ရွှီချင်း၏ ချစ်ကြည်ရေး ညှိနှိုင်းဆွေးနွေးမှု
Vol. 45 Ch. 673
ရွှီချင်း၏ စကားသည် ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
သူ၏ အသံသည် တည်ငြိမ်သည်။ သူ၏ မျက်လုံးထဲတွင် ရူးသွပ်မှု တစ်စွန်းတစ်စ ရှိသည်။
အခြေအနေများစွာကို တွေ့ကြုံပြီး ချစ်ကြည်ရေး ညှိနှိုင်းဆွေးနွေးမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ဖူးပြီးနောက် ရွှီချင်းသည် ညှိနှိုင်းဆွေးနွေးသည့် ကိစ္စရပ်များနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်လာခဲ့ပြီ ဖြစ်သည်။
ဥပမာ သူသည် ရှေးဟောင်းဝိညာဉ်အင်ပါယာနှင့် နတ်ဘုရားလက်ချောင်းကို ညင်သာစွာ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီမှုရယူနိုင်ခဲ့သည် မဟုတ်ပါလော။ ထိုသို့ကြောက်မက်ဖွယ်တည်ရှိမှုများနှင့် သဘောတူညီမှု ရယူနိုင်ခဲ့သော ရွှီချင်းအတွက် ကျွင်းရွှင်းမျိုးနွယ်ဝင်များနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့်စိတ်ပိုင်းဆိုင်ရာဖိအားကိုမှ မခံစားရပေ။
ကိစ္စရပ် ညှိနှိုင်းဆွေးနွေးရာတွင် ရိုးသားမှုသည် အထိရောက်ဆုံးလက်နက်ဖြစ်ကြောင်း ရှင်းလင်းစွာ သူနားလည်ထားသည်။
တစ်ဖက်လူ၏ အမြင်ကိုပြောင်းလဲရန် သူ၏ ရိုးသားမှုကို ထုတ်ပြရမည်။
ပိုရိုးရှင်းပြီး ပိုပွင့်လင်းလေ ပိုထိရောက်မှုရှိလေ ဖြစ်သည်။
ထို့ကြောင့် စောစောတုန်းက သူပြောခဲ့သောအရာသည် အမှန်တရား ဖြစ်သည်။
အကယ်၍ ဖုန်းဟိုင်ဒေသငယ်သာ ပြိုလဲပျက်စီးတော့မည်ဆိုလျှင် ဓားကိုင်ရုံးတော်သည် မျိုးနွယ်ခြားများ၏ အကျိုးအတွက် နတ်ဘုရားကို မည်သို့ကြောင့် ဆက်လက်ချိပ်ပိတ်ထားသင့်မည်နည်း။
လူသားမျိုးနွယ်၏ သေခြင်းရှင်ခြင်းကို ထည့်မတွက်ဘဲ နတ်ဘုရားကို လွှတ်ပေးခြင်းသည် ယုတ္တိအရှိဆုံး လုပ်ဆောင်မှုဖြစ်သည်။
ဤလုပ်ဆောင်မှုသည် ယုတ္တိရှိပြီး အကောင်းအဆိုးကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ယင်းက သူ၏ ချစ်ကြည်ရေး ညှိနှိုင်းဆွေးနွေးမှုအပေါ် သင့်တော်သော အကျိုးသက်ရောက်မှုရှိစေမည် ဖြစ်သည်။
ထို့ကြောင့် ရွှီချင်း၏ စကားဆုံးသွားသောအခါ ကောင်းကင်ပေါ်မှ ကျွင်းရွှင်းမျိုးနွယ်ဝင်သုံးယောက်၏ အမူအရာသည် အရုပ်ဆိုးသွားသည်။
သူတို့သည် ကျွင်းရွှင်းမျိုးနွယ်တွင် အလွန်အမင်း အဆင့်အတန်းမြင့်မားသော ဘိုးဘေးများဖြစ်ကြသည်။ သို့သော်လည်း အကယ်၍ ရွှီချင်းသာ နတ်ဘုရားကို တကယ်လွှတ်ပေးလိုက်မည်ဆိုလျှင် ဖုန်းဟိုင်ဒေသငယ်ထဲတွင်ရှိသော သူတို့၏ ကျွင်းရွှင်းမျိုးနွယ်သည် နတ်ဘုရား၏ ဝါးမျိုခံရမည့် ပထမဆုံးပစ်မှတ် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဝန်ခံရလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ဒေသငယ်မြို့တော်ထဲတွင် သေမျိုးများ၏ အရေအတွက်သည် အမှန်တကယ် အလွန်များပြားပြီး မြို့တော်ကို တားမြစ်ဓမ္မရတနာအများအပြားမှ ဖွဲ့စည်းထားသော ပိုက်ကွန်ကြီးဖြင့် ကာကွယ်ထားသောကြောင့် ဖြစ်သည်။ နတ်ဘုရားသည် အပြင်းအထန် ကြိုးစားအားထုတ်ပြီးမှရရှိမည့် သရေစာမျှကို ရွေးချယ်မည်လော သို့မဟုတ် အနည်းငယ် အားစိုက်ထုတ်ရုံဖြင့်ရရှိမည့် စားတော်ပွဲကြီးကို ရွေးချယ်မည်လော မည်သူမဆို ရှင်းလင်းစွာ တွေးကြည့်နိုင်သည်။
