါင်းဆောင်လည်း ဒီပြုပြင်မှုပလန်ကို စိတ်ဝင်စားလောက်ပါသည်။

ထန်းတာ့နက်ဝေါ့ခ် နည်းပညာ ကုမ္ပဏီလီမိတက်တွင်...

"ဘော့စ်ဖေး နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။ သရဲအိမ်အတွက် ဘော့စ်ဖေး လိုချင်တဲ့ အသေးစိတ်အောက်လိုင်းလေးတစ်ခု ပေးလို့ရမလားဟင်။ ဟောက်ချုံးနဲ့ ကျွန်တော်တို့ တွေးထားတာ နည်းနည်းတော့ ရှိတယ်။ ဒါပေမယ့် ဘော့စ်ဖေး မျှော်လင့်ထားသလောက် ဖြစ်မလာမှာ စိုးရိမ်လို့ပါ"

ချန်းခန့်ထုံထံမှ မက်ဆေ့ကို မြင်ပြီးနောက် ဖေးချမ့် အတွေးနက်ရှိုင်းသွား၏။ သူတို့ကို အရူးလုပ်လို့မရခဲ့ပါ။ အခု သူတို့ဘက်က စမေးလာပြီ။ သူ ဘာလုပ်ရတော့မလဲ။

ဖေးချမ့် လမ်းမပြချင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူ့ပါးစပ်က ပြောလိုက်သမျှကို အနှစ်တွေဖြစ်သွားစေတဲ့ ကံကောင်းတဲ့ ပါးစပ်ဖြစ်မှန်း သူသိထားတာကြောင့် ဖြစ်သည်။ သူပေးလိုက်တဲ့ အကြံဆိုးတိုင်းက ရွှေဘဲငန်းတွေ ဖြစ်လာကြပါသည်။

ထို့ကြောင့် ဘော့စ်ဖေး အလွန်ဇဝေဇဝါဖြစ်ပြီး စိတ်ရှုပ်သွားရသည်။

ထို့ကြောင့် ဒီတစ်ခေါက် ချန်းခန့်ထုံနဲ့ ဟောက်ချုံးတို့ကို စကားအများကြီး မပြောခဲ့ခြင်း ဖြစ်သည်။ သူတို့ဖာသာ သူတို့ စမ်းကြည့်ခိုင်းလိုက်ပြီး လှည့်စားလို့ရမလား စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။

နောက်ဆုံးကျတော့လည်း သူတို့နှစ်ယောက် တစ်ခုခုလွဲနေသည်ဟု ထင်ကာ ရက်သတ္တပတ်တစ်ခု ကျော်လွန်ပြီးနောက် မေးမြန်းလာခဲ့ပါသည်။

ဖေးချမ့် သူတို့အတွက် လမ်းညွှန်မပေးချင်ပါ။ သို့သော် ဘာမှ မပြောပြန်ရင်လည်း မသင့်တော်လောက်ပါ။

အင်း... ဒါဆိုလည်း တစ်ခွန်းတည်း ပြောလိုက်တာပေါ့...

ဖေးချမ့် ခေတ္တစဉ်းစားကြည့်လိုက်ပြီး စာပြန်ရိုက်လိုက်သည်။ "သတ္တိရှိတဲ့လူတွေ ငွေအများကြီးသုံးစရာမလိုဘဲ ကြောက်တတ်တဲ့သူတွေကတော့ မဝင်ဘဲ ကြောက်ကြောက်လန့်လန့်ပဲ ကြည့်နေနိုင်တဲ့ နေရာတစ်ခုဖြစ်အောင် လုပ်လိုက်"

၂ မိနစ်အတွင်း ချန်းခန့်ထုံ စာပြန်လာခဲ့သည်။ "ဘော့စ်ဖေး... နည်းနည်းလောက် ရှင်းပြပေးလို့ရမလားဗျ..."

ထိုစာကြောင်းကို ဖတ်ပြီး သူ ၂ မိနစ်လောက် စဉ်းစားလိုက်ရတာ သိသာပါသည်။ သို့သော်လည်း ဘာပြောမှန်း နားမလည်သဖြင့် ရွေးချယ်စရာမရှိဘဲ ထပ်မေးလိုက်ရခြင်း ဖြစ်သည်။

သူ ထပ်မေးရင် ဘော့စ်ဖေးက သူ့ကို အသုံးမကျဘူးဟု ထင်ကောင်းထင်သွားနိုင်သည်။ သို့သော် ဒါက ယွမ် ၁၀သန်းတန် အကြီးစား ပရောဂျက်ကြီးတစ်ခု ဖြစ်သည်။ ရှင်းရှင်းလင်းလင်း ဦးတည်ချက်မရှိဘဲ ချန်းခန့်ထုံ ဘာမှ မလုပ်ရဲပါ။

ဖေးချမ့် ရယ်လိုက်မိ၏။

ရှင်းပြရမယ်တဲ့လား။

ရိုးရှင်းပါသည်။ ဆိုလိုတာက သတ္တိရှိတဲ့လူတွေ အေးအေးဆေးဆေး လာပျော်ပါးလို့ရအောင် လက်မှတ်ဖိုးကို အမြတ်မရလောက်တဲ့အထိ နှိမ့်ချပစ်လိုက်ဖို့ ဖြစ်သည်။ ကြောက်တတ်တဲ့လူတွေကတော့ လုံးဝ မလာရဲအောင် လုပ်ရမည်။ ဒါမှ သရဲအိမ်အတွက် သူတို့ရဲ့ ဝင်ငွေထောက်ပံ့မှု မရှိမှာ ဖြစ်သည်။

ကြောက်တတ်သူတွေလည်း မလာရဲ၊ သတ္တိရှိသူတွေကလည်း ငွေအများကြီး သုံးစရာမလိုပေ။ ဒါဆို ဒီသရဲအိမ်ကြီးက ကြီးကြီးမားမား အရှုံးပေါ်မှာပဲ မဟုတ်လား။

