← Chapters

တိမ်မည်းက အင်မော်တယ်ကို ဖိနှိပ်တယ်… အင်မော်တယ်ရဲ့ ထိတ်လန့်မှုနဲ့ ဒေါသ(ဂ)

Vol. 45 Ch. 671

တိမ်မည်းက အင်မော်တယ်ကို ဖိနှိပ်တယ်… အင်မော်တယ်ရဲ့ ထိတ်လန့်မှုနဲ့ ဒေါသ(ဂ)

Vol. 45 Ch. 671

ငှက်ကြီးချင်းချင်းသည် စိတ်လှုပ်ရှားစွာ အော်မြည်လိုက်ပြီး ကြောက်စရာကောင်းသော ရက်စက်ကြမ်းကြုတ်မှုကို ထုတ်ဖော်လျက် အောက်သို့ ထိုးဆင်းလာသည်။

“ နေဦး ”

ဝိညာဉ်တော်ပြည့်ဘိုးဘေးသည် ကြောက်လန့်တုန်လှုပ်သွားပြီး အလျှင်အမြန် အော်လိုက်သည်။

သို့သော်လည်း ယင်းက အသုံးမဝင်ပေ။

ငှက်ကြီးချင်းချင်း၏ အလျင်သည် အလွန်မြန်ဆန်သည်။ ၎င်းသည် လျှပ်တစ်ပြက်အတွင်း ကောင်းကင်ပေါ်မှ ထိုးဆင်းလာသည်။

မြေပြင်သည် အပြင်းအထန် တုန်လှုပ်သွားသည်။ ပေတစ်သိန်းအရွယ်အစားရှိသော ဧရာမခန္ဓာကိုယ်ကြီး မြေပေါ်သို့ သက်ဆင်းလာသောအခါ မရေမတွက်နိုင်သော တောင်ကုန်းများသည် အကြမ်းပတမ်း လှုပ်ခါသွားကြပြီး အက်ကွဲသွားကြသည်။

ငှက်ကြီးချင်းချင်းကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားပြီး ပြီးပြည့်စုံသော ဗလာနတ္ထိတတိယအဆင့် ကျင့်ကြံခြင်းအရှိန်အဝါသည် ပေါက်ကွဲထွက်ပေါ်လာသည်။

ကီလိုမီတာငါးသောင်းကျယ်ဝန်းသော ဧရိယာထဲမှ ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင်များသည် ခုခံရန် အခွင့်အရေးပင် မရရှိခဲ့ကြဘဲ တိုက်ရိုက် ပေါက်ကွဲသွားကြသည်။

တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်မှ ငုံ့ကြည့်သည့်အခါ နေရာအနှံ့ ပျံ့နှံ့သွားသော သွေးလှိုင်းများကို မြင်တွေ့ရလိမ့်မည်။ နေရာတိုင်းသည် အနီရောင်စွန်းထင်သွားသည်။ ငှက်ကြီးချင်းချင်းသည် စိတ်လှုပ်ရှားစွာ လေကို ရှူသွင်းလိုက်သည်။ အဆုံးမရှိသော အသွေးအသားမြစ်ကြီးသည် ကောင်းကင်ပေါ်သို့ ဆန်တတ်သွားပြီး ဦးခေါင်းသုံးလုံး၏ ပါးစပ်များထဲသို့ စုပ်ယူခံလိုက်ရသည်။

၎င်းသည် ယာဂုစားနေသည့်အလား အကြိမ်ရေအနည်းငယ်သာ ဝါးပြီး မျိုချပစ်လိုက်သည်။

ခေါင်းဆောင်လေးယောက်သည် သူတို့၏ ဦးရေပြားက ပေါက်ကွဲထွက်တော့မည့်နှယ် ခံစားသွားကြရသည်။ သူတို့အားလုံးသည် မုန်တိုင်းကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့ကြသည်။

သူတို့ထဲမှ ဒဏ်ရာအဆိုးဝါးဆုံး ရရှိထားကြသော နှစ်ယောက်သည် လွတ်မြောက်ရန် အလွန်နှေးကွေးခဲ့ကြသည်။ သူတို့၏ အမြင်အာရုံသည် ဝေဝါးလာပြီး ဧရာမနုတ်သီးသည် သူတို့တစ်ယောက်စီ၏ အရှေ့တွင် ထွက်ပေါ်လာသည်။ သူတို့သည် တစ်လုပ်တည်း ဝါးမျိုခံလိုက်ရသည်။