သို့သော်ငြားလည်း နတ်ဘုရားသာ လွတ်မြောက်သွားမည်ဆိုလျှင် ဖုန်းဟိုင်ဒေသငယ်သည် လုံးလုံးပြိုလဲပျက်စီးသွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း အကယ်၍ ရှေ့တန်းသာ အထောက်အပံ့ပစ္စည်း အလုံအလောက်မရလျှင် သေချာပေါက် စစ်ရှုံးသွားလိမ့်မည် ဖြစ်သည်။ ထိုအခါ သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်သည် ဖုန်းဟိုင်ဒေသငယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာနိုင်လိမ့်မည်။ မည်သို့ဖြစ်စေ ဖုန်းဟိုင်ဒေသငယ်ပျက်စီးမည့် ရလဒ်သည် အတူတူသာ ဖြစ်သည်။
ထို့အတူ ရွှီချင်း၏ မေးခွန်းဖြစ်သော ‘ မင်းတို့ကောင်တွေ စမ်းချင်လား ’ဟူသော စကားသံသည် ကျွင်းရွှင်းမျိုးနွယ်ဘိုးဘေးသုံးယောက်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
အချိန်အတော်ကြာပြီးနောက် ကျွင်းရွှင်းမျိုးနွယ်ဝင် အမျိုးသမီးသည် ပြောသည်။
“ နင်က ဘာမဟုတ်တဲ့ ဒီကျင့်ကြံခြင်းအဆင့်လေးနဲ့ ငါတို့ကိုခြိမ်းခြောက်ရဲတဲ့ ပထမဆုံးလူသားပဲ… ဝိညာဉ်တော်ပြည့်မျိုးနွယ်ဆီလာတဲ့ နင့်ရဲ့ရည်ရွယ်ချက်အမှန်က ငါတို့ကို မျှားခေါ်ဖို့မလား… အစီအစဉ်ကောင်းတယ် ဉာဏ်များတယ် ”
“ ဖုန်းဟိုင်ဒေသငယ်က ပုံမှန်အခြေအနေအတိုင်း ဆက်ရှိနေတာက ငါတို့အတွက် ပိုပြီးကောင်းတဲ့ကိစ္စပါ ”
“ ဒီတော့ နင့်ရဲ့တောင်းဆိုမှုက ဘာတွေလဲ ”
“ ဒါက ညှိနှိုင်းဆွေးနွေးတာပါ ”
ရွှီချင်းသည် အလေးအနက်ထားပြီး သူ့ကို အမှားပြင်ပေးလိုက်သည်။
တစ်ဖက်လူ၏ သဘောတူညီမှုနှင့်ပတ်သက်ပြီး သူမအံ့ဩပေ။ အကယ်၍ တစ်စုံတစ်ယောက်မှာ စဉ်းစားဆင်ခြင်ဉာဏ်ရှိမည်ဆိုလျှင် သူတို့သည် ဤကိစ္စကို သေချာပေါက် သဘောတူရလိမ့်မည်။ ဤကိစ္စသည် မပြီးဆုံးသေးကြောင်း သူသိသည်။
“ စစ်မြေပြင်မှာ လိုအပ်တဲ့ အရင်းအမြစ်တွေအားလုံးကို သင့်တော်တဲ့ ဈေးနဲ့ပဲ ရောင်းချရမယ်… ပြီးတော့ ငါတို့ကို အကြွေးဝယ်ဖို့ ခွင့်ပြုရမယ် ”
ရွှီချင်းသည် ကောင်းကင်ပေါ်မှ ပုဂ္ဂိုလ်သုံးယောက်ကိုကြည့်ပြီး ဖြည်းညင်းစွာ ပြောသည်။
“ ဒါဘယ်လိုညှိနှိုင်းဆွေးနွေးမှုလဲ… နင်ငါ့ကို တကယ်အမြင်ကျယ်စေတာပဲ… နင့်ရဲ့တောင်းဆိုမှုကတော့… အဲ့ဒီအတိုင်း ဖြစ်စေရမယ်… ငါတို့ကျွင်းရွှင်းမျိုးနွယ်က လက်အောက်ခံမျိုးနွယ်တွေအားလုံး လိုက်နာကြလိမ့်မယ် ”
ကျွင်းရွှင်းမျိုးနွယ်ဝင် အမျိုးသမီးသည် ရွှီချင်းကို အမူအရာကင်းမဲ့စွာ ကြည့်လိုက်ပြီး ပြောသည်။
“ မဟာမိတ်သဘောတူညီမှုက ဆက်လက်တည်ရှိနေမယ်… ရုံးတော်သခင်က မင်းတို့ရဲ့နယ်မြေကို ပိတ်ဆို့ထားဖို့ အကြံပေးခဲ့မှတော့ အဲ့ဒီအတိုင်း ဆက်လုပ်ဆောင်သင့်တယ် ”
ရွှီချင်းသည် ထပ်မံပြောသည်။ သူ၏ ဤတောင်းဆိုမှုသည် မများပေ။ ကျွင်းရွှင်းမျိုးနွယ်ဝင်သုံးယောက်သည် တစ်ခဏကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။