သို့သော်လည်း ထိုကျိန်းသေမှုကို ရှင်းရှင်းလင်းလင်း ပြောလို့ မဖြစ်ပေ။

ဖေးချမ့် ထပ်ပြီးတောင် မရှင်းပြရဲပါ။ စကားလုံးလေး တစ်လုံးလောက် မှားပြောလိုက်တာနဲ့ သူတို့တွေအတွေးလွန်ကာ လမ်းမှားကို ရောက်သွားကြမှာ စိုးရိမ်တာကြောင့် ဖြစ်ပါသည်။

ဒီလိုအချိန်မျိုးတွေမှာ ဆိတ်ငြိမ်ခြင်းက ပိုကောင်းပါသည်။

ထို့ကြောင့် ဖေးချမ့် ရိုးရိုးရှင်းရှင်း စကားလုံး ၅ လုံးသာ ပြောလိုက်သည်။ "ကိုယ့်ဟာကိုယ်စဉ်းစား"

ချန်းခန့်ထုံ "... ဟုတ်ကဲ့ပါ ဘော့စ်ဖေး။ နားလည်ပါပြီ"

ထို့နောက် ဖုန်းကို ဟောက်ချုံးအား ပြလိုက်၏။ သူတို့နှစ်ယောက် ဘော့စ်ဖေးရဲ့ 'ကိုယ့်ဟာကိုယ်စဉ်းစား'ဆိုတဲ့ မက်ဆေ့နဲ့ ဖန်သားပြင်ကိုကြည့်ရင်း ဆွံ့အနေကြပါသည်။

ကိုယ့်ဟာကိုယ်စဉ်းစားတဲ့... ဟ...

အရိပ်အမြွက်က စာကြောင်းတစ်ကြောင်းတည်းသာ ဖြစ်သည်။ နားလည်ရ အဲ့လောက်ခက်လို့လား။

ပုံမှန်ဆို ဘော့စ်ဖေးရဲ့ ယေဘုယျလမ်းညွှန်ချက်များက ၃ ချက် ၄ ချက်လောက် ရှိတတ်သည်ဟု ဟောက်ချုံး ကြားဖူးသည်။ ထို့အပြင် အတော်လေး ရှင်းလင်းတဲ့ အချက်တွေလည်း ဖြစ်ပါသည်။

သို့သော်လည်း အခုတော့ အချက်တစ်ချက်တည်းကိုသာ အာရုံစိုက်ထားသည်။ အလွန် ပဟေဠိဆန်လွန်းပါသည်။

ချန်းခန့်ထုံ ခေါင်းတွေပတ်ချာလည်သွားသလိုခံစားလိုက်ရသည်။ "ငါ-ငါတို့ ဘယ်လို နားလည်အောင် လုပ်ရမှာလဲ"

ဟောက်ချုံး အသက်ဝဝရှူလိုက်သည်။ "စိတ်အေးအေးထား စိတ်အေးအေးထား။ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို ဘယ်လို ဆန်းစစ်ရသလဲဆိုတာ ဒါရိုက်တာလင်း တစ်ခါတုန်းက ပြောခဲ့ဖူးတယ်။ ခဏလေး။ သူ ပြောခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက်ဦးမယ်"

"ပထမဆုံးတစ်ဆင့်က ကျိန်းသေပေါက် ယုံကြည်ထားဖို့ပဲ။ ဘော့စ်ဖေးရဲ့ စကားတွေ ဘယ်လောက်ပဲ မယုံနိုင်စရာ ကောင်းနေပါစေ။ မှန်ကန်မှုရှိတယ်..."

လင်းဝမ်ရဲ့ နည်းလမ်းအတိုင်း ဘော့စ်ဖေးရဲ့ စကားလုံးတွေနောက်ကွယ်က အဓိပ္ပာယ်ကို ဟောက်ချုံး စတင်ဆန်းစစ်ပါသည်။

ရဲတင်းတဲ့သူတွေနဲ့ ကြောက်တတ်တဲ့သူတွေ။ သူတို့က သရဲအိမ်ကို လာရောက်နိုင်တဲ့ ကတ်စတမ်မာတွေ ဖြစ်သည်။ သရဲအိမ်အပေါ် ထိုကတ်စတမ်မာတွေရဲ့ သဘောထားက သရဲအိမ်ရဲ့ အောင်မြင်မှု ကျရှုံးမှုကို တိုက်ရိုက်အဆုံးအဖြတ် ပေးနိုင်သည်။

သတ္တိရှိသူတွေအတွက်ကော ကြောက်တတ်သူတွေအတွက်ကော အကြောင်းအရင်းတစ်ခုကြောင့် ပျော်ဖို့ကောင်းအောင် ဖန်တီးပေးရမည်။ သူတို့ ပိုက်ဆံပေးထားရတာကြောင့် ဖြစ်သည်။

သို့သော်လည်း ထိုကတ်စတမ်မာ အမျိုးအစား ၂ ခု၏ လိုအပ်ချက်များက ခြားနားသည်။

သတ္တိပိုရှိတဲ့ ကတ်စတမ်မာတွေက သည်းထိပ်ရင်ဖို ရသမျိုးကို လိုအပ်သည်။ ဥပမာ ဝန်ထမ်းတွေက သရဲအဖြစ် ဟန်ဆောင်ပြီး သူတို့နား အနီးကပ်ခြောက်လှန့်ခြင်း စသဖြင့် ဖြစ်သည်။ ကြောက်တတ်တဲ့ ကတ်စတမ်မာတွေကတော့ ဒီလို သည်းထိပ်ရင်ဖို ပရောဂျက်များကြောင့် အလွယ်တကူ ပျော်ချင်စိတ် လျော့ကျသွားတတ်သည်။ သူတို့ ဝင်တောင် ဝင်ရဲကြမှာ မဟုတ်ပေ။ ဆိုလိုတာက သူတို့ ပိုက်ဆံ သုံးကြမှာ မဟုတ်ပေ။

