← Chapters

ငါပြန်လာပြီ(ခ)

Vol. 45 Ch. 676

ငါပြန်လာပြီ(ခ)

Vol. 45 Ch. 676

ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားသည်။ ရွှီချင်းနှင့် ငှက်ကြီးချင်းချင်းသည် ယင်ဟွမ်ပြည်နယ်၏ နယ်စပ်ဒေသ မြောက်ဘက်လွင်ပြင်၏ အပြင်ဘက်တွင် ထွက်ပေါ်လာသည်။

မွန်းတည့်ချိန်ဖြစ်သော်လည်း ဤနေရာရှိ နေရောင်ခြည်သည် အလင်းရောင်သာ ပေးစွမ်းနိုင်၏။ နွေးထွေးမှုကို မပေးစွမ်းနိုင်ပေ။ ထို့ကြောင့် အေးစက်စက်လေပြေက ရွှီခနဲတိုက်ခတ်လာသည့်အခါ နှင်းပွင့်နှင်းချပ်များသည် အရပ်ရှစ်မျက်နှာသို့ ပျံဝဲသွားကြပြီး ကမ္ဘာကို လှည့်ပတ်သွားကြသည်။

လေသည် အရိုးခိုက်အောင် ချမ်းအေးပြီး မြေပြင်ကို ငွေနှင်းမှုန်ဖြင့် ဖုံးလွှမ်းထားသည်။ အဝေးတွင် ကောင်းကင်ကို ထောက်ပံ့ထားသည့်နှယ် မတ်မတ်တည်ရှိနေသော လီယုံကျောက်တိုင်သည်သာ ခမ်းနားထည်ဝါသော ခံစားမှုကိုပေးသည်။

ရွှီချင်း၏ မှတ်ဉာဏ်ထဲတွင် လီယုံကျောက်တိုင်၏ ဘေးပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော ရွက်ဖျင်တဲများရှိလေရာ ဤနေရာကို လူသားများအတွက် စုစည်းထားသော မြို့တစ်မြို့အသွင် ထင်မြင်ရစေသည်။

သို့သော် ယခုအခါမှာတော့ ရွက်ဖျင်တဲအများစုသည် ဟာလာဟင်းလင်းဖြစ်နေကြသည်။ အေးစက်စက်လေပြေ တိုက်ခတ်သွားသည့်အခါ မရေမတွက်နိုင်သော ရွက်ဖျင်တဲများသည် လှုပ်ယမ်းသွားကြပြီး တရှဲရှဲမြည်သံ ထွက်ပေါ်လာသည်။

အဝတ်အထပ်ထပ် ဝတ်ဆင်ထားသော အကြီးအကဲတချို့သာလျှင် ရံဖန်ရံခါ ထွက်ပေါ်လာကြသည်။

ထိုလူများသည် ဓားကိုင်များမဟုတ်ကြပေ။ ဒေသခံများ ဖြစ်ကြသည်။

ဓားကိုင်ရုံးတော်ခွဲသည် ထိုသက်ကြီးရွယ်အိုများကို တိုက်ပွဲတွင် ပါဝင်ခွင့်မပြုသည်မှာ ထင်ရှားသည်။

ရွှီချင်းသည် လီယုံကျောက်တိုင်၏ ထိပ်ဖျားပေါ်မှ အနက်ရောင်နန်းတော်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် ဓားကိုင်အများအပြားမရှိကြောင်း သူအာရုံခံမိသည်။

“ လီယုံကျောက်တိုင်… ”

ရွှီချင်းသည် ငှက်ကြီးချင်းချင်းကို ကောင်းကင်ပေါ်တွင် လှည့်ပတ်ပျံသန်းနေရန် လက်ဟန်ခြေဟန်ပြလိုက်သည်။

ငှက်ကြီးချင်းချင်း၏ ရောက်ရှိလာမှုကြောင့် တိမ်တိုက်များနှင့် မြူခိုးသည် စုဝေးသွားသည်။ မြူခိုးထဲမှ ရွှီချင်းသည် ခမ်းနားထည်ဝါသော ကျောက်တိုင်ကြီးကို ကြည့်လိုက်သည်။ ဤတစ်ကြိမ် သူ၏ ရည်မှန်းချက်ကို ရရှိချင်သည်ဆိုလျှင် လီယုံကျောက်တိုင်ကို အသုံးပြုရလိမ့်မည်။