“ ဒါပေမဲ့ ဝိညာဉ်တော်ပြည့်မျိုးနွယ်ကို နင်သတ်ဖြတ်နေတာ ရပ်ရမယ် ”
အမှန်မှာတော့ ယင်းသည် သူတို့အတွက်လည်း အကျိုးရှိပေသည်။ သူတို့သည် စစ်ပွဲထဲတွင် မပါဝင်ချင်ကြပေ။ ထို့ကြောင့် အတိတ်မှာ ရုံးတော်သခင်က သူတို့ဆီလာရောက်ပြီး ဆွေးနွေးခဲ့စဉ်က နယ်မြေပိတ်ဆို့ထားရမည့်ကိစ္စကို သဘောတူခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူတို့စိတ်ပူရမည့်ကိစ္စထဲတွင် ရွှီချင်းပြောသည့် နတ်ဘုရားလွှတ်ပေးခြင်းကိစ္စက ထပ်တိုးလာခြင်း ဖြစ်သည်။
သို့သော်လည်း ယင်းသည် ကိစ္စကြီးမဟုတ်ပေ။ အကယ်၍ သူတို့မှာ ထိုအတွက်ပြင်ဆင်ရန် အချိန်တချို့ရမည်ဆိုလျှင် ထိုသို့မဖြစ်လာရအောင် အတိုင်းအတာတစ်ခုထိ သူတို့ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။ သူတို့အတွက် အချိန်အနည်းငယ် လိုအပ်နေရုံမျှသာ ဖြစ်သည်။
ညှိနှိုင်းဆွေးနွေးမှုသည် ပြီးဆုံးသွားသည်။ ဆွေးနွေးမှု၏ အသေးစိတ်အချက်အလက်သည် ဤစစ်ပွဲကာလအတွင်း ရိုးရှင်းနေလိမ့်မည် ဖြစ်သည်။ သူတို့သည် စာချုပ်မချုပ်ခဲ့ကြပေ။ တစ်ဖက်လူက စကားပြန်ရုပ်သိမ်းသွားမည်နှင့်ပတ်သက်ပြီး ရွှီချင်း မစိုးရိမ်ပေ။
မကြာခင် ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင်တစ်ဝက်ခန့်သည် သုတ်သင်ရှင်းလင်းခံလိုက်ရပြီး ကျွင်းရွှင်းမျိုးနွယ်သည် အပေးအယူလုပ်ခဲ့ကြောင်း တခြားမျိုးနွယ်ခြားအစုများ သိသွားကြလိမ့်မည်။ သို့ဖြစ်၍ ပုံမှန်အခြေအနေမျိုးမှာ သူတို့သည် အလောတကြီး လုပ်ဆောင်ဝံ့ကြလိမ့်မည် မဟုတ်ချေ။
ယခု ဆွေးနွေးမှုပြီးဆုံးသွားပြီဖြစ်၍ ကျွင်းရွှင်းမျိုးနွယ်ဝင်သုံးယောက်၏ အနောက်မှ အက်ကွဲကြောင်းသည် ထပ်မံပွင့်ဟသွားသည်။ အမျိုးသမီးသည် ရုတ်တရက် ပြောသည်။
“ နင့်နာမည်ဘာလဲ ”
ရွှီချင်းသည် ခဏမျှ တွေးတောလိုက်သည်။ အမှန်တော့ သူ၏ နာမည်ကို ဖုန်းကွယ်ရန် မလိုအပ်ပေ။ တစ်ဖက်လူက သူ၏ နာမည်ကိုသိချင်လျှင် အလွန်လွယ်ကူပေသည်။ ထို့ကြောင့် သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ကျန်းစီယွမ် ”
ရွှီချင်းသည် ပင်ကိုယ် သံသယစိတ်ကြီးသူဖြစ်သည်။ တစ်ဖက်လူအတွက် သူ၏ သတင်းအချက်အလက်ကို သိရှိရန် အလွန်လွယ်ကူသော်လည်း သူသည် ယင်းကို ကျယ်လောင်စွာ အော်မပြောပြချင်ပေ။ အထူးသဖြင့် ယခုကဲ့သို့ ညှိနှိုင်းဆွေးနွေးမှု ပြီးဆုံးသွားသောအခါတွင် ဖြစ်သည်။ အရာအားလုံးသည် အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားဟန်ထင်ရသောကြောင့် ယခုအချိန်သည် သတိလက်လွတ်ဖြစ်ရန် အကောင်းဆုံးအချိန်အခါ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဗလာနတ္ထိအဆင့် ကျင့်ကြံသူများထံတွင် အမည်နာမကိုအသုံးပြု၍ အသက်သေစေနိုင်သော အတတ်ပညာများ ရှိခြင်းမရှိခြင်းကို သူမသေချာသောကြောင့် ဖြစ်သည်။
