← Chapters

ငါပြန်လာပြီ(ဃ)

Vol. 45 Ch. 678

ငါပြန်လာပြီ(ဃ)

Vol. 45 Ch. 678

“ ငါမင်းကို မှတ်မိတယ်… မင်းက ပိုးကောင်လေးပဲ… မင်းက ဒီကို လာရဲတယ် ”

ဝိညာဉ်အရှင်ကြွယ်ဟန်သည် အေးစက်စွာ ပြောသည်။

ရွှီချင်းသည် ငှက်ကြီးချင်းချင်း ထုတ်လွှတ်ထားသော အကာအကွယ်အလင်းအောက်မှာနေ၍ ဝိညာဉ်အရှင်ကြွယ်ဟန်ကို ကြည့်လိုက်သည်။ သူ၏ အမူအရာသည် တည်ငြိမ်ပြီး ဖြည်းညင်းစွာ ပြောသည်။

“ တကယ်လို့ ငါက ပိုးကောင်ဆိုရင် မင်းက ဘာလဲ ”

ရွှီချင်းသည် အလဟဿ အချိန်မဖြုန်းချင်ပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ တစ္ဆေအင်ပါယာနတ်နန်းတော်သည် တုန်ခါလာသည်။ တစ်ချိန်တည်းမှာ သူက မိစ္ဆာအသွင်ပြောင်းစာလုံးများကိုပင် အသက်သွင်းလိုက်သည်။ ချက်ချင်းပင် တစ္ဆေအင်ပါယာတောင်ကုန်း၏ ပုံရိပ်သည် သူ၏ အနောက်တွင် ထွက်ပေါ်လာသည်။

၎င်း၏ ကြီးကျယ်မြင့်မြတ်သော ခန္ဓာကိုယ်နှင့် ကျယ်ပြောသော ဖိအားက ထွက်ပေါ်လာသည့်အခိုက် ၎င်းသည် မျက်လုံးဖွင့်လိုက်သည်။ ထိုအခါ ကောင်းကင်နှင့် မြေပြင်၏ အရောင်သည် ပြောင်းလဲသွားသည်။ ဝိညာဉ်တော်သုံးပါးတောင်ကုန်းတစ်ခုလုံးသည် တုန်ခါလာသည်။

သို့သော်လည်း ဝိညာဉ်အရှင်ကြွယ်ဟန်၏ အမူအရာသည် ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။

“ မင်းက အကြွင်းအကျန်ပုံရိပ်ကို နားလည်ထားပြီး အဲ့ဒါကို နတ်နန်းတော်ထဲ ပေါင်းစပ်ထားရုံလေးပါ… ပြီးတော့ အဲ့ဒါကို မဟာအာကာသလောကက မိစ္ဆာအသွင်ပြောင်းစာလုံးတွေရဲ့ အကူအညီနဲ့ ဒြပ်ထည်ဖွဲ့စည်းထားတာပါ… ဒီလိုဖြစ်လာအောင်လုပ်ဖို့ လိုအပ်ချက်တွေ အရမ်းများပေမဲ့ မင်းတစ်ယောက်တည်း အဲ့လိုလုပ်နိုင်တာ မဟုတ်ဘူး… ငါတို့ဝိညာဉ်တော်သုံးပါးနဲ့ စိတ်ခုနစ်မျိုးက ဒီမှာ ရှိနေတုန်းပဲ… မင်း ဘာပြောဖို့ ကြိုးစားနေတာလဲ… မင်းက ပြန်ရှင်သန်လာတဲ့ တစ္ဆေအင်ပါယာလား ဒါမှမဟုတ် တစ္ဆေအင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံထားတာလား ”