အဲ့လို ကတ်စတမ်မာတွေရဲ့ လိုအပ်ချက်ကို ဘယ်လို ချိတ်ဆက်ပေးရမလဲ။

အဖြေက ဘော့စ်ဖေးရဲ့ စကားထဲမှာပဲ ရှိလိမ့်မည်ဟု ချန်းခန့်ထုံ ခံစားမိပါသည်။

သတ္တိရှိသူတွေ ငွေသိပ်သုံးစရာမလိုဘဲ ကြောက်တတ်သူတွေကတော့ မဝင်ဘဲ ကြောက်ကြောက်လန့်လန့်သာ ကြည့်နေရမယ့် နေရာတစ်ခု ဖြစ်အောင် လုပ်ရမည်။

တစ်နည်းအားဖြင့် သရဲအိမ်ကို အလွန့်အလွန်ကြောက်ဖို့ကောင်းအောင် လုပ်လိုက်ပြီး ဝင်ခွင့်ကိုလည်း စျေးနိမ့်နိမ့် သတ်မှတ်လိုက်ပေးရမှာမျိုးလား။ ဒီလိုဆို ကြောက်တတ်သူတွေက မဝင်ရဲဘဲ ကြောက်ကြောက်လန့်လန့်သာ ကြည့်နေနိုင်ပြီး သတ္တိရှိသူတွေကတော့ ကြိုက်တဲ့အချိန် လာပျော်ပါးလို့ရသည်...။

ဒီလိုဆို ဘော့စ်ဖေးရဲ့ စကားနဲ့ ကိုက်ညီမှုရှိသည့်ပုံပေါ်ပါသည်။

သို့သော်လည်း ပြဿနာက အကျိုးအမြတ်ရနိုင်မှာ မဟုတ်သဖြင့် ကျိုးကြောင်းမသင့်ပေ။

ဘာလို့ ကြောက်တတ်တဲ့သူတွေကို မလာအောင် တားရမှာလဲ။ ငါတို့ဆီမှာ သူတို့ပိုက်ဆံလာဖြုန်းရင်း ပိုမကောင်းဘူးလား။ ဘာလို့ သူတို့ကို ခြောက်လှန့်ပြီး မောင်းထုတ်ရမှာလဲ။

ကျိန်းသေပေါက် အဲ့လောက်တော့ ရိုးရှင်းမှာ မဟုတ်ပေ။ ထို့ကြောင့် ဒီတွေးခေါ်ပုံကို လုံးဝ နောက်ပြန်လှည့်ရမည်။ ဘော့စ်ဖေးရဲ့ စကားလုံးတွေ နောက်ကွယ်က နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို ပြန်တူးဖော်ရမည်။

သူတို့နှစ်ယောက် အကြာကြီး ခက်ခက်ခဲခဲ စဉ်းစားခဲ့ကြပါသည်။

ချန်းခန့်ထုံ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူ့ပေါင်ကိုသူ ရိုက်လိုက်ပြီး ပြောလိုက်၏။ "ဟုတ်ပြီ။ ငါအခု နားလည်သွားပြီ။ ငါ့အတွေးကို အသေးစိတ်ပြောပြမယ်။ နားထောင်ကြည့်ပြီး အဓိပ္ပာယ်ရှိလား ဆိုတာ မင်းလည်း စဉ်းစားကြည့်ကွာ"

ဟောက်ချုံး ခေါင်းငြိမ့်ပြီး နားစွင့်လိုက်သည်။

ချန်းခန့်ထုံက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ရှင်းရှင်းလင်းလင်းပြောရရင် ခုနက ငါတို့ပြောလိုက်တာက အရမ်းကြောက်ဖို့ကောင်းတဲ့ အာနိသင်နဲ့ စျေးပေါတဲ့ လက်မှတ်။ အဲ့တာဆို ကျိန်းသေပေါက် သရဲအိမ်ကြီး ကြီးကြီးမားမား အရှုံးပေါ်မှာပဲ။ အဲ့တာဆို လမ်းဆုံး ဖြစ်သွားလိမ့်မယ်"

"ငါတို့ သေချာပေါက် ဘော့စ်ဖေးရဲ့ ဆိုလိုရင်းကို နားလည်မှုလွဲသွားတာ ဖြစ်မယ်။"

"ငါစဉ်းစားမိတာက... အချက်အချာကျတဲ့ အချက်အလက်တွေ ငါတို့ လွတ်သွားတာများလား။ ငါတို့ကို စမ်းသပ်ဖို့အတွက် ဘော့စ်ဖေးက တမင်သက်သက် လျှို့ဝှက် အချက်အချာ မက်ဆေ့တစ်ခုကို ဝှက်ထားလောက်တယ်။ သရဲအိမ်အတွက် ပရောဂျက်တစ်ခုတည်း ရှိရမယ်လို့မှ ဘော့စ်ဖေး မပြောခဲ့တာ"

ဟောက်ချုံးလည်း သတိထားမိသွားပြီး မျက်လုံးပြူးသွားသည်။

ဟုတ်သားပဲ။ အဲ့ဒီစာကြောင်း ၂ ကြောင်းက ပရောဂျက် တစ်ခုတည်းအတွက် ဆိုလိုတာမှ မဟုတ်တာ။

သရဲအိမ်အတွက် စဦးရင်းနှီးမြှုပ်နှံမှုက အတော်များပြားသည်။ အနာဂတ်မှာလည်း ထပ်တိုး ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာနိုင်သည်။ ထို့အပြင် ဒီစက်မှုလုပ်ငန်းဟောင်းဇုန်ကြီးထဲမှာ တစ်နေရာရာသွားဖို့က အတော်လေး အဆင်မပြေပါ။ တစ်ခုတည်းသော အားသာချက်က မြေနေရာ အများကြီးရှိကာ စက်ရုံ အဆောက်အဦးကြီးများကို ကြိုက်သလို အသုံးပြုနိုင်ခြင်းပင်။ ဒါဆို ဘော့စ်ဖေး ဘာကြောင့် ဒီမြေတွေကို ရွေးခဲ့တာလဲ။