ရွှီချင်း၏ ဖြေကြားမှုပြီးသည်နှင့်ချက်ချင်း မိုးထစ်ချုန်းသံသည် အဝေးရှိ ကောင်းကင်ယံမှ မြည်ဟိန်းထွက်လာသည်။ ပုံရိပ်တစ်ခုသည် ဒေသငယ်မြို့တော်၏ ဦးတည်ရာဘက်မှ အရှိန်တင်ပျံသန်းလာနေသည်။ ထိုသူ၏ အလျင်သည် အလွန်မြန်ဆန်ပြီး အံ့ဩဖွယ်ကောင်းသည်။ အမှန်မှာတော့ ကောင်းကင်ပေါ်တွင် ထပ်ဆင့်လွှမ်းခြုံသွားသော ပုံရိပ်များ ဖြစ်ပေါ်လာကြသည်။ လျှပ်တစ်ပြက်အတွင်း ထိုသူသည် သူတို့အနားသို့ ရောက်ရှိလာသည်။
ထိုသူသည် လက်ထောက်ဒေသအကြီးအကဲဖြစ်သည်။
သူ၏ အမူအရာသည် တင်းမာခက်ထန်ပြီး စိုးရိမ်ပူပန်နေပုံပေါ်သည်။ သူရောက်ရှိလာပြီးနောက် သူ၏ အကြည့်သည် ကျွင်းရွှင်းမျိုးနွယ်ဝင်သုံးယောက်ထံသို့ ကျရောက်သွားသည်။ ထို့နောက် သူ၏ အကြည့်သည် ရွှီချင်းထံသို့ ပြောင်းရွှေ့သွားသည်။ ရွှီချင်းအဆင်ပြေကြောင်း သတိပြုမိပြီးနောက် သူ၏ အမူအရာသည် အနည်းငယ် ပျော့ပျောင်းသွားပြီး တိုးညင်းစွာ အော်လိုက်သည်။
“ ကျန်းစီယွမ် မင်းဘယ်လိုလုပ်လိုက်တာလဲ… ငါဒီအကြောင်းကို ရုံးတော်သခင်ဆီ သေချာပေါက် တင်ပြမယ် ”
ထို့နောက် သူသည် ကျွင်းရွှင်းမျိုးနွယ်ဝင်သုံးယောက်ထံသို့ တောင်းပန်တိုးလျှိုးသော အမူအရာဖြင့် လက်သီးဆုပ်လိုက်သည်။
“ မင်းတို့သုံးယောက် ဒီကိစ္စက နားလည်မှုလွဲသွားတာပါ… စစ်မြေပြင်က တကယ်ပဲ အရေးကြီးအခြေအနေကို ရောက်နေတာပါ… ပြီးတော့ ကျန်းစီယွမ်က ရှေ့တန်းအတွက် အရမ်းအစိုးရိမ်လွန်ပြီး ရှေ့နောက်မစဉ်းစားမဆင်ခြင်ဘဲ လျှောက်လုပ်မိတာပါ… ငါကတိပေးပါတယ်… ဒီစစ်ပွဲပြီးသွားတာနဲ့ မင်းတို့ကျေနပ်ကြမယ့် ဖြေရှင်းချက်တစ်ခုကို ငါသေချာပေါက်ပေးပါ့မယ် ”
ကျွင်းရွှင်းမျိုးနွယ်ဝင်သုံးယောက်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြသည်။
“ လက်ထောက်ဒေသအကြီးအကဲ… မင်းရဲ့လူသားမျိုးနွယ်က မျိုးစေ့ကောင်းတစ်ခုကို မွေးထုတ်ပေးထားတာပဲ… သူက ငါတို့ကို ခြိမ်းခြောက်ရဲတယ် ”
“ ကျန်းစီယွမ် မင်းသတ္တိကောင်းလှချည်လား… အခုချက်ချင်း ကျွင်းရွှင်းမျိုးနွယ်ဘိုးဘေးတွေကို တောင်းပန်လိုက်စမ်း ”
လက်ထောက်ဒေသအကြီးအကဲသည် ရွှီချင်းကို အော်ငေါက်လိုက်သည်။
ရွှီချင်းသည် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး အလျှင်အမြန် ခေါင်းငုံ့လိုက်သည်။ ထို့နောက် သူသည် ကျွင်းရွှင်းမျိုးနွယ်ဝင်သုံးယောက်ထံသို့ လက်သီးနှစ်ဖက်ဆုပ်လိုက်ပြီး တလေးတစား ပြောသည်။
“ ဒီဂျူနီယာက စစ်မြေပြင်က အခြေအနေကို အစိုးရိမ်လွန်သွားပြီး စီနီယာတို့ကို ဆန့်ကျင်မိပါတယ်… ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ ”
ကျွင်းရွှင်းမျိုးနွယ်ဝင်သုံးယောက်သည် မည်သည့်စကားမှ မပြောကြပေ။ သူတို့သည် အတွေးကိုယ်စီဖြင့် အက်ကွဲကြောင်းထဲသို့ ဝင်သွားကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အလယ်မှ အမျိုးသမီး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ခရမ်းရောင်သွေးကို ပါးစပ်အပြည့် အန်လိုက်ရသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က လက်ထောက်ဒေသအကြီးအကဲထံသို့ ရွှေ့ပြောင်းသွားသည်။ သူ၏ အမူအရာသည် မည်းမှောင်သွားပြီး သူ၏ အကြည့်ထဲတွင် နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ဖုံးကွယ်ထားသည်။