သူတို့သည် စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်ကြသည်။ သို့သော် တဂျွတ်ဂျွတ်မြည်သံ ပေါ်ထွက်လာပြီးနောက် သူတို့၏ အော်သံများသည် တိတ်ဆိတ်သွားခဲ့သည်။

ငှက်ကြီးချင်းချင်းအတွက်တော့ ထိုနှစ်ယောက်သည် ယာဂုထက် အနည်းငယ် ပိုအရသာရှိသော မြေပဲများကဲ့သို့ပင်။

ထိုမြင်ကွင်းသည် ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင်များကို လန့်ဖျပ်သွားစေသည်။ ကံကောင်းထောက်မ၍ သေဘေးမှလွတ်မြောက်ပြီး အသက်ရှင်ကျန်နေခဲ့သော ခေါင်းဆောင်နှစ်ယောက်သည် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုကြောင့် မျက်နှာဖြူဖျော့သွားကြသည်။ သူတို့သည် အသက်ရှင်ရန်အတွက် လူစုခွဲပြီး တစ်နေရာစီ ထွက်ပြေးသွားကြသည်။

ဝိညာဉ်တော်ပြည့်ဘိုးဘေးသည် ထိတ်လန့်သွားပြီး ဒေါသထွက်လာသည်။ ၎င်းသည် မာန်ဖီဟိန်းဟောက်လိုက်ပြီး ငှက်ကြီးချင်းချင်းကို တားဆီးရန် ပေရှစ်သောင်းရှိသော ခန္ဓာကိုယ်ကြီးဖြင့် အရှေ့သို့ ပြေးသွားသည်။

သွေးကို သောက်သုံးပြီးနောက် ငှက်ကြီးချင်းချင်းသည် ပိုပြီးစိတ်လှုပ်ရှားလာကြောင်း ထင်ရှားသည်။ ၎င်း၏ မျက်လုံးသည် သွေးနီရောင်သို့ ပြောင်းလဲသွားပြီး ၎င်း၏ ကိုယ်ပေါ်မှ ငှက်မွှေးများသည် တသိမ့်သိမ့် လှုပ်ယမ်းသွားကြကာ လေပွေကြမ်းကို ထွက်ပေါ်စေသည်။ ၎င်း၏ ဧရာမပါးစပ်သုံးပေါက်သည် တစ်ချိန်တည်း ပွင့်ဟသွားကြပြီး စိတ်လှုပ်ရှားသော အော်မြည်သံများကို ထုတ်ဖော်လိုက်ကြသည်။

“ ဂူး ဂူး ဂူး ”

ငှက်ကြီးချင်းချင်းသည် ၎င်းထံသို့ တစ်ရှိန်ထိုး ပြေးလာနေသော ဝိညာဉ်တော်ပြည့်ဘိုးဘေးကို လျစ်လျူရှုထားပြီး တောင်ကုန်းကို လက်သည်းဖြင့် အမြန်ကုတ်ဆွဲလိုက်သည်။

တောင်ကုန်းသည် ပြိုလဲပျက်စီးသွားပြီး ငှက်ကြီးချင်းချင်း၏ ခြေဖဝါးအောက်မှ မြေကြီးနှင့် အတူရောထွေးသွားသည်။

ငှက်ကြီးချင်းချင်း၏ လှုပ်ရှားမှုနောက်သို့လိုက်၍ ရွှီချင်းသည် ဦးခေါင်းပေါ်မှ အနောက်ဘက်သို့ ဆုတ်သွားပြီး ၎င်း၏ ကျောပေါ်တွင် ရပ်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ငှက်ကြီးချင်းချင်း၏ ဦးခေါင်းသုံးလုံးသည် အလွန်မြန်ဆန်စွာ ရွေ့လျားနေသောကြောင့် ဖြစ်သည်။ ၎င်းသည် မြေကြီးပေါ်တွင် အစာကောက်နေသော ကြက်ဖသဖွယ် တစ်နေရာမှ တစ်နေရာသို့ အလျှင်အမြန် ထိုးဆင်းသွားပြီး အော်ဟစ်ညည်းတွားနေကြသော ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင် တစ်ယောက်ပြီးတစ်ယောက်ကို ဝါးမျိုနေသည်။

ငှက်ကြီးချင်းချင်းအတွက်မူ သူတို့အားလုံးသည် အစားအစာ ဖြစ်သည်။

“ စီနီယာ… တကယ်လို့ သူတို့မှာ နတ်နန်းတော်တွေရှိမယ်ဆိုရင် သူတို့ကို ကျုပ်အတွက် ချန်ထားပေးလို့ရမလား အမ်… တကယ်လို့ မဖြစ်နိုင်ဘူးဆိုလည်း ကိစ္စမရှိပါဘူး ”

