← Chapters

ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်း(ဂ)

Vol. 45 Ch. 681

ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်း(ဂ)

Vol. 45 Ch. 681

စုစုပေါင်း အမှတ်(၁၉၉၈)ခုရှိပြီး နေရာတိုင်းသို့ ပြန့်ကျဲနေကြသည်။

အမှတ်တစ်ခုစီသည် စည်းချအစီအရင်တစ်ခု၏ အမြူတေဖြစ်သည်။ ထို့ကြောင့် စည်းချအစီအရင်(၁၉၉၈)ခုကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုစည်းချအစီအရင်များသည် အတူတကွ စုဝေးသွားကြပြီး ကမ္ဘာတုန်ဟီးစေမည့် ဧရာမစည်းချအစီအရင်တစ်ခု ဖြစ်ပေါ်လာစေသည်။

ထိုစည်းချအစီအရင်၏ အကျယ်အဝန်းသည် အလောင်းကောင်တားမြစ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားပြီး မျက်နှာကြီးကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားသည်။ ကောင်းကင်ယံမှကြည့်လျှင် စည်းချအစီအရင်တစ်ခုစီ၏ အတွင်းထဲ၌ ကျင့်ကြံသူတစ်ထောင်ကျော် တင်ပျဉ်ခွေထိုင်နေကြကြောင်း မြင်တွေ့ရလိမ့်မည်။

သူတို့ထဲတွင် ရွှီချင်း၏ အသိအကျွမ်းများပင် ပါဝင်ကြသည်။

ကျင့်ကြံသူများ၏ အရေအတွက်စုစုပေါင်းသည် နှစ်သန်းကျော်သည်။

ထိုမျှကြောက်မက်ဖွယ်ကောင်းသော အရေအတွက်ကို တားမြစ်ပင်လယ်နှင့် ယင်ဟွမ်ပြည်နယ်၏ အင်အားစုအမျိုးမျိုးမှ ကျင့်ကြံသူများဖြင့် စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။

အမှန်မှာတော့ သူတို့ထဲတွင် ချီဖွဲ့စည်းခြင်းကျင့်ကြံသူများပင် ရှိကြသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် ဤတစ်ကြိမ်တွင် ယင်ဟွမ်ပြည်နယ်နှင့် တားမြစ်ပင်လယ်ထဲမှ မျိုးနွယ်စုအားလုံးသည် အားကုန်ထုတ်သုံးလာကြောင်း မြင်သာပေသည်။

သူတို့အားလုံးသည် ကျမ်းစာများ ရွတ်ဖတ်နေကြသည်။

“ ကောင်းကင်မြေပြင်စွမ်းအားကို ဆုပ်ကိုင်ပြီး ငါ့တာအိုမန္တန်နဲ့ တစ္ဆေတွေကို ချိပ်ပိတ်မယ် ”

“ မန္တန်က သတ္ထုကို ပျော့ပျောင်းစေတယ်… သစ်သားကို ကျိုးစေတယ်… ရေကို ခန်းခြောက်စေတယ်… မီးကို ငြိမ်းသတ်စေတယ်… တောင်ကုန်းကို ပြိုလဲစေတယ် ”

“ ချိပ်ပိတ်စည်းက တစ္ဆေတွေကို ပိတ်လှောင်ပြီး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်စေမယ်… နတ်ဘုရားတွေကိုတော့ သူတို့ကိုယ်သူတို့ ချုပ်နှောင်ခိုင်းပါစေ ”

“ ယင်တာအိုနဲ့ ယန်တာအိုက ချိပ်ပိတ်ခံရမယ်… သူတို့က အချင်းချင်း မဆန့်ကျင်သင့်ဘူး ”

လူနှစ်သန်းကျော်၏ အသံများသည် အတူတကွ စုဝေးသွားကြပြီး ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေမည့် ကျမ်းစာရွတ်ဖတ်သံသို့ ပြောင်းလဲသွားသည်။

ယင်းသည် ဤဧရိယာထဲတွင် မရေမတွက်နိုင်သော မိုးကြိုးသွားများက တရစပ် ပေါက်ကွဲသွားသည့်အလားပင်။ ထိုစကားလုံးများတွင် မန္တန်စွမ်းအားပါဝင်နေသည့်အလား နတ်ဘုရားစွမ်းအားကို မှေးမှိန်စေသည်။

ထိုမြင်ကွင်းသည် ဝိညာဉ်တော်နှစ်ပါးနှင့် စိတ်ခုနစ်မျိုး၏ အမူအရာကို ပြောင်းလဲသွားစေသည်။ ရွှီချင်းသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