ရွှီချင်း၏ အမူအရာသည် ယခင်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သည်။ တစ်ဖက်လူသည် မန္တန်တချို့အသုံးပြုခဲ့ကြောင်း သူပြောနိုင်သည်။ သို့သော် သူ၏ ကြိုးစားမှုက ကျရှုံးသွားခဲ့သည်မှာ မြင်သာပေသည်။
လက်ထောက်ဒေသအကြီးအကဲ၏ မျက်လုံးသည် ပြူးကျယ်သွားသည်။
“ ဘာဖြစ်လို့လဲ ”
အမျိုးသမီးသည် အံတင်းတင်းကြိတ်လိုက်ပြီး မည်သည့်စကားမှ ပြန်မပြောပေ။ ဤအကြောင်းသည် သူ့အတွက် ရှင်းပြရန်ကောင်းသောအရာ မဟုတ်ပေ။ မျိုးနွယ်စုတစ်စု၏ ဘိုးဘေးတစ်ယောက်အနေဖြင့် သူသည် နာမည်ကိုအသုံးပြုပြီး တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ အကယ်၍ သူ၏ ကြိုးစားမှုက အောင်မြင်သွားခဲ့သည်ရှိသော် အဆင်ပြေပေသည်။ သို့သော် သူကျရှုံးသွားခဲ့သည်။
သူ့အတွက် ယင်းသည် သာမန်ကာလျှံကာ လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ အောင်မြင်ခြင်း မအောင်မြင်ခြင်းကို သူဂရုမစိုက်ပေ။ သို့သော်လည်း သူ၏ ကြိုးစားမှုသည် ကျရှုံးသွားခဲ့ရုံသာမက တန်ပြန်ဆိုးကျိုးကိုပါ ခံစားရလိမ့်မည်ဟု သူမျှော်လင့်မထားပေ။
ထို့အပြင် သူသည် အမှောင်ထုထဲမှ တည်ရှိမှုတစ်ခု၏ စိုက်ကြည့်ခြင်းခံနေရသကဲ့သို့ ခံစားမိခဲ့သည်။
သူ၏ အမူအရာသည် အရုပ်ဆိုးသွားပြီး အက်ကွဲကြောင်းထဲသို့ အလျှင်အမြန် ဝင်ရောက်သွားကာ ပျောက်ကွယ်သွားသည်။
သူတို့ထွက်ခွာသွားကြပြီးနောက် အဝေးမှ ဝိညာဉ်တော်ပြည့်ဘိုးဘေးသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး အာလုံးကို ခါးသီးစွာ ကြည့်လိုက်သည်။ လေထဲတွင် မတ်တတ်ရပ်နေသော လက်ထောက်ဒေသအကြီးအကဲသည်မူ ရွှီချင်းကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“ မင်း ဒီတစ်ခေါက် စွန့်စားမှုအကြီးကြီး လုပ်ခဲ့တာပဲ ”
“ ဂူး ”
ငှက်ကြီးချင်းချင်း၏ ဦးခေါင်းသုံးလုံးသည် လက်ထောက်ဒေသအကြီးအကဲကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကြသည်။ ၎င်းအကိုကြီး၏ မိတ်ဆွေအား ထိုသို့အပြစ်တင်ပြောဆိုနေခြင်းကို ၎င်းက အနည်းငယ် သဘောမကျဟန်ရသည်။ အထူးသဖြင့် ဤလူငယ်သည် ၎င်းအား အစားကောင်းကို ကျွေးခဲ့သည်။ ထို့အပြင် ဤလူငယ်သည် ၎င်းနှင့် ၎င်း၏ အကိုကြီးကဲ့သို့ နတ်ဘုရားအလင်းကို အသုံးပြုနိုင်သည်။
ထိုအဖြစ်ကိုမြင်သောအခါ လက်ထောက်ဒေသအကြီးအကဲသည် ခါးသီးစွာ ပြုံးလိုက်ပြီး လက်သီးနှစ်ဖက်ဆုပ်၍ ငှက်ကြီးချင်းချင်းကို အရိုအသေပေးလိုက်သည်။
သို့မှသာလျှင် ငှက်ကြီးချင်းချင်းသည် ၎င်း၏ အကြည့်ကို ပြန်ရုပ်သိမ်းသွားသည်။
“ အခုလို ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လက်ထောက်ဒေသအကြီးအကဲ… ကျွန်တော် ခင်များကို ဒုက္ခပေးခဲ့မိတယ် ”
ရွှီချင်းသည် သူတောင်းပန်သင့်သည်ဟု ခံစားမိသည်။ ဤတစ်ကြိမ် သူသည် တကယ်ရူးသွပ်သွားကြောင်း ဝန်ခံရလိမ့်မည်။ ထို့ကြောင့် သူသည် လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