သိသိသာသာပဲ အစောကြီးကတည်းက ပရောဂျက် တစ်ခုတည်း ပြုလုပ်ဖို့ အစီအစဉ် မရှိတာကြောင့် ဖြစ်ပါသည်။

ချန်းခန့်ထုံက ဆက်ပြောလိုက်၏။ "ငါတို့ ကတ်စတမ်မာတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီဖို့ ၂ ခု ၃ ခုလောက် ဖွင့်လိုက်မယ်ထား။ သတ္တိရှိသူတွေကို ငွေအများကြီး သုံးစရာ မလိုဘဲ ပျော်လို့ရအောင်လုပ်ပေးရမယ်ဆိုတော့ ကြောက်တတ်သူတွေဆီကနေ ငွေပိုရနိုင်ဖို့ နည်းလမ်းရှာရမယ်ဆိုတဲ့ သဘောပဲ။ ကြောက်တတ်သူတွေကိုပဲ ကြောက်ကြောက်လန့်လန့်ကြည့်နေရအောင်လုပ်ဆိုတော့ သတ္တိရှိသူတွေကိုတော့ သည်းထိပ်ရင်ဖို ပျော်ရွှင်မှုတွေ အပြည့်အဝ ပေးစွမ်းဖို့ပဲ"

"ဒါပေမယ့် ကြောက်တတ်တဲ့လူတွေကိုတော့ ခြောက်ထုတ်လို့မရဘူး။ သတ္တိရှိသူတွေကငါတို့ရဲ့ သရဲအိမ်ကို နာမည်ကြီးသွားစေပြီး ကြောက်တတ်သူတွေကတော့ ကြောက်ကြောက်လန့်လန့်နဲ့ စောင့်ကြည့် တွန့်ဆုတ်ပြီး... နောက်ဆုံးတော့ သတ္တိရှိသူတွေဖြစ်လာအောင် လုပ်ပေးရမယ်"

"အဲ့တာ ဘော့စ်ဖေးရဲ့ အဆုံးသတ်ပန်းတိုင်ပဲ"

ချန်းခန့်ထုံနဲ့ ဟောက်ချုံးတို့ ဆက်လက်ဆန်းစစ်ကြပြီး ဘော့စ်ဖေးရဲ့ ပန်းတိုင်က တဖြည်းဖြည်း ရှင်းလင်းလာခဲ့ပါသည်။

ထိုစာကြောင်း ၂ ကြောင်းက ရိုးရှင်းသော်လည်း အောက်ပါ အချက်များအဖြစ် ပြန်ခွဲထုတ်လို့ ရပါသည်။

သတ္တိရှိတဲ့ ကတ်စတမ်မာတွေအတွက် ဒီနေရာကြီးက ကြောက်ဖို့ကောင်းသော်လည်း စျေးပေါရမည်။ ဒါမှ ဒီနေရာကြီးကို သူတို့ ရေပန်းစားလာစေမှာဖြစ်ကာ မိတ်ဆွေတွေကို ပြန်ပြောပြပြီး ဒီကို ဆက်တိုက် ခေါ်လာကြမှာ ဖြစ်သည်။

ကြောက်တတ်သူတွေအတွက် ဒီနေရာကြီးက စိတ်ပိုင်းဆိုင်ရာ အကြောက်တရားရှိရမည်။ သို့သော်လည်း အကြွင်းမဲ့ ကြောက်ရွံ့နေတာမျိုးတော့ မဖြစ်ရပါ။

ကြောက်တတ်သူတွေဆီမှ ငွေရနိုင်ဖို့ နည်းလမ်းတွေကိုတောင် ပိုစဉ်းစားရမည်။

သတ္တိရှိသူတွေကို ငွေနည်းနည်းသာတောင်းပြီး ကြောက်တတ်သူတွေဆီက ငွေများများရအောင် သူတို့ ဘယ်လို လုပ်ရမလဲ။ ရိုးရှင်းပါသည်။ ဒစ်စ်ကောင့်နဲ့ ငွေပြန်အမ်းသည့် နည်းလမ်းများဖြင့် လုပ်နိုင်ပါသည်။

ဥပမာအားဖြင့် သရဲအိမ်ထဲမှာ ပိုကြာကြာနေနိုင်လေလေ လက်မှတ်က ပိုစျေးနည်းလာလေလေ ဖြစ်သည်။ သရဲအိမ်ထဲ ပြီးအောင် သွားနိုင်ပါက လက်မှတ်ကုန်ကျစရိတ် ၇၀ - ၈၀ ရာခိုင်နှုန်းလောက် လျှော့ပေးဖို့ သို့မဟုတ် အခြေအနေပေါ် မူတည်ပြီး ရာနှုန်းပြည့် အခမဲ့ဖြစ်အောင်တောင် လုပ်ပေးနိုင်ပါသည်။

ဘော့စ်ဖေးရဲ့ တောင်းဆိုချက်ကို ဒီနည်းဖြင့် ဖြည့်ဆည်းပေးလို့ ရသည်။

သို့သော်လည်း ထိုအခြေအနေက အနည်းငယ် စိတ်ကူးယဉ်ဆန်လွန်းပါသည်။ အားနည်းချက်တချို့ ရှိလောက်သည်။ ကြောက်တတ်တဲ့ ကတ်စတမ်မာတွေ အပြင်ဘက်ကနေကြည့်ဖို့က အရင်ဆုံး သူတို့ သရဲအိမ်ကို ရောက်လာမှ ဖြစ်မည်။ သူတို့ လာလည်ဖို့ မစဉ်းစားရင် ထိုအာနိသင်မျိုးကို ရနိုင်မှာ မဟုတ်ပေ။