ဝိညာဉ်အရှင်ကြွယ်ဟန်သည် ရွှီချင်းကို ကြည့်လိုက်သည်။

“ ရယ်စရာကောင်းလိုက်တာ… လက်နက်ဝိညာဉ်က ငါတို့ထဲက တစ်ယောက်မဟုတ်ဘူး… အစေခံတစ်ယောက်အနေနဲ့ သူ့ရဲ့အသိအမြင်က နည်းနည်း တစ်ဖက်စွန်းရောက်တယ်… ပြီးတော့ သူက လူသားမျိုးနွယ်ရဲ့ လက်အောက်ငယ်သားတောင် ဖြစ်နေပြီ… မင်း သူ့ကို ပေးပို့စေချင်တဲ့ သတင်းအချက်အလက်က ဘာမှအသုံးမဝင်ဘူး ”

“ ဒီတိုက်ပွဲက မင်းတို့လူသားမျိုးနွယ်နဲ့ သန့်စင်ရေလှိုင်းမျိုးနွယ်ကြားက တိုက်ပွဲပါ… ငါတို့က ခြေတစ်လှမ်းတောင် ဝင်ပါမှာမဟုတ်ဘူး… ဝိညာဉ်သခင်မယုံကျင်းကို ဒီတိုက်ပွဲမှာ အတင်းဝင်ပါစေကတည်းက ငါတို့ရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာကို ရောက်ပြီးနေပြီ ”

ထိုသို့ပြောပြီးနောက် ဝိညာဉ်အရှင်ကြွယ်ဟန်သည် မျက်လုံးပိတ်လိုက်သည်။

ရွှီချင်းသည် တည်ငြိမ်နေဆဲပင်။ ဤကုန်သွယ်မှုသည် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း အစောကြီးကတည်းက သူသိထားသည်။ တစ်ဖက်လူ၏ မြင့်မားသော ကျင့်ကြံခြင်းအဆင့်ကြောင့် သူတို့သည် ဤနေရာသို့ သူရောက်လာရသည့် ရည်ရွယ်ချက်ကို ခန့်မှန်းမိကြသည်။ ဤသည်မှာ ပုံမှန်ကိစ္စရပ်သာ ဖြစ်သည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ တကယ်လို့ ငါက ဝိညာဉ်နတ်သူငယ်အဆင့်ကို တစ္ဆေအင်ပါယာနတ်နန်းတော်နဲ့ တတ်ရောက်မယ်ဆိုရင်ရော… ”

“ ဝိညာဉ်နတ်သူငယ်အဆင့်ကို ရောက်ပြီးတဲ့နောက် တစ္ဆေအင်ပါယာရဲ့ ပုံရိပ်က ငါ့ရဲ့ တာအိုနတ်သူငယ်ဖြစ်လာနိုင်တယ်… တကယ်လို့ ငါက နောက်ထပ်တစ်ဆင့်တတ်ပြီး ဝိညာဉ်သိုက်အဆင့်ကို ရောက်သွားတဲ့အခါ တစ္ဆေအင်ပါယာကို ရတနာသိုက်အတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုမယ်… ပြီးကျရင် ရတနာသိုက်ကို ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစပ်စေမယ် ”

“ အဲ့ဒီအချိန်ကျရင် အဲ့ဒါကို ငါဘယ်လို ဒြပ်ထည်ဖွဲ့စည်းလဲဆိုတာက အရေးကြီးနေဦးမှာလား ”

ရွှီချင်း၏ အသံသည် ပဲ့တင်ထပ်သွားသည်။

သို့သော်လည်း ဝိညာဉ်အရှင်ကြွယ်ဟန်သည် မျက်လုံးပိတ်ထားလျက် ပြောသည်။

“ တစ္ဆေအင်ပါယာက မင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်လာမယ်ဟုတ်လား… ဝိညာဉ်သိုက်အဆင့်က ရတနာသိုက်ဆိုတာ ကမ္ဘာငယ်တစ်ခုက ကောင်းကင်ဘုံတာအိုကို လုယက်ပြီး အဲ့ဒါကို အတွင်းထဲမှာ သန့်စင်မှပဲ ရရှိနိုင်တာ… ကောင်းကင်ဘုံတာအိုက မာနကြီးတယ်… တကယ်လို့ အဲ့ဒါက သန့်စင်ခံရရင်တောင် အတင်းတွန်းအားပေးလို့ မဖြစ်ဘူး… ဒါ့အပြင် အဲ့ဒါက တစ္ဆေအင်ပါယာနဲ့ တစ်သားတည်းမကျရင် ဘယ်လိုလုပ် ပေါင်းစပ်နိုင်မှာလဲ ”