လက်ထောက်ဒေသအကြီးအကဲ၏ စောစောက ပူးပေါင်းကူညီမှုသည် သူ့အား အနည်းငယ် ပိုရင်းနှီးသလို ခံစားရစေသည်။
“ ပြဿနာမရှိဘူး… မင်းက ဖုန်းဟိုင်ဒေသငယ်ရဲ့ အကျိုးအတွက် လုပ်ဆောင်ခဲ့တာပဲမလား… နောက်တစ်ခါဆို မင်းငါနဲ့ ကြိုတိုင်ပင်သင့်တယ် ”
လက်ထောက်ဒေသအကြီးအကဲသည် လွန်ခဲ့သော သုံးလေးရက်ကထက် ပိုပြီးသိသာစွာ မျက်တွင်းကျသွားခဲ့သည်။
“ ရုံးတော်သခင်က မင်းကိုပြန်လာခိုင်းပြီး ဒီကိစ္စမှာ ပူးပေါင်းဆောင်ရွက်ခိုင်းတယ်… အဲ့ဒါက မင်းနဲ့ငါ့အပေါ်မှာ ယုံကြည်တယ်ဆိုတဲ့ လက္ခဏာပဲ… သွားကြစို့… ငါတို့အတူ ဒေသငယ်မြို့တော်ဆီ ပြန်ကြမယ် ”
လက်ထောက်ဒေသအကြီးအကဲသည် စကားပြောနေရင်း ရွှီချင်းဆီသို့ လက်ဝှေ့ယမ်းပြသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ ငှက်ကြီးချင်းချင်းသည် အတောင်ပံတဖျတ်ဖျတ်ခတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ၎င်းသည် မြေပြင်ပေါ်မှ ပျက်စီးရှုပ်ပွနေသော ဝိညာဉ်တော်ပြည့်မျိုးနွယ်ကို တွန့်ဆုတ်တွန့်ဆုတ်အမူအရာဖြင့် ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင်၏ (၄၀)ရာခိုင်နှုန်းသည် သေဆုံးသွားခဲ့ကြသည်။ ယင်းသည် မျိုးနွယ်အတွက် ကြီးမားသော ရိုက်ချက်ဖြစ်သည်။ အထူးသဖြင့် မျိုးနွယ်ခွဲနှစ်ခုမှ ခေါင်းဆောင်များသည် ငှက်ကြီးချင်းချင်း၏ ဝါးမျိုခြင်းခံခဲ့ရသည်။
ရွှီချင်း၏ အကြည့်သည် မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ သို့သော် သူက တိတ်ဆိတ်နေသည်။ တိတ်ဆိတ်မှုနှင့် ဝိညာဉ်တော်ပြည့်မျိုးနွယ်၏ ခါးသီးမှုကြားတွင် သူက အင်တင်တင်ဖြစ်နေသော ငှက်ကြီးချင်းချင်းဖြင့် ထွက်ခွာသွားသည်။
ဒေသငယ်မြို့တော်သို့ အပြန်လမ်းခရီးတစ်လျှောက်တွင် ရွှီချင်းသည် အသံပို့လွှတ်ခဲ့ပြီး ဤသတင်းကို မျိုးနွယ်စုအသီးသီးထံသို့ ဖြန့်ရန် အတွင်းရေးမှူးဌာနသို့ အမိန့်ပေးလိုက်သည်။ သူတို့သည် ချက်ချင်းပဲ အထောက်အပံ့ပစ္စည်းများကို စတင်ဝယ်ယူကြသည်။ တစ်ချိန်တည်းမှာ သူတို့သည် အထောက်အပံ့ပစ္စည်းများ လက်ခံယူရန် တစ်စုံတစ်ယောက်ကို ဝိညာဉ်တော်ပြည့်မျိုးနွယ်ဆီသို့ စေလွှတ်ရန် စီစဉ်လိုက်ကြသည်။
ထိုသို့ဖြင့် ဓားကိုင်ရုံးတော်သို့ သူပြန်ရောက်လာသည်မှာ အချိန်သုံးရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထိုသုံးရက်အတွင်း ဖုန်းဟိုင်ဒေသငယ်ထဲရှိ မျိုးနွယ်ခြားအားလုံးသည် အကြီးအကျယ် ထိတ်လန့်သွားကြသည်။ သူတို့သည် ဝိညာဉ်တော်ပြည့်မျိုးနွယ်၏ အဖြစ်ဆိုးနှင့် ကျွင်းရွှင်းမျိုးနွယ်ဖြင့် ပြုလုပ်ခဲ့သော ညှိနှိုင်းဆွေးနွေးမှုကို သိရှိသွားခဲ့ကြသည်။
ထိုကိစ္စသည် မျိုးနွယ်ခြားအသီးသီးထံတွင် အုတ်အောသောင်းနင်း ဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းမှာ ရွှီချင်း၏ နာမည်သည် စုံစမ်းစစ်ဆေးခံခဲ့ရသည်။ သူနှင့်ပတ်သက်သော အတိတ်မှ အကြောင်းအရာအားလုံးသည် မျိုးနွယ်ခြားအသီးသီး၏ ရာထူးမြင့်ပုဂ္ဂိုလ်ကြီးများထံသို့ ရောက်ရှိသွားသည်။