ထို့ကြောင့် ကြောက်တတ်တဲ့သူတွေ ကစားဖို့အတွက် သရဲအိမ်မှာ တစ်ခုခုတော့ ရှိရမည်။

ဒီလိုမှ ထိုကြောက်စရာ သိပ်မကောင်းတဲ့ ပရောဂျက်တွေကို ကြောက်တတ်တဲ့လူတွေက ကစားရင်း သတ္တိရှိတဲ့လူတွေ သဲထိပ်ရင်ဖို လုပ်နေကြတာကို မြင်နိုင်မှာ ဖြစ်သည်။ ထို့အပြင် ထိုသည်းထိပ်ရင်ဖို ပရောဂျက်ကလည်း သရဲအိမ်ကို ပြီးမြောက်ချိန်အလိုက် အခကြေးငွေ လွတ်ငြိမ်းခွင့်ရှိမည်ဖြစ်သည်။ ဒီလိုမှ ကြောက်တတ်သူတွေက ဝင်တော့ ဝင်နိုင်သော်လည်း သူတိုရဲ့ လက်မှတ်ကြေး အစရှိသည့် အခကြေးငွေများက ပိုမြင့်လာမှာ ဖြစ်သည်။

ဥပမာအားဖြင့် ဝင်ပေါက်မှာ 'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ'ဂိမ်းထဲမှ ဗုဒ္ဓဆင်းတုတော် တစ်ခုကို ရောင်းနိုင်သည်။ ထိုဆင်းတုက လမ်းအတွက် အလင်းရောင်ပေးနိုင်ရုံတင်မကဘဲ သရုပ်ဆောင်ထားသည့် ဝန်ထမ်းများကြောင့် ဖြစ်ပေါ်လာမည့် အကြောက်တရားအဆင့်ကိုလည်း လျော့နည်းသွားစေနိုင်မည်။

ဒါက ဂိမ်းတစ်ခုထဲက ကစားသမားများအတွက်ပေးတဲ့ ဝန်ဆောင်မှုမျိုး ဖြစ်သည်။

ဒီလိုဆို ကတ်စတမ်မာ ၂ မျိုးစလုံးရဲ့ အတွေ့အကြုံကိုလည်း ထည့်စဉ်းစားပြီးသား ဖြစ်သွားမည်။ ပရောဂျက်တစ်ခုက ကြောက်ဖို့ကောင်းတာမျိုး မဟုတ်ဘဲ ကြောက်တတ်တဲ့သူတွေကို ဆွဲဆောင်နိုင်တာမျိုး ဖြစ်ရမည်...။

သတ္တိရှိသူတွေကို ဆွဲဆောင်ဖို့ကတော့ အလွန်ကြောက်ဖို့ကောင်းတဲ့ ပရောဂျက်တစ်ခု ဖန်တီးရမည်။

ကြောက်တတ်တဲ့သူတွေကို လာရောက်လည်ပတ်ဖို့ ဆွဲဆောင်နိုင်တာနဲ့ ပိုကြောက်ဖို့ကောင်းတဲ့ ပရောဂျက်ကို သူတို့ ကျိန်းသေပါက် စိတ်ဝင်စားလာကြမှာပဲ ဖြစ်သည်။ ဒါဆို အပိုသုံးစွဲမှုတစ်ခု ဖြစ််လာနိုင်သည်။ ဒီလိုမှ သရဲအိမ်ရဲ့ ဝင်ငွေက လက်မှတ်ရောင်းရုံလောက်ထက် ပိုမြင့်လာမှာ ဖြစ်ပါသည်။ အမြတ်ရဖို့ ကျိန်းသေသည်။

အစက လမ်းပျောက်နေတဲ့ လူ ၂ယောက် ထိုအကြံကို စဉ်းစားမိခါမှ အလင်းရောင်ကို မြင်လိုက်ရသလို ဖြစ်သွားကြပါသည်။

"ဒီလိုကိုး အခု ငါတို့မစ်ရှင် အရမ်း ရှင်းလင်းသွားပြီ"

"ဒီသရဲအိမ်မှာ အနည်းဆုံး ပရောဂျက်အကြီးစား ၂ ခု ၃ ခုလောက်တော့ ရှိရမယ်။ တစ်ခုက ကြောက်ရွံ့မှု အဆင့် အနိမ့်စား ပေးနိုင်ဖို့ပဲ။ ဒါပေမယ့် လူပေါင်းများစွာ ထပ်ခါထပ်ခါ ကစားနိုင်မယ့် ကစားနည်းမျိုးတွေ ရှိရမယ်။ အဲ့တာမှ ကြောက်တတ်တဲ့ ကတ်စတမ်မာတွေကို ဆွဲဆောင်နိုင်လိမ့်မယ်"

"နိုင်ငံတစ်ဝှမ်းလုံးက ကြောက်မက်ဖွယ်တွေကို ကြိုက်နှစ်သက်သူတွေကို ဆွဲဆောင်နိုင်မယ့် အရမ်းကြောက်ဖို့ကောင်းတဲ့ ပရောဂျက်တစ်ခုလည်း ရှိရမယ်။ သူတို့ သရဲအိမ်ထဲမှာ နေတဲ့ ကြာချိန်အလျောက် ငါတို့ စျေးသက်သာခွင့်နဲ့ လက်မှတ်တန်ဖိုး လျှော့ချခွင့် ပေးလို့ ရတယ်"

"တတိယပရောဂျက်က... စပ်ကြားပရောဂျက်တစ်ခုဖြစ်လို့ရတယ်။၊ ပထမ ပရောဂျက်ကနေ တတိယပရောဂျက်အကြား ချောက်ချားမှုအဆင့် ကွာဟချက်က အရမ်းကြီးမားလွန်းတယ်။ တချို့ ကြောက်တတ်တဲ့ ကတ်စတမ်မာတွေက ပါရဲမှာ မဟုတ်ဘူး"