“ တကယ်လို့ ကောင်းကင်ဘုံတာအိုက ငါ့ကိုယ်ပိုင်ဖြစ်ပြီး ငါ့စကားကို နားထောင်တယ်ဆိုရင်ရော ”

ရွှီချင်းသည် လက်ဝှေ့ယမ်းလိုက်လေရာ ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားသည်။ မိုဆာဆောသည် ကိုယ်ထင်ပြလာပြီး ကောင်းကင်ဘုံတာအို၏ ဖိအားကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ မိုဆာဆောသည် ၎င်းနှင့် ရွှီချင်းကြားမှ အသက်ဆက်နွယ်မှုကို ထုတ်ဖော်လိုက်သည်။

ဝိညာဉ်အရှင်ကြွယ်ဟန်၏ မျက်လုံးသည် ရုတ်တရက် ပွင့်သွားသည်။ ပထမဆုံးအကြိမ် သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။

ကောင်းကင်ဝိညာဉ်တည်ရှိသော တောင်ကုန်းပေါ်တွင် မြူခိုးနက်သည် ဆက်လက်မရွေ့လျားတော့ပေ။ မြူခိုးထဲမှ အသက်ရှူသံသည် ရုတ်ချည်း ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် ဆက်ပြောသည်။

“ တကယ်လို့ ငါ့ရဲ့ကျင့်ကြံခြင်းက ဆက်ပြီးတိုးမြှင့်သွားမယ်ဆိုရင် ငါက ဗလာနတ္ထိအဆင့်ကျင့်ကြံသူ ဖြစ်လာလိမ့်မယ်… အဲ့ဒီအခါကျရင် ငါက ဗလာနတ္ထိစွမ်းအားကို ကမ္ဘာတစ်ခုဖွဲ့စည်းဖို့ အသုံးပြုမယ်… ပြီးကျရင် အစစ်အမှန် တစ္ဆေအင်ပါယာတောင်ကုန်းကို ကမ္ဘာထဲကို ရွှေ့ပြောင်းပြီး တစ္ဆေလောကတစ်ခု ဖန်တီးမယ်… ရတနာသိုက်ထဲက ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစပ်ထားတဲ့ တစ္ဆေအင်ပါယာပုံရိပ်နဲ့ဆို သူတို့က အချင်းချင်း ထပ်ဆင့်လွှမ်းခြုံသွားလိမ့်မယ်… ”

“ အဲ့ဒီအခါ တစ္ဆေအင်ပါယာရဲ့ အမွှေအနှစ်ကို ငါရနိုင်တယ်လို့ပြောရင် မဖြစ်နိုင်ဘူးလို့ မင်းထင်နေဦးမှာလား ”

“ အဲ့ဒါက အရမ်းရှည်လျားတဲ့ အနာဂတ်က ကိစ္စပါ… မင်းလုပ်နိုင်မလား မလုပ်နိုင်ဘူးလား ဘယ်သူကသိမှာလဲ ”

ဝိညာဉ်အရှင်ကြွယ်ဟန်သည် အချိန်တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ပြောသည်။ ရွှီချင်းကိုကြည့်သော သူ၏ အကြည့်သည် အနည်းငယ် လေးနက်လာသည်။

ရွှီချင်းသည် ခေါင်းခါလိုက်သည်။

“ မင်းဘာကြောင့် အဲ့လိုမလုပ်တာလဲ ငါမသိဘူး… အဲ့ဒါက လုပ်လို့မရတဲ့ မင်းရဲ့သရုပ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်… ဒါမှမဟုတ် ကောင်းကျိုးဆိုးကျိုးကို အပြန်အလှန် စဉ်းစားချင့်ချိန်နေလို့များလား ”