ရွှီချင်းသည် အလျင်စလိုပြောသည်။ သူ၏ အသံတွင် စိတ်လှုပ်ရှားမှု တစ်စွန်းတစ်စ ပါဝင်နေသည်။

သို့သော်လည်း သူစကားပြောလိုက်သည်နှင့်ချက်ချင်း ငှက်ကြီးချင်းချင်းသည် ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ငှက်မွှေးအားလုံးသည် ထောင်မတ်သွားကြသည်။ ရွှီချင်း၏ စကားက ၎င်းအား အစားအစာကို အလိုအလျောက် ကာကွယ်ချင်စိတ် ဖြစ်ပေါ်လာစေဟန် ရသည်။

သို့သော်လည်း ငှက်ကြီးချင်းချင်းသည် အလျှင်အမြန် ကိုယ့်ကိုယ်ကို ချုပ်တည်းလိုက်သည်။ အတိတ်တုန်းက နန်းဟွမ်ကုန်းမြေတွင် ၎င်း၏ အကိုကြီးနှင့် တွေ့ဆုံခဲ့ပုံကို ပြန်အမှတ်ရသွားသည်။ အကိုကြီးသည် အစားအစာကို တစ်ဦးတည်းမောင်ပိုင်မစီးရန် ၎င်းကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးသည်။ ထို့ကြောင့် ၎င်းသည် အော်မြည်လိုက်ပြီး သေဆုံးသွားသော ရွှေအမြူတေအဆင့် ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင်တစ်ဦးကို ရွှီချင်းဆီသို့ ပစ်ပေးလိုက်သည်။

ရွှီချင်းက အဆင့်မြင့်ရွှေအမြူတေကျင့်ကြံသူနှင့် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများကိုပါ တောင်းဆိုလာမည်ကို စိုးရိမ်သည့်အလား ငှက်ကြီးချင်းချင်းသည် တစ်ယောက်ကို တစ်လုပ်နှုန်းဖြင့် အလျှင်အမြန် ဝါးမျိုပစ်လိုက်သည်။

ရွှီချင်း၏ ညာလက်သည် ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူစုပ်ယူနိုင်ရန် နတ်နန်းတော်များကို ဆွဲထုတ်လိုက်သည်။

ငှက်ကြီးချင်းချင်းသည် သူ့အား ဝေမျှမပေးချင်ကြောင်း သူပြောနိုင်သည်။

ထိုသို့တည်ရှိမှုမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ဆွေးနွေးခြင်းကိုသာ သူလုပ်ဆောင်နိုင်သည်။ ၎င်းကို ထိန်းချုပ်ခြင်းသည် သူ့အတွက် မဖြစ်နိုင်သောကိစ္စ ဖြစ်သည်။ သို့သော် ရွှီချင်းသည်လည်း ၎င်းကို မထိန်းချုပ်ချင်ပေ။ ဤအခိုက်အတန့်မှာ သူသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး ငှက်ကြီးချင်းချင်းကို ရူးသွပ်စွာ ဝါးမျိုရန် ခွင့်ပြုလိုက်သည်။

သိပ်မကြာမီ ဝိညာဉ်တော်ပြည့်ဘိုးဘေးသည် လိုက်မီသွားပြီး ဒေါသတကြီး မာန်ဖီဟိန်းဟောက်လျက် ငှက်ကြီးချင်းချင်းကို လက်သီးဖြင့် ထိုးလွှတ်လိုက်သည်။

၎င်းနှင့် တစ်ဖက်လူကြားမှ ခွန်အားကွာခြားမှုကို သိထားသည်။ ၎င်းတိုက်ခိုက်လိုက်သည့် ထိုအခိုက်အတန့်မှာ ချီလင်းတောင်တစ်ခုလုံး တုန်ခါသွားသည်။ မန္တန်တစ်ခုပြီးတစ်ခုသည် လေထဲသို့ မြှောက်တတ်သွားကြပြီး ပေတစ်သိန်းအရွယ်အစားရှိသော ဧရာမတူတစ်လက်သို့ ဖွဲ့စည်းသွားသည်။

ယင်းသည် ၎င်းတို့မျိုးနွယ်၏ တားမြစ်ဓမ္မရတနာဖြစ်သည်။ ဧရာမတူသည် စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲထွက်လာပြီး ငှက်ကြီးချင်းချင်းအပေါ်သို့ အကြင်နာမဲ့စွာ ထုချလိုက်သည်။