အလွန်သန်မာသော အရှိန်အဝါများဖြင့် စည်းချအစီအရင်နှစ်ခု ရှိသည်။ တစ်ခုသည် ကောင်းကင်ပေါ်တွင်ရှိပြီး တခြားတစ်ခုသည် ပင်လယ်အောက်ခြေတွင် ရှိသည်။

ကောင်းကင်စည်းချအစီအရင်ကို တားမြစ်ဓမ္မရတနာ(၂၆)ခု၏ စွမ်းအားဖြင့် အားဖြည့်ပေးထားသည်။ ယင်ဟွမ်ပြည်နယ်မှ တားမြစ်ဓမ္မရတနာများ၏ အရေအတွက်ထက်ဝက်ကျော်သည် ဤနေရာတွင် စုစည်းရှိနေကြသည်။

ထိုတားမြစ်ဓမ္မရတနာများ၏ အဆင့်ကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

ထိုအထဲမှ အပေါ်ဆုံးတွင်ရှိသော အစွမ်းထက်ဆုံး တားမြစ်ဓမ္မရတနာပုံရိပ်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိနေခဲ့သော ကြေးနီခေါင်းလောင်းဖြစ်ပြီး ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ခေါင်းလောင်းသံတစ်ချက်မြည်သွားတိုင်း ပင်လယ်အောက်မှ အလောင်းကောင်တားမြစ် မျက်နှာကြီးကို မျက်မှောင်ကြုတ်သွားစေသည်။

ယင်းထဲတွင် သက်ရှိအားလုံး၏ စိတ်ကို သက်ရောက်နိုင်သော ခံစားမှုစွမ်းအား ပါရှိသည်။

ကြေးနီခေါင်းလောင်းသည် ထိုက်စီရှန်းမုန်ဂိုဏ်း၏ တားမြစ်ဓမ္မရတနာ ဖြစ်သည်။

ခေါင်းလောင်းကြီး၏ အောက်တွင် ယင်းထက် အဆင့်တစ်ဆင့်နိမ့်သော တားမြစ်ဓမ္မရတနာပုံရိပ်သုံးခု ရှိကြသည်။ ထိုအထဲတွင် ဒူးထောက်လျက် ရင်ဘက်အရှေ့တွင် လက်ပိုက်ထားသော ရုပ်တုတစ်ရုပ် ရှိသည်။ ၎င်း၏ တစ်ကိုယ်လုံးကို မရေမတွက်နိုင်သော ဓားရှည်များက ထိုးစိုက်ထားကြသည်။ ၎င်း၏ အမူအရာသည် နာကျင်မှုဖြင့် ပြည့်နှက်နေပြီး သနားစဖွယ်ကောင်း၏။

အလွန်အမင်း ထက်ရှပြီး သိပ်သည်းသော အဖျက်အစီးအရှိန်အဝါကို ထုတ်လွှတ်နေသော မြစိမ်းလှံတစ်ချောင်းလည်း ရှိသည်။

သူတို့နှင့်အဆင့်တူသော နောက်ဆုံးတားမြစ်ဓမ္မရတနာပုံရိပ်သည် ချီယွဲ့ထုံဂိုဏ်းမှ ရှေးဟောင်းကြေးမုံဖြစ်သည်။ ဤအခိုက်အတန့်မှာ ကြေးမုံပေါ်မှ မျက်လုံးခုနစ်လုံးသည် ပွင့်နေကြပြီး ထူးဆန်းသော အလင်းရောင်ဖြင့် တောက်ပနေသည်။

သူတို့၏ အောက်တွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်၊ လီထူဂိုဏ်းမှ တားမြစ်ဓမ္မရတနာပုံရိပ်များနှင့် ထိုက်စီရှန်းမုန်ဂိုဏ်းမှ တခြားဓမ္မရတနာများတို့ ရှိကြသည်။

သို့သော်လည်း သူတို့အားလုံးသည် ကောင်းကင်စည်းချအစီအရင်ထက် နိမ့်ကျကြပေသည်။

ထိုစည်းချအစီအရင်ကိုယ်တိုင်သည် တားမြစ်ဓမ္မရတနာတစ်ခု ဖြစ်သည်။ ယင်းသည် ယင်ဟွမ်ပြည်နယ် ဓားကိုင်ရုံးတော်ခွဲမှဖြစ်ပြီး ဓားကိုင်ရုံးတော်ခွဲ၏ အခြေခံအုတ်မြစ်စွမ်းအား ဖြစ်သည်။ ယင်နှင့်ယန်ဟူ၍ စည်းချအစီအရင်နှစ်ခု ရှိသည်။ ကောင်းကင်သည် ယန်ဖြစ်ပြီး နက်ရှိုင်းသော ပင်လယ်သည် ယင်ဖြစ်သည်။