“ အဲ့ဒါက အရေးမကြီးပါဘူး… ပြီးတော့ မင်းပြောတဲ့ ရှည်လျားတဲ့ အနာဂတ်က ကိစ္စလည်းပဲ အရေးမကြီးပါဘူး ”

“ အရေးကြီးတာက ငါမင်းကို ဖြစ်နိုင်ခြေတစ်ခု ပေးနိုင်တယ် ”

“ ငါသန်မာလာတဲ့အခါ အဲ့ဒီဖြစ်နိုင်ခြေကို ပြီးဆုံးအောင် လုပ်နိုင်လိမ့်မယ် ”

“ ငါသာ အမွေအနှစ်ကို ပြည့်စုံစေမယ်ဆိုရင် တစ္ဆေအင်ပါယာတောင်ကုန်းကို ငါ အပြည့်အဝ မထိန်းချုပ်နိုင်ရင်တောင်မှ မင်းတို့ကို တစ္ဆေအင်ပါယာတောင်ကုန်းရဲ့ အချုပ်အနှောင်တွေကနေ လွတ်မြောက်နိုင်အောင် ငါခွင့်ပြုနိုင်သေးတယ်… မင်းတို့က မသေမျိုးစွမ်းအင်ကို ဆက်ပြီးထိန်းသိမ်းနိုင်ဦးမယ်… ပြီးတော့ မင်းတို့က တကယ်လွတ်လပ်မှုကို ရရှိလိမ့်မယ် ”

“ ဒါက ကုန်သွယ်မှုပဲ… မင်းငါ့ကို သာမန်စစ်တုရင်အရုပ်တစ်ခုလို သတ်မှတ်နိုင်တယ်… လက်နက်ဝိညာဉ်လည်းပဲ ဒါကို သိထားလောက်မယ် ”

ရွှီချင်းသည် လေးနက်စွာ ပြောသည်။ ဤသည်မှာ ယခင်က သူ၏ နားလည်မှုနှင့် ဓားကိုင်ရုံးတော်မှ သတင်းအချက်အလက်များကို စီစစ်လေ့လာပြီးနောက် သူတွေ့ရှိခဲ့သော တစ္ဆေအင်ပါယာ၏ ဝိညာဉ်တော်သုံးပါးနှင့် စိတ်ခုနစ်မျိုး၏ လိုအင်ဆန္ဒ ဖြစ်သည်။

သူတို့သည် သီးခြားဖြစ်တည်မှုနှင့် လွတ်လပ်မှုကို လိုချင်ကြသည်။ သို့သော်လည်း သူတို့သည် မသေမျိုးဟူသော သူတို့၏ အဆင့်အတန်းကို မဆုံးရှုံးချင်ကြပေ။

ဝိညာဉ်အရှင်ကြွယ်ဟန်သည် နှုတ်ဆိတ်သွားသည်။ သူ၏ အရှေ့မှ ဓားကိုင်ပြောသော အယူအဆသည် ယုတ္တိရှိပြီး အကျိုးအကြောင်းသင့်ကြောင်း သူဝန်ခံရမည်။ ယင်းသည် တစ်ဖက်လူ ပြောသွားခဲ့သည့်အတိုင်း အမှန်ဖြစ်သည်။ ရွှီချင်းသည် သူတို့အတွက် သာမန်စစ်တုရင်တစ်ရုပ်သာ ဖြစ်သည်။ အကယ်၍ သူအောင်မြင်သွားလျှင် သူတို့သည် အကျိုးအမြတ်များစွာ ရရှိမည်ဖြစ်ပြီး အကယ်၍ သူမအောင်မြင်ခဲ့လျှင် သူတို့သည် ဘာမှဆုံးရှုံးလိမ့်မည်မဟုတ်ပေ။

ဝိညာဉ်အရှင်ကြွယ်ဟန်သည် ကောင်းကင်ဝိညာဉ်ရှိသော မြူခိုးနက်ထဲသို့ လှမ်းကြည့်လိုက်သည်။

“ သာမန်စစ်တုရင်အရုပ်အတွက်နဲ့ သန်စင်ရေလှိုင်းမျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ မထိုက်တန်ဘူး ”