ငှက်ကြီးချင်းချင်း၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သောအလင်း ထွက်ပေါ်လာသည်။ ၎င်းသည် ညာဘက်ဦးခေါင်းကို မြှောက်လိုက်ပြီး ကျဆင်းလာနေသော ဧရာတူကို အကြမ်းပတမ်း ဝင်တိုက်လိုက်သည်။

ဝုန်းခနဲဟူသော ပေါက်ကွဲသံနှင့်အတူ ပေတစ်သိန်းရှိသော တားမြစ်ဓမ္မရတနာ ဧရာမတူသည် အနောက်သို့ တွန်းကန်ခံလိုက်ရသည်။ ငှက်ကြီးချင်းချင်းသည်မူ ၎င်း၏ ညာဘက်ဦးခေါင်းက အကြိမ်ရေအနည်းငယ် လှုပ်ယမ်းသွားသည်။ သို့သော်လည်း ၎င်းသည် မည်သည့်ဒဏ်ရာမှ မရသွားခဲ့ပေ။

သို့သော်လည်း ထိုရိုက်ချက်သည် ၎င်း၏ ဒေါသကို နှိုးဆွလိုက်ဟန်ရ၏။ ၎င်း၏ မျက်လုံးသည် သွေးရောင်လွှမ်းလာပြီး ရူးသွပ်မှုထွက်ပေါ်လာသည့်အခါ နားကွဲလုမတတ် ကျယ်လောင်သော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ ၎င်း၏ လည်ပင်းသည် ရှည်ထွက်လာပြီး ဧရာမတူနောက်သို့ အမြန်လိုက်ဖမ်းကာ နုတ်သီးဖြင့် ရူးရူးမူးမူး ထိုးဆိတ်လိုက်သည်။

ဘယ်ဘက်ဦးခေါင်းသည်လည်း လှုပ်ရှားလိုက်ပြီး ဝိညာဉ်တော်ပြည့်ဘိုးဘေးကို တိုက်ခိုက်လိုက်သည်။

မိုးထစ်ချုန်းသံသည် နားကွဲလုမတတ် ထွက်ပေါ်လာသည်။ ဝိညာဉ်တော်ပြည့်ဘိုးဘေး၏ ဧရာမခန္ဓာကိုယ်သည် ငှက်ကြီးချင်းချင်း၏ ဦးခေါက်ရိုက်ချက်ကို မတောင့်ခံနိုင်ပေ။ ၎င်းသည် သွေးတစ်ပွက် အန်လိုက်ရပြီး အနောက်သို့ ဒယိမ်းဒယိုင်ဆုတ်သွားသည်။

သို့သော်လည်း ဘယ်ဘက်ဦးခေါင်းသည် ရူးသွပ်လာကြောင်း ထင်ရှားသည်။ ၎င်းသည် ဝိညာဉ်တော်ပြည့်ဘိုးဘေး၏ နောက်သို့ လိုက်ဖမ်းပြီး ရစ်ပတ်ခြင်း၊ ကိုက်ခြင်းနှင့် ကြောက်စရာကောင်းသော နတ်ဘုရားအစွမ်းများကို အသုံးပြုလိုက်သည်။

၎င်းတို့နှစ်ယောက်၏ တိုက်ပွဲသည် ဘေးပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိသည်။ မရေမတွက်နိုင်သော ပုံပျက်တွန့်လိမ်မှုနှင့် ဝေဝါးမှုသည် ဤဧရိယာတစ်ဝိုက်တွင် ဖြစ်ပေါ်လာနေသည်။

ယင်းသည် နတ်ဘုရားတစ်ပါး၏ နယ်ပယ်နှင့် နီးကပ်သော သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။

အလယ်မှ ဦးခေါင်းသာလျှင် အရာအားလုံးကို လျစ်လျူရှုထားသည်။ ၎င်း၏ မျက်လုံးထဲတွင် လောဘစိတ်ဆန္ဒ ထွက်ပေါ်နေပြီး ၎င်း၏ လည်ပင်းကို ရှည်ထွက်စေလျက် အရပ်မျက်နှာပေါင်းစုံသို့ ထွက်ပြေးနေကြသော ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင်များအား တစ်ယောက်ကို တစ်လုပ်နှုန်းဖြင့် ဝါးမျိုနေသည်။ ၎င်းသည် သားကောင်များကို စိတ်ကျေနပ်စွာ စားသုံးနေစဉ် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ငှက်မွှေးများသည် တဖျပ်ဖျပ်လှုပ်ခတ်လာကြသည်။

All Chapters