ထိုစည်းချအစီအရင်နှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ထောက်ပံ့ပေးနေပြီး မျက်နှာကြီးကို ဆက်လက် ဖိနှိပ်ထားသည်။

ယင်စည်းချအစီအရင်ပေါ်တွင် ယင်ဟွမ်ပြည်နယ်မှ ဗလာနတ္ထိအဆင့်ကျင့်ကြံသူ အယောက်(၈၀)ကျော်သည် တင်ပျဉ်ခွေလျက် ထိုင်နေကြသည်။

ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်မှ ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံသူများအပြင် ထိုက်စီရှန်းမုန်ဂိုဏ်း၊ လီထူဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များနှင့် တခြားမျိုးနွယ်များမှ ဘိုးဘေးတချို့လည်း ရှိကြသည်။

ဓားကိုင်ရုံးတော်ခွဲမှ ဗလာနတ္ထိအဆင့်ကျင့်ကြံသူများသည် အရှေ့ဆုံးတွင် ရှိနေကြသည်။

မဟာအကြီးအကဲအပါအဝင် အတိတ်တွင် ရွှီချင်းမြင်ဖူးသော ဗလာနတ္ထိအဆင့်ကျင့်ကြံသူတချို့သည် သူတို့အထဲတွင် ပါရှိကြသည်။ မဟာအကြီးအကဲသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်လျက် စည်းချအစီအရင်၏ တစ်ဆယ်ရာခိုင်နှုန်းနီးပါးကို သူတစ်ဦးတည်းဖြင့် ပံ့ပိုးထားသည်။

ဝိညာဉ်သခင်မယုံကျင်းသည် သူ၏ ဘေးတွင် အကူအညီမဲ့သော အမူအရာဖြင့် ထိုင်နေသည်။ သို့သော်လည်း သူ့မှာ ကူညီရန်မှလွဲပြီး တခြားရွေးချယ်စရာ မရှိပေ။

ရွှယ်လျန့်ကျစ်၊ သတ္တမသခင်ကြီးနှင့် နတ်မိမယ်ကျစ်ရွှမ်သည်လည်း သူတို့ထဲတွင် ရှိကြသည်။

သတ္တမသခင်ကြီးသည် အဆင့်ချိုးဖြတ်သွားခဲ့ပြီ ဖြစ်သည်။ အမှန်မှာတော့ သူထိုင်နေသော နေရာသည် ဘိုးဘေးရွှယ်လျန့်ကျစ်ထက်ပင် မသိမသာ ပိုမြင့်မားဟန် ရသည်။

ယင်ဟွမ်ပြည်နယ်၏ တစ်လတာကြိုးစားအားထုတ်မှုသည် နောက်ဆုံးမှာတော့ အလောင်းကောင်တားမြစ်နယ်မြေဖြင့် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေကို ရောက်ရှိသွားစေသည်။

အလောင်းကောင်တားမြစ်နယ်မြေ၏ စွမ်းအားသည် အလွန်သန်မာသော်လည်း ယင်ဟွမ်ပြည်နယ်၏ စုပေါင်းအင်အားသည် ယင်းကို ချိပ်ပိတ်နိုင်သေးပေသည်။ သူတို့အတွက် အချိန်လိုအပ်ရုံသာ ဖြစ်သည်။

ရွှီချင်းနှင့် တခြားလူများ၏ ရောက်ရှိလာမှုသည် အာရုံအများအပြားကို ချက်ချင်း ဆွဲဆောင်သွားသည်။ အရပ်မျက်နှာပေါင်းစုံမှ မရေမတွက်နိုင်သော နတ်ဘုရားအာရုံများသည် စုစည်းသွားကြပြီး ရွှီချင်း၏ တည်နေရာကို လွှမ်းခြုံသွားသည်။

ထိုအခိုက်အတန့်တွင် ဝိညာဉ်တော်နှစ်ပါးနှင့် စိတ်ခုနစ်မျိုးသည်သာ တည်ငြိမ်သွားကြသည်မဟုတ်ဘဲ ငှက်ကြီးချင်းချင်းသည်လည်း ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတချို့ကို ချုပ်တည်းထားလိုက်သည်။ ယင်ဟွမ်ပြည်နယ်မှ စည်းချထားသော အစီအရင်သည် သူတို့ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်မှာ သိသာထင်ရှားသည်။