"ပထမ ပရောဂျက်နှစ်ခုမှာ လေ့ကျင့်ပြီးမှ တတိယပရောဂျက်ကို စိန်ခေါ်ကြပါစေ"

ပိုဆွေးနွေးကြလေလေ ပိုပြီး စိတ်လှုပ်ရှားလာကြလေလေ ဖြစ်သည်။ ထို့နောက် လုပ်ငန်းပလန်ကို ချက်ချင်းပဲ ချရေးခဲ့ပါသည်။

ဟောက်ချုံးက စာရိုက်နေပြီး စိတ်ခံစားချက်များဖြင့် ပြောလိုက်သည်။ "ဒါရိုက်တာလင်းရဲ့ နည်းလမ်းက တော်တော် ကောင်းတာပဲနော်။ ဒီလောက် အကြံတွေ အများကြီးကို တစ်ပြိုင်တည်းနဲ့ ဆန်းစစ်လိုက်နိုင်တယ်"

ချန်းခန့်ထုံ ခေါင်းငြိမ့်လိုက်ပါသည်။ "အေး။ ဒါပေမယ့် ဒီနေရာမှာ ဘော့စ်ဖေးရဲ့ လမ်းညွှန်ချက်ကမှ တကယ့် အချက်အချာကျတာကွ။ ကြည့်ရတာ ဒီပရောဂျက်အတွက် ဘော့စ်ဖေးမှာ အကြံရှိခဲ့တဲ့ပုံပဲ"

"ဒီပရောဂျက်ရဲ့ မဟာအသွင်ကို ခန့်မှန်းနိုင်ခဲ့ရုံတင်မကဘူး။ ပရောဂျက်အောင်မြင်မှုအတွက် အဓိက အချက်တွေကို ကောက်နုတ်ပြီး ဒီလောက်ကျစ်လျစ်တဲ့ ပုံစံနဲ့ ငါတို့တွေကို အရိပ်အမြွက်ပေးနိုင်ခဲ့တယ်"

"ဘော့စ်ဖေးက တကယ် အံ့အားသင့်ဖို့ကောင်းတာပဲ"

"အဲ့တာဆို ငါတို့ ဘာစိတ်ပူဖို့ လိုသေးလို့လဲ။ ဘော့စ်ဖေးရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာရင် ကျိန်းသေပေါက် အဆင်ပြေမှာပဲ"

အစကတော့ သူတို့ ၂ ယောက် မျှော်လင့်ချက် ကင်းမဲ့နေခဲ့ကြသည်။ သူတို့ အကြီးကြီး လွဲသွားမှာကို စိုးရိမ်ခဲ့ကြသည်။

သို့သေ်ာလည်း အခခုတော့ မျှော်လင့်ချက်များဖြင့် တောက်ပနေပြိး အနာဂတ်တွင် တည်ဆောက်မည့် သရဲအိမ်ကြီးအတွက် မျှော်လင့်စောင့်စားမှုများ ပြည့်နှက်နေခဲ့ပါပြီ။

ညဘက်တွင်...

ထန်းတာ့ရဲ့ ပထမဆုံး ဝန်ထမ်းခေါ်ယူမှု အသုတ် ပြီးဆုံးသွားခဲ့ပါပြီ။

နောက်ပိုင်း ထန်းတာ့ခံယူချက် ကိုက်ညီမှုစာမေးပွဲ ကျန်သေးသည်။ သို့သော်လည်း ထိုစာမေးပွဲမှာ အင်တာဗျူးသူတွေနဲ့ ဝန်ထမ်းတွေ ပါဝင်ဖို့ မလိုပါ။

အင်တာဗျူးမှာ ပါဝင်သူတွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ထားသည်။ အင်တာဗျူး ကြာချိန်ကိုလည်း တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထား၏။ အချိန်ကြာမြင့်ချိန်က အနည်းငယ် ပိုတိုးမြင့်သွားသော်လည်း ခန့်မှန်းထားတာနဲ့ သိပ်မကွာခြားလှပါ။

သို့သော်လည်း ထိုနေ့နေ့လည်ခင်းတုန်းက ညနေ ၅ နာရီကျော်တာတောင် သူတို့ အလုပ်ဆက်လုပ်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် အင်တာဗျူးသမားတွေနဲ့ ဝန်ထမ်းတွေက အင်တာဗျူးဖြေသူတွေအားလုံးရဲ့ အမှတ်ကို တွက်ချက်နှိုင်းယှဉ်ရမည်၊ ထို့နောက် နောက်ဆုံး အောင်မြင်သူစာရင်းကို စစ်ထုတ်ကာ အသိပေးရမည်။

ဒီတစ်ခေါက် ဌာနတိုင်းက ဝန်ထမ်းသစ် အမြောက်အများကို ခန့်အပ်ခဲ့သည်။ အတွေ့အကြုံရှိတဲ့ အချက်အချာ ရာထူးသမားတွေကော ဘွဲ့ရပြီးသား သို့မဟုတ် နောက်နှစ်မှ ဘွဲ့ရမှာဖြစ်သော ကောလိပ်ကျောင်းသားတွေလည်း ပါဝင်သည်။

ဌာနခေါင်းဆောင်က ကြက်ခြေခတ်အင်တာဗျူးတွင် ကိုယ့်ဝန်ထမ်းလောင်းကို အင်တာဗျူးလို့ မရပေ။ သို့သော် ရလဒ်များက အားလုံးကို စိတ်ကျေနပ်စေပါသည်။

ဌာနခေါင်းဆောင်တွေလည်း အလုပ်အားလုံးပြီးမြောက်သောအခါ တစ်ယောက်ကိုတစ်ယောက် ကျေးဇူးတင်တဲ့အနေနဲ့ ညစာ အတူတူ သွားစားကြသည်။ ၁ နာရီလောက် စားပြီးမှ အိမ်ကို ပြန်လာကြပါသည်။