ထို့ကြောင့် ရွှီချင်းသည် ရုတ်တရက် ညာလက်ကိုမြှောက်လိုက်ပြီး လေကို ဖမ်းဆုပ်လိုက်သည်။

တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ တစ္ဆေအင်ပါယာနတ်နန်းတော်သည် လှည့်ပတ်သွားပြီး အထဲတွင် တရားထိုင်နေသော တစ္ဆေအင်ပါယာသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

ချက်ချင်းဆိုသလို လီယုံကျောက်တိုင်သည် အပြင်းအထန် တုန်ယင်လာသည်။ ထိုမြင်ကွင်းသည် လေလွင့်ကျင့်ကြံသူများနှင့် ဓားကိုင်ရုံးတော်ခွဲမှ ဓားကိုင်များ၏ အာရုံကို ဆွဲဆောင်သွားသည်။ သူတို့၏ အမူအရာသည် ပြောင်းလဲသွားပြီး ကောင်းကင်ယံမှ တိမ်တိုက်ကြားထဲတွင် ဝိုးတိုးဝါးတား ထွက်ပေါ်နေသော ဧရာမငှက်ကြီးကို အာရုံခံမိသွားကြသည်။

“ မင်းဘယ်သူလဲ ”

ယင်ဟွမ်ပြည်နယ်သို့ ရောက်ရှိလာပြီးနောက်တွင် သူ့အကြောင်းကို ဆက်လက်ဖုံးကွယ်ရန် မလိုအပ်တော့ပေ။ ရွှီချင်းသည် အမိန့်တော်ဓားကို ထုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ရွှီချင်း ”

ရွှီချင်း၏ စကားသံထွက်ပေါ်လာသည်နှင့်ချက်ချင်း ငှက်ကြီးချင်းချင်းသည် အတောင်ပံ တဖျတ်ဖျတ်ခတ်လိုက်လေရာ ၎င်း၏ ဘေးပတ်ဝန်းကျင်မှ တိမ်တိုက်များနှင့် မြူခိုးသည် လွင့်ပြယ်သွားသည်။ ထိုအခါ ရွှီချင်း၏ ပုံရိပ်ကို ဓားကိုင်များသည် ချက်ချင်း သတိပြုမိသွားကြသည်။

တခြားပြည်နယ်များမှ ဓားကိုင်များသည် ရွှီချင်း၏ အသွင်အပြင်ထက် သူ၏ နာမည်ကို အရင်ဦးစွာ မှတ်မိကြလိမ့်မည်။ သူတို့သည် ရွှီချင်း၏ သရုပ်ကို ပဏာမနားလည်သွားကြလိမ့်မည်။ ထို့နောက် သူတို့သည် ယင်းကို အမိန့်တော်ဓားဖြင့် အတည်ပြုကြလိမ့်မည်။

သို့သော်လည်း ယင်ဟွမ်ပြည်နယ်တွင် ရွှီချင်း၏ အသွင်အပြင်သည် ဓားကိုင်အားလုံး၏ စိတ်ထဲတွင် သံမှိုရိုက်ကပ်ထားသကဲ့သို့ တည်ရှိသည်။

မည်သို့ဖြစ်စေ အတိတ်တွင် သူသည် အောင်မြင်မှုများစွာကို ရရှိခဲ့ပြီး ယင်ဟွမ်ပြည်နယ်မှ ဓားကိုင်အားလုံး၏ မျက်စိရှေ့တွင် ပေတစ်သိန်းရှည်လျားသော အလင်းတန်းကို ထုတ်လွှတ်နိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဓားကိုင်ရုံးတော်ခွဲမှ စည်းချအစီအရင်ထွက်ပေါ်လာပြီး ရွှီချင်း၏ အမိန့်တော်ဓားကို အတည်ပြုပြီးနောက် ဓားကိုင်များသည် ရုံးတော်ထဲမှ အလျှင်အမြန် ပျံသန်းထွက်လာကြသည်။

“ ရွှီချင်း ”

“ သံတော်ဆင့်ရွှီ ”