“ သူ့ရဲ့နောက်ခံကို အတိအကျမသိရဘူး… သူငယ်ငယ်တုန်းက နန်းဟွမ်ကုန်းမြေရဲ့ ချီယွဲ့ထုံဂိုဏ်းကို ဝင်ရောက်ခဲ့ပြီး လူဆိုးထိန်းဌာနမှာ အလုပ်လုပ်ခဲ့တာလောက်ပဲ ငါတို့သိရတယ်… သူက အလိုရှိကြော်ငြာကို လက်ခံယူပြီးတာနဲ့ မရေမတွက်နိုင်တဲ့ ရာဇဝတ်သားတွေကို သတ်ဖြတ်ပစ်ခဲ့တယ်… သူရဲ့နည်းလမ်းတွေက အရမ်းရက်စက်ပြီး သူက အဆိပ်အသုံးပြုတဲ့နေရာမှာ ကျွမ်းကျင်တယ် ”
“ ချီယွဲ့ထုံဂိုဏ်းနဲ့ ပင်လယ်အလောင်းကောင်မျိုးနွယ်တို့ တိုက်ခိုက်နေတဲ့အချိန် သူနဲ့ သူ့ရဲ့စီနီယာအကိုက အကြောက်အရွံ့မရှိဘဲ ပင်လယ်အလောင်းကောင်မျိုးနွယ်ထဲကို ထိုးဖောက်ဝင်သွားပြီး သူတို့ဘိုးဘေးရုပ်တုရဲ့ နှာခေါင်းကို ခိုးယူခဲ့တယ်… အဲ့တုန်းက သူက အခြေတည်အဆင့်မှာပဲ ရှိသေးတယ်… သူက ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ရဲ့ ယခင်တာအိုကလေးငယ် အင်ပါယာကြယ်ကိုလည်း သတ်ဖြတ်ခဲ့တယ်… သူက ဂိုဏ်းရှစ်ဂိုဏ်းထဲက မျိုးဆက်တစ်ဆက်တည်းက ကောင်းကင်ရွေးချယ်ခံအားလုံးကို ဖိနှိပ်ခဲ့ပြီး ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ရဲ့ တာအိုကလေးငယ်အသစ် ဖြစ်လာခဲ့တယ် ”
“ သူက ယင်ဟွမ်ပြည်နယ်ရဲ့ ဓားကိုင်စစ်ဆေးမှုမှာ ပါဝင်ခဲ့ပြီး ထိုက်စီရှန်းမုန်ဂိုဏ်းက တာအိုကလေးငယ်နဲ့ ပြည်နယ်တစ်ခုတည်းက ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်အုပ်စုကို ဖိနှိပ်ခဲ့တယ်… သူက ပြိုင်ဘက်ကင်း ဟန်ပန်အမူအရာနဲ့ ပထမနေရာကို ရယူနိုင်ခဲ့တယ်… သူက ဧကရာဇ်ရဲ့ နှလုံးသားအလင်းစစ်ဆေးမှုမှာ ပေတစ်သိန်းအရှည်ရှိတဲ့ အလင်းတန်းကို ဖြစ်ပေါ်စေခဲ့ပြီး ဖုန်းဟိုင်ဒေသငယ်ထဲမှာ အဲ့လိုလုပ်နိုင်တဲ့ ပထမဆုံးလူ ဖြစ်လာခဲ့တယ် ”
“ ဒေသငယ်မြို့တော်ကို ခြေချပြီးတဲ့နောက် သူက ဓားကိုင်ရုံးတော်သခင်ရဲ့ တစ်ဦးတည်းသော သံတော်ဆင့်ဖြစ်လာခဲ့တယ်… သူက အကျဉ်းထောင်ဌာန နယ်မြေ(ဂ)ရဲ့ နယ်ရုပ်တစ်ယောက်လည်း ဟုတ်တယ် ”
“ စစ်ပွဲရဲ့ အစောပိုင်းအခြေအနေမှာ သူက ဓားကိုင်ရုံးတော်သခင်နောက်လိုက်ပြီး အမိန့်တော်အများကြီးကို ကြေညာထုတ်ပြန်ခဲ့တယ်… သူက အတွင်းရေးမှူးဌာနကိုတောင် တရားဝင် တည်ထောင်ခဲ့တယ်… သူရဲ့ဂုဏ်သတင်းက အလွန်ကျော်ကြားပြီး နောက်ရုံးတော်သခင်ရာထူးအတွက် ကိုယ်စားလှယ်လောင်းလို့တောင် လူတွေအများကြီးက သူ့ကို ယုံကြည်ထားကြတယ် ”
“ ကျောက်ရှာတောင်ပေါ်မှာ သူက နတ်လက်နက်တစ်ခုလိုမျိုး ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး ကျောက်ရှာတောင်ရဲ့ အန္တရာယ်ကို ကယ်တင်ပေးခဲ့တယ်… သူက အစောပိုင်း ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး အလယ်အလတ်နဲ့ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေကို နောက်ဆုတ်သွားစေခဲ့တယ်… အဲ့ဒီတိုက်ပွဲမှာ သူက အဆိပ်ကိုအသုံးပြုခဲ့ပြီး လေလွင့်ကျင့်ကြံသူရာနဲ့ချီကို သတ်ဖြတ်ခဲ့တယ်… သူ့ရဲ့နည်းလမ်းတွေက အရမ်းအကြင်နာမဲ့တယ်… သူ့ရဲ့အဆိပ်မိတဲ့ ဘယ်သူမဆို အနက်ရောင်အရည်ကို ပြောင်းသွားလိမ့်မယ်… သူတို့ရဲ့ ခန္ဓာကိုယ်တင်မကဘူး ဝိညာဉ်ပါ ဖျက်ဆီးခံရလိမ့်မယ် ”