ရွှေရောင်မျက်နှာ၏ အတွင်းဘက် ယင်စည်းချအစီအရင်ထဲတွင် တင်ပျဉ်ခွေလျက်ထိုင်နေကြသော ဂိုဏ်းအမျိုးမျိုးမှ ဘိုးဘေးများသည် မျက်လုံးဖွင့်လိုက်ကြပြီး ကောင်းကင်ကို ကြည့်လိုက်ကြသည်။

သတ္တမသခင်ကြီး၊ ရွှယ်လျန့်ကျစ်နှင့် နတ်မိမယ်ကျစ်ရွှမ်၏ အကြည့်သည် ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ နှစ်ယောက်သည် အနည်းငယ် အံ့ဩသွားကြသော်လည်း သတ္တမသခင်ကြီးသည် အတွေးနက်သွားဟန် ရသည်။

ဓားကိုင်ရုံးတော်မှ မဟာအကြီးအကဲသည် ရွှီချင်းကိုမြင်ပြီးနောက် ငှက်ကြီးချင်းချင်း၊ ဝိညာဉ်တော်နှစ်ပါးနှင့် စိတ်ခုနစ်မျိုးကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ထူးဆန်းသောအလင်း ထွက်ပေါ်လာသည်။ သူသည် မအံ့ဩပေ။

ရွှီချင်းရောက်လာမည်ကို သူကြိုသိထားသည်။

အမှန်မှာတော့ ရွှီချင်းသည် ယင်ဟွမ်ပြည်နယ်ထဲသို့ ခြေချပြီး ဝိညာဉ်တော်သုံးပါးတောင်ကုန်းဆီသို့ သွားသည့်လမ်းတစ်လျှောက်တွင် ယင်ဟွမ်ပြည်နယ် ဓားကိုင်ရုံးတော်၏ မဟာအကြီးအကဲကို ဆက်သွယ်ခဲ့သည်။ အကြီးအကဲကို သူ၏ အစီအစဉ်နှင့် တစ္ဆေအင်ပါယာနတ်နန်းတော်အကြောင်း ပြောပြခဲ့သည်။

မည်သို့ဆိုသော် ဤသည်မှာ အလွန်စွန့်စားရမည့်ကိစ္စ ဖြစ်ပေသည်။ သူတို့အပေါ် ဝိညာဉ်တော်သုံးပါးနှင့် စိတ်ခုနစ်မျိုး၏ သစ္စာဖောက်နိုင်သော အချက်ကိုလည်း မေ့မထားသင့်ပေ။

ထိုသို့ဖြစ်နိုင်သော ရာခိုင်နှုန်းသည် လွန်စွာမှ နည်းပါးသော်လည်း သူသည် ကြိုတင်သတိထားရပေမည်။

ထို့ကြောင့် ရွှီချင်းက မဟာအကြီးအကဲကို ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်လူသည် ဤကိစ္စအပေါ် သဘောတူခဲ့ပြီး သူတို့ကို စိတ်အေးလက်အေး ခေါ်လာခဲ့ရန် သူ့အား ပြောခဲ့သည်။

“ ဓားကိုင်ရွှီချင်းက မဟာအကြီးအကဲကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းသည် ငှက်ကြီးချင်းချင်း၏ ညာဘက်ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်နေလျက် လက်သီးနှစ်ဖက်ဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

“ ကျုပ် စီနီယာကိုးဦးကို ဖိတ်ခေါ်ခဲ့ပါတယ်… ကောင်းကင်ဝိညာဉ် မြေကြီးဝိညာဉ်နဲ့ စိတ်ခုနစ်မျိုးတို့က တစ်ကြိမ်လှုပ်ရှားပေးပါလိမ့်မယ်… စီနီယာချင်းချင်းကလည်း တစ်ကြိမ်လှုပ်ရှားဖို့ ဆန္ဒရှိပါတယ်… ကျေးဇူးပြုပြီး ဆုံးဖြတ်ချက် ချပေးပါ ”

ငှက်ကြီးချင်းချင်းသည် သဘောတူသည့်အနေဖြင့် နက်ရှိုင်းသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။

ရွှီချင်းသည် သူ၏ စကားဆုံးသည်နှင့် မဟာအကြီးအကဲ၏ အနောက်မှ သတ္တမသခင်ကြီးနှင့် ဘိုးဘေးရွှယ်လျန့်ကျစ်ကို တလေးတစား အရိုအသေပေးလိုက်သည်။

All Chapters