ရွှီချင်းသည် ထိုဓားကိုင်အများစုနှင့် အနည်းငယ် ရင်းနှီးကျွမ်းဝင်သည်။ ထိုဓားကိုင်များသည် ရွှီချင်းကိုမြင်သောအခါ သူတို့၏ အမူအရာသည် ချက်ချင်း ရင်းနှီးဖော်ရွေလာပြီး တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။ ရုံးတော်ကို စောင့်ကြပ်နေကြသော ဓားကိုင်များထဲမှ တစ်ယောက်သည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။

“ သံတော်ဆင့်ရွှီက လီယုံကျောက်တိုင်ကို အသက်သွင်းချင်တာလား… ကျုပ်တို့ အကူအညီကို လိုအပ်ပါသေးလား ”

ရွှီချင်းသည် ခေါင်းခါလိုက်သည်။ တစ္ဆေဂူသည် လီယုံကျောက်တိုင်၏ အောက်တွင် ဖိနှိပ်ခံထားရကြောင်း သူသိသည်။ ထို့ကြောင့် ကျောက်တိုင်ကို အလျင်စလို အသက်မသွင်းသင့်ပေ။ ဤနေရာသို့ သူရောက်လာခြင်းမှာ ယင်းကို ကြိုးစားကြည့်ချင်ရုံမျှသာ ဖြစ်သည်။ သူက ညာဘက်လက်ဖြင့် ရုတ်တရက် ဆုပ်ကိုင်လိုက်လေရာ တုန်ယင်နေသော လီယုံကျောက်တိုင်သည် ပိုပြီးပြင်းထန်စွာ တုန်ယင်လာသည်။

သို့သော်လည်း ယင်းသည် သူတတ်စွမ်းသမျှအကုန်ဖြစ်ကြောင်း နားလည်သည်။ လက်ရှိ သူ၏ ကျင့်ကြံခြင်းဖြင့် ယင်းကို ဆွဲထုတ်ရန် မည်သို့မှမဖြစ်နိုင်ပေ။

သို့သော်လည်း ရွှီချင်း၏ ရည်ရွယ်ချက်သည် လီယုံကျောက်တိုင်ကို ဆွဲထုတ်ရန် မဟုတ်ပေ။ ယင်းအစား…

“ လက်နက်ဝိညာဉ် ”

ရွှီချင်းက ပြောသည်။ သူ၏ အသံသည် မိုးထစ်ချုန်းသံပမာ ကျယ်လောင်သည်။ သူက လီယုံကျောက်တိုင်မှ လက်နက်ဝိညာဉ်ကို အော်ခေါ်လိုက်ခြင်း ဖြစ်သည်။ ယင်းသည် သူ၏ ရည်ရွယ်ချက် ဖြစ်သည်။

အချိန်တစ်ခဏကြာပြီးနောက် လီယုံကျောက်တိုင်သည် အပြင်းအထန် တုန်ယင်လာပြီး တိုးညင်းသော အော်မြည်သံသည် လီယုံကျောက်တိုင်ထဲမှ ထွက်ပေါ်လာကာ ကမ္ဘာအနှံ့ ပျံ့လွင့်သွားသည်။

ထိုအော်သံသည် ကောင်းကင်ကိုးခုထိ ထိုးဖောက်သွားပြီး ဘေးပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေသည်။ တစ်ချိန်တည်းမှာ ကြီးမားသော မျက်လုံးတစ်စုံသည် လီယုံကျောက်တိုင်ပေါ်တွင် ထွက်ပေါ်လာသည်။ ရှေးဟောင်းအငွေ့အသက်သည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားသည်။ ၎င်းက ရွှီချင်းကိုကြည့်လိုက်သည့်အခါ မျက်လုံးကြီးထဲတွင် သံသယအရိပ်အယောင် ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းသည် ဓားကိုင်များကို ထိတ်လန့်သွားစေသည်။ လီယုံကျောက်တိုင်တွင် လက်နက်ဝိညာဉ်ရှိကြောင်း သူတို့အားလုံး သိထားကြသည်။ သို့သော်လည်း ထိုလက်နက်ဝိညာဉ်သည် အမြဲလိုလို နက်ရှိုင်းစွာ အိပ်မောကျနေတတ်သည်။ ဓားကိုင်ရုံးတော်ခွဲတစ်ခုလုံးတွင် မဟာအကြီးအကဲတစ်ယောက်တည်းသာ ၎င်းနှင့် ဆက်သွယ်နိုင်သည်။