အရိုးဖိကြိတ်သံနှင့် ဆင်တူသော စူးရှရှအသံသည် မြူခိုးနက်ထဲမှ ပျံ့လွင့်ထွက်လာသည်။

ရွှီချင်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဤအထိ ကုန်သွယ်မှုတွင် သူ့ကုန်ပစ္စည်း၏ တန်ဖိုးသည် ထွက်ပေါ်လာပြီးချေပြီ ဖြစ်သည်။

အမှန်တကယ်တော့ သူက ပုံပြင်ပြောနေခြင်းဖြစ်ကြောင်း သူ့ကိုယ်သူ သိသည်။ မည်သူကမှ ငတုံးမဟုတ်ကြပေ။ သို့သော်လည်း သူ၏ ပုံပြင်သည် ကောင်းမွန်ပြီး ယုတ္တိဆန်ကာ ကျိုးကြောင်းဆီလျော်မှုရှိသည်ဆိုလျှင် ရင်းနှီးမြှပ်နှံမှုရရန် ဆွဲဆောင်နိုင်လိမ့်မည်။

နောက်တစ်ဆင့်သည် ဈေးခေါ်ရန် ဖြစ်သည်။

“ မင်းတို့ကို သန့်စင်ရေလှိုင်းမျိုးနွယ်နဲ့တိုက်ခိုက်ဖို့ ရှေ့တန်းစစ်မြေပြင်ဆီ ငါမသွားခိုင်းပါဘူး… မင်းတို့က အလောင်းကောင်တားမြစ်နယ်မြေမှာ တစ်ကြိမ်ပဲ လှုပ်ရှားပေးရမှာပါ ”

“ ဒီသာမန်စစ်တုရင်အတွက် တစ်ကြိမ်လှုပ်ရှားပေးဖို့ လဲလှယ်ပါမယ်… မင်းတို့မှာ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု ပိုင်ဆိုင်သွားပြီး အနာဂတ်မှာ လွတ်လပ်မှုကို ရလာနိုင်တယ် ”

ရွှီချင်းသည် နူးညံ့စွာ ပြောသည်။

ဤတစ်ကြိမ် သူတို့ကို သူမခြိမ်းခြောက်ခဲ့ပေ။ သူ၏ ရိုးသားမှုကို ထုတ်ပြခဲ့သည်။ သူပြောသမျှသည် အမှန်ဖြစ်ပြီး ယုတ္တိကျသည်။ သို့သော် ထိုသို့ဖြစ်လာရန် လိုအပ်ချက်မှာ သူသည် အကြိမ်ကြိမ် အဆင့်တတ်ပြီး သန်မာလာရန်နှင့် ထိုသို့သန်မာလာရန် အချိန်လိုအပ်သည်။

ထို့ကြောင့် ဤကိစ္စသည် ပုံပြင်တစ်ပုဒ်သာ ဖြစ်နေသေးသည်။

သို့သော်လည်း ဤပုံပြင်သည် ပြီးပြည့်စုံပြီး ယင်းအတွက် တန်ဖိုးသည် အလွန်နည်းပါးသည်။

တုံးအသော လူသည်သာလျှင် ခံစားချက်များဖြင့် လွှမ်းမိုးခံရပြီး တခြားဆုံးဖြတ်ချက်ကို ပြုလုပ်နိုင်သည်။

သို့သော်လည်း ဤဝိညာဉ်တော်နှစ်ပါးသည် မတုံးအကြောင်း ထင်ရှားသည်။ ထို့ကြောင့် အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကုန်ပစ္စည်းထက် ပိုတန်ဖိုးရှိသောအရာဖြင့် မကမ်းလှမ်းသေးသရွေ့ သူတို့၏ သဘောမတူနိုင်မည့် ရာခိုင်နှုန်းသည် အလွန်သေးငယ်သည်။

ဝိညာဉ်တော်သုံးပါးတောင်ကုန်းသည် တိတ်ဆိတ်သွားသည်။

All Chapters