“ သူ့မှာ တခြားလူတွေရဲ့ နတ်နန်းတော်တွေကို ဝါးမျိုနိုင်တဲ့ အတတ်ပညာတစ်ခုရှိတယ်… သူသာ ဝိညာဉ်နတ်သူငယ်အဆင့်ကို တတ်လှမ်းသွားတာနဲ့ တခြားလူတွေရဲ့ ဝိညာဉ်နတ်သူငယ်တွေကို သေချာပေါက် ဝါးမျိုနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်… သူက တကယ့်မိစ္ဆာပဲ ”
“ သူက ငှက်ကြီးချင်းချင်းနဲ့ အတူပူးပေါင်းပြီး ဝိညာဉ်တော်ပြည့်မျိုးနွယ်ကို ဝါးမျိုဖျက်ဆီးခဲ့တယ်… ပြီးတော့ ကျွင်းရွှင်းမျိုးနွယ်ဝင်သုံးယောက်ကို ခြိမ်းခြောက်ခဲ့တယ်… အတိတ်မှာ သူလုပ်ဆောင်ခဲ့တာတွေအားလုံးက ရူးမိုက်တဲ့ကိစ္စတွေချည်းပဲ ”
ထိုသတင်းအချက်အလက်များသည် ဖုန်းဟိုင်ဒေသငယ်ထဲတွင် ဆက်လက်ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာ လူတိုင်းသည် ရွှီချင်း၏ နာမည်ကို သိလာကြပြီး သူ၏ နာမည်က ဒေသငယ်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ထိုသတင်းကို နင်ယန်ကြားသောအခါ သူသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းမချဘဲ မနေနိုင်ပေ။
“ သူလုပ်ခဲ့တဲ့ ရူးမိုက်တဲ့ကိစ္စတွေထဲမှာ မင်းတို့မသိသေးတာက သူက သူ့ကိုယ်သူ ကောင်းကင်နက်နတ်သားတော်အဖြစ် အယောင်ဆောင်ပြီး အင်မော်တယ်အူခွေသစ်ပင်တွေကို ဖျက်ဆီးပစ်ခဲ့ပြီး ကောင်းကင်ဘုံတာအိုရဲ့ ဖခင်ဖြစ်လာခဲ့တယ်… သူက… သူက သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ အမြင့်ဆုံးအဆင့်ထိတောင် ရောက်လုနီးပါး ဖြစ်ခဲ့တယ် ”
ထိုကောလဟာလသတင်းများကို ကြားပြီးနောက် ချင်းချိုးသည်လည်း မိန်းမောတွေဝေသွားသည်။ သူသည် ပြဿနာတစ်ခုကို ရုတ်တရက် ရှာတွေ့သွားသည်။ ရွှီချင်းသည် နန်းဟွမ်ကုန်းမြေမှလူ ဖြစ်သည်။
အင်မော်တယ်အူခွေခရီးစဉ်တစ်လျှောက်တွင် တစ်ဖက်လူ၏ သူ့အပေါ်ကြည့်သော အကြည့်ကို ပြန်အမှတ်ရသွားသည်။ မယုံကြည်နိုင်စရာကောင်းသော မှန်းဆမှုတစ်ခုသည် သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
“ မဖြစ်နိုင်တာ… အဲ့ဒီလူက ရွံမုန်းဖို့ကောင်းတာ… လုံးဝမဖြစ်နိုင်ဘူး ”
ချင်းချိုးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ စိတ်ထဲမှ အတွေးများကို ဖိနှိပ်လိုက်သည်။ ထိုသို့သူလုပ်လိုက်စဉ် သူ၏ အရှေ့တွင် ထိုင်နေသော ရွှီချင်းသည် ချင်းချိုး၏ မူမမှန်မှုကို သတိထားမိသွားသည်။
“ မင်းဘာဖြစ်နေတာလဲ… မျိုးနွယ်စုအသီးသီးက ထောက်ပံ့ပေးလာတဲ့ အထောက်အပံ့ပစ္စည်းတွေအကြောင်းကို ဘာလို့အစီအရင်မခံသေးတာလဲ ”
ချင်းချိုးသည် နာခံစွာ ခေါင်းညိတ်လိုက်သည်။ သူက အတိတ်မှ သန့်စင်ရေလှိုင်းမျိုးနွယ်၏ နယ်မြေတွင် ရှိနေခဲ့သော အစေခံမလေးအဖြစ်သို့ ပြန်ပြောင်းလဲသွားဟန်ရပြီး ရိုသေကျိုးနွံစွာ အစီအရင်ခံတင်ပြသည်။ သို့သော်လည်း အစီအရင်ခံပြီးနောက် သူသည် ရုတ်တရက် သတိပြန်ဝင်လာသည်။ သူက စိတ်ထဲမှ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ မျက်နှာဖုံးအောက်တွင် အေးစက်ပြီး မာနကြီးသော အမူအရာက ထပ်မံပေါ်ထွက်လာသည်။