လိယတာက ညစာစားပွဲကို အခွင့်ကောင်းယူပြီး လုမင်လျန်နဲ့ ဟွမ်စစ်ပေါ်တို့ကို လမ်းညွှန်ချက်တချို့ တောင်းခဲ့သည်။ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို နားလည်မှုချင်း ကွဲပြားကြသော်လည်း အဆုံးသတ်အမှတ်ကတော့ တူညီကြပါသည်။

ပါတီပွဲပြီးဆုံးသွားခါမှ လီယာ့တာ သူမဖုန်းကို ထုတ်ကြည့်မိသည်။ ဟဲထယ်ရှန်းရဲ့ Friend Request နဲ့ သူပို့ထားတဲ့ ဂိမ်းပြုပြင်မှုပလန် ကမ်းလှမ်းချက်ကို မြင်လိုက်ရပါသည်။

"ဒီပလန်က... နည်းနည်း စွန့်စားရမယ့်ပုံပဲ"

ဂိမ်းတွေအကြောင်း လီယာ့တာရဲ့ နားလည်နိုင်စွမ်းက ပေါင်ရှုလောက်တော့ မကြွယ်ဝပါ။ သို့သော် ဘာပဲဖြစ်ဖြစ် သူမက GOG ဖန်တီးမှုအတွက် ဦးဆောင်ခဲ့တာ ကြာပြီ မဟုတ်လား။ ဒီဇိုင်းရဲ့ ကောင်းကွက်ဆိုးကွက်များကို အလွယ်လေး တိုင်းတာနိုင်သည်။ လူအများစုရဲ့ အမြင်မှာတော့ Gods Rising မှ ကိုယ်စားပြုထားသည့် 5v5 ယှဉ်ပြိုင်ဂိမ်းများက သံသယဖြစ်စရာ မရှိအောင် မျှတပါသည်။

ယှဉ်ပြိုင်မှုတစ်ခုဖြစ်တာကြောင့် ခက်ခဲမှုအဆင့်မြင့်လေလေေ ပရောဖက်ရှင်နယ်တွေနဲ့ တက်သစ်စတွေအကြား ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်လေလေ ဖြစ်သည်။ သို့သော်လည်း ခက်ခဲမှုအဆင့် အလွန်မြင့်မားသွားပါက ကန့်သတ်စည်းလည်း အလွန်မြင့်မားသွားနိုင်ပြီး တချို့ တက်သစ်စတွေကို အားလျော့သွားစေလိမ့်မည်။

ဂိမ်းရဲ့ခက်ခဲမှုအဆင့်ကို လျှော့ချလိုက်တာက ကျိန်းသေပေါက် တက်သစ်စတွေအတွက်တော့ ဂိမ်းရသ ပိုကောင်းသွားအောင် လုပ်ပေးနိုင်လိမ့်မည်။ သို့သော်လည်း 'သင်ယူမှုလွယ်ကူခြင်း'က ပရော်ဖက်ရှင်နယ်တွေကို သူတို့ရဲ့ အသာစီးရမှု ခံစားချက်ကို လျော့နည်းသွားစေလိမ့်မည်။

အတိုချုံးအားဖြင့် ဒီအကြံပေးချက်ကတွေက ကျိုးကြောင်းသင့်သော်လည်း စွန်စားမှုတချို့တော့ ပါနေသည်။

လီယာ့တာ ဆုံးဖြတ်ချက် ချရခက်နေပါသည်။ သူမ အချိန်အတော်ကြာစဉ်းစားပြီးတာတောင် ရလဒ်က အတူတူပဲ ဖြစ်သည်။ အစကတော့ ပေါင်ရှု သို့မဟုတ် ဘော့စ်ဖေးနဲ့ တိုင်ပင်ဖို့ စဉ်းစားမိသော်လည်း ညစာစားပွဲတုန်းက လုမင်လျန် ပြောခဲ့တဲ့စကားကို သူမ မှတ်မိသွားပါသည်။

ဂိမ်းဒီဇိုင်နာတစ်ယောက်အနေနဲ့ အရေးအကြီးဆုံး အရည်အသွေးက ဘာလဲဟု လုမင်လျန်ကို လီယာ့တာ မေးခဲ့သည်။

လုမင်လျန်လည်း စဉ်းစားကြည့်လိုက်ပြီး အရေးအကြီးဆုံး အရည်အသွေးက ကိုယ့်ကိုယ်ကို ယုံကြည်မှု မလွန်ကဲဖို့ ဖြစ်သည်ဟု ဖြေခဲ့သည်။

လီယာ့တာက နားမလည်သဖြင့် လုမင်လျန် ရှင်းပြလိုက်သည်။

လုမင်လျန်ပြောစကားအရဆို ဒီဇိုင်နာ အများစုက ကိုယ့်ကိုယ်ကို အထင်ကြီးကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ အများစုက ဂိမ်းဝါသနာအိုးများဖြစ်ကြကာ ဒီဇိုင်နာတွေဖြစ်လာပြီး ဂိမ်းလောကထဲမဝင်ခင် အတွေ့အကြုံရှိတဲ့ ဂိမ်မာတွေ ဖြစ်ခဲ့တာကြောင့်ပင်။

သူတို့က တစ်ဆင့်ချင်း တက်လှမ်းလာခဲ့တာ ဖြစ်သည်။ ယုံကြည်ချက် မရှိဘဲ ဒီဇိုင်နာအများစုက ဒီလုပ်ငန်းလောကထဲ ဝင်လာမှာ မဟုတ်ပေ။

ထို့ကြောင့် ဒီဇိုင်နာအများစုက ယုံကြည်ချက်များဖြင့် ပြည့်နှက်နေလေ့ရှိသည်။ ယုံကြည်ချက်ရှိတာတော့ ကောင်းပါသည်။ သို့သော် တစ်ခါတစ်လေမှာ လူကို မျက်ကန်းဖြစ်စေတတ်သည်။