သို့သော်လည်း ရွှီချင်းက အော်ခေါ်လိုက်သည့်အခါ လက်နက်ဝိညာဉ်သည် အမှန်တကယ် နိုးထလာသည်။

ရွှီချင်းသည် လက်နက်ဝိညာဉ်၏ မျက်လုံးထဲသို့ စိုက်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ တစ္ဆေအင်ပါယာတောင်ကုန်းသည် ပို၍တုန်လှုပ်လာသည်။ နန်းတော်အထဲတွင် တင်ပျဉ်ခွေထိုင်နေသော တစ္ဆေအင်ပါယာ၏ မျက်လုံးထဲတွင် စူးရှသောအလင်း ထွက်ပေါ်လာသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ယင်းက မလုံလောက်သေးဘူးဟု သူခံစားမိသည်။ ထို့ကြောင့် သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး မိစ္ဆာအသွင်ပြောင်းစာလုံးများ၏ စွမ်းအားကို ငှားယူလိုက်သည်။ သူ၏ အနောက်မှ ကမ္ဘာ၏ အရောင်သည် ပြောင်းလဲသွားပြီး တိမ်တိုက်များသည် အရပ်မျက်နှာပေါင်းစုံသို့ လွင့်စင်သွားကြသည်။ ထို့နောက် တစ္ဆေအင်ပါယာတောင်ကုန်းသည် ဝိုးတိုးဝါးတားပုံစံဖြင့် ဆင်းသက်လာသည်။

“ တစ္ဆေအင်ပါယာတောင်ကုန်း ”

“ ဘု… ဘုရားရေ… ”

တခြားပြည်နယ်များမှ ကျင့်ကြံသူများသည် တစ္ဆေအင်ပါယာတောင်ကုန်းကို ရင်းနှီးသိကျွမ်းကြလိမ့်မည် မဟုတ်သလို ထိုနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်ကြလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယင်ဟွမ်ပြည်နယ်မှ ကျင့်ကြံသူများသည် တစ္ဆေအင်ပါယာတောင်ကုန်း၏ တည်ရှိမှုကို ရှင်းလင်းစွာ နားလည်ကြသည်။ သူတို့သည် အကြည့်တစ်ချက်ဖြင့် ယင်းကို မှတ်မိသွားကြပြီး သူတို့၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားကြသည်။

ထိုအခိုက်အတန့်မှာ လီယုံကျောက်တိုင်သည်လည်း ပိုပြီးပြင်းထန်စွာ တုန်ယင်လာသည်။ လက်နက်ဝိညာဉ်၏ မျက်လုံးထဲမှ သံသယသည် စိတ်လှုပ်ရှားမှု တစ်စွန်းတစ်စပါဝင်သော စိတ်ရှုပ်ထွေးမှုသို့ ချက်ချင်း ပြောင်းလဲသွားသည်။

ထိုအရာကိုမြင်သောအခါ ရွှီချင်းသည် စိတ်ထဲမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဤခရီးစဉ်တွင် သူလုပ်ဆောင်မည့်အရာအားလုံးသည် တစ္ဆေအင်ပါယာနတ်နန်းတော်ပေါ်မှာ မူတည်သည်။ ထို့ကြောင့် သူ၏ အတွေးမှန်မမှန် အတည်ပြုကြည့်ရမည် ဖြစ်သည်။

“ လက်နက်ဝိညာဉ် ငါ့ကို မှတ်မိလား ”

ရွှီချင်းသည် ရုတ်တရက် မေးသည်။

“ ဧကရာဇ်က ပြန်ရှင်သန်လာနေတယ် ”

အကြိမ်ရေအနည်းငယ် အသက်ရှူချိန်ကြာပြီးနောက် လီယုံကျောက်တိုင်ပေါ်မှ လက်နက်ဝိညာဉ်သည် ကျယ်ပြောသော နတ်ဘုရားအာရုံကို ပို့လွှတ်လိုက်သည်။ ၎င်းသည် ရွှီချင်း၏ မေးခွန်းကို မဖြေဘဲ တခြားအဓိပ္ပာယ်ပါရှိသော စကားလေးလုံးကို ပြောသည်။

All Chapters