ကစားသမားတိုင်းက အကြိုက်နဲ့ အလေးပေးမှု မတူညီကြသော လူတစ်ဦးတစ်ယောက်ချင်းစီဖြစ်သည်။ ဂိမ်းတစ်ခုက လူတိုင်းကို စိတ်ကျေနပ်မှု မပေးနိုင်ပါ။ ဂိမ်းကောင်းတစ်ခုဆိုတာလည်း ပစ်မှတ်ထားတဲ့ ကစားသမား အုပ်စုကိုသာ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်တာ ဖြစ်သည်။

ထို့ကြောင့် ဒိဇိုင်နာတစ်ယောက်က သူဒီဇိုင်းဆွဲနေတဲ့ဂိမ်းရဲ့ ပစ်မှတ်ထား ကစားသမားအုပ်စု၏ အကြိုက်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတာမျိုးကို သဘောကျရင် ဘယ်လိုလုပ်မလဲ။ ဒီဇိုင်နာအများစုက အရူးမျက်ကန်း ယုံကြည်ချက် လွန်ကဲမှုထဲ ကျရောက်သွားကြသည်။ သူတို့ လုပ်တဲ့ဂိမ်းကလည်း ကျိန်းသေပေါက် အက်ကွဲကြောင်းများမှ တဆင့် ပြုတ်ကျသွားလိမ့်မည်။

ဆန့်ကျင်ဘက်အနေဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက် မလွန်ကဲဘဲ အထင်အမြင်တွေကို ကျိုးကျိုးနွံနွံ နားထောင်ပြီး ကစားသမားအများစုရဲ့ အကြိုက်နဲ့ ကိုက်ညီမှုရှိတဲ့ ဂိမ်းတွေကို ဖန်တီးနိုင်တဲ့ ဒီဇိုင်နာတွေကမှ အောင်မြင်မှုကို ရရှိနိုင်မှာ ဖြစ်ပါသည်။

ထို့ကြောင့် ယုံကြည်ချက်မလွန်ကဲရဘူးဆိုတာ ကိုယ့်ကိုယ်ကို သံသယဖြစ်ဖို့ မဆိုလိုပါ။ သို့သော်လည်း ကိုယ့်ကိုယ်ကို အရူးမျက်ကန်းလို မယုံကြည်ဖို့နဲ့ သူများတွေစကား အရူးမျက်ကန်းလို မယုံကြည်ဖို့ ဖြစ်သည်။

ကစားသမားများကို တတ်နိုင်သလောက် အရှိကိုအရှိတိုင်းလေ့လာပြီး ကိုယ်ပိုင် အလေးပေးမှုနဲ့ ကစားသမားတွေရဲ့ လိုအပ်ချက်တို့အကြား ဟန်ချက်ညီအောင် ထိန်းရမည်။

ထိုအကြောင်း တွေးမိသောအခါ လီယာ့တာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိ၏။ သူမ အရူးမျက်ကန်းလို လိုက်ခဲ့တာ မဟုတ်သော်လည်း...

ပေါင်ရှုကို အရူးမျက်ကန်းလို ယုံကြည်ဖို့ကကော မမှန်ကန်ဘူးလား။

ပေါင်ရှုက တကယ်ပဲ ထိုကဲ့သို့ ဂိမ်းမျိုးတွေမှာ အတွေ့အကြုံရှိပါသည်။ သို့သော်လည်း သူက လုမင်လျန်ပြောခဲ့တဲ့ 'ယုံကြည်ချက်လွန်ကဲမှု'မျိုးကို လုပ်မယ့်လူမျိုး ဖြစ်သည်....

ထို့ကြောင့် အများကြီးစဉ်းစားပြီးနောက် လီယာ့တာ ဆုံးဖြတ်ချက် ချခဲ့ပါသည်။

ဘော့စ်ဖေးကိုကော ပေါင်ရှုကိုကော ဒီပြုပြင်မှု ပလန်အကြောင်း မေးစရာမလိုပေ။ ဗားရှင်းသစ်တစ်ခုကိုသာ တန်းဖန်တီးလိုက်မည်။ နောက်ဆုံးတိုက်ချက် ဆုလာဘ်စသည့် တချို့ ပြုပြင်မှုများက ထည့်သွင်းဖို့ မခက်ပါ။ မြေပုံ အရွယ်အစားကို လျှော့ချခြင်းက အချိန်နည်းနည်းကုန်သော်လည်း ရက်ပိုင်းလောက်အတွင်း လုပ်နိုင်ပါသည်။ နည်းနည်း ဒုက္ခပိုများမှာက တက်သစ်စတွေနဲ့ ပရော်ဖက်ရှင်နယ်တွေအတွက် သင့်တော်တဲ့ ဟီးရိုးအသစ်တွေကို ဒီဇိုင်းဆွဲဖို့ ဖြစ်သည်။ ထိုကဏ္ဍက အချိန်ကြာမြင့်စွာ အစီစဉ်ချဖို့လိုသော်လည်း အရေးပေါ်ကိစ္စတော့ မဟုတ်သေးပေ။

အခြေခံဆက်တင်များကို အစောပိုင်းအဆင့်မှာ ပြုပြင်နိုင်ပြီး နောက်ထပ် ဗားရှင်းတစ်ခုထုတ်ကာ ယွီအင်တာနက် ကဖေးမှာ Update တင်ပေးလိုက်မည်။

ဘယ်ဗာရှင်းပိုကောင်းသလဲဆိုတာကို သိဖို့ အချိန်တစ်ခုရောက်မှ ဗားရှင်းနှစ်ခု၏ ကစားသမား ဒေတာများကို ယှဉ်ကြည့်လိုက်ရုံဖြစ်သည်။

All Chapters